အခန်း(၁၀၀) ပရိတ်သတ် ၁.၃၂ သန်းရဲ့ အိုင်ဒေါ
Vol. 7 Ch. 100
အခန်း(၁၀၀) ပရိတ်သတ် ၁.၃၂ သန်းရဲ့ အိုင်ဒေါ
နောက်တစ်နေ့ ဝေ့ပေါ်ပေါ်က ရေပန်းစား အကြောင်းအရာများမှာ လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်အကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်သည်။
တစ်ညကုန်လွန်သွားသောအခါ ဘဝရဲ့ပျော်ရွှင်မှု၏ ဂုဏ်သတင်းမှာ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပါသည်။
ဘဝရဲ့ပျော်ရွှင်မှုကို မုန်းတီးသူ မရှိသလောက်ပင်။
ဒီဒရမ်မာ၏ ရေပန်းစားမှုက ဝေ့ပေါ်ပေါ်တွင် ရေပန်းစားအကြောင်းအရာ ၆ ခုအထိ သိမ်းပိုက်ထားခဲ့ပါပြီ။ ဒီဒရမ်မာဘယ်လောက်တောင် ရေပန်းစားသလဲ မြင်နိုင်ပါသည်၊၊
ဝေ့ပေါ်ပေါ်က ရေပန်းစားအကြောင်းအရာများတင်မကပေ။ လူများစွာက ဘဝရဲ့ပျော်ရွှင်မှု ခေါင်းဆောင်မင်းသားဖြစ်သည့် လင်းဖန်၏ သရုပ်ဆောင်ကောင်းသည့် ဇာတ်ဝင်ခန်းများကို Zhihu ၏ ရေပန်းစားအကြောင်းအရာနဲ့ pilipili app မှာလည်း တင်ခဲ့ပါသည်။
ရုတ်ခြည်းဆိုသလိုပဲ ကြည့်ရှုသူများစွာ ပေါ်လာသည်။ အားလုံးက လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးကြပါသည်။
"လင်းဖန်ရဲ့သရုပ်ဆောင်စွမ်းရည်က ဝါရင်သရုပ်ဆောင်စွမ်းရည်နဲ့တောင်ညီတယ်လို့ ထင်မိတယ်။ ဝါရင့်တွေထက်တောင် ပိုကောင်းတယ်ကွာ။”
"ဟုတ်တယ်။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ဝါရင့်ကြီးတွေရှေ့မှာတောင် အားမနည်းဘူး။ သူ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတယ်။ အရင်တုန်းက ဆရာကြီးဝူနဲ့ ဆရာကြီးချန်းတို့တောင် ဝေ့ပေါ်ပေါ်မှာ လင်းဖန်ကို ချီးကျူးခဲ့ကြသေးတယ်။ အအဲ့ဒီ ဝါရင့် သရုပ်ဆောင်ကြီးနှစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အကျင့်စရိုက်တွေက တော်တော်လေး ကောင်းကြတယ်။ သူတို့နှစ်ယောက် လင်းဖန်ကို ဒီလို ချီးကျူးခဲ့ကြတယ်။ အခုတော့ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ကောင်းလဲ ငါတို့မြင်နိုင်ပြီ။"
"အပိုင်းတွေတင်တာ နှေးလိုက်တာ။ ဘာလို့ ၃ ပိုင်းပဲ ရှိတာလဲ။ မလုံလောက်ဘူးကွာ။"
"နောက်ဆက်တွဲထုတ်လုပ်ရေးနဲ့ ဒီဒရမ်မာရဲ့ ဇာတ်ဝင်ခန်းတွေက အကောင်းဆုံးပဲ။ ပြီးတော့ ငါ့ရဲ့ ဂီတပရော်ဖက်ရှင်နယ်အမြင်အရ ဒီလို နောက်ခံဂီတမျိုးကို မာစတာအဆင့် ဂီတပညာရှင်တစ်ယောက်ပဲ ထုတ်လုပ်နိုင်လိမ့်မယ်။"
"အထူးသဖြင့် ဒီဇာတ်ဝင်တေးပေါ့။ ထာဝရဆန္ဒလို့ ခေါ်တယ်။ ရေးထားတာ အရမ်းကောင်းပြီး နားထောင်ရတာလည်း အရမ်းကောင်းတယ်။ ဘယ်သူဆိုတာလဲမသိဘူး။"
