← Chapters

အခန်း(၁၀၃) ဝေ့ပေါ်ရဲ့ထိပ်တန်းရေပန်းစားအကြောင်းအရာထပ်ဖြစ်လာပြီး ဖျော်ဖြေရေးလောက တုန်လှုပ်သွားခြင်း

Vol. 7 Ch. 103

အခန်း(၁၀၃) ဝေ့ပေါ်ရဲ့ထိပ်တန်းရေပန်းစားအကြောင်းအရာထပ်ဖြစ်လာပြီး ဖျော်ဖြေရေးလောက တုန်လှုပ်သွားခြင်း

Vol. 7 Ch. 103

အခန်း(၁၀၃) ဝေ့ပေါ်ရဲ့ထိပ်တန်းရေပန်းစားအကြောင်းအရာထပ်ဖြစ်လာပြီး ဖျော်ဖြေရေးလောက တုန်လှုပ်သွားခြင်း

လင်းဖန် မသိလိုက်ခင်မှာပင် ဂျွိုင်းမီဒီယာက ဘဝရဲ့ပျော်ရွှင်မှုနဲ့ ပြိုင်ဆိုင်ခြင်းအား ရပ်တန့်လိုက်ပါသည်။

ဂျွိုင်းမီဒီယာ၏ စီအီးအိုကတောင် လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းမွန်ကြောင်း ဝန်ခံရသည်။ ထို့အပြင် လင်းဖန်၏ ရုပ်ရည်ကော ဇာတ်ညွှန်းများကော အားလုံး ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။ သေသေချာချာ စဥ်းစားပြီးနောက် ကျောက်လွေ့က လင်းဖန်ကို တောင်းပန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ သူ့မှာ နောက်ပိုင်း အခွင့်အရေးရလာပါက လင်းဖန်နဲ့ အတူတူ အလုပ်လုပ်နိုင်ပါလိမ့်မည်။

ဖျော်ဖြေရေးလောကထဲတွင် ရာသက်ပန် ရန်သူဆိုတာ မရှိပါ။ ရာသက်ပန်မိတ်ဆွေဆိုတာသာ ရှိပါသည်။

ယွဲ့ဟွာနှင့် တိုက်ခိုက်မှုက အသုံးမဝင်တာကို မြင်လိုက်ရပြီးနောက် ဂျွိုင်းမီဒီယာက ၎င်းတို့၏ နည်းလမ်းကို အမြန်ပြောင်းလိုက်ပါသည်။

အဓိက အချက်က လင်းဖန်မှာ ကုမ္ပဏီတိုင်းက ခေါ်နိုင်သော တန်ဖိုးမျိုး ရှိနေသောကြောင့် ဖြစ်သည်။

ဘဝရဲ့ပျော်ရွှင်မှုကို ၂ ရက်ဆက်တိုက် ထုတ်လွှင့်ပြသနေပြီး တရုတ်နိုင်ငံတစ်ခုလုံးကို ပွက်လောရိုက်သွားစေခဲ့သည်။

ဒီရုပ်သံဒရမ်မာက အလွန်ရေပန်းစားနေ၏။

ခေါင်းဆောင်မင်းသား လင်းဖန်နှင့် ခေါင်းဆောင်မင်းသမီး ရှားဝမ်ချွေ့တို့ အကုန်လုံးလည်း လုံးဝကို နာမည်ကြီးနေကြသည်။

အကြင်နာပေးခန်းမရိုက်ဖူးသော ရှားဝမ်ချွေ့လည်း ဒီဒရမ်မာကြောင့် ပရိသတ်များ၏ ထောက်ခံမှုကို ပိုရခဲ့ပါသည်။

ထို့အပြင် ဒါက ရှားဝမ်ချွေ့၏ ပထမဆုံး အချစ်ရေးဇာတ်ဝင်ခန်းဖြစ်သည်။ အလွန်ကောင်းမွန်စွာ သရုပ်ဆောင်ထားပါသည်။ မုန်းတီးရေးသမားများ ရှားဝမ်ချွေ့ကို တစ်ဖတ်သတ် ဝေဖန်လို့ မရတော့ပေ။

