အခန်း(၉၉) ရူးလောက်စရာ နာမည်ကြီးမှု၊ နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်နဲ့ လင်းဖန် အလွန်အမင်း ရေပန်းစားလာခြင်း
Vol. 7 Ch. 99
အခန်း(၉၉) ရူးလောက်စရာ နာမည်ကြီးမှု၊ နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်နဲ့ လင်းဖန် အလွန်အမင်း ရေပန်းစားလာခြင်း
ရုပ်သံဒရမ်မာနှစ်ခုအား တစ်ချိန်တည်း ထုတ်လွှင့်ပြသလိုက်သောအခါ iQiyi နှင့် Tencent Arts တို့တွင် ကြည့်ရှုသူများစွာ ရှိလာသည်။
လင်းဖန်၏ သရုပ်ဆောင်စွမ်းရည် ဘယ်လောာက်တောင် စုတ်ပြတ်လဲ မြင်ချင်ကြသော လူများလည်း ရှိသည်။
မရေမတွက်နိုင်သော ကောမန့်များစွာ ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။
"လာစမ်း လာစမ်း ဘဝရဲ့ပျော်ရွှင်မှု ဘယ်လိုလဲ ကြည့်ရအောင်။ လင်းဖန်ရဲ့ သရုပ်ဆောင် စကေး တကယ်စုတ်နေရင် ငါသွားဆဲမှာနော်။"
"ဟုတ်တယ်။ လင်းဖန်ကို အင်တာနက်ပေါ်မှာ ရက်ပေါင်းများစွာ လူတွေနာမည်ဖျက်ခဲ့တာ။ လင်းဖန်က သူတို့ကို ဘယ်လိုပြန်တိုက်ခိုက်လို့လဲ။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းနိုင်တယ်။"
"ဟီးဟီးဟီး တကယ်တော့ ရှားဝမ်ချွေ့လေးကို လာကြည့်တာ။ ငါတို့ရဲ့ ချွေ့ချွေ့လေးက အလှဆုံးပဲ။ ဘယ်တော့ သူ့ကို လက်ထပ်လို့ ရမလဲမသိဘူး။"
"ချွေ့ချွေ့လေးကို လက်ထပ်ချင်တဲ့ အပေါ်ကကောင် ထွက်မပြေးနဲ့။"
"ငါရှိတယ်..."
ဘဝရဲ့ပျော်ရွှင်မှု၏ အဖွင့်က အလွန်ကောင်းမွန်သော ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်ပါသည်။
အလွန်လှပသော ဇာတ်ဝင်ခန်းများလည်း ပါဝင်သည်။
ပရိတ်သတ်က သီချင်းကိုကြားပြီး ဇာတ်ဝင်ခန်းများကို မြင်သောအခါ ကောမန့်များ ပြောင်းလဲသွားပါပြီ။
"လခွမ်း ခေါင်းဆောင်မင်းသား လင်းဖန်က နည်းနည်းချောသားပဲ။ ဒီလို ရုပ်ချောချော ကောင်လေးမျိုးက ရှုယန်ထက်တောင် ပိုချောသေးတယ်။"
"လင်းဖန်က ချောရုံတင်မကဘူး။ စစ်သူကြီးနဲ့ ကျွန်မရဲ့ ခေါင်းဆောင်မင်းသားထက်တောင် ပိုချောသေးတယ်။ ဒီနောက်ခံသီချင်းကတောင် အရမ်းကောင်းတာပဲ။ လခွမ်း။ ဘယ်လို သီချင်းကောင်းမျိုးလဲကွာ။"
