← Chapters

အခန်း(၉၈) ရုပ်သံဒရမ်မာကြီး နှစ်ခုရဲ့ တိုက်ပွဲစပြီ

Vol. 7 Ch. 98

အခန်း(၉၈) ရုပ်သံဒရမ်မာကြီး နှစ်ခုရဲ့ တိုက်ပွဲစပြီ

Vol. 7 Ch. 98

အခန်း(၉၈) ရုပ်သံဒရမ်မာကြီး နှစ်ခုရဲ့ တိုက်ပွဲစပြီ

Tencent Arts နဲ့ IQiyi ဝန်ထမ်းများအားလုံး ကြက်သေသေသွားကြသည်။

လင်းဖန်ကို ယခင် အင်တာနက်ပေါ်မှာ လူများစွာ နာမည်ဖျက်ခဲ့တုန်းက ထိုဗီဒီယီုဝက်ဘ်ဆိုက် ကုမ္ပဏီများက သံသယဖြစ်ခဲ့ကြသည်။ သူတို့ ရုပ်သံစီးရီး၏ ထုတ်လွှင့်ခွင့်ကို ဝယ်ယူချင်ကြသည်။ ဒီရုပ်သံစီးရီးသာ ရေပန်းစားမလာပါက ၎င်းတို့၏ ဗီယီုရို ဝက်ဘ်ဆိုက်လည်း အားလုံး ဆုံးရှုံးသွားလိမ့်မည်။ ထုတ်လွှင့်ပြသမူပိုင်ခွင့်ကို ၎င်းတို့ ယွမ် သန်း ၁၀၀-၂၀၀ သို့မဟုတ် ယွမ် သန်း ၃၀၀-၄၀၀ ပင် ပေးပြီး ဝယ်ရမည်။ ဒါတောင်  နိမ့်ကျလွန်းနေပါသေးသည်။

မူပိုင်ခွင့်ကြေးက အလွန်မြင့်မားတတ်သည်။

ယခု ဗီဒီယို ကုမ္ပဏီနှစ်ခု၏ ဝန်ထမ်းများက ဘဝရဲ့ပျော်ရွှင်မှုထဲက ခေါင်းဆောင်မင်းသားနှင့် မင်းသမီးများ၏ သရုပ်ဆောင်စွမ်းရည်ကို မြင်သွားကြပါပြီ။

အထူးသဖြင့်လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ပဲ ဖြစ်သည်။ အလွန်အမင်း ထူးချွန်လွန်းပါသည်။

အင်တာနက်ပေါ်က တစ်ဖက်သက် စွပ်စွဲချက်များနဲ့ တခြားစီပင်။

လင်းဖန်၏ ရုပ်ရည်နဲ့ သရုပ်ဆောင်စွမ်းရည်တို့က ခေါင်းဆောင်မင်းသားဖြစ်လာဖို့ လုံလောက်သည်။

"ဒါရိုက်တာလု Tencent Arts က ထုတ်လွှင့်ပြသမူပိုင်ခွင့်ကို ယွမ် သန်း ၇၀ နဲ့ ဝယ်ချင်ပါတယ်။ သက်ဆိုင်ရာ အစုပေါ်အမြတ်နဲ့တကွပေါ့။ဘယ်လိုသဘောရပါသလဲ။" Tencent Art ဝန်ထမ်းက မေးလိုက်သည်။

"ဒါရိုက်တာလု iQiyi ကလည်း မူပိုင်ခွင့်အတွက် ယွမ် သန်း ၇၀ ပေးပါ့မယ်။ ဒါပေမယ့် ကန့်သတ်ချက်တစ်ခုတော့ ရှိတယ်။ မူပိုင်ခွင့်က iQiyi နဲ့ Tencents Arts တို့ရဲ့ လက်ထဲမှာပဲ ရှိရပါမယ်။ ပြီးရင် ကျွန်တော်တို့ ရုပ်သံဒရမ်မာရဲ့ သက်ဆိုင်ရာ အစုပေါ်အမြတ်တွေကို ပေါင်းထည့်ပေးသွားပါ့မယ်။ ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာက အရမ်းအောင်မြင်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်လို့ပါ။" iQiyi ဝန်ထမ်းက ပြောလိုက်ပါသည်။

