အခန်း (၉၁) - ဝန်ခံချက်၊ ရှုယန်၏ ဆုံးဖြတ်ချက်
Vol. 7 Ch. 91
အခန်း (၉၁) - ဝန်ခံချက်၊ ရှုယန်၏ ဆုံးဖြတ်ချက်
လင်းဖန်၊ “ငါ ထုတ်လုပ်ရေးအပိုင်းကို ကူညီပေးဖို့ ရောက်နေတာ။ အခုလေးတင် ကျင်းကျင်းနဲ့ တွေ့လို့ ငါတို့ ဓာတ်ပုံ အတူတူ ရိုက်လိုက်ကြသေးတယ်။”
ရှားဝမ်ချွေ့က လင်းဖန်ကို မျက်စောင်းရွယ်ပြတဲ့ဟန် ချစ်စရာ အမူအရာလေး လုပ်ပြလိုက်သည်။ “ငါသိပါတယ်၊ ငါ စိတ်မဆိုးပါဘူး။”
ရှားဝမ်ချွေ့၊ “မြောင် မြောင်၊ သူမ ဘယ်မှာလဲ။”
လင်းဖန်၊ “ဟီး၊ မင်း စိတ်မဆိုးတာ ကောင်းတယ်။ မင်း ကမ်းခြေဝတ် စကတ်ကို ဝတ်ထားတာ ကမ်းခြေကို ရောက်နေလို့လား။”
ရှားဝမ်ချွေ့၊ “ငါ ထောက်ခံချက်တစ်ခုနဲ့ ကြော်ငြာတွေ ရိုက်ကူးဖို့ရောက်နေတာလေ။ ပြီးတော့ အစီအစဥ် ရိုက်ကူးနေတာလည်း ဒီမှာပဲလေ။”
လင်းဖန်၊ “မင်းကို ကမ်းခြေမှာ စကတ်ဝတ်ခွင့် မပေးဘူး။”
ရှားဝမ်ချွေ့၏ လှပချောမောသော မျက်နှာလေးက ရှက်သွေးဖြာသွားသည်။ “စိတ်မပူပါနဲ့။ ငါ့ရဲ့ အဝတ်အစားတွေက မချွတ်ယွင်းပါဘူး။ တကယ်လို့ ငါ့ရဲ့ အဝတ်အစားတွေ ချွတ်ယွင်းသွားရင်တောင် ငါ ကိုယ်လုံးတီးဖြစ်မှာ မဟုတ်ဘူး၊ ငါ လုံခြုံတဲ့ အောက်ခံအဝတ်အစားတွေ ဝတ်ဆင်ထားတုန်းပါပဲ။”
လင်းဖန်၊ “အဆင်မပြေဘူး။”
ရှားဝမ်ချွေ့၊ “ဟမ့်၊ အရမ်းလွန်တယ်။”
ရှားဝမ်ချွေ့၊ “ငါ ဒီနေ့ ရိုက်ကူးရေးပြီးသွားရင် နောင်အနာဂတ်မှာ ငါ ဒါမျိုး ထပ်မဝတ်တော့ပါဘူး။”
လင်းဖန်၊ “ငါ သိပြီ။ ငါ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း အရမ်းအလုပ်များနေလို့ ငါ မင်းကို မဆက်သွယ်မိတာပါ။”
ရှားဝမ်ချွေ့၊ “ငါတို့ အခု ဆက်သွယ်နေတာပဲ မဟုတ်လား။ ငါလည်း အလုပ်များနေတယ်။”
လင်းဖန်၊ “မင်း ကောင်းကောင်း အိပ်ပျော်ရဲ့လား။”
ရှားဝမ်ချွေ့၊ “ဟင့်အင်း”
လင်းဖန်၊ “ဒါဆို မင်း ဒီည ငါ့အိမ်ကို ဘာလို့ လာမအိပ်တာလဲ။”
လင်းဖန်၊ “ထွက်သွား၊ အစုတ်ပလုတ် လင်းဖန်၊ ငါ စိတ်ဆိုးသွားပြီ။”
စုရှောင်ယွီ၊ “အာဝူး၊ ဆရာ၊ ငါတို့ မတွေ့ရတာ ရက်အတော်ကြာပြီ။ ငါ နင့်ကို အရမ်းသတိရတယ်။”
ရှားဝမ်ချွေ့၊ “ ဟွန့်”
