အပိုင်း(၄၄၁)
Vol. 30 Ch. 441
ရှစ်ဖုန့်က တောင်ကြားချိုင့်ဝှမ်းအတွင်း ရှိ ထူထပ်အုံ့ဆိုင်းနေသော မီးခိုးဖြူရောင်မြူများထံသို့အချိန်
ခဏမျှကြည့်လိုက်သည်။နောက်ဆုံးတွင် သူက တုန့်ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ တောင်ကြားချိုင့်ဝှမ်းအတွင်းသို့ခြေချလိုက်၏။
ရှစ်ဖုန့်တောင်ကြားချိုင့်ဝှမ်းအတွင်း
သို့ဝင်ရောက်ပြီးသည့်နောက် အမေနှင့်သမီးဖြစ်သူမှာလည်း သူမတို့အတွက် အရမ်းအရေးပါသောသူကိုရှာဖွေရန် တောင်ကြားချုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
ရှစ်ဖုန့်က သူ၏ကိုယ်ပိုင် အလိုလိုသိစိတ်အား မှီခိုအားထားပြုသည်ဖြစ်သည်။ သူ၏မြင်ကွင်းလမ်းကြောင်းအား ကာဆီးခံထားရပြီး ရှင်းလင်းစွာမြင်နိုင်ခြင်းမရှိသော်လည်း တောင်ကြားချိုင့်ဝှမ်းအတွင်း ရှေ့သို့တည့်တည့်ဆက်လက်၍သူလျှောက်သွားသည်။ ယခုအချိန်ထိတိုင် သူ၏နောက်တွင်ရှိနေသော အမေနှင့်သမီးဖြစ်သူတို့၏ အရှိန်အဝါက သူနှင့်သိပ်ဝေးကွာခြင်းမရှိပေ။ရှစ်ဖုန့်အနေဖြင့်သူမတို့မှလွဲ၍ အခြားမည့်သည့်သက်ရှိတို့၏ အရှိန်အဝါ လက္ခဏာကိုမှ အာရုံခံနိုင်ခြင်းမရှိသေးပေ။
ခြေလှမ်းသံများက ဆိတ်ငြိမ်သော တောင်ကြားချိုင့်ဝှမ်းအတွင်းတွင် ခြောက်ခြားဖွယ်ပဲ့တင်ထွက်ပေါ်နေသည်။ ၎င်းတို့မှာရှစ်ဖုန့်နှင့် သားအမိနှစ်ဦးတို့၏ ခြေသံများပင်ဖြစ်သည်။
“ဝူရှန့်ရေ”
“ဝူရှန့် မင်းဒီမှာရှိနေလား..မင်းငါ့အသံ
ကိုကြားနိုင်လား”
ရှစ်ဖုန့်က ဆက်လက်လျှောက်လှမ်းနေရင်းအော်နေသည်။
“အဖေ..အဖေဒီမှာရှိနေလား..အဖေ..”
ကောင်မလေးကလည်း ရှစ်ဖုန့်ကို အတုခိုး၍ အော်လိုက်သည်။
“အရူးမလေး.. သမီးအဖေက သမီးအသံကိုကြားတယ်ဆိုရင်တောင် သမီးကသူ့ကိုခေါ်နေတယ်ဆိုတာကို သူသိမှာမဟုတ်ဖူး,,”
လှပသောအမျိုးသမီးက ကောင်မလေးအားပြောလိုက်သည်။
“အိုး..ဟုတ်သား”
ကောင်မလေးက နားလည်သဘောပေါက်သွား
သောဟန်ဖြင့် ခေါင်းညိမ့်ပြသည်။
“ဟုတ်ပြီ အမေ..ကြည့်လိုက်အုံး.. ဟိုမှာ အနက်ရောင်အရိပ်တစ်ခုရှိနေတယ်.. အဲ့တာကလူနဲ့တူတယ်. အဖေများလား”
ထို့နောက် ကောင်မလေးက ရှေ့သို့ထိုးညွှန်ပြ၍ မေးလိုက်သည်။
ထူထပ်အုံ့ဆိုင်းနေသော မီးခိုးရောင်မြူများအတွင်း အနက်ရောင်အရိပ်တစ်ခုက ဝိုးတိုးဝါးတားဖြစ်ပေါ်နေသည်။ ၎င်းမှာ လူတစ်ယောက် ၏ ပုံစံရှိနေ၏။
“ချူးယွဲ့လား”
