နာမည်ကြီးပြီ
Vol. 2 Ch. 18
အခန်း (၁၈)
နာမည်ကြီးပြီ
Luck တစ်ယောက် အပေါ်ပိုင်းဗလာ အောက်ပိုင်း တဘက်တစ်ထည်သာရှိသဖြင့် အမြန် ဆိုင်ကယ်ပေါ် တက်ခွ ပြီး ထွက်ပြေးသွားလေတော့သည်။
“ ဝှီး ဘရွန်း ဘရွန်း ”
နီးစပ်ရာ တည်းခိုခန်းတစ်ခုကို Luck အမြန်ဝင်ရောက်လိုက်သည်။ သူ ရေချိုးအဝတ်အစားလဲဖို့ လိုနေပြီ ဖြစ် သည်။
အုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူအချို့ကလည်း Luck ၏ တဘက်ကြီးပတ်ပြီး ဆိုင်ကယ်စီးသွားသည့်ပုံကို အမြန် Online ပေါ် တင်လိုက်ကြသည်။
မြို့တော်ဝန်က သူ့လူများကို အမိန့်ပေးလိုက်သည်။
“ မြန်မြန် ဆက်သွယ်ကြစမ်း ခုနက လွှတ်လိုက်တဲ့ သူရဲကောင်းက ဘယ်သူလဲဆိုတာ ”
ဆယ်စက္ကန့်ကြာပြီးနောက်
“ ဆရာ သူ့ကို ရေခဲမင်းသားလို့ ခေါ်ပြီး သူရဲကောင်းဖြစ်တာ မကြာသေးဘူးလို့ သိရပါတယ် သူ့နာမည်က Luck ပါ သူက ထိုင်းနဲ့ ထိုင်ဝမ်မှာ နာမည်ကြီးပါတယ် ”
မြို့တော်ဝန်အဒူလ်က ပြောလိုက်သည်။ “ သူက S အဆင့်နဲ့ S1 သားရဲကို ဘယ်လိုသတ်နိုင်တာလဲ ”
မြို့တော်ဝန်၏လက်ထောက်မှ ပြောလိုက်သည်။
“ သူက အဆိပ်ကို အသုံးပြုသွားပုံ ရပါတယ်ဆရာ ”
ထိုင်နိုင်ငံနှင့် ထိုင်ဝမ်ရှိ လူအများမှာလည်း ပါရှန်းပင်လယ်ကွေ့ဒေသတွင်
ရေခဲမင်းသားနှင့် မီးလျှံဖွတ်ကြီး တိုက်ခိုက်မှုမြင်ကွင်းများကို အွန်လိုင်းပေါ်နှင့် တီဗွီများတွင် မြင်တွေ့လိုက်ရသည်။
လူအချို့က အော်ဟစ်နေကြသည်။
“ ဟား ဟား ဒါ ရေခဲမင်းသားပဲကွ ”
“ ရေခဲမင်းသား ပျောက်နေတာ အခု သူရဲကောင်းဖြစ်နေပြီပဲ ”
“ ဒါဆို သူက တိုက်ပွဲကွင်းပြင်မှာ ဆက်တိုက်ဦးမှာလား ”
မိန်းကလေးတစ်ယောက်ကလည်း
“ ရေခဲမင်းသားက ကြည့်ကောင်းလိုက်တာ ”
“ ဟေ့ သူက ငါ့ကောင်လေးပဲ နင်တို့ရုပ်ကို လှည့်တောင် မကြည့်ဘူး ” မိန်းကလေးအများစုကလည်း ငြင်းခုံပြောဆိုနေကြလေသည်။
မစ္စတာလင်းဖန်တစ်ယေက် အရက်သောက်ရင်း TV ကြည့်နေရာမှ
“ ဟား ဟား ဟား ” “ ကောင်းလိုက်တာ ”
“ ကောင်လေး နောက်ဆုံးတော့ မင်းဆန္ဒတွေ ပြည့်ပြီပေါ့ ”
ဒါပေမယ့် ငါ့ကိုမပြောတာတော့ မင်းလွန်သွားပြီကွ ငါနဲ့ တွေ့ဦးမယ် ”
Luck တစ်ယောက် တည်းခိုခန်းအတွင်း ရေမိုးချိုးပြီးနောက် စားသောက်ခန်းတွင် ထိုင်နေသည်။
Beer တစ်ခွက် လောက်ကစ်လိုက်ပြီးနောက်
“ အင်း ဒီအတိုင်းဆို ငါ့ ဝတ်စုံကို S1 အဆင့် ဝယ်ထားမှရမယ် ” Luck ရေရွက်လိုက် သည်။
