ကုရွှမ်၏ လှည့်ဖျားရေးတာအို
Vol. 44 Ch. 611
အဲဒါဆိုတော့ ငါ့လက်ထဲကနေ လိုချင်နေတာလား…
ဝမ်ဝေ့က ချူးလော့၏ တုံ့ပြန်မှုကို သုံးသပ်ရင်း တွေးလိုက်မိသည်။ သူက ထိုရလဒ်နှင့် ပတ်သက်ပြီး အဆင်ပြေ၏။ ထိုစဉ် အရှင်စိတ်ဝိညာဉ်ကမူ မည်သူကမှ မကန့်ကွက်သည့်အတွက် ပျော်ရွှင်နေဟန်ပေါ်သည်။
“ မနက်ဖြန်ကျရင် မင်း အမွေအနှစ်ကို လာယူလှည့်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် အနားယူဖို့ ထွက်သွားသည်။ နောက်တစ်ရက်တွင် သူက အရှင်စိတ်ဝိညာဉ်နှင့် တွေ့ဆုံလိုက်၏။
“ ခင်ဗျားက စိတ်လှုပ်ရှားနေတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်၏။
“ ဒါပေမဲ့ ငါ့သခင်က ထိုက်တန်တဲ့ အမွေဆက်ခံသူကို စောင့်နေတာ ကြာလှပြီလေ။ သူ အောင်မြင်သွားတာနဲ့ ငါလည်း သူနဲ့ ပြန်ပြီးတော့ ဆုံစည်းနိုင်ပြီ” အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည်။ သူ့လေသံနှင့် အကြည့်များက စိတ်လှုပ်ရှားကာ ပျော်ရွှင်နေသည့် အရိပ်အယောင်ကို မြင်တွေ့နေရ၏။
“ ခင်ဗျားအတွက် ကောင်းတာပေါ့” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။ သူက အရှင်စိတ်ဝိညာဉ်နောက်မှ မျှော်နန်းဆောင်အတွင်း ဝင်ရောက်သွားစဉ် အဖြူရောင်မီးတောက်များနှင့် မီးတုတ်များ ထွန်းလင်းထားသည့် အခန်းတစ်ခုအတွင်း ရောက်ရှိသွားသည်ကို မြင်လိုက်ရ၏။
ဖယောင်းတိုင်များဖြင့် စင်မြင့်တစ်ခုအလယ်တွင် ဆံပင်အနက်ရောင် အရှည်ကို ဆံထုံးပုံစံ ထုံးထားပြီး မုတ်ဆိတ်ရှည်ရှိသည့် လူလတ်အရွယ် အမျိုးသားတစ်ဦးက ထိုင်နေလေ၏။ သူ့ဆံပင်နှင့် မုတ်ဆိတ်က ဆံဖြူကွက်ကြားဖြူနေပြီး ဉာဏ်ပညာပြည့်ဝကာ ငြိမ်းအေးသည့် အငွေ့အသက်မျိုး ထုတ်လွှတ်နေ၏။
“ သခင်” အရှင်စိတ်ဝိညာဉ်က ဒူးထောက်ကာ ဝပ်တွားလိုက်၏။
“ သခင်ကုရွှမ် ” ဝမ်ဝေ့က လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်၏။ ကုရွှမ်က ပြုံးကာ အခြေအနေကို ကျေနပ်နေဟန်ပေါ်သည်။ သူက စိတ်ဝိညာဉ်အား လှည့်ကြည့်လိုက်ပြီး “ မင်း ကောင်းကောင်းလုပ်ခဲ့တယ်”
“ ဒါက ကျွန်တော်ရဲ့ တာဝန်ပါပဲ”
“ မင်း ထွက်သွားလို့ရပြီ။ ငါနဲ့ အတူတူထွက်သွားဖို့ ပြင်ထားလိုက်”