ပုံရိပ်အားကြည့်နေရင်း လှပသောအမျိုးသမီးဖြစ်သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ဖြစ်ပေါ်လာသည်။သူမ၏ချစ်လှစွာသောခင်ပွန်းဖြစ်သူမှာ ဤတောင်ကြားအတွင်း၌ရှိနေသည်ကို သူမအာရုံခံနိုင်သည်ဖြစ်သည်။
သူမတို့နှစ်ယောက်သား ရှေ့တွင်ရှိနေသော ပုံရိပ်ထံသို့ အလျှင်အမြန်လျှောက်သွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ရှစ်ဖုန့်မဟုတ်သည်ကိုသူမတို့သ
ိသောကြောင့်ဖြစ်၏။ ရှစ်ဖုန့်က သိပ်မဝေးသော အခြားတစ်ဖက်တွင် “ဝူရှန့်” ဟုအော်နေသည်ဖြစ်သည်။
စိတ်လှုပ်ရှားမှုတို့ပြည့်နှက်စွာဖြင့် အမျိုးသမီးနှစ်ယောက်တို့မှာ အနက်ရောင်ပုံရိပ်ထံသို့ နီးကပ်သည်ထက်နီးကပ်လာသည်။ မရှင်းလင်းသောမြူများအတွင်းမှ ပုံရိပ်၏မျက်နှာအားမြင်တွေ့လိုက်
ရသောအခါတွင် သူမတို့၏ အမူအယာမှာ ပြင်းပြင်းထန်ထန်ကို ပြောင်းလဲသွားသည်။
“အား”
မိန်းမငယ်လေး၏ ပါးစပ်မှ အလန့်တကြားအော်ဟစ်သော
အသံတစ်ခုထွက်ပေါ်လာသည်။
အမျိုးသမီးနှစ်ဦး၏မျက်လုံးတို့အတွင်း
ဝင်ရောက်လာသည်မှာ ဆိုးရွားသောမျက်နှာတစ်ခုဖြစ်သည်။
ဆွေးမြေ့နေသောမျက်နှာပေါ်တွင် မျက်လုံးတို့က သူငယ်အိမ်အတွင်း အဆက်မပြတ်လည်ပတ်နေပြီး သူငယ်အိမ်တို့ထဲမှာ ခုန်ထွက်ကျလာတော့မည့်သကဲ့သို့ပင်ဖြစ်သည်။ ထို့နောက်တွင် မျက်ဆံနှစ်လုံးက အမျိုးသမီးနှစ်ဦးအား စိုက်ကြည့်နေ၏။
“ခရား”
ဆိုးရွားစုတ်ပြတ်နေသောမျက်နှာက ထူးဆန်းသောအသံတစ်ခုကိုပြုလုပ်လိုက်သည်။ ထို့နောက် ၎င်း၏ ဆွေးမြေ့နေသော လက်သည်းနှစ်ခုအား ဆန့်ထုတ်ပြီး အမျိုးသမီးနှစ်ဦး၏ မျက်နှာထံသို့ ဆုပ်ကိုင်လိုက်သည်။
လက်သည်းနှစ်ခုအတွင်း ရေခဲအလင်း တန်းနှစ်ခုကတောက်ပနေသည်။ ၎င်းမှာ ရေခဲဓာတ်အခြေပြု ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ လက်သည်းနှစ်ခုအတွင်းမှဖြစ်ပေါ်လာသော စွမ်းအားက တကယ်ကို ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်အ
ဆင့်သို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူမတို့ထံသို့လာနေသော လက်သည်းများအားကြည့်ရင်း အမျိုးသမီးနှစ်ဦးမှာ သူမတို့ထံသို့လာနေသည့် စွမ်းအားကြီး စွမ်းအင်တို့ကိုအာရုံခံမိလိုက်သည်။ သူမတို့၏ကိုယ်မှာနောက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းဆုတ်ခွာသွားသည်။ထို့နောက်တွင် အမျိုးသမီးနှစ်ဦး၏ ရှေ့၌ မီးခိုးဖြူရောင်မြူအတွင်းမှပုံရိပ်က
