← Chapters

တည်ရှိမှုနှင့် ထာဝရ

Vol. 44 Ch. 616

တည်ရှိမှုနှင့် ထာဝရ

Vol. 44 Ch. 616

ဝမ်ဝေ့က သီးသန့်နေရာတစ်ခုသို့ ပျံသန်းမသွားခင် အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် သေရည်အိုးတစ်ခုကို ထုတ်ယူကာ လေဟာနယ်အတွင်း လောင်းချလိုက်၏။

“ ဘိုးဘေး ကျွန်တော် အားနည်းပြီး ဘာမှမလုပ်နိုင်တဲ့အတွက် တောင်းပန်ပါတယ်။ သေခြင်းတရားက အထီးကျန်ပြီး ဝမ်းနည်းဖို့ကောင်းတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ တစ်ရက်မှာ ကျွန်တော်တို့ ပြန်ဆုံတွေ့ကြမှာပါ။ အဲဒီမတိုင်ခင် ဆိုးဆိုးရွားရွား ခရီးတစ်ခု သွားနေတယ်လို့ပဲ မှတ်ယူလိုက်ပါ”

သေရည်အိုးကို အပြောင်ရှင်းပြီးသည့်နောက်တွင် သူက လေဟာနယ်ထဲ ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် ဝပ်တွားကန်တော့လိုက်၏။ ထို့နောက် ဝမ်ဝေ့၏ မျက်လုံးအထက်တွင် ဆုံးဖြတ်ချက်ချသည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူက ဘိုးဘေးဝမ်ဝူချန်၏ သေဆုံးမှုအတွက် တာဝန်ရှိသူဖြစ်ရာ  ကိစ္စများမှန်ကန်လာဖို့အတွက် လုပ်လို့လိုအပ်သည့် အရာများကို လုပ်ရမည်။

“ အတိအကျ ဘာဖြစ်သွားတာလဲ။ အဲဒီခေါင်းဆောင်းပုံရိပ်က ဘယ်သူလဲ”

“ ကြည့်ရတာ ရှင့်ရဲ့ အနာဂတ်ကိုယ်က မဟာတာအိုနဲ့ သွားရှုပ်ထားတယ် တူတယ်။ အဲဒါကြောင့် လက်ရှိကိုယ်က ဆွဲသွင်းခံလိုက်ရတာ” ဝူဟုန်က ပြန်ဖြေလေ၏။

“ အဲလိုလား။ အာ့ဆို သူက ဘာလို့ ဝင်မစွက်ဖက်ရတာလဲ။ သူက ဘိုးဘေးဝမ်ဝူချန်ကို ဘာလို့ မကယ်ရတာလဲ”

“ ဘယ်သူသိမှာလဲ။ သူက အရှင့်ကို လှုံ့ဆော်ပေးချင်တာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။ ရှင့်အနာဂတ်ကိုယ်က ဂရုမစိုက်တာလား ဒါမှမဟုတ် တခြားလူတစ်ယောက်လိုမျိုးအထိ ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်”

“ ဒီအခြေအနေက ဒေါသထွက်ဖို့ ကောင်းလိုက်တာ။ ကိုယ်က ဒီဆုံးဖြတ်ချက်တွေကို ချတဲ့သူဆိုပေမဲ့ အဲဒီအနာဂတ်ကိုယ်ကို သွားပြီးတော့ ရိုက်ပစ်ချင်တုန်းပဲ”

သူကိုယ်တိုင်ပင် အင်အားမဲ့ကာ နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးပြုခံရခြင်းက သူ့လိုလူမျိုးအတွက်ပင် ခံစားချက်ကောင်း မဟုတ်ခဲ့ပေ။

“ ကျွန်မ နားလည်ပါတယ်” ဝူဟုန်က သူ့ဘယ်ဖက်လက်ကို ဆွဲကိုင်ရင်း ပြောလိုက်သည်။

ထို့နောက် ဝမ်ဝေ့က အ‌ဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်၏။ မိနစ်ပိုင်းကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝူဟုန်က မေးလိုက်သည် “ ရှင် ဘာတွေစဉ်းစားနေတာလဲ”