“ ဟုတ်ကဲ့ သခင်” အရှင်စိတ်ဝိညာဉ်က စိတ်လှုပ်ရှားသည့် ခြေလှမ်းများဖြင့် အခန်းမှ ထွက်ခွာသွားသည်။ ထို့နောက် ကုရွှမ်က ဝမ်ဝေ့အား ကြည့်ကာ ပြုံးလိုက်၏။
“ အသင်္ချေအင်ပါယာကမ္ဘာရဲ့ နောက်ထပ် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတာပဲ။ မင်းရဲ့ အောင်မြင်မှုတွေက မင်းရဲ့ဘိုးဘေးထက်တောင် ကျော်လွန်လောက်တယ်”
“ ကျွန်တော်ရဲ့ ဘိုးဘေးကို သိတာလား”
“ လူကိုယ်တိုင်တော့ မသိဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဒဏ္ဍာရီတွေကို ကြားဖူးတယ်။ ထားပါတော့။ ငါတို့ရဲ့ အမွေအနှစ်အကြောင်း ပြောရအောင်။ ငါ့ရဲ့ အသက်ရှည်ကျမ်းက ဆန့်ကျင်သူတွေကို ဖန်တီးနိုင်ပြီး အသက်ကြာကြာရှည်နိုင်ရုံအပြင် ဘာမှမထူးခြားဘူး။
မင်းလိုမျိုး ကောင်းကင်ရွေးချယ်ခံ တစ်ယောက်အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်မဲ့ အကျိုးအမြတ်တော့ မရှိဘူးထင်တယ်။ ဒါပေမဲ့ ငါ့အတွက်တော့ အဓိပ္ပာယ်ကြီးကြီးရှိတယ်။ ဒါက ငါ့ရဲ့ ရှည်လျားတဲ့ ကျင့်ကြံရေး၊ ကြိုးစားမှုနဲ့ လုံ့လဝီရိယရဲ့ ရလဒ်ပဲ။ အဲဒါကြောင့် ငါက အကောင်းဆုံးနဲ့ ပါရမီအရှိဆုံးသူကို…”
“ တဆိတ်လောက်” ဝမ်ဝေ့က သူ့အား ဖြတ်ပြောလိုက်သည်။
“ တစ်ခုခုဖြစ်လို့လား”
“ ဒါက အက်ကြောင်း ထပ်နေပြီ”
“ ဟင်”
“ ခင်ဗျားက ကျုပ်ခန္ဓာကိုယ်ကို ခိုးယူနိုင်အောင် အချိန်ဆွဲနေမှန်း သိသာတယ်လို့ ပြောတာ။ အခြေအနေတစ်ခုလုံးက ထပ်ခါတလဲလဲ အက်ကြောင်းထပ်ပြီးသား စကားတွေချည်းပဲ”
“ ငါ နားမလည်ဘူး” ကုရွှမ်က နားရှုပ်နေဟန်ဖြင့် မေးလိုက်သည်။
“ ကျုပ် ဒီအခန်းထဲ ဝင်လာကတည်းက ဝိညာဉ်ပုံစံနဲ့ ဝင်လာတယ်ဆိုတာကို ပြောနိုင်တယ်။ အခန်းတစ်ခုလုံးက ကျုပ်ရဲ့ အသိစိတ်ပင်လယ်ပဲ။ အဲဒါကြောင့် ဟန်ဆောင်မနေနဲ့တော့။ ကျုပ်ကို လှည့်ဖျားလို့ မရဘူး”
ဝမ်ဝေ့က လှည့်ဖျားသည်ဆိုသော စကားကို သုံးလိုက်စဉ်အခါက တော်သည်ဟု သူ့ကိုယ်သူ တွေးခဲ့မိသည်။ ကံဆိုးစွာဖြင့် ကုရွှမ်က ထိုဟာသမျိုးကို စိတ်မဝင်စားပေ။ သူ့အမူအရာက ပြောင်းလဲသွား၏။ သူ၏ ညင်သာသည့် အကြည့်များက ခိုးကြောင်ခိုးဝှက်လုပ်ကြံဖို့ ကြိုးစားနေသည့် ခြုံပုတ်ထဲမှ မြွေတစ်ကောင်အလားဖြစ်လာသည်။
