← Chapters

နောက်ဆုံးစစ်ဆေးမှု၏ အဆင့်ဇယား

Vol. 44 Ch. 610

နောက်ဆုံးစစ်ဆေးမှု၏ အဆင့်ဇယား

Vol. 44 Ch. 610

ဝမ်ဝေ့က ရင်ပြင်အလယ်ရှိ သူ့ထိုင်ခုံဆီ ပျံသန်းလာလိုက်သည်။ သိပ်မကြာခင် အရှင်စိတ်ဝိညာဉ်က ပြုံးလျက်ပေါ်ထွက်လာ၏။

“ အချိန်မဖြုန်းဘဲနဲ့ စလိုက်ရအောင်။ ဒီစစ်ဆေးမှုရဲ့ ရလဒ်ကို အနိမ့်ဆုံးကနေ အမြင့်ဆုံးအထိ ဖြည်းဖြည်းချင်း ပြသွားပေးမယ်။ ပြောရရင် သက်တမ်းအတိုဆုံးကနေ အမြင့်ဆုံးနေထိုင်နိုင်တဲ့သူတွေကို ပြသွားပေးမယ်။ အခု ထိပ်တန်း ၁၂ ယောက် ရှိတယ်”

အရှင်စိတ်ဝိညာဉ်က နာမည်နေရာ လွတ်နေသည့် နံပါတ် ၁၂ ထွက်လာဖို့  လက်ဝှေ့လိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ရှစ်ချီအန်း၏ နာမည်က ပေါ်ထွက်လာသည့်အတွက် ၅ယောက်မြောက် လက်ရွေးစင်နေရာတွင် ထိုင်နေသည့် သူမက ဖြူဖျော့သွားသည်။

စစ်ဆေးမှုအတွက် သူမ လုပ်ခဲ့သည့်အရာများကို ပြသပေးပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ရှစ်ချီအန်းက အခြေခံအကျဆုံး အသက်ရှူနည်းစနစ်ကို အသုံးပြုကာ ဝိညာဉ်ချီကို စုပ်ယူခဲ့သော်လည်း သူမက ဝိညာဉ်နှင့် စိတ်စွမ်းအားကို အားဖြည့်ဖို့သာ အာရုံစိုက်ထားခဲ့သည်။ ထို့နောက် သူမက ကောက်ချက်ချမှု သို့မဟုတ် တွက်ချက်မှုအတွက် ကံကို အသုံးပြုမည့် နည်းလမ်းကို ဖန်တီးခဲ့သည်။

ထိုအရာဖြင့် သူမသည် စိတ်ဝိညာဉ် လိပ်တစ်ကောင်ကို တွေ့ခဲ့ပြီး ဝိညာဉ်ဆေးပင်တချို့နှင့် ပြုစုပျိုးထောင်ပြီးသည့်နောက် ဆေးဖက်ဝင်စွပ်ပြုတ်အဖြစ် ပြောင်းလဲခဲ့သည်။

စိတ်ဝိညာဉ် လိပ်စွပ်ပြုတ်က သူမအား သက်တမ်း နှစ်၂၅၀ အထိ တိုးမြှင့်ပေးနိုင်သည်။ သူမ၏ ခန္ဓာကိုယ်ကို ဝိညာဉ်ချီနှင့် အားဖြည့်ပြီးသည့်နောက်တွင် သူမက နှစ် ၃၀၀ အထိ နေထိုင်နိုင်ခဲ့သည်။

အရှင်စိတ်ဝိညာဉ်က ထိုနေရာတွင် ရပ်မသွားသေးပဲ ၁၁ ယောက်မြောက်နေရာ ကျင်းဝူဟွားအကြောင်း ထုတ်ပြလာသည်။ သူမ၏ နည်းလမ်းက အစကတည်းက တဲ့တိုးဆန်သည်။ နတ်ဆိုးတစ်ယောက်အနေနှင့် သူမက လူသားများအပေါ် ခံစားချက် မရှိပေ။ ထို့ကြောင့် သူမ၏ အသက်ရှည်ခြင်းလမ်းစဉ်က လူသားများဆီမှ အသက်ဓာတ် စုပ်ယူခြင်း ပါဝင်နေ၏။