သူမ၏ သရုပ်ဆောင်စွမ်းရည်ကလည်း ထိုနည်းလည်းကောင် ထူးချွန်လှပါသည်။

၃ ရက်မြောက်နေ့တွင် ထုတ်လွှင့်ပြသပြီးသောအခါ အနုပညာလောကထဲတွင် အတော်လေး ပွက်လောရိုက်သွားခဲ့သည်။

ပရိသတ်က ဒီရုပ်သံဒရမ်မာ၏ ဇာတ်လမ်းကို သေချာပေါက်စောင့်ကြည့်နေသည်။ ဒီလိုရေပန်းစားသည့် ရုပ်သံဒရမ်မာမျိုးက အနုပညာလောကထဲက ကုမ္ပဏီများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ဖျော်ဖြေရေးအသိုင်းအဝိုင်းရှိ ဖျော်ဖြေရေးကုမ္ပဏီများက လင်းဖန်ကို အရေးစိုက်လာကြသည်။

"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရ၎်းကောင်းတာပဲ။ ပျိုးထောင်ပေးဖို့ ထိုက်တန်တယ်။ လင်းဖန်သာ ငါတို့ဒရမ်မာသစ်ထဲ သရုပ်ဆောင်ပေးရင် သေချာပေါက် ကောင်းမှာပဲ။”

"သူ့သရုပ်ဆောင်စွမ်းရည် ကောင်းတာမကောင်းတာ အရေးမကြီးဘူး။ လင်းဖန်က ချောပြီးသားပဲ။ ငါတို့ ရသစုံရှိုးမှာ ထည့်ရိုက်လို့ရမယ်ထင်တယ်။”

"ငါတို့ရုပ်သံစီးရီးမှာ ဇာတ်ပို့သရုပ်ဆောင်လိုနေတယ်။ လင်းဖန်က သင့်တော်တယ်လို့ထင်လား။ မြန်မြန်စာချုပ်ချုပ်လိုက်တော့။"

"လင်းဖန်က ပါရမီရှင်ဖြစ်ပြီး အလားအလာလည်း ရှိတယ်။ သူသာရှိရင် ငါတို့ရုပ်သံစီးရီးရဲ့ ရေပန်းစားမှုကို တိုးမြှင့်လို့ရတယ်။ မြန်မြန် လင်းဖန်ရဲ့ မန်နေဂျာကို ဆက်သွယ်လိုက်။ မဟုတ်ရင် ယွဲ့ဟွာကို ဆက်သွယ်ပြီး လင်းဖန်ရဲ့ ဖုန်းနံပါတ်တောင်းလိုက်။ လင်းဖန်ကို အရင်ခေါ်ကြရအောင်။ ရိုက်ကူးရေးခက ရုပ်သံဒရမ်မာတစ်ခုအတွက် သူ့ကို ၆ သန်း ၇ သန်းလောက်ပေးမယ်ဆိုရင် ဘယ်လိုလဲ။”

ကုမ္ပဏီပေါင်းစုံက လင်းဖန်ကို ခေါ်ယူဖို့ ပြင်ဆင်နေကြပါသည်။

သို့သော်လည်း ခြွင်းချက်မရှိ ထိုကုမ္ပဏီအားလုံးကို လင်းဖန်က ငြင်းဆန်ခဲ့ပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုကုမ္ပဏီများ သူ့ကိုခေါ်ဖို့ မလိုသောကြောင့် ဖြစ်သည်။ သူက ရှားဝမ်ချွေ့ကို ကာကွယ်ဖို့ အနုပညာလောကထဲ ဝင်လာခဲ့ခြင်း ဖြစ်သည်။ ငွေရဖို့နဲ့ သရုပ်ဆောင်ချင်လို့ မဟုတ်ပါ။

လင်းဖန်က အခုလည်း ငွေမလိုသေးပေ။ သူက ဘဝရဲ့ပျော်ရွှင်မှု၏ အများဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။

