← Chapters

အပိုင်း(၄၄၂)

Vol. 30 Ch. 442

အပိုင်း(၄၄၂)

Vol. 30 Ch. 442

“ဘာဖြစ်လို့လဲ”

ရှစ်ဖုန့်က လှပသောအမျိုးသမီးအား ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဒီနေရာက အရမ်း အန္တရာယ်များလွန်းတယ်..ငါမင်းကို တောင်းပန်ပါတယ်..မင်းနဲ့အတူ ရှင်းအာကိုနေခွင့်ပြုပေးပါ…

ကျေးဇူးပြုပြီးတော့ သူမကိုကာကွယ်ပေးပါ”

လှပသော အမျိုးသမီးက ပြောလိုက်သည်။  လှပသောအမျိုးသမီးက ပြောဆိုရင်းရှစ်ဖုန့်အား အသနားခံသည်။သူမ၏ သမီးဖြစ်သူအားသူ၏အနားတွင်

နေခွင့်ပြုရန်ဖြစ်သည်။ သူမအားသူ၏ကာကွယ်မှုနှင့်ဆိုလျှင်  သူမဘေးတွင်ထားခြင်းထက်များစွာ ပို၍ကောင်းမွန်လိမ့်မည်ဖြစ်သည်။

“အမေ ..အမေကရောဘယ်လိုလုပ်မလဲ”

ကောင်မလေးက မိခင်ဖြစ်သူ၏ စကားတို့အားကြားလိုက်ရသောအခါတွင်   သူ့မိခင်အားမေးလိုက်သည်။

“အဲ့တာကို နောက်မှအမေတို့ပြောတာပေါ့”

လှပသောအမျိုးသမီးဖြစ်သူကပြောလိုက်သည်။  သူမ၏ သမီးဖြစ်သူသာ  လုံခြုံမည်ဆိုလျှင်  သူမအနေဖြင့်များစွာစဉ်းစားခြင်း

မပြုလုပ်လိုပေ။

“ထားလိုက်တော့”

ရှစ်ဖုန့်က အမေနှင့်သမီးဖြစ်သူအားပြောလိုက်သည်။

“ဒီသခင်လေးက  ဒီတောင်ကြားချိုင့်ဝှမ်းအတွင်းမှာ စူးစမ်းရှာဖွေရမှာ.. မင်းတို့တွေ  ဒီသခင်လေးလမ်းကိုဝင်မရှုပ်သ၍ ဒီသခင်လေးနောက်ကလိုက်လို့ရတယ်..မင်းတို့ကို ဒီသခင်လေးရဲ့စွမ်းအားနယ်နိမိတ်အတွင်းမှာ သတိထားမိသ၍  ဒီသခင်လေး မင်းတို့အတွက် အန္တရာယ်တွေကိုကူပြီး ဖယ်ရှားပေးနိုင်တယ်… ဒါပေမဲ့ ဒီသခင်လေးကသတိမထားမိဘူး

ဆိုရင်တော့..မင်းတို့ရဲ့သေခြင်းရှင်ခြင်းက   မင်းတို့ရဲ့ကိုယ်ပိုင် ကံတရားအပေါ်မှာပဲမူတည်တယ်”

“ဒီလိုဆိုရင်..ကျေးဇူးအများကြီးတင်ပါတယ်”

လှပသော အမျိုးသမီးက ဣန္ဒြေရှိစွာဖြင့် ရှစ်ဖုန့်အား ထပ်မံကျေးဇူးတင်စကားဆိုလိုက်သည်။

ရှစ်ဖုန့်ကဲ့သို့ပင် သူမတို့သည်လည်း လူရှာဖွေနေခြင်းဖြစ်သည်။ သူတို့တွင်ယခုအခါ၌ တိကျသောပစ်မှတ်ရှိမနေပေ။

