← Chapters

အခန်း(၉၇) သံသယကို အမှန်တရားနဲ့ တိုက်ဖျက်ခြင်း

Vol. 7 Ch. 97

အခန်း(၉၇) သံသယကို အမှန်တရားနဲ့ တိုက်ဖျက်ခြင်း

Vol. 7 Ch. 97

အခန်း(၉၇) သံသယကို အမှန်တရားနဲ့ တိုက်ဖျက်ခြင်း

လင်းဖန်စကားကိုကြားပြီးနောက် ရှုယန်၊ လုပမ်ခိုင်းနှင့် လျို့မူတို့အားလုံး သူ့ကို လက်မထောင်ပြလိုက်ကြပါသည်။

လင်းဖန်ပြောတာမှန်ပါသည်။ အင်တာနက်က သူ့ကိုဘယ်လောက်ပဲဝေဖန်နေပါစေ အသုံးမဝင်ပါ။

ထိုအမုန်သမားများက ကောလဟာလလွှင့်နေသည့် ငွေပေးထားသော ကီးဘုတ်ဖိုက်တာများသာ ဖြစ်ပါသည်။

အမုန်းသမားများနဲ့ ကီးဘုတ်ဖိုက်တာများကို အသုံးပြုခြင်းက ဘဝရဲ့ပျော်ရွှင်မှုကို ပို၍ပင် ရေပန်းစားလာစေပါလိမ့်မည်။

ကီးဘုတ်ဖိုက်တာများက ကောလဟာလ ဘယ်လောက်ပဲ လွှင့်ပါစေ ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။ တိကျသည့် သက်သေမရှိဘဲ စစ်မှန်သည့် ရေပန်းစားမှုတစ်ခုကို ဖန်တီးနိုင်မှာမဟုတ်ပေ။

ထို့ကြောငု့် ယွဲ့ဟွာက အမုန်းသမားများကိုလုံးဝတိုက်ဖျက်ပြီး ယွဲ့ဟွာပြောင်းပြန်အာနိသင်ရသွားစေဖို့ တစ်ကွက်သာလိုပါသည်။

ထိုအကွက်မှာ အမှန်တရားကိုအသုံးချပြီး ပြန်တိုက်ခိုက်ဖို့ဖြစ်ပါသည်။

အချက်အလက်ဖြင့် ဘဝရဲ့ပျော်ရွှင်မှုရုပ်သံစီးရီးအပေါ် လူတွေ၏ သံသယများကို ဖျက်ဆီိးပစ်မည်။

စီအီးအိုလီလည်း ထွက်လာပြီး အားလုံးကို ကြည့်လိုက်ပါသည်။ ထို့နောက်ပြုံးကာ ပြောလိုက်၏။ "လင်းဖန်က တကယ်ပဲ တခြားသူတွေနဲ့ ခြားနားပါပေတယ်။ ချက်ကောင်းကို စဥ်းစားနိုင်တာပဲ။"

"အားလုံးပဲ ငါတို့ရိုက်ထားတဲ့ ဒီရုပ်သံစီးရီးကို ယုံကြည်ထားမှဖြစ်မယ်။ အရမ်းကြည့်ကောင်းတဲ့ ခေါင်းဆောင်မင်းသားတွေနဲ့ သရုပ်ဆောင်စွမ်းရည်ကောင်းတဲ့ မင်းသမီးတွေပါတယ်။ စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့လို အလှအပလေးတွေလည်းပါတယ်။ ရှုယန်နဲ့ ဝါရင့်သရုပ်ဆောင်တွေလိုမျိုး သရုပ်ဆောင်တွေလည်းပါတယ်။ ရုပ်သံစီးရီးရဲ့ အသေးစိတ်အချက်တိုင်းက ဘယ်ပြိုက်ဘက်အောက်မှ မနိမ့်ကျဘူး။ ဇာတ်ညွှန်းရွေးချယ်မှုအပါအဝင်ပေါ့။ ငါ့ရွေးချယ်မှုကို ငါယုံကြည်တယ်။”

