← Chapters

အခန်း(၉၂) ရှုယန် : ငါ့ကိုဘာလို့ ဒီလိုအရှက်ခွဲရတာလဲ

Vol. 7 Ch. 92

အခန်း(၉၂) ရှုယန် : ငါ့ကိုဘာလို့ ဒီလိုအရှက်ခွဲရတာလဲ

Vol. 7 Ch. 92

အခန်း(၉၂) ရှုယန် : ငါ့ကိုဘာလို့ ဒီလိုအရှက်ခွဲရတာလဲ

ရှုယန် တစ်ခုခု ပြောချင်နေသော်လည်း လင်းဖန်ကို မြင်သောအခါ မသိစိတ်ဖြင့် သူ့ကို လမ်းဖယ်ပေးလိုက်မိသည်။

ဒါ သူ့အိမ်ကွင်း မဟုတ်ပါ။

စုရှောင်းယွီ၏ မျက်လုံးများက ပန်းများစွာကိုမြင်သောအခါ ဝိုင်းစက်သွားပါသည်။

“ရှုယန် ကျွန်မတို့ကို လာတွေ့တာလား။" စုရှောင်းယွီက ပန်းများကိုကြည့်ကာ တခစ်ခစ် ရယ်မောလိုက်ပါသည်။

"အင်း ရိုက်ကူးရေးပြီးတော့ ပင်ပန်းနေမှာပေါ့"။ရှုယန်က စုရှောင်းယွီတို့ကို မြင်လိုက်ပါသည်။ သူ့နှလုံးသား ဗလာကျင်းဖြစ်နေသော်လည်း ထုတ်မပြခဲ့ပါ။

"ရပါတယ်။ အမ် ဆရာလည်း ရောက်နေတာပဲ။" လင်းဖန်ကိုမြင်တော့ စုရှောင်းယွီ သူ့ဆီမသွားခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် လင်းဖန် ရှားဝမ်ချွေ့အား ကြည့်နေတာကို သူမ မြင်နိုင်သောကြောင့်ပင်။

ရှားဝမ်ချွေ့ကလည်း လင်းဖန်ကို ကြည့်နေပါသည်။

သူတို့မျက်လုံးများ စုံစည်းသွားကြ၏။ သို့သော်လည်း လင်းဖန်က ဒီတိုင်း သူမဆီ လျှောက်သွားလို့ မဖြစ်ပါ။ မဟုတ်ပါက မနက်ဖြန် ဝေ့ပေါ်၏ ရေပန်းစားသော စာမျက်နှာတွင် သေချာပေါက် သူပါလာလိမ့်မည်။

လင်းဖန်နဲ့ ရှုယန်တို့နှစ်ယောက်စလုံး ရှားဝမ်ချွေ့ကို သဘောကျကြသည်။ ရှားဝမ်ချွေ့၏ ရွေးချယ်မှုကတော့...

လင်းဖန်က Keep Running ဒါရိုက်တာ လင်းဟုန်ကို မြင်သွားသည်။

"ဟယ်လို ဒါရိုက်တာလင်း" လင်းဖန်က လျှောက်သွားလိုက်ပြီး လင်းဟုန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

"လင်းဖန်လား" လင်းဟုန်က ဦးစွာ လင်းဖန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး နွေးထွေးစွာ ပြုံးပြလိုက်ပါသည်။ Keep Running က ကျယ်ပြန့်သော ရသစုံအစီအစဥ်တစ်ခုဖြစ်ပြီး ကြည့်ရှုသူ အလွန်များပြားသည်။

ဖြစ်ချင်တော့ လင်းဖန်က နောက်ဆုံးအပိုင်းအတွက် ဖိတ်ကြားထားသော ဧည့်သည် ဖြစ်နေပါသည်။ ထို့အပြင် ထိုနေ့ကလည်း ရှားဝမ်ချွေ့၏ မွေးနေ့ ဖြစ်နေ၏။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးကို တခြားလူများက မသိသော်လည်း လင်းဟုန်က သိနေပါသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့က အထက်တန်း အတန်းဖော်များဖြစ်ကြသည်။ ယခု သူတို့က ကုမ္ပဏီတစ်ခုတည်းက လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြပြီး ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံစီးရီး၏ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးများ အသီးသီး ဖြစ်ကြသည်။