ဘဝရဲ့ပျော်ရွှင်မှုသာ ဝင်ငွေရလာပါက လင်းဖန်လည်း အစုပေါ်အမြတ် ရာခိုင်နှုန်းတစ်ခုအထိ ရလာလိမ့်မည်။

ထိုအမြတ်ကလည်း မနည်းပါ။

ဘဝရဲ့ပျော်ရွှင်မှု မူပိုင်ခွင့်ကို iQiyi နဲ့ Tencent Arts သို့ ရောင်းလိုက်စဥ်က လင်းဖန်၏ အကောင့်ထဲတွင် ထပ်ပေါင်း ယွမ် သန်း ၄၀ ရှိနေခဲ့သည်။

ထို့အပြင်ဒီရုပ်သံဒရမ်မာ ရိုက်ကူးရေးခ စုစုပေါင်း  ယွမ် ၈ သန်းလည်း ရှိပါသေးသည်။

လင်းဖန်က လူသစ်ဖြစ်သဖြင့် စဦး ရိုက်ကူးရေးကြေးမှာ တကယ်ပဲ မများပါ။ ထို့အပြင် ရှားဝမ်ချွေ့လို ကြယ်ပွင့်တစ်ယောက်၏ ရိုက်ကူးရေးခကတောင် သန်း ၃၀ - ၄၀ မျှသာရှိပါသည်။

ဒီက နာမည်ကြီးသရုပ်ဆောင်များက သန်းရာချီ ရိုက်ကူးရေးကြေးများ တောင်းဆိုတာ အလကားမဟုတ်ပါ။ မဟုတ်ပါက ဒီလောက၏ ဖွင့်ဖြိုးတိုးတက်မှု ပုံမှန်မဟုတ်ဖြစ်လာလိမ့်မည်။

စဥ်းစားကြည့်လိုက်ပါ။ သရုပ်ဆောင်များကို ခေါ်ဖို့အတွက်လောက်နဲ့ ရင်းနှီးမြှုပ်နှံငွေထဲက ၁ ဘီလီယံယွမ်လောက်အား သုံးလိုက်ရပါက ကောင်းမွန်သော ရုပ်သံဒရမ်မာတစ်ခုကို ဘယ်လို ထုတ်လုပ်နိုင်တော့မည်နည်း။

ပိုက်ဆံရခြင်းက လင်းဖန်အတွက် ကောင်းမွန်သော်လည်း အပြင်ဘက်မှာ တစ်ယောက်တည်း သရုပ်မဆောင်ချင်ပါ။

သူသာ သရုပ်ဆောင်ချင်ပါက လင်းဖန် ရှားဝမ်ချွေ့နဲ့သာ သရုပ်ဆောင်ပါမည်။ သူမနဲ့ သရုပ်ဆောင်နေစဥ် စနောက်လို့ရသည်။ ဂရုစိုက်ပေးလို့ရသည်။ ကာကွယ်ပေးလို့ရပါသည်။

သူမအနားမှာရှိနေပါက လင်းဖန် ပိုပြီး စိတ်အေးရသည်။

ထို့နောက် ချက်ချင်းဆိုသလို ၃ ရက်မြောက်နေ့တွင် ဘဝရဲ့ပျော်ရွှင်မှု၏ အပိုင်း ၈ ကို ထုတ်လွှင့်ပြသပြီးသွားပြီး ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားမှုကလည်း သန်း ၁၀၀ ကျော် သွားပါသည်။

ဘဝရဲ့ပျော်ရွှင်မှုကို နှိပ်ကြည့်သည့် ကြည့်ရှုသူ အရေအတွက်မှာ ၁ ဘီလီယံကျော်သွားပါပြီ။

အင်တာနက်ပေါ်ရှိ တစ်ခုတည်းသော အလွန်ရေပန်းစားသည့် ဒရမ်မာဖြစ်သည်။ အရင်တုန်းက ဒီလိုမျိုး မရှိဖူးပါ။ နောက်ကိုလည်း ရှိလာမှာမဟုတ်ပါ။

