← Chapters

အခန်း(၉၆) လင်းဖန်၏ ဝေ့ပေါ်နာမည်ပျက်ခြင်း၊ ဂျွိုင်းမီဒီယာနဲ့ ယွဲ့ဟွာတို့ တိုက်ပွဲ

Vol. 7 Ch. 96

အခန်း(၉၆) လင်းဖန်၏ ဝေ့ပေါ်နာမည်ပျက်ခြင်း၊ ဂျွိုင်းမီဒီယာနဲ့ ယွဲ့ဟွာတို့ တိုက်ပွဲ

Vol. 7 Ch. 96

အခန်း(၉၆) လင်းဖန်၏ ဝေ့ပေါ်နာမည်ပျက်ခြင်း၊ ဂျွိုင်းမီဒီယာနဲ့ ယွဲ့ဟွာတို့ တိုက်ပွဲ

ကျောက်လွေ့က ထပ်ပြောလိုက်သည်။ "ဒါပေါ့။ ငါတို့ 'ဘဝရဲ့ပျော်ရွှင်မှုကို အရမ်းကြီးတော့ အထင်မသေးသင့်ဘူး။ သူတို့မှာ နာမည်ကျော်အများကြီးရှိပြီး ငါတို့ကို တိုက်ခိုက်နိုင်စွမ်းရှိတယ်။"

"အဲ့တာကြောင့် ဒီအချိန်တောအတွင်းမှာ ငါတို့တွေ လင်းဖန်ကို အွန်လိုင်းပေါ်ကနေ တိုက်ခိုက်ဖို့ လူထုရဲ့ အထင်အမြင်ကို အသုံးချရမယ်။"

"ရှားဝမ်ချွေ့နဲ့ ရှုယန်တို့လိုလူတွေကို အင်တာနက်ပေါ်ကနေ တိုက်ခိုက်ဖို့က အသုံးမဝင်ဘူး။ သူတို့မှာ ဟာကွက်များများစားစား မရှိပေမယ့် လင်းဖန်ကတော့ အားနည်းချက်တစ်ခုပဲ။"

"ပိုင်ဆိုင်မှု အတော်လေး မြင့်မားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်။ နောက်ဆုံးတော့လည်း နောက်ကွယ်က ကြိုးကိုင်ပြီး ဘဝရဲ့ပျော်ရွှင်မှု မှာ ခေါင်းဆောင်မင်းသား ဖြစ်လာတယ်။ အဲ့ဒီအသေးစိတ်တွေကို အချက်အလက်တွေကိုသုံးပြီး ငါတို့ ဘဝရဲ့ပျော်ရွှင်မှုအပေါ် ပရိတ်သတ်ရဲ့ မျှော်လင့်မှုကို လျှော့ချပစ်လိုက်လို့ ရတယ်။ ဒါဆို ဘဝရဲ့ပျော်ရွှင်မှု ဂုဏ်သတင်း ကျဆင်းသွားလိမ့်မယ်။"

"တစ်ချိန်တည်းမှာ ရုပ်သံကုမ္ပဏီတစ်ခုကို ဆက်သွယ်လိုက်။ စစ်သူကြီးနဲ့ ကျွန်မ စီးရီးနဲ့ ဘဝရဲ့ပျော်ရွှင်မှုတို့ တစ်ချိန်တည်းမှာ ထုတ်လွှင့်မယ်။ ငါတို့ဘဝရဲ့ပျော်ရွှင်မှုကို လုံးဝ အနိုင်ယူပစ်ရမယ်။"

"ဒီလိုမှ ရင်းနှီးမြှုပ်နှံသူတွေက အနာဂတ်မှာ ဂျွိုင်းမီဒီယာကို ပိုပြီး အာရုံစိုက်လာကြမှာ။ ဒါ ယွဲ့ဟွာကို တိုက်ခိုက်ဖို့ အခွင့်ကောင်းတစ်ခုလည်း ဖြစ်တယ်။" ကျောက်လွေ့က ယုံကြည်ချက်ပြည့်ဝစွာဖြင့် ပြုံးလိုက်ပါသည်။