ကံဆိုးစွာဖြင့် သူမ၏ အပြုအမူများက သက်ရောက်မှု ရှိလာခဲ့သည်။ စွမ်းအားအဖြစ် လူသားသက်တမ်းက အညစ်အကြေးများဖြင့် ပြည့်နှက်နေသည်။ သူမက ထိုအရာကို သန့်စင်ဖို့ ကြိုးစားသည့်အခါတွင်ပင် သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က အပြင်းအထန် ထိခိုက်မိထား၍ ၃၁၂ နှစ်မျှသာ နေထိုင်နိုင်ခဲ့သည်။

ဆယ်ယောက်မြောက် နေရာက လူရိုင်းမောင်နှမမှ မောင်ဖြစ်သူ ထိုလွေ့ဖြစ်သည်။ သူ လုပ်ခဲ့သည့် ပထမဆုံးအရာက သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့ ဝိညာဉ်ချီကို အသုံးပြုခြင်း ဖြစ်၏။ ထို့နောက် သူက စစ်တပ်စွမ်းအားကို အသုံးပြုကာ ကမ္ဘာကို အုပ်စိုးခဲ့သည်။

သူက ထိုနေရာကို ကြည့်နေရင်း ဝမ်ဝေ့က ထိုသူသည် ကံကောင်းမှုကို အသုံးပြုမည့်နည်းလမ်းကို သုံးလိမ့်မည်ဟု တွေးခဲ့မိသည်။ သို့သော် သူ မှားယွင်းသွား၏။ ထိုလွေ့က ဘုရင်တစ်ယောက်အနေဖြင့် သူ့အာဏာကို အသုံးပြုကာ မိန်းမလှများစွာကို စုဝေးခဲ့ပြီး ယင်ယန်ကျင့်ကြံရေးနည်းစနစ်ဖြင့် သူ့ခန္ဓာကိုယ်ကို အားဖြည့်ကာ သက်တမ်းကို တိုးမြှင့်ခဲ့သည်။ သူက နှစ် ၃၅၀ နေထိုင်နိုင်ခဲ့၏။

ကိုးယောက်မြောက်နေရာက ဖုန်းဟွမ် ဖြစ်၏။ တာအိုသူတော်စင်က ဝမ်ဝေ့နှင့် တူညီသည့် နည်းလမ်းကို အသုံးပြုခဲ့ပြီး နေဆီမှ သန့်စင်ယန် စွမ်းအား၊ လဆီမှ သန့်စင်ယင် စွမ်းအားတို့ကို စုပ်ယူခဲ့သည်။ သူက ဝမ်ဝေ့နှင့် ဆင်တူသည့် နည်းစနစ်တစ်ခုကို ဖန်တီးခဲ့သော်လည်း သူက ချီသန့်စင်မှုကိုသာ အာရုံစိုက်ထားလေသည်။

ဖုန်းဟွမ်က ယင်ယန်ချီကို အသုံးပြု၍ သူ့အတွင်းချီကို သိမ်မွေ့အောင်လုပ်ပြီး သူ့ခန္ဓာကိုယ်ကို အားဖြည့်ခဲ့သည်။ သူ့ရလဒ်က ထိုလွေ့နှင့်အတူတူ ဖြစ်ကာ သက်တမ်း နှစ် ၃၅၀ ဖြစ်၏။

ဝမ်ဝေ့က ထိုသူသည် စွမ်းရည်အပြည့်အဝ ထုတ်သုံးမထားကြောင်း မြင်သည့်အခါ ခေါင်းအသာယမ်းလိုက်သည်။ အဆီအနှစ်၊ ချီနှင့် စိတ်ဝိညာဉ် သဘောတရားက တာအိုဘာသာတွင် ကိန်းအောင်းနေသောကြောင့် မတွေးမိခဲ့ပေ။ သူ တွေးထားသလောက် ပန်းသုံးပွင့်သရဖူအဖြစ် ဖန်ဆင်းခြင်း နည်းလမ်းကို ဖန်တီးခဲ့သော ဂိုဏ်းတချို့ထဲမှ တစ်ခုက ထိုက်ယီနက်နဲမုခ်ဖြစ်စဉ်  နောက်တစ်ခုက ဓာတ်ငါးပါးမျှခြေနန်းဆောင် ဖြစ်လိမ့်မည်။