မည်သို့ပင်ဖြစ်စေ သူတို့အနေဖြင့် စူးစမ်းရှာဖွေကြရမည်ဖြစ်သည်။အကယ်၍သူတို့သာ အတူတကွရှိနေမည်ဆိုလျှင် ရှစ်ဖုန့်အနေဖြင့်သူတို့နှစ်ဦးစလုံးအား ကာကွယ်ပေးနိုင်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ အကောင်းဆုံးရလဒ်ဖြစ်သည်။

“သွားစို့”

ရှစ်ဖုန့် အမေနှင့်သမီးဖြစ်သူအား ထူးမခြားနားဟန်ဖြင့်ပြောလိုက်သည်။ ထို့နောက်  ရှေ့သို့လှမ်းလိုက်ပြီး  တောင်ကြားချိုင့်ဝှမ်းအတွင်းဆက်လက်စူးစမ်းရှာဖွေလိုက်သည်။ မီးခိုးဖြူရောင်မြူများက သူတို့၏မြင်ကွင်းအားပိတ်ကာထားခြင်းနှင့်အတူ  တောင်ကြားချိုင့်ဝှမ်းက မည်မျှကြီးမားသည်ကို သူတို့မသိကြချေ။ သူတို့အနေဖြင့် ခြေဦးတည့်ရာသာလျှောက်သွား၍ ရှာဖွေရန်တစ်ခုတည်းကိုသာတက်နိုင်သည်ဖြစ်သည်။

ရှစ်ဖုန့်ကရှေ့သို့လျှောက်လှမ်းသွား

သည်ကိုတွေ့လိုက်ရသောအခါတွင်  အမေနှင့်သမီးဖြစ်သူတို့ကလည်းချက်ချင်းသူ၏နောက်သို့လိုက်လိုက်ကြသည်။ သူတို့က ရှစ်ဖုန့်၏အနောက်တွင်သိပ်မဝေးကွာကြပေ။

“အမေ.သူက လူဆိုးတစ်ယောက်မဟုတ်ပါဘူး.. သူကတော်တော်လေးသဘော

တောင်ကောင်းသေးတယ်..”

ကောင်မလေးက သူမတို့ရှေ့မှ လျှောက်လှမ်းနေသောပုံရိပ်အားကြည့်ရင်း သူမ၏မိခင်အားတီးတိုးပြောလိုက်သည်။

“ရှူး..အသံတိုးတိုးပြော.. သူမကြားစေနဲ့”

ကောင်မလေး၏အသံကအရမ်းတိုးသော်လည်း လှပသောအမျိုးသမီးမှာ သူမသမီးဖြစ်သူ၏အသံအား  သူမတို့ရှေ့တွင်ရှိနေသောလူငယ်လေးကြားသွားမည်ကိုကြောက်မိသည်။သူမက သူမ၏ သမီးဖြစ်သူအားခြင်တစ်ကောင်ကဲ့

သို့အသံမျိုးဖြင့်တီးတိုးပြောလိုက်သည်။

“အမေတို့တွေ အခွင့်အရေးကြုံကြိုက်လို့တွေ့ရတာ.. သူကအမေတို့ကိုနှစ်ကြိမ်တောင်ကယ်ခဲ့တယ်…သူကတကယ်ကိုကောင်းတာ.. ဒါပေမဲ့ ..သူ့ရဲ့ကြင်နာမှုကိုဘယ်လိုပြန်ပေးဆပ်ရမယ်ဆိုတာကို အမေတို့သိထားရမယ်..အကယ်၍ အနာဂတ်မှာ အခွင့်အရေးရှိခဲ့ရင်   အမေတို့ သူ့ကိုပြန်ပေးဆပ်ရမယ်”

“အင်း”

မိခင်ဖြစ်သူ၏ စကားတို့အားကြားလိုက်ရသောအခါတွင်  ကောင်မလေးက ခေါင်းညိမ့်လိုက်သည်။

အစောကကဲ့သို့ပင့် ရှစ်ဖုန့်နှင့် သားအမိနှစ်ဦးတို့မှာ တောင်ကြားချိုင့်ဝှမ်းအတွင်းဆက်

