← Chapters

အခန်း(၁၀၁) ဂုဏ်သတင်းပြောင်းပြန်ဖြစ်၊ ဂျွိုင်းမီဒီယာ လုံးဝ ရှုံးနိမ့်ခြင်း

Vol. 7 Ch. 101

အခန်း(၁၀၁) ဂုဏ်သတင်းပြောင်းပြန်ဖြစ်၊ ဂျွိုင်းမီဒီယာ လုံးဝ ရှုံးနိမ့်ခြင်း

Vol. 7 Ch. 101

အခန်း(၁၀၁) ဂုဏ်သတင်းပြောင်းပြန်ဖြစ်၊ ဂျွိုင်းမီဒီယာ လုံးဝ ရှုံးနိမ့်ခြင်း

"လင်းဖန် ငါမှားသွားတယ်။ မင်းက အချောဆုံးပဲ။ ပြီးတော့ မင်းရဲ့သရုပ်ဆောင်စွမ်းရည်တွေကလည်း အကောင်းဆုံးပဲကွာ။"

"နောက်ကို မင်းရဲ့သရုပ်ဆောင်စွမ်းရည်က မကောင်းဘူးလို့ ပြောရဲတဲ့လူရှိရင် အဲ့ဒီလူရဲ့ပါးစပ်ကို တူနဲ့ ပိတ်ပေးမယ်။”

"လင်းဖန်က တကယ်ချောတဲ့လူပဲ။ ရှုယန်ထက်တောင် ပိုချောတယ်။ ဒီဒရမ်မာရဲ့ ခေါင်းဆောင်မင်းသား ဖြစ်ထိုက်ပါတယ်။"

လင်းဖန်က ကောမန့်များကို တိတ်တဆိတ် ဆွဲကြည့်ရင်း ပြုံးလိုက်ပါသည်။

ရေပန်းစားလာလျှင် အလွန်ဒုက္ခများနိုင်သဖြင့် အစကတော့ နာမည်မကြီးချင်ခဲ့ပါ။

သို့သော် အခုတော့ သူ ဘာမှ မတတ်နိုင်တော့ပေ။ ဘဝရဲ့ပျော်ရွှင်မှုကို ထုတ်လွှင့်နေပြီဖြစ်သဖြင့် လင်းဖန်ကလည်း အလွန်နာမည်ကြီးလာခဲ့ပါပြီ။

လင်းဖန် သာမန်လူဖြစ်ချင်ရင်တောင် နာမည်ကျော်တစ်ယောက်ဖြစ်သွားပါပြီ.

ဘာမှန်းမသိလိုက်ဘဲ စနေနေ့ညသို့ ရောက်လာခဲ့သည်။

အသစ်တင်မည့်အပိုင်းများကို ကြည့်ဖို့ စောင့်နေသည့် ပရိတ်သတ်များ မရေမတွက်နိုင်အောင်ရှိသည်။

အပိုင်း ၄၊ အပိုင်း ၅ နဲ့ အပိုင်း ၆ တို့ကို ထုတ်လွှင့်ပြီးနောက် ဘဝရဲ့ပျော်ရွှင်မှုမှာ ရေပန်းစား အကြောင်းအရာနေရာကို ထပ်ရသွားပြန်ပါသည်။

ဒီဒရမ်မာအတွက် ပရိတ်သတ်များ၏ စိတ်အားထက်သန်မှုက မကြုံစဖူးအဆင့်တစ်ခုအထိ ရောက်သွားခဲ့ပါပြီ။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ သရုပ်ဆောင်စွမ်းရည်တင်မကဘဲ ဒီဒရမ်မာထဲတွင် အသေးစိတ်များစွာလည်း ပါဝင်သည်။ အဓိကဇာတ်ကောင်နဲ့ အဓိကဗီလိန်တို့အကြားက ဉာဏ်ရည်တိုက်ခိုက်မှုနဲ့ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့ကြားက ဆက်ဆံရေး စသည်တို့ဖြစ်သည်။ ပရိတ်သတ်များ၏ နှလုံးသားများကို ဆက်တိုက် ဆွဲဆောင်နေခဲ့ပါသည်။

စနေနေ့ ထုတ်လွှင့်ပြသမှု ပြီးသောအခါ ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားမှုက သန်း ၉၀ အထိ ရောက်သွားပါသည်။

