ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်း
Vol. 44 Ch. 613
ဝမ်ဝေ့ ရရှိထားသည့် သတင်းအချက်အလက်တစ်ခုက ကောင်းကင်ဝါးမျိုရေး ဧကရာဇ်နှင့် ပတ်သက်ပြီး သူ့မှန်းဆချက်တစ်ခုကို အတည်ပြုလိုက်နိုင်သည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာဆီ နှင်ထုတ်ခံလိုက်ရပြီးသည့်နောက်တွင် အသင်္ချေအင်ပါယာကမ္ဘာ၏ ဧကရာဇ်အဖွဲ့က သူတို့မွေးရပ်မြေကို ဖျက်ဆီးခဲ့သည့်သူကို သဘောမကျကြသည့်အတွက် သူတို့လက်ဖြင့် သစ္စာဖောက်ကို ရှင်းဖို့ ဝင်ပါခဲ့ကြသည်။
သူတို့က အတူတကွ ပူးပေါင်းတိုက်ခိုက်ပြီး သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တာအိုကို ဖျက်ဆီးခဲ့ကြသည်။ နှမြောစရာကောင်းလှသည်က ထိုလူများက သူ့ကို သမိုင်းကြောင်းမှ ဖယ်ဖျက်နိုင်စွမ်း မရှိပေ။ အကြောင်းမှာ ဝမ်ဝေ့က ကောင်းကင်ဝါးမျိုရေးဧကရာဇ်၏ တည်ရှိမှုနှင့် အောင်မြင်မှုများကို ကောင်းကောင်းသိရှိနေသေး၍ ဖြစ်သည်။
တကယ်လို့ ကောင်းကင်ဝါးမျိုရေးဧကရာဇ်က မိုရှင်းယွင်ကို ပူးကပ်ထားတယ်ဆိုရင် ကိစ္စတော်တော်များများက အဓိပ္ပာယ်ရှိသွားပြီ။ ဒါပေမဲ့ မေးခွန်းတချို့လည်း ရှိလာတယ်…
ဝမ်ဝေ့က ခေါင်းအသာခါလိုက်ပြီးသည့်နောက်တွင် ထိုအတွေးများကို စိတ်ထဲ၌သာ ပြန်ထားလိုက်သည်။ ထို့နောက် သူက ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို အာရုံစိုက်ထားလိုက်၏။ ထိုကျမ်းက အလားအလာများစွာ ရှိသော်လည်း အဓိပ္ပာယ် မရှိကြောင်း ခံစားမိလေသည်။
နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူက ကျမ်းအပေါ် အခြေခံနားလည်နိုင်မှုတချို့ ရရှိလာခဲ့၏။
“ အခုတော့ အဓိပ္ပာယ်ရှိသား”
လှည့်ဖျားရေးကို တာအိုအဖြစ်ကဲ့သို့သော သဘောတရားက သူ့ကို အမြဲတမ်းလိုလို စိတ်ရှုပ်ထွေးစေသည်။ အထူးသဖြင့် မဟာတာအိုအရင်းအမြစ်ကို ရယူဖို့အတွက် ကောင်းကင်တာအို သို့မဟုတ် မဟာတာအိုကို လှည့်ဖျားဖို့ လိုအပ်လာသည့်အခါတွင် ဖြစ်၏။
သူက မဟာတာအိုသည် မဟာတာအိုအရင်းအမြစ်အတွက် အမြင့်မားဆုံး လုပ်ပိုင်ခွင့်ရှိသူဖြစ်ကြောင်း သိထားလေသည်။ ထိုစဉ် အစစ်အမှန် ကောင်းကင်တာအိုနှင့် သာမန် ကောင်းကင်တာအိုတို့က အလုပ်သမားမျှသာ ဖြစ်၏။
မဟာတာအိုက နေရာအနှံ့တည်ရှိပြီး အနန္တတန်ခိုးရှင်တစ်ယောက် ဖြစ်သောကြောင့် ကုရွှမ်လို လူမျိုးအနေဖြင့် မဟာတာအိုအရင်းအမြစ်ကို ရယူဖို့ မည်သို့လိမ်လည်လှည့်ဖျားနိုင်မည်နည်း။