“ ထင်ထားတဲ့အတိုင်း တာအိုနယ်ရှင်တစ်ယောက်အနေနဲ့ မင်း စွမ်းဆောင်ရည်ကို အထင်ကြီးထားတာတောင် ငါ့ကို အံ့ဩအောင် လုပ်နိုင်သေးတယ်”
“ ခင်ဗျား ထင်ထားသလောက်လည်း မခက်ပါဘူး။ လှည့်ဖျားရေးတာအိုကို ကျင့်ကြံတဲ့သူတစ်ယောက်အနေနဲ့ ခင်ဗျားက သိပ်မကောင်းရုံလောက်ပါပဲ”
“ မင်း အဲဒါ ဘာပြောတာလဲ”
“ အဲဒါက အမှန်ပဲလေ” ဝမ်ဝေ့က ပြန်ဖြေလိုက်၏ “ ခင်ဗျား လုပ်ခဲ့တဲ့ ပထမဆုံးအမှားက ခင်ဗျားရဲ့ ဂုဏ်သတင်းပဲ။ ခင်ဗျားရဲ့ သမိုင်းကြောင်းကို သိပြီးတဲ့နောက်မှာ ခင်ဗျားက အရာအားလုံးထက် သေရမှာကြောက်တဲ့သူဆိုတာကို ကောက်ချက်ချနိုင်တာ ပုံမှန်လေးပဲ။ ခင်ဗျားက တစ်ကိုယ်ကောင်းဆန်ပြီးတော့ အသက်ပြန်ရှင်နိုင်မဲ့ နည်းလမ်းတွေဘာတွေ ရွေးချယ်နေမှာ မဟုတ်ဘူး။ အခု ကျုပ်က အဲ့လိုဂုဏ်သတင်းမျိုးနဲ့ သူကို ဘယ်လိုလုပ် ယုံကြည်ရမှာလဲ”
ကုရွှမ်၏ နဖူးအထက် သွေးကြောများ ထင်းထွက်လာသည်။
“ ဒါက လှည့်ဖျားရေးတာအိုကို ဒီလိုကျင့်ကြံရတာမျိုး မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်သာ ခင်ဗျားဖြစ်နေရင် တစ်ကမ္ဘာလုံးကို လှည့်စားပြီးတော့ အပြီးပြည့်စုံဆုံး အကျင့်စရိုက်ကို ဖန်တီးထားခဲ့မှာ။ ဂုဏ်သတင်းကောင်းကောင်း ပြောရရင် သူတော်စင်လိုမျိုးက ကိစ္စတွေကို လုပ်တဲ့နေရာမှာ အသင့်တော်ဆုံးပဲ။ လူတွေက ခင်ဗျားကို ပိုယုံကြည်လာပြီးတော့ ခင်ဗျား စကားတွေကလည်း ပိုပြီး သက်ရောက်မှုရှိလာပြီး လူတွေကို လှည့်ဖျားနိုင်လိမ့်မယ်။ ကျုပ်က သူတော်စင်လို ဒုတိယအကျင့်စရိုက် ဖန်တီးပြီး ကိုယ့်ကိုယ်ကို လှည့်ဖျားပြီး လူသားတွေနဲ့ ကမ္ဘာအတွက် အမြဲတမ်း ကောင်းတဲ့အရာတွေပဲ လုပ်ပေးလိမ့်မယ်။ ကျုပ်က တစ်စုံတစ်ခုကို လှည့်စားချင်တယ်ဆိုရင် ကျုပ်ရဲ့ တကယ့် အကျင့်စရိုက်ကို ပြောင်းလဲလိုက်မယ်။
ခင်ဗျားက ကိုယ့်ဘာသာကိုယ်နဲ့ ကမ္ဘာကို လှည့်စားနိုင်သရွေ့ ကောင်းကင်တာအိုကို လှည့်ဖျားဖို့ ပြဿနာရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ မဟာတာအိုကိုတော့ လှည့်ဖျားဖို့ ရပါ့မလား မသိဘူး။ အဲဒီအရာက အနန္တတန်ခိုးရှင်ဆိုတော့ … ဒါက ကျုပ်တာအိုလှည့်ဖျားရေးကို ကျင့်ကြံမယ်ဆိုရင် ဖြစ်လာမဲ့ပုံစံပေါ့။ ဘယ်ညာလောက်ကလူကိုပဲ လှည့်ဖျားနေမဲ့ အဆင့်နိမ့် နည်းလမ်းမျိုး မဟုတ်ဘူး”