၂ ရက်သာ ထုတ်လွှင့်ရသေးသော်လည်း ရုပ်သံဒရမ်မာ၏ ရေပန်းစားမှုက သန်း ၉၀ ရှိသွားပါပြီ။

ထို့အပြင် ကြည့်ရှုသူကလည်း သန်း ၄၀၀ ကျော်သွားလေပြီ။

နှစ်ရက်တည်းထုတ်လွှင့်လိုက်ရုံနဲ့ ဒီလို ရလဒ်မျိုးရလာခဲ့သည်။

ဒီရုပ်သံဒရမ်မာကို ကြိုက်နှစ်သက်ကြသည့် ပရိတ်သတ်တင်မကဘဲ Tencent Arts နဲ့ iQiyi ၏ ဝန်ထမ်းများပါ မှင်သက်သွားကြသည်။

ဒီဒရမ်မာ အလွန်ကောင်းတာသိကြသော်လည်း ဒီလောက်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"ဒီဒရမ်မာကို ဝယ်လိုက်တာ မှန်သွားတာပဲ။ ဒီနှစ်တွေအတွင်းမှာ ဒီလိုရေပန်းစားတဲ့ဒရမ်မာ ပေါ်လာတာ ပထမဆုံးပဲ။ ဘဝရဲ့ပျော်ရွှင်မှုရဲ့ ရေပန်းစားမှုနဲ့ဆို IP ဂန္တဝင်လက်ရာ ဖြစ်လာနိုင်တယ်။"

"လမ်းမနဲ့ လမ်းကြားတွေထဲမှာ ဘဝရဲ့ပျော်ရွှင်မှုကို စောင့်ကြည့်နေကြတဲ့ လူတွေမရေမတွက်နိုင်အောင်ရှိနိုင်တယ်။ ဒီရုပ်သံဒရမ်မာမှာ ကျယ်ပြန့်တဲ့ ပရိတ်သတ်ရှိတယ်။ ကလေးတွေကြိုက်တဲ့ ဟာသဆန်ဆန်စတိုင်လည်း ပါတယ်။ လူငယ်တွေကြိုက်တဲ့ အချစ်ရေး ဇာတ်ဝင်ခန်းတွေလည်း ပါတယ်။ လူလတ်ပိုင်းတွေကြိုက်တဲ့ နိုင်ငံရေးဗျူဟာတွေလည်းပါတယ်။ ဒီဇာတ်လမ်းမှာ အားလုံးပါတယ်လို့ ပြောလို့ရတယ်။ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ကောင်းပြီး နောက်ဆက်တွဲထုတ်လုပ်ရေး အဖွဲ့ကလည်း ပြီးပြည့်စုံတယ်။ နောက်ပိုင်းဇာတ်ဝင်ခန်းတွေကိုလည်း ကြည့်ပြီးပြီ။ အထူးသဖြင့် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အကြင်နာပေးတဲ့အခန်းလေ။ ကောင်းလွန်းပါတယ်ကွာ။ ကြည့်ပြီးတော့ ငါချစ်မိတော့မလိုပဲ။” ဟု Tencent Arts ဝန်ထမ်းက ပြောလိုက်ပါသည်။

မကြာမီ Tencent Arts မန်နေဂျာက ဝန်ထမ်းကို ဆက်သွယ်လာသည်။

"ဘဝရဲ့ပျော်ရွှင်မှုစီးရီးရဲ့ ဇာတ်ညွှန်းရေးဆရာက ဘယ်သူလဲ။ ဒါရိုက်တာက ဘယ်သူလဲ။ ပြီးတော့ နောက်ဆက်တွဲထုတ်လုပ်ရေးနဲ့ အသံသွင်းအဖွဲ့တွေကကော ဘယ်သူတွေလဲ။ နာမည်စာရင်း လိုချင်ပါတယ်။ ဒီလို ရေပန်းစားတဲ့ ရုပ်သံဒရမ်မာကို ရိုက်ကူးနိုင်တယ်ဆိုတော့ ဒီလူတွေနဲ့ပဲ သက်ဆိုင်မှာပေါ့။" Tencent Arts မန်နေဂျာက ပြောလိုက်ပါသည်။

