← Chapters

အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း

Vol. 44 Ch. 608

အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း

Vol. 44 Ch. 608

လူငယ်လေး၏ အခြွေအရံသင်းပင်းများက သူ့အား တားဆီးလိုသော်လည်း ဝမ်ဝေ့ကို စိတ်အနှောင့်အယှက် ပေးမိမည်ကိုလည်း စိုးရိမ်ကြသည်။ ထို့ကြောင့် သူတို့က ကြောင်အမ်းအမ်းဖြင့် ရပ်တန့်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

ထိုစဉ် ဝမ်ဝေ့က ဒူးထောက်နေသည့် လူငယ်လေးအား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်လိုက်၏။

“ မင်းက မင်းသား (၄) ခန်းရုံလား”

“ ဟုတ်ပါတယ်”

“ စိတ်ဝင်စားစရာပဲ။ ငါ့ဆီကို အကူအညီလာတောင်းတာလဲ။ ငါက မင်းတို့တော်ဝင်မိသားစုနဲ့ ဘာမှပတ်သက်စရာ မရှိဘူး”

ခန်းရုံက အံကြိတ်လိုက်ပြီးနောက် ပြောလိုက်သည်

“ ကျုပ်က ဘုရင် ဖြစ်ချင်တယ်”

“ အရှင့်သား” သူ့ အခြွေအရံသင်းပင်းများက တစ်ယောက်ယောက်များ ကြားသွားလားဟု ဘေးပတ်လည်ကို ကြည့်ကာ ခေါ်လိုက်ကြသည်။ တစ်ယောက်မှ မမြင်ရသော်လည်း သူတို့က စိုးရိမ်နေကြဆဲ ဖြစ်၏။ ပြောရလျှင် ထိုစကားများကို ပုန်ကန်မှုအဖြစ် မှတ်ယူကာ သူတို့အပါအဝင် သူတို့သခင်၏ သေခြင်းတရားကိုပါ ဖြစ်စေနိုင်သည် မဟုတ်ပါလော။

ခန်းရုံက လျစ်လျူရှုထားကာ ဆက်ပြောလိုက်သည်။ သူက ဤသည်မှာ သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း နားလည်ထား၏။ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသားလောက် အားကောင်းသည့်သူ တစ်ယောက်ကို ပြောသည့်အခါ သူ့အနေနှင့် အခွင့်အရေးရရှိဖို့ တိုက်ရိုက်ပြုမူရမည်။

“ မသေမျိုးအရှင်လိုမျိုး ကြီးကျယ်မြင့်မြတ်တဲ့သူက လောကီရေးရာတွေမှာ စိတ်မဝင်စားဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျုပ်အတွက်က ဒါက အကုန်လုံးပါ”

“ မင်း မှားနေပြီ။ အကြောင်းအရင်းဆိုတာရှိလို့ ငါ့ဆီမှာ ဒီလောက် ချမ်းသာနေတာပေါ့”

ခန်းရုံက ထိုစကားများ၏ အဓိပ္ပာယ်ကို နားလည်ကာ ပြုံးလိုက်သည်။ သူ့တွင် အခွင့်အရေး ရှိ၏။

“ မသေမျိုးအရှင်သာ ကျုပ်ကို ပလ္လင်ပေါ်မှာ ထိုင်လို့ရအောင် ကူညီပေးသရွေ့ အလိုရှိတာ ဘာမဆိုပေးပါ့မယ်”

ခန်းရုံအနေဖြင့် ဤသို့တစ်ဖက်စွန်း နည်းလမ်းကို အသုံးပြုရုံမှလွဲ၍ ရွေးချယ်စရာ မရှိပေ။ သူ့တွင် ညီကိုမောင်နှမ လေးဆယ်ကျော်ရှိပြီး ၅ယောက်မြောက်က ပလ္လင်အတွက် ယှဉ်ပြိုင်နိုင်စွမ်း ရှိ၏။ သူက ထိုလူများထဲမှ တစ်ယောက် ဖြစ်သည်။ သူ့ ညီအစ်ကို ၅ ယောက်ကြား သူက အရည်အချင်း အပြည့်မှီဆုံး ဖြစ်၏။