"စစ်သူကြီးနဲ့ ကျွန်မ ဇာတ်ညွှန်းကို ဂျွိုင်းမီဒီယာက ဇာတ်ညွှန်းဆရာအဘိုးကြီးတစ်ယောက် ရေးထားတာ။ သူတို့အစွမ်းအစကလည်း သာတူညီမျှကောင်းပါတယ်။ ဂျွိုင်းမီဒီယာက ယွဲ့ဟွာနဲ့ တိုက်ခိုက်ချင်တယ်ဆိုမှတော့ တိုက်ခိုက်ကြတာပေါ့။"

"အားလုံးပဲ အလုပ်စလိုက်ကြစို့။" စီအီးအိုလီက ပြောလိုက်ပါသည်။

ဂျွိုင်းမီဒီယာကလည်း အားနည်းသူ မဟုတ်ပါ။ နှစ်ရက်အတွင်းမှာ လင်းဖန်ကို အင်တာနက်ပေါ်တွင် စတင်နာမည်ဖျက်နိုင်နေပြီ ဖြစ်သည်။

ထိုမုန်းတီးရေးသမားများက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကိုပါ စတင်မုန်းတီးလာကြပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် မုန်းလို့ရတာ တစ်ခုခုရှိတာနဲ့ သူတို့မုန်းတီးကြပါလိမ့်မည်။

စုရှောင်းယွီ သခွားသီးနဲ့ ငှက်ပျောသီးများ မကြာခဏ ကိုင်ထားတာကိုပင် ဝေဖန်ကြသော လူများ ရှိပါသည်။

အင်တာနက်ပေါ်တွင် မုန်းတီးရေးသမားမျိုးစုံ ရှိသည်။

လင်းဖန်က ထို ဝေ့ပေါ်ပို့စ်များကို မကြည့်ပါ။ အင်တာနက်ပေါ်က မုန်းတီးရေးသမားများ သူ့ကိုဘယ်လောက် နာမည်ဖျက်ဖျက် ဂရုမစိုက်ပေ။

လောလောဆယ် လင်းဖန်က ဇာတ်ညွှန်းအသစ်ကို ရေးနေပါသည်။

အင်တာနက်ပေါ်က လူတွေသူ့ကိုဘယ်လိုပဲ သိက္ခာချချ လင်းဖန်က အလွန်ယုံကြည်ချက် ပြည့်ဝနေပါသည်။

"ဘဝရဲ့ပျော်ရွှင်မှု”က အစသာရှိသေးသည်။

ရက်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက် လင်းဖန် အာရုံထဲတွင် ဇာတ်ညွှန်းအတွက် အိုင်ဒီယာမျိုးစုံ ရသွားပါပြီ။

စိတ်လှုပ်ရှားစရာ ဇာတ်လမ်းများက စာရွက်ပေါ်သို့ ရောက်လာခဲ့ပါသည်။

ဇာတ်ညွှန်းသစ်က မပြီးသေးသော်လည်း နာမည်တစ်ခုကို စဥ်းစားပြီးသွားပါပြီ။

နာမည်က... "ဓားနဲ့နတ်သမီးရာဇဝင်" ဖြစ်ပါသည်။

လင်းဖန်က ဓားနဲ့နတ်သမီးရာဇဝင်ကို ဖန်တီးနေရင်း တန်းလန်းလည်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဘဝရဲ့ပျော်ရွှင်မှုကိုလည်း စတင်ထုတ်လွှင့်တော့မည်ဖြစ်ပါသည်။

ထိုနေ့တွင် ပရိုဂျူဆာလျို့မူ၊ ဒါရိုက်တာလုပမ်ခိုင်းတို့က ထုတ်လွှင့်ပြသခွင့်နှင့် ပတ်သက်၍ ကုမ္ပဏီလေးခုနဲ့ သဘောတူညီချက်စာချုပ် ချုပ်ဖို့ ဆွေးနွေးနေပါသည်။

ကုမ္ပဏီများက ဘဝရဲ့ပျော်ရွှင်မှုကို အင်တာနက်ပေါ်တွင် ပြသဖို့ ဆုံးဖြတ်လိုက်ပါသည်။

စုစုပေါင်း ဗီဒီယိုကုမ္ပဏီလေးခု ရှိပါသည်။ ၎င်းတို့မှာ iQiyi, Tencent Arts, Happy Fruit နှင့် Mango TV တို့ ဖြစ်သည်။