ရှစ်နေရာမြောက်က ထူးထူးဆန်းဆန်း ချဉ်းကပ်မှုမျိုး ပြုလုပ်ခဲ့သည့် မူလိန် ဖြစ်သည်။ သူက ဧရာမတွင်းကြီး တူးကာ သူ့ကိုယ်သူ မြှုပ်နှံခဲ့ပြီး သင်္ချိုင်းဆီမှ ထွက်သည့် တစ္ဆေယင်ချီကို စုပ်ယူပြီး ဖုတ်ကောင်အဖြစ် ပြောင်းလဲခဲ့သည်။ ထိုနည်းစနစ်က တော်သော်လည်း ဟာကွက်ကြီး ရှိနေလေသည်။ ဝိညာဉ်ချီနှင့် ရှားပါးအရင်းအမြစ်များ မရှိဘဲ ယင်ချီသည် ဖြည်းဖြည်းချင်း သူ့ခန္ဓာကိုယ်ကို တိုက်စားသွားမည်ဖြစ်ကာ သေခြင်းတရားကို ဖြစ်လာစေလိမ့်မည်။ သူက နှစ် ၃၈၇ နှစ်ကြာ နေထိုင်နိုင်ခဲ့၏။

ဖုတ်ကောင်တဲ့လား။ ငါက ဖုတ်ကောင်နဲ့ ပတ်သက်တဲ့ စိတ်ပျက်စရာတစ်ခုခုကို ကြုံတွေ့လာလိမ့်မယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်…

ဝမ်ဝေ့က မူလိန်၏ စစ်ဆေးမှုကို ကြည့်ရင်း တွေးလိုက်မိသည်။

သို့သော်လည်း သိပ်မကြာခင် သူက နောက်ပြိုင်ပွဲဝင်ကိုသာ အာရုံစိုက်ထားလိုက်၏။

ခုနှစ်ယောက်မြောက် နေရာက ခူထူလွန် ဖြစ်၏။ သူက အရင်းအမြစ်များ စုစည်းပေးဖို့ တစ်ကမ္ဘာလုံးကို အုပ်စိုးမည့် အစီအစဉ်ပါဝင်သည်။ ထို့နောက် သူမက သွေးစွမ်းအားပါဝင်သည့် ရေကန်တစ်ခု ဖန်တီးကာ ထူးခြားသည့် နည်းလမ်းဖြင့် သူမဘာသာသူမ စည်းပိတ်ခဲ့သည်။ ထိုစွမ်းအားကို စုပ်ယူခြင်းဖြင့် သူမသည် စည်းပိတ်ထားသည့် အခြေအနေတွင် အသက်ဓာတ်အနည်းငယ်မျှသာ အသုံးပြုဖို့ လိုသည့်အတွက် နှစ်လေးရာကြာ နေထိုင်နိုင်ခဲ့သည်။

“ငါက ၇ ယောက်မြောက်တဲ့လား” ခူထူလွန်က ရေရွတ်လိုက်သည်။

စည်းပိတ်ခံရခြင်းက အဆင်ပြေသည့် ခံစားချက်မျိုးတော့ မဟုတ်ပေ။ သူမက သေလျက်နှင့် အသိစိတ်ဝင်နေသလိုမျိုး ဖြစ်၏။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေသည်။ သူမ၏ စိတ်က ရှုပ်ထွေးနေသည့် အခြေအနေမျိုးတွင် ရှိနေပြီး သေသေချာချာ မတွေးတောနိုင်သော်လည်း သူမ၏ စိတ်နှင့် တည်ရှိမှုအကြောင်းကို ကောင်းမွန်စွာ တည်ရှိနေသေးသည်။

အနှစ်ချုပ်အားဖြင့် စက်ဆုပ်ဖွယ်ကောင်းသည့် အတွေ့အကြုံမျိုး ဖြစ်၏။ နောက်မျိုးဆက်တွင် ရှင်သန်ဖို့ လူများက သူတို့ကိုယ်သူတို့ စည်းပိတ်ကြသည်ကိုပင် နားမလည်နိုင်တော့ပေ။ ထိုအတွေ့အကြုံက သူတို့အတွက် ပို၍ ဆိုးရွားလိမ့်မည်မှန်း ခံစားမိ၏။