ဝမ်ဝေ့က ပြဿနာကို အသေးစားအဖြစ် တွေးကြည့်လျှင်ပင် ကုရွှမ်က သူ့သက်တမ်းကို ဆွဲဆန့်ဖို့ ကောင်းကင်တာအိုကို မည်သို့လှည့်ဖျားခဲ့သနည်း။ စွမ်းအားအဆင့်အရ ကောင်းကင်တာအိုသည် ဒုတိယတန်းစားဧကရာဇ်နှင့် ညီမျှပေသည်။
ဝမ်ဝေ့အနေဖြင့် ထိုအစိတ်အပိုင်းက အနည်းငယ် ယုံကြည်ဖွယ်ကောင်းသည်ဟု ဝန်ခံရပေမည်။ သို့သော် ကျင့်ကြံရေးနည်းစနစ်က ဆန့်ကျင်ခံတစ်ယောက် ဖြစ်စေသော မဟာတာအိုအရင်းအမြစ်ကို ရယူခြင်းက အဓိပ္ပါယ်မရှိပေ။
ကံကောင်းစွာဖြင့် သူက အဖြေတွေ့ရှိခဲ့သည်။ ဟွင်သွမ်းစကြဝဠာတစ်ခုလုံးက ဗီဒီယိုဂိမ်းသဖွယ်ဖြစ်ကာ မဟာတာအိုက ဆာဗာတစ်ခုလုံးကို ထိန်းချုပ်သည့် အသိဉာဏ်အတု ဖြစ်၏။ အမြင့်မားဆုံး လုပ်ပိုင်ခွင့်နှင့် အာဏာကို ကိုင်ဆောင်ထားသည့် အရာအနေနှင့် သူ့တွင် လိုက်နာရမည့် စည်းမျဉ်းနှင့် ဥပဒေသများ ရှိလေသည်။ ထိုစည်းမျဉ်းတစ်ခုက စကြဝဠာထဲရှိ အရာအားလုံးက (လှည့်ဖျားရေးအပါအဝင်) တာအို ဖြစ်နိုင်ချေရှိသည်။
လူတစ်ယောက်က လှည့်ဖျားရေးတာအိုကို ကျင့်ကြံပြီး မိုးမြေကို လိမ်လည်နိုင်သည့် အဆင့်အနေအထားသို့ ရောက်ရှိသွားသည့်အခါ မဟာတာအိုက သူတို့ကို ကျော်ဖြတ်ခွင့်ပေးကာ လှည့်ဖျားရေးကို ခွင့်ပြုလာကြလိမ့်မည်။ ထိုအရာက ကစားသမားက လိမ်လည်နေမှန်း သိသည်ဆိုလျှင်ပင် ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ မဟာတာအိုက ထိုလှည့်ဖျားရေးကို ကန့်သတ်ထားသည့် အနေအထားတချို့တော့ ရှိနေသေးပြီး လှည့်ဖျားရေးကို အသုံးပြုသည့် ကစားသမားအားလုံးက လိုက်နာရမည့် လမ်းညွှန်ချက်များလည်း ဖြစ်သည်။ ထိုကုရွှမ်က မဟာတာအိုအရင်းအမြစ်ကို သူက ဧကရာဇ်ဖြစ်လာခြင်း သို့မဟုတ် ဆန့်ကျင်ခံ တစ်ယောက်ဖြစ်လာခြင်းဟုပင် လိမ်လည်နိုင်သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သူက သူ့သက်တမ်းကို ဆွဲဆန့်ဖို့ ကောင်းကင်တာအိုကို လှည့်ဖျားနိုင်ခဲ့၏။
“ ကုရွှမ်က လွန်သွားတာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ကုရွှမ်က မဟာတာအို၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့သောကြောင့် ကံကောင်းမှု ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒများက သူ့အား ဒိုင်မေးရှင်းအနိမ့်အတွင်သာ အဆုံးသတ်သွားစေ၏။
ဒါက ငါ့အတွက် သင်ခန်းစာပဲ။ အမြဲတမ်း စိတ်ခံစားချက်နဲ့ လိုအင်ဆန္ဒတွေကို သတိထားပြီးတော့ သူတို့ကို ထိန်းချုပ်ခွင့် မပေးသင့်ဘူး…
