ရှေးဟောင်းဓားကျိုး
Vol. 12 Ch. 160
ကွမ်ချောင်ရှန့် လိမ်ညာနေခြင်း မဟုတ်ပေ။
ကျင့်ကြံသူများသည် အစွဲအလမ်းများကို အလွန်ကြောက်ရွံ့၏။
၎င်းအတွေးများသာ စိတ်နှလုံးထဲ တာရှည်ခိုအောင်းလာပါက နှလုံးသားမိစ္ဆာမွေးဖွားလာကာ သူတို့၏ကျင့်ကြံခြင်းကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။
ကွမ်ချောင်ရှန့်က သူ့အား စိုက်ကြည့်ကာ ပြောလျှင် ဟန်မူယဲ့ကလည်း လက်နှစ်ဖက်ဆုပ်သည်။
“စီနီယာ… ဆေးလုံးဟာ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ ဒါက အထောက်အပံ့သက်သက်ပါပဲ။ ခင်ဗျားရဲ့ ကျင့်ကြံဆင့် မြင့်တက်ဖို့ဆိုတာကတော့ ကံတရားပါပဲ”
“ဟားဟား… ငါ သိတယ်… သိတယ်…”
သူက လက်ဝှေ့ယမ်းကာ ရယ်မောသည်။
“ငါက နှစ်ပေါင်းများစွာ ကျင့်ကြံလာပြီးပြီ။ ဒီလောက်က စာမဖွဲ့ဘူး”
“ငါက မိန်းကလေးပိုင်နဲ့ ပြောပြီးပြီ။ ဆေးလုံးကို ရရင် ငါ ကတိပေးထားတာကို ပေးမယ်”
ကွမ်ချောင်ရှန့်က ဟန်မူယဲ့ကို ဆက်ပြောသည်။
“မင်းဟာ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အာခီမီစံအိမ်ငယ်ထဲကို တက်လှမ်းခွင့်ရတဲ့ အသက်အငယ်ဆုံး အာခီမီပညာရှင်ပဲ။ ဒါက ငါ့အခွင့်အလမ်းလည်း ဖြစ်နိုင်တယ်”
ကွမ်ချောင်ရှန့်က သေချာပေါက် ကြီးမားသော အလောင်းအစားအတွက် ဟန်မူယဲ့နောက်ကြောင်းကို စုံစမ်းထားပေသည်။
“စီနီယာအောင်မြင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”
ဟန်မူယဲ့ကလည်း ပြုံးလျက် ပြောသည်။
ကွမ်ချောင်ရှန့်က မျက်တောင်ပင့်သည်။
“သခင်လေးဟန်… မင်း တစ်ရက်လောက် နားဦးမလား”
ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ ပြောသည်။
“စီနီယာ… ကျုပ်အတွက် အခန်းတစ်ခန်းသာ စီစဉ်ပေးပါ။ ပြီးတော့ ဆေးအမယ်တွေကို စီစဉ်ပေးပါ”
ဟန်မူယဲ့က ဆေးလုံးကို ချက်ချင်း ဖော်စပ်မည်ဆိုသောအခါ ကွမ်ချောင်ရှန့်လည်း ငြင်းပယ်ခြင်း မပြုပေ။
သူသည်လည်း အလျင်လိုနေသည်။
ဟန်မူယဲ့နှင့် ပိုင်စုကျန်းတို့အား နောက်ဘက်ခန်းတစ်နေရာသို့ ခေါ်လာပြီးနောက် ကွမ်ချောင်ရှန့်က ဟန်မူယဲ့အား အဝတ်အိတ်တစ်လုံးကို ထုတ်ပေးသည်။
ဟန်မူယဲ့က အိတ်ငယ်လေးအား ယူကာ စစ်ဆေးပြီးနောက် ခေါင်းညိတ်ကာ အခန်းထဲကို ဝင်လာသည်။
လင်းရှန်က တံခါးဝတွင် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရပ်နေသည်။
“စီနီယာကွမ်… ကျွန်မ လက်ဖက်ခြောက်အသစ် ရလာတယ်။ စောင့်ရင်းနဲ့ သွားသောက်ရအောင်…”