ခြောက်နေရာမြောက်က အမူးသမား ဓားသမား ကျိလန်ဖန်း ဖြစ်၏။ သူ့အစီအစဉ်၏ ပထမအဆင့်က ဝိညာဉ်ချီကို စုပ်ယူရင်း ဓားရေးကျင့်ကြံဖို့ ဖြစ်သည်။ သူက စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကို ဓားမှတဆင့် လေ့ကျင့်ပေးဖို့ရာ အာရုံစိုက်ထားခဲ့၏။ အောင်မြင်မှုတချို့ ရရှိပြီးသည့်နောက်တွင် သူက တစ်ကမ္ဘာလုံးအနှံ့သွားကာ ဓားသမားတစ်ယောက်၏ ဒဏ္ဍာရီကို စတင်ဖြန့်ဝေခဲ့သည်။ သူက သိုင်းပညာများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ခန္ဓာကိုယ်သန့်စင်ရေး အခြေခံနည်းစနစ်တချို့ကိုပါ ဖြန့်ဝေခဲ့သေးသည်။

ထို့နောက် ကျိလန်ဖန်းက သူ့ခန္ဓာကိုယ်ကို ပစ်ပယ်ပြီး ဝိညာဉ်အား ဓားဖြင့် ပေါင်းစပ်ခဲ့ပြီး ဓား၏ စိတ်ဝိညာဉ် ဖြစ်လာလေသည်။ ထိုဓားကို ရရှိသူတိုင်း ပြိုင်ဘက်ကင်း ဓားသမား ဖြစ်လာသည့်အတွက် သိုင်းလောကတွင် ထိုဓားက ဒဏ္ဍာရီလာတစ်ခု ဖြစ်လာခဲ့သည်။ ဆိုးကျိုးက သူတို့သည် စောစီးစွာ သေဆုံးရခြင်းဖြစ်ပြီး ဂုဏ်သတင်း ကျော်စောမှုနောက်လိုက်ကြသည့်သူအများစုက သေခြင်းတရားကို ဂရုမစိုက်ကြပေ။

ထိုဓားသမားအများစုက ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသည်မှာ ကျိလန်ဖန်းက သူတို့၏ ဝိညာဉ်စွမ်းအားကို စုပ်ယူပြီး ဓားထဲမှ သူ့ဝိညာဉ်ကို အားဖြည့်ပေး၍ ဖြစ်သည်။ သူက သူတို့အား လမ်းညွှန်ပေးပြီး ဓားက ဓားသမားကောင်းတစ်ယောက်ကို ဖန်တီးနိုင်သည်ဟူသော  ဒဏ္ဍာရီကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ ထိုနည်းလမ်းမှတဆင့် သူသည် နှစ် ၄၃၀ နေထိုင်နိုင်ခဲ့သည်။

အရှင်စိတ်ဝိညာဉ်က ထုံရို့ပင်းကို ငါးနေရာမြောက်တွင် ကြေညာခဲ့သည်။ သူမ၏ အစီအစဉ်က တစ်ကမ္ဘာလုံး ဖုန်းရွှေ အစီအရင်အတွက် စွမ်းအားအရင်းအမြစ်အဖြစ် သေမျိုးများကို အသုံးပြုကာ လူလုပ်ဝိညာဉ်ချီကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကံဆိုးစွာဖြင့် သူမက အညစ်အကြေး ပြဿနာကြောင့် နှစ် ၅၅၀ ထိသာ နေထိုင်နိုင်ခဲ့သည်။

လေးနေရာမြောက်က ချူးလော့ ဖြစ်၏။ သူ့ကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ နှုတ်ခမ်းထောင့်က တွန့်ချိုးသွားတော့သည်။ ချူးလော့က သူ့ကိုယ်သူ စက်ရုပ်တစ်ပိုင်း လူသားအဖြစ် ပြောင်းလဲခဲ့၏။ သူ အသုံးပြုသည့် နည်းလမ်းက သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့ကို သူဖန်တီးထားသည့် လူလုပ်အစိတ်အပိုင်းများဖြင့် အစားထိုးခြင်း ဖြစ်သည်။