စုရှောင်းယွီ၊ “ထပ်မပြောတော့ဘူး၊ ထပ်မပြောတော့ဘူး။ ဟီးဟီး ငါမင်းကို မတွေ့ရတာ တော်တော်ကြာပြီနော် ဆရာ။ ဒီခွေးလေး ဗိုက်ဆာတယ်။”
လင်းဖန်၊ “ဒီအစားကောင်းကြိုက်တဲ့ကလေးနှစ်ယောက်ကတော့လေ။”
ရှားဝမ်ချွေ့၊ “ငါ သွားနှင့်တော့မယ်။ ငါ့ကို ဒီည လာရှာဖို့ သတိရနော်။”
ဖုန်းချပြီးနောက် လင်းဖန်၏ မျက်လုံးတွေ တောက်ပသွားခဲ့မိသည်။ သူမကို သွားရှာရမှာလား။
ဒီကောင်မလေးရဲ့ စကားလုံးတွေထဲမှာ အမြဲတမ်း ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်တွေ ရှိနေလေ့ရှိကြောင်း လင်းဖန် ပြောနိုင်ပါသည်။
နောက်တစ်မျိုးပြောရရင် သဘောတူလိုက်တာလား။
ရှားဝမ်ချွေ့က ဒီည သူ့အိမ်မှာ လာအိပ်ဖို့ သဘောတူလိုက်တယ်။
သေချာတာကတော့ သူအိပ်နေတဲ့အချိန်မှာ ဘာမှမလုပ်တတ်ပါဘူး။ အဓိကကတော့ သူ ရှားဝမ်ချွေ့နဲ့ စကားပြော၊ သူမနှင့်အတူ ဆိုဖာပေါ်မှာ အတူလှဲလျောင်းပြီး တီဗီကြည့်ဖို့ပါပဲ။
သူ ရှားဝမ်ချွေ့အတွက် အရသာရှိတဲ့ အစားအသောက်တွေ ချက်ကျွေးမယ်၊ စုရှောင်းယွီတစ်ယောက် သူတို့ကို ဒုက္ခမပေးသရွေ့ သူတို့ အချိန်ကောင်းလေးတွေကို ရရှိနိုင်မှာ အမှန်ပါပဲ။
ဒီလိုဘဝမျိုးက တကယ့်ကို လှပပါတယ်။
နွေရာသီရောက်သော်ငြား လင်းဖန်၏ နှလုံးသားရေကန်ဗီလာတွင် လေအေးပေးစက် တပ်ဆင်ထားသောကြောင့် အလွန်ပူမည်မဟုတ်ပါ။ စကပ်တို ဝတ်ဆင်ထားသည့် ရှားဝမ်ချွေ့ကို သူမြင်ချင်နေဆဲဖြစ်သည်။
လင်းဖန်သည် သူတော်စင်တစ်ယောက်မဟုတ်သလို ရှားဝမ်ချွေ့၏ ခြေတံရှည်လေးတွေကိုလည်း မြင်ချင်မိပါသည်။ အချိန်အကြာကြီး အလုပ်လုပ်ပြီးနောက် သူ အနားယူဖို့ လိုအပ်ပါသည်။
လင်းကျင်းကျင်း လမ်းလျှောက်လာရင်း လင်းဖန်ကိုတွေ့တော့ သူမ မပြုံးဘဲ မနေနိုင်ဖြစ်သွားသည်။
သူက ချစ်ခြင်းမှာ ပျော်ဝင်နေတာ ထင်ရှားပါတယ်။
“လင်းဖန်၊ နင်နဲ့ ချွေ့ချွေ့တို့ရဲ့ ဆက်ဆံရေးကို ဘယ်တော့ တရားဝင် ကြေငြာမှာလဲ။” ဟု လင်းကျင်းကျင်းက စိတ်ဝင်တစား မေးလိုက်မိသည်။
“တရားဝင်ကြေငြာချက်က ဘာလဲ။” ဟု လင်းဖန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“အဲ့တာက... ဒီလိုဆက်ဆံရေးမျိုးကိုလေ။ အတူရှိနေကြတယ်၊ အတူရှိနေကြတယ်...” လင်းကျင်းကျင်းက ပြောသည်။