ကုမ္ပဏီနှစ်ခုမှ ဝန်ထမ်းများ၏ ကမ်းလှမ်းစျေးက အလွန်မြင့်မားလွန်းသည်။

စျေးက ဂျွိုင်းမီဒီယာထက်ပင် ပိုမြင့်မားသေးသည်။

ပုံမှန်ဆို ဒီလိုစျေးမြင့်မြင့်ရဖို့ မဖြစ်နိုင်ပါ။ အရေးအကြီးဆုံးက ထိုကုမ္ပဏီနှစ်ခုမှာ နမူနာကို မြင်ပြီး လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ကို မြင်သွားကြခြင်း ဖြစ်သည်။

ဒီရုပ်သံဒရမ်မာကို အလွန်ကောင်းမွန်စွာ ဖန်တီးထားသည်။ ထို့ကြောင့် ကုမ္ပဏီနှစ်ခုစလုံးက ယွမ် သန်း ၇၀ ကမ်းလှမ်းထားပါသည်။

ဒီလိုရုပ်သံဒရမ်မာကို သန်း ၇၀ ဖြင့်ဝယ်ယူခြင်းက "ဘဝရဲ့ပျော်ရွှင်မှု" အပေါ်  ဒီကုမ္ပဏီနှစ်ခု ဘယ်လောက်တောင် အလေးထားမှန်း သိသာစေသည်။

"ရပါတယ်" လုပမ်ခိုင်းက ခေါင်းငြိမ့်လိုက်ပြီး သဘောတူစာချုပ် လက််မှတ်ထိုးလိုက်ပါသည်။

ကုမ္ပဏီနှစ်ခုက ယွမ် သန်း ၇၀ ကိုထုတ်လိုက်သည်။ စုစုပေါင်း ယွမ် သန်း ၁၄၀ ဖြစ်သည်။

ဒါက အစပိုင်းသာ ရှိသေးသည်။ ဒီရုပ်သံဒရမ်မာသာ တကယ်ရေပန်းစားလာနိုင်ပါက နောက်ဆက်တွဲဝင်ငွေနှင့် ကော်မာရှယ်တန်ဖိုးက မတိုင်းတာနိုင်အောင် ရှိလိမ့်မည်။

ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံစီးရီးတွင် စုစုပေါင်း ၄၆ ပိုင်း ပါဝင်၏။ ဟွဲ့ဟွာနဲ့ ကုမ္ပဏီနှစ်ခုက တစ်ပတ်ကို ၈ ပိုင်း ထုတ်လွှင့်မည်ဟု သဘောတူလိုက်ပါသည်။

ဘဝရဲ့ပျော်ရွှင်မှုကို အပြီးသတ် ထုတ်လွှင့်ဖို့ တစ်လသာ လိုပါတော့သည်။

ဘဝရဲ့ပျော်ရွှင်မှု  ထုတ်လွှင့်ပြမှုကို သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ ညနေ ၈နာရီတွင် သတ်မှတ်ထားသည်။

သောကြာနဲ့ စနေတိုင်းတွင် ၃ ပိုင်း ပေါင်းပြီး တနင်္ဂနွေနေ့တွင် ၂ ပိုင်း ပေါင်းမည်။ အပတ်စဥ် ၈ ပိုင်းကိုလည်း အဓိက အချိန်များတွင် ပေါင်းထည့်သွားပါမည်။

စာချုပ်ကို လက်မှတ်ထိုးပြီးနောက် ဘဝရဲ့ပျော်ရွှင်မှု တရားဝင် ဝေ့ပေါ်အကောင့်က ပထမဆုံး ထုတ်လွှင့်ပြသမှု အသိပေးစာကို တရားဝင်ထုတ်ပြန်လာပါသည်။

