← Chapters

အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း အပိုင်း(၃)

Vol. 44 Ch. 607

အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း အပိုင်း(၃)

Vol. 44 Ch. 607

ဝမ်ဝေ့က မဟာလုမြို့တော်နှင့် အနီးဆုံးတည်ရှိရာမြို့ဆီ ဦးတည်လိုက်သည်။ ထိုထွက်ခွာသွားမှုအကြောင်း လူအများ သိသွားကာ သူ့ကို မဟာလု၏ မြို့တော်ဆီ ဦးတည်နေသည်ဟု တွေးခဲ့ကြသည်။ ထို့ကြောင့် သူက လမ်းတစ်လျှောက် လုပ်ကြံသတ်ဖြတ်မှုတချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း အလျင်အမြန် ဖြေရှင်းနိုင်ခဲ့၏။

သူ့ဦးတည်ရာသို့ ရောက်ရှိပြီးသည့်နောက်တွင် လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်ခန့်က ဆောက်လုပ်ထားခဲ့သည့် စံအိမ်ဆီ ဦးတည်လိုက်သည်။ ခန့်အပ်ထားသည့် အစေခံမိန်းကလေးများက သူမရောက်ခင်ကတည်းက စံအိမ်တစ်ခုလုံးကို သန့်ရှင်းရေး လုပ်ထားလေသည်။ သို့သော် အိမ်တော်ထိန်းက ဝမ်ဝေ့ ရောက်မလာသေးခင် အကုန် ပြန်လည်လွှတ်လိုက်သည်။

ဝမ်ဝေ့က ခြံဝန်းအတွင်း ဝင်ရောက်လိုက်သည်နှင့် သူ့အသက်ရှူနှုန်းက ချောမွေ့လာကာ စိတ်ကြည်လင်လာပြီး လေများက လန်းဆန်းလာသလို ခံစားလိုက်ရသည်။ ခြံဝန်းအတွင်း မြင့်မားကာ စက္ခုပသာဒ တင့်တယ်သည့် သစ်ပင်ကြီး ရှိနေသည်။ ယခုက ဆောင်းတွင်းဖြစ်နေသော်လည်း သစ်ရွက်များက ရှိနေဆဲ ဖြစ်၏။

ဒီဖုန်းရွှေအစီအရင်နဲ့ ပတ်သက်ပြီး ပြဿနာမရှိတဲ့ပုံပဲ….

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဤကမ္ဘာ၏ ဝိညာဉ်ချီ နည်းပါးမှုနှင့် သူ့ဝိညာဉ်စွမ်းအားကို မရရှိနိုင်သည့်အချက်ကြောင့် သူသည် အစီအရင်များ လုပ်ဖို့ သင်္ကေတများကို အသုံးမပြုနိုင်ပေ။

ထို့ကြောင့် သူက ဖုန်းရွှေပညာရပ်ဖြင့် ပတ်ဝန်းကျင်ကို အသုံးပြုကာ အစီအရင်အဖြစ် ခင်းကျင်းခဲ့ပြီး မိုးမြေကြားမှ စွမ်းအားကို ငှားယူခဲ့သည်။ ဝမ်ဝေ့က မဟာလုတိုင်းပြည်တစ်ခုလုံးတွင် သဘာဝအတိုင်း စီးဆင်းနေသည့် ဝိညာဉ်ချီရှိရာ အသင့်တော်ဆုံးနေရာကို တွက်ချက်ခဲ့ခြင်း ဖြစ်၏။

ထို့နောက် သူက အစီအရင်အတွက် မြို့များစွာ တည်ဆောက်ခဲ့ပြီး ယခုစံအိမ်ကို ဗဟိုချက်အနေနှင့် အသုံးပြုခဲ့သည်။ ရလဒ်က မဟာလုတိုင်းပြည်ရှိ ပြန့်ကျဲနေသည့် ဝိညာဉ်ချီအားလုံးကို စုဝေးထားသည့် အားကောင်းကောင်း ချီစုစည်းရေး အစီအရင်တစ်ခု ဖြစ်လာသည်။