“ ကျင့်ကြံရေးလောကက တကယ်ကို ခန့်မှန်းရခက်တယ်။ ကိုယ်က တာအိုအုပ်စိုးသူနဲ့ အကွက်ကျကျရင်ဆိုင်ပြီးတာ တစ်မိနစ်ပဲရှိသေးတယ် မဟာဧကရာဇ်တွေ အဝိုင်းခံရပြီးတော့ သေသွားတယ်လေ။ နောက်ထပ် ဘာဖြစ်မယ်ဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး”

“ ရုန်းကန်မှုဆိုတာက ကျင့်ကြံရေးလောကရဲ့ အခြေခံကျဆုံး ကဏ္ဍတစ်ခုပဲလေ။ အထူးသဖြင့် ရှင့်လိုမျိုး ကံကောင်းတဲ့သူတွေအတွက်ပေါ့”

“ ကိုယ် သိပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးရဲ့ ခန့်မှန်းရခက်တဲ့ အခြေအနေကို မကြိုက်ဘူး”

“ အဲဒါကြောင့်ပဲ ရှင်က လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းချင်တာ မဟုတ်ဘူးလား။ ရှင့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်အောင်ပေါ့”

“ ဟုတ်တယ်”

“ အဲဒါဆိုတော့ ရှင်က ဒီလမ်းကြောင်းက မလွယ်ကူဘူးဆိုတာကို မျှော်လင့်ထားပြီးသားဖြစ်မှာပါ”

“ ကိုယ် သိပါတယ်။ ဒီအခွင့်အရေးကို ယူပြီးတော့ ညည်းတွားမိရုံပါ”

“ ရှင် သိရင် ပြီးတာပါပဲ” ဝူဟုန်က ပြောလိုက်သည် “ ဘာပဲဖြစ်ဖြစ် ရှင်က ဒီကပ်ဘေးတွေကနေ အကျိုးအမြတ်ရလိုက်တယ်မလား”

“ အဟုတ်ပဲ”

ဝမ်ဝေ့က သူ ပြန်လည်ရှင်သန်လာပြီးသည့်နောက်တွင် တည်ရှိမှုအပေါ် နားလည်နိုင်စွမ်းက ယခင်ထက် သိသိသာသာ တိုးမြင့်လာကြောင်း ခံစားမိလိုက်သည်။ ယခုတွင် သူက အရေးသာချက် များများစားစားကို အသုံးမပြုနိုင်သော်လည်း တာအိုကို သက်သေပြသည့်အခါ အသုံးဝင်လာလိမ့်မည်။

ထို့အပြင် သူ့သေခြင်း၊ ရှင်ခြင်း ပင်ကိုစွမ်းရည်ကလည်း ဆင့်ကဲပြောင်းလဲလာခဲ့သည်။ အစစ်အမှန် သေခြင်းတရားကို ကြုံတွေ့ပြီးသည့်နောက်တွင် သေခြင်းရှင်ခြင်း စည်းမျဉ်းအပေါ် နားလည်နိုင်စွမ်းက သူ့စွမ်းရည်အပေါ် တိုးမြှင့်ပေးခဲ့သည်။ ယခုတွင် ဝမ်ဝေ့က သေခြင်းရှင်ခြင်းစွမ်းရည်ကို အသက်ရှည် စွမ်းရည်အဖြစ် ပြောင်းလဲဖို့ ယုံကြည်ချက်ရှိပြီး တာအိုကို သက်သေပြပြီးသည့်နောက်တွင်ပင် ကြာမြင့်စွာ နေနိုင်လိမ့်မည်။

သူက ဘုန်းကြီးဝူကျစ်ဆီမှ စုစည်းထားသည့် သတင်းအချက်အလက်များကို အသုံးပြုနိုင်သေး၏။ ယေဘုယျအားဖြင့် သူသည် သေဆုံးခြင်းနှင့် ပြန်လည်ရှင်သန်ခြင်းမှ ရရှိမည့် အကျိုးအမြတ်က များပြားလှသည်။

“ တည်ရှိမှုသဘောတရားက အမြဲတမ်း ထူးဆန်းတယ်လို့ ခံစားမိနေခဲ့တာ။ အဲဒါက ဘာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ သာမန် အခေါ်အဝေါ်နဲ့ဆိုရင်တော့ ထာဝရတာအိုက တခြားတစ်ခုနဲ့ ပေါင်းစပ်ထားတဲ့ အရာမျိုးပေါ့။ မဟာတာအိုက ထာဝရတာအိုကို ခွဲထုတ်ပြီးတော့ တည်ရှိမှု သဘောတရားကို ဖန်တီးခဲ့တယ်”