ထိုစဉ် ကုရွှမ်က နီရဲလာသည်။ သူက အမြဲလိုလို တည်ငြိမ်ကာ တွက်ချက်ပြီး လူများကို လှည့်ဖျားမည့် စိတ်သဘောထားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူ ဂုဏ်ယူသည့်အရာတစ်ခုရှိမည်ဆိုလျှင် သူ့တာအိုသာ ဖြစ်လိမ့်မည်။ သူက အာဏာရှိသည့်လူအများ တွယ်တာရသည့်အရာကို ပညာရပ်မှ တာအိုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
သို့သော် နို့နံ့မစင်သေးသည့် ကောင်စုတ်လေးက သူ့တာအိုအကြောင်းကို လာပြီးတော့ ပို့ချနေလေ၏။ အခြေအနေကို ပိုမိုဆိုးရွားသွားစေသည်က သူက ပိုမိုတိကျသည့် အချက်များကို ထောက်ပြနေခြင်းဖြစ်သည်။
“ ခင်ဗျား လုပ်ခဲ့တဲ့ တခြားအမှားတွေကိုရော သိချင်သေးလား” ဝမ်ဝေ့က ပြောလိုက်သည်။ ဝမ်ဝေ့က လူအများက သူ့အား ရိုက်နှက်ပစ်ချင်လာသည့် ရိုးရိုးသားသား မျက်နှာထားမျိုးဖြင့် မေးလိုက်သည်။
“ ခင်ဗျားကို ပြောပြမယ်။ ဒီစစ်ဆေးမှုကိုယ်တိုင်ကိုက မူမမှန်ဘူး။ ပထမဦးဆုံးတုန်းက ခင်ဗျား ကျင့်သုံးတဲ့ လှည့်ဖျားရေးရည်ရွယ်ချက်ကြောင့်လို့ပဲ တွေးခဲ့မိတာ။ ဒါပေမဲ့ ကဏ္ဍတစ်ခုချင်းစီက အသေးစိတ်ကျပြီးတော့ တစ်ခုကို စစ်ဆေးတယ်ဆိုတာက ခင်ဗျားက တင်းကြပ်တဲ့ လိုအပ်ချက်တွေ ရှိတယ်လို့ ဆိုလိုနေတာပဲ။
ဒါပေမဲ့ စည်းမျဉ်းတွေက ပြောရရင် … လက်ရွေးစင် ကစားသမားရဲ့ အမှတ်အသားပြား စည်းမျဉ်းတွေက အတော်လေးကို အဓိပ္ပာယ်မရှိဘူး။ ခင်ဗျားက ပါဝင်သူတွေကို ဘယ်သူက အမွေအနှစ် ရသွားမှာလဲဆိုတာကို မသိစေချင်တဲ့ပုံမျိုးပဲ။ ထပ်တွေးကြည့်ပြီးတော့ ကိုယ့်ဘာသာကိုယ် မေးကြည့်လိုက်တယ်။ ခင်ဗျားလိုလူမျိုးက ဘယ်အရာကို လိုချင်တာလဲ။ ဒီစစ်ဆေးမှုကို ဘာကြောင့်လုပ်ခဲ့တာလဲ။ ခင်ဗျားရဲ့ အကျင့်စရိုက်ကို ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက်မှာ သဲလွန်စနှစ်ခု ထွက်လာတယ်။ အသက်ရှင်သန်မှုနဲ့ အသက်ရှည်မှု”
“ မင်းက ငါ့ကို သိတယ်လို့ ပြောရဲတယ်လား”
“ ကျုပ် မှားတယ်ဆိုရင်လည်း ပြောပါ။ ခင်ဗျားက သေခြင်းတရားကို ကြောက်တဲ့သူပဲ။ အဲဒါကြောင့် ခင်ဗျားရဲ့ အသက်ရှည်ခြင်းနည်းစနစ်မှာ သက်တမ်းတိုးတဲ့ အကြောင်းအရာ ပါဝင်နေတာပဲ။ ဒါပေမဲ့ ခင်ဗျားက တာအိုဘိုးဘေးတစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှာ မသေမျိုးဘဝကို ရောက်ရှိပြီးသွားပြီ။ အဲဒါကြောင့် သက်တမ်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုဘူး။