ဘာမှမမှားယွင်းကြောင်း ဆန်းစစ်ပြီးသည့်နောက် ဝမ်ဝေ့က မြေအောက်ထဲရှိ အခန်းဆီ သွားလိုက်သည်။ သူက သူ့ဘာသာသူ တံခါးပိတ်လိုက်ပြီး ကျင့်ကြံလိုက်၏။

ကျင့်ကြံရေးသို့ ဝင်ရောက်ပြီးသည့်နောက်တွင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို ခံစားမိလိုက်သည်။

နှစ်၂၀ စုစည်းထားတာတောင် နည်းနည်းလေးပဲ ရှိသေးတယ်…

ဝမ်ဝေ့က ဆွံ့အနေမိသည်။ ယခင် သူ့မွေးရပ်မြေက သေမျိုးတစ်ယောက်တွင်ပင် ဤတိုင်းပြည်တစ်ခုလုံးထက် ဝိညာဉ်ချီ များများရှိလောက်လိမ့်မည်။

ပတ်ဝန်းကျင်က ကျင့်ကြံသူများအတွက် အရေးပါ၏။

သူက ဤသို့သော ဆိုးဆိုးရွားရွား ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ပြီး ကျင့်ကြံဖို့ ကြိုးစားရသည်မှာ မည်မျှခက်ခဲကြောင်း စဉ်းစားမိသွားသည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီးသည့်နောက်တွင် ကျင့်ကြံရေးကို ဆက်လက် လုပ်ဆောင်လိုက်သည်။ သူက ချီသန့်စင်ရေး နည်းလမ်းကို အသုံးပြုကာ သူ့စွမ်းအင်ဗဟိုချက်ရှိ စွမ်းအင်များကို စုပ်ယူပြီး ဖွဲ့စည်းဖို့ ကြိုးစားခဲ့သည်။

နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် သူက အသံကျယ်ကြီးတစ်ခု ကြားလိုက်ကာ ချက်အထက် နေရာလွတ်ငယ်တစ်ခုကို မြင်လိုက်ရသည်။

ဒီလောက်တောင်သေးတယ်လား…

ဝမ်ဝေ့က ထိုအရာမှာ သူ့ခန္ဓာကိုယ်၏ ပါရမီကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင်ကြောင့် ဖြစ်နေသည့်အတွက် စိတ်ထဲမထားတော့ပေ။ ကံဆိုးစွာဖြင့် သူ့အနေနှင့် တတ်နိုင်သည့်အရာ မရှိပေ။

သူ့စွမ်းအင်ဗဟိုချက်တွင် အငွေ့တချို့ မြောလွင့်နေသည်ကို မြင်လိုက်ရ၏။ ထိုအရာက သူ၏ အတွင်းချီအသစ် ဖြစ်ပေသည်။

ငါက သိုင်းပညာပုံစံကို အသုံးပြုနေတာဆိုတော့ ဒါကို အတွင်းအားလို့ ခေါ်ရအောင်…

သူက ကျန့်ချောင်း၏ ကမ္ဘာမှ သင်ယူခဲ့ရသော အစစ်အမှန်ယွမ်ပေါ် မူတည်၍ စွမ်းအားကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အရည်အသွေးက နိမ့်ကျနေ၏။

အဆင့်နိမ့် ဝိညာဉ်ချီဟု ဆိုလိုသည်မှာ ကမ္ဘာ၏ စည်းမျဉ်းများက မပြီးပြည့်စုံဘဲ စွမ်းအင် ကန့်သတ်ချက်နှင့် တခြားသော အတားအဆီးများစွာ ရှိကြောင်း ပြသနေသည်။

ဝမ်ဝေ့က ဆက်လက် မကျင့်ကြံခင် သုံးသပ်လိုက်၏။ ကျန်ရှိနေသည့် ချီများကို အသုံးပြုပြီးသည့်နောက်တွင် သူက အတွင်းအားကို တိုးမြှင့်ရင်း စွမ်းအင်ဗဟိုချက်ကို ချဲ့ထွင်လိုက်သည်။

ထို့နောက် သူက ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်၏။

ငါ့သက်တမ်းက နှစ် ၁၂၀ကနေ ၁၅၀ အထိ တိုးမြင့်သွားတာပဲ။ ငါ ဒီအဆင့်ကို ပြီးမြောက်သွားရင် ထပ်ပြီးတော့ တိုးနိုင်သေးတယ်…

