← Chapters

အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း

Vol. 44 Ch. 609

အသက်ရှည်ခြင်းလမ်းစဉ်ကို ရှာဖွေခြင်း

Vol. 44 Ch. 609

မဟာလုတိုင်းပြည်၏ မင်းဆရာ စံအိမ်အတွင်း ဝမ်ဝေ့က ဆက်လက်ကျင့်ကြံနေသည်။ မဟာလုတိုင်းပြည် နယ်မြေချဲ့ထွင်လာပြီး လူများ၏ ဘဝက ပိုမိုကောင်းမွန်လာသည်နှင့်အမျှ ကျောင်းဆောင်များကို ပိုမိုဆောက်လုပ်ကာ သူ့ဝိညာဉ်ကို သန့်စင်ဖို့ ယုံကြည်မှု စွမ်းအား အများအပြားကို စုစည်းနိုင်ခဲ့သည်။

ဝမ်ဝေ့ ခန်းရုံနှင့် နောက်ဆုံးတွေ့ဆုံစဉ်အခါက ၁၄၃ နှစ်ရှိပြီဖြစ်ကာ နှစ် ၄၀ ကို ရလဒ်အနည်းငယ်ဖြင့် ကုန်ဆုံးခဲ့ရသည်။ ယခု သူက ဖြစ်စဉ် အဆုံးသတ်သွားသည့်အခါ နှစ် ၃၃၀ ရှိနေပြီ ဖြစ်၏။

ထိုအချိန်တွင် သူ့အာရုံကို ဖမ်းစားနိုင်သည့် ပြင်ပလောကမှ ကိစ္စတချို့သာ ရှိလေသည်။ ခန်းရုံ၏ သား ခန်းသဲ့က တစ်ကမ္ဘာလုံးကို စုစည်းနိုင်ခဲ့သည်။ သူ မသေဆုံးခင် သူ့အား လာရောက်တွေ့ဆုံခဲ့၏။ သူက ဝမ်ဝေ့အား တော်ဝင်မိသားစုထံ မသေမျိုးအခွင့်အရေးနောက်တစ်ခု ပေးဖို့ ဆက်လက် တောင်းဆိုချင်သော်လည်း အငြင်းခံလိုက်ရသည်။

ထိုစဉ် ယခင်ကျင့်ကြံဖို့ လက်လျှော့ထားသည့် မင်းသား (၁၃)က နောက်ထပ် အခွင့်အရေးတောင်းဖို့ ရောက်ရှိလာသည်။ သူ့ အသက် ၃၀ အတွင်း ခန္ဓာကိုယ်က အားနည်းလာကာ သေခြင်းတရားကို ကြောက်ရွံ့လာမိ၏။

ထို့ကြောင့် သူက ကျင့်ကြံဖို့ ကြိုးစားလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်က အိုမင်းနေပြီဖြစ်ကာ နှစ်များစွာ သောက်စားပျော်ပါးနေသည့်အတွက် အခြေခံက အားပျော့နေပြီ ဖြစ်၍ သွေးစွမ်းအားက အားနည်းနေလေပြီ။ ထို့ကြောင့် သူက လေ့ကျင့်သည့်အခါ ယခင်ရလဒ် တစ်ဝက်အတွက် အားစိုက်ထုတ်မှု ဆယ်ဆမက လိုအပ်ပေသည်။

သူ၏ သေဆုံးမှုကို ကြောက်ရွံ့ပြီး သူက ကျောင်းဆောင်ဆီ ပြေးလာကာ မသေမျိုးအစောင့်အရှောက်ဆီ အကူအညီ လာတောင်းလေသည်။ သူက သူ့အဖေ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အထိပါ တောင်းဆိုခဲ့၏။ ကံဆိုးစွာဖြင့် ဝမ်ဝေ့က တံခါးကို ဖွင့်မပေးခဲ့ပေ။ သိပ်မကြာခင် သူက ဖျားနာပြီး သေဆုံးသွားခဲ့၏။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ မဟာလုတိုင်းပြည်သည် စည်ပင်ကြွယ်ဝလျက်ရှိပြီး ဝမ်ဝေ့၏ ဂုဏ်သတင်းကလည်း ဆက်လက် မြင့်တက်နေ၏။ သို့သော်လည်း ဘုရင်တစ်ယောက်က ဝမ်ဝေ့သည် လူအများကြီးဆီမှ ချစ်မြတ်နိုးခံရပြီး လေးစားခံနေရသည်ကို မကျေမနပ်ဖြစ်လာသည်။ ထို့ကြောင့် သူက တော်လှန်မှု စတင်ခဲ့၏။ သူက တစ်စုံတစ်ခုလုပ်ဖို့ ကြိုးစားခဲ့သော်လည်း ဝမ်ဝေ့က သူ့အား ဝိညာဉ်စွမ်းအားဖြင့် စိတ်ထဲ သတင်းစကားပို့ကာ ခြောက်လှန့်ခဲ့သည်။