ဂျွိုင်းမီဒီယာ၏ ပန်းတိုင်က ယွဲ့ဟွာကိုချေမှုန်းပစ်ဖို့သာဖြစ်သည်။

သရုပ်ဆောင်စွမ်းရည် မရှိသည့် လင်းဖန်က ယွဲ့ဟွာ၏ အဓိက အားနည်းချက် ဖြစ်လာသည်။

တစ်ချိန်တည်းတွင် လင်းဖန်နှင့် ပတ်သတ်သည့် သတင်းပေါင်းစုံ ပေါက်ကြားသွားခဲ့သည်။

အင်တာနက်တစ်ခုလုံးက လင်းဖန်ကို ဝေဖန်နေကြသည်။ မုန်းတီးရေးသမားပေါင်းစုံနဲ့ ကီးဘုတ်ဖိုက်တာများ ဘယ်ကမှန်းမသိဘဲ ပေါ်လာကြသည်။

"လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှုမှာ ခေါင်းဆောင်မင်းသားလုပ်ဖို့ မထိုက်တန်ဘူး။ လင်းဖန်က စားသောက်ဆိုင်ပိုင်ရှင်လေး တစ်ယောက်ပဲလေ။ သူ ခေါင်းဆောင်မင်းသားဖြစ်လာဖို့ ကြိုးကိုင်လှုပ်ရှားခဲ့တာပဲဖြစ်မယ်။"

"လင်းဖန်က နည်းနည်းချောတာတော့ ဟုတ်တယ်။ ဒါပေမယ့် စစ်သူကြီးနဲ့ ကျွန်မ စီးရီးရဲ့ ခေါင်းဆောင်မင်းသားရဲ့ ချောမောမှုနဲ့ ယှဥ်နိုင်ပါ့မလား။ လင်းဖန်မှာ ဘာသရုပ်ဆောင်စကေးမှရှိတာ မဟုတ်ဘူး။ ဟာကွာ ဘဝရဲ့ပျော်ရွှင်မှုကိုကြည့်တဲ့ကောင်တိုင်း သောက်တုံးပဲ။"

"ကြည့်ရတာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကြားမှာ တစ်ခုခုရှိနေတဲ့ပုံပဲနော်။ သူတို့ အထက်တန်းကျောင်းကတည်းက ချစ်ကြိုက်နေကြတာဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဒီရုပ်သံစီးရီးက ကောင်းမှာ မဟုတ်ဘူး။"

"လင်းဖန်က သောက်အမှိုက်သရိုက်ကောင်ပဲ။ သူ့သရုပ်ဆောင်စွမ်းရည်က ဘာမှမကောင်းဘဲ ဟင်းပဲ ချက်တတ်တဲ့ကောင်။ သူ့မှာ ခေါင်းဆောင်မင်းသားဖြစ်လာခွင့် ဘာရှိလို့လဲ။ အဲ့တာဆို ငါတောင် ခေါင်းဆောင်မင်းသားဖြစ်လာနိုင်တယ် ဆိုတဲ့ သဘောလား။"

"အံ့သြစရာပဲဟေ့။ လင်းဖန်ဘာလို့ ခေါင်းဆောင်မင်းသားဖြစ်လာလဲ ငါသိသွားပြီ။ လင်းဖန်က သူဌေးတစ်ယောက်ပဲ။ Rolls-Royce နဲ့ Bugatti ကြီးတွေတောင် စီးနိုင်တဲ့ကောင်။ တကယ် ဖြတ်လမ်းကို ရွေးခဲ့တာပဲ။ ကျွတ်ကျွတ်ကျွတ် ယွဲ့ဟွာက ငွေအတွက်ဆို  ဘာမဆိုလုပ်တာကိုး။"

ထိုအချိန်တွင် အင်တာနက်တစ်ခုလုံး လင်းဖန်ကို တိုက်ခိုက်နေကြပါသည်။ တချို့လူများဆို လင်းဖန်၏ ဝေ့ပေါ်အကောင့်ကိုပင် တွေ့သွားကြပြီး ပြင်းထန်သော ကောမန့်များပင် လာရေးလာကြသည်။

"အမှိုက်သရိုက်ဖြတ်လမ်းကောင်။ အနုပညာလောကထဲက ထွက်သွားစမ်း။"

"မင်းမှာ ခေါင်းဆောင်မင်းသားဖြစ်လာခွင့် ဘာရှိလို့လဲ။ မင်းက ငါတို့ချွေ့ချွေ့လေးနဲ့တောင် သရုပ်ဆောင်သေးတယ်။ မင်းက အဆက်အသွယ်သုံးပြီး ခေါင်းဆောင်မင်းသားဖြစ်လာခွင့်ရှိလို့လား။"