ပေါ်လာသည်။
သူသည်ဟောင်းနွမ်းစုတ်ပြတ်နေသော အဝတ်အစားတို့အားဝတ်ဆင်ထားပြီး ဆံပင်တို့ကရှုပ်ပွနေကာ သူ၏ ပုတ်သိုးဆွေးမြေ့ဆိုးရွားသောအသားများက ပေါ်နေသည်။ သူ့ထံမှာ ဆိုးရွားသော အနံ့အသက်တစ်ခုပင် ထွက်ပေါ်နေ၏။ ၎င်းမှာ လှုပ်ရှားနိုင်သော ပုပ်သိုးဆွေးမြေ့နေသည့် အလောင်းကောင်တစ်ခုကဲ့သို့ပင်ဖြစ်သည်။
အမျိုးသမီးနှစ်ဦးက နောက်သို့လျှင်မြန်စွာပျံသန်းဆုတ်ခွာလိုက်သည်။ သေသည်ရှင်သည်သိရခြင်းမရှိသော ကျင့်ကြံသူ၏လှုပ်ရှားမှုက အမျိုးသမီး နှစ်ဦးထက်ပို၍ မြန်ဆန်နေသည်။မျက်စိတစ်မှိတ်အတွင်း သူက အမျိုးသမီးနှစ်ဦး၏ ရှေ့သို့ရောက်လာသည်။ လက်သည်းနှစ်ခုက အမျိုးသမီးနှစ်ဦး၏ မျက်နှာထံသို့တစ်ကြိမ်ထပ်မံ၍ ရောက်ရှိလာပြန်၏။
ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်
တစ်ယောက်၏ စွမ်းအားက အမျိုးသမီးနှစ်ဦး ရင်ဆိုင်နိုင်သော အရာမဟုတ်ပေ။ သို့သော် အမျိုးသမီးနှစ်ဦးမှာ ဤအရာအား မြင်တွေ့လိုက်ရသောအခါတွင် အလိုအလျောက်ခုခံလိုက်ကြသည်။
သူမတို့လက်အတွင်းရှိနေသော ဓားနှစ်ချောင်းက တောက်ပသောအလင်းတစ်ခုလင်း
လက်နေ၏။ သူမတို့က သူမတို့၏ ခန္ဓာကိုယ်မှ စွမ်းအားအားလုံးအားစုစည်းပြီး သူမတို့အားဆုပ်ကိုင်ရန်လာနေသည့် လက်သည်းနှစ်ခုထံသို့ ထိုးသွင်းလိုက်သည်။
“ဝါး”
ရုတ်တရက် ပုပ်သိုးဆွေးမြေ့နေသော အလောင်းနှင့်တူသည့် ပုဂ္ဂိုလ်မှာ ကောင်းကင်ထက်သို့မော့၍ ထူးဆန်းသော အော်ညည်းသံတစ်ခုကိုအော်ဟစ်လိုက်သည်။ ၎င်းမှာနာကျင်မှုကြောင့်အော်သည့်ထူးဆန်းသောအသံနှင့်တူသည်။
အမျိုးသမီးနှစ်ယောက်အံ့အား
သင့်သွားကြသည်။ သူမတို့၏ဓားများက ထိုလူ၏ လက်သည်းများအားထိုး
ဖောက်မသွားသော်လည်း ပုပ်သိုးဆွေးမြေ့နေသောအလောင်းကောင်မှာ တိုက်ခိုက်မှုကိုခံခဲ့ရပုံပေါ်သည်။
ထို့နောက် သွေးနီရောင်ဓားရှည်တစ်လက်က ပုပ်သိုးဆွေးမြေ့နေသောမျက်နှာအား ဖောက်ထွက်လာသည်ကို သူမတို့ရှင်းရှင်းလင်းလင်းမြင်လိုက်ကြရသည်။ ဆိုးရွားသော အလောင်းကောင်၏နောက်တွင် မီးခိုးဖြူရောင်မြူများအတွင်း ငယ်ရွယ်ချောမော ယောက်ျားပီသသော မျက်နှာတစ်ခုက မပီမပြင်ပေါ်နေ၏။
“ထပ်ပြီးတော့ သူပဲ..သူငါတို့ကိုကယ်လိုက်ပြန်ပြီ”
မိန်းမငယ်လေးက ယောက်ျားပီသ ချောမောသော မျက်နှာအားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
“ကျေးဇူး…ကျေးဇူးတင်ပါတယ်..