ဝမ်ဝေ့က နောက်ဆုံးအောင်မြင်မှုမတိုင်ခင် လိမ်လည်လှည့်ဖျားသူများက သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ခြင်းကြောင့် အစီအစဉ်အများစုမှာ ကျရှုံးသွားရကြောင်း သိလိုက်သည်။ ကုရွှမ်အတွက်လည်း အတူတူသာ ဖြစ်၏။
အကယ်၍ သူက ကျိလန်ဖန်း၊ မူလိန် သို့မဟုတ် အမျိုးသမီး ပြိုင်ပွဲဝင်များကို ပူးကပ်ခဲ့ပါက သူက အောင်မြင်နိုင်ချေ မြင့်မားလေသည်။ သို့သော်လည်း သူ့လောဘနှင့် ရည်မှန်းချက်များက လွှမ်းမိုးသွားခဲ့၏။ ဤစစ်ဆေးမှုအနက် ပြိုင်ပွဲဝင် အားလုံးအနက် သူနှင့် ချူးလော့ကသာ ထာဝရဧကရာဇ်ဖြစ်လာဖို့ ၉၉ ရာခိုင်နှုန်း သေချာသည့်သူများ ဖြစ်ကြသည်။
ထိုစဉ် တခြားသူများက ၇၀ မှ ၉၀ ရာခိုင်နှုန်းအထိသာ ရှိကြ၏။ သူ့လောဘနှင့် အကျင့်စရိုက်ကြောင့် ကုရွှမ်က အခွင့်အရေးကို လက်မလွှတ်လိုပေ။ သူက အာမခံချက်ရှိသည့် အောင်မြင်မှုကို လိုချင်မိ၏။
“ ဒီနည်းစနစ်က တန်ဖိုးတချို့တော့ ရှိသားပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းတွင် သူတို့က သက်တမ်းကန့်သတ်ချက်သို့ ရောက်ရှိသွားသည့်အခါ နောက်ထပ်လူတစ်ယောက်အဖြစ် နေရင်း ကောင်းကင်ကို လှည့်ဖျားခြင်းပါဝင်ကာ နောက်ထပ် ဘဝအသစ်ကို ရယူနိုင်သည်။ ထိုတားမြစ်ချက်က ကျင့်ကြံသူသည် အစမှစတင်ကာ ပြန်လည်ကျင့်ကြံရမည် ဖြစ်၏။ လှည့်ဖျားရေးက ၉ ကြိမ်သာ အသုံးပြုနိုင်လိမ့်မည်။
မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်ဖို့ ကြိုးစားသည့် ဆန့်ကျင် ကျင့်ကြံသူတစ်ယောက်အတွက်မူ မဟာတာအိုအရင်းအမြစ်ကို ထိန်းချုပ်ဖို့ လှည့်ဖျားရေးအတွက် မဟာတာအိုထံ တစ်စုံတစ်ခုကို စတေးခြင်း ပြုလုပ်ဖို့ ထူးကဲသည့် အခမ်းအနားတချို့ လိုအပ်ပေသည်။ စတေးရမည့် တန်ကြေးက လူတစ်ယောက်၏ ဆန့်ကျင်ကျင့်ကြံသူအဆင့်ကို ကန့်သတ်ထားလေ့ ရှိ၏။
နမူနာအားဖြင့် အကယ်၍ တာအိုဘိုးဘေးက တတိယတန်းစားဧကရာဇ်၏ စွမ်းအားရယူလိုလျှင် သူတို့အနေဖြင့် အနည်းဆုံး ဧကရာဇ်လက်နက် ငါးခုနှင့် မဟာတာအိုအရင်းအမြစ်အပေါ် နားလည်နိုင်စွမ်းက အနည်းဆုံး ဆယ်ရာခိုင်နှုန်းရှိရမည် ဖြစ်၏။
ထို့အပြင် ဆန့်ကျင်အပိုင်းက တာအိုအုပ်ချုပ်သူအဆင့် ရောက်ရှိပြီးသည့်နောက်တွင် အလုပ်ဖြစ်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ကုရွှမ်က စွမ်းအား မြှင့်တင်ဖို့အတွက် နောက်ထပ် နည်းလမ်းတစ်ခု မရှိတော့ပေ။ တစ်ခါက သူသည် မဟာတာအိုထံ အားကောင်းသည့် ရတနာများကို စတေးဖို့ ကြိုးစားခဲ့ပြီး အဆင့် ၁၁ ဆန့်ကျင်ကျင့်ကြံသူ ဖြစ်ဖို့ရာ လုပ်ဆောင်ခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။
