အခန်း(၉၃) ချက်ပြုတ်တတ်တဲ့ ယောက်ျားလေးတွေက ဆွဲဆောင်မှုအရှိဆုံးပဲ
Vol. 7 Ch. 93
အခန်း(၉၃) ချက်ပြုတ်တတ်တဲ့ ယောက်ျားလေးတွေက ဆွဲဆောင်မှုအရှိဆုံးပဲ
ရှုယန်က ယုံကြည်ချက်ပြည့်ဝစွာ ပြုံးလိုက်ပါသည်။
ယုံကြည်ချက်ပြည့်ဝသည့် ယောက်ျားတစ်ယောက်က ဆွဲဆောင်မှုအရှိဆုံး ဖြစ်သည်။
သိပ်မဝေးသော နေရာတွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ ထိုင်နေကြသည်။
"မြောင် မြောင်~"
"လင်းဖန် ငါအလုပ်များတော့မှာမို့လို့ နောက်မှ ပြန်လာတွေ့မယ်နော်။" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပြီး ချစ်ဖို့ကောင်းသော အမူအယာလုပ်ပြလိုက်ပါသည်။ အနည်းငယ်လည်း တောင်းပန်လိုက်ပါသည်။
လင်းဖန်က သူမကို လာတွေ့သော်လည်း သူမက ရွေးချယ်စရာမရှိဘဲ အလုပ်သာလုပ်ရသည်။
"ရပါတယ်။ ဒီမှာ ပင်လယ်လေပြည်လေညှင်းကို ခံစားလို့ရတာပဲ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားပါသည်။ ဝန်ထမ်းများဖြင့် ကမ်းခြေသို့ သူမ ထွက်သွား၏။
သူမ ကြော်ငြာနှင့် ထောက်ခံချက်များအတွက် ရိုက်ကူးရေးလုပ်ရဦးမည်။
ရှားဝမ်ချွေ့က ပင်လယ်ဘေးတွင် လမ်းလျှောက်နေသည်။ သူမက ခြေဗလာဖြစ်နေပြီး မျက်နှာပေါ်တွင်လည်း ချိုသာသော အပြုံးတစ်ခုရှိနေ၏။ သူမ၏ ဆံနွယ်ရှည်များက လေထဲတွင် ပျံလွင့်နေပြီး ငယ်ရွယ်နုပျိုခြင်းစွမ်းအင်ကို ထုတ်လွှင့်နေသည်။ သူမတွင် ပြီးပြည့်စုံသော ခန္ဓာကိုယ်လည်းရှိပြီး ဆွဲဆောင်မှုရှိသော အရှိန်အဝါလည်းရှိ၏။ သူမ၏ အပြုံးချိုချိုတိုင်းက လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သည်။
သူမ ကမ်းခြေတွင် တစ်လှမ်းချင်း လျှောက်လှမ်းရင်း လှိုင်းလုံးလေးများကို ကန်ကျောက်နေ၏ လေပြည်လေညှင်းများက တိုက်ခတ်လာသောအခါ သူမ၏ ဂါဝန်ရှည်ရှည် လှုပ်ခါသွားပြီး နှင်းလိုဖြူဖွေးသော သူမ၏ ခြေတံသွယ်သွယ်လေးများ ပေါ်လာသည်။
ဓာတ်ပုံဆရာများစွာ ကြက်သေသေသွားကြသည်။ သူတို့ ရှေ့က အမျိုးသမီးကိုကြည့်ရင်း အံ့သြကုန်ကြ၏။
ဒီလို လှပတဲ့ အပြုံးမျိုးနဲ့ မိန်းမလှလေးတစ်ယောက်က ဒီမှာရှိနေသမျှ လူတိုင်းကိုဆွဲဆောင်နိုင်သည်။
ဓာတ်ပုံဆရာများက ရှားဝမ်ချွေ့ကို ရှုထောင့်မျိုးစုံမှ ဓာတ်ပုံရိုက်နေသည်။
သူမက သန့်ရှင်းစင်ကြယ်ပြီး တကယ့် နတ်သမီးလေးလိုပင်။ လူတိုင်း၏ အာရုံစိုက်မှုကို တကယ်ပဲ ဆွဲဆောင်နိုင်ပါသည်။