"ကျွန်တော် ဝမ်ချွေ့နဲ့ ရှောင်းယွီတို့ကို လာတွေ့တာပါဗျ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ရပါတယ်။ ဒါပေမယ့် မင်း လက်ဗလာနဲ့ လာလို့တော့ မရဘူးနော်။ မင်းချက်တဲ့ စားပွဲတော်တွေက အရမ်းအရသာရှိတယ်လို့ ကြားတယ်။ ဒါရိုက်တာလုက မင်းအကြောင်းကို ခဏခဏ ကြွားတတ်တာ။ မင်းငါတို့ကို ချက်ကျွေးရမယ်နော်။" လင်းဟုန်က ရယ်မောလိုက်ပါသည်။

အမှန်ပင်။ လင်းဖန်က ရှားဝမ်ချွေ့ကို လာတွေ့တာ သူသိနေပါသည်။ သို့သော်လည်း ဒီလိုလာတွေ့ဖို့ အကြောင်းပြချက်တော့ ရှာရမည်။

ဥပမာအားဖြင့် အလုပ်ကြောင့် ဖြစ်နိုင်သည်။ အားလုံးက သိပြိး တိုက်ရိုက်ဖွင့်ပြောမည်မဟုတ်ပါ။

"ဟားဟား ရတာပေါ့ဗျာ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ လင်းဟုန်နှင့် ဒါရိုက်တာကြီးများက သူ့ကို အရင်တုန်းက ကူညီဖူးပါသည်။ လင်းဖန်က ရှားဝမ်ချွေ့ကို မွေးနေ့မှာ အံ့အားသင့်အောင် လုပ်နိုင်ခြင်းအတွက် အလွန်ကျေးဇူးတင်နေပါသည်။

လင်းဟုန်နှင့် စကားပြောပြီးနောက် လင်းဖန် ရှားဝမ်ချွေ့ဆီသို့ လျှောက်သွားသည်။

သူ့ရှေ့က ကောင်မလေးကိုကြည့်ရင်း လင်းဖန် တောက်ပစွာ ပြုံးလိုက်ပါသည်။ ရှားဝမ်ချွေ့ ဘာလို့ ဒီလောက်တောင် လှနေရတာလဲ။

သူ့ကို ကောင်းကင်ဘုံက ချီးမြှင့်လိုက်သော နတ်သမီးလေးတစ်ပါးလိုပင်။ ဒီလိုအခွင့်အရေးမျိုးကို တခြားလူများအား ယူဆောင်ခွင့်မပေးနိုင်ပါ။ မဟုတ်ပါက တစ်သက်လုံး အပြစ်ရှိသလို ခံစားရပြီး နောင်တရသွားပါလိမ့်မည်။

ရှားဝမ်ချွေ့ရှေ့ကို လျှောက်လာပြီး လင်းဖန်က ဘယ်ကမှန်းမသိ နှင်းဆီအနီရောင်တစ်ပွင့်ကို ထုတ်ယူလိုက်ပါသည်။

ထိုပန်းက ရှုယန် ယူလာသော ပန်းများနဲ့ မနှိုင်းယှဥ်နိုင်ပေ။

လင်းဖန်က ပန်းပွင့်လေးတစ်ပွင့်ကိုသာ ခူးလာခြင်း ဖြစ်သည်။ ပန်းလေးက လှပသော်လည်း ရှုယန်က တကယ့် ပန်းအလှဆင်ပညာရှင်ဆီမှ ပန်းများကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ခြားနားချက်တော့ ရှိနေပါသေးသည်။

ပန်းပွင့်အပြင် လင်းဖန်က ဦးထုပ်တစ်ခုလည်း ဝယ်လာသေးသည်။

"နွေရာသီဆိုတော့ အပြင်မှာအရမ်းပူတယ်။ ဒီဦးထုပ်လေးကိုဝတ်ထား ဒါမှ နေရောင်အောက်မှာ အရမ်းနေရမခက်မှာ။" လင်းဖန်က ပြုံးလိုက်ပြီး သူ့ရှေ့က ကောင်မလေးကိုကြည့်လိုက်ပါသည်။