လက်လျှောက်လှမ်းလာကြသည်။ သိပ်မကြာခင် အခြား ဆွေးမြေ့ပုပ်သိုးနေသော အလောင်းတစ်ခုက နောက်မှပေါ်လာပြီး သားအမိနှစ်ဦးအားတိုက်ခိုက်လေသည်။ရှစ်ဖုန့်ကသူ ၏ ကတိအတိုင်း ဖြည့်ဆည်းခဲ့သည်။ သူကသွေးနီရောင်ဓားချီတစ်ချက်ခုတ်

ပိုင်းလိုက်ပြီး အလောင်းကောင်အား ပြာဖြစ်သည်အထိလောင်ကျွမ်းစေလိုက်သည်။

ဖြည်းဖြည်းချင်းဖုတ်ကောင် အလောင်းကောင်များကပို၍ပို၍ များပြားလာသည်။ ဆယ်ကောင်ထက်ကျော်သော ဖုတ်ကောင်အလောင်းကောင်အုပ်စု ကြီးတစ်ခုပင် ရှိခဲ့သည်။ အဆုံးသက်တွင် ပြဿနာကိုရှစ်ဖုန့်ရှာတွေ့ခဲ့၏။ ပေါ်လာသောဖုတ်ကောင်အလောင်းများအားလုံးမှာ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ဖုတ်

ကောင်များဖြစ်ကြသည်။

ဆန်းကြယ်သောတောင်ကြားချိုင့်ဝှမ်းအတွင်းမှ ဆန်းကြယ်စွမ်းအားတို့က ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်များအား ဖုတ်ကောင်အဖြစ်ပြောင်းစေနိုင်သည်လားဆိုသည်ကိုသူမသိချေ။ ထိုသို့မဟုတ်ပါက  ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်များ

သေဆုံးပြီးနောက်မှသာ ၎င်းတို့အနေဖြင့် ဖုတ်ကောင်များဖြစ်လာနိုင်ခြင်းဖြစ်လိမ့်မည်ဖြစ်သည်။

သို့သော်ရှစ်ဖုန့်အနေဖြင့် ဤကိစ္စနှင့်ပက်သက်၍ နက်ရှိုင်းစွာ နှိုက်နှိုက် ချွတ်ချွတ်ရှာဖွေရန်မလိုပေ။ သွေးနီရောင်မီးတောက်တို့ကသူ၏ကိုယ်မှထွက်ပေါ်လာပြီး   ဖုတ်ကောင်အုပ်စုအား  ဝါးမျိုသွားသည်။  ရုတ်ခြည်း  ဧရိယာတစ်ခုလုံး အား မီးတောက်ပင်လယ်တစ်ခုကလွှမ်းခြုံသွား၏။ ထူးဆန်းသော နာကျင်စွာဟစ်အော်သည့်အသံများအလယ်တွင်  ဒါဇင် သို့မဟုတ် ထိုထက်ပိုသော ဖုတ်ကောင်များမှာ  သွေးနီရောင်မီးတောက်တို့ကြောင့်   လျှင်မြန်စွာပြာအဖြစ်ပြောင်းလဲသွားကြသည်။

သွေးနီရောင်မီးတောက်တို့ကြောင့် ပြာများအဖြစ်သို့ပြောင်းလဲသွားကြသော ဖုတ်ကောင်းများကိုကြည့်၍ သားအမိနှစ်ယောက်သားမှာ တိတ်တဆိတ်တုန်လှုပ်အံ့အားသင့်နေမိကြသည်။  အရင်ဆုံး ရှစ်ဖုန့်၏ စွမ်းအားအားသူမတို့ လေးစားကြရသည်ဖြစ်သည်။ဒုတိယအနေဖြင့်  သူမတို့သာ ဤလူငယ်လေးနှင့်အတူရှိမနေခဲ့လျှင် ဤလူငယ်လေး၏တည်ရှိမှုကြောင့်သာမဟုတ်ခဲ့လျှင်  ဤကဲ့သို့သောဖုတ်ကောင်များဖြင့်  မမျှော်လင့်ဘဲ ကြုံကြိုက်ပက်ပင်းတိုးခဲ့ပါက  ခြွင်းချက်မရှိ သူမတို့သေဆုံးရမည်ဖြစ်သည်ကို ကြောက်မိကြသည်ဖြစ်သည်။