ကံဆိုးစွာဖြင့် ရူးမိုက်မှုက ထိုနေရာတွင် ရပ်တန့်မသွားပေ။ သူ့အမွေဆက်ခံသူက ဝမ်ဝေ့အား တိုက်ရိုက်ပုန်ကန်ခဲ့သည်။ သူက မဟာလုတိုင်းပြည်၏ တပ်အား ဦးဆောင်ကာ ကျောင်းဆောင်ဆီ ချီတက်လာခဲ့သည်။ သို့သော်လည်း လူအားလုံးကို ထိတ်လန့်သွားစေသည်က ဧရာမလက်ဝါးကြီးက ကောင်းကင်မှ ကျဆင်းလာကာ လူအများရှေ့တွင် ဘုရင်အား ချေမွပစ်ခဲ့သည်။

ထိုဖြစ်ရပ်ကို သမိုင်းကြောင်းမှတ်တမ်းတစ်လျှောက် ထင်ကျန်ရစ်မည့် ဖြစ်ရပ်အဖြစ် မှတ်တမ်းတင်ထားကြသည်။ လူများစွာက မသေမျိုးအစောင့်အရှောက်၏ လေသံကို ပထမဆုံးအကြိမ် ကြားဖူးကြ၍ ဖြစ်သည်။

“ ငါ့ကို ချီတွေ ကုန်အောင်လုပ်တယ်ပေါ့”

တော်ဝင်မိသားစုက ဘုရင်အသစ်တစ်ယောက်အား အလျင်အမြန် ရွေးကာ ဝမ်ဝေ့၏ ဆုံးဖြတ်မှုကို ခံယူဖို့ ကျောင်းဆောင်ဆီ ရောက်ရှိလာကြသည်။ သူတို့အား သူ့ကို မနှောင့်ယှက်ဖို့သာ ပြောပြီး ဆက်လက်ကျင့်ကြံခဲ့၏။

ဝမ်ဝေ့က မျက်လုံးမှိတ်ပြီး သူ့ဝိညာဉ်ကို ကြည့်လိုက်သည်။ ထိုအရာက အားနည်းလွန်းသည့်အတွက် နေရောင်အောက်တွင် စက္ကန့်သုံးဆယ်ကြာအထိ ခံမည် မဟုတ်ပေ။ သူက နေမင်းဆီမှ သန့်စင်ယန်မျှင်ကိုပင် မစုပ်ယူရဲလောက်အောင် အားနည်းနေသေးသည်။ ထို့ကြောင့် သူက သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် ယန်စွမ်းအားဖြင့် ဝိညာဉ်ကို အားဖြည့်ပေးနေရသည်။

ငါ့သက်တမ်းက နှစ် ၈၀၀ ကနေ ၁၄၀၀ ရောက်ရှိသွားပြီ။ အခု ပန်းသုံးပွင့်ရဲ့ နောက်အစိတ်အပိုင်းပဲ…

သူက အဆီအနှစ် ပန်းပွင့်၊ ချီပန်းပွင့်နှင့် စိတ်ဝိညာဉ် ပန်းပွင့်တို့ကို ဖွဲ့စည်းဖို့ နည်းလမ်းကို ရှိထားပြီးသား ဖြစ်၏။ သို့သော်လည်း သူက ဤကမ္ဘာနှင့် သူ့လက်ရှိအခြေအနေတို့ဖြင့် ကိုက်ညီအောင် အနည်းငယ် ပြောင်းလဲရမည်။