ထိုဗီဒီယိုဝက်ဘ်ဆိုက်လေးခုတွင် ကြည့်ရှုသူများစွာ ရှိပါသည်။

ထိုကုမ္ပဏီလေးခုက အလွန်လည် ပြိုင်ဆိုင်မှု ပြင်းထန်ကြ၏။ Happy Fruit နှင့် MangoTV  နှစ်ခုစလုံးက စစ်သူကြီးနဲ့ကျွန်မ အတွက် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူဖို့ စျေးမြင့်မြင့် ပေးထားပြီးသား ဖြစ်သည်။

"လုပ်ငန်းတွဲလုပ်ရတာ ဝမ်းသာပါတယ်။" Happy Fruit ၏ မန်နေဂျာဖြစ်သူ ဝမ်လီလီက ပြောလိုက်သည်။

"ဝမ်းသာပါတယ်ဗျာ။" ကျောက်လွေ့ကလည်း ပြုံးကာ ပြန်ပြောလိုက်သည်။

MangoTV ဝန်ထမ်းဖြစ်သူ လီမန်မန်ကလည်း ငွေအများကြီးသုံးပြီးပြီ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် 'စစ်သူကြီးနဲ့ကျွန်မ'၏ ရေပန်းစားမှုက ပိုမြင့်နေပြီး ပါဝင်သရုပ်ဆောင်များကလည်း အားလုံး နာမည်ကျော်များဖြစ်သောကြောင့် ဖြစ်သည်။

လုပမ်ခိုင်း ကုမ္ပဏီနှစ်ခုနဲ့ စကားပြောဆိုကြည့်တော့ ပြဿနာတချို့နဲ့ ကြုံခဲ့ရပါသည်။ Happy Fruit ဝမ်လီလီက ပြောလိုက်သည်။

"ကျွန်တော်တို့ ထုတ်လွှင့်ပြသမှု မူပိုင်ခွင့်ကြေး မပေးချင်တာ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ခေါင်းဆောင်မင်းသားက ရှုယန်ဆိုရင်တောင် ကျွန်တော်တို့ ဝယ်ဦးမယ်။ ဒါပေမယ့် ခင်ဗျားတို့ ခေါင်းဆောင်မင်းသားက လင်းဖန်ဖြစ်နေတယ်။ အခု အင်တာနက်ပေါ်မှာလင်းဖန်ကို ဘယ်လောက်တောင် မုန်းတီးနေကြလဲ ကြည့်လိုက်ပါဦး။ ဘဝရဲ့ပျော်ရွှင်မှုအတွက် ထုတ်လွှင့်ပြသမှု မူပိုင်ခွင့်ကို ဝယ်လိုက်ရင် ကျွန်တော်တို့ ဘယ်လောက်တောင် အရှုံးပေါ်သွားမလဲမသိဘူး။"

MangoTV လီမန်မန်ကလည်း ခေါင်းငြိမ့်လိုက်သည်။

"ခင်ဗျားတို့ ခေါင်းဆောင်မင်းသားရဲ့ ရေပန်းစားမှုက အရမ်းနိမ့်နေတယ်။ ပြီးတော့ အင်တာနက်တစ်ခုလုံးရဲ့ဝေဖန်မှုကိုတောင် ခံနေရတာ။ ဒီဒရမ်မာအတွက်တော့ ခင်ဗျားတို့နဲ့ တွဲမလုပ်နိုင်လောက်ဘူးဗျာ။ ခင်ဗျားတို့ ထုတ်လွှင့်ပြသမှု မူပိုင်ခွင့်တွေ ဝယ်ပေးလို့တော့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကုမ္ပဏီက အများဆုံး ယွမ် ၁၀ သန်းပဲ ပေးနိုင်မယ်။"

လုပမ်ခိုင်း ထိုစကားကိုကြားတော့ လီမန်မန်ကို စိုက်ကြည့်ကာပြောလိုက်သည်။ "ယွမ် ၁၀ သန်းဟုတ်လား။ ကျုပ်တို့ ဘဝရဲ့ပျော်ရွှင်မှုမှာ ရေပန်းစားတဲ့သရုပ်ဆောင်တွေလည်း ပါနေတာပဲ မဟုတ်ဘူးလား။"