ဝမ်ဝေ့က ကျင့်ကြံရေးအပေါ်သာ အာရုံစိုက်ထားသည့်အတွက် ဤစံအိမ်မှ ထွက်မသွားသေးပေ။ ဝိညာဉ်ချီအားလုံးကို အသုံးပြုသော်လည်း ဖြစ်စဉ်က နှေးကွေးနေသည့်အတွက် တခြားနည်းလမ်းများကိုပါ အသုံးပြုရသည်။ အတွင်းအားဖြင့် သူသည် တချို့အဂ္ဂိရတ်နည်းစနစ်တချို့ကိုပါ ထုတ်သုံးခဲ့သည်။

သူက အသားထဲမှ သွေးစွမ်းအားကို ဆေးလုံးအဖြစ် ဖော်စပ်ခဲ့သည်။ ဤနည်းလမ်းဖြင့် သူသည် တစ်ရက်လျှင် နွားအကောင်ရေ ၅၀ကို စားသုံးဖို့ မလိုတော့ဘဲ စုစည်းထားသည့် သွေးစွမ်းအားပါဝင်သော ဆေးလုံးအဖြစ် ပြောင်းလဲလိုက်သည်။

သူက ဆေးလုံးထဲမှ သွေးစွမ်းအားကို အတွင်းအားအဖြစ် ပြောင်းလဲပြီး ဆက်လက် ကျင့်ကြံလိုက်သည်။ ထို့အပြင် သူ့စီးပွားရေးက ရှားပါးသည့် ဝိညာဉ်ဆေးပင်များကို ဆက်တိုက် ပို့ဆောင်နေသည့်အတွက် ချီသန့်စင်ရေးဆေးလုံးကို ဖန်တီးနိုင်ခဲ့သည်။

ဝမ်ဝေ့က နှစ်များစွာ သီးသန့်ကျင့်ကြံနေရင်း လူတချို့က အမြင်မရှိဘဲ သူ့အရင်းအမြစ်စုစည်းရေး စီးပွားရေးကို ရှင်းထုတ်ဖို့ ကြိုးစားသည်ကို ဖြေရှင်းဖို့ စံအိမ်မှ ၃ကြိမ်သာ ထွက်သွားဖူးသည်။ သူ့အနေဖြင့် နောက်အဆင့်သို့ မတက်လှမ်းခင် စွမ်းအင်ဗဟိုချက်ထဲ ဖြည့်တင်းဖို့ ၁၅နှစ် ကြာမြင့်ခဲ့သည်။

လူသားခန္ဓာကိုယ်က ဓာတ်ငါးပါးနှင့် ယင်ယန်မျှခြေ လိုအပ်၏။ ထိုသို့လုပ်ခြင်းက အသက်ကို ရှည်လျားနိုင်သလို အသက်ရှည်ခြင်းကို ရယူနိုင်သည်။ ဝမ်ဝေ့ကို ထိုသဘောတရားကို လိုက်နာက သူ့အတွင်းအင်္ဂါများကို အသုံးပြုပြီး ဓာတ်ငါးပါးချီကို ထုတ်လွှင့်ကာ သူ့အတွင်းအားဖြင့် ပေါင်းစည်းခဲ့သည်။ မရပ်မနား လေ့ကျင့်ခြင်းဖြင့် နောက်ထပ် ၁၅နှစ်တာ ကြာမြင့်ခဲ့သည်။

ဓာတ်ငါးပါးချီဖြင့် ဆေးကြောပြီးသည့်နောက်တွင် ဝမ်ဝေ့၏ သက်တမ်းက နောက်ထပ်နှစ် ၅၀ တိုးမြင့်သွား၍ စုစုပေါင်းနှစ် ၃၀၀ ရှိသွားလေပြီ။ ထို့ကြောင့် သူက နေနှင့် လဆီမှ စွမ်းအားကို ရယူခြင်းဖြင့် ယင်ယန်မျှခြေကို ဖန်တီးနိုင်သည်။

