← Chapters

စည်းမျဉ်းက စည်းမျဉ်းပဲ

Vol. 44 Ch. 615

စည်းမျဉ်းက စည်းမျဉ်းပဲ

Vol. 44 Ch. 615

ခေါင်းဆောင်းပုံရိပ်နှင့် ပထမတန်းစားဧကရာဇ် နှစ်ယောက်တို့က ဝမ်ဝေ့ ကူးသန်းသွားသည့် ဒိုင်မေးရှင်းကို ဖြတ်ကာ နောက်မှ လိုက်လာကြသည်။ သူတို့ ရောက်ရှိသွားသည်နှင့် ကျင့်ကြံရေးလောကနှင့် ကွဲလွဲနေသည့် အသိုက်အဝန်းတစ်ခုလုံးကို မြင်လိုက်ရသည်။

ဧကရာဇ်နှစ်ယောက်က သူတို့သည် ထိုအရာမှ ရရှိမည့် အကျိုးအမြတ်ကို ချက်ချင်းသဘောပေါက်သွားပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ တိုက်ခိုက်ရမည်လား သို့မဟုတ် မျှဝေဖို့ သဘောတူရမလားဟု စဉ်းစားနေကြဟန်ပေါ်သည်။

“ စာချုပ်ကို မှတ်ထား သူ့ကိုသတ်” ခေါင်းဆောင်းပုံရိပ်က အော်ပြောလိုက်သည်။ သူတို့က ခေါင်းညိတ်လိုက်၏။ ယခု ဤနေရာက ဘယ်ကိုမှ မသွားသည့်အတွက် ယခု လက်ရှိပြဿနာကိုသာ အရင်ဆုံး ဖြေရှင်းရမည်။ သူတို့က ဝမ်ဝေ့ကို ကြည့်ကာ တိုက်ခိုက်လိုက်ကြ၏။

ဧရာမလက်ဝါးကြီးနှစ်ခုက ဝမ်ဝေ့အပေါ် ကျဆင်းလာကာ သူ့အား သုတ်သင်ဖို့ ကြိုးစားနေသည်။ သူက အံကြိတ်ကာ အသက်ရှင်ဖို့ နည်းလမ်းကို တွေးတောလိုက်၏။ သူက တုယီနယ်ပယ်ကို ချပ်ဝတ်အဖြစ် ဝတ်ဆင်ကာ ကိုယ်ထည်မဲ့အဆင့်သို့ ဝင်ရောက်လိုက်ပြီး စိတ်စွမ်းအားဖြင့် ကာကွယ်ထားလိုက်သည်။

သူက ကာလံဒေသံ၊ အစီအစဉ်ကျမှု - မကျမှု၊ ယင်ယန်၊ လွတ်လပ်ခွင့်၊ ကံတရား၊ သံသရာ၊ ကံကောင်းမှု၊ ကံ၊ ဝိညာဉ်၊ ဖျက်ဆီးခြင်း၊ ဓာတ်ငါးပါး၊ အစီအရင်နှင့် အဆောင်တို့ကိုပါ စည်းမျဉ်းဖြင့် ကောင်းချီးပေးလိုက်သည်။

ထိုဧကရာဇ်များက သိပ္ပံနှင့် နည်းပညာကမ္ဘာကြောင့် နာနိုစက္ကန့်ပိုင်းလောက် တုံ့ဆိုင်းသွားကြသော်လည်း ထိုအရာက ဝမ်ဝေ့အတွက် သိုလှောင်လက်စွပ်ထဲမှ မသေမျိုးအဆင့် အဆောင်အားလုံးကို ထုတ်ယူပြီး အသက်သွင်းဖို့ အချိန်လုံလောက်ခဲ့သည်။

ဘန်း

လက်ဝါးကြီးနှစ်ခု ကျဆင်းလာသည့်အခါ ဝမ်ဝေ့၏ ကာကွယ်မှုများက အသုံးမဝင်ခဲ့ပေ။ သူ့ ကာကွယ်ရေးရတနာများက တစ်စက္ကန့်ပင်မခံဘဲ ကြေမွသွား၏။ သူ့အတွက် ကံကောင်းသည်က သူ့ခန္ဓာကိုယ်မှ ဧရာမခရမ်းရောင် နဂါးကြီးတစ်ကောင် ထွက်ပေါ်လာကာ ကာကွယ်ပေးထားသည်။