လီမန်မန်က ပြုံးကာ ပြောလိုက်ပါသည်။ "ရှားဝမ်ချွေ့၊ ရှုယန်နဲ့ စုရှောင်းယွီတို့ မဟုတ်လား။ ဟုတ်ပါတယ်၊ သူတို့က အရမ်းရေပန်းစားကြပါတယ်။ ဒါပေမယ့် ဒရမ်မာအတွက် ခေါင်းဆောင်မင်းသား အရွေးမှားတာကိုး။ ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ ရှုယန်တို့ရဲ့ ရေပန်းစားမှုက ဂျွိုင်းမီဒီယာရဲ့ ဝမ်မန်းဟန်နဲ့ ကျောက်ကျစ်ယွဲ့တို့ကို သွားယှဥ်လို့မရဘူးဆိုတာလည်း ပြောရဦးမယ်နော်။"

Happy Fruit နဲ့ MangoTv တို့က "စစ်သူကြီးနဲ့ကျွန်မ" မူပိုင်ခွင့်ကိုဝယ်ဖို့ ယွမ် သန်း ၆၀ သုံးခဲ့ကြသည်။ သူတို့ ဘဝရဲ့ပျော်ရွှင်မှုကိုပါ ထပ်ဝယ်ဖို့ မတတ်နိုင်ကြတော့ပါ။

ဗီဒီယိုကုမ္ပဏီနှစ်ခုက ဘဝရဲ့ပျော်ရွှင်မှုနဲ့ စစ်သူကြီးနဲ့ကျွန်မတို့ အကြား ရွေးချယ်ရာတွင် စစ်သူကြီးနဲ့ကျွန်မကိုသာ ရွေးချယ်ကြပါလိမ့်မည်။

ရေပန်းစားမှုအရဆိုရင် ဝမ်မန်းဟန်နဲ့ ကျောက်ကျစ်ယွဲ့တို့က တကယ်ပဲရှားဝမ်ချွေ့ထက် ရေပန်းပိုစားနေပါသည်။

ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့ ရုပ်ရှင်မရိုက်တာ ၁ နှစ်လောက်ကြာပြီဖြစ်သည်။ သူမ၏ တစ်ခုတည်းသော အလုပ်က Keep Running ရသစုံအစီအစဥ်ကိုသာ ဆက်ရိုက်ကူးနေခြင်း ဖြစ်သည်။ သို့သော် အလုပ်ဆိုတာ သရုပ်ဆောင်တစ်ယောက်၏ အသက်ဝိညာဥ်ပဲ ဖြစ်ပါသည်။

အလုပ်လုပ်မှ ပရိတ်သတ်က သရုပ်ဆောင် တစ်ယောက်ကို မှတ်မိနိုင်မည်။

လုပမ်ခိုင်းနဲ့ လျို့မူတို့ ဒေါသတကြီးထွက်သွားကြသည်။

Happy Fruit နှင့် MnagoTV တို့က လုပမ်ခိုင်းကို အထင်သေးကြပါသည်။

Tencent Arts၊ iQiyi တို့နှင့် ဆွေးနွေးဖို့ အချိန်ကျလာပါသည်။

ကုမ္ပဏီနှစ်ခုစလုံး အခက်တွေ့နေကြပါသည်။

သူတို့လည်း စစ်သူကြီးနဲ့ ကျွန်မကို ရွေးလိုက်တာ ပိုကောင်းမည်ဟု ခံစားမိကြပါသည်။

သို့သော်လည်း ဘဝရဲ့ပျော်ရွှင်မှုမှာလည်း နာမည်ကျော် မင်းသား မင်းသမီးများစွာ ပါသည်။ ထို့ကြောင် ကုမ္ပဏီနှစ်ခုက အနည်းငယ် မက်မောနေပြီး အနည်းငယ်လည်း တွန့်ဆုတ်နေမိပါသည်။

"ဒါရိုက်တာလု ကျွန်တော်တို့ မဆုံးဖြတ်ခင် နမူနာ ကြည့်လို့ရမလားဟင်။" Tencent Arts ဝန်ထမ်းက မေးလိုက်ပါသည်။