"ဒီဇာတ်လမ်းမှာ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နှစ်ယောက်အကြင်နာပေးခန်းပါတယ်ဆို... ဟာ သူတို့ ဘာလို့မနမ်းကြသေးတာလဲ။ အကြင်နာပေးခန်း ကြည့်ချင်တယ်။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က နည်းနည်းကောင်းသလိုပဲ။"
"လခွမ်း လင်းဖန်ရဲ့သရုပ်ဆောင်စွမ်းရည် မကောင်းဘူးလို့ ဘယ်သူပြောတာလဲ။ အဖွင့်ဇာတ်ဝင်ခန်းကို အခုလေးတင်ကြည့်ပြး လင်းဖန်ရဲ့ သရုပ်ဆောင်စကေးတွေက အရမ်းမိုက်တယ်လို့ ခံစားရတယ်။ အင်တာနက်ပေါ်က မုန်းတီးရေးသမားတွေက များလွန်းပါတယ်ကွာ။"
ဘဝရဲ့ပျော်ရွှင်မှု ပထမအပိုင်းကို ပြသသောအခါ ပရိတ်သတ်အားလုံး ဇာတ်လမ်းထဲတွင် နစ်မြောသွားကြသည်။
အားလုံး ဇာတ်လမ်းဇာတ်ကွက်ကြောင့် မှင်သက်သွားကြ၏။
ဇာတ်လမ်းအစတွင် ဝါရင့်သရုပ်ဆောင်ကြီး တစ်ယောက်၏ သရုပ်ဆောင်စွမ်းရည်ဖြစ်သည်။ ဒီလို သရုပ်ဆောင်စွမ်းရည်မျိုးကို လူတိုင်း အံ့အားသင့်ကြရသည်။
ပထမပိုင်းကို ကြည့်ပြီးသွားသောအခါ ကောမန့်များတွင် သံသယမရှိကြတော့ပေ။
"3333333 ဒီရုပ်သံဒရမ်မာက နည်းနည်း ကောင်းမယ့်ပုံပဲ။ အဖွင့်သီချင်းကလည်း စိတ်ဝင်စားဖို့ကောင်းလွန်းတယ်။"
"အားလုံးက သရုပ်ဆောင်စွမ်းရည် ကောင်းမွန်ကြတဲ့ သရုပ်ဆောင်ကောင်းတွေချည်းပဲ။ ခေါင်းဆောင်မင်းသားနဲ့ ခေါင်းဆောင်မင်းသမီးတို့က ပထမအပိုင်းမှာ မပါသေးဘူး။ ခေါင်းဆောင်မင်းသား လင်းဖန် ဘယ်လို သရုပ်ဆောင်လဲ ကြည့်ကြသေးတာပေါ့။ ဒီရုပ်သံစီးရီးကို မဖျက်ဆီးပစ်ဖို့ မျှော်လင့်ပါတယ်။”
"ပြောရရင် ဒီရုပ်သံဒရမ်မာရဲ့ ဇာတ်ဝင်ခန်းတွေ၊ နောက်ဆက်တွဲထုတ်လုပ်မှုတွေ၊ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စကေးနဲ့ အဆင့်အတန်းတွေ၊ ဇာတ်ညွှန်းရဲ့ ဆက်တင်တွေက အားလုံး စိတ်ဝင်စားဖို့ ကောင်းလွန်းပါတယ်ကွာ။"
ပရိတ်သတ်၏ မျက်လုံးများ တောက်ပနေပါပြီ။
ပြောင်မြောက်သည့် လက်ရာတစ်ခုဖြင့် ထိုလူများ၏ နှလုံးသားကို ဖမ်းစားနိုင်သည်။
လက်ရာကောင်းတစ်ခုကို ဆိုးရွားသည်ဟု ပြောကြမည်မဟုတ်ပေ။
ဒုတိယပိုင်းရောက်သောအခါ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နောက်ဆုံးတော့ ပေါ်လာကြပါပြီ။
ထို့နောက် သူတို့နှစ်ယောက် ဖန်သားပြင်ပေါ်တွင် အကြာကြီး ပေါ်လာကြသည်။ ပထမအပိုင်းတွင် ကောမန့်များက နောက်ခံသီချင်းနဲ့ နောက်ဆက်တွဲထုတ်လုပ်မှုများကိုသာ ကြည့်နေကြသည်ဟု ပြောခဲ့သည်။ ဒုတိယပိုင်းသို့ ရောက်လာသောအခါ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့ ပေါ်လာကြပါပြီ။ ကောမန့်အကန့်တစ်ခုလုံး ပေါက်ထွက်သွားကြ၏။