ခေတ်ကာလ၏ သားတော် ချီကံကောင်းမှုဖြင့် သူသည် အသက်ရှင်သန်ခဲ့ပြီး နောက်ထပ် အာကာပြင်အပေါက်တစ်ခုကို ဖွင့်ကာ ထွက်လာခဲ့သည်။

အပြင်ဘက်တွင် ဂိုဏ်း၏ ဆန့်ကျင်ကျင့်ကြံသူများက အာကာပြင်အတက်အကျကို ခံစားမိပြီး ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူတို့က သွေးများ ဖုံးလွှမ်းကာ ကြေမွနေသည့် ဝမ်ဝေ့၏ ခန္ဓာကိုယ်ကို မြင်လိုက်ကြရသည်။

မူလအရှင်က အလျင်အမြန်သွားကာ သူ့စွမ်းအားကို ခန္ဓာကိုယ်အတွင်း ထည့်သွင်းပေးလိုက်၏။ သို့သော် စက္ကန့်ပိုင်းကြာမြင့်ပြီးနောက်တွင် သူက ခေါင်းခါကာ သက်ပြင်းချလိုက်၏။

“ သူက ဘယ်လိုနေသေးလဲ” ဓားအရှင်က မေးလိုက်သည်။

“ သူ့တည်ရှိမှုက ဖျက်ဆီးခံလိုက်ရပြီ။ သူက သေခြင်းတရားကို သွေဖယ်ပြီး သူ့ကိုယ်သူ ဗလာနတ္ထိဖြစ်သွားတာကို ကာကွယ်ဖို့ စိတ်စွမ်းအားပေါ်ပဲ မှီခိုနေတာ”

“ ကျစ်” ဓားအရှင်က ရေရွတ်လိုက်ပြီးသည့်နောက်တွင် သူမ၏ ခန္ဓာကိုယ်မှ ဓားချီအမြောက်အများ ထွက်ပေါ်လာသည့်အတွက် ဓားချီမျှင်တစ်ခုကပင် မဟာကမ္ဘာသန်းချီကို သုတ်သင်ပစ်နိုင်သည်။

နောက်ဆုံးတော့ ဧကရာဇ်ကိုးပါးကျိန်စာက မပျောက်ကွယ်သွားဘူးပဲ…

သူမက အခြေအနေကို ဒေါသထွက်ကာ တွေးလိုက်မိသည်။ နောက်ဆုံးတော့ သူတို့၏ ဂိုဏ်းက ကမ္ဘာတွင် မြင်ခဲ့ဖူးသမျှ အကြီးကျယ်ဆုံးခေတ်ကာလကို ဖန်တီးနိုင်မည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့သည်။ သို့သော် သူက သူတို့ရှေ့မှောက်တွင် သေဆုံးသွားရ၏။

အာကာပြင်က ရုတ်ချည်းဆိုသလို တုန်ခါသွားပြီး လူသုံးယောက် ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို ဓားအရှင်က ထိုလူများကို ပိတ်လှောင်ထားသည့် ကြောက်မက်ဖွယ်အငွေ့အသက်ကို ထုတ်လွှတ်လိုက်၍ မဟာဧကရာဇ်နှစ်ယောက်က အညစ်အကြေး စွန့်လုမတတ် ဖြစ်သွားကြသည်။ နှစ်သန်းချီကြာ မစင်စွန့်ရန် မလိုကြသော ထိုနတ်ဘုရားလို သက်ရှိများအတွက် မသက်မသာ ခံစားချက် ဖြစ်၏။

ထိုစဉ် ခေါင်းဆောင်းပုံရိပ်က ဝမ်ဝေ့၏ အလောင်းအား ကြည့်ကာ အရူးတစ်ယောက်လို စတင်ရယ်မောလိုက်သည်။