ကျေးဇူးအရမ်းတင်ပါတယ်..ရှင်ကျွန်မတို့ကို ထပ်ပြီးကယ်လိုက်ပြန်ပြီ”
လှပသော အမျိုးသမီးမှာ ရှစ်ဖုန့်အား မြင်တွေ့ပြီးနောက် ဣန္ဒြေရှိစွာဖြင့် ထပ်မံကျေးဇူးတင်စကားဆိုလိုက်သည်။
သေရေးရှင်ရေးအခြေအနေနှစ်ခု အန္တယ်ရယ်ရှိသော အခြေအနေနှစ်ခုတွင် ဤလူငယ်က ချက်ချင်း ခြေစုံပစ်ဝင်၍ သူမတို့၏အကြပ်အတည်းများအား ဖြေရှင်းပေးရန် ဝင်ရောက်ကူညီခဲ့သည်။
“အဲ့အချိန်တုံးက သူက သွေးအေးသတ်ဖြတ်ခြင်းမိစ္ဆာတစ်
ကောင်လို့ထင်ခဲ့တာ.. အခု တော့ သူက ငါနဲ့ ငါ့အမေကို ဆက်တိုက်ကို ကယ်တင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး…ဒီလူက အခြားသူတွေနဲ့ ကွဲပြားတယ်လို့ ငါအမြဲတမ်းခံစားရတယ်”
မိန်းမငယ်လေးက ရှစ်ဖုန့်အား ကြည့်၍ သူမကိုယ်သူမပြောလိုက်သည်။
“ခရား”
“ရပါတယ်”
လှပသောအမျိုးသမီးဖြစ်သူ၏ ဒုတိယမြောက်ကျေးဇူးတင်စကားအားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်က လုံးဝဂရုမစိုက်သည့်ဟန်ဖြင့် လက်ကိုဝေ့ယမ်းပြလိုက်သည်။ သူ၏အကြည့်အား သွေးဓားဖြင့် ထိုးစိုက်ထားသော အလောင်းကောင်အပေါ်၌ အာရုံစူးစိုက်ထားသည်။ ဤအချိန်တွင် အလောင်းကောင်မှာ ဆွေးမြေ့နေကာ ထူးဆန်းသော အော်ဟစ်သံကို ဆက်လက်အော်မြည်နေသည်။
ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီးသူ့ဖာသာ
သူပြောလိုက်သည်။
“ဒီထူးဆန်းတဲ့အရာက ဘာလဲ…ဒါက လူသားနဲ့လည်းမတူဘူး..တစ္ဆေလည်းမဟုတ်ပြန်ဘူး..ယင်းအလောင်းကောင်နဲ့လည်း
တူညီမှုမရှိဘူး”
“ဒါကသေခြင်းတားမြစ်နယ်မြေထဲမှာ သေသွားတဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်.. အလောင်းက သေခြင်းတားမြစ်နယ်မြေရဲ့ ဆန်းကြယ်စွမ်းအား သက်ရောက်မှုကိုခံရပြီး ဒီလိုဖြစ်လာတာပဲ…ဒါပေမဲ့.. သူသေပြီးတာတောင် အသက်ရှင်စဉ်ကလိုမျိုးစွမ်းအားတွေရှိနေသေးတယ်”
ထို့နောက် ရှစ်ဖုန့်က အလောင်းကောင်အပေါ်တွင် အမှတ်အသားတစ်ခုကိုရိုက်နှက်လိုက်သော်လည်း အလောင်းကောင်အား ရိုက်နှက်ပြီးသည်နောက်၌ အမှတ်အသားမှာ ချက်ချင်းပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူ့အနေဖြင့် အလောင်းကောင်အား ထိန်းချုပ်နိုင်ခြင်းမရှိပေ။
သူ့အနေဖြင့် ၎င်းအား ကိုယ်တိုင်ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ရှစ်ဖုန့်၏လက်အတွင်းမှသွေးဓားကတုန်ခါသွားသည်။ ရုတ်ခြည်း တောင်ပနီရဲသော နတ်ဆိုးမီးတောက်တို့က သွေးဓားထံမှထွက်လာသည်။ ပုပ်သိုးဆွေးမြေ့နေသော အလောင်းကောင်၏ ဦးခေါင်းက အရင်ဆုံးလောင်ကျွမ်းသွားသည်။