ဝမ်ဝေ့က ကမ္ဘာတစ်ဝှမ်းမှ စုစည်းထားသည့် ကံကောင်းမှုကို အသုံးပြုကာ ကျင့်ကြံရေးအရှိန်ကို မြှင့်တင်လိုက်သည်။ ထိုသုံးခုလုံးကို ဖွဲ့စည်းပြီးသည့်နောက်တွင် သူ့သက်တမ်းက နှစ်၂၀၀၀ ရောက်ရှိသွားသည်။ ထိုစဉ် သူက တစ်စုံတစ်ခုကို တွေ့ရှိသွား၏။

ကန့်သတ်ချက် …  ဒီကမ္ဘာက ကန့်သတ်ချက်ရှိနေတာပဲ…

သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ သူက သက်တမ်း၏ ကန့်သတ်ချက်ကို ရောက်ရှိသွားကြောင်း ခံစားမိလိုက်သော်လည်း ထိုကန့်သတ်ချက်ကို ဘယ်အရာနှင့်မှ မဖယ်ရှားနိုင်ပေ။

သူက အခန်းမှ ထွက်လာကာ အနီးအနားမှ သစ်ပင်ကြီးဆီ သွားလိုက်၏။ သူက ထိုအပေါ် လက်တင်ကာ ထွက်ပေါ်လာသည့် စွမ်းအင်ကို စုပ်ယူလိုက်သည်။

အသက်ဓာတ်စုပ်ယူခြင်းက သက်တမ်းကို တိုးမြှင့်မပေးဘူး။ ပြောရရင် သစ်ပင်ရဲ့ အညစ်အကြေးတွေက သက်ရောက်မှုဖြစ်ပြီးတော့ ငါ့သက်တမ်းကိုတောင် လျော့ကျသွားစေသေးတယ်…

သူက မျက်မှောင်ကြုတ်ကာ တွေးလိုက်ပြီးနောက် ကျောင်းဆောင်ထဲမှ နောက်ထပ် အခန်းအတွင်း ဝင်ရောက်သွားသည်။ သူက ပလ္လင်ပေါ် လက်တင်ကာ အတွင်းအားကို ထည့်သွင်းလိုက်သည်။

သူက လူကိုယ်တိုင် မပါရှိသော်လည်း ဝမ်ဝေ့က မဟာလု တိုင်းပြည် နယ်မြေချဲ့ထွင်မှုအပေါ် သေသေချာချာ ဂရုစိုက်ထားခဲ့သည်။ သူက သူ့ကျောင်းဆောင်များအား ဘယ်နေရာတွင် တည်ဆောက်ရမည်ကိုပင် အသေးစိတ် အချက်အလက်ပေးခဲ့၏။

သူ့အပြုအမူက တစ်ကမ္ဘာလုံးကို ဖုန်းရွှေ ချီစုစည်းရေး အစီအရင်ဖြင့် အသုံးပြုဖို့ ကြံရွယ်နေခြင်း ဖြစ်၏။ ထို့နောက် သူက ကျင့်ကြံရေးအတွက် ဝိညာဉ်ချီအားလုံးကို စုပ်ယူလိုက်သည်။ သို့သော်လည်း အစီအရင်က ဤကမ္ဘာရှိ ဝိညာဉ်ချီကို ပြန်လည်ရှင်သန်ပြီး မြင့်မားသည့် အဆင့်သို့ ရောက်ရှိဖို့ ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။

အစီအရင်ကို အသက်သွင်းပြီးသည့်နောက်တွင် ကမ္ဘာက အနည်းငယ် တုန်ခါသွားသော်လည်း မည်သူကမှ ထိုမူမမှန်မှုကို သတိမထားမိကြပေ။ တိုင်းပြည်၏ ပိုင်နက်အတွင်း ပြန့်ကျဲနေသည့် ကျောင်းဆောင်များက တုန်ခါလာသည်ကို ခံစားမိလိုက်ကြသည်။ ထိုအပြောင်းအလဲက လူများစွာကို လန့်ဖျပ်သွားစေသည်။ ထို့ကြောင့် ကမ္ဘာအနှံ့ သေမျိုးများက ဒူးထောက်ကာ ဝမ်ဝေ့၏ နာမည်ကို ရေရွတ်ရင်း စတင် ဆုတောင်းကြသည်။ သူက ဤကမ္ဘာတွင် တစ်ဦးတည်းသော မသေမျိုးဖြစ်ပြီး ထိုမူမမှန်မှုက သူ့စွမ်းအား၏ ရလဒ်သာ ဖြစ်လိမ့်မည်။