ဓားအရှင်က သူ့အား တည်ရှိမှုမှ ဖျောက်ဖျက်ပစ်ချင်သော်လည်း မူလအရှင်က သူမကို တားဆီးလိုက်၏။ သူက သူတို့၏ ကောင်းကင်ရွေးချယ်ခံအတွက် လက်စားချေမပေးခင် မည်သူက ဖျက်ဆီးခဲ့လဲဟု သတင်းအချက်အလက်တချို့ကို ရယူချင်မိသည်။

“ ဟား…ဟား…ဟား…နောက်ဆုံးတော့ သူ သေသွားခဲ့ပြီ။ ဟား…ဟား…ဟား…။ ကြီးမြတ်လှတဲ့ ကံကြမ္မာလွှမ်းမိုးသူ၊ ကမ္ဘာများရဲ့ အုပ်စိုးသူ၊ ကံကြမ္မာထိန်းချုပ်သူ၊ လွတ်လပ်ခွင့်ကို ယူဆောင်သူ၊ ဟွင်သွမ်းစကြဝဠာရဲ့ အကြွင်းမဲ့ အာဏာရှင် နောက်ဆုံးတော့ သေသွားခဲ့ပြီ။ စကြဝဠာကြီးက ဘေးကင်းသွားခဲ့ပြီ။

ဆရာ ကျွန်တော် လက်စားချေပြီးခဲ့ပြီ။ ဆရာ ဖြစ်ချင်ခဲ့သလိုမျိုး သက်ရှိအားလုံးကို ကယ်တင်နိုင်ခဲ့ပြီ” သူက ကောင်းကင်ကိုမော့ကာ ပြောလိုက်စဉ် သူ့ပါးပြင်အထက် မျက်ရည်များ စီးကျလာ၏။

ခေါင်းဆောင်းပုံရိပ်က နောက်ဆုံးအခိုက်အတန့်ကို ပြန်လည်တွေးတောနေဟန်ပေါ်သည်။ ကမ္ဘာတွင် မြူများပေါ်ထွက်လာပြီး ထိုအာဏာရှင်က ထွက်ပေါ်လာကာ ဟွင်သွမ်းကမ္ဘာရှိ သက်ရှိအားလုံးကို အညံ့ခံဖို့ ပြောခဲ့သည်။ သို့သော် သူတို့က ငြင်းဆန်ခဲ့၏။

သို့သော် အာဏာရှင်က ငြင်းဆန်မှုကို မလိုချင်ပေ။ ကံဆိုးစွာဖြင့် သူက ပြိုင်ဘက်ကင်း ဖြစ်နေလေသည်။ သူက သူ့လမ်းကို ပိတ်ဆို့သမျှလူအားလုံးကို သတ်ဖြတ်ခြင်း သို့မဟုတ် ဖိနှိပ်ခြင်းတို့ကို လုပ်ဆောင်ခဲ့၏။ နောက်ဆုံးသော အခိုက်အတန့်တွင် သူ့ဆရာက သူ့ကို ပစ္စည်းတချို့ ပေးပြီး ဤအာဏာရှင်၏ မြင့်တက်လာမှုကို တားဆီးမည့်တာဝန်အတွက် ရွေးချယ်ခံရသည်ဟု ပြောခဲ့သည်။

ထိုဆုံးဖြတ်ချက်ဖြင့် ခေါင်းဆောင်းပုံရိပ်က ထိုအာဏာရှင် တာအိုကို သက်သေမပြခင်အချိန်ကို ပြန်လည်ရောက်ရှိလာခြင်း ဖြစ်၏။ သူ့ဆရာပေးလိုက်သည့် ပစ္စည်းများကို အသုံးပြုကာ အန္တရာယ်များလှသည့် ကမ္ဘာဦးဟွင်သွမ်းကို ဖြတ်ကျော်ပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသို့ လာကာ ကမ္ဘာထံ တိတ်တဆိတ် ကျူးကျော်နိုင်ခဲ့သည်။