သူက ဉာဏ်အကောင်းဆုံးဖြစ်သလို တိုင်းပြည်ရေး၊ စီးပွားရေး၊ သံတမန်ရေးရာနှင့် စစ်တပ်ခန့်ခွဲမှုတို့တွင် အကောင်းဆုံး အာရုံခံစားမှုတို့ ရှိသည်။ သူက သူ့ကို ညီလာခံတွင် သူ့အကူအညီပေးနိုင်သည့် အကောင်းဆုံးလူများကို ပြုစုပျိုးထောင်ထားခဲ့ပြီး တိုင်းပြည်ထဲရှိ လူအများစုကြားမှ ထောက်ခံမှုကို ရရှိခဲ့သည်။

ကံဆိုးစွာဖြင့် သူ့အဖေက အကြောင်းအရင်းတချို့ကြောင့် သူ့အား မုန်းတီးနေပြီး သူ့အာဏာလျှော့ချတာမျိုး ဒါမှမဟုတ် သူ၏ ပြိုင်ဘက်များကို အခွင့်ကောင်းပေးတာမျိုးတို့ ပြုလုပ်နေသည်။

ခန်းရုံအနေဖြင့် သူ့အဖေသည် အဘယ်ကြောင့် သူ့ကို မုန်းတီးနေရလဲဆိုသည့်အချက်ကို နားမလည်နိုင်ပေ။ ပထမဦးစွာ သူသည် နိမ့်ကျသည့် အစေခံတစ်ဦးမှ မွေးဖွားလာခြင်းကြောင့် ဖြစ်မည်ဟု တွေးခဲ့မိသည်။ သို့သော် သူ့ ၈ယောက်မြောက် ညီတော်က တူညီသည့် နောက်ခံမျိုးရှိသော်လည်း သူ့အဖေက အတူတူ မဆက်ဆံပေ။

လတ်တလော သူ့အဖေက သူ့အား ပြိုင်ပွဲမှထုတ်ကာ နယ်စပ်ဆီ ပို့ဆောင်မည့် တော်ဝင်အမိန့်တော်ကို ထုတ်ခဲ့သည်။ ထို့နောက် ခန်းရုံက တော်လှန်မည့်အကြောင်းကိုပင် တွေးခဲ့မိ၏။

ကံဆိုးစွာဖြင့် သူ့အဖေက တိုင်းပြည်တွင် အကြွင်းမဲ့အာဏာ ဆုပ်ကိုင်ထားသေးသည်။ သူက ခန်းရုံ၏ အာဏာနှင့် ကျော်စောမှုများကို အလွယ်တကူ ဖယ်ရှားပစ်နိုင်လေရာ တော်လှန်ပုန်ကန်ခြင်းက သူ့အတွက် သေခြင်းတရားသာ စောင့်ကြိုနေမည်ဖြစ်ကြောင်း သိလေသည်။

ရက်များစွာ ဤအခြေအနေကို စဉ်းစားပြီးသည့်နောက်တွင် ခန်းရုံက သူ လိုချင်သည့်သူ ပေးနိုင်သည့်သူ တစ်ဦးရှိကြောင်း ကောက်ချက်ချလိုက်သည်။ ထိုသူက ကမ္ဘာ့အချမ်းသာဆုံး ဝမ်ဝေ့ ဖြစ်၏။ ထိုလူတစ်ဦးတည်းက ကမ္ဘာ၏ ချမ်းသာကြွယ်ဝမှု ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီး သူ့အောက်တွင် အံ့ဖွယ်ခွန်အားရှိသည့်  သိုင်းပညာရှင်တပ်ဖွဲ့လည်း ရှိထားလေသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းခြင်း မရှိဘဲ အယုံကြည်ရဆုံး လက်အောက်ငယ်သားများကို ခေါ်ကာ နေ့နေ့ညည ခရီးနှင်ပြီး ဤဒဏ္ဍာရီလာအမျိုးသားကို တွေ့ဆုံဖို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ခန်းရုံက ထိုသူသည် သူ့အသက်အရွယ်အရ မည်မျှငယ်ရွယ်သည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်း သိလိုက်၏။