“ အဲဒါဆို ထာဝရဧကရာဇ်၊ ထာဝရကောင်းကင်ဘုံနဲ့ အဆုံးစွန်မဲ့ စံပြတွေက ပင်မတာအိုနှစ်ခုကို ကျင့်ကြံရမှာပေါ့။ သူတို့ရဲ့ ကိုယ်ပိုင်တာအိုနဲ့ ထာဝရတာအိုပေါ့။ အဲဒါကြောင့် သူတို့က အားကောင်းပြီးတော့ သတ်ဖို့ခက်နေတာလား”

“ အဲလိုမျိုးပေါ့”

“ အဲလိုဆိုရင် ထာဝရတာအိုကိုယ်တိုင်ကရော ဘယ်လိုလဲ။ ကျင့်ကြံသူတစ်ယောက်က အဲဒါကို ကျင့်ကြံရင် ဘယ်လိုဖြစ်မှာလဲ”

“ အဲဒါက သူတို့အပေါ် မူတည်တယ်” ဝူဟုန်က ပြန်ဖြေလိုက်သည် “ အရင်းအမြစ်ဟွင်သွမ်းကမ္ဘာမှာ တာအိုကျင့်ကြံသူတွေက သာမန်တာအိုရှိတဲ့ သာမာန်ကျင့်ကြံသူပဲ ဖြစ်လာနိုင်ကြတယ်။ ပိုတောင် အားနည်းနေနိုင်တယ်။ ဘယ်သူကမှ အစစ်အမှန်ထာဝရကို တာအိုအဖြစ် မရောက်ရှိနိုင်ကြဘူး။

ဒါပေမဲ့ သာမန်ဟွင်သွမ်းကမ္ဘာမှာ လူတချို့က ထာဝရတာအိုကနေ တဆင့် ထာဝရ စွမ်းဆောင်ရည်နဲ့ စွမ်းအင်တချို့ကို ရယူနိုင်ကြတယ်။ ဒါပေမဲ့ အဲဒါက ကျင့်ကြံဖို့ အခက်ခဲဆုံးတာအို ဖြစ်လောက်တယ်။ မဟာတာအိုက ပြီးပြည့်စုံအောင် လုပ်ထားတာလေ။ အဲဒါကြောင့် ကောင်းကင်ဘုံသွေဖယ်နေတဲ့ ပါရမီရှင်တွေပဲ နှစ်များစွာ အားစိုက်ထုတ်ပြီးတဲ့နောက်မှာ အဲဒီအဆင့်အထိ ကျင့်ကြံနိုင်ကြတယ်”

“ မဟာတာအိုက ဧကရာဇ်လမ်းစဉ်ကို မျက်နှာသာပေးတဲ့ နောက်ထပ် နမူနာတစ်ခုလား”

“ ဟုတ်တယ်”

“ ကိုယ်က တခြားလမ်းစဉ်တွေအတွက်တောင် စိတ်မကောင်းဖြစ်သွားတယ်။ ကောင်းပြီလေ အိမ်ပြန်ကြစို့။ ကိုယ် အားဖြည့်ဖို့ လိုနေတယ်”

ဧကရာဇ်လက်ဝါးချက်နှစ်ခုက သူ့အံ့ဖွယ်ပင်လယ်၊ စည်းမျဉ်းပလ္လင်နှင့် စည်းမျဉ်းသစ်ပင်တို့ကို ဖျက်ဆီးပစ်ခဲ့သည်။ ဝူဟုန်က သူ့တည်ရှိမှုကို ပြန်လည်တည်ဆောက်ပြီးသည့်နောက်တွင်ပင် သူမက သူ့ကမ္ဘာဦးစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကိုသာ ဖန်တီးနိုင်ခဲ့၏။ သူ့ခန္ဓာကိုယ်က အထွတ်အထိပ် အခြေအနေသို့ ပြန်မရောက်ရှိသေးသည့်အတွက် ပြန်လည်ကျင့်ကြံဖို့ လိုအပ်နေသည်။