ယွဲ့ဟွာက ဒီလိုရလဒ်များကို ချက်ချင်း သိလိုက်ပါသည်။

စီအီးအိုလီက ပြုံးလိုက်သည်။ ယွဲ့ဟွာက လင်းဖန်ကြောင့် ဒီအဆင့်ထိ ရောက်လာနိုင်မည်ဟု မထင်ခဲ့ပေ။

"စီအီးအိုလီ လင်းဖန်ကို ထပ်ပြီးခေါ်ချင်သေးလား။ လင်းဖန်ကို ကျွန်တော်တို့ ကုမ္ပဏီနဲ့ စာချုပ်တစ်ခု ချုပ်ခိုင်းလိုက်ပြီး ကျွန်တော်တို့ကုမ္ပဏီရဲ့ အနုပညာရှင် ဖြစ်လာခိုင်းလိုက်ပါလား။ ဒါဆို လင်းဖန်ကို တခြားကုမ္ပဏီတွေ လွယ်လွယ်နဲ့ ချဥ်းကပ်နိုင်မှာ မဟုတ်တော့ဘူး။" ဝန်ထမ်းတစ်ယောက်က စီအီးအိုလီကို မေးလိုက်ပါသည်။

"မလိုပါဘူး။" စီအီးအိုလီက ခေါင်းကို ခါလိုက်ပြီး ပါးပါးပြုံးလိုက်ပါသည်။

ထို့နောက် စီအီးအိုလီက ဆက်ပြောသည်။ "လင်းဖန်က ရှားပါးတဲ့ ပါရမီရှင်ပဲ။ အရမ်းထက်မြက်တယ်။ သူ့ကို စာချုပ်တစ်ခုနဲ့  ချုပ်နှောင်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

"သူ သရုပ်ဆောင်ချင်တဲ့နေရာမှာ သရုပ်ဆောင်လို့ရတယ်။ သူ့ဘဝအတွက် သူ့ဖာသာသူ ဆုံးဖြတ်နိုင်တယ်။ လင်းဖန်လို ပါရမီရှင်မျိုးက ငါ့ကုမ္ပဏီတစ်ခုပဲ အသုံးချရမယ့်အရာ မဟုတ်ဘူး။ နိုင်ငံတော်တစ်ခုလုံးရဲ့ အနုပညာလောကတွေကို ဖွံ့ဖြိုးတိုးတက်အောင် သူလုပ်ပေးနိုင်တယ်။ ရုပ်သံဒရမ်မာတွေ၊ ရုပ်ရှင်တွေနဲ့ တခြားလောကတွေ အကုန်လုံး လင်းဖန် မရှိရင် အဆင်ပြေမှာ မဟုတ်ဘူး။”

"ပြီးတော့လည်း လင်းဖန်က အရမ်းချမ်းသာတယ်။ ယွဲ့ဟွာထက်တောင် ပိုချမ်းသာနိုင်တယ်။ သူ့နောက်ခံကလည်း ရှိန်လောက်စရာပဲ။ သူ့ကိုဆွဲခေါ်ထားဖို့ဆိုတာ ခက်တယ်။" စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။

သူ လင်းဖန်ကို ခေါ်ထားချင်သော်လည်း စာချုပ်နဲ့ လင်းဖန်ကို ချုပ်နှောင်ထားတာလိုမျိုး သေချာပေါက် လုပ်မှာ မဟုတ်ပါ။

စီအီးအိုလီက လင်းဖန်တစ်ယောက် ယွဲ့ဟွာ၏ ဇာတ်ညွှန်းရေးဆရာ ဖြစ်နေတာနဲ့တင် ကျေနပ်နေပါပြီ။

ဒီလိုဆို အနာဂတ်တွင် လင်းဖန် ယွဲ့ဟွာသို့ ရောက်လာနိုင်သည်။ ထို့အပြင် ယွဲ့ဟွာတွင် ရှားဝမ်ချွေ့၊ စုရှောင်းယွီတို့ ရှိနေဆဲဖြစ်ပသည်။ ယွဲ့ဟွာက လင်းဖန်ရေးသည့် ဇာတ်ညွှန်းကောင်းတိုင်းကို ငွေများများပေးဝယ်ဖို့သာ ဦးစားပေးထားသည်။ သူတို့ လင်းဖန်ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါ။