လင်းဖန်က ခေါင်းခါလိုက်သည်။ “ဝမ်ချွေ့နဲ့ ငါက အဲ့လို ဆက်ဆံရေးမျိုး မရှိပါဘူး။ ငါတို့က အဲ့လိုဆက်ဆံရေးကိုတောင် မရောက်သေးဘူး။ ဒါကို ငါက ဘယ်လို တရားဝင်ကြေငြာရမှာလဲ။”
“ကျွတ်စ်” လင်းကျင်းကျင်းက ကျွတ်သပ်လိုက်သည်။ အပြင်လူများ၏ အမြင်တွင် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်နေပြီဖြစ်သည်။
ထုတ်လုပ်ရေးအဖွဲ့မှာ တစ်ယောက်နဲ့တစ်ယောက် စနောက်ကျီစယ်၊ ရေခဲမုန့်အတူတူစား၊ ဇာတ်ညွှန်းတွေအတူတူဖတ်၊ အတွဲခန်းတွေမှာ အတူသရုပ်ဆောင်ကြပြီး အနမ်းခန်းတွေကိုတောင် အတူတူ ရိုက်ကူးခဲ့ကြပါသည်။
အကြည့်တွေဖလှယ်ခြင်းနှင့် သူတို့အချင်းချင်း ထိတွေ့မှုတွေကို မြင်သည့်သူတိုင်း သူတို့ကို ကောင်းကင်ဘုံမှ တွဲဖက်ပေးထားသည့် အတွဲတွေဟု ခံစားသွားရစေသည်။ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ဟာ တကယ်တော့ ငယ်စဥ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြတဲ့ ငယ်ကျွမ်းဆွေတွေပါ။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အရမ်းကောင်းမွန်ပြီး တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေ အများကြီး မထားရှိတဲ့ ဆက်ဆံရေးမျိုးပင်။
ထုတ်လုပ်ရေးအဖွဲ့တွင် ဒါရိုက်တာလုပမ်ခိုင်း၊ ပရိုဂျူဆာလျို့မူနှင့် ကျန်ဝန်ထမ်းတွေဟာ လူမိုက်တွေ မဟုတ်ပေ။
ရုပ်ရှင်အဖွဲ့သားများကြားမှာ လင်းဖန်၏ ကျော်ကြားမှုဟာ ကောင်းမွန်လွန်းသောကြောင့် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ အပြန်အလှန် ဆက်ဆံနေသည့် ဗီဒီယိုများကို မည်သူမျှ ထုတ်ဖော်ပြသခြင်းမရှိပေ။
ထို့အပြင် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့က အတူတူ ရိုက်ကူးရေးလုပ်နေကြသည်။ တကယ်လို့ သူတို့ရဲ့ ဓာတ်ပုံတွေ ပေါက်ကြားခဲ့တယ်ဆိုရင်တောင် ရှင်းပြလို့ရပါသည်။
သို့သော် ပိုင်းခြားသိမြင်နိုင်တဲ့မျက်လုံးရှိတဲ့သူတိုင်း လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေး မျက်နှာပြင်ပေါ်မှာ ပြသထားသည့်အတိုင်း မရိုးရှင်းကြောင်း ပြောနိုင်သည်။