ဝမ်ဝေ့က သူမအား အိမ်သို့ ကူးသန်းသွားဖို့ တောင်းဆိုတော့မည့်ဆဲဆဲတွင် သူမ၏ ဖြူဖျော့နေသည့် အသားအရည်ကို အမှတ်ရသွား၏။ ထို့ကြောင့် သူက ရွှေရောင်ရထားလုံးကို ဆင့်ခေါ်ကာ အိမ်သို့ ပြန်လာလိုက်ကြသည်။ သူတို့က ထိုအခွင့်အရေးကို အသုံးချကာ အချိန်အတူတူ ကုန်ဆုံးခဲ့ကြ၏။

“ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင် ရှင် အေးအေးချမ်းချမ်း အသက်ရှင်နိုင်တာ သေချာဖို့ တစ်ခုခုလုပ်ဖို့ လိုတယ်”

ဝမ်ဝေ့က ထိုအရာနှင့် ပတ်သက်ပြီး မပျော်ရွှင်မိပေ။ သုံးကြိမ်သုံးခါတိုင်တိုင် သူမ ဝမ်ဝေ့ကို ပေးထားသည့် အားကောင်းသည့် အစီအရင်များက အလုပ်မဖြစ်ခဲ့ပေ။ အကြောင်းမှာ ရန်သူက သူမ၏ စွမ်းအားကို တိုက်ရိုက်ပစ်မှတ်ထား၍ ဖြစ်သည်။

“ ဂိုဏ်းက ရှင့်အတွက် ပထမတန်းစား ဧကရာဇ်အဆင့်ကို သန့်စင်ပေးလောက်မလား”

“ အဲဒါက မဆိုးဘူးပဲ” ဝမ်ဝေ့က အသိအမှတ်ပြုလိုက်သည်။ ပုံမှန်အားဖြင့် သူသည် ဧကရာဇ်အဆင့် အသုံးအဆောင်ပစ္စည်း သို့မဟုတ် အရင်းအမြစ်များကို အသုံးပြုမည် မဟုတ်ပေ။ အကြောင်းမှာ သူတို့၏ စွမ်းအားကို အသုံးပြုဖို့ ခက်ခဲ၍ ဖြစ်သည်။ သို့သော်လည်း သူ နဝမအဆုံးစွန်အုတ်မြစ်ဖြင့် သူတို့၏ စွမ်းအားအမြောက်အမြားကို ထုတ်သုံးနိုင်လေပြီ။

ဂိုဏ်းသို့ ပြန်ရောက်ပြီးသည့်နောက်တွင် သူက ဂိုဏ်း၏ အရင်းအမြစ်များကို ယူကာ အခြေခံအုတ်မြစ်ကို ပြန်လည်တည်ဆောက်ပြီး ကျင့်ကြံလိုက်သည်။ ပထမဦးစွာ သူ့ခန္ဓာကိုယ်ကို မူလအထွတ်အထိပ် အနေအထားသို့ ပြန်လည်ဖွဲ့စည်းလိုက်သည်။ ဝမ်ဝေ့ကို အံ့အားသင့်သွားစေသည်က သူ့ ခွန်အားသည် ကမ္ဘာဦးနဂါး ၃၃ ကောင် ခွန်အားမှ ၃၄ကောင်အထိ ရောက်ရှိသွားခြင်း ဖြစ်၏။

ထို့နောက် သူက ကျင့်ကြံရေးအပေါ် အာရုံစိုက်ထားလိုက်သည်။

အံ့ဖွယ်ပင်လယ်ကို ပုံမှန်ဖြစ်အောင် ပြန်လည်ဖန်တီးလိုက်၏။ သို့သော်လည်း သူက အံ့ဖွယ်ပလ္လင် သို့မဟုတ် စည်းမျဉ်းပလ္လင်နှင့် ပတ်သက်ပြီးတစ်ခုခု ကွဲပြားတာကို လုပ်ချင်မိသည်။

ဝမ်ဝေ့က အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်နှင့် သူ့ ကျင့်ကြံရေး ဆုံးရှုံးခံလိုက်ရသည်ကို ပင်ပန်းလာပြီဖြစ်ကာ သူ့အနေနှင့် ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ထားလိုသည်။ အတိတ်ဘဝတုန်းက ကောင်းကင်ဘုံ ကျောင်းဆောင်အတိုင်း အံ့ဖွယ်ပလ္လင်ကို ဖွဲ့စည်းပြီးသည့်နောက်တွင် ဝမ်ဝေ့က ဗလာနတ္ထိနားလည်နိုင်စွမ်းကို အမြုတေ သို့မဟုတ် ရတနာတစ်ခုအဖြစ် ဖွဲ့စည်းပြီး ကျောင်းဆောင်၏ အဆင်တန်ဆာအနေနှင့် ထည့်သွင်းခဲ့သည်။