တစ်ညတည်းနဲ့ ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာ၏ နာမည် မြင့်တက်သွားပါသည်။
ထိုနေ့ညက ၃ ပိုင်းသာ တင်လိုက်ပြီး iQiyi နဲ့ Tencent Arts တို့တွင် ကြည့်ရှုသူ သန်း ၃၀၀ နီးပါးရှိနေပါပြီ။
တစ်ညသာရှိသေးသော်လည်း ကြည့်ရှုသူက အလွန်များပြားနေပြီ။
လူများစွာက ဒီရုပ်သံဒရမ်မာအကြောင်း စိတ်ဝင်စားလာကြပြီး စွဲလမ်းလာကြသည်။
လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်က ကြည့်ရှုသူပေါင်းများစွာအတွက် အမြင်သာဆုံးဖြစ်လာခဲ့သည်။
အမှန်ပင်။ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန်နှင့် တခြားလူများ၏ သရုပ်ဆောင်စွမ်းရည်ကလည်း အလွန်ကောင်းမွန်ပါသည်။
ဇာတ်ဝင်ခန်းထဲက ပြောင်းလဲမှုများနဲ့ စတိုင်တချို့ပြောင်းလဲမှုများ၊ ဝမ်းနည်းစရာ ကြိုတင်ပြကွက်များနဲ့ ဇာတ်ကောင်များ၏ ဇာတ်ကောင်စရိုက်များက အကောင်းမွန်ဆုံးဆိုတာ သံသယဖြစ်စရာမလိုတော့ပေ။
ဘဝရဲ့ပျော်ရွှင်မှုမှာ ရှေးဟောင်းဝတ္ထုကြီးလေးအုပ်မှ ရိုက်ကူးထားသော ဒရမ်မာကလွဲပြီး နိုင်ငံတော်၏ ရုပ်သံဒရမ်မာ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးဒရမ်မာ ဖြစ်လာခဲ့ပြီဟု ပြောလျှင်လည်း ပုံကြီးချဲ့ရာ မကျတော့ပါ။
ရှေးဟောင်းဝတ္ထုကြီးလေးအုပ်ကို ကျော်လွန်ဖို့ကတော့ အလွန်ခက်ခဲပါသည်။ ၎င်းတို့ကို ပြန်လည်ရိုက်ကူးထားသည့် ဒရမ်မာများကလည်း အလွန်ကောင်းမွန်လှသည်။
နိုင်ငံတော်တစ်ခုလုံး၏ တည်ငြိမ်နေသော သာမန် ဒရမ်မာများဖြင့် ပြည့်နှက်နေသည့် ရုပ်သံဒရမ်မာ ရေကန်ထဲ ဘဝရဲ့ပျော်ရွှင်မှု ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ သရုပ်ဆောင်များ၏ ပြီးပြည့်စုံသော သရုပ်ဆောင်စွမ်းရည်ကောင်းမွန်မှု၊ ၎င်း၏ တော်လွန်းသော ထုတ်လုပ်ရေးအဖွဲ့က ချက်ချင်း ကြည့်ရှုသူ သန်း ၃၀၀ ကို ဆွဲဆောင်နိုင်ခဲ့သည်။
ဒါတောင် ၃ ပိုင်းသာ ရှိပါသေးသည်။ ဒီရုပ်သံဒရမ်မာ ဘယ်လောက်ကောင်းမှန်း မသိသေးသည့် လူများပင် ရှိပါသေးသည်။
ဘဝရဲ့ပျော်ရွှင်မှုအား စတင်ထုတ်လွှင့်ချိန်တွင် ၎င်း၏ ရေပန်းစားမှုက သန်းဆယ်ချီပြီး ရှိနေခဲ့သည်။
ရေပန်းစားမှုက သန်းဆယ်ချီပြီး ကြည့်ရှုသူက သန်း ၃၀၀ ကျော်သည်။
အမှန်ပင်။ ကြည့်ရှုသူ သန်း ၃၀၀ စလုံး ရုပ်သံစီးရီးကို ကြည့်ပြီးပြီဟု မဆိုလိုပါ။ iQiyi နဲ့ Tencent Arts တို့အတွက် တွက်ချက်သော နည်းလမ်းသာ ဖြစ်သည်။
သို့သော်လည်း ဘဝရဲ့ပျော်ရွှင်မှု မတိုင်ခင်က ဘယ်လို ရုပ်သံဒရမ်မာကမှ ဒီလို ရလဒ်မျိုး မရဖူးပါ။