အစပိုင်းတွင် ဝမ်ဝေ့က ကြယ်တာရာ စွမ်းအားအပေါ် မူတည်သည့် အဆင့်မြင့်သိုင်းပညာနည်းစနစ်မျိုးကို ဖန်တီးလိုခဲ့၏။ နှမြောစရာကောင်းလှသည်က သူ့အနေဖြင့် ကြယ်တာရာစွမ်းအားကို မခံစားနိုင်ပေ။ အကြောင်းမှာ ဤကမ္ဘာရှိ စည်းမျဉ်းကြောင့် ဖြစ်၏။ သူက နေနှင့်လဆီမှ စွမ်းအားကို ခံစားမိသော်လည်း ဤခန္ဓာကိုယ်က ထိုကောင်းကင်အရာများ၏ စွမ်းအားကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

သူက အနည်းငယ် လေ့လာပြီးသည့်နောက်တွင် လူအများက သူတို့၏ ခန္ဓာကိုယ်နှင့် စွမ်းအင်ဗဟိုချက်တွင် နေစွမ်းအားကို မဖန်တီးနိုင်ကြောင်း သဘောပေါက်သွားသည်။ အစစ်အမှန် ယန်စွမ်းအားက လူများကို ပြာဖြစ်သွားနိုင်၏။ လအတွက်လည်း အတူတူဖြစ်ကာ သန့်စင်ယင်စွမ်းအားက လူများကို သေစေသည်အထိ အေးခဲသွားစေနိုင်သည်။

သူက ပထမဆုံးနေရောင် ပေါ်ထွက်လာသည့်အချိန် ခြံဝန်း၏ သစ်ပင်အောက်မှာ စောင့်ဆိုင်းနေသည်။ သူက သူ့နည်းလမ်းကို အသုံးပြုကာ အသေးငယ်ဆုံး ယန်ချီမျှင်ကို ဆွဲယူခဲ့၏။ ထို့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်က အနီရောင် ပြောင်းလဲလာပြီး အပူဓာတ် ပြင်းပြင်းထွက်လာကာ သူ့အဝတ်အစားများပင် လောင်ကျွမ်းသွားသည်။

ဝမ်ဝေ့က သူသည် ပေါက်ကွဲကာ သေလုမတတ် ခံစားနေရ၏။ ကံကောင်းစွာဖြင့် သူ ထိုသို့မလုပ်ဆောင်ခင် ယင်သဘာဝဆေးလုံးကို သောက်သုံးခဲ့သည့်အတွက် သက်ရောက်မှုကို လျှော့ချနိုင်ခဲ့သည်။ ဝမ်ဝေ့က နာကျင်မှုကို လျစ်လျူရှုထားပြီး ယန်ချီကို အတွင်းအားဖြင့် ပေါင်းစည်းပြီး မြင့်မားသည့် အဆင့်သို့ ပြောင်းလဲခဲ့သည်။

“ ဟူး”

သူက အပူငွေ့ကို ရှူထုတ်လိုက်၏။ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ယန်ချီကြောင့် ငါးနှစ် သက်တမ်း လျော့ကျသွားကြောင်း တွေ့ရှိလိုက်ရသည်။ သူက အတွင်းအားကို မျှခြေညီအောင် ယင်ချီကို မစုပ်ယူနိုင်သရွေ့ သက်တမ်းဆုံးရှုံးနိုင်သည်ကို တွက်ချက်ထားပြီးသား ဖြစ်သည့်အတွက် မအံ့ဩမိပေ။ ထို့အပြင် သူက ဆုံးရှုံးမှုကို ပြန်လည် ဖြည့်တင်းနိုင်မည်ဖြစ်ကာ အကျိုးအမြတ် ပိုမိုရရှိနိုင်သည်။

ဝမ်ဝေ့က လိုအပ်ချက် မပြည့်မှီသည်အထိ ယန်ချီကို ဆက်တိုက်စုပ်ယူလိုက်သည်။ ထို့နောက် သူက မျှခြေရောက်သည်အထိ ယင်ချီကိုပါ စုပ်ယူခဲ့သည်။ သူ့အတွင်းအားက ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးတွင် စီးဆင်းသွားပြီးနောက် အညစ်အကြေးများအား ဖယ်ရှားကာ သူ့ခန္ဓာကိုယ် ခွန်အား တိုးမြှင့်လာပြီး သက်တမ်းကိုလည်း မြင့်မားလာစေသည်။