ကိုယ်ထည်မဲ့စွမ်းအားက ရတနာဆီမှ ထွက်ပေါ်လာကာ ကျောင်းဆောင်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်ဝေ့က ကွဲပြားချက်ကို မြင်လိုက်ရ၏။ သူ့အံ့ဖွယ်ပလ္လင်က ယခုအခါ ကိုယ်ထည်မဲ့ တစ်ပိုင်းအဆင့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကာ ဖျက်ဆီးဖို့ မဖြစ်နိုင်လုနီးပါး အခြေအနေ ဖြစ်၏။

ဝမ်ဝေ့က ကျောင်းဆောင်မှ အနီရောင်ရတနာကို ကြည့်နေရင်း အကြည့်များ တောက်ပလာသည်။ သူက တာအိုကို သက်သေပြပြီးသည့်နောက်တွင် မဟာဧကရာဇ်များက ကျင့်ကြံရေးနှင့် အခြေခံအုတ်မြစ်က သူတို့၏ ခန္ဓာကိုယ်နှင့် ခွန်အားကို အာဟာရ ဖြည့်ပေးနိုင်မည့်ဖြစ်စဉ်ကို ကျော်ဖြတ်ရလိမ့်မည်။

ရလဒ်အနေဖြင့် သူတို့ခန္ဓာကိုယ်၊ စည်းမျဉ်းပလ္လင်၊ စည်းမျဉ်းသစ်ပင်နှင့် တာအိုသစ်သီးများကဲသို့သော အရာများက မဟာတာအိုအရင်းအမြစ်၏ စွမ်းအားကြောင့် အသွင်ပြောင်းသွားမည်ဖြစ်ကာ စွမ်းဆောင်ရည် သို့မဟုတ် ဧကရာဇ်စွမ်းအားအဖြစ် ပြောင်းလဲသွားကြလိမ့်မည်။

နမူနာအားဖြင့် သူ့ရွယ်တူများထက် မူလအဆီအနှစ် ပိုများသည့် ဝမ်ဝေ့လိုလူမျိုးအတွက် ဖြစ်သည်။ မဟာတာအိုအရင်းအမြစ် အားဖြည့်ပြီးသည့်နောက်တွင် သူ့မူလအဆီအနှစ်က ခန္ဓာကိုယ်ကို ဆေးကြောသွားကာ စွမ်းအားတချို့ ချီးမြှင့်လာလိမ့်မည်။ ထိုအရာက စွမ်းအားနှင့် ပတ်သက်ပြီး မဟာတာအိုအရင်းအမြစ်၏ ၀.၂ ရာခိုင်နှုန်း တိုးမြင့်လာသကဲ့သို့ ဖြစ်၏။

သူ့ငွေရောင် စည်းမျဉ်းသစ်ပင်နှင့် ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပြီးသည့်နောက်တွင် အာဟာရက သူ့ကို တိုက်ပွဲစွမ်းအား မြှင့်တင်ပေးလာလိမ့်မည်။ ထိုအာဟာရများက မဟာဧကရာဇ်များသည် တူညီသည့် နားလည်နိုင်စွမ်း ရာခိုင်နှုန်း ပိုင်ဆိုင်ထားလျှင်ပင် တာအိုကို သက်သေကို ပြပြီးသည့်နောက်တွင် ကွဲပြားသည့် ခွန်အားမျိုး ပိုင်ဆိုင်ထားသည့် အကြောင်းအရင်းလည်း ဖြစ်သည်။

အာဟာရဖြည့်တင်းပြီးတဲ့နောက် ဗလာနတ္ထိအမြုတေက ငါ့အတွက် လေဟာနယ်အဆင့်ကို ဝင်ဖို့ ပိုလွယ်ကူနေလိမ့်မယ်…