“ အင်း လေးလကြာ သင်တန်းတက်ပြီးတော့ ငါ အိမ်ပြန်ရတော့မှာပဲ ရေနံတွင်းက အလုပ်သမားကိစ္စ ပြီးရင် ထိုင်းကို ငါပြန်မယ် ” Luck တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ရင်ဘတ်တွင် ထိုးထားသော ရွှေရောင်ရင်ထိုးကို လက်ဖြင့် စမ်းလိုက်ပြီး “ အင်း ရစ်ချီသာ ငါ့ကို သူရဲကောင်း အဖြစ် မြင်သွားရင် ဘယ်လိုနေမလဲ ဟား ဟား ဟား ” “ သူ ငါ့ကို စိတ်ကောက်အုံးမှာလား ” Luck တွေးနေမိ သည်။
မကြာမီ စားသောက်ခန်းအတွင်း အနောက်တိုင်းဝတ်စုံ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော ထောင်ထောင်မောင်းမောင်း မုတ်ဆိတ်မွှေးများဖြင့် လူတစ်ဦး Luck အနားရောက်လာပြီး ပြောလိုက်သည်။
“ မစ္စတာ Luck ကျနော်က ဒီမြို့ရဲ့ မြို့တော်ဝန်ပါ ”
“ ပထမဆုံး ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ ”
“ ဒါက ကျနော့်ရဲ့ လက်ဆောင်ပါ ”
Luck ကို ရွှေရောင်ဗူးအတွင်း ထည့်ထားသော အရည်လဲ့နေသည့် ကျောက်စိမ်းပြားလေးတစ်ချပ် ပေးလေသည်။
“ အိုး ဒါက S3အဆင့် ကျောက်စိမ်းပြားပဲ ”
Luck တအံ့တသြ ရေရွတ်လိုက်လေသည်။
“ ဟုတ်ပါတယ် ဒါက S3 အဆင့် တိုက်ခိုက်မှုရန်ကနေ သုံးခါ ကာကွယ်ပေးနိုင်ပါတယ် ”
“ အိုး မလုပ်ပါနဲ့ ဈေးကြီးလွန်းပါတယ် ” Luck က ပြောလိုက်ပြီး လက်ကတော့ အမြန်ပဲ ကျောက်စိမ်းကို ဆွဲယူလိုက်လေသည်။
မြို့တော်ဝန် အဒူလ်က “ အဟမ်း အဟမ်း ဟား ဟား ဟား ” ချောင်းတစ်ချက်ဆိုးကာ ရယ်မောလိုက်လေသည်။
တစ်နာရီကြာ စကားပြောပြီးနောက် မြို့တော်ဝန် ပြန်သွားလေသည်။ မကြာမီ သူစေခိုင်းထားသော လူတစ်ဦးမှ ဖုန်းဆက်လေသည်။
“ ဆရာ ရေနံတွင်းလုပ်သားတွေကို ရှာတွေ့ပြီ သူတို့ ရေနံကို ခိုးရောင်းဖို့လုပ်ရင်းလူဆိုးဂိုဏ်းတစ်ခုက ဖမ်းထားတာပါ ”
“ အခု နေရာသိရပါပြီ ”
“ ဟုတ်ပြီ ငါတို့ သူတို့နေရာကို ဝိုင်းကြမယ် ”
[ အစိုးရအဖွဲ့များ၏ ဝင်ရောက်ဖမ်းဆီးမှုကြောင့် ရေနံတွင်းလုပ်သားများကို အကြပ်ကိုင်၍ စီးပွားရှာနေသော လူဆိုးဂိုဏ်းကို ဖမ်းမိခြင်း ]
TV တွင် လူဆိုးဂိုဏ်းသားများကို ဖမ်းဆီးထားမှုနှင့် အသက် ၁၈နှစ်အရွယ် ကြီးကြပ်ရေးမှူးတစ်ဦးကို လူကြည့် များနေသည်။
“ အိုး ရေခဲမင်းသားက လူဆိုးတွေကို ဖမ်းတာပဲ ”
ရှစ်နှစ်အရွယ် ကလေးမလေးတစ်ဦးက အော်ဟစ်လိုက်သည်။ ၁၄ နှစ်အရွယ် ကလေးတစ်ယောက်ကလည်း ပြောလိုက်သည်။ “ ရေခဲမင်းသား သားတို့မြို့မှာရှိရင် ကောင်းမယ်နော် ”