နမူနာအားဖြင့် ချူးလော့သည် လက်နက်သန့်စင်ရေးမှတဆင့် လူလုပ်အတွင်းအင်္ဂါ သို့မဟုတ် ကြွက်သားတချို့ကို တည်ဆောက်နိုင်ခဲ့သည်။ ထိုအစိတ်အပိုင်းများက ဝိညာဉ်ချီရှိထားပြီး သူက သူ့ဝိညာဉ်ကို အားဖြည့်ပေးနေသည့်အတွက် သူ့ခန္ဓာကိုယ်သည် သက်တမ်းနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မလိုတော့ပေ။ ကံဆိုးစွာဖြင့် သူ့ဝိညာဉ်သည် အစားမထိုးနိုင်သည့်အတွက် ၆၂၄ နှစ်သာ နေထိုင်နိုင်ခဲ့သည်။

တတိယမြောက်နေရာက လျန့်ရှစ်ရှန်း ဖြစ်၏။ သူက နတ်ဘုရားမျိုးနွယ်အဖြစ် အခြေခံအကျဆုံး နည်းလမ်းကို အသုံးပြုခဲ့သည်။ သူက တစ်ကမ္ဘာလုံးကို အုပ်စိုးကာ အားလုံးက သူ့အား နတ်ဘုရားအဖြစ် ကိုးကွယ်လာစေခြင်း ဖြစ်၏။ ထို့နောက် သူက ခန္ဓာကိုယ်ကို စွန့်ပယ်ကာ သန့်စင်ဝိညာဉ်သက်ရှိအဖြစ် နေထိုင်ခဲ့သည်။ ယုံကြည်မှုစွမ်းအားနှင့် အဆင့်နိမ့် ဝိညာဉ်ချီများ၏ အညစ်အကြေးများကို ဖယ်ရှားပြီးသည့်နောက်တွင် သူက ၆၈၇ နှစ် နေထိုင်ခဲ့သည်။

ဤတစ်ကြိမ် လူအများစုက ပထမနေရာအတွက် လူနှစ်ယောက်သာ ကျန်ရှိတော့ကြောင်း သိလိုက်ကြသည်။ အရှင်စိတ်ဝိညာဉ်က ဒုတိယနာမည်ကို မကြေညာခင် အချိန်ဆွဲနေသည့်အတွက် လူများစွာက စိတ်မရှည်ဖြစ်လာကြသည်။ နောက်ဆုံးတွင် ရှူရှစ်က ဒုတိယနေရာဖြစ်ကြောင်း ကြေညာလိုက်၏။

သူမ၏ နည်းလမ်းက စိတ်ကို တောင်နှင့် ပေါင်းစပ်ကာ တောင်စိတ်ဝိညာဉ် ဖြစ်လာခြင်း ဖြစ်သည်။ တောင်က ဓားထက် သက်တမ်းရှည်လျားသည့်အတွက် သူမက နှစ် ၇၂၀ နေထိုင်နိုင်ခဲ့သည်။ သူမ၏ စိတ်ဝိညာဉ်က ဝိညာဉ်ချီ သို့မဟုတ် တခြားအရင်းအမြစ် မရှိဘဲ ခန္ဓာကိုယ်ကို မထောက်ပံ့ပေးနိုင်သည့်အတွက် တန်ပြန်သက်ရောက်မှုကြောင့် သေဆုံးသွားခြင်း ဖြစ်၏။

နောက်ဆုံးတွင် အရှင်စိတ်ဝိညာဉ်က ဝမ်ဝေ့၏ အဆင့်တစ်ကို ကြေညာလာခဲ့သည်။ တခြားသောပြိုင်ပွဲဝင်များက သူသည် သူနှင့် ပတ်ဝန်းကျင်အတွက် သင့်တော်စွာ ဖန်တီးထားသည့် နည်းလမ်းကို ကြည့်နေကြ၏။ သူက အခြေအနေအရ လှုပ်ရှားနိုင်စွမ်းကိုလည်း မြင်တွေ့လိုက်ရပြီး အောင်မြင်မှုကို ရရှိဖို့ မည်သို့ အရေးသာချက်တွေ အသုံးပြုရမည်မှန်းကို ကောင်းကောင်းသိထားမှန်းလည်း မြင်လိုက်ရသည်။ သူတို့က တာအိုနယ်ရှင်တစ်ယောက်၏ ဉာဏ်ရည်နှင့်  ကိုယ်နှုတ်အမူအရာများကို မြင်တွေ့လိုက်ရသည်။