"ကျွန်တော်တို့လည်း အတူတူပါပဲ" iQiyi ဝန်ထမ်းကလည်း ခေါင်းငြိမ့်လိုက်ပါသည်။

"ရတာပေါ့။ နမူနာက ပထမသုံးပိုင်းပြပေးမှာပါ။ ကြည့်လို့ရပါတယ်။ အင်တာနက်ပေါ်က ကောလဟာလတွေနဲ့ ပတ်သက်ပြီးတော့လည်း သူ့သရုပ်ဆောင်စွမ်းရည်ကို အလုပ်ကိုကြည့်ပြီး ဆုံးဖြတ်ရမှာမဟုတ်လား။" လုပမ်ခိုင်းက ပြောလိုက်ပါသည်။

"ဒါပေါ့ဗျာ။" ကုမ္ပဏီနှစ်ခုမှ ဝန်ထမ်းများက ပြောလိုက်ပါသည်။

ထို့ကြောင့် iQiyi နဲ့ Tencent Arts တို့၏ ဝန်ထမ်းများ ပထမသုံးပိုင်းကို နမူနာအဖြစ် ကြည့်လိုက်ကြသည်။

ကုမ္ပဏီနှစ်ခုစလုံးက ဝန်ထမ်းများ ကြက်သေ သေသွားကြသည်။

"လခွမ်း... ဒီဒရမ်မာထဲက ခေါင်းဆောင်မင်းသာ လင်းဖန်က ချောလှချည်လား။ ရှုယန်ထက်တောင် ပိုချောသေးတယ်။"

"ပြီးတော့လည်း လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က မှင်သက်စရာပဲ။ သူ့သရုပ်ဆောင်စွမ်းရည်က တကယ်ကောင်းနေတယ်။ ဘာလို့ အွန်လိုင်းပေါ်က လူတိုင်းက လင်းဖန်ကို နာမည်ဖျက်နေကြတာလဲ။"

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူသရုပ်ဆောင်တာက တကယ် အံ့သြဖို့ကောင်းတာပဲ။ ရုတ်တရက်ကြီး လင်းဖန်ဘာလို့ ဒီရုပ်သံစီးရီးအတွက် ခေါင်းဆောင်မင်းသားဖြစ်လာတာလဲ ကျွန်တော်နားလည်သွားပြီ။ ဒီလိုချောမောပြီး သရုပ်ဆောင်စွမ်းရည် ရှိတဲ့ ခေါင်းဆောင်မင်းသားနဲ့ဆိုရင်တော့ အားလုံးက လင်းဖန်ကိုပဲ ခေါင်းဆောင်မင်းသားဖြစ်စေချင်ကြမှာပဲ။"

"အင်တာနက်ပေါ်မှာ မုန်းတီးရေးသမားတွေ တကယ်အများကြီးပဲနော်။ ဒီရုပ်သံဒရမ်မာရဲ့ ဇာတ်လမ်းဇာတ်ကွက်၊ ရိုက်ကူးရေးနည်းလမ်း၊ နောက်ဆက်တွဲ ထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ နောက်ခံအသံသွင်းတာတွေကကော အကုန်အဆင့်မှီရဲ့လား။"

"ဒီလိုရိုက်ကူးရေးနည်းလမ်းမျိုးနဲ့ ရိုက်ပြထားတဲ့ ဇာတ်ဝင်ခန်းတွေက ပြီးပြည့်စုံမှုရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ အထူးသဖြင့် ခေါင်းဆောင်မင်းသား လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ကျွန်တော်တို့ စိတ်ကူးထားတာထက် အများကြီး ကျော်လွန်နေတယ်ဗျာ။"

"ဒါရိုက်တာလု ကျွန်တော်တို့ ကုမ္ပဏီက ထုတ်လွှင့်ပြသမှု မူပိုင်ခွင့်ကို ဝယ်မယ်ဗျာ။ အခုပဲ စာချုပ် ချုပ်ကြရအောင်။ ဒီလို လက်ရာမျိုးကို ထုတ်လွှင့်လိုက်တာနဲ့ ဘယ်လို ရုပ်သံဒရမ်မာကိုမှ ရှုံးနိမ့်မှာ မဟုတ်ဘူး။”

All Chapters