ကံဆိုးစွာဖြင့် သူ့ငယ်ရွယ်စဉ်အခါကပင် ကံကြမ္မာလွှမ်းမိုးရေး ဧကရာဇ်က ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ခေါင်းဆောင်းပုံရိပ် ဖြေရှင်းနိုင်သည့်သူ မဟုတ်ပေ။ အံ့ဖွယ်စည်းတံဆိပ် ဧကရီ၊ အသင်္ချေကောင်းကင်စည်းပိတ်သူ၊ ထိုက်တန်သူ၊ အယ်လ်ဖာနဲ့ အိုမီဂါသင်္ကေတ၊ မဟာတာအိုနှောင့်ယှက်သူ အစရှိသည့် သူ့အပေါင်းအပါများကလည်း သူ့လိုမျိုး ရက်စက်ကြသည်။

လက်ရှိအခြေအနေအရ ခေါင်းဆောင်းပုံရိပ်သည် အခွင့်အရေးကို စောင့်ဆိုင်းနေရင်း တခြားသူ၏ အကူအညီကို ရယူခဲ့ရသည်။ သူ့အတွက် ကံကောင်းသည်က သူ့ဆရာက ကံကြမ္မာလွှမ်းမိုးရေး ငယ်စဉ်အခါက မှတ်ဉာဏ်တချို့ကို ပြောပြထားခဲ့ပြီး မည်သည့်အချိန်တွင် ရိုက်ချရမည်ကို ပြသခဲ့သည်။

“ နောက်ဆုံးတော့ အိမ်ပြန်နိုင်ပြီ” ခေါင်းဆောင်းပုံရိပ်က ရေရွတ်လိုက်သည်။

ဝုန်း

ပတ်ဝန်းကျင်ရှိ အရာအားလုံးက ရုတ်ချည်းဆိုသလို အနက်နှင့်အဖြူရောင် ပြောင်းလဲသွား၏။ ကောင်းကင်အထက် ဧရာမမျက်လုံးကြီးတစ်လုံး ပေါ်ထွက်လာသည်။

မဟာတာအိုမျက်လုံး

ဤနေရာတွင် ရှိသည့် လူအားလုံး၏ စိတ်ထဲတွင် ထိုအတွေး ပေါ်ထွက်လာ၏။ သူတို့က ဤသက်ရှိသည် မည်မျှထူးကဲကြောင်းနှင့် မည်မျှစွမ်းအားကြီးကြောင်း ချက်ချင်းသိလိုက်ကြသည်။ လက်ရှိလူအားလုံးက ချက်ချင်းဆိုသလို တုန်ယင်လာကြ၏။

ထိုမျက်လုံးကြီးက လွတ်မြောက်ရာ လမ်းကြောင်းကို တိတ်တဆိတ် တွက်ချက်နေသည့် ပထမတန်းစား ဧကရာဇ်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့၏ မျက်နှာထားက အန္တရာယ်ကို ခံစားမိ၍ ပြောင်းလဲသွား၏။ သူတို့က စွမ်းအားကို အသက်သွင်းကာ ထွက်ပြေးဖို့ ကြိးစားလိုက်ကြသည်။ ကံဆိုးစွာဖြင့် သူတို့ မတုံ့ပြန်နိုင်ခင် ကမ္ဘာမှ ပျောက်ကွယ်သွားပြီး သူတို့၏ တည်ရှိမှုပင် အပြီးတိုင် ဖြတ်တောက်ခံလိုက်ရသည်။

ထို့နောက် မျက်လုံးက ခေါင်းဆောင်းပုံရိပ်ကို ကြည့်လာသည်။

“ မဟုတ်ဘူး။ မဟုတ်ဘူး။ ခင်ဗျားက ကျုပ်ကို ဒီတာဝန်အတွက် ရွေးချယ်ခဲ့တာလေ။ ကျုပ် လုပ်ခဲ့တာပဲ။ အခု အောင်မြင်ခဲ့ပြီ။ ဘာလို့ကျုပ်ကို ရှင်းထုတ်ချင်တာလဲ။ ကျုပ်က သူရဲကောင်းပဲ”