“ ငါနဲ့ အပေးအယူ လုပ်လို့ အကျိုးဆက်ကို နားလည်လား” ဝမ်ဝေ့က မေးလိုက်သည်။

“ ကျုပ် နားလည်ပါတယ်” သူက သူ့ဘေးတွင် မသေမျိုးအရှင် တစ်ယောက်ထားရှိသည်မှာ မည်သို့ဖြစ်မည်မှန်း နားလည်လေသည်။ သူက ရုပ်သေးရုပ်ဘုရင်အဖြစ် ပြောင်းလဲခံရနိုင်ချေ ရှိသည်။ မည်သို့ပင်ဆိုစေကာမူ သူက ထိုသို့ စွန့်စားလိုမိသည်။

“ ကောင်းပြီ။ မြို့တော်ထဲမှာ ဆွေးနွေးကြတာပေါ့”

ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ခန်းရုံနှင့် သူ့အဖွဲ့အား စိတ်စွမ်းအားဖြင့် လွှမ်းခြုံကာ ကောင်းကင်အထက် ပျံသန်းသွားလိုက်သောကြောင့် အဖွဲ့က တုန်လှုပ်သွားကြသည်။ ခန်းရုံက အသက်ပြင်းပြင်းရှူကာ ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ချိုးနှိမ်ထားလိုက်၏။ သူက ဝမ်ဝေ့၏ စွမ်းအားကြောင့် တအံ့တဩ ဖြစ်နေမိသည်။

ထိုစဉ် သူ့အခြွေအရံသင်းပင်းများကမူ ကြောက်ကြောက်လန့်လန့်ဖြင့် အော်လုမတတ် ဖြစ်သွားလေသည်။ ကံကောင်းစွာဖြင့် ဝမ်ဝေ့က သူတို့၏ ပါးစပ်များကို အလျင်မီ ပိတ်ဆို့နိုင်ခဲ့၏။

မြို့တော်က သူ့နေရာနှင့် နီးသောကြောင့် မိနစ်ပိုင်းခန့်မျှဖြင့် သူတို့၏ ဦးတည်ရာသို့ ရောက်ရှိလာသည်။ အကယ်၍ ခန်းရုံသာ သေချာကြည့်ပါက ဝမ်ဝေ့၏ မျက်နှာသည် အရင်ထက် ဖြူဖျော့နေသည်ကို သိလိမ့်မည်။

သူနှင့် လူ ၃ ယောက်ကို သယ်ဆောင်လာခြင်းက စိတ်စွမ်းအား ကုန်ခမ်းလုမတတ် ဖြစ်သွားလေသည်။ သို့သော်လည်း သူ့အနေဖြင့် ခန်းရုံကို ခြောက်လှန့်စေဖို့ အင်အားပြသဖို့ လိုအပ်နေသေး၏။ ထိုအခါမှ သူ လိုချင်တာကို ရရှိပြီးသည့်နောက်တွင် ဝမ်ဝေ့အား သူ့ကို သတ်ဖို့ အချိန်မဖြုန်းစေဘဲ တုံးအအ အရာမျိုး မလုပ်မည်ဖြစ်သည်။

မြို့တော်သို့ ရောက်ရှိလာပြီးသည့်နောက်တွင် ဝမ်ဝေ့က ခန်းရုံအား အမြန်ဆုံးနှင့် အရက်စက်ဆုံးနည်းလမ်းဖြင့် ပလ္လင်ကို ရယူလိုသလား သို့မဟုတ် သနားညှာတာဆုံး နည်းလမ်းဖြင့် ရယူလိုသလားဟု မေးခဲ့သည်။ ထိုသူက ဒုတိယ တစ်ခုကို ရွေးချယ်ခဲ့၏။