ဝမ်ဝေ့က သူ့အံ့ဖွယ်ပလ္လင်နှင့် စည်းမျဉ်းသစ်ပင်တို့ကို ကာကွယ်ဖို့ရာနှင့် ပတ်သက်ပြီး သိပ်ဂရုမစိုက်ပေ။ ထိုအရာများက တာအိုကို သက်သေပြပြီးသည့်နောက်တွင် ပျောက်ကွယ်သွားမည်ဖြစ်ကာ အားနည်းချက်တစ်ခု မဖြစ်နိုင်တော့ပေ။ သူက ကျင့်ကြံရေး၏ သေမျိုးအဆင့်အတွင်း ပြဿနာမဖြစ်ဖို့ ကာကွယ်လိုရုံမျှသာ ဖြစ်၏။

သို့သော်လည်း သူက ဗလာနတ္ထိတာအိုမှ အကျိုးအမြတ်များကို ဂရုစိုက်သည်။

ဝမ်ဝေ့က အသစ်ထပ်ရှာဖွေတွေ့ရှိမှုကို ကျေကျေနပ်နပ် ခေါင်းညိတ်ပြီးသည့်နောက်တွင် ဆက်လက်ကျင့်ကြံလိုက်၏။ သူက စည်းမျဉ်းမျိုးစေ့ကို ဖွဲ့စည်းပြီး စည်းမျဉ်းသစ်ပင်အဖြစ် ပြန်လည် ပြုစုပျိုးထောင်လိုက်သည်။ ထို့နောက် သူက နောက်ထပ် အရေးသာချက်တစ်ခုကို သတိထားမိသွားသည်။ သူ့ဗလာနတ္ထိစွမ်းအားသည် သူ့စွမ်းအင်တချို့ကို ကောင်းချီးပေးထားလေ၏။

နမူနာအားဖြင့် သူသည် ဖျက်ဆီးရေးတာအိုကို ဗလာနတ္ထိစွမ်းအားဖြင့် ကောင်းချီးပေးကာ ပိုမိုအားပြင်းအောင် လုပ်ဆောင်နိုင်သည်။ ယခုမတိုင်ခင်အထိ သူက ဗလာနတ္ထိတာအိုကို တခြားအရာများဖြင့် ခွဲခြားထားခဲ့သည်။ နောက်ဆုံးတွင် သူတို့က အနေအထားတစ်ခုအထိ ဆက်နွယ်မှု ရှိသွားပြီဖြစ်၏။

ဝမ်ဝေ့က ထရပ်ကာ အညောင်းအညာဖြေလိုက်သည်။ သူက ကျင့်ကြံရေးအခန်းမှ ထွက်လာပြီးသည့်နောက်တွင် ကျင့်ကြံခဲ့သည့်အချိန်ကို တွက်ချက်ကြည့်လိုက်၏။

“ နှစ်သုံးရာ သိပ်မကြာဘူးပဲ” သူက အမှတ်အသားပြားကို ထုတ်ကာ သူ ဂရုစိုက်ဖို့ လိုအပ်နေသည့် သတင်းအချက်အလက် တချို့ကို စစ်ဆေးကြည့်လိုက်သည်။

လီကျွင်းနှင့် ယန်းလီလင်းတို့က သူတို့ ကျင့်ကြံရာမှ ထွက်လာပြီး ကမ္ဘာအနှံ့ ခရီးသွားသည့်အချက်မှလွဲ၍ သိသိသာသာ ထူးခြားချက် မရှိပေ။

ထို့နောက် ရုတ်ချည်းဆိုသလို သူ့ရှေ့တွင် တစ်စုံတစ်ယောက် ပေါ်ထွက်လာ၏။

“ ဘိုး …”

ဝမ်ဝေ့က တစ်စုံတစ်ခုကို အမှတ်ရသွားကာ သက်ပြင်းချလိုက်၏။

“ ငါ့ကို အကြီးအကဲဓားလို့ ခေါ်လို့ရတယ်” ဓားအရှင်က အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ကျေးဇူးပါ”

“ သူက မင်းအတွက် အဓိပ္ပာယ်အများကြီး ရှိတယ်ဆိုတာကို ပြောနိုင်တယ်”

“ ဟုတ်တယ်”