"အစ်မဝမ်ချွေ့က တကယ်လှတာပဲ။" စုရှောင်းယွီက သက်ပြင်းချလိုက်ပါသည်။
"ငါ့ခန္ဓာကိုယ်ကော ဘယ်တော့ အစ်မဝမ်ချွေ့လို လှလာနိုင်မှာလဲ။ သူ့ရင်ဘတ်တွေကလည်း အကြီးကြီးပဲ။ ကိုယ်လုံးကိုယ်ပေါက်လည်း လှတယ်။ ပြီးတော့ ခြေတံသွယ်သွယ်တွေက အံ့သြဖို့ကောင်းတယ်။" စုရှောင်းယွီက သူမ၏ ပါးကိုလက်ဖြင့်ကိုင်ကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။ ထို့နောက်သူမ၏ သာမန်မျှရှိသော ရင်ဘတ်ကို ပြန်ကြည့်လိုက်သည်။ ယှဥ်နိုင်စရာအကြောင်းမရှိပါ။ "ရှောင်းယွီကလည်း နင့်ကိုယ်လုံးကိုယ်ပေါက်ကလည်း မလှဘူးလား။ ချွေ့ချွေ့ကလွဲပြီး ယွဲ့ဟွာထဲက ဘယ်သူကမှ နင့်ကိုမယှဥ်နိုင်ဘူး။ နင့်ကိုယ်လုံးကိုယ်ပေါက်ကို လူဘယ်နှယောက်တောင် မနာလိုဖြစ်နေကြမလဲမသိဘူး။" လင်းကျင်းကျင်းက ဘေးကနေပြီး ချီးကျူးပေးလိုက်ပါသည်။
ကောင်မလေးများက ရင်ဘတ်မသေးပါ။ စုရှောင်းယွီ၏ ရင်ဘတ်က မသေးသော်လည်း အတော်လေး ဖွံ့ဖြိုးပါသည်။
အရေးကြီးဆုံးက စုရှောင်းယွီမှာ တစ်ကိုယ်ရေသမား ဖြစ်နေဆဲဖြစ်သောကြောင့်ပင်။ တစ်ကိုယ်ရေသမား မဟုတ်တော့ပါက သူမ၏ ကိုယ်လုံးကိုယ်ပေါက်လည်း ပိုပြီး လှလာနိုင်ပါသည်။
တစ်ဖက်တွင် လင်းဖန်နဲ့ ရှုယန်တို့ အတူတူ ထိုင်နေကြ၏။
ရှုယန်က လင်းဖန်ကိုကြည့်ကာ ပြောလိုက်သည်။ "လင်းဖန် နောက်ဆို မင်းနဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေးကနေ ငါနောက်ဆုတ်လိုက်ပါ့မယ်။ ငါမင်းကိုထပ်ပြီး မပြိုင်ဆိုင်တော့ဘူး။"
လင်းဖန်က ပြုံးလိုက်ပြီး ရှုယန်ကို ပခုံးပုတ်လိုက်ပါသည်။ "မင်းသေချာစဥ်းစားပြီးသွားပြီလား။"
ရှုယန်က ပြောလိုက်သည်။ "ငါ သေသေချာချာ မစဥ်းစားရသေးဘဲနေမလား။ လခွမ်း နေ့တိုင်း မင်းအရှက်ခွဲတာကို ခံနေရတယ်။ မင်းလည်း ငါ့ကို အလျော်ပြန်ပေးရမယ်။ အနည်းဆုံးတော့ ငါ့ကို စားပွဲတော်ကြီးတစ်ခုလောက် ချက်ကျွေးစမ်းပါ။ ပင်လယ်ခရု၊ ကျောက်ပုစွန်၊ ငှက်သိုက်နဲ့ ဝိုင်ကောင်းကောာင်း၊ ဟင်းလျာအစုံပါရမယ်။ သေချာပေါက် ငါမင်းကို ပိုက်ဆံအများကြီး ကုန်အောင်လုပ်ပစ်မယ်။"
လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ "ပင်လယ်ခရု၊ ကျောက်ပုစွန်၊ ငှက်သိုက်တွေက စျေးအရမ်းမကြီးပါဘူး။ တစ်ပန်းကန်ကို သိန်းကျော်ကျော်ပဲကုန်မှာ ဘယ်လိုလုပ် စျေကြီးမှာလဲ။"
ရှုယန် "..."