“ ဘာပဲဖြစ်ဖြစ် ဒီကျမ်းက အလားအလာ အများကြီးရှိတယ်”
ဝမ်ဝေ့က ဤကျမ်းသည် သူတာအိုကို သက်သေပြသည်နှင့် တောက်ပလာမည် ဖြစ်ကြောင်း သိလိုက်သည်။ အကျိုးအမြတ်က အသက်ရှည်ကျမ်းဖြစ်ကာ သူ့အား အပိုအသက်တစ်သက်ကို ချီးမြှင့်ပေးနိုင်လိမ့်မည်။ သို့သော်လည်း တကယ့်တန်ဖိုးအစစ်အမှန်က သူသည် တာအိုကို သက်သေပြပြီးသည့်နောက်တွင် ကိစ္စများစွာ အောင်မြင်မှု ရရှိဖို့ရာ ကောင်းကင်တာအိုကို လှည့်ဖျားနိုင်လိမ့်မည်။
သူ စံပြတစ်ယောက်ဖြစ်လာသည့်အခါ သူသည် အစစ်အမှန်တာအိုကို လှည့်ဖျားနိုင်လောက်သည်။ နေမင်းနှစ်စင်းနှင့် တူညီသည့်အဆင့်မျိုး မဟုတ်သရွေ့ ဖြစ်နိုင်ချေ ရှိ၏။
တစ်ရက်တွင် သူက မဟာတာအိုနှင့် အနေအထားတူ ရပ်တည်လာနိုင်သည့်အခါ ဤနည်းစနစ်က ပိုမိုအသုံးဝင်လာလိမ့်မည်။
တကယ်လို့ ငါသာ သေချာကစားနိုင်ရင် ဒီနည်းစနစ်က ငါတက်လှမ်းသွားပြီးတဲ့နောက်မှာ ကပ်ပါးတွေဆီကနေ ပုန်းအောင်းနိုင်လောက်တယ်…
ဝမ်ဝေ့က သူ တက်လှမ်းပြီးသည့်နောက်တွင် နံပါတ်တစ် ရန်သူဖြစ်မည်မှန်း သိနေသည်။ သူက ထိုကောင်းကင်ဘုံအဆင့်ရှိ စံပြများကို တိုက်ခိုက်ရမည်လား သို့မဟုတ် ခေတ္တခဏမျှ ပုန်းအောင်းနေရမည်လားဟု စဉ်းစားနေဆဲ ဖြစ်၏။ ဤကျမ်းက သူ အသုံးပြုမည့် နည်းလမ်းတစ်ခု ဖြစ်လာလိမ့်မည်။
အရာအားလုံးကို စီစဉ်ပြီးသည့်နောက်တွင် မျှော်နန်းဆောင်မှ ထွက်လာလိုက်ရာ အရှင်စိတ်ဝိညာဉ်က သူ့အား စောင့်ဆိုင်းနေ၏။ ကုရွှမ်က နည်းလမ်းတချို့ဖြင့် အရှင်စိတ်ဝိညာဉ်ကို ထိန်းချုပ်ခဲ့သည့်အတွက် ယခုအခါ သူက သူ့အပေါ် သစ္စာရှိနေလေပြီ။
ကုရွှမ်က ဒိုင်မေးရှင်းအမြင့်တွင် ရတနာအများစုကို သူ တက်လှမ်းသည့်အခါ အရင်းအမြစ်အနေနှင့် ချန်ထားခဲ့သည်။ သို့သော်လည်း မျှော်နန်းဆောင်အတွင်း အဖိုးတန်ပစ္စည်းတချို့ ကျန်ရှိနေသေး၏။ ထိုအရာသည် ပထမတန်းစား အင်အားရှိသည့် ဆန့်ကျင်ကျင့်ကြံသူနှစ်ယောက်ကို ဖန်တီးနိုင်သည့် ဆန့်ကျင် ချီမျှင်နှစ်ခု ပါဝင်သည်။ သူ့ကျင့်ကြံရေးခရီးစဉ်တစ်လျှောက် သူ့ကို ကာကွယ်ပေးပြီး သစ္စာရှိသည့်လူနှစ်ယောက် လိုချင်မိ၏။
ယခု ထိုအရာများက တာအိုအခွင့်အလမ်းဂိုဏ်း၏ အခြေခံအုတ်မြစ်ကို တိုးမြှင့်ပေးနိုင်လိမ့်မည်။
“ ပြိုင်ပွဲဝင်တွေကို ပြန်လွှတ်လိုက်တော့” ဝမ်ဝေ့က မျှော်နန်းဆောင်ကို သန့်စင်ဖို့ ပြင်ရင်း အမိန့်ပေးလိုက်သည်။ လေ့ကျင့်ရေးချီအပါအဝင် ကျန်ရှိနေသည့် အဖိုးတန် အရင်းအမြစ်များစွာ မရှိတော့ပေ။ သို့သော်လည်း တပည့်များအတွက် လေ့ကျင့်ဖို့ ပစ္စည်းကောင်းတစ်ခု ဖြစ်နေသေး၏။