ခေါင်းဆောင်းပုံရိပ်က မသေချင်ပေ။ သူက ရည်မှန်းချက်ကို အောင်မြင်ခဲ့ပြီဖြစ်ကာ သူက အိမ်ပြန်ဖို့သာ လိုအပ်တော့၏။ သူက ဆရာနှင့် ထပ်မံတွေ့ဆုံကာ သူ့ဘဝရှိ အမှားများ၊ နောင်တများကို ပြန်လည်ပြင်ဆင်နိုင်လေပြီ။ သူက အခွင့်အရေးကို အသုံးချကာ ကျင့်ကြံရေးလောက၏ အထွတ်အထိပ်သို့ တက်လှမ်းပြီး ရှုခင်းများကို တွေ့မြင်ချင်သေးသည်။

နှမြောစရာကောင်းလှသည်က မဟာတာအိုက သူ့စကားများကို ဂရုမစိုက်ပေ။ သူက မထူးမခြားနား အကြည့်မျိုးဖြင့် ခေါင်းဆောင်းပုံရိပ်ကို တည်ရှိမှုမှ ဖယ်ထုတ်လိုက်သည်။ ယခုလက်ရှိ ရှိနေသူက ကိုယ်ပွားမျှသာဖြစ်သော်လည်း တကယ့်နောက်ကွယ်တွင် ရှိနေသည့် ခန္ဓာကိုယ်အစစ်ကလည်း သုတ်သင်ခံလိုက်ရသည်။

မဟာတာအိုက တာအိုအခွင့်အလမ်းဂိုဏ်း၏ ဆန့်ကျင်ကျင့်ကြံသူများကို တစ်ချက်ကြည့်ပြီးသည့်နောက် သူတို့ခန္ဓာကိုယ်မှ တားမြစ်ချက် အငွေ့အသက်ကို မခံစားမိပြီးသည့်နောက်တွင် ပျောက်ကွယ်သွားသည်။ အဖွဲ့က မိနစ်ဝက်ကြာသည်အထိ အသက်ရဲရဲ မရှူရဲကြပေ။

“ ဒီကောင်လေးက လျှို့ဝှက်ချက်တွေ အများကြီးရှိတာ သိပေမဲ့ တားမြစ်ချက်နဲ့ မဟာတာအိုအထိ ပါဝင်နေလိမ့်မယ်လို့ ထင်မထားမိဘူး။” အထွေထွေသောင်းပြောင်းက ပြောလိုက်သည်။

“ အခု ကိစ္စမရှိတော့ဘူး” မူလအရှင်က ပြောလိုက်သည်။ ယခုအခြေအနေဖြင့် သူတို့သည် ထိုကောင်လေးက ကြီးမြတ်သည့် ကိစ္စများစွာကို ပြီးမြောက်ဖို့ရာ ကံကြမ္မာပါလာကြောင်း နားလည်ကြသည်။ သို့သော်လည်း သူက လမ်းကြောင်းတွင် ရန်သူများစွာ ဖန်တီးခဲ့ပြီး လက်ရှိအခြေအနေကို ဖြစ်ပေါ်ခဲ့ခြင်းဖြစ်၏။

ဝုန်း

အာကာပြင်က တုန်ခါသွားကာ အက်ကြောင်းများ ပေါ်ထွက်လာသောကြောင့် အားလုံးက အလန့်တကြား ဖြစ်သွားကြသည်။ ထို့နောက် သူတို့အားလုံးက အဖြူရောင်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦး ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ သူမ၏ ဂါဝန်အကွဲအောက်တွင် ဖိနပ်မပါသည့် ခြေတံရှည်ရှည်ရှိထားပြီး မျောလွင့်နေသည့် ဆံပင်အနက်တို့က သူမ၏ အလှတရားကို ပိုမိုပံ့ပိုးပေးထားသည်။ သို့သော်လည်း သူမ၏ အမူအရာ လေးနက်နေမှုကြောင့် ထိုအရာကို မည်သူကမှ ဂရုမစိုက်ကြပေ။