ညတွင်းချင်း အလွန်ရေပန်းစားလာခဲ့ပြီး လုံးဝ နာမည်ကျော်သွားပါသည်။
ပရိတ်သတ်က ဒီဒရမ်မာတွင် အပြစ်အနာအဆာတစ်ခုတောင် ရှာမရပါ။
တစ်ခုတည်းသော အပြစ်အနာအဆာက... ရှုယန် လင်းဖန်နဲ့ အတူတူ သရုပ်ဆောင်သည့် အခါ သူ့ပုံစံက လုံးဝ ရှုံးနိမ့်သွားခြင်းပင်။
ယွဲ့ဟွာ ဖျော်ဖြေရေး၌။
လင်းဖန် ကုမ္ပဏီသို့ ရောက်လာတော့ ကုမ္ပဏီထဲတွင် အားပေးသံများစွာ ပေါ်လာခဲ့သည်။
"လင်းဖန်က ချောလိုက်တာ။ လင်းဖန် မင်းကြောင့်သာမဟုတ်ရင် ငါတို့ရုပ်သံစီးရီးက ဒီလောက်ထိ ရေပန်းစားမှာမဟုတ်ဘူး။ မင်းက ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာကိုတောင် ကူညီခဲ့တဲ့လူကိုး။ နောက်ဆက်တွဲတည်းဖြတ်ရေးနဲ့ အသံသွင်းတာတွေလည်း ပါသေးတယ်။ အားလုံးက ကောင်းလွန်းတယ်။ ရုပ်ရှင်ထုပ်လုပ်ရေးအဖွဲ့က ဘယ်အပိုင်းမဆို မင်း မပါရင် မလုပ်နိုင်လောက်ဘူး။ ခေါင်းဆောင်မင်းသားအဖြစ်ပါ မင်းသရုပ်ဆောင်ခဲ့သေးတယ်။"
"ဟုတ်တယ်။ လင်းဖန်က ချောလွန်းတယ်။ ငါတို့ ကုမ္ပဏီချင်းတူရင်တောင် မင်းရဲ့ပရိတ်သတ် ဖြစ်သွားပြီ လင်းဖန်။ နောက်ပိုင်း သေချာပေါက် ကြယ်ပွင့်ကြီး ဖြစ်လာမှာပဲ။"
"လင်းဖန်ကို အားကျတယ်။ ဒီလောက် ထူးချွန်တဲ့ လူမျိုး တကယ်ရှိလို့လား။ တကယ်ရှိတာပဲ။ ငါ့ရှေ့မှာရပ်နေတဲ့လူပေါ့။"
နာမည်ကျော်များစွာက လင်းန်ကို လေးစားအားကျစွာ ကြည့်နေကြပါသည်။
ပြောစရာမလိုအောင် ထိုနာမည်ကျော်များ၊ ဒါရိုက်တာလုပမ်ခိုင်းတို့တောင် ဒီလောက် ရေပန်းစားလာလိမ့်မည်ဟု မထင်ခဲ့မိပါ။
ဆန်းကြယ်မှုတစ်ခု ဖြစ်လာခဲ့သည်။
နိုင်ငံတော်တစ်ခုလုံးမှာတောင် ဒီလိုရာဇဝင်မျိုး တစ်ခါမှ မရှိခဲ့ဖူးပါ။
ရုပ်သံဒရမ်မာက နာမည်ပေါက်သွားခဲ့သည်။
ရုပ်သံဒရမ်မာထဲက သရုပ်ဆောင်များတောင် အားလုံး အလွန်အမင်း ရေပန်းစားလာခဲ့ပါသည်။
ဒါက တစ်ဖွဲ့လုံးအတွက် အောင်ပွဲပဲဖြစ်သည်။
ဒီအောင်ပွဲက လင်းဖန်မပါဘဲ မရနိုင်ပါ။
"ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်တော့်ကို ဒီလို ချီးကျူးစရာမလိုပါဘူးဗျာ။ ဒီတိုင်း ရုပ်သံဒရမ်မာပဲကို။"
"ဒီရုပ်သံဒရမ်မာရဲ့ အောင်မြင်မှုက ကျွန်တော်တို့ အားလုံးရဲ့အားစိုက်ထုတ်မှုတွေ မပါရင် မရနိုင်ပါဘူး။ သရုပ်ဆောင်တွေကော၊ ဒါရိုက်တာလုကော၊ အစ်ကိုကြီးလျို့ကော၊ စီအီးအိုလီကော အများကြီး ကူညီပေးခဲ့ကြတာပဲ။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ သူတစ်ယောက်တည်း နာမည်မယူချင်ပါ။
လင်းဖန်က ကိုယ့်ကိုယ်ကို နှိမ့်ချသည့်အခါ အလွန်တော်ပါသည်။ သူပြောတာလည်း မှန်သည်။ ရုပ်သံဒရမ်မာတစ်ခုအောင်မြင်ချင်ပါက လင်းဖန်တစ်ယောက်တည်းကို အားကိုးလို့မဖြစ်ပါ။