ထို့အပြင် သူက စွမ်းအား မပြတ်လပ်ခင် နားလည်နိုင်စွမ်းကဏ္ဍကို အသုံးပြုနိုင်သေးသည်။ ထိုအရာက ဝမ်ဝေ့အနေဖြင့် အထွတ်အထိပ် သူတော်စင်အဆင့်ကို တတ်နိုင်သမျှ မြန်မြန်ရောက်ရှိစေနိုင်လိမ့်မည်။
၃ ရက်ကြာမြင့်ပြီးသည့်နောက်တွင် ပြိုင်ပွဲဝင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ ဝမ်ဝေ့က ရင်းနှီးသည့်သူများနှင့် ဆက်သွယ်ရေးအဆောင် တချို့ ဖလှယ်ကာ သူတို့ကို ဆက်လက် စောင့်ကြည့်ထားချင်မိသည်။
ထို့နောက် သူက မျှော်နန်းဆောင်မှ ထွက်လာပြီး အသေးစားကမ္ဘာငယ်ကို ယူဖို့ ပြင်လိုက်သည်။ ကံဆိုးစွာဖြင့် တစ်စုံတစ်ဦးက ထွက်မသွားသေးပေ။
“ မင်းက ဘာလိုချင်လို့လဲ”
“ ငါ မင်းနဲ့ တိုက်ချင်တယ်” ချူးလော့က ပြောလိုက်၏။
“ ဘာလို့လဲ။ ငါ သိထားသလောက် မင်းက အမွေအနှစ်ကို ရပြီးလောက်ပြီ”
ချူးလော့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ယခင်အဖြစ်အပျက်ကို ပြန်လည်စဉ်းစားလိုက်၏။ သူက ကုရွှမ်သည် ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း အမှတ်ရလိုက်သည်။ ယခု သူက ထိုအကြောင်းအရင်းကို နားလည်သွား၏။
“ ငါတို့နှစ်ယောက်ကြားမှာ ဘယ်သူက ပိုကောင်းတယ်ဆိုတာကို သိချင်တယ်”
“ ပြိုင်ဆိုင်လိုစိတ် ကြီးလှချည်လား။ ကောင်းပြီလေ သဘောတူတယ်။ ကံကြမ္မာတော့ မပါဘူး”
ချူးလော့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် သဘောတူလိုက်သည်။ နှစ်ဦးသားက မျှော်နန်းဆောင်အတွင်း ဝင်ရောက်ကာ တိုက်ခိုက်လိုက်ကြ၏။ နာရီဝက်ကြာပြီး ချူးလော့က ဝမ်ဝေ့အား ထူးထူးဆန်းဆန်း ကြည့်လိုက်ပြီးသည့်နောက်တွင် သူ၏ ဆန့်ကျင်တာအိုကာကွယ်သူနှင့် ထွက်ခွာသွားသည်။
“ ရလဒ်က ဘယ်လိုနေလဲ” ဝမ်ဝူချန်က မှော်ဆန်ဆန် ပေါ်ထွက်လာရင်း မေးလိုက်သည်။
“ ကျွန်တော် ရှုံးသွားတယ်”
“ ဘယ်လိုဖြစ်ပြီးတော့လဲ”
“ သူက အဆင့် ၃ တာအိုဘိုးဘေးစွမ်းအားရှိထားပေမဲ့ ကျွန်တော်က အဆင့် ၂ ပဲ ရှိသေးတာလေ။”
သူက စစ်ဆေးမှုအတွင်း နှစ်နှစ်ရာမျှ ကုန်ဆုံးခဲ့သော်လည်း အပြင်ဘက်တွင် ၃ပတ်တာမျှသာ ကြာမြင့်သေးသည့်အတွက် သူ့အစီအစဉ်ကျမှု လူဝင်စားက ကောင်းကင်တာအိုဖြင့် ထိပ်တိုက်တွေ့နေဆဲသာ ဖြစ်၏။ သူ့ ယေဘုယျစွမ်းအားက သိသိသာသာ တိုးတက်မလာသေးပေ။
“ ဘာလို့လဲ” ဝမ်ဝူချန်က မေးလိုက်သည်။
“ ကျွန်တော်ရဲ့ နောက်ဆုံးခွန်အားက အဆင့် ၄ တာအိုဘိုးဘေးလေ။ အဲဒါဆိုတော့ ကျွန်တော်က အနာဂတ်ကိုယ်ဆီကနေ စွမ်းအားငှားနိုင်တဲ့ အနာဂတ်ဗုဒ္ဓကိုယ်ကို အသုံးပြုနိုင်တယ်။ ဒါပေမဲ့ ကျွန်တော် မလုပ်ခဲ့ဘူး”