နောက်တစ်ရက်တွင် ဘုရင်နှင့် သူ့ညီအစ်ကို လေးယောက်က ဖျားနာကာ သမားတော်များက ဘာမှမတတ်နိုင်ပေ။ ခန်းရုံက တိုင်းပြည်၏ စစ်တပ်ရေးနှင့် တိုင်းပြည်ရေးအာဏာကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့သည်။ ဝမ်ဝေ့၏ သိုင်းပညာအဖွဲ့ဖြင့် သူက မတည်ငြိမ်သေးပေ။

သို့သော်လည်း ဝမ်ဝေ့က အတွင်းရေး ပဋိပက္ခများကို ဖြေရှင်းဖို့ လျှို့ဝှက်နည်းလမ်းများကို အသုံးပြုခဲ့သည်။

ထို့နောက် အာဏာသိမ်းပြီးသည့်နောက်တွင် ခန်းရုံက သူ့အဖေအား တရားဝင် ပလ္လင် လွှဲပြောင်းပေးဖို့ အကြပ်ကိုင်ခဲ့သည်။ ဘုရင်က သူ သက်ရောက်ခံရသည့် အဆိပ်အတွက် သူ့သားဆီသာ ဖြေရှင်းနည်းရှိကြောင်း သိထား၍ ရွေးချယ်စရာ မရှိပေ။

နောက်ဆုံးတွင် ခန်းရုံက နည်းလမ်းကျကျဖြင့် ပလ္လင်ကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် သူက သူ့အဖေကို ချက်ချင်း မသတ်ပေ။ အဆိပ်အတွက် ဖြေဆေးက သေခြင်းတရားကို ကာကွယ်ဖို့ ဆက်တိုက် သောက်သုံးဖို့ လိုအပ်ပေသည်။ သို့သော် လည်း သူ့ညီကိုများအတွက်မူ အတူတူဟု မပြောနိုင်ပေ။

ပထမဦးဆုံး ခန်းရုံ လုပ်သည့်အရာက ဝမ်ဝေ့အား မင်းဆရာဘွဲ့ကို ပေးကာ သူ့အတွက် ကျောင်းဆောင် တည်ဆောက်ပေးခြင်း ဖြစ်သည်။ မြို့တော်တွင် ပင်မကျောင်းဆောင်ရှိပြီး တိုင်းပြည်အနှံ့၊ ကျောင်းဆောင်အနှံ့ ပြန့်ကျဲနေသည်။

ဝမ်ဝေ့က ကျောင်းဆောင်အတွင်း ရပ်ကာ ဝေဟင်ကို ကြည့်လိုက်သည်။

ဤကမ္ဘာရဲ့ ဝိညာဉ်ချီနဲ့ စည်းမျဉ်းက နိမ့်ကျလွန်းလို့ ငါက ချီကံကောင်းမှုကို မဖွဲ့စည်းနိုင်ဘူးပဲ…

သူက တိုင်းပြည်အနှံ့မှ ပြန့်ကျဲနေသည့် ရွှေရောင် အစက်အပြောက်များသည် ကျောင်းဆောင်အတွင်း စုဝေးလာသည်ကို မြင်လိုက်ရသည်။

ငါက တစ်ကမ္ဘာလုံးရဲ့ ကံကောင်းမှုကို စုဝေးရင်တောင် ငါ့သက်တမ်းကို အလွန်ဆုံး နှစ်နှစ်ရာပဲ တိုးမြင့်နိုင်လိမ့်မယ်…

သူက ခေါင်းခါလိုက်ပြီးသည့်နောက်တွင် အဖြူရောင်နှင့် အနီရောင် စွမ်းအားလုံး မြောလွင့်နေသည့် အခန်းအတွင်း လျှောက်လှမ်းလာလိုက်သည်။