(ဘဝရဲ့ပျော်ရွှင်မှုအား ဇူလိုင်လ ၂၄ ရက်နေ့ သောကြာနေ့ ညနေ ၈ နာရီတွင် တစ်ပတ်ကို ၈ ပိုင်းနှုန်းဖြင့် တရားဝင်ထုတ်လွှင့်ပြသပါမည်။ ထုတ်လွှင့်ပြသမည့် ပလက်ဖောင်းများမှာ iQiyi နဲ့ Tencent Arts တို့ ဖြစ်ပါသည်။)

(ခေါင်းဆောင်မင်းသား - လင်းဖန်၊ ခေါင်းဆောင်မင်းသမီး - ရှားဝမ်ချွေ့)

တစ်ချိန်တည်းမှာပင် "ဂျွိုင်းမီဒီယာ၏ တရားဝင် ဝေ့ပေါ်အကောင့်ကလည်း 'စစ်သူကြီးနဲ့ ကျွန်မ' အတွက် ပထမဆုံး ထုတ်လွှင့်ပြသမှု အသိပေးစာကို တင်လိုက်ပါသည်။

ဂျွိုင်းမီဒီယာ၏ ရုပ်သံစီးရီးဒရမ်မာဖြစ်သော "စစ်သူကြီးနဲ့ကျွန်မ"ကို HappyFruit နဲ့ MangoTV မှာ ထုတ်လွှင့်ပြသသွားပါမည်။

'ဘဝရဲ့ပျော်ရွှင်မှု' နဲ့ 'စစ်သူကြီးနဲ့ကျွန်မ' တို့မှာ အချင်းချင်း တိုက်ခိုက်နေသော ရန်သူတော်ကြီးများလိုပင်။ ၎င်းတို့၏ ထုတ်လွှင့်ပြသချိန်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်လွှင့်ခဲ့ကြသည်။

ထုတ်လွှင့်ပြသချိန်နဲ့ ရက်စွဲများပင် အတူတူ ဖြစ်နေပါသည်

ဂျွိုင်းမီဒီယာက ယွဲ့ဟာကို တိုက်ရိုက်ဖျက်ဆီးပစ်ချင်သည်။

ကုမ္ပဏီနှစ်ခုက ပထမဆုံး ထုတ်လွှင့်ပြသမည့် သတိပေးစာကို ထုတ်ပြန်ပြီးနောက် လင်းဖန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန၊ လင်းကျင်းကျင်း၊ ဆရာကြီးချန်း၊ ဆရာကြီးဝူ၊ ဒါရိုက်တာ လုပမ်ခိုင်း၊ ပရိုဂျူဆာ လျို့ မူတို့အားလုံး ပြန်လည်ပို့စ်တင်လိုက်ကြသည်။

ချက်ချင်းပဲ ဘဝရဲ့ပျော်ရွှင်မှုက ရေပန်းစားသည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။

အခြေအနေများကတော့ အရင်အတိုင်းပင်။ ယခုတော့ ကီးဘုတ်ဖိုက်တာများကို မလိုအပ်တော့ပေ။ အင်တာနက်ပေါ်က လူများက တစ်စုတစ်စည်းတည်း ဖြစ်နေကြပါသည်။

ထိုလူအားလုံးက 'စစ်သူကြီးနဲ့ ကျွန်မ'ကိုသာ အားပေးကြပြီး 'ဘဝရဲ့ပျော်ရွှင်မှု'ကို အားမပေးကြပေ။

လင်းဖန်လည်း ဝေ့ပေါ်ပို့စ်ကို ပြန်တင်ပြီးနောက် မုန်းတီးရေးသမား သိန်းနဲ့ချီပြီး သူ့ ဝေ့ပေါ်အကောင့်ကို ရောက်လာကာ ဆူဆဲကြပါသည်။ "အမှိုက်ကောင် ထွက်သွားစမ်း။ အနုပညာလောကထဲက ထွက်သွားစမ်း။"