"လခွမ်း လင်းဖန်က ချောလိုက်တာ။ ဘာလို့ ဒီလောက်ထိ ချောရတာလဲ။ လင်းဖန်က မိတ်ကပ်တောင် မလိမ်းထားဘဲ ဒီလောက် ကြည့်ကောင်းနေလိုက်တာ။"
"လင်းဖန်ရဲ့ ဖိုက်တင်ခန်းတွေ သူ့သိုင်းချခန်းတွေနဲ့... ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့ တွေ့တဲ့အခန်းတွေ... ငါ့နှလုံးသားလေး အရည်ပျော်တော့မယ်ထင်တယ်။ လင်းဖန်ရဲ့ သရုပ်ဆောင် စွမ်းရည်တွေက တကယ် အံ့သြဖို့ကောင်းတာပဲ။"
"ပြီးတော့ ရှားဝမ်ချွေ့ရဲ့သရုပ်ဆောင်စွမ်းရည်ကလည်း ကောင်းပါတယ်။ ဒါ ရှားဝမ်ချွေ့ရဲ့ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းမလား။ ဒီလောက်ကောင်းလိမ့်မယ်လို့ ထင်မထားဘူး။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အရမ်းလိုက်တာပဲ။ အဲ့ဒီလူနှစ်ယောက် ဘယ်တော့ အတူတူဆုံကြမလဲမသိဘူး။ နောက်တစ်ပိုင်းကို မျှော်နေပြီ။"
"နောက်ကို လင်းဖန်ရဲ့ပရိတ်သတ်ပဲ လုပ်တော့မယ်။ လင်းဖန်ကို ဝေဖန်ရဲတဲ့လူရှိရင် ငါပြန်ဆဲမှာ။ ဒီလောက် ကောင်းတဲ့သရုပ်ဆောင်စွမ်းရည်နဲ့ သူ့ကို ဝါရင့်သရုပ်ဆောင်တွေနဲ့တောင် ယှဥ်ကြည့်လို့ ရတယ်။”
ပရိတ်သတ်က ပထမ နှစ်ပိုင်းကိုကြည့်ပြီးနောက် ဒရမ်မာ၏ ဂုဏ်သတင်းမှာ ပြောင်းလဲသွားပါပြီ။
ထို့နောက် တတိယအပိုင်းသို့ ရောက်လာ၏။
ထိုသုံးပိုင်းကို ကြည့်ပြီးနောက် ကောမန့် အကန့်တစ်ခုလုံး တစ်ဖက်သက်ဆန်နေပါပြီ။
"ဟာဟာဟာ ဒီရုပ်သံဒရမ်မာကို ရိုက်ထားတာ အရမ်းကောင်းတာပဲ။ လင်းဖန်ကို အရင်တုန်းက လှောင်တဲ့လူတွေ အများကြီးပဲ။ လင်းဖန်ရဲ့သရုပ်ဆောင်စွမ်းရည်က ဒီလောက် ကောင်းတာကို။ ငါဒူးထောက်နေမိပြီ။ သရုပ်ဆောင်စွမ်းရည်ဘာလို့ ဒီလောက် ကောင်းရတာလဲ။”
"ကြိုက်တယ် ကြိုက်တယ် ဒီရုပ်သံဒရမ်မာကို စောင့်ကြည့်တော့မယ်။ ဒါပေမယ့် အပ်ဒိတ်က နည်းလွန်းတယ်။ သုံးပိုင်းပဲကြည့်ရသေးတော့ ငါ့ရင်ထဲယားနေပြီ။ ဒီရုပ်သံဒရမ်မာထဲက ဇာတ်ဝင်ခန်းတွေကြောင့် လုံးဝ မှင်သက်မိတယ်။ နောက်ဆက်တွဲထုတ်လုပ်မှုအဖွဲ့နဲ့ ဒါရိုက်တာက ဘယ်သူတွေလဲ။ ဘာလို့ ဒီလောက်ထိ တော်ကြတာလဲ။"