Tencent Arts ၏ ဝန်ထမ်းက စုံစမ်ပြီးနောက် ပြောလိုက်ပါသည်။ "မန်နေဂျာကြီး ဒီရုပ်သံစီးရီးရဲ့ ဇာတ်ညွှန်းရေးဆရာက လင်းဖန်ပါ။ ခေါင်းဆောင်မင်းသားကလည်း လင်းဖန်ပါပဲ။ ဒါရိုက်တာက လုပမ်ခိုင်း၊ ရွှယ်ခဲ့ရှင်းက နောက်ဆက်တွဲထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အသံသွင်းအဖွဲ့ကလည်း အရမ်းတော်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက... ဒါရိုက်တာအပိုင်းရော၊ နောက်ဆက်တွဲထုတ်လုပ်ရေးအပိုင်းရော၊ အသံသွင်းအပိုင်းမှာရော၊ ဂီတအပိုင်းမှာပါ လင်းဖန်ပါခဲ့တယ်လို့ ကြားမိတယ်။"

ထိုစကားကို ကြားသောအခါ Tencent Arts မန်နေဂျာ ထိတ်လန့်သွားပါသည်။ "ဘာဖြစ်တယ်။ လင်းဖန်က ဇာတ်ညွှန်းရေးဆရာနဲ့ ခေါင်းဆောင်မင်းသားဖြစ်ရုံတင်မကဘူး။ နောက်ဆက်တွဲ ထုတ်လုပ်ရေးနဲ့ အသံသွင်းတာတွေကိုပါ လုပ်တတ်တယ် ဟုတ်လား။”

"လင်းဖန်က ဇာတ်ညွှန်းရေးဆရာတစ်ယောက် သက်သက်ဆိုရင်တောင် ဒီလောကထဲ ဝင်လာနိုင်တဲ့ တန်ဖိုးရှိတယ်။ ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ဝင်ခန်းအားလုံးကို  ငါကြည့်ပြီးပြီ။ ဇာတ်လမ်းက အပိုင်း ၄၆ မှာ မပြီးသေးဘူး။ အတွဲ ၂ သေချာပေါက် ရှိဦးမှာပဲ။ ငါတို့ လင်းဖန်ကို အမြန်ဆုံးဆက်သွယ်ပြီး ဒုတိယအတွဲအတွက် မူပိုင်ခွင့်ကို ယူရမယ်။ အချိန်ကျရင် ငါတို့တွေကိုယ်တိုင် ဒရမ်မာထဲမှာ ရင်းနှီးမြှုပ်နှံရမယ်။” Tencent Arts မန်နေဂျာက ပြောလိုက်ပါသည်။

"မြန်မြန် မြန်မြန် လင်းဖန်ကို ဆက်သွယ်ဖို့ နည်းလမ်းစဥ်းစားပြီး ဘဝရဲ့ပျော်ရွှင်မှု ဒုတိယအတွဲအတွက် မူပိုင်ခွင့်ကို ဝယ်လိုက်တော့။ ဒုတိယအတွဲကို ရေးပြီးပြီလားလို့ မေးလိုက်ပါဦး။ ပထမအတွဲအတွက် ဇာတ်ညွှန်းက စိတ်ဝင်စားဖို့ကောင်းလွန်းတယ်။" iQiyui ဝန်ထမ်းက ပြောလိုက်ပါသည်။

ထိုဗီဒီယိုကုမ္ပဏီနှစ်ခုက တူညီသော ဆုံးဖြတ်ချက်ကို ချခဲ့ပါသည်။

ဒီရုပ်သံဒရမ်မာက အလွန်ရေပန်းစားလာပြီး သူတို့အားလုံး လင်းဖန်၏ တန်ဖိုးကို မြင်ခဲ့ပါပြီ။

အမှန်ပင်။ လင်းဖန်က နောက်ဆက်တွဲထုတ်လုပ်ရေးနဲ့ ဒါရိုက်တာလုပ်ငန်းတွေကိုပါ လုပ်နိုင်သည်ဟုတော့ သူတို့ မယုံကြပါ။

ဒီလိုသာဆို လင်းဖန် လူကော ဟုတ်သေးရဲ့လား။

လင်းဖန်တစ်ယောက်တည်းနဲ့ ရိုက်ကူးရေးတစ်ဖွဲ့လုံးကို ကူညီသွားတာလား။

ဒါက သာမန်လူများ တိုင်းတာနိုင်သည့် အရာမျိုးမဟုတ်ပေ။

ဘဝရဲ့ပျော်ရွှင်မှုအား ထုတ်လုပ်နေစဥ် စစ်သူကြီးနဲ့ ကျွန်မ စီးရီးကိုလည်း ၆ ပိုင်း ထုတ်လွှင့်ခဲ့ပါသည်။