"မင်းလို ဖြတ်လမ်းလိုက်တ့ ကောင်တွေကြောင့် ရုပ်သံစီးရီးတွေ လမ်းလွဲကုန်တာ။ အစုတ်အပြတ် ဒရမ်မာပေါင်းစုံရိုက်ပြီး ခေါင်းဆောင်မင်းသားတောင် ဖြစ်လာသေးတယ်။ မင်း သရုပ်ဆောင်တတ်တယ် ထင်လို့လား။ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား။"

"မင်းစောင့်နေစမ်းပါ။ သောကြာနေ့ရောက်လို့ အဲ့ဒီဒရမ်မာက မကောင်းရင် မင်းတို့တစ်မိသားစုလုံး သေရမယ်။"

"ငါတို့ချွေ့ချွေ့လေးရဲ့ ပထမဆုံးအချစ်ရေး ဇာတ်ဝင်ခန်းလည်း မင်းကြောင့် ပျက်စီးသွားပြီ။ ရှုယန်သာ ခေါင်းဆောင်မင်းသားဖြစ်ရင် သိပ်ကောင်းမှာပဲ။"

ကောမန့်မျိုးစုံက လင်းဖန်၏ ဝေ့ပေါ်တွင် ပြည့်နှက်လာသည်။

ထို့အပြင် မုန်းတီးရေးသမား အလွန်များပြားသောကြောင့် တချို့ အစွန်းရောက် မုန်းတီးရေးသမားများက လင်းဖန်၏ စားသောက်ဆိုင်ကိုပင် လာဖျက်ဆီးကြသည်။

အားလုံး အမျက်ထွက်နေကြပါသည်။

အမှန်ပင်။ အများစုကတော့ ချောက်တွန်းခံရခြင်း ဖြစ်သည်။

မီးလောင်ရာ လေပင့်သည့်လူများက အလွန် ကြောက်ဖို့ကောင်းပါသည်။ မားကတ်တင်း အကောင့်မျိုးစုံလည်း ရှိသည်။ လင်းဖန်နှင့် ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာအပေါ် မုန်းတီးသူ အလွန်များပြားလှပါသည်။

တစ်ချိန်တည်းမှာပင် 'လျို့တာတာ' ဟူသော နာမည်ပြောင်ဖြင့် နာမည်ကျော်ဘလော့ဂါတစ်ယောက်က ဝေ့ပေါ်ပေါ်တွင် ပို့စ်တင်လိုက်သည်။

"လင်းဖန်က သရုပ်တောင်မဆောင်တတ်တဲ့ သူဌေးတစ်ယောက်ပဲ။ အနုပညာလောကကို ညစ်နွမ်းအောင် မလုပ်ပါနဲ့။"

သူ့ပို့စ်တွင် စာလုံးပေါင်း ၂,၀၀၀ ကျော် ပါသည်။ အားလုံးက လင်းဖန်ကို ပစ်ပယ်ဖို့ အကြောင်းများသာ ဖြစ်သည်။ ထို့အပြင် နာမည်ကျော် ဘလော့ဂါ ဖြစ်သည့် လျို့တာတာက နာမည်ကျော်များကို ဝေဖန်ရတာ သဘောကျသူ ဖြစ်သည်။ ယခင်တုန်းကလည်း ရုပ်ချောသည့် ဆယ်လီများကို ဝေဖန်ဖူးပြီး အခုတော့ လင်းဖန်ကို ဝေဖန်နေပါပြီ။

မားကတ်တင်းအကောင့်များစွာကလည်း လျို့တာတာ၏ ဝေ့ပေါ်ပို့စ်ကို ပြန်တင်ကြသည်။

အင်တာနက်ပေါ်က နာမည်ဖျက်မှုက ပိုပိုပြီး ပြင်းထန်လာသည်။

လင်းဖန်ကတော့ ဘာလုပ်နေတာလဲ။

သူက နှလုံးသားရေကန်ဗီလာမှာ ရှိနေသည်။ သိုးသားကင်၊ မှို၊ ခရမ်းသီး၊ အမဲသားအစရှိသည်တို့ မျိုးစုံရှိသည့် အကင်စက်တစ်ခုလည်း ရှိသည်။ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်၊ လုပမ်ခိုင်းနဲ့ တခြားသူများအားလုံး လင်းဖန်အိမ်တွင် ရှိနေပါသည်။