ဝူဟုန်က ဝမ်ဝေ့၏ အလောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ မျက်ဝန်းက ပြောင်းလဲသွားကာ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်လည်မြင်တွေ့လိုက်သည်။ သူမ ယောက်ျားသေဆုံးသွားပုံနှင့် ခေါင်းဆောင်းပုံရိပ်၏ ကံကြမ္မာပင် အပါအဝင် ဖြစ်၏။

ဟူး ဒီအချိန်စက်ဝန်းက ထိန်းချုပ်လို့ မရအောင် ဖြစ်နေတာပဲ။ အနာဂတ်ကလူက ရောက်လာတာလား…

ဝူဟုန်က အခြေအနေကို သုံးသပ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ စံပြက အချိန်မြစ်ကြောင်းမှတဆင့် သွားလာနိုင်သည်။ သို့သော်လည်း သူတို့က သမိုင်းကြောင်းကို ဝင်စွက်ဖက်ပြီး ဝိရောဓိများစွာကို ဖန်တီးခြင်းမှ တားဆီးဖို့ ကန့်သတ်ချက်များစွာ ထားရှိခဲ့၏။

ရလဒ်အနေဖြင့် စံပြတစ်ယောက်က အတိတ်မှ တစ်စုံတစ်ခုကို ပြောင်းလဲလိုလျှင် သူတို့က သူတို့၏ မူလအချိန်စက်ဝန်းနှင့် ကွဲပြားမှုအနည်းဆုံး အချိန်ပြိုင်စက်ဝန်းဆီ သွားရောက်ကြသည်။ တချို့သူများက လူတစ်ယောက်၏ ဝတ်ရုံအရောင်က အနက်ရောင်အစား အပြာရောင်ဖြစ်နေသည့် ကွဲပြားချက်မျိုးရှိသည့် အချိန်စက်ဝန်းဆီ သွားရောက်ကြ၏။

ကောင်းကင်တာအို သို့မဟုတ် မဟာတာအိုက ထိုလူများသည် တခြားအချိန်စက်ဝန်းတွင် သွားရောက်စွက်ဖက်သည်ကို ဂရုမစိုက်ပေ။ သို့သော် သူတို့ က ပင်မနှင့် ဝင်စွက်ဖက်ခွင့် မရှိပေ။ ထို့အပြင် သူတို့က မွေးရပ်မြေ ဟွင်သွမ်းကမ္ဘာမှ ထွက်ပြီး ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို စဉ်းစားရမည်ဖြစ်သောကြောင့် အချိန်စက်ဝန်းများက ပိုမိုရှုပ်ထွေးလေသည်။

ဝူဟုန်က ဤကိစ္စတွင် မဟာတာအိုလည်း ပါဝင်နေမည်ဟု ကောက်ချက်ချလိုက်၏။ သို့သော်လည်း သူမ၏ မှတ်ဉာဏ်များက ဝမ်ဝေ့ စံပြအဖြစ် ရောက်သည်အထိသာ ရှိနေသည်။

ဝမ်ဝေ့ရဲ့ စွဲမြဲတဲ့ လမ်းစဉ်က ဒီအချိန်စက်ဝန်းမှာ ပြောင်းလဲသွားတာလား… အဲဒါကြောင့် သူတောင် ဝင်မစွက်ဖက်နိုင်တဲ့ အကြောင်းအရင်းများလား…

သူမက ခေါင်းခါလိုက်ပြီးသည့်နောက်တွင် ထိုပြဿနာအကြောင်း ဆက်လက်မတွေးတော့ပေ။ သူမက သူ့ကို ပွေ့ဖက်ထားပြီးသည့်နောက်တွင် တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်းကို အသုံးပြုကာ ပြန်လည်အသက်သွင်းလိုက်၏။ ထိုနည်းစနစ်က တည်ရှိမှုအကြောင်း နက်နက်နဲနဲ နားလည်ထားပြီး ပါရမီများစွာ လိုအပ်ပေသည်။ အမှားအယွင်းတစ်ခုက ဖြစ်စဉ်တစ်ခုလုံးကို ကျရှုံးသွားစေနိုင်သည်။ ပို၍ဆိုးရွားသွားစေသည်က သူမ ဖန်တီးလိုက်သည့်လူက ဝမ်ဝေ့နှင့် တစ်ပုံစံတည်း တူနေသော်လည်း ကွဲပြားသည့် တည်ရှိမှုမျိုး ရှိသည့် တခြားလူ ဖြစ်နေနိုင်သည်။