စစ်သူကြီးနဲ့ကျွန်မက ဘာမှ ထူးခြားမှု ရှိမနေပေ။

၂ ရက်လောက်ကြာပြီးတာတောင် စစ်သူကြီးနဲ့ ကျွန်မ တွင်စောင့်ကြည့်သူ ၁၀ သန်းနဲ့ ကြည့်ရှုသူ သန်း ၂၀ သာ ရှိသည်။

ရေပန်းစားမှုအရဆိုရင် ဘဝရဲ့ပျော်ရွှင်မှုက ၉ ဆလောက် ပိုများပြီး ကြည့်ရှုသူအရဆိုရင် စစ်သူကြီးနဲ့ကျွန်မထက် အဆ ၂၀ လောက် ပိုများနေပါသည်။

'ဘဝရဲ့ပျော်ရွှင်မှု' ကကြည့်ရှုသူ သန်း ၄၀၀ ရှိပြီး 'စစ်သူကြီးနဲ့ကျွန်မ' ကတော့ သန်း ၂၀ သာ ရှိသည်။

ဒါက ၎င်းတို့အကြားက သိသာသော ခြားနားချက် ဖြစ်သည်။ ဖျော်ဖြေရေးကုမ္ပဏီနှစ်ခုက ထုတ်လုပ်သည့် ရုပ်သံဒရမ်မာနှစ်ခုကို တစ်ချိန်တည်း ထုတ်လွှင့်လိမ့်မည်ဟု မည်သူမှ မထင်ခဲ့ကြပေ။ ၎င်းတို့အကြား ကမ္ဘာတစ်ခုလောက် ခြားနားနေပါသည်။

ဇာတ်ညွှန်းအရကော၊ သရုပ်ဆောင်စွမ်းရည်အရကော၊ နောက်ဆက်တွဲထုတ်လုပ်မှုအပိုင်းအရကော၊ အသံသွင်းမှုအပိုင်းအရပါ ဘဝရဲ့ပျော်ရွှင်မှု၏ အနိုင်ယူခြင်းကို ခံခဲ့ရပါသည်။

'စစ်သူကြီးနဲ့ ကျွန်မ' လုံးဝ ရှုံးနိမ့်ခဲ့သွားပါပြီ။ အမှန်ပင်။ စစ်သူကြီးနဲ့ ကျွန်မ ကလည်း ရေပန်းစားပါသည်။

ရေပန်းစားသည့် အကြောင်းအရင်းကတော့ ဒီဒရမ်မာထဲက ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့မှာ အစားထိုး အသုံးများသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်မင်းသား မင်းသမီးများက တစ်ချို့နေရာများတွင်ဆို ဖိုတိုရှော့ပ်များကိုပင် သုံးခဲ့ကြပါသည်။

ဖိုတိုရှော့ပ်များဖြင့် ပြည့်နှက်နေသည့် ရုပ်သံဒရမ်မာတစ်ခုမှာ ပရိတ်သက်များကို အရူးဟု သက်မှတ်လိုက်သလို ဖြစ်သည်။ ထို့အပြင် ဇာတ်ညွှန်းအဆင့်ကလည်း သာမန်မျှသာ ဖြစ်သည်။ အထဲက ဇာတ်လိုက်များ၏ သရုပ်ဆောင်စကေးကလည်း မကောင်းမွန်ပါ။ ဘဝရဲ့ပျော်ရွှင်မှုနဲ့ ယှဥ်နိုင်စရာ လုံးဝ မရှိပေ။ ဒရမ်မာနှစ်ခုအကြား ခြားနားချက်က အလွန်အားကောင်းလွန်းပါသည်။

"စစ်သူကြီးနဲ့ကျွန်မ"က ၎င်းတို့၏ ဖိုတိုရှော့ပ် အသုံးပြုမှုကြောင့် နာမည်ကြီးခြင်းဖြစ်သည်။

"စစ်သူကြီးနဲ့ကျွန်မကို ကြော်ငြာထာားတာ ဒီလောက်ကြာတာတောင် အရည်အသွေးက ဒီလောက်ပဲ ထွက်လာတာလား၊ ဘယ်လို သရုပ်ဆောင်စကေးမျိုးလဲကွာ၊ ဖိုတိုရှော့ပ်တွေတောင် သုံးထားသေးတယ်။ ဘဝရဲ့ပျော်ရွှင်မှုကို ကြည့်လိုက်။ သူတို့သရုပ်ဆောင်စွမ်းရည်က မင်းတို့ထက် အများကြီး ပိုကောင်းတယ်။"