ပိုင်စုကျန်းက ပြုံးလျက် စိုးရိမ်ဟန်ရနေသော ကွမ်ချောင်ရှန့်အား ပြောသည်။
ကွမ်ချောင်ရှန့်က မသက်မသာပြုံးလျက် ပြောသည်။
“မိန်းကလေးပိုင်… ကျုပ် အားနာပါတယ်။ ဒါက ကျုပ်ရဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်နေတော့ စိတ်က မငြိမ်သက်နိုင် ဖြစ်နေတယ်”
“စီနီယာ… စိတ်ပူစရာမရှိပါဘူး။ စီနီယာအစ်ကိုဟန်လို အာခီမီပါရမီရှင်မျိုး ကျွန်မ မမြင်ဖူးသေးဘူး”
ပိုင်စုကျန်းက ပြုံးလျက် နောက်လှည့်ကာ ခန်းမထံသို့ ထွက်သွားသည်။
ကွမ်ချောင်ရှန့်က အခန်းထဲအား လှမ်းကြည့်ကာ အတန်ကြာ တွန့်ဆုတ်နေပြီးမှ သူမနောက်သို့ လိုက်ပါသွားခဲ့သည်။
…
အခန်းထဲတွင် ဟန်မူယဲ့သည် ကျောက်စိမ်းပြားတစ်ခုအား ထုတ်လိုက်သည်။ ၎င်းသည် ဂိုဏ်းမှ အကျိုးဆောင်မှတ်များဖြင့် လဲလှယ်ထားသော ချီပိတ်ဆို့ခြင်းဝင်္ကပါအစီအရင် ဖြစ်သည်။
သူက ကျောက်စိမ်းပြားအား ချီပို့လွှတ်၍ အသက်သွင်းလိုက်လျှင် ချက်ချင်းပင် ချီပိတ်ဆို့ခြင်းအစီအရင်တစ်ခု အခန်းထဲ ဖြစ်ပေါ်လာ၏။
ထို့နောက် သူက အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး၊ ဆေးအမယ်များနှင့် ဆေးပေါင်းဖို့များကို နေရာတကျ ချလိုက်သည်။
သူက ဆေးပေါင်းဖို့ကို လေထဲ မြှောက်လိုက်ကာ ဝိညာဉ်ချီမီးတောက်များဖြင့် အပူပေးလိုက်၏။ ထို့နောက် ဆေးအမယ်များကို တစ်ခုပြီးတစ်ခု ပစ်ထည့်သည်။ ထို့နောက် သူ၏ဓားချီများသည် ဆေးပေါင်းဖိုထဲသို့ အဆက်မပြတ် စီးဆင်းသွားကြ၏။
တစ်နာရီခန့် ကြာပြီးနောက် ဆေးပေါင်းဖိုသည် ညင်သာစွာ လည်ပတ်သွားကာ အလင်းတန်းသုံးခု ခုန်ထွက်လာသည်။
သို့သော်လည်း ဆေးလုံးများ ထွက်ပေါ်လာသည်နှင့် ဝင်္ကပါအစီအရင်၏တားဆီးခြင်းကို ခံရသည်။ ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ ဆေးလုံးများအား ဖမ်းယူလိုက်၏။
အင်မော်တယ်အဆင့်၊ ခရမ်းကျောက်ဆုံးဆေးလုံးသုံးလုံး။
ဆဌမတန်းစား ခရမ်းကျောက်စိမ်းဆေးလုံးများကို ကိုင်ထားရင်း သူ၏စိတ်ဝိညာဉ်မှ တောင့်တမှုတစ်စုံတစ်ရာကို ခံစားရသည်။
ခရမ်းကျောက်စိမ်းဆေးလုံးသည် ကောင်းကင်နှင့်မြေပြင်စွမ်းအားကို ဆင့်ခေါ်နိုင်သော ဆေးလုံးဖြစ်ကာ ၎င်းသည် စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်စွမ်းလည်း ရှိသည်။
ခေါင်းယမ်းကာ သူက ဆေးလုံး၂လုံးအား ဆေးပုလင်းငယ်ထဲသို့ အသေအချာထည့်ကာ သိမ်းဆည်းလိုက်သည်။ နောက်တစ်လုံးအား သူက လက်ဖြင့် ကိုင်ကာ ထရပ်၏။