အခုတော့ ရေခဲမင်းသားခေါ် Luck မှာ သူရဲကောင်းအသစ်တစ်ဦးအဖြစ် နာမည်ကြီးနေပြီ ဖြစ်သည်။ နိုင်ငံအနှံ့ ကလည်း အကြီးအကဲအဖြစ် ခေါ်ယူလိုနေကြသည်။
နှစ်ရက်ကြာပြီးနောက် Luck တစ်ယောက် ထိုင်းသို့ ပြန်ရောက်ခဲ့လေပြီ။ ပြောင်းလဲသွားသော သူ့အခြေအနေကို သူကျေနပ်လေသည်။
[ တီ ]
ထိုင်းအခြေစိုက် 24 Hour သတင်းစာက သင့်ကို ဆက်သွယ်လာပါတယ် ] A.I ရဲ့အသံ ထွက်လာသည်။
[ ငြင်းဆိုမယ် ] Luck အမြန်ပြောလိုက်သည်။
အချိန်ခဏအထိတော့ သူ နာမည်ကျော်မှုကို Luck မလို ချင်ပေ။ Luck က သူ့ကိုယ်ကို သူသိသည်။ S အဆင့်ဆိုသည်မှာ အစပဲ ရှိသေးသည်ဆိုတာပဲ ဖြစ်သည်။ S1 အဆင့်ကို တစ်နှစ်အတွင်းရောက်ရန် သူကြိုးစားမည်ဟု ဆုံးဖြတ်ထားလေသည်။
“ ဟာ ရစ်ချီဆီကို ဖုန်းခေါ်ရမှာပဲ ”
“ တွီ ” “ ဟေ့ Luck ဘယ်လိုလဲ မင်းသူရဲကောင်း ဖြစ်ပြီ ဟား ဟား ဟား ”
Luck ရုတ်တရက် ကြောင်သွားသည်။ “ ငါ ရစ်ချီဆီ ခေါ်တာပါဟ ဘကြီးတိုးက ဘာလို့ ကိုင်တာလဲ ”
Luck ကြည့်လိုက်တော့ ဘကြီးတိုးဘေးနားတွင် ရစ်ချီထိုင်နေသည်။ သူမမျက်နှာကလည်း နီရဲလျက် ရှက်ရွံ့နေ ဟန်ရှိသည်။
ဘကြီးတိုးက Luck ကို ပြောလိုက်သည်။
“ ဟေး Luck ရေ မင်းသတင်းကြားတာ ဝမ်းသာလိုက်တာ မင်း အဆင်ပြေလား ”
“ ဟုတ်ကဲ့ ဘကြီး ” ဘကြီးတိုးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး
“ အေးကွာ ရှက်ရှက်နဲ့ ပြောရမှာပဲ ရစ်ချီမှာ ငါနဲ့ရတဲ့ ကိုယ်ဝန် သုံးလရှိနေပြီ ဟား ဟား ဟား ”
Luck တစ်ယောက်မျက်လုံးတွေပြာပြီး မိုးအုံ့မှိုင်းသွားသလို ခံစားလိုက်ရလေ၏။
“ ဘယ်လို ဘကြီးတိုး ဘကြီး အသက်အရွယ်နဲ့ဗျာ ”
“ အေးကွာ ငါလည်း ခြောက်ဆယ်ကျော်ဆိုပေမယ့် ရစ်ချီရဲ့ အပြုအစုမှာ နစ်မျောပြီး တစ်ညမှာ ငါတို့ နှစ်ယောက် ဂရုဏာတွေ ပိုသွား တာပေါ့ကွာ ”
Luck စကားမပြောနိုင်အောင် ဆွံ့အနေမိလေပြီ။
“ မမ ပြောတော့ ပြန်လာရင် မုန့်တွေစားပြီး လျှောက်လည်မယ်ဆို မမ စောင့်နေမယ်ဆို ” Luck ငူငူ ငိုင်ငိုင်ကြီး ဖြစ်သွားလေပြီ။
“ ဟေး Luck နောက်လဆို ငါတို့ လက်မှတ်ထိုးပြီး ပွဲကို ဒင်နာလုပ်မှာနော် မင်း သေချာလာခဲ့ရမယ် ”
“ ဘကြီး ကျနော် မအားလို့ နောက်မှ ပြန်ခေါ်လိုက်မယ် ”
Luck ဗီဒီယို Call ကို အမြန်ချလိုက်လေသည်။ Luck ရဲ့ မျက်ဝန်းအစုံမှ မျက်ရည်တစ်ချို့ လှိမ့်ဆင်းကျလာ လေပြီ။
ဆက်ရန်