“တော်လိုက်တာ ..အရမ်းစွမ်းအားကြီးတာပဲ”

မိန်းမငယ်လေးက သူမရှေ့တွင်ရှိနေသော ပုံရိပ်၏ ကျောဘက်ခြမ်းအားကြည့်၍  သူမကိုယ်သူမတီးတိုးပြောဆိုလိုက်သည်။

“ဒီလူက အသက်ငယ်ငယ်လေးနဲ့ဒီလိုစွမ်းအားမျိုးကိုပိုင်ဆိုင်နေပြီ..သူက ထူးခြားတဲ့မိသားစုတစ်ခုက ပဲဖြစ်ရမယ်”

လှပသောအမျိုးသမီးက   သူမ၏ရှေ့တွင်ရှိသော လူငယ်လေးအားကြည့်၍ သူမကိုယ်သူမတီးတိုးပြောလိုက်သည်။

“အနာဂတ်မှာသူရရှိလာမဲ့ အောင်မြင်မှုတွေက စိတ်ကူးကြည့်လို့တောင်ရမှာမဟုတ်ဖူး”

လှပသောအမျိုးသမီးက သူမဖာသာ တီးတိုးပြောဆိုရင်း  ရုတ်တရက်တစ်စုံတစ်ခုအားတွေးမိသွားသည်။  သူကက သူမ၏ သမီးဖြစ်သူထံကြည့်လိုက်ပြီးနောက် သူမရှေ့တွင်ရှိနေသော လူငယ်လေးအားကြည့်လိုက်သည်။  ဤအချိန်တွင်   သူတို့နှစ်ဦးသားမှာ  သက်တူရွယ်တူသာဖြစ်သည်ကို လှပသောအမျိုးသမီး သဘောပေါက်လိုက်သည်။ အကယ်၍ သူမ၏ သမီးဖြစ်သူသာ ဤကဲ့သို့သော ယောက်ျားမျိုးအားရှာနိုင်ခဲ့လျှင်   အကယ်၍ သူမ၌သာ ဤကဲ့သို့ သားမက်တစ်ယောက်ရရှိခဲ့လျှင်………………

လှပသောအမျိုးသမီးဖြစ်သူ ဤအရများအားတွေးတောနေစဉ်တွင်  ရုတ်တရက် သူမသမီးဖြစ်သူ၏ အသံအားကြားလိုက်ရသည်။

“အမေ  ဘာလို့ကြက်သေသေနေတာလဲ..

သွားကြမယ်လေ”

“အိုး”

လှပသောအမျိုးသမီးမှာ သမီးဖြစ်သူ၏ စကားတို့ကြောင့် နိုးကြားလာသည်။ ဤအခိုက်အတန့်တွင်  သူမတို့ရှေ့တွင်ရှိနေသောလူငယ်လေးက  စတင်၍ လျှောက်လှမ်းသွားနေသည်ကိုသူမ မြင်တွေ့လိုက်ရသည်။ လျှင်မြန်စွာပဲသမီးဖြစ်သူနှင့်အတူ နောက်မှလိုက်ပါလိုက်သည်။ သို့သော်  ယခင်အတွေးများအားထပ်မံတွေးမိချိန်တွင်  လှပသောအမျိုးသမီး၏နှုတ်ခမ်း၌ အပြုံးတစ်ခုတွဲခိုလာသည်။သူမ၏သမီးဖြစ်သူအားကြည့်လိုက်ပြီးနောက်  သူမတို့ရှေ့တွင်ရှိနေသော လူငယ်လေးအားကြည့်လိုက်သည်။