ငါက ယုံကြည်မှုကို စုဆောင်းနိုင်ပေမဲ့ အရည်အသွေးက နိမ့်ကျနေတုန်းပဲ။ ပြီးတော့ အညစ်အကြေးတွေအကြောင်း မပြောရသေးဘူး…

ဝမ်ဝေ့က ယုံကြည်မှုစွမ်းအားကို ယူဆောင်ကာ သန့်စင်လိုက်၏။ သူက အညစ်အကြေးများကို ဖယ်ရှားကာ ကျန်ရှိနေသည့် အရာများအား စိတ်ဝိညာဉ်သန့်စင်ရေးကို အရှိန်မြှင့်တင်ဖို့ အသုံးပြုလိုက်သည်။ ထိုစဉ် သူ့အမိန့်အောက်တွင် ခန်းရုံက မဟာလုတိုင်းပြည်ကို အကောင်းဘက်မှ စတင်ပြောင်းလဲနေပြီ ဖြစ်၏။

ဝမ်ဝေ့က တိုင်းပြည်ထံ ရွှေရောင်ခေတ်ကာလကို ယူဆောင်ပေးနိုင်မည့် အသေးစိတ် အချက်အလက်ပါဝင်သည့် စာအုပ်ကို ပေးခဲ့သည်။ သူက သူ့ချမ်းသာကြွယ်ဝမှုများနှင့်ပင် ကူညီပေးခဲ့သည်။

ဝမ်ဝေ့ ပြန်လည်တောင်းဆိုသည့် တစ်ခုတည်းသောအရာက သူ့နာမည်ကို တိုင်းပြည်အနှံ့ ကျော်စောပြီး လူများက ကိုးကွယ်လာဖို့သာ ဖြစ်သည်။ ခန်းရုံက သူ့အား တိုင်းပြည်၏ မသေမျိုးအရှင် အစောင့်အရှောက်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ သူက သူ့အား တိုင်းပြည်အဖြစ် ပြောင်းလဲသည့် အဖြစ်အပျက်များအတွက် ချီးကျူးဖို့ တုံ့ဆိုင်းမနေပေ။ မသေမျိုးအရှင် အစောင့်အရှောက်ကို ကိုးကွယ်ပသမည့် အားလပ်ရက်ပင် ရှိသေး၏။

ယနေ့တွင် ဝမ်ဝေ့က သူ့ကျောင်းဆောင်တံခါးကို ပထမဆုံးအနေဖြင့် ဖွင့်ခဲ့သည်။ သူက ဘယ်တုန်းကမှ မထွက်ခွာဖူးသလို မည်သူနှင့် မှလည်း မတွေ့ခဲ့ပေ။  အကယ်၍ ခန်းရုံအပါအဝင် တခြားသူများနှင့် ဆက်ဆံလိုပါက သူက အံ့ဖွယ်အသိစိတ်သာ အသုံးပြုလေ့ ရှိ၏။

သူက ဂိတ်တံခါးကို ဖွင့်လိုက်သည့်အခါ လူနှစ်ဦးက ဝင်ရောက်လာသည်။ လူအိုကြီး တစ်ယောက်နှင့် လူငယ်လေး တစ်ဦး ဖြစ်သည်။ လူအိုကြီးက ဝမ်ဝေ့အား ကြည့်လိုက်ပြီးသည့်နောက်တွင် ဒူးထောက်ကာ ဝပ်တွားလိုက်သည့်အတွက် လူငယ်လေးက အံ့အားသင့်သွားသည်။

သို့သော်လည်း သူက လူငယ်လေးကိုပါ ဒူးထောက်ဖို့ ပြောလိုက်သည့်အတွက် ထိုလူကလည်း တုံ့ဆိုင်းနေပြီးနောက်တွင် ဒူးထောက်လိုက်ရသည်။

“ ငါတို့တွေ့ခဲ့တာ နှစ်၄၀တောင် ကြာသွားပြီပဲ”