"အင်း အိုကေ" ရှားဝမ်ချွေ့က ဦးထုပ်ကိုယူလိုက်ပြီး ဆောင်းလိုက်ပါသည်။

မိန်းမလှလေးတစ်ယောက်က ဘာကိုပဲဝ်ဆင်ဆင် လှပပါသည်။ ရှားဝမ်ချွေ့က ဒီဦးထုပ် ဝတ်ထားရင်တောင် လှပနေဆဲ ဖြစ်သည်။ တခြားလူများ၏ အာရုံစိုက်မှုကို ခံရ၏။

လမ်းဘေးပစ္စည်းများကတောင် သူမကိုယ်ပေါ်တွင် ကြည့်ကောင်းလှပါသည်။

"ပြီးတော့ ဒီပန်းကလည်း နင့်အတွက်ပဲ လှတယ်လို့ ငါထင်လို့လေ" လင်းဖန်က ညှိုးခါနီးဆဲဆဲပုံစံဖြစ်နေသော ပန်းကို ကိုင်ထားပါသည်။

"စျေးတော့ မကြီးပါဘူး... ဒါပေမယ့် မညှိုးသေးတဲ့အချိန်မှာ တကယ်ကြည့်လို့လှတယ်" လင်းဖန်က ပြုံးလိုက်ပါသည်။ သူ တစ်နာရီလောက်သာ ကားမောင်းလာခဲ့သော်လည်း ပန်းက ညှိုးစပြုနေပါပြီ။ "ထားလိုက်ပါတော့။ ငါလွှင့်ပစ်လိုက်တာ ကောင်းမယ်။"

"မလုပ်နဲ့။"

ရှားဝမ်ချွေ့က ခေါင်းခါလိုက်ပြီး ပန်းကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပါသည်။

"နင်လှတယ်ထင်ရင် ငါလည်း လှတယ်လို့ထင်တယ်။" ရှားဝမ်ချွေ့က ပန်းကိုကိုင်လိုက်ပြီး သူ့ဆံပင်တွင် ပန်လိုက်ပါသည်။ ပန်းက ညှိုးနေသော်လည်း သူမနှလုံးသားက နွေးထွေးနေပါသည်။

"ပြီးတော့ အများကြီး သဘောကျတယ်။ မလွှင့်ပစ်နိုင်ပါဘူး။" ရှားဝမ်ချွေ့၏ အပြုံးက မက်မောစရာ ဖြစ်သည်။ လင်းဖန်ကိုကြည့်လိုက်ပြီး သူမ ပါးများက အနည်းငယ် နီရဲလာပါသည်။

လင်းဖန် ဒီငတုံးကောင်က သူမကို ပန်းတော့ ပေးရကောင်းမှန်း သိသေးတယ်ပေါ့။

ပန်းက မလှသော်လည်း သူမ သဘောကျရင် တော်ပါပြီ။

ရှုယန်က အားလုံးကို တိတ်ဆိတ်စွာဖြင့် စောင့်ကြည့်နေသည်။

ထို့နောက် မြေပေါ်က ပန်းစည်းကို ကြည့်လိုက်ပြီး သူကိုယ်တိုင်ပင် ညှိုးနွှမ်းသွားသလို ခံစားလိုက်ရပါသည်။

ရှုယန် နှလုံးသား ကြေမွသွားသလို ခံစားလိုက်ရ၏။

ရှားဝမ်ချွေ့ရှေ့မှာ သူနဲ့ လင်းဖန်တို့က အမြဲတမ်း ခြားနားစွာ ဆက်ဆံခံရသည်။ ရှုယန်ပေးသည့် ပန်းများက အလွန်စျေးကြီးသည်။ ရှားဝမ်ချွေ့က ယူလို့ရသော်လည်း မယူဖို့ ရွေးချယ်ခဲ့သည်။ ရှုယန်ကို ဘေးမှာသာ ထားခဲ့ခိုင်းခဲ့သည်။