ဝူဟုန်က ဝမ်ဝေ့၏ တည်ရှိမှုကို ဖြည်းဖြည်းချင်း တည်ဆောက်နေစဉ် သူမ၏ မျက်နှာက ဖြူသထက် ဖြူဖျော့လာကာ နှာခေါင်းနှင့်နားမှ သွေးများ စီးကျလာသည်။ သူမက မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ဧကရာဇ်၏ အလောင်းကို ကြည့်လိုက်၏။ သူမက ပါးစပ်ဟကာ ဒုတိယတန်းစား ဧကရာဇ်သုံးယောက်ကို ဝါးမျိုပစ်လိုက်ပြီးသည့်နောက် သူမ၏ အသားအရည်က ပုံမှန်ပြန်ဖြစ်လာသည်။

ငါက ဒီခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီ…

ဝမ်ဝေ့က မပြီးမပြတ် အခြေအနေမျိုးနှင့် ဆင်တူသည့် အခြေအနေမျိုးတွင် ရောက်ရှိနေစဉ် ရေကန်တစ်ခုအတွင်း ဖြည်းဖြည်းချင်း နစ်မြုပ်သွားသလို ခံစားလိုက်ရ၏။ သူက နစ်မြုပ်လေလေ သေခြင်းတရားက ပိုမိုနီးကပ်လာလေလေ ဖြစ်ကြောင်း ခံစားမိနေသည်။ ထို့ကြောင့် သူက ထိုသို့ဖြစ်ပျက်ခြင်းမှ ကာကွယ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရသည်။ သို့သော်လည်း ထိုရုန်းကန်မှုက နစ်မြုပ်မှုအရှိန်ကို အနည်းငယ်မျှသာ နှောင့်နှေးနိုင်၏။

ဒါက သေခြင်းတရားလား။ ငါ ထင်ထားတာထက် ပိုပြီးတော့ ငြိမ်းချမ်းနေတာပဲ…

ဝမ်ဝေ့က ဆက်လက် ရုန်းကန်နေသည်။ သူက နောက်ဆုံးအချိန်အထိ လက်မလျှော့လိုပေ။ ထို့နောက် သူက သူ့နစ်မြုပ်မှု ရပ်တန့်သွားသလို ခံစားမိလိုက်ပြီး ဖြည်းဖြည်းချင်း ရေမျက်နှာပြင်အထက်သို့ ပြန်လည်ပေါ်ထွက်လာ၏။

သူမပဲ ဖြစ်ရမယ်။ ငါ သူမကို အားကိုးလို့ရတယ်ဆိုတာ သိတယ်..

ဝမ်ဝေ့က သူသည် အမည်မသိ ရေကန်မှ ထွက်ပေါ်လာတော့မည့်ဆဲဆဲကို အာရုံခံမိစဉ်အခါ စကားဝိုင်းတစ်ခုကို ရုတ်ချည်းကြားလိုက်ရသည်။

“ ရှင်က ကိုယ့်ဘာသာကိုယ် ပြန်သတ်နေတာပဲ။ ရက်စက်လိုက်တာ” ထိတ်လန့်ဖွယ် ရင်းနှီးနေပြီးသားအသံတစ်ခု ဖြစ်ဟန်ပေါ်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။ သို့သော်လည်း သူက မှတ်မိဖို့ မည်မျှပင် ကြိုးစားစေကာမူ ဘယ်နေရာတွင် ကြားခဲ့ကြောင်း အမှတ်မရပေ။