ရှားဝမ်ချွေ့သည် လင်းဖန်၏ ရှေ့တွင်သာ အလွန်ချစ်ဖွယ်ကောင်းသည်။ ဒီတစ်ခုတည်းကြောင့် အခြားသော အမျိုးသားသရုပ်ဆောင်များကို ထိတ်လန့်သွားစေသည်။
လင်းဖန်၏ ရုပ်ရည်ကောင်းမွန်နှင့်အတူ အဆိုပါ အမျိုးသားသရုပ်ဆောင်များသည် သူနှင့် မည်သူမျှ မယှဥ်နိုင်ကြပေ။
လင်းဖန်၏ ရှေ့တွင် မည်သို့သော အသားလတ်လတ်ဆတ်ဆတ်များပင်မဆို ချက်ချင်း လက်လျှော့သွားစေခဲ့သည်။
ရှုယန်ပင်လျှင် လင်းဖန်၏ အနားတွင် အကြာကြီး ရပ်မနေချင်ပေ။ မဟုတ်ပါက သူ့ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အတော်လေး ခံစားသွားရစေနိုင်သည်။
“အိုး... စကားမစပ်၊ လင်းဖန်၊ ရှုယန်က ဒီနေ့ ရှားဝမ်ချွေ့ဆီ အလည်သွားမယ်လို့ငါကြားတယ်။” လင်းကျင်းကျင်းက ပြောလိုက်သည်။
ထိုစကားကိုကြားတာနဲ့ လင်းဖန်တစ်ယောက် အမြင်ပွင့်သွားခဲ့သည်။
မုန်းစရာကောင်းတဲ့ရှုယန်၊ ငါ မရှိတဲ့အချိန်မှာ သူက ငါ့ကြောင်လေးဆီ သွားလည်တယ်တဲ့လား။
အိမ်မက်မက်နေလိုက်။
လင်းဖန်သည် ချက်ချင်းပင် ဤနေရာမှ ထွက်ခွာလာခဲ့သည်။
လင်းဖန်က ရှားဝမ်ချွေ့ကို သေချာပေါက် အများကြီးကို ယုံကြည်ခဲ့ပေမယ့် ရှုယန်က ရှားဝမ်ချွေ့ဆီကို အလည်ရောက်သွားမှာကို လင်းဖန်က လုံးဝ မလိုလားပါဘူး။
လင်းဖန်သည် အိမ်သို့ပြန်ရောက်ပြီးနောက် သူသည် ကားဂိုဒေါင်သို့ ချက်ချင်းသွားကာ ယွမ်ဘီလီယံများစွာတန်သည့် သူ့ရဲ့ ပြိုင်ကားတစ်စီးဖြစ်သည့် Bugatti La Voiture Noire ကို တိုက်ရိုက်မောင်းထုတ်ခဲ့သည်။
ကားပေါ်မတက်ခင်မှာ လင်းဖန်သည် သူ့ဘေးက မြက်ခင်းပြင်ပေါ်မှာ ပွင့်နေတဲ့ ပန်းပွင့်နီလေးကို တွေ့လိုက်သည်။
အဆိုပါ ပန်းပွင့်လေးက လက်နှစ်ချောင်းစာလောက်တောင် မရှိပေမယ့် သူ့ကြည့်ရတာ အရမ်းလှတယ်။ လက်ဆောင်တွေပြင်ဖို့ အချိန်မရှိတာကြောင့် လင်းဖန်သည် Bugatti La Voiture Noire ကို တိုက်ရိုက်မောင်းနှင်ပြီး ပန်းကို ယူဆောင်သွားခဲ့သည်။ ထို့နောက် လင်းဖန်သည် စျေးဝယ်စင်တာသို့သွားပြီး ရှားဝမ်ချွေ့၏ အလုပ်နေရာကို ထွက်လာခဲ့သည်။
တကယ်လို့ ရှုယန်က ထိုနေရာသို့ သွားရောက်လည်ပတ်နိုင်သလို သူလည်း သွားရောက်လည်ပတ်နိုင်ပြီး ရှားဝမ်ချွေ့ကို အံ့အားသင့်စေနိုင်ပါသည်။
အခြားတစ်ဖက်တွင်မူ...