ခင်ဗျားရဲ့ ဘဝက ဒီကျမ်းကို ဆန့်ကျင်ကျင့်ကြံသူအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာကို တွေးပြီးတဲ့နောက်မှာ ဘဝက ပိုကောင်းလာခဲ့ပြီးတော့ အသက်ရှည်နည်းစနစ်အဖြစ် အသုံးပြုခဲ့တယ်။ အဲဒါကြောင့် အသက်ရှည်လိုတဲ့ ခင်ဗျားရဲ့ အကျင့်စရိုက်ကလည်း ပြည့်ဝပြီးသွားပြီလို့ပဲ ပြောရမှာပေါ့…
ဒါပေမဲ့ ခင်ဗျားကို နိုးထလာစေတဲ့ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တာလို့ မှန်းဆမိတယ်။ တကယ်လို့ ကျုပ် မှန်းဆရမယ်ဆိုရင် ခင်ဗျားက သေသွားပြီးမှ ခင်ဗျားရဲ့ ကျင့်စဉ်ကြောင့် အသက်ရှည်နေခဲ့တာ။ ဒါက ခင်ဗျားရဲ့ ဒုတိယမြောက် အကျင့်စရိုက်က အသက်ဝင်လာတာပဲ … အသက်ရှင်သန်ဖို့ပေါ့။ အဲဒီအချိန်မှာ ခင်ဗျားက သက်တမ်းအကြောင်း စိုးရိမ်စရာမလိုရင်တောင် အချိန်မရွေး သေဆုံးသွားနိုင်တယ်ဆိုတာကို သဘောပေါက်သွားခဲ့တယ်။
အဲလိုအချိန်မှာ ခင်ဗျားက ကိုယ့်ဘာသာကိုယ် ဘာလုပ်မလဲလို့ ပြန်မေးမိလိမ့်မယ်။ ဘယ်လိုဆိုရင် အသက်ရှင်ဖို့ သေချာနိုင်မလဲ။ အဖြေက ထာဝရစွမ်းအားကို ရယူဖို့။ ခင်ဗျားက ထာဝရဧကရာဇ် ဖြစ်လာချင်တာမလား”
ကုရွှမ်က ပြန်မဖြေပေ။ သူ့စိတ်က သေခြင်းတရားနှင့် တွေ့ဆုံခဲ့ရသည့်အချိန်ကို ပြန်လည်စဉ်းစားနေမိ၏။
“ ကံဆိုးတာက ခင်ဗျားက ကိုယ့်ဘာသာကိုယ် ကောင်းကောင်း သိလွန်းနေတာပဲ။” ဝမ်ဝေ့က ဆက်ပြောလိုက်သည် “ ခင်ဗျားက ကိုယ့်ကန့်သတ်ချက်ကို သိတယ်။ ခင်ဗျားရဲ့ ပါရမီနဲ့ဆိုရင် ထာဝရဧကရာဇ်ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ခင်ဗျားက အမှန်အတိုင်း သိလာတယ်ပေါ့။ ခင်ဗျားက ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းပြီးတော့ မြင့်မားတဲ့အဆင့်ကို ရောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြောက်ရွံ့ခြင်းခံစားချက်တွေ အကုန်လုံးကို လွှမ်းမိုးခဲ့တယ်။ ကံဆိုးတာက သူတို့က ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာခဲ့ဘူး။