ဖြစ်စဉ်က နှစ်၂၀ ကြာမြင့်သွားသည့်အတွက် ယခုအခါ သူက ချီသန့်စင်ခြင်းအဆင့်တွင် နှစ် ၅၀ ကုန်ဆုံးခဲ့ရသည်။ နှစ် ၅၀မျှ ဖြစ်သည်မှာ သူ့ကြောင့်သာ ဖြစ်၏။ အကယ်၍ တခြားသာမန်ပါရမီရှိသည့်သူ သို့မဟုတ် သာမန်အထက် ပါရမီရှိသည့်သူဖြစ်ပါက သူတို့သည် စွမ်းအင်ဗဟိုချက်ကို ဘယ်တော့မှ ဖြည့်တင်းနိုင်မည် မဟုတ်ပေ။

ငါက အမြုတေအဖြစ် ဖွဲ့စည်းလို့မရတာ နှမြောစရာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့ယခင်အစီအစဉ်က အတွင်းအားကို ဖွဲ့စည်းကာ မြင့်မားသည့် ပုံစံအဖြစ် အသွင်ပြောင်းဖို့ ဖြစ်သည်။ ကံဆိုးစွာဖြင့် ဤကမ္ဘာ၏ မပြီးပြည့်စုံသည့် စည်းမျဉ်းများကြောင့် ထိုဖြစ်စဉ်က မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဝမ်ဝေ့က ယခင်ကြံစည်ထားသည့် အစီအစဉ်ကိုသာ ဆက်လက် အကောင်အထည်ဖော်လိုက်၏။

“ ငါ နားဖို့ လိုနေပြီ”

ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ယခင်နှစ်ပိုင်းအတွင်း မရပ်မနား ဆက်တိုက် လေ့ကျင့်ခဲ့သည်။ နှစ် ၅၀ က သူ့အတွက် ဘာမှမဟုတ်သော်လည်း ယခုအခါ သူ့ဘာသာသူ အနားပေးချင်မိသည်။

ထို့ကြောင့် သူက သူ့စီးပွားရေးနှင့် ပတ်ဝန်းကျင်မြို့များဆီ သွားရောက်ဖို့ စံအိမ်မှ ထွက်လာခဲ့၏။ သူက မဟာလုတိုင်းပြည်သည် ဤကမ္ဘာတွင် တစ်ခုတည်းသော တိုင်းပြည် မဟုတ်သည့်အတွက် တခြားသော အနီးနားရှိ တိုင်းပြည်များအထိပါ သွားရောက်လည်ပတ်ခဲ့သည်။

သူက ဝိညာဉ်ချီအများဆုံး စုစည်းနိုင်သည့် ချီစုစည်းရေးအစီအရင်ကို အကောင်အထည်ဖော်ဖို့ ထိုတိုင်းပြည်များဆီ လျှို့ဝှက်ရောက်ရှိခဲ့ပြီးသား ဖြစ်၏။ သို့သော်လည်း သူက သူတို့ကို အသုံးမပြုသည်မှာ အဆီအနှစ် သန့်စင်ရေးနည်းစနစ်အတွက် အသုံးပြုလို၍ ဖြစ်သည်။

ထိုစဉ် ဝမ်ဝေ့က ခရီးသွားလာနေရင်း သူ့အကြောင်း ကောလဟာလများက ကမ္ဘာတစ်ဝှမ်းတွင် ထွက်ပေါ်လာသည်။ ကောလဟာလက သူသည် မသေမျိုးတစ်ယောက် ဖြစ်သည်ဟု ဆိုသည်။ သူက အသက် ၈၀ အရွယ်တွင် ဖြစ်သော်လည်း သူ့မျက်နှာက အသက်၂၀ လူငယ်အရွယ်မှ မပြောင်းလဲသေးပေ။