သူတို့လျှောက်လှမ်းသွားနေရင်း ဖုတ်ကောင်များ ပို၍ပို၍ ပေါ်လာသည်။ဤတောင်ကြားချိုင့်ဝှမ်းအတွင်း၌  ဖုတ်ကောင်များဖြင့်ပြည့်နှက်နေပုံရ၏။ ချွင်းချက်မရှိ  ဤဖုတ်ကောင်များအားလုံး၏ စွမ်းအားမှာ  ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်များဖြစ်ကြသည်။ ရှစ်ဖုန့်က လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များအားလုံးအားသတ်ပစ်ခဲ့သည်။သွေးနီရောင်မီးတောက်ပင်လယ်တစ်ခုက အကြိမ်ကြိမ်ပေါ်လာသည်။

ဖြည်းဖြည်းချင်း မြင့်မားသော တောင်နံရံတစ်ခုက  ရှစ်ဖုန့်နှင့် အခြားသူနှစ်ဦးတို့၏ ရှေ့တွင်ပေါ်လာပြီး  သူတို့၏လမ်းအားပိတ်ကာထားသည်။

“ဒါက‌ တောင်ကြားချိုင့်ဝှမ်းရဲ့ အတွင်းအကျဆုံးအပိုင်းလား”

သူတို့၏ရှေ့တွင်ရှိနေသော တောင်နံရံအားကြည့်၍  ရှစ်ဖုန့်က အသံတိုးတိုးဖြင့်တီးတိုးရေရွတ်လိုက်သည်။

သူတို့ရှေ့တွင်ရှိနေသော တောင်နံရံအားကြည့်၍  ကောင်မလေးက အလန့်တကြားအော်ပြောလိုက်သည်။

“အား.. သွားစရာလမ်းမရှိတော့ဘူး. အမေ.. သမီးတို့တွေ အဖေ့ကို မတွေ့သေးဘူး”

“မဟုတ်ဖူး”

ဤအခိုက်အတန့်တွင်  လှပသောအမျိုးသမီးက  ခေါင်းခါယမ်းပြီးခိုင်မာစွာပြောလိုက်သည်။

“ဒါက အဆုံးသတ်မဖြစ်နိုင်ဘူး.. ရှေ့ကိုသွားတဲ့ အခြားလမ်းကြောင်းတစ်ခုရှိလိမ့်မယ်..

သမီးအဖေ ဒီဦးတည်ချက်အတွင်းမှာရှိနေသေးတာကို အမေ ဝိုးတိုးဝါးတားအာရုံခံမိတယ်”

“ခင်ဗျားက ခင်ဗျားရှာနေတဲ့သူကိုအာရုံခံနိုင်တာလား”

လှပသောအမျိုးသမီး၏ စကားတို့အားကြားရပြီးနောက် ရှစ်ဖုန့်က လှည့်လိုက်သည်။

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်  လှပသောအမျိုးသမီးက ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“အင်း..ဟုတ်တယ်.အမှန်ပဲ.. အရင်တုံးက  တို့ယောက်ျားနဲ့တို့က  ဒီလိုကျောက်ဆွဲသီးတစ်ခုဆီကို တစ်ချိန်တည်းမှာရခဲ့ကြတယ်.. ကျောက်တစ်ခုစီတိုင်းမှာတို့ရဲ့အမှတ်အသားပါတယ်..ဒါကြောင့်တို့ယောက်ျား ရှေ့ကဦးတည်ချက်မှာရှိနေသေးတာကို  တို့အာရုံခံနိုင်တယ်.. သူက တို့နောက်က တောင်ကြားချိုင့်ဝှမ်းထဲမှာ ရှိမနေဘူး”