ကြီးမားသော တွေ့ဆုံပွဲကြီးတစ်ခု ဖြစ်သည်။

ဝေ့ပေါ်ပေါ်က သတင်းများကိုတော့ လင်းဖန် ကြည့်ပင် မကြည့်ပါ။

ထိုသတင်းများက လင်းဖန်၏ စိတ်အခြေအနေကိုသာ ထိခိုက်စေသည်။ သို့သော် လင်းဖန် သက်တောင့်သက်သာ နေရသည့် ဘဝကိုတော့ ထိခိုက်မှု မရှိပါ။

အေးချမ်းပျော်ရွှင်ပြီး စားစရာသောက်စရာလည်း ပေါပါသည်။

အရေးအကြီးဆုံးက ကြောင်မလေး အနားမှာရှိနေပါက လင်းဖန် အလွယ်တကူ စိတ်မတိုနိုင်ပါ။

သူစိတ်တိုသောအခါ ရှားဝမ်ချွေ့ကိုကြည့်လိုက်လျှင် စိတ်တိုပြေသွားလိမ့်မည်။

နှစ်ရက်ကြာသောအခါ သောကြာနေ့သို့ ရောက်ရှိလာ၏။ 'ဘဝရဲ့ပျော်ရွှင်မှု' နဲ့ 'စစ်သူကြီးနဲ့ကျွန်မ' တို့အား တရားဝင်ထုတ်လွှင့်ပြသနေပါပြီ။

ဒီနေ့ ရှားဝမ်ချွေ့က လင်းဖန်အိမ်မှာ ထိုင်နေသည်။

အိမ်မှာ ဘယ်သူမှမရှိဘဲ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့သာ ရှိပါသည်။

သူတို့နှစ်ယောက် အတူတူ ထိုင်နေကြပြီး ဒရမ်မာ ထုတ်လွှင့်မည့် အချိန်ကို စောင့်နေကြသည်။ ဒီအချိန်အတောအတွင်း လင်းဖန် ဘာမှ လုပ်စရာမရှိပေ။ မကြာခဏ ဇာတ်ညွှန်းအသစ်ကိုသာ ရေးတတ်သည်။

နောက်ဆုံးတောာ့ အချိန်ကျလာပါပြီ။

"ဘဝရဲ့ပျော်ရွှင်မှု" လေးပိုင်းအား iQiyi နဲ့ Tencent Arts တို့တွင် တရားဝင်တင်လိုက်ပါသည်။

MangoTV နဲ့ HappyFruit တို့ကလည်း 'စစ်သူကြီးနဲ့ ကျွန်မ' လေးပိုင်းကို တင်လိုက်သည်။

ကုမ္ပဏီနှစ်ခု၏ ရုပ်သံဒရမ်မာ တိုက်ပွဲ တရားဝင် စတင်ပါပြီ။

ဂျွိုင်းမီဒီယာတွင် ကျောက်လွေ့က ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေသည်။ သူ့မျက်လုံးများကလည်း ယုံကြည်ချက်များဖြင့် ပြည့်နှက်နေ၏။

"လူထုရဲ့အမြင်ကို ရက်ပေါင်းများစွာ လမ်းလွှဲပြီးတဲ့နောက် ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံစီးရီးက စစ်သူကြီးနဲ့ ကျွန်မကို ဘယ်လိုတိုက်ခိုက်မလဲ ကြည့်ချင်လိုက်တာ..."

"သံသယဖြစ်စရာမရှိဘူး။ နောက်ဆုံးအောင်နိုင်သူက စစ်သူကြီးနဲ့ ကျွန်မပဲ။"

"ယွဲ့ဟွာရေ လင်းဖန်ကို ခေါင်းဆောင်မင်းသားအဖြစ် ရွေးချယ်လိုက်တဲ့ တန်ဖိုးကို ပြန်ပေးဆပ်ဖို့ ပြင်ပေတော့။"

All Chapters