Maybach ကားကို မောင်းနှင်နေသော ရှုယန်သည် ဘေးနားက ခရီးသည်ထိုင်ခုံတွင် ပန်းစည်းတစ်စည်းကို တင်ထားသည်။
လင်းဖန် အလုပ်များနေမှန်း သူသိသောကြောင့် ရှားဝမ်ချွေ့ထံ သွားရောက်လည်ပတ်ဖို့ ဤအခွင့်အရေးကို ဆုပ်ကိုင်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။
ရှုယန်သည် လင်းဖန်နှင့် တရားမျှတစွာ ယှဥ်ပြိုင်လိုကြောင်း ပြောခဲ့သည်။ သူသည် အကြိမ်အနည်းငယ်ခန့် တိုက်ခိုက်ခံခဲ့ရသော်လည်း သူက သတ်ဖြတ်ဖို့ ခက်ခဲတဲ့ ပိုးဟပ်တစ်ကောင်လိုလူမျိုးဖြစ်သည်။
တကယ်လို့ သူသဘောကျတဲ့ မိန်းကလေးကို ဒီလိုသာ လွယ်လွယ်ကူကူနဲ့ လက်လျှော့လိုက်မယ်ဆိုရင် သူရဲဘောကြောင်လွန်းရာ ကျသွားပါလိမ့်မည်။
ရှုယန်က ဒီနေ့ ရှားဝမ်ချွေ့ဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပြီး တကယ်လို့ သူ့မှာ အခွင့်အရေးရှိရင် သူ့အချစ်ကို သူမဆီ ဝန်ခံရပါလိမ့်မည်။
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးသည် မျက်နှာပြင်ပေါ်တွင် မြင်ရသည့်အတိုင်းသာ ကောင်းမွန်နေပါလိမ့်မည်။
ရှုယန်သည် သူ့မှာ အခွင့်အရေးရှိသေးတယ်လို့ ခံစားရသည်။
တကယ်လို့ သူ မကြိုးစားခဲ့ဘူးဆိုရင် ဒါက အလုပ်ဖြစ် မဖြစ်ကို သူ ဘယ်လိုသိနိုင်ပါ့မလဲ။
ရှုယန်သည် ရှားဝမ်ချွေ့၏ အလုပ်နေရာသို့ ရောက်ရှိလာသောအခါတွင် သူသည် ချက်ချင်းပင် လူအများ၏ အာရုံစူးစိုက်မှုကို ခံခဲ့ရသည်။
ရှုယန်သည် ယွဲ့ဟွာ၏ နံပါတ်တစ် အမျိုးသားအနုပညာရှင်အဖြစ်ရှိနေဆဲဖြစ်ပြီး သူ့အဆင့်အတန်းမှာ ယိမ်းယိုင်ခြင်းမရှိပေ။ တကယ်လို့ ယွဲ့ဟွာ၏ နံပါတ်တစ် အမျိုးသားအနုပညာရှင်အဖြစ် အစားထိုးလိုပါက သူတို့သည် သက်ဆိုင်ရာ အနုပညာလက်ရာများကို ထုတ်ပြနိုင်ရမည်ဖြစ်သည်။ လင်းဖန်က လူတွေနဲ့ ဆက်ဆံရေးကောင်းပေမယ့် လင်းဖန်၏ နာမည်ကို လူအများ သိပ်မသိကြသေးပါဘူး။
ရှုယန်ရောက်သွားတော့ ရှားဝမ်ချွေ့ အလုပ်လုပ်နေတာကို သူ တွေ့လိုက်ရသည်။ သူမသည် အရမ်းလှပလွန်းသဖြင့် သူ့ကို အနည်းငယ် ကြက်သေ သေသွားစေပါသည်။
ရှုယန်သည် သူ့စိတ်ကိုသူပြင်ဆင်ခဲ့သည်။ သူ လုံးဝ လက်မလျှော့သင့်ဘူး။ ဒါက သူ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါ။ ရှားဝမ်ချွေ့ အနားယူချိန်မှာ ပတ်ဝန်းကျင်မှာ လူသိပ်မရှိခဲ့ပါဘူး။ ရှုယန်သည် ပန်းစည်းကို ကောက်ယူပြီး ရှားဝမ်ချွေ့ဆီသို့ စိတ်ပါလက်ပါ လျှောက်သွားခဲ့သည်။