ဝမ်ဝေ့က ကောင်းကင်ကို မော့ကြည့်ကာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေ၏။ ကံဆိုးစွာဖြင့် ဘယ်အရာမှ ဖြစ်မလာခဲ့ပေ။ ထို့ကြောင့် ရက်အနည်းငယ်မှ တစ်လအထိ နေခဲ့သော်လည်း ဘာမှဖြစ်မလာသေးပေ။

အဲဒါဆိုတော့ ဒီကမ္ဘာက သီးသန့်ပိုင်းခြားခံထားရတာပဲ…

သူက ကမ္ဘာကို ပြောင်းလဲပြီး ဝိညာဉ်ချီကို ပြန်ယူဖို့ စီစဉ်ထားခဲ့ပြီး ကမ္ဘာ၏ အဆင့်ကို မြှင့်တင်ကာ သူ့သက်တမ်း၏ ကန့်သတ်ချက်ကို ချိုးဖောက်မည် ဖြစ်သည်။ သူက ကျင့်ကြံရေး ပတ်ဝန်းကျင်ကိုလည်း တိုးမြှင့်နိုင်လိမ့်မည်။ သို့သော်လည်း ဝိညာဉ်ချီက ဘယ်နေရာမှ ထွက်မလာခဲ့ပေ။

အကယ်၍ သူက အရည်အသွေးကို တိုးမြှင့်လိုလျှင် အရင်းအမြစ် ချီနေရာလွတ် သို့မဟုတ် စွမ်းအင်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲရမည် ဖြစ်၏။ သူက နောက်တစ်ခုကို မလုပ်နိုင်မည်ဖြစ်ကာ ရှေ့တစ်ခုကိုသာ အာရုံစိုက်ထားလိုက်သည်။

ဝမ်ဝေ့က နေရာလွတ်မှ အမည်မသိ စွမ်းအားအရင်းအမြစ်တချို့ကို ဆင့်ခေါ်လိုသည်။ ထိုအရာကို လေ့လာပြီးသည့်နောက်တွင် ဝိညာဉ်ချီကို ပြောင်းလဲမည့် နည်းလမ်းကို ရှာဖွေနိုင်သည်။ နှမြောစရာကောင်းလှသည်က စစ်ဆေးမှု ကျင်းပရာနေရာသည် သီးသန့်ပိုင်းခြားခံထားရသော ကမ္ဘာတစ်ခု ဖြစ်နေဟန်ပေါ်၏။

ငါ ဘာလုပ်သင့်လဲ…

ကမ္ဘာကို မပြောင်းလဲဘဲ သူ ဘာပဲလုပ်ဆောင်စေကာမူ သက်တမ်းကို တိုးမြှင့်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဝမ်ဝေ့က ကျန်ရှိနေသည့်အချိန်ကို ဘာမှမလုပ်ဘဲ မကုန်ဆုံးလိုပေ။

ငါ တခြားသူတွေရဲ့ စစ်ဆေးမှုထဲ ချိုးဖျက်ပြီးတော့ သူတို့ကမ္ဘာကို လုယက်လိုက်ရမလား…

ဝမ်ဝေ့က ထိုအရာသည် ခွင့်ပြုမထားကြောင်း သိသော်လည်း တွေးလိုက်မိသည်။ ထို့ကြောင့် သူက ထိုစိတ်ကူးယဉ် အတွေးများကို ခေါင်းမှ ဖယ်ရှားလိုက်၏။

“ အရှင်စိတ်ဝိညာဉ် ကျုပ် ဒီစစ်ဆေးမှုက နှုတ်ထွက်လို့ ရပြီလား” ဝမ်ဝေ့က ကျယ်ကျယ်လောင်လောင် မေးလိုက်၏။

“ မရဘူး” စက္ကန့်ပိုင်းကြာပြီးသည့်နောက်တွင် အဖြေကို ပြန်လည်ရရှိလိုက်သည်။

“ ဘာလို့လဲ”

“ သက်တမ်းက လူတစ်ယောက် ဘယ်လောက်ကြာကြာနေနိုင်တယ်ဆိုတာနဲ့ မတူညီဘူး”