ရှုယန် စိတ်ဓာတ်ပြိုလဲသွာားပါသည်။
လင်းဖန်က ချမ်းလည်းချမ်းသာ ရုပ်လည်းချောသူဖြစ်မှန်း သတိရသွားပါသည်။ သူ့မိသားစု ပိုင်ဆိုင်မှုက ဒီ့ထက် အဆပေါင်းများစွာ ပိုများလောက်သည်။
လင်းဖန်က တကယ့်သူဌေးဖြစ်သည်။ သူ့ပိုင်ဆိုင်မှုနဲ့တင် ဘီလီယံဆယ်နဲ့ချီပြီး ရှိနိုင်သည်။ ကြယ်ပွင့်တစ်ယောက်ဖြစ်သော ရှုယန်တောင် လင်းဖန်လောက် မချမ်းသာပေ။
လင်းဖန်က ရှုယန်ကို ကြည့်ကာ အတည်ပေါက် ပြောလိုက်ပါသည်။ "ညီအစ်ကို လက်လျှော့တယ်ဆိုတာ ကောင်းတဲ့အရာပါ။ ကျင်းကျင်းကလည်း မဆိုးပါဘူး။ သူက မင်းနဲ့ လိုက်ဖက်တယ်။"
ရှုယန်က ရယ်မောလိုက်သည်။ "လင်းဖန် တော်စမ်းပါ။ ငါအချစ်ကြောင့် နာကျင်ပြီးပြီ။ မင်းငါ့ကို ကျင်းကျင်းနဲ့ ထပ်ပြီး အောင်သွယ်ရင် ငါက အဲ့လောက် လွယ်တဲ့ပုံပေါက်နေလို့လား။"
လင်းဖန်က ရှားဝမ်ချွေ့ကို ထပ်ကြည့်ကာ တောက်တောက်ပပ ပြုံးလိုက်ပါသည်။ "ရှုယန် နောက်တစ်ခေါက် ငါဇာတ်ညွှန်းရေးတဲ့အခါကျရင် မင်းက ဇာတ်လိုက်မင်းသား ဖြစ်စေရမယ်။ အဲ့ဒီဒရမ်မာက သေချာပေါက် ရေပန်းစားလာမှာပါ။” လင်းဖန် လက်ထဲမှာ ဇာတ်ညွှန်း ၃ - ၄ ခုလောက်ရှိသည်။ နည်းနည်းလောက် ပြန်ပြုပြင်လိုက်တာနဲ့ စျေးနှုန်းမြင့်မြင့်ဖြင့် ပြန်ရောင်းချနိုင်ပါလိမ့်မည်။
ဇာတ်ညွှန်းကောင်းတစ်ခုက သရုပ်ဆောင်တစ်ယောက်အတွက် အလွန်အရေးပါသည်။
"မင်းကကော" ရှုယန်က မေးလိုက်သည်။
"ငါက ဒါရိုက်တာလုပ်လို့ရတာပဲ။ ငါသာ ရုပ်သံဒရမ်မာထဲမှာ ဇာတ်ပို့အဖြစ် သရုပ်ဆောင်လိုက်ရင် ပရိတ်သတ်တွေ ငါ့ကိုပဲ အာရုံစိုက်ကုန်မှာပေါ့။" လင်းဖန်က စနောက်လိုက်ပါသည်။
"ယီး" ရှုယန်က စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။ လင်းဖန်ပြောတာအမှန်ပင်။ လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်နဲ့ သူ့ချောမောမှုတို့နဲ့သာဆို ပရိတ်သတ်၏ အာရုံစိုက်မှုကို တကယ်ရလောက်ပါသည်။
ရှုယန် သူ့စိတ်ကူးအမှန်များကို ဖွင့်ပြောပြီးနောက် အများကြီးနေလို့ ပိုကောင်းသွားပါသည်။
ညဘက်တွင် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ အလုပ်ပြီးသွာားကြသည်။