“ ဟုတ်ပါတယ် မသေမျိုးအရှင်။ အဲဒီကတည်းက နည်းနည်းလေးမှ မပြောင်းလဲသေးဘူးပဲ”

“ အင်း မင်းအတွက်တော့ အတူတူ မဟုတ်ဘူးပဲ။ အခု မင်းက သေခါနီးလူအိုကြီးလို ဖြစ်နေပြီ”

“ ကိစ္စမရှိပါဘူး” ခန်းရုံက ပြောလိုက်သည် “ ကျုပ်က ကျုပ်ဘဝကို ကျေနပ်ပါတယ်”

“ အဲဒါဆိုတော့ အခု မင်းရဲ့ သားအတွက် ရောက်လာတာလား။ ပလ္လင်အတွက် သူ့ကို ထောက်ခံဖို့ ရောက်လာတာလား ဒါမှမဟုတ် သူ့အတွက် မသေမျိုးဘဝကို တောင်းခံချင်လို့လား”

“ အရှင့်ရဲ့ နတ်မျက်စိအောက်ကနေ လျှို့ဝှက်မထားနိုင်ဘူးဆိုတာကို သိပါတယ်။ ကျုပ်က နှစ်ခုလုံးအတွက် ရောက်လာတာပါ”

“ ပလ္လင်ပေါ်မှာ ထိုင်တဲ့သူတွေက အသက်ရှည်ခြင်းကို မရယူနိုင်ဘူး။ သူတို့ရဲ့ လောဘနဲ့ အာဏာက ကပ်ဘေးဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ငါ့ဘာသာငါ ပြဿနာ မဖန်တီးချင်ဘူး” ဝမ်ဝေ့က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ တကယ်လို့ မင်း လိုချင်တယ်ဆိုရင်တော့ မင်း ကလေးထဲက တစ်ယောက်ကို ငါ့အမွေအနှစ်တချို့ သင်ပေးနိုင်တယ်။ ဒါပေမဲ့ နန်းတက်လို့ရမှာ မဟုတ်ဘူး”

ထိုစကားများက ခန်းရုံအား အနည်းငယ် အံ့အားသင့်သွားစေသည်။ သူတို့က မသေမျိုးအရှင်၏ အမျက်ဒေါသကို ရင်ဆိုင်နိုင်ရချေနှင့် အငြင်းခံနိုင်ရချေအတွက်ပါ ပြင်ဆင်လာခဲ့၏။

“ အရှင့်ရဲ့ အလိုအတိုင်းပါ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ခန်းရုံ၏ သားကို ကြည့်လိုက်၏ “ အခု တိုင်းပြည်က ကမ္ဘာကို အုပ်စိုးရမဲ့ အချိန်ပဲ။ မင်းအဖေရဲ့ လမ်းစဉ်အတိုင်းလိုက်ပြီးတော့ သမိုင်းကြောင်းမှာ စိုက်ထူနိုင်မဲ့ ဉာဏ်ပညာရှိတဲ့ ဘုရင်တစ်ယောက်အဖြစ် အမှတ်ရအောင်လုပ် … ”

ဘုရင်ငယ်လေးက ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာကာ သူ ခံစားခဲ့ရသမျှ စိတ်ပျက်မှုအားလုံးကို လျစ်လျူရှုထားလိုက်သည်။ သူက ထာဝရ မနေနိုင်သော်လည်း အဆုံးမဲ့ဂုဏ်ကျက်သရေကို ရရှိရုံဖြင့် ပျော်ရွှင်နေလေပြီ။

ခန်းရုံက သူ့သားနှင့်အတူ ပြင်ဆင်ဖို့ရာ ထွက်ခွာသွား၏။ သူက အသက်ကြီးလွန်းနေပြီဖြစ်သည့်အတွက် လိုအပ်လာသည့်အခါ အကြံဉာဏ်တချို့သာ ပေးအပ်နိုင်တော့သည်။ သူက သူ့နောက်ထပ် သားတစ်ယောက်ကို ကျောင်းဆောင်ဆီ ခေါ်လာဖို့ မမေ့ခဲ့ပေ။