ထိုအရာက အမှန် ဖြစ်၏။ သက်တမ်းက တစ်စုံတစ်ယောက် ထိုအသက်အရွယ်တွင် နေထိုင်နိုင်လိမ့်မည်ဟု ညွှန်ပြခြင်း မဟုတ်ပေ။ နမူနာအားဖြင့် သက်တမ်း နှစ်တစ်သောင်း ရှိသည့်သူက နှစ်၈၀၀၀ မှ ၉၇၀၀ ကြားတွင် သေဆုံးသွားနိုင်သည်။ အကြောင်းအရင်းက ကျင့်ကြံသူများသည် သူတို့ဘဝတစ်လျှောက် တိုက်ပွဲများစွာ ဖြတ်ကျော်ခဲ့ရပြီး ကုသပြီးသည့်နောက်တွင်ပင် အတွင်းဒဏ်ရာ တချို့ကျန်ရှိခဲ့၍ ဖြစ်သည်။ ထို့အပြင် စိတ်အခြေအနေ၊ စိတ်ခံစားချက်နှင့် စိတ်ဖိအားတို့က လူတစ်ယောက်၏ သက်တမ်းကို သက်ရောက်မှု ရှိလာစေသည်။ နမူနာအားဖြင့် နှစ်တစ်သန်း သက်တမ်းရှိသည့်သူတစ်ယောက်က နှစ်၈၀၀၀မှ ၉၇၀၀ အတွင်း သေဆုံးသွားနိုင်သည်။

“ ဒီလိုဆိုရင် ကျုပ်ခန္ဓာကိုယ်ကို ယူလို့ ဖြစ်မလား”

“ မင်းက ဘာလို့လိုတာလဲ”

“ ကျွန်တော် အချိန်မဖြုန်းချင်ဘူး။ ဒီအခွင့်အရေးကို သုံးပြီးတော့ လေ့ကျင့်ချင်တယ်”

ဝမ်ဝေ့က ကျင့်ကြံဖို့ရာ မိုးမြေစည်းမျဉ်းကို ရယူဖို့ မလိုအပ်သည့် အထွတ်အထိပ်နယ်ပယ်အဆင့် မဟုတ်သေးသော်လည်း သူ့ရုပ်ခန္ဓာမှ စည်းမျဉ်းအပိုင်းအစ ရှိထားလေသည်။ ထိုအရာက အဆထောင်ချီ ဆိုးရွားလျှင်ပင် ဘာမှမရှိသည်ထက် ပို၍ကောင်းပေသည်။

ဝမ်ဝေ့က ၅ မိနစ်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် အဖြေရလိုက်၏။

“ မရဘူး”

“ ဘာလို့လဲ။ ဒါက အကျိုးအကြောင်းသင့်တဲ့ တောင်းဆိုချက်ပါ”

“ ဟုတ်တယ်။ ဒါပေမဲ့ ငါ စစ်ဆေးပြီးသွားပြီ။ မင်းကို လိုက်လျောဖို့ အားစိုက်ထုတ်မှုအများကြီး လိုလိမ့်မယ်။ အဲဒါကြောင့် စည်းမျဉ်းအတိုင်းပဲ ဆက်လုပ်ရမယ်။ နှစ် ၁၆၀၀ ဆိုတာက ဘာမှမကြာပါဘူး”

ဝမ်ဝေ့က ငြင်းခုန်ဖို့ ကြိုးစားလိုက်သော်လည်း အရှင်စိတ်ဝိညာဉ်က ပြန်မဖြေတော့ပေ။ ထို့ကြောင့် သူက အချိန်ကုန်ဆုံးဖို့ တစ်စုံတစ်ခုကို ရှာဖွေလိုက်၏။ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် တစ်စုံတစ်ခု ပေါ်ထွက်လာသည်။

ငါ အတွေးတစ်ခုရလာပြီ။ ငါ ဒီအတွေ့အကြုံကို သုံးပြီးတော့ အပိုအားဖြည့်ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ဖန်တီးကြည့်ရင်ရော။ ရည်ရွယ်ချက်က သေမျိုးတစ်ယောက်ရဲ့ သက်တမ်းဖြစ်တဲ့ တစ်ယွမ်ခေတ်ကာလကို ရောက်ရှိဖို့ပေါ့…