ရိုက်ကူးရေးအဖွဲ့သားများက အလုပ်ရှုပ်နေကြ၏။
ရှုယန်နဲ့ လင်းကျင်းကျင်းတို့က အတူတူလမ်းလျှောက်နေကြပြီး အားလုံးနဲ့စကားပြောနေပါသည်။
ရှုယန်၏ ရေပန်းစားမှုကလည်း မဆိုးလှပါ။
ပြောစရာမလိုအောင် စုရှောင်းယွီက လင်းကျင်းကျင်းဘေးမှာရှိပြီး အစားအသောက်မျိုးစုံကို စားသောက်နေပါသည်။
တစ်ခါတစ်လေ ပန်းသီး၊ တစ်ခါတစ်လေ ငှက်ပျောသီးဖြစ်သည်။ အစားသောင်းကျန်းသူဖြစ်နေတာ သူမအပြစ်လား။ သူမတခြားအရာများစားပါက ဝလာလိမ့်မည်။ ထို့ကြောင့် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များကိုသာ စားနိုင်ပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူရှိနေကြသည်။ လမင်းကြီးကို အပန်းဖြေကာ ကြည့်နေကြ၏။
ဒီလို အေးချမ်းသည့် ဘဝမျိုးကလည်း မဆိုးလှပါ။
ထိုအချိန်တွင် ဒါရိုက်တာလင်းဟုန်က လင်းဖန်ကိုကြည့်လိုက်ပြီး ပြုံးကာပြောလိုက်ပါသည်။ "အားလုံးပဲ ဒီနေ့ည အကင်နဲ့ စားပွဲတော်ကြီး ကျင်းပကြရအောင်။ လင်းဖန်က မာစတာ စားဖိုမှူးတစ်ယောက်တဲ့။ သူ ချက်ပြုတ်တဲ့ အကင်နဲ့ စားသောက်ပွဲတွေက အရမ်းအရသာရှိတာပဲတဲ့။ ဒီနေ့ည သိုးသားတုတ်ထိုး၊ ဝက်သားတုတ်ထိုး၊ မှို၊ ကြက်သားပြား၊ အာလူးကင်၊ အမဲသား၊ ကြက်တောင်ပံကင် ခရမ်းသီးမီးဖုတ်နဲ့ ကြက်သွန်မြိတ်မီးဖုတ်တွေ စားကြမယ်။ ဇီရာနဲ့ ငရုတ်သီးမှုန့်တွေလည်း ပြင်ထားပြီးသား။ အကုန်အရသာရှိတယ်။”
"အားလုံး လင်းဖန်ကို ကူပြီး အကင်လုပ်ခိုင်းလိုက်ကြ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ည အားလုံး လုံလုံလောက်လောက် စားရမယ်။" လင်းဟုန်က ပြုံးလိုက်ပြီး ဟင်းချက်ပစ္စည်းမျိုးစုံကို ထုတ်ပေးလိုက်ပါသည်။
စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ မျက်လုံးများ ဝိုင်းစက်သွား၏။
သူတို့ အကင်စားရတော့မည်။
လင်းဖန် လုပ်ပေးထားသည့် အကင်လည်း ဖြစ်သည်။ အရေးအကြီးဆုံးမှာ အကင်တစ်ခုချင်းစီတိုင်း၏ နာမည်ကိုက အလွန်မွှေးပျံ့နေပါပြီ။