"ကျေးဇူးပြုုပြီး အပိုင်းတွေထပ်တင်ပေးပါဦး။ အစက ဒီနေ့ လင်းဖန်ကို ဝေဖန်နေတာ။ အတည်ပြောရမယ်။ လင်းဖန် တောင်းပန်ပါတယ်။ မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းလွန်းတယ်။”
"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဇာတ်ဝင်ခန်းတွေက အရမ်းချိုမြိန်တာပဲ။ ငါဒီရုပ်သံဒရမ်မာကို စောင့်ကြည့်တော့မယ်။ မန်ဘာဝင်ရမယ်ဆိုရင်တောင် ဝင်မယ်ကွာ။"
၃ ပိုင်း ပြီးသွားသောအခါ iQiyi ကော Tencent Arts ကော များပြားလှသော ကောမန့်အကန့်တွင် လုံးဝပြောင်းလဲသွားပါပြီ။
ပရိတ်သတ်အားလုံးနီးပါးက ရုပ်သံစီးရီး၏ ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်နဲ့ ပြီးပြည့်စုံသည့် ဇာတ်လမ်းဇာတ်ကွက်ကို အထင်ကြီးသွားကြပါပြီ။
အလွန်ကောင်းမွန်လွန်းပါသည်။
အထူးသဖြင့် ခေါင်းဆောင်မင်းသား လင်းဖန် ဖြစ်ပါသည်။ အရင်တုန်းက မုန်းတီးခဲ့သလောက် အခုဆို အရမ်းသဘောကျနေကြပါပြီ။
ဒီလို ခြားနားချက်ကြောင့် ကြည့်ရှုသူများက လင်းဖန်၏ ပရိတ်သတ် ဖြစ်လာခြင်း ဖြစ်သည်။
ထိုနေ့ည ဘဝရဲ့ပျော်ရွှင်မှုမှာ ထပ်ပြီးရေပန်းစားလာပြန်ပါသည်။
ထိပ်တန်းရေပန်းစားအကြောင်းအရာမှာ (လင်းဖန်ရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ်)
ဒုတိယ ရေပန်းအစားဆုံး အကြောင်းအရာမှာ (တောင်းပန်ပါတယ် လင်းဖန်)
တတိယ ရေပန်းအစားဆုံး အကြောင်းအရာမှာ (လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ အချစ်ရေး ဇာတ်ဝင်ခန်းတွေက ကောင်းလွန်းတယ်ကွာ။)
စတုတ္ထရေပန်းအစားဆုံးအကြောင်းအရာက (ဘဝရဲ့ပျော်ရွှင်မှု ဘာလို့ဒီလောက်တောင် ကြည့်လို့ကောင်းရတာလဲ။ ကြိုက်တယ်ကွာ။)
ပဉ္စမရေပန်းအစားဆုံးအကြောင်းအရာက (လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူဆို အရမ်းချိုမြိန်တာပဲ။)
ဆဌမ ရေပန်းအစားဆုံးအကြောင်းအရာက (နောက်ဆက်တွဲထုတ်လုပ်ရေးနဲ့ ဘဝရဲ့ပျော်ရွှင်မှု နောက်ခံအသံတွေက အရမ်းကောင်းတာပဲ။)
ဝေ့ပေါ်၏ ထိပ်တန်း ရေပန်းစားအကြောင်းအရာ ၆ နေရာစလုံးကို ဘဝရဲ့ပျော်ရွှင်မှုက သိမ်းပိုက်ထားသည်။
ပိုပြီး အံ့သြဖို့ကောင်းတာက လင်းဖန်ကို နာမည်ဖျက်သည့်လူများအားလုံး ပျောက်ကွယ်သွားကြပါပြီ။
အထူးသဖြင့် ထိပ်တန်းရေပန်းအစားဆုံး အကြောင်းအရာအောက်တွင် လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်အကြောင်း ပြောသော ကောမန့် ၁၃၀,၀၀၀ ကျော်ပင် ရှိနေပါပြီ။