လင်းဖန်ပေးသည့် ပန်းက ညှိုးပင် ညှိုးနေပါပြီ။ သူ လွှင့်ပစ်ချင်ခဲ့သော်လည်း ရှားဝမ်ချွေ့က အလွန်သဘောကျသည်ဟု ပြောခဲ့သည်။

ထို့အပြင် ရှုယန်က ရှားဝမ်ချွေ့ကို ဂရုစိုက်သည့်နေရာတွင်  ရှုံးနိမ့်သွားသည်ဟု ခံစားလိုက်မိပါသည်။

လင်းဖန်ပေးသည့် ဦးထုပ်မှာ တကယ်ပဲ  ရှားဝမ်ချွေ့ အပြင်ဘက်မှာ ရှိုးရိုက်သည့်အခါ နေပူဒဏ်ကို ခံနိုင်မည်ဖြစ်ပါသည်။

ရှုယန် သူ နောက်တစ်ခေါက် အရှက်ခွဲခံလိုက်ရပြီဆိုတာကို နားလည်သွားပါသည်။

ဒီမတော်တဆမှုဖြစ်ပြီးနောက် ရှုယန်၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားခဲ့သည်။

သူ အရှုံးပေးဖို့ အချိန်ကျပါပြီ။

ရှားဝမ်ချွေ့ကလည်း သူ့ကိုသဘောမကျသဖြင့် သူလက်လျှော့လိုက်ပါတော့မည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူရှိနေသောအခါ ရှားဝမ်ချွေ့က အလွန်ပျော်ရွှင်နေတတ်သည်။

သူတို့နှစ်ယောက်က အလွန်ချိုမြိန်နေပါသည်။

ရှုယန်က အဝေးကသာ ကြည့်နေနိုင်သည်။

သူသဘောကျသည့် မိန်းကလေး ပျော်ရွှင်ရင် လုံလောက်ပါပြီ။

အဝေးကပဲ ဆုတောင်းပေးတော့မည်။

ရှားဝမ်ချွေ့ကို ဒီလောက်ထိ ပျော်ရွှင်အောင် သူမလုပ်ပေးနိုင်ပါ။

ဒီကမ္ဘာကြီးထဲမှာ ဒီလိုလုပ်ပေးနိုင်တာ တစ်ယောက်တည်းသာရှိပြီး ထိုလူက လင်းဖန် ဖြစ်ပါသည်။

အသက်ဝဝရှူလိုက်ပြီး ရှုယန် အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါသည်။

သူ့အတွက် မသင့်လျော်သည့် ဆက်ဆံရေး တစ်ခုကို ဆက်ပြီး တောင့်ခံထားဖို့ မလိုတော့ပါ။

သို့သော်လည်း လက်တွေ့ဘဝက အမြဲတမ်း ရက်စက်တတ်သည်။

သူက အလွန်ထူးချွန်ပြီး သူသဘောကျသည့် ကောင်မလေးတစ်ယောက်ရှိသော်လည်း သူမ နောက်ကျောကိုသာ ထာဝရကြည့်နေနိုင်တော့သည်။

သူမနဲ့အတူ နေထိုင်မည့်၊ စားသောက်မည့်၊ အိပ်စက်မည့်၊ အကြင်နာပေးမည့်၊ ကလေးယူမည့်၊ မိသားစုတစ်ခုထူထောင်မည့်၊ အနာဂတ်တစ်ခုကို တည်ဆောက်မည့် ယောက်ျားလေးမှာ သူ မဟုတ်ပါ။ လင်းဖန် ဖြစ်ပါသည်။

ရှုယန်က မထူးချွန်လို့မဟုတ်ပေ။ သူ ပေါ်ပေါက်လာသည့် အချိန်အခါက မှားယွင်းသွားသောကြောင့် ဖြစ်ပါသည်။

ရှုယန်က တိုးတိတ်စွာဖြင့် ရေသန့်တစ်ငုံသောက်လိုက်ပါသည်။ ဘာကြောင့်မှန်းမသိဘဲ ဘေးမှာ ဘယ်သူမှ မရှိသည့်အခခါ မျက်ရည်များက မထိန်းချုပ်နိုင်တော့ဘဲ စီးကျလာ၏။