"စီအီးအိုလီပြောတာ မှန်ပါတယ်။" ဝန်ထမ်းက ပြောလိုက်ပါသည်။

"လင်းဖန်ကို ခေါ်ချင်ရင် ဘာလို့ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ခေါ်ထားလိုက်ပါလား။ အဲ့ကောင်မလေးနှစ်ယောက်က လင်းဖန်နဲ့ ရင်းနှီးကြတယ်လေ။ အထူးသဖြင့် ရှားဝမ်ချွေ့ပေါ့။" စီအီးအိုလီက ပြုံးလိုက်ပါသည်။

တခြားလူများမသိသည့်အရာကို သူသိပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က နေနဲ့လ ရွှေနဲ့မြ စုံတွဲ ဖြစ်ပါသည်။

သူတို့နှစ်ယောက်က တစ်ယောက်အလုပ်ကို တစ်ယောက် မနှောင့်ယှက်ဘဲ မကြာခဏ ရန်ဖြစ်သော်လည်း ရှားဝမ်ချွေ့ တခြားလူတွေရှေ့မှာ ချစ်ဖို့ကောင်းအောင် လုပ်ပြတာမျိုး ရှိခဲ့ဖူးလို့လား။

လင်းဖန်ရှေ့မှာသာ သူမ၏ ထူးခြားသော ပုံစံလေးကို ထုတ်ပြတတ်သည်။

ဘဝရဲ့ပျော်ရွှင်မှုကို ထုတ်လွှင့်ပြသရင်း လင်းဖန်၏ ဝေ့ပေါ်ပရိသတ်များကလည်း ဆက်ပြီး တိုးလာခဲ့ပါသည်။

၃ သန်း...

၄ သန်း...

၃ ရက်အတွင်း လင်းဖန်၏ ဝေ့ပေါ်ပရိသတ်မှာ ၅ သန်းအထိ တိုးလာခဲ့ပါသည်။

သူ့ပရိသတ်များ တိုးလာသည့် နှုန်းထားက အတော်လေး မြန်ဆန်သည်ဟု ဆိုနိုင်သည်။

လင်းဖန်က ပရိသတ်များစွာ ကြိုက်နှစ်သက်သည့် ကြယ်ပွင့်တပွင့် အလျှင်အမြန်ပဲ ဖြစ်လာခဲ့ပါသည်။

သူက ချောမောပြီး ဆွဲဆောင်မှုရှိသည်။ အရေအကြီးဆုံးက လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များက ထူးချွန်သည်။ ပရိသတ်များ သူ့ကို သဘောမကျဘဲ နေပါ့မလား။

အထူးသဖြင့် လင်းဖန်ကို စွဲလမ်းသွားကြသည့် ကောင်မလေးများစွာအတွက် ပိုမှန်ပါသည်။

လင်းဖန်က သူတို့ အိုင်ဒေါဖြစ်သည်။ တချို့ပရိသတ်များဆို လင်းဖန်နဲ့တွေ့ပြီး လက်မှတ်တောင်းချင်နေပါသည်။

ကောင်မလေးများစွာက လင်းဖန်၏ စားသောက်ဆိုင်တွင် လာစောင့်ကာ သူ့ကိုတွေ့ချင်နေကြသည်။

လင်းဖန်က တကယ့်ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်လာခဲ့သည်။ လူတွေက သူ့ကို မနာလိုဖြစ်ကြ၏။ သူအနုပညာလောကထဲ တကယ် ခြေချခဲ့ပါပြီ။

တစ်ချိန်တည်းမှာပင်...

လင်းဖန်က ဝေ့ပေါ်၌ ထိပ်တန်းရေပန်းစားသည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။

ဒီတစ်ကြိမ်မှာတော့ ရေပန်းစားသည့် အကြောင်းအရာက နိုင်ငံတော်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့ပါသည်။

All Chapters