ပြိုင်ပွဲဝင်များက သူတို့သာ ထိုသို့အဆင့်နိမ့် ကမ္ဘာမျိုးတွင် ရှိကာ ပြင်ပအကူအညီ မရှိလျှင် မည်သို့ ဖြစ်နေမည်ကို မြင်လိုက်ကြရသည်။ သူတို့သည် အသက်ရှင်သန်ဖို့ ရုန်းကန်ကြရစဉ် ထိုအမျိုးသားကမူ ကြွယ်ဝချမ်းသာမည့် နည်းလမ်းကို ရှာဖွေပြီး အခြေအနေမှ ရုန်းထွက်နိုင်ခဲ့သည်။

သူတို့အားလုံးက ကြာကြာနေဖို့ ကြိုးစားနေစဉ် တာအိုနယ်ရှင်ကမူ ကမ္ဘာ၏ ကန့်သတ်ချက်ကိုပင် ရောက်ရှိသွား၏။ အကယ်၍ စစ်ဆေးမှုကြောင့်သာ မဟုတ်လျှင် သူသည် ကန့်သတ်ချက်ကို ချိုးဖောက်ကာ မိုးမြေလောက် ရှည်ကြာအောင် နေထိုင်နိုင်လိမ့်မည်။

ထိုကွာဟချက် ကျယ်ပြန့်မှုက လူများအား အနည်းငယ် စိတ်ပျက်သွားစေသည်။ သို့သော်လည်း အများစုက တိုက်ခိုက်လိုစိတ် ပြင်းပြလာကြ၏။ သူတို့က သူတို့သည် နိမ့်ကျသည်ဟု အသိအမှတ် မပြုပေ။ သူတို့သည် ဤအခြေအနေမှ သင်ယူကာ တိုးတက်ဖို့ လုပ်ဆောင်နိုင်သေး၏။ အကယ်၍ သူတို့သာ ထိုအမျိုးသားကို အမီမလိုက်နိုင်လျှင်ပင် ရှေ့ဆက်လျှောက်ဖို့ အကောင်းဆုံး လှုံ့ဆော်မှုတစ်ခု ဖြစ်နေသည့်အတွက် အဆင်ပြေလေသည်။

“ အခု စစ်ဆေးမှုတွေအားလုံး ပြီးဆုံးသွားပြီဆိုတော့ နောက်ဆုံးအနိုင်ရရှိမဲ့သူကို ကြေညာရမဲ့အချိန်ပဲ” အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည်။

“ အများစုအတွက်တော့ အဖြေက သိသာပြီးသားပဲ ဖြစ်မှာပါ။ အရင်ကဏ္ဍတွေအားလုံးရဲ့ စုစုပေါင်းရလဒ်အရ နောက်ဆုံးအနိုင်ရရှိတဲ့သူက ဝမ်ဝေ့ပါ။ ဂုဏ်ပြုပါတယ်”

နေရာတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ကျိလန်ဖန်းက ပြောလိုက်သည် “ တာအိုရောင်းရင်း ဂုဏ်ပြုပါတယ်။ မင်းနဲ့ ထိုက်တန်ပါတယ်”

“ ကျေးဇူးပါ”

“ မင်းအဖေကို ငါနဲ့ ဆက်သွယ်ခိုင်းဖို့ မမေ့နဲ့ဦး”

“ မမေ့ပါဘူး”

ထုံရို့ပင်းနှင့် တခြားသူများကလည်း ဝမ်ဝေ့အား ဂုဏ်ပြုစကားဆိုလာကြစဉ် သူတို့က လေးလေးစားစား ပြန်လည်ပြုမူ၏။ သို့သော်လည်း သူ့အနားရှိ ချူးလော့က သိပ်မပျော်ရွှင်ကြောင်း ခံစားမိလေသည်။ သို့သော်လည်း ထိုလူက ဘာမှမပြောသည့်အတွက် သူ့ ရှုံးနိမ့်မှုကို လက်ခံလိုက်ဟန်ပေါ်၏။

All Chapters