"ယွဲ့ဟွာက ငွေအတွက်ဆို အကုန်လုပ်ရဲလို့ ရွံဖို့ကောင်းလိုက်တာ။ နောက်ကို ယွဲ့ဟွာရဲ့ ရုပ်သံဒရမ်မာတွေကို မကြည့်တော့ဘူး။"

ဂျွိုင်းမီဒီယာက  တကယ့် ကုမ္ပဏီအကြီးစားဖြစ်ပြီး မကောင်းသည့် လူထုအထင်အမြင်များက လျင်မြန်စွာ ပြန့်နှံသွားပါသည်။

သူတို့လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်၊ အရည်အချင်း၊ ဖြတ်လမ်းနည်းသုံးခြင်း စသည့်သ တင်းများကို ဖြန့်ခဲ့ပြီး မီးလောင်ရာလေပင့်ခဲ့ပါသည်။

လင်းဖန်မှာ ပရိတ်သတ်အင်အားမရှိဘဲ လူများများစားစားကလည်း သူ့ကိုမယုံကြည်ကြပါ။

ယုံကြည်သူများရှိရင်တောင် ကီးဘုတ်ဖိုက်တာများကြောင့် ရှုံးနိမ့်သွားပါလိမ့်မည်။ ဒါက အနုပညာ ကုမ္ပဏီတစ်ခု၏ အာဏာကို ဖြုန်းတီးခြင်းပင်။ သူတို့ လင်းဖန်ကို ပြဿနာရှာချင်ပါက လွယ်ကူပါသည်။ ဒရမ်မာနှစ်ခုအကြား တိုက်ပွဲအတွင်း အရေးအကြီးဆုံးအရာက လူထု၏ အထင်အမြင်သာ ဖြစ်ပါသည်။

အမှန်ကိုမသိသည့် ဖြတ်သွားဖြတ်လာလူများကလည်း လင်းဖန်ကို ဝေ့ပေါ်ပေါ်တွင် ဝေဖန်ကြပါသည်။

ရုတ်ခြည်းဆိုသလို လင်းဖန်၏ ဝေ့ပေါ်ကို လူထုက တိုက်ခိုက်လာပါသည်။

အရင်တုန်းက လင်းဖန်ကို နာမည်ကျော်များစွာက ထောက်ခံပေးခြင်းမှာလည်း လင်းဖန်က နောက်ကွယ်မှ ကြိုးကိုင်ထားခြင်းကြောင့်ဖြစ်မည်ဟု ပြောသည့်လူများပင် ရှိနေပါသည်။

မရေမတွက်နိုင်သော အဖျက်သမားများက တစ်ချိန်တည်းမှာပင် ဘဝရဲ့ပျော်ရွှင်မှုကို ဖျက်ဆီးချင်သလိုမျိုး တိုက်ခိုက်လာကြသည်။

ယွဲ့ဟွာဖျော်ဖြေရေးတွင်...။

စုရှောင်းယွီ အလွန်စိတ်ဆိုးနေပါသည်။ "ဒီသောက်ကျင့်မကောင်းတဲ့ ကီးဘုတ်ဖိုက်တာတွေက ငါ့ဆရာကို ထပ်ပြီးတိုက်ခိုက်နေပြန်ပြီ။ အဲ့ကောင်တွေကို တကယ်ပြန်ငေါက်ချင်လိုက်တာ။"

ရှားဝမ်ချွေ့ကလည်း ဝေ့ပေါ်ကို ကြည့်နေပါသည်။ သူမ၏ လှပသောမျက်လုံးလေးများက အေးစက်နေသည်။ လင်းဖန်ကို လူများစွာ တိုက်ခိုက်နေတာကို သူမ ထပ်မြင်ရပြန်ပါပြီ။

ရှုယန်က ဒေါသဖြင့် စားပွဲကိုထုလိုက်ပါသည်။ "လခွီးပဲ ငါ့ညီအစ်ကိုကိုများ အနိုင်ကျင့်ရဲကြတယ်ပေါ့လေ။ ဘယ်ကုမ္ပဏီ လုပ်တာလဲ။ ဘယ်သူလုပ်တာလဲ စုံစမ်းကြစမ်း။"

စီအီးအိုလီ၏ မျက်နှာထားလည်း ပျက်နေပါသည်။ ဒါက "ဘဝရဲ့ပျော်ရွှင်မှု"နဲ့ ယွဲ့ဟွာကိုတောင် ဖျက်ဆီးချင်သော လူတစ်ယောက်ယောက်၏ လက်ချက်ဆိုတာ သိသာနေပါသည်။

ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံအရည်အသွေးသာ တကယ်ညံ့နေပါက ယွဲ့ဟွာ၏ နာမည်ကျော်အားလုံး ထိခိုက်လာနိုင်သည်။

ဘဝရဲ့ပျော်ရွှင်မှုမှာ ပါဝင်သည့် သရုပ်ဆောင်များပင် ထိခိုက်လာနိုင်ပါသည်။

ဒီရုပ်သံဒရမ်မာကို ညံ့ဖျင်းသော ရုပ်ရှင်အဖြစ် သတ်မှတ်လိုက်တာနဲ့ အနာဂတ်မှာ ဒီရုပ်ရှင်ထဲက နာမည်ကျော်များ ပြန်ပေါ်လာဖို့ အလွန်ခက်ခဲနိုင်ပါသည်။ သူတို့ကို အညံ့စားရုပ်ရှင်တွေ ပါဝင်ကြသူများဟုပင် ခေါင်းစဥ်တပ်လိုက်နိုင်သည်။

ထိုအချိန်တွင် ယွဲ့ဟွာသို့ လင်းဖန်ဝင်ရောက်လာပါသည်။

အားလုံး လင်းဖန်ကိုကြည့်လိုက်သောအခါ သူက လုံးဝ စိတ်မတိုနေသဖြင့် အံ့သြကုန်ကြပါသည်။ "ဆရာ လူတွေက နင့်ကို နာမည်ဖျက်နေကြတာ။ သူတို့ကို ပြန်ဆဲချင်တယ် ငါဘာလုပ်ရမလဲ။" စုရှောင်းယွီက အပြေးသွားလိုက်ပါသည်။ ဝေ့ပေါ်မက်ဆေ့များစွာကို ဖတ်ကာ သူမ ပိုပိုပြီး ဒေါသကြီးလာသည်။ ဒီလူတွေက တကယ် စိတ်တိုဖို့ကောင်းပါသည်။

"ငါအရမ်းစိတ်တိုတာ။ပဲ" ရှားဝမ်ချွေ့ကလည်း ခေါင်းငြိမ့်လိုက်သည်။သူမ မျက်နှာလည်း အလွန်ကြမ်းတမ်းနေပါသည်။

ဒါရိုက်တာ လုပမ်ခိုင်းနှင့် ပရိုဂျူဆာ လျို့မူတို့က လင်းဖန်အတွက် ပို၍ပင် စိတ်တိုနေကြသေးသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းမွန်သည်။ သို့သော်လည်း ဒီလူတွေ မမြင်နိုင်ခင်မှာပင် လင်းဖန်ကို အွန်လိုင်းပေါ်က နာမည်ဖျက်နေကြသည်။ "နင်တို့ စိတ်တိုစရာ မလိုပါဘူး။ ဒီလိုလုပ်နိုင်တဲ့ ကုမ္ပဏီကတစ်ခုပဲရှိတယ် ဂျွိုင်းမီဒီယာပေါ့။”

"အစကတည်းက ဂျွိုင်းမီဒီယာက ငါ့ဇာတ်ညွှန်းကို အပေါစားစျေးနှုန်းနဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ငါငြင်းခဲ့တယ်လေ။ အခု ဂျွိုင်းမီဒီယာရဲ့ ရုပ်သံဒရမ်မာ 'စစ်သူကြီးနဲ့ကျွန်မ' စီးရီးလည်း ထုတ်လွှင့်ပြသတော့မယ်။ ဘဝရဲ့ပျော်ရွှင်မှုနဲ့ တစ်ချိန်တည်း ဖြစ်လောက်တယ်။ အဲ့တာကြောင့် ဂျွိုင်းမီဒီယာက ငါ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး ငါ့ကိုတိုက်ရိုက်တိုက်ခိုက်ချင်နေကြတာလေ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