“ စည်းမျဉ်းက စည်းမျဉ်းပဲ” နောက်ထပ် ရင်းနှီးသည့် အသံတစ်သံက ပြောလိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအသံသည် လူသားဆန်စိတ် ကင်းမဲ့လောက်အောင်အထိ မအေးစက်သင့်ကြောင်း ခံစားမိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် ထိုအသံပိုင်ရှင်များကို မခန့်မှန်းနိုင်ပေ။

“ ရှင်က နေသားတကျမဖြစ်ဘူးပဲ။ ဒါက ရှင့်အတွက် ကျရှုံးခန်း ဖြစ်လိမ့်မယ်”

ဒုတိယအသံက ပြန်မဖြေပေ။

“ အဲဒါဆိုတော့ ဒီလိုအရေးမပါတဲ့ အရာမျိုးကို လုပ်နေတာ ဘာအကျိုးရှိလဲ” ထိတ်လန့်ဖွယ်ရင်းနှီးပြီးသား ပထမအသံက မေးလာသည်။

“ ငါ လုပ်သမျှ ဘယ်ဟာကမှ အကျိုးမရှိတာ မရှိဘူး”

“ အဟုတ်ပဲ။ အခု ကျွန်မအလှည့်ပဲ”

ဝမ်ဝေ့က မျက်လုံးပွင့်လာသည့်အချိန် သူ့ဇနီး၏ လှပသည့် မျက်နှာလေးကို မြင်လိုက်ရသည်။ သူက သူမမျက်နှာလေးကို ပွတ်သပ်လိုက်၏။

“ မင်းကို အားကိုးလို့ရတယ်ဆိုတာ သိနေတယ်”

“ ရှင်က တန်ဖိုးထက် ဒုက္ခက  ပိုများလာပြီ ” ဝူဟုန်က ပြောလိုက်သည်။

“ တကယ်လို့ အမှန်ဖြစ်နေတယ်ဆိုရင်တောင် မင်းက ကိုယ့်ကို ချစ်ပြီးတော့ ကယ်နေဦးမှာပဲမလား”

ဝူဟုန်က နှုတ်ခမ်းတင်းတင်း စေ့ထားကာ သူ့အား လျစ်လျူရှုထားသည်။

“ မင်းမျက်နှာက နည်းနည်းဖြူဖျော့နေပါလား။ အဆင်ပြေရဲ့လား” သူက မူမမှန်မှုကို သတိထားမိပြီးသည့်နောက်တွင် အလျင်အမြန် မေးလိုက်၏။

“ ကျွန်မ အဆင်ပြေပါတယ်။ နည်းနည်းအားသုံးမိသွားရုံပါ”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် နောက်ထပ် မေးခွန်းများကို ထပ်မမေးတော့ပေ။ သူက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို အမှတ်ရသွားကာ ပြောလိုက်၏။

“ ဘိုးဘေးဝမ်ဝူချန်”

သူက မတ်တပ်ရပ်ကာ လေဟာနယ်အတွင်း ဝဲပျံလိုက်သည်။

“ သူက သွားပြီ”

“ သူ့ကို မကယ်နိုင်ဘူးလား”

“ မကယ်နိုင်ဘူး။ တကယ်လို့ ရှင် သူ့ကို မြင်ချင်တယ်ဆိုရင် ရှင့်ဘာသာရှင်လုပ်”

ဝမ်ဝေ့က သက်ပြင်းချကာ “ ကိုယ်နားလည်ပြီ”

ထို့နောက် သူက တခြားသော ဘိုးဘေးများကို ကြည့်ကာ “ ကျွန်တော်ကို လာကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ ငါတို့ ဘာမှမလုပ်လိုက်ရပါဘူး” မူလအရှင်က ပြောလိုက်သည် “ ဘာပဲဖြစ်ဖြစ် မင်း အဆင်ပြေတာကို ဝမ်းသာတယ်။ ငါတို့ နောက်မှ ပြောကြတာပေါ့”

တခြားသူများက ဂိုဏ်းဆီ မပြန်သွားခင် ဝူဟုန်ကို ကျေးဇူးတင်လိုက်ကြသည်။

All Chapters