အစီအရင်ကို ပြန်လည်သိမ်းဆည်းကာ သက အခန်းအပြင်သို့ ထွက်လာခဲ့သည်။
“ညီလေးဟန်… ပြီးသွားပြီလား”
ဟန်မူယဲ့ ထွက်လာလျှင် လင်းရှန်က အလျင်အမြန်မေးသည်။
“အဆင်ပြေလား… ဆေးလုံးရလား…”
ထိုစဉ်မှာပင် နောက်ဘက်ခန်းသို့ အပြေးအလွှား လှမ်းလာသော ခြေသံကို ကြားရသည်။ ကွမ်ချောင်ရှန့်ကား ဟန်မူယဲ့ရှေ့ကို ရောက်နှင့်ပြီး ဖြစ်သည်။
သူက နောက်ဘက်ခန်းမှ ချီဓာတ်လှုပ်ခတ်မှုကို ခံစားမိပြီးဖြစ်ရာ ဟန်မူယဲ့ ဆေးလုံးဖော်စပ်ပြီးကြောင်း သိလိုက်သည်။
“စီနီယာ… ကျုပ် ဆေးလုံးဖော်စပ်ပြီးပါပြီ”
ဟန်မူယဲ့က လက်ကို မြှောက်လိုက်သည်။
သူ၏လက်တွင်ကား မီးခိုးရောင်အလင်းများရစ်ပတ်ကာ အတွင်း၌ ကျောက်စိမ်းနှစ်ရောင် လွှမ်းခြုံထားသော ဆေးလုံးတစ်လုံး ရှိနေသည်။
သိသာစွာပင် ဆေးလုံးသည် အင်မော်တယ်အဆင့် ဖြစ်သည်။
ကွမ်ချောင်ရှန့်က အလျင်အမြန်ပင် လက်ဆန့်တန်းကာ ဆေးလုံးကို လှမ်းယူ၏။
သို့သော်လည်း ဟန်မူယဲ့က လက်ကို ပြန်ရုတ်လိုက်သည်။
“အဟမ်း… ကျုပ် နားလည်တယ်… ကျုပ် နားလည်တယ်…”
ကွမ်ချောင်ရှန့်က ခြောင်းဟန့်ကာ အိတ်ငယ်လေးတစ်လုံးကို ထုတ်ယူလိုက်သည်။
ဟန်မူယဲ့က အေးဆေးစွာ လှမ်းလာနေသော ပိုင်စုကျန်းအား လှမ်းကြည့်သည်။
ပိုင်စုကျန်းက အိတ်ငယ်လေးအား ယူလိုက်ကာ အသေအချာ စစ်ဆေးကြည့်သည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ ပြောသည်။
“ဒီအိတ်ထဲက ရတနာပစ္စည်းတွေဟာ ဝိညာဉ်ကျောက်တုံး ၁.၃သိန်း တန်ဖိုးရှိတယ်”
၎င်းကား အမြင့်ဆုံးအရည်အသွေး ခရမ်းကျောက်စိမ်းဆေးလုံး၏တန်ဖိုး ဖြစ်သည်။
အင်မော်တယ်ဆေးလုံးတန်ဖိုးကား ထို့ထက် မြင့်ပေသည်။
ကွမ်ချောင်ရှန့်က လက်မြှောက်လိုက်လျှင် သူ၏လက်ထဲ၌ နှစ်ပေခန့် ရှည်သော ဓားတစ်လက်ပေါ်လာသည်။
ဓားကား အသွားကျိုးနေ၏။
သို့သော်လည်း ဓားထံမှ ချီဓာတ်အငွေ့အသက်များအား ခံစားရသည်။ ဓားသည် ပျက်စီးနေသော်လည်း ၎င်းထံမှ ထက်ရှသော အငွေ့အသက်များအရ အလွန်စွမ်းအားကြီးသော ဓားတစ်လက် ဖြစ်ခဲ့မည်မှာ သေချာ၏။
“ကျုပ်က ဒီဓားကို ရှေးဟောင်းအပျက်အစီးနေရာတစ်ခုမှာ တွေ့ခဲ့တာ။ ဓားဟာ အရမ်းစွမ်းအားကြီးတယ်။ ဒါက ကျိုးသွားတဲ့အတွက် စွမ်းအားအများစု ပျက်ပြယ်သွားခဲ့တယ်”
ကွမ်ချောင်ရှန့်က ဓားကို ညင်သာစွာ ပွတ်သပ်ကာ စိတ်ခံစားချက်ကြီးစွာ ပြောသည်။