ဝမ်ဝေ့က သူ့ဘဝတွင် လမ်းညွှန်ပေးသူများစွာ မရှိခဲ့ပေ။ သူ့တွင် သူ့ကို သင်ကြားပေးဖို့ သင့်တော်သည့် ဆရာပင် မရှိခဲ့ဖူးပေ။ ဝမ်ဝူချန်က ထိုတာဝန်ကို ဖြည့်စည်းပေးခဲ့ပြီး သူ့အတွက် လမ်းညွှန်မှုနှင့် ကာကွယ်မှုကို တောင်းဆိုနိုင်သည့်သူတစ်ဦးလည်း ဖြစ်၏။

ယန်းချန်က သူ့တာအိုကာကွယ်သူ ဖြစ်သော်လည်း သူ အင်အားကြီးလာသည်နှင့်အမျှ ထိုလူ၏ တာဝန်က အရေးမပါတော့ပေ။ သို့သော်လည်း ဝမ်ဝူချန်ကမူ ကွဲပြားလေသည်။ သူက အခက်အခဲ ပြဿနာတချို့နှင့် ရင်ဆိုင်ရတိုင်း ဝမ်ဝေ့က ထိုသူကို အားကိုးနိုင်ကြောင်း သိထားသည်။

“ ဒါက မင်းအတွက်” ဓားအရှင်က ပစ္စည်းနှစ်ခုကို ထုတ်ပေးလာသည်။ သိုလှောင်လက်စွပ်တစ်ကွင်းနှင့် အဆောင်တစ်ခု ဖြစ်၏။

“ သိုလှောင်လက်စွပ်ထဲမှာ ဂမ္ဘီရကို ကျင့်ကြံတဲ့ ဧကရာဇ်ရဲ့ သွေးပါတယ်။ သူက ကိုင်တွယ်ရခက်တယ်။ ကံဆိုးတာက ဒုတိယတန်းစား ဧကရာဇ်အဆင့်ပဲ ရှာတွေ့နိုင်ခဲ့တယ်။ အဲဒါကြောင့် မင်းအတွက် ပထမတန်းစား ဧကရာဇ်သွေးပုလင်းတချို့ကိုပါ ချန်ထားပေးခဲ့တယ်”

ဝမ်ဝေ့က သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အကြည့်များ တောက်ပလာသည်။

“ အဆောင်အတွက်ကတော့ အထွေထွေသောင်းပြောင်းရဲ့ အကောင်းဆုံးလက်ရာပဲ။ ဒါနဲ့ဆိုရင် မင်းက အတုအယောင် ထာဝရဧကရာဇ်ဆီကနေ ထွက်ပြေးနိုင်ပြီးတော့ ထာဝရဧကရာဇ်ရှေ့မှာ မိနစ်ပိုင်းကြာ အသက်ရှင်နိုင်လိမ့်မယ်။ အဲဒါက ငါတို့အတွက် မင်းကို လာကယ်ဖို့ အချိန်လုံလောက်တယ်”

“ ကျွန်တော်လည်း အဲ့လို တူညီတဲ့ အရာတစ်ခုခုကို တောင်းဆိုဖို့ လုပ်နေတာ။ ဒါပေမဲ့ ဒီလောက်အထိ မျှော်လင့်မထားမိဘူး”

“ ဒီလိုအဆောင်အဆင့်မျိုးက ငါတို့ဂိုဏ်း၏ အစစ်အမှန်အုတ်မြစ်လို့ ယူဆလို့ ရတယ်။ ငါတို့က ပျက်သုဉ်းခြင်းကပ်ဘေးတွေမှာ ရင်ဆိုင်တဲ့အခါမျိုးပဲ သုံးလေ့ရှိတာ။ ဒါပေမဲ့ မင်းက အဖိုးတန်ပြီးတော့ မတော်တဆဖြစ်ရပ်တွေကို ဆွဲဆောင်နိုင်တဲ့သူဆိုတော့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင်အထိ မင်းရဲ့ အသက်ရှင်မှုကို ဘေးကင်းအောင် လုပ်ဖို့ လိုအပ်တယ်”

“ ဒါက ချီးကျူးတာလား။ အပြစ်ပြောတာလား”

“ နှစ်ခုလုံးပဲ”

ဝမ်ဝေ့က ပုခုံးတွန့်လိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိသွားကာ သူ့သိုလှောင်လက်စွပ်ထဲမှ ထုတ်လိုက်ပြီး သူမဆီ ပေးလိုက်သည်။

All Chapters