အဲဒါကြောင့် ခင်ဗျားက တစ်စုံတစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ခင်ဗျားက အကြွင်းမဲ့ လှည့်ဖျားရေးအပေါ်မှာ မိုးမြေကို လှည့်စားပြီးတော့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ရဲ့ နေရာကို ရယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ခင်ဗျားက သူတို့ရဲ့ အင်အား၊ တာအိုနှလုံးသား၊ စိတ်ဆန္ဒ၊ နားလည်နိုင်စွမ်း၊ အသိဉာဏ်၊ ကံကောင်းမှု၊ ကံကြွေးအစရှိသဖြင့် အရာအားလုံးကို ရယူလိမ့်မယ်။ ခင်ဗျားက သူတို့ရဲ့ တည်ရှိမှုတစ်ခုလုံးကို ဆက်ခံပြီးတော့ အဲဒီပါရမီအသစ်နဲ့ တာအိုကို သက်သေပြပြီး ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာလိမ့်မယ်။
ဒီအပြုအမူက ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ အကြွင်းမဲ့လှည့်ဖျားရေး ဖြစ်ပြီးတော့ တခြားတစ်စုံတစ်ယောက် ဖြစ်လာဖို့ပဲ ဖြစ်လိမ့်မယ်”
ကုရွှမ်က စိတ်တည်ငြိမ်သွားပြီးနောက် ဝမ်ဝေ့အား အမူအရာ အပြောင်းအလဲမရှိ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
“ အရှင်းဆုံးပြောရရင် ခင်ဗျား တခြားတစ်ယောက်ကို ရွေးချယ်ပေးလိုက်ပြီး ကျုပ်ကို အမွေအနှစ် ပေးလိုက်ရင်တောင် အောင်မြင်နိုင်ချေ ရှိသေးတယ်”
ကုရွှမ်၏ အကြည့်များက အနည်းငယ် တောက်ပသွား၏။ ဝမ်ဝေ့က ထိုအပြောင်းအလဲကို ဖမ်းယူမိလိုက်သည်။
“ အဲဒါက ခင်ဗျားရဲ့ နဂိုအစီအစဉ် မလား။ မှန်းကြည့်ပါရစေဦး။ ချူးလော့နဲ့ ကျုပ်က ထူးခြားတယ်ဆိုတာကို မြင်တွေ့ပြီးတဲ့နောက်မှာ ခင်ဗျားက စိတ်ပြောင်းသွားတယ်။ ကျုပ်က သူ့ထက် အားနည်းနေပေမဲ့ ကျုပ်ကို ရွေးချယ်လိုက်တာက နောက်ဆုံးစစ်ဆေးမှုကြောင့်ပဲ။
ကျုပ်ရဲ့ သက်တမ်းကန့်သတ်ချက်ကို ရောက်ရှိတဲ့ အောင်မြင်မှုက အသက်ရှည်လိုတဲ့ ခင်ဗျားရဲ့ အကျင့်စရိုက်အရ စိတ်ဝင်စားလာစေခဲ့တယ်။ ကျုပ်လိုလူမျိုးအနေနဲ့ ခင်ဗျားက ထာဝရဧကရာဇ်အဖြစ် ကျရှုံးသွားရင်တောင် အသက်ရှင်သန်ပြီးတော့ ချမ်းချမ်းသာသာ နေနိုင်ဦးမယ်ဆိုတာ သေချာတယ်။ အဲဒါကြောင့် ကျုပ်က ချူးလော့ထက် အောင်မြင်နိုင်ချေပိုများနေလို့ ကျုပ်ကို ရွေးချယ်ခဲ့တာပဲ”