ယောက်ျားတစ်ယောက်က အလွယ်တကူ မငိုတတ်ဟု ပြောကြသည်။ ဒီမျက်ရည်များက အတိတ်က သူ့ကိုယ်သူ နှုတ်ဆက်သော မျက်ရည်များလည်း ဖြစ်ပါသည်။

အခုချိန်ကစပြီး မျှမျှတတဆိုသည့် သူပြိုင်ပွဲကို ချန်ခဲ့လိုက်ပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို ပျော်ရွှင်ဖို့သာ ဆုတောင်းပေးခဲ့တော့သည်။

သူလည်း ဘဝအသစ်တစ်ခု စတင်ပါမည်။ သရုပ်ဆောင်ပြီး တခြား ကောင်မလေးများနဲ့ ဆုံတွေ့နိုင်ပါသေးသည်။

ရှုယန် မတ်တပ်ရပ်လိုက်တော့ သူ့ရှေ့မှာ မတ်တပ်ရပ်နေသည့် ကောင်မလေးတစ်ယောက်ကို မြင်သွားပါသည်။

ထိုကောင်မလေးက လင်းကျင်းကျင်း ဖြစ်သည်။

ရှုယန်နှင့် လင်းဖန်တို့ ရှားဝမ်ချွေ့ဆီလာကြတာဖြစ်ပြီး ဒီလိုရလဒ်မျိုး ရလာလိမ့်မည်ဟု မျှော်လင့်ထားပြီးသား ဖြစ်ပါသည်။

လင်းကျင်းကျင်းက ရှုယန်ကို ကြည့်လိုက်သည်။ သူမ နှလုံးသား နာကျင်သွား၏။ သူမက ထက်မြက်သဖြင့် ဘာမှမပြောခဲ့ပါ။

"ဒီမှာ လေတိုက်တယ်နော်။ ရှင့်မျက်လုံးထဲ သဲဝင်သွားတာလား။ သုတ်လိုက်ဦးလေ။" လင်းကျင်းကျင်းက ထိုင်လိုက်ပြီး ရှုယန်ကို တစ်ရှူူးပေးလိုက်ပါသည်။

"ဟုတ်တယ်။ ပင်လယ်ဘေးဆိုတော့ လေက အရမ်းထန်တယ်။ အခု အဆင်ပြေသွားပါပြီ။" ရှုယန်က မတ်တပ်ရပ်လိုက်ပြီး သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်ကာ ရင်ထဲ ထိရှသွားမိသည်။

လင်းကျင်းကျင်းက သူ့ကို အရှက်မရစေလိုသဖြင့် တမင်သက်သက် ပြောလိုက်ခြင်း ဖြစ်ပါသည်။

သူထင်တာ မမှားပါက ဒီနေ့ ဘဝရဲ့ပျော်ရွှင်မှုအတွက် လင်းကျင်းကျင်း နောက်ခံအသံသွင်းရင်း  အလုပ်များနေရမည်ကို ရှုယန် သိပါသည်။ ဒါတောင် ဒီကို ရောက်လာခဲ့သေးသည်။

လင်းဖန် ပြောတာကို ရှုယန် ပြန်တွေးမိသွားပါသည်။

တစ်ခါတစ်လေ ကိုယ့်ရှေ့မှာရှိနေသောလူကို ချစ်မြတ်နိုးခြင်းက တန်ဖိုးအရှိဆုံးအရာပင်။

ထို့ကြောင့် လင်းဖန်က အရာရာကိုနားလည်ထားပြီးသားဖြစ်သည်။

လင်းကျင်းကျင်းထံမှ တစ်ရှူးတစ်ရွက်ကို ယူလိုက်ပြီးနောက် ရှုယန် အသက်ဝဝရှူလိုက်ပါသည်။

အခုချိန်ကစပြီး သူ ရှုယန် အသစ်စက်စက် ဖြစ်စေရတော့မည်။

All Chapters