ဝမ်ဝေ့က ၁၃ ယောက်မြောက် မင်းသားကို ကြည့်လိုက်ပြီးသည့်နောက် ပြောလိုက်၏ “ မင်းကို တဲ့တိုးပဲ ပြောမယ်။ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံတာက ပျင်းရိဖွယ်ကောင်းပြီးတော့ ရှည်ကြာတယ်။ ပြီးတော့ မဆုတ်မနစ် အားစိုက်ထုတ်မှုနဲ့ လုံ့လဝီရိယလည်း လိုအပ်တယ်။ ဒါပေမဲ့ အဲ့လိုဆိုရင်တောင် မင်းက ကျရှုံးနိုင်ချေ ရှိတယ်။ ဒီလမ်းစဉ်ကို လျှောက်လှမ်းချင်ရဲ့လား”

“ ဟုတ်ကဲ့ပါ အရှင်”

“ ကောင်းပြီ။ မင်းကို အဆီအနှစ် သန့်စင်ရေးနည်းစနစ်ကို လက်ဆင့်ကမ်းပေးမယ်။ တကယ်လို့ မင်း သေချာတဲ့ အဆင့်တစ်ခုအထိ ကျင့်ကြံနိုင်မယ်ဆိုရင် နှစ်၁၂၀ထိ နေနိုင်လိမ့်မယ်”

“ နှစ်၁၂၀ တဲ့လား။ ကျွန်တော်က အရှင့်လိုမျိုး မသေမျိုး မဖြစ်နိုင်ဘူးလား”

“ မဖြစ်နိုင်ဘူး”

“ ဘာလို့လဲ”

“ မသေမျိုးကျင့်ကြံရေးက အရင်းအမြစ်အများကြီး လိုတယ်။ ဒီလမ်းကြောင်းကို လူများများ လျှောက်လှမ်းလေလေ ငါ့အတွက် နည်းနည်းပဲ ကျန်လေလေ ဖြစ်မှာပဲ”

အကယ်၍ အဆီအနှစ် သန့်စင်ရေးနည်းစနစ်က ကျင့်ကြံဖို့ အစားအသောက်သာ လိုသည့်အချက်ကြောင့်သာ မဟုတ်လျှင် သူက တခြားတစ်ယောက်ဆီ လက်ဆင့်ကမ်းပေးမည် မဟုတ်ပေ။ ထို့ကြောင့် ဝိညာဉ်ချီတချို့ လိုအပ်သည့် ချီသန့်စင်ရေးနှင့် ပတ်သက်လာသည့်အခါ သူမှလွဲပြီး ဤကမ္ဘာရှိ မည်သူကမှ ထိုနည်းလမ်းကို သိလိမ့်မည် မဟုတ်ပေ။

“ အိုး” မင်းသားငယ်လေးက ရေရွတ်လိုက်သည်။

“စိတ်မပျက်နဲ့ဦး။ အခက်အခဲ ကြုံတွေ့ပြီး ကျင့်ကြံရေးကို လက်လျှော့နိုင်ချေလည်း ရှိသေးတယ်”

ဝမ်ဝေ့၏ ခန့်မှန်းချက်က မှန်နေခဲ့သည်။ ဤစကားဝိုင်းအပြီး သုံးနှစ်အကြာ ခန်းရုံ၏ သေဆုံးမှုအပြီးတွင် မင်းသားငယ်လေးက ကျင့်ကြံဖို့ လက်လျှော့လိုက်တော့သည်။ သူက မရပ်မနား လေ့ကျင့်မှု၊ မရပ်မနား စားခြင်းကို မုန်းတီးလာခဲ့သည်။ အတင်းအကြပ် ဖိအားပေးမည့် သူ့အဖေ မရှိသည့်အတွက် လက်လျှော့လိုက်တော့၏။

All Chapters