"ပရိတ်သတ်တွေက မင်းတို့ကိုဖားချင်တဲ့ အရူးတွေလို့ထင်နေလား။"

"ဘဝရဲ့ကပျော်ရွှင်မှုကို ဒီလိုအရည်အသွေးနဲ့ တိုက်ခိုက်ချင်တယ်လား။ သတ္တိတွေ ဘယ်ကရလာလဲ မသိဘူး။ နာမည်ကျော်နှစ်ယောက် ဖြစ်တဲ့ ဝမ်မန်းဟန်နဲ့ ကျောက်ကျစ်ယွဲ့တို့အတွက်တော့ စိတ်မကောင်းစရာပဲ"

ဒရမ်မာနှစ်ခုအကြားက ခြားနားချက်ကိုကြည့်ကာ HappyFruit နဲ့ MangoTV တို့ နှစ်ခုစလုံး ကြက်သေသေကုန်ကြသည်။

အထူးသဖြင့် စာချုပ်အပိုင်းကို တာဝန်ယူထားသောလူများဖြစ်သည့် ဝမ်လီလီနဲ့ လီမန်မန်တို့ တရားရကုန်ကြပါသည်။

"လခွမ်းပဲ။ ဘာလို့ ဘဝရဲ့ပျော်ရွှင်မှု မူပိုင်ခွင့်ကို မဝယ်ခဲ့မိတာလဲ။ ဒီလောက်ရေပန်းစားလာလိမ့်မယ်လို့ ဘယ်သိမှာလဲ။ အားးးး နောင်တရတယ်ဟာ" ဝမ်လီလီက ပြောလိုက်ပါသည်။ သူမ၏ မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် ကုမ္ပဏီက ကြီးကြီးမားမား အရှုံးပေါ်သွားခဲ့သည်။ သူမ အလုပ်ပင် ဖြုတ်ခံရလောက်သည်။ သူမ ဘဝရဲ့ပျော်ရွှင်မှုအတွက် မူပိုင်ခွင့်စာချုပ် ချုပ်ခဲ့ပါက အမြတ်ငွေမှာ သန်း ၁၀၀ ပင် ကျော်သွားနိုင်သည်။

ဒီချိန်တွင် ဝမ်လီလီနဲ့ လီမန်မန်တို့ အနည်းငယ် နောင်တ ရနေကြပါသည်။

ဘဝရဲ့ပျော်ရွှင်မှု၏ မူပိုင်ခွင့်က အမြတ်ကို ကိုယ်စားပြုရုံသာမကဘဲ ရေပန်းစားမှုကိုလည်း ကိုယ်စားပြုနေပါသည်။

ဒီခေတ်တွင် ရေပန်းစားမှုက ဘုရင်တစ်ပါး ဖြစ်သည်။ အင်တာနက်ကြည့်ရှုသူအများဆုံး ဗီဒီယို ဝက်ဘ်ဆိုက်က စျေးကွက်ရှယ်ယာ အများဆုံး ဖြစ်သည်။

ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားမှုကြောင့် ထိုကြည့်ရှုသူများ Tencent Arts နဲ့ iQiyui ထံသို့ရောက်ကုန်ကြပါသည်။

ကြည့်ရှုသူများစွာ ဆုံးရှုံးခြင်းက ယွမ် သန်း ၁၀၀ - ၂၀၀ ဆုံးရှုံးတာနဲ့ မတူတော့ပါ။

သူတို့ အသုံးပြုသူနဲ့ အခွင့်အလမ်းတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားလိုက်သလဲ။

၎င်းတို့၏ ကုမ္ပဏီနှစ်ခုက Tencent Arts နဲ့ iQiyi တို့ကို ဒီတစ်သက် မကျော်လွန်နိုင်တော့ပေ။

သူတို့ ဆုံးဖြတ်ချက်တစ်ခု မှားယွင်းခဲ့သောကြောင့်ဖြစ်သည်။ ထိုဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ကုမ္ပဏီတစ်ခုလုံး၏ အနာဂတ် ထိခိုက်ပါတော့မည်။

All Chapters