“ဓားရဲ့စွမ်းအားအများစု ပျက်ပြယ်သွားတာ မဟုတ်ရင် ကျုပ်လည်း မိတ်ဆွေလေးဟန် ခရမ်းကျောက်စိမ်းဆေးလုံးဖော်စပ်တာကို စောင့်ဖြစ်မှာ မဟုတ်ဘူး”
သူ ဆိုလိုသည်ကို ဟန်မူယဲ့ နားလည်၏။
ဓားသည်သာ စွမ်းအားကြီးနေသေးပါက သူသည် ထိုဓားဖြင့် သူမိသားစုကို ကာကွယ်နိုင်လောက်၏။
ဓားကို လက်နှစ်ဖက်ဖြင့် သေချာကိုင်ကာ သူက ဟန်မူယဲ့အား ပြောသည်။
“မိတ်ဆွေလေး… ကျုပ်က ဒီဓားကို သန့်စင်လာတာ နှစ် ၂၀၀ ကျော်ပြီ။ သူ့ကို သေချာလေး ဆက်ဆံပေးပါ”
ဟန်မူယဲ့က ခေါင်းညိတ်ကာ ဓားကို ယူလိုက်ပြီး ခရမ်းကျောက်စိမ်းဆေးလုံးကို ကမ်းပေးလိုက်သည်။
ကွမ်ချောင်ရှန့်က ဆေးလုံးကို စိတ်လှုပ်ရှားစွာ ယူလိုက်၏။
ဟန်မူယဲ့က လင်းရှန်နှင့်အတူ နောက်ဘက်ခန်းမှ ထွက်လာကြသည်။ ပိုင်စုကျန်းလည်း အပြင်သို့ ထွက်လာ၏။
“စီနီယာကွမ်က သူ အဆင့်တက်သွားရင် ကျွန်မကို တစ်ခုကူညီဖို့ ကတိပေးထားတယ်”
ပိုင်စုကျန်းက သူမ၏အပေးအယူကို ပြောပြသည်။
ထို့နောက် သူမက အိတ်ငယ်လေးအား ဟန်မူယဲ့ကို ကမ်းပေးသည်။
“စီနီယာအစ်ကိုဟန်… တကယ်လို့ ဒီအထဲက ရတနာပစ္စည်းတွေကို မလိုဘူးဆိုရင် စုကျန်းဆေးဆိုင်မှာ ဝိညာဉ်ကျောက်တုံးနဲ့ လာလဲပါ”
ဟန်မူယဲ့က အိတ်ငယ်လေးအား လက်ခံလိုက်သည်။
“စီနီယာအစ်ကိုဟန်… ကျွန်မက မြို့ထဲကို ပတ်ကြည့်ဦးမလို့။ ရှင်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို အရင်ပြန်နှင့်ပါ”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“ဒါဆိုလည်း ကျုပ်တို့ အရင်ပြန်နှင့်ပါဦးမယ်”
ထို့နောက် သူက နောက်လှည့်ကာ ထွက်လာခဲ့သည်။
“ဘယ်လောက် ကြင်နာမှု ကင်းမဲ့လိုက်တဲ့စီနီယာအစ်ကိုလဲ… ရှင်က ကျွန်မနဲ့တောင် အဖော်မလုပ်ပေးချင်ဘူးပေါ့”
ဟန်မူယဲ့နှင့် လင်းရှန်တို့ ထွက်သွားသည်ကို ကြည့်ကာ ပိုင်စုကျန်းက တီးတိုးရေရွက်သည်။
“သခင်မလေး…”
ထိုစဉ် အိုမင်းသောအသံတစ်သံကို ကြားရသည်။
ပိုင်စုကျန်းက နောက်လှည့်ကြည့်လျှင် ဆံပင်ဖြူအဖိုးအိုတစ်ဦးအား တွေ့ရ၏။
အဖိုးအိုက ထူးဆန်းသော အမူအရာဖြင့် ဟန်မူယဲ့ ထွက်သွားရာဘက်သို့ လှမ်းကြည့်သည်။
“သတ္တမဘိုးဘိုး…”
ပိုင်စုကျန်းက အဖိုအိုအား စိတ်လှုပ်ရှားစွာ ခေါ်သည်။
“ကောင်မလေး… မင်းသာ အင်မော်တယ်အဆင့် ကျောက်စိမ်းအလင်းရိုးဆေးလုံးကို ရှာပေးနိုင်ရင် မင်းတောင်းဆိုတာ လုပ်ပေးမယ်လို့ မင်းအဖေက ပြောခိုင်းလိုက်တယ်”
သူ့စကားကို ကြားလျှင် ပိုင်စုကျန်းက စိတ်လှုပ်ရှားစွာ ပြောသည်။