နတ်ဆိုးမီးတောက်တို့က လျှင်မြန်စွာ အလောင်းကောင်အား ကူးသန်း ပျံ့နှံ့သွားပြီး အလောင်းမှာ သွေးနီရောင်မီးတောက်တို့၏ ပြာဖြစ်သည်အထိ လောင်ကျွမ်းခြင်းကိုခံလိုက်ရသည်။
“သတိထား”
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်အား ကြည့်နေသောမိန်းကလေးမှာ ရှစ်ဖုန့်က ဆွေးမြေ့နေသည့်အလောင်းအား သွေးနီရောင်မီးတောက်တို့ဖြင့် လောင်ကျွမ်းနေချိန်တွင် ရုတ်တရက် အလန့်တကြားအော်ပြောလိုက်သည်။ သူမအနေဖြင့် အခြား ဆွေးမြေ့နေသောလက်တစ်ဖက်က ရှစ်ဖုန့်၏ ဦးခေါင်းထက်၌ပေါ်လာပြီး ရှစ်ဖုန့်အား ဆုပ်ကိုင်လိုက်သည်ကိုတွေ့လိုက်ရသည်။
“ဟမ့်”
ရှစ်ဖုန့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ရုတ်တရက် ကြမ်းကြုတ်သော သွေးနီရောင်မီးတောက်တစ်ခုက သူ၏ခေါင်းထက်မှ ဟုန်းခနဲထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့ထိုးတက်သွားသည်။
ရှစ်ဖုန့်အား ဆုပ်ကိုင်တော့မည့်ဆွေးမြေ့နေသောလက်မှာ ရုတ်ခြည်းဆိုသလို သွေးနီရောင်မီးတောက်တို့၏လောင်ကျွမ်းမှုအားခံလိုက်ရသည်။
“ခရား..ခရား”
ရှစ်ဖုန့်၏ အနောက်ဘက်မှ ထူးဆန်းသောနာကျင့်သည့် အော်သံတစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်ကလှည့်လိုက်သောအခါတွင် အခြားပုပ်သိုးဆွေးမြေ့နေသည့် အလောင်းကောင်တစ်ကောင်အားတွေ့လိုက်ရသည်။ ဤအလောင်းမှာ စုတ်ပြဲနေသော အနီရောင်ဝတ်စုံတစ်ခုအားဝတ်ဆင်ထားသည်။ ၎င်းမှာ အသက်ရှင်စဉ်က အမျိုးသမီးတစ်ယောက်ဖြစ်ရမည်ဖြစ်သည်။
သို့သော် ရှစ်ဖုန့်အနေဖြင့် ၎င်းက ယောက်ျားလား မိန်းမလားဟူ၍ ဂရုစိုက်မနေချေ။ သူက အမျိုးသမီး၏ရင်ဘက်ထံသို့ သူ၏ဓားအားထပ်မံထိုးသွင်းလိုက်သည်။
ထို့နောက်တွင် သွေးနီရောင်မီးတောက်တို့က ဓားပေါ်တွင်တောက်လောင်လာပြီး အလောင်းကောင်အား ပြာဖြစ်သည်အထိ ခဏလေးအတွင်းလောင်ကျွမ်းသွားသည်။
“ဒီအလောင်းကောင်က ကြီးမားတဲ့စွမ်းအားနဲ့အလောင်း
ကောင်ဖြစ်ပုံရတယ်”
လှပသောအမျိုးသမီးက ရှစ်ဖုန့်၏နောက်ကျောအားကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
သေခြင်းတားမြစ်နယ်မြေမှာ ရိုးရှင်းစွာဖြင့်ပင် သူတို့အတွက်အန္တရာယ်များ
လွန်းသည်ဖြစ်သည်။
“လူငယ်လေး”
ဤအချိန်တွင် လှပသောအမျိုးသမီးက ရှစ်ဖု့န်အား လေးစားစွာဖြင့် နောက်ကျောဘက်မှနေ၍ခေါ်လိုက်သည်။
လှပသောအမျိုးသမီး၏ အော်သံအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က သူ၏ခေါင်းအားလှည့်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်၍ သံသယရှိမှုကိုဖော်ပြပြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ဆက်ရန်………..
ဘာသာပြန်သူ-ARISE