လှပသောအမျိုးသမီးမှာ စကားပြောရင်း သူမ၏လက်ဖဝါးအားဖွင့်ပြလိုက်သည်။ သူမ၏လက်ဖဝါးထဲတွင်  ရှစ်ဖုန့်ရှေ့၌ ရွှေရောင်ကျောက်ဆွဲသီးတစ်ခု ပေါ်လာသည်။

“သူက ဒီဦးတည်ချက်မှာပဲရှိနေသေးတာလား”

လှပသောအမျိုးသမီး၏ စကားတို့အားကြားပြီးသည့်နောက်   ရှစ်ဖုန့်က ခေါင်းပြန်လှည့်ပြီး သူတို့ရှေ့တွင်ရှိနေသော တောင်နံရံအားကြည့်လိုက်သည်။ သူကပြောလိုက်သည်။

“ဒီတော့ ရှေ့မှာနောက်ထပ်လမ်းကြောင်းတစ်ခုရှိနေတာပေါ့.. ဆက်ပြီးသွားကြည့်ရအောင်”

“အင်း”

“အင်း”

သူ့နောက်တွင်ရှိနေသော အမျိုးသမီးနှစ်ဦးက ခေါင်းညိမ့်လိုက်သည်။ ထို့နောက်  ရှစ်ဖုန့်နှင့် အခြားသူနှစ်ဦးတို့မှာ တောင်နံရံတစ်လျှောက် စတင်ရှာဖွေလိုက်ကြသည်။ ရှေ့တွင် အခြားလမ်းတစ်ခုရှိနေသောကြောင့်  ဤတောင်ကြားချိုင့်ဝှမ်းအတွင်း စက်ဆုပ်ဖွယ်ကောင်းသော ဖုတ်ကောင်အလောင်းများမှလွဲ၍ အခြားသော သက်ရှိသတ္တဝါများအား သူတို့အာရုံမခံမိပေ။

ဘာအစီအရင်စွမ်းအင်အတက်အကျတစ်ခုတစ်လေကိုမှလည်း အာရုံမခံမိပေ။ ဖျောင်ရွှယ်ယွဲ့၏ အဆိုအရ  ဝူရှန့်မှာအန္တရာယ်ရှိသောအစီအရင်အတွင်း၌ ပိတ်မိနေသည်ဟုဆိုသည်။

ဤကဲ့သို့ဆိုလျှင်  ဝူရှန့်သည်လည်း သူမတို့ရှာဖွေနေသောလူကဲ့သို့ ထိုဦးတည်ချက်၌ ရှိနေလောက်သည်ဖြစ်သည်။

ရှစ်ဖုန့် သူ့ဖာသာသူ စဉ်းစားလိုက်သည်။

ရှစ်ဖုန့်နှင့်အခြားသောသူများ တောင်နံရံတစ်လျှောက် လျှောက်လှမ်းပြီးမကြာခင်တွင် အိမ်တော်တစ်ခု၏ ဂိတ်အရွယ်အစားရှိသော  မြင့်မားသည့် ဂူတစ်လုံးအားတွေ့လိုက်ရသည်။ ဤဂူအားကြည့်၍ လှပသောအမျိုးသမီးမှာ  စိတ်လှုပ်ရှားမှု ၊ပျော်ရွှင်မှု နှင့် မျှော်လင့်စောင့်စားမှုတို့ မျက်နှာထက်တွင်ဖြစ်ပေါ်လာပြီး ပြောလိုက်သည်။

“ဟုတ်တယ်.. ခံစားချက်က ပိုပြီး ရှင်းလင်းသည်ထက်ရှင်းလင်းလာပြီ.. ချူးယွဲ့ဒီထဲမှာပဲရှိရမယ်..ရှင်းအား  သမီး အဖေနဲ့ မကြာခင်တွေ့ရတော့မယ်”

ဆက်ရန်………

ဘာသာပြန်သူ- ARISE

All Chapters