ဒါရိုက်တာ၊ နောက်ဆက်တွဲထုတ်လုပ်ရေးနဲ့ အသံသွင်းခြင်းတို့အတွက်လည်း လင်းဖန် နာမည်ယူဖို့ မကြိုးစားပါ။ ဒါက လုပမ်ခိုင်း၊ ရွှယ်ခဲ့ရှင်းနဲ့ တခြားလူများနဲ့ ထိုက်တန်သော အရာ ဖြစ်ပါသည်။
သူကတော့ ခေါင်းဆောင်မင်းသားလုပ်ပြီး ဒီလိုပြောင်မြောက်သည့် ဇာတ်ညွှန်းတစ်ခုကို ရေးခဲ့ရုံနဲ့ နာမည်ဂုဏ်ဒြပ်များစွာ ရခဲ့ပါပြီ။
"မတူဘူးလေ လင်းဖန်ရာ။ ရုပ်သံစီးရီးရဲ့ အောင်မြင်မှုက ငါတို့အားလုံးရဲ့ ကြိုးစားမှုကြောင့် ဆိုပေမယ့် မင်းက ဒီရုပ်သံစီးရီးရဲ့ မူလအစလေ။ မင်းက ဘဝရဲ့ပျော်ရွှင်မှုရဲ့ အသက်ဝိညာဥ်ပဲ။"
"နောက်ဆုံးတော့ စီအီးအိုလီ မင်းကို ဘာလို့အရမ်းသဘောကျတာလဲ နားလည်သွားပြီ။ မင်းက ဘက်စုံတော်တဲ့ ပါရမီရှင်ကိုး။ မင်းကို မကြိုက်တဲ့လူ ရှိပါ့မလား။" လုပမ်ခိုင်းက ပြောလိုက်ပါသည်။
"ဒါပေါ့။ လင်းဖန်က တကယ်တော်ပါတယ်။" ရွှယ်ခဲ့ရှင်းက ပြောလိုက်သည်။
ရှားဝမ်ချွေ့လည်း လင်းဖန် ဘေးမှာရပ်နေပြီး သူ့ကို တိတ်တိတ်လေး စောင့်ကြည့်နေပါသည်။ ဘာကြောင့်မှန်းမသိဘဲ လင်းဖန် အရမ်းတော်လာခဲ့သည်။
လင်းဖန်အနားမှာရှိလျှင် ရှားဝမ်ချွေ့ အလွန်လုံခြုံသလို ခံစားရည်။
အနည်းဆုံးတော့ ဒီအနုပညာလောကထဲမှာ သူမကို အနိုင်ကျင့်ရဲသည့်လူ မရှိလောက်တော့ပါ။
လင်းဖန်အနားမှာရှိနေပါက ရှာဝမ်ချွေ့တစ်ယောက် ဘာမှမကြောက်တော့ပေ။ အနုပညာ လောကထဲမှာတောင် ကြောက်ဖို့ မလိုတော့ပါ။
ထိုအချိန်တွင် စုရှောင်းယွီက လင်းဖန်ရှေ့သို့ လျှောက်သွားပြီး အံ့အားတသင့်ပြောလိုက်သည်။
"ဆရာရေ နင့်ရဲ့ ဝေ့ပေါ်ပရိတ်သတ် အရေအတွက်ကို ကြည့်ပါဦး။ ဆက်တိုက်တက်နေတာပဲ။"
"မနေ့က ၁၀,၀၀၀ လောက်ပဲ ရှိသေးတာ မြင်ပါတယ်။ ဒါပေမယ့် အခုတော့ အများကြီးပဲ။"
စုရှောင်းယွီက သူမဖုန်းကို ကြည့်နေသည်။ သူမ လင်းဖန်နဲ့ သူ့ပရိတ်သတ်အရေအတွက်ကို အာရုံစိုက်ထားခဲ့၏။ မယုံနိုင်စရာကောင်းလှသည်ဟု သူမ ခံစားမိပါသည်။
တစ်ညတည်းနဲ့။
လင်းဖန်၏ ဝေ့ပေါ်ပရိတ်သတ်အရေအတွက်မှာ ၁၀,၀၀၀ မှ ၁.၃၂ သန်း အထိ တက်သွားခဲပါသည်။ ညတွင်းချင်း ပရိတ်သတ် သန်းနဲ့ချီပြီး ရသွားပါသည်။ ထို့အပြင် ထိုလူများက အမာခံပရိတ်သတ်များ ဖြစ်ကြသည်။
လင်းဖန်၏ ကောမန့်အောက်တွင် သူတို့ တောင်းပန်ပြီး ချီးကျူးကြသည်။
အရင်တုန်းက သူတို့လုပ်ခဲ့သည့်အရာအတွက် အလွန်စိတ်မကောင်းဖြစ်မိပါသည်။
ထို့ကြောင့် ယခုသူတို့ လင်းဖန်၏ အမာခံပရိတ်သတ်များ ဖြစ်လာခဲ့သည်။
ထိုပရိတ်သတ်များက လင်းဖန်ကို ၎င်းတို့၏ အိုင်ဒေါအဖြစ် သတ်မှတ်ပြီးကြပါပြီ။