မူလနည်းစနစ်က တိုက်ပွဲစွမ်းအားအတွက် အသက်ဓာတ်ကို စတေးနိုင်လေသည်။ ကျင့်ကြံရေးနည်းစနစ်များစွာက တခြားတစ်ခုအတွက် တစ်ခုကို စတေးနိုင်ကြ၏။ သို့သော်လည်း သူက လူတစ်ယောက်အား သူတို့သက်တမ်း၏ ကန့်သတ်ချက်ကို ရောက်စေမည့် အပိုအားဖြည့် ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ဖန်တီးနိုင်လောက်သည်။

သူက ထိုအရာကို မလိုအပ်သော်လည်း ထိုကျင့်စဉ်သည် တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေလိမ့်မည်။ အထူးသဖြင့် သက်တမ်းပြတ်လပ်၍ သူတို့ဘာသာ သူတို့ စည်းပိတ်နေသည့် မကောင်းဆိုးဝါးအိုကြီးများအတွက် ဖြစ်၏။ သူတို့က ထိုကျင့်စဉ်အတွက် တိုက်ပွဲပင် ဖြစ်ကြလိမ့်မည်။

ငါက ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို မရရင်တောင် ဒီနည်းစနစ်နဲ့ဆိုရင် လျော်ကြေးပေးနိုင်တယ်…

ဝမ်ဝေ့က စိတ်လှုပ်ရှားစွာဖြင့် သီးသန့်ကျင့်ကြံလိုက်သည်။ ထိုအသက်ကန့်သတ်ချက် ပညာရပ် ကျင့်စဉ်အတွက် သူက ဤစစ်ဆေးမှုမှ အတွေ့အကြုံများကို လမ်းညွှန်မှုအတွက် သုံးသည့်အတွက် အစမှ စတင်စရာ မလိုအပ်ပေ။

ဝမ်ဝေ့က အသင်္ချေအင်ပါယာကမ္ဘာ၏ ပတ်ဝန်းကျင်ကို သူ့စိတ်ထဲ လှုံ့ဆော်ကာ နည်းစနစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ ပထမအဆင့်က အစီအရင်နှင့် သန့်စင်ခြင်းဖြစ်ကာ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့ အသိမ်မွေ့ဆုံး နည်းလမ်းများကိုသာ အသုံးပြုထားသည်က လွဲ၍ အကုန်အတူတူ ဖြစ်၏။

အစီအရင်နှင့် သန့်စင်ရေးနည်းစနစ်က ခန္ဓာကိုယ်ကို အားကောင်းလာအောင် လေ့ကျင့်ပေးခြင်း မဟုတ်ဘဲ အတွင်းဒဏ်ရာမရှိဘဲ ကျန်းမာလာစေဖို့ ဖြစ်သည်။ ချီသန့်စင်ရေး အဆင့်အတွက်မူ သူက ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး သက်တမ်းတိုးမြှင့်စေဖို့ရာ အလေးထားသည့် သီးသန့် ချီတစ်ခုကို ဖန်တီးလိုခဲ့သည်။

သူက ထိုအရာကို အသက်ရှည်ချီဟု ခေါ်ဆိုလိုသော်လည်း အသက်ရှည် အရင်းအမြစ်အကြောင်း စဉ်းစားပြီးသည့်နောက်တွင် နာမည်က ကြီးကျယ်လွန်းနေသလို ခံစားရလာသည်။ ထို့ကြောင့် သူက တည်မြဲချီဟု ဆုံးဖြတ်လိုက်သည်။ ဝမ်ဝေ့က စစ်ဆေးမှုအဆုံးသတ်သွား၍ စိတ်ဝိညာဉ်သန့်စင်ရေးအဆင့်ကို ဖန်တီးဖို့ အချိန်မရလိုက်ပေ။

သူ မျက်လုံးပွင့်လာသည့်အခါ သူက ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူရှိနေသည့် လူအိုကြီးတစ်ယောက် ဖြစ်နေ၏။ ထင်ထားသည့်အတိုင်း သူ့ဗဟုသုတများက သူ့ဆီမှာ ကျန်ရှိနေသေး၏။ သူက နှစ်၁၉၉၂ ထိ နေထိုင်နိုင်ခဲ့သည်။

သူ မျက်လုံးပွင့်လာသည့်အခါ  မျှော်နန်းဆောင်ရှိ အခန်းတစ်ခုအတွင်း တင်ပျဉ်ခွေထိုင်လျက် ရှိ၏။ သူက တခြားသူများနှင့် လိုက်လံထွက်မလာခင် သက်ပြင်းချလိုက်သည်။

All Chapters