သို့သော်လည်း လူတော်တော်များများက သူနှင့်မိတ်ဆွေဖွဲ့ကာ စကားစမြည် ပြောလိုသည့်အခါ သူက ကျင့်ကြံဖို့ စံအိမ်အတွင်း ပြန်လည်ရောက်ရှိနေပြီ ဖြစ်၏။ သူ့အတွင်းအားနှင့် ဝိညာဉ်ချီကို အသုံးပြုကာ သူက နိဝမ်ဆုံမှတ်ကို ပစ်မှတ်ထားပြီး အသိစိတ်ပင်လယ်ကို ဖွင့်လှစ်လိုက်သည်။ ထိုဖြစ်စဉ်က ငြီးငွေ့ဖွယ်ကောင်းလောက်အောင် ရှည်လျားသော်လည်း သူက ဝိညာဉ်စွမ်းအား ရယူနိုင်သည့် နေရာလွတ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။

ကျင့်ကြံရေးအခန်းအတွင်း ဝမ်ဝေ့က ရုတ်ချည်းဆိုသလို လေထဲတွင် မြောလွင့်လာသည်။ သူက စိတ်စွမ်းအားဖြင့် ရွေ့လျားစွမ်းအင်မှ လေထဲပျံသန်းဖို့အထိ စွမ်းအားကို အသုံးပြုနိုင်သည်။ ကံဆိုးစွာဖြင့် သူသည် ၁၀မိနစ်ခန့်သာ ပျံသန်းနိုင်လေ၏။

ဝမ်ဝေ့က ခေါင်းအသာခါလိုက်ပြီးနောက် ဆက်လက် ကျင့်ကြံလိုက်သည်။ သူက အတွင်းအားနှင့် ကျန်ရှိနေသည့် ချီကို အသုံးပြုကာ သူ့အသိစိတ်ပင်လယ်ကို ချဲ့ထွင်ခဲ့ပြီး စိတ်စွမ်းအားကို တိုးမြှင့်ခဲ့သည်။

“ ဟူး” သူက ရေရွတ်လိုက်၏ “ ဒီလိုဆိုရင် ငါက ဘယ်တော့မှ ဝိညာဉ်ကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး”

ယခု သူက နှစ် ၈၀၀ သက်တမ်းရရှိနေပြီ ဖြစ်သော်လည်း ဤစစ်ဆေးမှုတွင် အနိုင်ရရှိဖို့ လုံလောက်သည်ဟု မထင်ပေ။

နောက်အဆင့်ကို စဉ်းစားပြီးသည့်နောက်တွင် သူက တစ်စုံတစ်ခုကို ခံစားမိ၍ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ခပ်ယဲ့ယဲ့ပြုံးကာ “ ငါကိုယ်တိုင် လုပ်စရာ မလိုတော့ဘူး ထင်တယ်”

သူက အခန်းအတွင်းမှ ထွက်လာပြီးသည့်နောက် ခြံဝန်းတွင် လျှောက်လှမ်းပြီး စောင့်ဆိုင်းနေလိုက်သည်။ တစ်မိနစ်ခန့်ကြာပြီးသည့်နောက်တွင် လူငယ်လေးတစ်ဦးက ခြံဝန်းအတွင်း ဝင်ရောက်လာသည်။ ထိုသူက ဝမ်ဝေ့ကို မြင်တွေ့ပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို အံ့အားသင့်သွားသည်။

ကမ္ဘာမှာအချမ်းသာဆုံး အမျိုးသား ဝမ်ဝေ့က ဒီနှစ်မှာဆိုရင် ၁၀၃ နှစ် ရှိသင့်နေပြီဆိုပေမဲ့ ငါ့ထက်တောင် ငယ်နေသလိုပဲ။ ကောလဟာလတွေက အမှန်ဖြစ်မယ်…

ထိုလူငယ်လေးက တွေးလိုက်ပြီးသည့်နောက်တွင် သူ့မျက်နှာအထက် ဆုံးဖြတ်လိုက်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ သူက ဒူးထောက်လိုက်သည့်အတွက် သူ့အခြွေအရံသင်းပင်းများက လန့်ဖြန့်သွားကြ၏။

“ မသေမျိုးအရှင် ကျုပ်ကို ကူညီပေးပါ”

All Chapters