“ ဘာလို့လဲ”
“ ကျွန်တော်က အနာဂတ်အတွက် ဂမ္ဘီရတစ်ခုကို မြင်လိုက်ရတယ်။ ချူးလော့က ကုရွှမ်ဆီက ရထားတဲ့ ဝိညာဉ်စွမ်းအားကို အသုံးပြုပြီးတဲ့နောက်မှာ အဆင့်(၄) စွမ်းအားကို ရောက်သွားလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ဆီမှာ ရှုံးနိမ့်ပြီးတဲ့နောက်မှာ တစ်စုံတစ်ခု သင်ယူသွားပြီးတော့ အဆင့်(၅) တာအိုဘိုးဘေးအဆင့် ရောက်တဲ့နည်းလမ်းကို ဖန်တီးနိုင်သွားတယ်။
ပြီးပြည့်စုံတဲ့ နဝမအဆုံးစွန်အုတ်မြစ်ရှိထားတဲ့ ချူးလော့က ထာဝရဧကရာဇ်ဖြစ်မလာခင် အစီအစဉ်အတွက် ပြောလို့မရသေးတဲ့ အနေအထားဆိုတော့…”
“ မင်းဆီကနေ ဘာမှသင်လို့မရအောင် တမင် အရှုံးခံလိုက်တယ်ဆိုပါတော့”
“ ဟုတ်တယ်”
“ ခဏ ကုရွှမ်က ချူးလော့ကို သူ့ဝိညာဉ်စွမ်းအား ဘယ်အချိန်က ပေးလိုက်တာလဲ”
“ ကျွန်တော့်ကို ပူးကပ်ဖို့ လုပ်တဲ့အကြောင်း မပြောပြရသေးဘူးလား” ဝမ်ဝေ့က မျှော်နန်းဆောင်မှ ဖြစ်ခဲ့သမျှအားလုံးကို ပြန်လည်ပြောပြလိုက်သည့်အတွက် ဝမ်ဝူချန်က နှုတ်ခမ်းတွန့်ချိုးသွားသည်။
“ ကုရွှမ်ကို ဘယ်တုန်းကမှ မယုံခဲ့ပေမဲ့ ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ထင်မထားမိဘူး။ ဒါပေမဲ့ မင်းက ကြိုသိထားတော့ စွန့်စားနေစရာမလိုပါဘူး”
“ ဘိုးဘေး ထင်ထားသလိုမျိုး အရမ်းကြီးလည်း မစွန့်စားခဲ့ရပါဘူး” ဝမ်ဝေ့က ဝူဟုန်၏ စည်းပိတ်ခြင်း နည်းစနစ်ကို အပြည့်အဝ ယုံကြည်ထားသည်။ ထို့အပြင် သူက ဝိညာဉ်တိုက်ပွဲအတွင်း စံပြတစ်ယောက်ကိုပင် ရင်ဆိုင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။
သူက တန်ကြေးကိုလည်း သိထားသည်။ သူ့ဝိညာဉ်သံကြိုးကို ဖယ်ရှားပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့၏။ ထို့အပြင် သူက ထိုသို့လုပ်ဆောင်ရခြင်း၏ အကျိုးဆက်ကိုလည်း သိထား၏။
“ အိမ်ပြန်ကြရအောင် ” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။ သူက စစ်ဆေးမှုကျင်းပရာ တစ်ကမ္ဘာလုံးကို ယူဆောင်လိုက်သည်။
ထို့နောက် လေဟာနယ်အတွင်း သူက သူ့စံအိမ်အတွင်းမှ အလွှာကူးပြောင်း အစီအရင်ကို အသက်သွင်းကာ အိမ်ပြန်ဖို့ ပြင်လိုက်သည်။
နှမြောစရာကောင်းလှသည်က ထိုသို့ ဖြစ်မလာခဲ့ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးက မည်းမှောင်သွားပြီး ကူးသန်းသွားလာခြင်းကို ပိတ်ဆို့ထား၏။ ထို့နောက် ဝမ်ဝေ့နှင့် ဝမ်ဝူချန်က သူတို့ဘေးနားရှိ ကြောက်မက်ဖွယ် အရှိန်အဝါများစွာကို ခံစားမိလိုက်သည်။