"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတာပဲ။"
"သရုပ်ဆောင်တယ်ဆိုတာဘာလဲ။ ဒါမှ သရုပ်ဆောင်စွမ်းရည်အစစ်ကွ။ သူက လူသစ်ဆိုလည်း ဘာဖြစ်လဲကွာ။ သူ့သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းပါတယ်။"
"ငါလင်းဖန်ကို ချစ်မိသွားပြီ။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းပြီး သူကလည်း ချောလွန်းတယ်။ ဘုရားဘုရား... ဒီလောက် သရုပ်ဆောင်ကောင်းတဲ့ ကောင်လေးမျိုးကို တွေ့ဖူးတာ ပထမဆုံးပဲ။"
"အရင်တုန်းက လင်းဖန်ကို ဝေဖန်ပြီး ဦးနှောက်မဲ့စွာနဲ့ လှည့်စားခံခဲ့ရတယ်။ လင်းဖန်ရဲ့ စရိုက်ကလည်း အံ့မခန်းပဲ။ အလုပ်နဲ့ပဲ သက်သေပြသွားတယ်။ ဒီရုပ်သံစီးရီးကြောင့် ငါစိတ်ပြောင်းသွားပြီ။ သူ့အတွက် မန်ဘာဝင် ဖြစ်လာချင်တယ်။"
"အရင်တုန်းက သူ့လက်ရာကို အရင်ဆုံး စောင့်ကြည့်ရမယ်လို့ ငါမပြောခဲ့ဘူးလား။ အခုတော့ လင်းဖန်ကို ဘယ်သူမှ မဝေဖန်ကြတော့ဘူးမလား။ ငါ့အစ်ကို လင်းဖန် ဒီလောက် တော်နေတာ ဘယ်သူ့အပြစ်လဲ။"
"ဘဝရဲ့ပျော်ရွှင်မှုက ကောင်းလိုက်တာ..."
ရေပန်းစား ကောမန့်များအောက်တွင် မရေမတွက်နိုင်သော ကောမန့်များ ရှိနေသည်။
ထိုသတင်းကိုကြားသောအခါ ယွဲ့ဟွာ၏ ဝန်ထမ်းအားလုံး ပျော်ရွှင်သွားကြသည်။ တချို့ကောင်မလေးများဆို ပျော်လွန်းလို့ အော်ပါ အော်ဟစ်မိကြသည်။
လင်းဖန်က ကုမ္ပဏီထဲတွင် သူမတို့၏ အိုင်ဒေါ ဖြစ်သည်။ သူမတို့ အိုင်ဒေါ အင်တာနက်ပေါ်မှ အသရေဖျက်မှုကြောင့် ထိခိုက်နေတာကို ရက်ပေါင်းများစွာ မြင်ခဲ့ကြရသည်။ အခုတော့ သူ့ဂုဏ်သတင်းက ချက်ချင်းကြီး ဆန့်ကျင်ဘက်ဖြစ်သွားပါပြီ. "ဘဝရဲ့ပျော်ရွှင်မှု"က "စစ်သူကြီးနဲ့ကျွန်မ"ကို လုံးဝ ကျော်လွန်သွားပါပြီ။
ဘဝရဲ့ပျော်ရွှင်မှုက စစ်သူကြီးနဲ့ကျွန်မကို ကျော်လွန်သွားသဖြင့် လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ကောင်းများမှာ သက်ရောက်မှု ကြီးကြီးမားမား ရှိခဲ့ပါသည်။
တစ်ညတာကျော်လွန်သွားသောအခါ...
ဝေ့ပေါ်ပေါ်က ရေပန်းစားအကြောင်းအရာများကို ဘဝရဲ့ပျော်ရွှင်မှုအကြောင်း ဆွေးနွေးပွဲများစွာက နေရာယူထားဆဲဖြစ်သည်။
လင်းဖန် အလွန်အမင်း ရေပန်းစားလာခဲ့ပါပြီ။