“တကယ်လား… အမေ့အလောင်းကို ရှန့်ယန်မိစ္ဆာဂိုဏ်းရဲ့ ဘိုးဘေးနယ်မြေထဲကို ဝင်ခွင့်ပေးပါ။ ပြီးတော့ လီမူပိုင်ကို အမေ့ရှေ့မှာ သူ့ဘဝမှာ အမေတစ်ယောက်တည်းရှိကြောင်း ဝန်ခံခိုင်းရမယ်”
ပိုင်စုကျန်းအား အဖိုးအိုက ထပ်ပြောသည်။
“ကောင်မလေး… မင်း ဆေးလုံးကို ရှာတွေ့မှ အဲဒါကို ပြောကြမယ်”
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ အင်မော်တယ်အဆင့်ဆေးလုံးကို ဖော်စပ်နိုင်တဲ့သူ နည်းနည်းပဲ ရှိတယ်။ ကံမကောင်းတာက သူတို့တွေ ဂိုဏ်းချုပ်အတွက် ဆေးလုံးဖော်စပ်ပေးမှာ မဟုတ်ဘူး”
“ခုနက ကောင်လေး… သူ့ပါရမီက မဆိုးဘူး။ ဒါပေမဲ့ ပဥ္မတန်းစားဆေးလုံးက ပါရမီတစ်ခုတည်းနဲ့ ရတာ မဟုတ်ဘူး”
ပိုင်စုကျန်းက မျက်လုံးများ စူးရှစွာဖြင့် ခေါင်းညိတ်သည်။
“ကျွန်မ အဲဒီဆေးလုံးကို ရရစေမယ်”
…
လှေပျံသည် လေထဲတွင် မြန်ဆန်စွာ ပျံသန်းနေသည်။ လင်းရှန်သည် လှေဦးတွင် လှေကို မောင်းနေကာ ဟန်မူယဲ့သည် လှေဝမ်းထဲတွင် ထိုင်နေ၏။
သူ့ရှေ့တွင်ကား ကွမ်ချောင်ရှန့်ထံမှ ရသော ဓားကျိုး ရှိနေသည်။
ဓားမှာ အလွန်ထူးခြားဆန်းကြယ်ကြောင်း သူ ခံစားနေရ၏။
ဓားသည် ကျိုးနေသော်လည်း ၎င်းထံမှ ဓားချီမှာ မပျောက်ပျက်သွားသေးပေ။ ဝိညာဉ်ချီဓာတ်နှင့် ထက်ရှမှုများ မပျက်သေးပေ။
သွန်းလုပ်နည်းစနစ်မှာလည်း ရှေးဟောင်းနည်းဖြစ်သည်။ ၎င်းသည် ဓားတာအိုကို ဓားနှင့် ပေါင်းစပ်ကာ အဆက်မပြတ် သန့်စင်ထုဆစ်ထားသည်။
ထိုနည်းလမ်းသည် အကျိုးကျေးဇူးလွန်စွာ များကာ သွန်းလုပ်သူသည်လည်း အလွန်လိုအပ်ချက် များပြား၏။
ဓားဆန္ဒကို ဆင်ခြင်နားလည်သူ မဟုတ်ပါက ဓားကို သွန်းလုပ်ရန် မဖြစ်နိုင်ပါ။
ကွမ်ချောင်ရှန့်သည် ဓားသမားမဟုတ်ရာ ဓားထဲမှ ဓားဆန္ဒကို မဖမ်းဆုပ်နိုင်ခဲ့ပေ။
ထို့ကြောင့် ဓားသည် နှစ် ၂၀၀ ကြာသည့်တိုင် သန့်စင်လာသော်လည်း ၎င်း၏စွမ်းအားကို မနိုးထစေနိုင်ခဲ့ပေ။
ဟန်မူယဲ့က ဓားကို အသာဖမ်းဆုပ်လိုက်သည်။
ဓားပိုင်ရှင်သည် မည်သူ ဖြစ်သနည်း။
ဤသို့သော ဓားကို မည်သူက ကျိုးအောင် လုပ်ခဲ့သနည်း။
သူ၏ဓားချီများသည် ဓားထံသို့ အဆက်မပြတ် စီးဆင်းသွား၏။
ဟူး…
ဓားသည် အဆက်မပြတ် တုန်ခါလာသည်။
“ဓားသမား ယွမ်ထျန်း… ကျုပ်တို့ နေမင်းရောင်ဝါနန်းတော် ဒီနေ့ ပျက်စီးသွားရင်တောင်မှ ချိပ်စည်းကို ဖျက်ဆီး မင်း ထွက်သွားတာမျိုး ငါတို့ ခွင့်ပြုမှာ မဟုတ်ဘူး”
ဟန်မူယဲ့၏အာရုံထဲတွင် ပုံရိပ်များ ဖြစ်ပေါ်လာသည်။