လူတော်တော်များများက ဒီမြင်ကွင်းကိုမြင်ရတဲ့အခါ အနည်းငယ် ထိတ်လန့်သွားခဲ့ကြသည်။
ရှုယန်က... ရှားဝမ်ချွေ့ကို ဖွင့်ဟဝန်ခံချင်နေတာလား။
ဒါဟာ လူတော်တော်များများရှေ့မှာမို့ တစ်ခုခု အကြောင်းထူးရင် အင်တာနက်ပေါ်မှာ တင်ကြလိမ့်မည်။
“ဝမ်ချွေ့၊ မင်း အလုပ်ကြောင့် ပင်ပန်းနေမှာပဲ။”
ရှုယန်သည် ရှေ့သို့ လျှောက်သွားပြီး ပန်းစည်းကိုကိုင်ကာ ရှားဝမ်ချွေ့ကိုကြည့်ရင်း စကားဆိုလိုက်သည်။
ရှားဝမ်ချွေ့က မော့ကြည့်လိုက်သည်။ သူမသည် ရှုယန်လက်ထဲက ပန်းစည်းကို မြင်သော်လည်း သူမ သူတို့ကို လက်လှမ်းမယူခဲ့ချေ။
သို့သော်လည်း သူမသည် ရှုယန်ကို လူအများရှေ့တွင် အခက်တွေ့အောင် ပြုလုပ်ခြင်းသည် မကောင်းပေ။ နောက်ဆုံးမှာတော့ သူတို့တွေဟာ ကုမ္ပဏီတစ်ခုတည်းကပါ။
ထိုအခိုက်အတန့်မှာပင် လင်းဖန်သည် သူ့ကားနှင့် ရောက်ချလာခဲ့သည်။
လင်းဖန်ရဲ့ Bugatti ကားကို မြင်တော့ ရှားဝမ်ချွေ့ရဲ့ မျက်လုံးတွေက လင်းလက်တောက်ပသွားသည်... လင်းဖန်၊ ဒီကောင်စုတ်က ဘာဖြစ်လို့ အခု ဒီကိုရောက်လာတာလဲ။
ကောလဟာလတွေရှိခဲ့ရင်တောင် သူမဟာ လင်းဖန်နဲ့ ကောလဟာလတွေကိုသာ ရှိစေချင်ပါသည်။
လင်းဖန်တစ်ယောက် ဒီနေရာကို ရောက်နေပြီဖြစ်သော်လည်း သူမ ရှုယန်အား တုံ့ပြန်မှုပေးဖို့ လိုအပ်ပါသေးသည်။
ဒီလိုမှမဟုတ်ရင် ရှုယန် အရမ်းရှက်သွားမှာဖြစ်ပြီး ဒီမြင်ကွင်းဟာ သတင်းဖြစ်သွားပါလိမ့်မည်။ ဒါဟာ သူတို့နှစ်ယောက်ရဲ့ ပရိသတ်တွေကြား စစ်ပွဲကို ဖြစ်စေနိုင်ပါသည်။
ရှားဝမ်ချွေ့က ယဥ်ကျေးစွာပြုံးပြီး “အဆင်ပြေပါတယ်။ ရှင့်ကို ကျေးဇူးတင်ပါတယ်။ ပန်းတွေကို ဟိုမှာ တင်ခဲ့လိုက်ပါ။” ဟု ပြောလိုက်သည်။
ရှုယန်သည် အရမ်းရှက်တယ်လို့ မခံစားခဲ့ရပေ။
အကြောင်းတစ်ခုခုကြောင့် ရှုယန်သည် ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ ရှားဝမ်ချွေ့သည် သူ့ပန်းစည်းကို ယူလိမ့်မည်ဟု ထင်ထားခဲ့ပြီး သူမ ပန်းစည်းကို လက်ခံချိန်မှာ ချစ်ခွင့်ပန်ဖို့ ပြင်ဆင်ထားခဲ့သည်။
ဒါပေမယ့် အခုတော့... ရှားဝမ်ချွေ့က သူ့ကို ဒီအခွင့်အရေးလေးကိုတောင် မပေးခဲ့ဘူး။