“ တော်လောက်ပြီ” ကုရွှမ်က ပြောလိုက်၏။ “ မင်းရဲ့ ဉာဏ်ထက်မှုကိုတော့ ချီးကျူးပါတယ်။ ဒါပေမဲ့ ငါ့အပိုင်ဖြစ်ဖို့ မစောင့်နိုင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး”
“ ဘယ်လိုဖြစ်ပြီးတော့လဲ”
“ ဘယ်သူကမှ မင်းကို လာကယ်မှာ မဟုတ်ဘူး” ငါက ကျင့်ကြံရေးအများစုကို စတေးပြီးတော့ လှည့်ဖျားရေး အခမ်းအနားကို ခင်းကျင်းထားပြီးသား။ မင်းရဲ့ အသိစိတ်ပင်လယ်ကို ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်အသွယ် ဖြတ်ထားတယ်။ ဒိုင်မေးရှင်းအနိမ့်ကို အပြည့်အဝ မပိတ်ထားရင်တောင် အဲဒီကပ်ပါးတွေက မင်းရဲ့ တည်ရှိမှုကို အချိန်တစ်ခုအထိ အာရုံခံနိုင်စွမ်းရှိမှာ မဟုတ်ဘူး”
“ အဲလိုလား။ အဲဒါဆို ကျုပ် နည်းလမ်းတွေကို အသုံးပြုဖို့ မလိုတော့ဘူး ထင်တယ်”
“ မင်းက ဘာကိုပြောချင်တာလဲ” ကုရွှမ်က သတိကြီးကြီးထားကာ မေးလိုက်သည်။
“ တကယ်လား။ ကျုပ်က တာအိုနယ်ရှင်မှန်း သိပြီးတော့ ဒီလိုသတင်းအချက်အလက်တွေအကုန်လုံး ပြောပြနေတယ်လေ။ ဒါကို ဘာကြောင့်များ လုပ်ရမှာလဲ။ ခင်ဗျားအတွက် ကိစ္စတွေအားလုံးက ချောမွေ့နေမယ်လို့များ ထင်နေလား”
ကုရွှမ်က အသိပြန်ဝင်မလာခင် အမူအရာ ပြောင်းလဲသွား၏။
“ အကြွင်းမဲ့ အင်အားရှေ့မှာ လှည့်ကွက်တွေအားလုံးက အသုံးမဝင်ဘူးလို့ တုံးအအ စကားမျိုး ပြောချင်နေတာမလား”
ကုရွှမ်က သူ ပြောချင်သည့်စကားများ ကွက်တိဖြစ်နေ၍ သီးလုမတတ် ဖြစ်သွားသည်။
“ အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုရဲ့ အဓိကအချက်က ထူးဆန်းသမျှအရာအားလုံးကို ကျော်လွှားဖို့ပဲ။ ပြီးတော့ ခင်ဗျားက ဒီအခမ်းအနားအတွက် ကျင့်ကြံရေးအများစုကို စတေးထားရတော့ အင်အားအရရော အရေးသာချက် မရှိဘူး”
“ အဲဒါဆိုတော့ ဘာဖြစ်လဲ။ ငါ့ဝိညာဉ်က တာအိုအုပ်စိုးသူရဲ့ စွမ်းအားနဲ့ အရည်အသွေးတော့ ရှိနေသေးတယ်”
“ အဟုတ်ပဲ။ အဲဒါကြောင့် ကျုပ်ကလည်း ဒီလိုနည်းလမ်းမျိုး သုံးဖို့ လိုအပ်လာတာပေါ့” ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ခရမ်းရောင်ကံကြိုးများ ထွက်ပေါ်လာပြီးသည့်နောက်တွင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ နောက်ဖြစ်လာသည့်အရာကို မြင်တွေ့ပြီးသည့်နောက်တွင် ကုရွှမ်၏ ဝိညာဉ်က သေလုမတတ် ကြောက်ရွံ့သွားလေသည်။