အားလုံးက လင်းဖန်၏ စကားကိုကြားလိုက်ရတော့ ခေါင်းငြိမ့်လိုက်ကြသည်။

လင်းဖန်က အနုပညာလောကတွင် အဆင့်အတန်း အမြင့်ကြီးမရှိသော်လည်း ယွဲ့ဟွာက လူတွေအကြားမှာတော့ လင်းဖန်က နတ်ဘုရားတစ်ဆူ အမြဲတမ်း ဖြစ်နေပြီး သြဇာပင်ရှိပါသည်။ ရှုယန်တောင် လင်းဖန်ကို အလွန်ယဥ်ကျေးစွာ ဆက်ဆံရသည်။ သူ့ကို ညီအစ်ကိုဟုပင်ခေါ်သည်။ ယွဲ့ဟွာက လူတွေ လင်းဖန်နဲ့ ဘယ်လောက်တောင် ဆက်ဆံရေးကောင်းသလဲ မြင်နိုင်ပါသည်။

သို့သော်လည်း အင်တာနက်ပေါ်က အမှန်တရားကို မသိသည့် ဖြတ်လျှောက်များက အထင်လွဲကာ လင်းဖန်ကို အပြစ်တင်ကြသည်။

"လင်းဖန် ငါတို့ ပြန်တိုက်ခိုက်သင့်တယ်ထင်လား။ ဂျွိုင်းမီဒီယာ အခုလုပ်နေတာတွေက ဘဝရဲ့ပျော်ရွှင်မှုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရုံပဲရှိတယ်။" ရှုယန်က လင်းဖန်ကိုကြည့်ကာ မေးလိုက်ပါသည်။

လင်းဖန်က အလွန်တည်ငြိမ်စွာဖြင့် ပြောလိုက်ပါသည်။ "ငါတို့ ဘာမှလုပ်စရာမလိုဘူး။ ငါတို့ကိုယ်ငါတို့လည်း သက်သေပြစရာ မလိုဘူး။ ငါတို့ အင်တာနက်ပေါ်က တိုက်ပွဲမှာလည်း ဝင်ဆင်နွှဲစရာမလိုဘူး။ ငါတို့ကို အဆင့်နိမ့်သွားစေလိမ့်မယ်။"

"ပြိုင်ဘက်က ငါတို့ကို ဖျက်ဆီးချင်တာနော်။ ပြိုင်ဘက်က ငါတို့ ဒရမ်မာ ရေပန်းစားလာမှာကို ကြောက်နေတာပေါ့။ တကယ်တော့ ဂျွိုင်းမီဒီယာ အမှားလုပ်လိုက်တာပဲ။ သူတို့ ကီးဘုတ်ဖိုက်တာတွေ အများကြီး သုံးပြီး ငါ့ကိုတိုက်ခိုက်တယ်။ အဲ့တာကြောင့် ဘဝရဲ့ပျော်ရွှင်မှုက ပိုပြီးတောင် ရေပန်းစာလာလိမ့်မယ်။ မထုတ်လွှင့်ခင်မှာတောင် ရေပန်းစားလာလိမ့်မယ်။”

"ဥပမာအားဖြင့် အရင်တုန်းက ကောင်းကင်ဘုံသို့စစ်ခင်းခြင်းမှာ ချီစွမ်းအင်တွေကို မြင်းတွေအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် အင်တာနက်ပေါ်မှာ မုန်းတဲ့လူတွေ အများကြီး ရှိခဲ့တယ်။ မုန်းတီးရေးသမားတွေ ပိုများလာလေလေ ချီစွမ်းအင်ကို မြင်းအဖြစ်ပြောင်းတာက ဘာလဲဆိုတာကို ပိုသိချင်လာတဲ့လူတွေ များလာလေလေပဲ။ သူတို့ ရုပ်သံဒရမ်မာကို သွားကြည့်လိုက်ကြတော့မှ ဒီရုပ်သံဒရမ်မာက တကယ် လှလှပပရိုက်ကူးထားတာမှန်း သိသွားကြတယ်..."

"ပရိတ်သတ်တွေက အရူးမဟုတ်ပါဘူး။ အားလုံးကို အလုပ်နဲ့ပဲ သက်သေပြတယ်။ ငါတို့ကို အခုဝေဖန်နေတဲ့လူတွေပိုများလေလေ ရုပ်သံစီးရီးထွက်လာခဲ့တဲ့ ကိုယ့်သေတွင်းကိုယ်တူးတဲ့လူတွေ ပိုများလေလေပဲ။ တစ်ဖက်မှာတော့ ငါတို့ ရုပ်သံဒရမ်မာအတွက် ဂုဏ်သတင်းက ပြောင်းပြန်အာနိသင်ကို ခံစားရလိမ့်မယ်။"

"အဆုံးသတ်အနိုင်ရသူက ငါတို့ပဲ"

All Chapters