သိုးသားကင်၊ ဝက်သားကင်၊ ကြက်တောင်ပံ၊ အာလုံး၊ ခရမ်းသီး... အားလုံးက အရသာရှိမည့်ပုံပင်။ လင်းဖန်က မီးသွေးမီးပေါ်တွင် သံဆန်ကာ တစ်ချပ်ကို တင်လိုက်ပြီး ပြင်ဆင်ထားပြီးသား တုတ်ထိုးမျိုးစုံကို တင်လိုက်ပါသည်။ ထို့နောက် မှိုများ၊ အပ်မှို၊ ဝက်ပေါင်ခြောက်များပေါ်တွင် ဆီအနည်းငယ် သုတ်ပြီး ကင်လိုက်ပါသည်။ နောက်ဆုံးတော့ ဇီရာနဲ့ ငရုတ်မှုန့်များကို အပေါ်တွင် ဖြူးလိုက်သည်။ အဆုံးသတ်မှာတော့ ၎င်းတို့ကို အနည်းငယ် စပ်ပြီး လတ်ဆတ်သည့် အသားနဲ့အတူစားလိုက်သည်။ အရသာက ပါးစပ်ထဲတွင် စွဲကျန်ခဲ့ပါသည်။
လင်းဖန်၏ ထိပ်တန်းအချက်အပြုတ်စွမ်းရည်နဲ့ ပေါင်းစပ်လိုက်သောအခါ သူဖန်တီးသည့် အကင်များက အရသာရှိလွန်းပါသည်။
လင်းဖန် အကင်ကို အတည်ပေါက် ချက်ပြုတ်နေစဥ် အာရုံစိုက်မှုများစွာကိုရခဲ့ပါသည်။ တချို့ မိန်းမလှလေးများက လင်းဖန်ကို ကြည့်ကာ အနည်းငယ် သဘောကျသွာားကြပါသည်။
"ဝိုး အစ်ကိုလင်းဖန်က အရမ်းချောတာပဲ။"
"လင်းဖန်က ဇာတ်ညွှန်းဆရာဖြစ်ပြီး ဘဝရဲ့ပျော်ရွှင်မှုရဲ့ ခေါင်းဆောင်မင်းသားလည်းဟုတ်တယ်။ သူ့သရုပ်ဆောင်စွမ်းရည်က ဘယ်လိုဖြစ်မလဲမသိဘူး။ ဘာပဲဖြစ်ဖြစ် အရမ်းချောတာပဲ။"
"စားဖိုမှူးကြီးလင်း ကင်ပေးထားတဲ့ အကင်တွေကို စားရတာ တန်ပါတယ်။"
"ဘာလို့ အရမ်းမွှေးရတာလဲ။ စားချင်နေပြီ။ ဘာလုပ်ရမလဲ။"
"ငါတို့အတွက် ဒီလောက်ချောတဲ့ စားဖိုမှူး ညစာချက်ပေးနေတာ ကံအရမ်းကောင်းတာပဲ။ လင်းဖန် ဘယ်တော့များ ငါတို့နဲ့အတူတူ Keep Running လာရိုက်လဲမသိဘူးနော်။"
Keep Running ကိုရိုက်ကူးနေသည့် လူများက အားလုံး နာမည်ကျော်များ ဖြစ်ကြပါသည်။
ဒါရိုက်တာ၊ ပရိုဂျူဆာနဲ့ တချို့ နာမည်ကျော်များသာ လင်းဖန်၏ စားသောက်ပွဲကိုစားနိုင်ပါသည်။ လူအများကြီးရှိနေသောကြောင့် သေချာပေါက် အားလုံးကိုတော့ တာဝန်မယူနိုင်ပေ။
ချွင်းချက်မရှိ ဘေးပတ်လည်ရှိ နာမည်ကျော်များက လင်းဖန်ကို လွန်စွာ သဘောကျကြပါသည်။
လင်းဖန်၏ ပုံစံကို ဘာမှပြောဖို့မလိုပါ။
လင်းဖန် အကင်ကင်နေသည့် ပုံစံတစ်ခုတည်းနဲ့ ကောင်မလေးများစွာကို ညှို့ယူပြီးသား ဖြစ်သည်။
ချက်ပြုတ်တတ်သည့် ယောက်ျားလေးတစ်ယောက်က ယောက်ျားအပီသဆုံးပင်။