← Chapters

အခန်း(၁၀၅) ဒါဆို သူတို့ဆက်ဆံရေးကို အတည်ပြုလို့ရပြီမဟုတ်လား။

Vol. 7 Ch. 105

အခန်း(၁၀၅) ဒါဆို သူတို့ဆက်ဆံရေးကို အတည်ပြုလို့ရပြီမဟုတ်လား။

Vol. 7 Ch. 105

အခန်း(၁၀၅) ဒါဆို သူတို့ဆက်ဆံရေးကို အတည်ပြုလို့ရပြီမဟုတ်လား။

လင်းဖန်က မတ်တပ်ရပ်ကာ ရှုယန်၏ ပခုံးကို ပုတ်လိုက်သည်။

"ကြိုးစားထား ကြိုးစားထား။ နောက်ဆို ငါဘယ်လိုခံစားရသလဲဆိုတာ မင်းလည်း ခံစားလာရမှာပါကွာ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ရှုယန် “...”

ဒါက လူတစ်ယောက်ကြိုးစားရုံနဲ့ အောင်မြင်မှုရနိုင်တဲ့ လောကကြီးလား။ ယွမ် သန်း ၁၀၀ - ၂၀၀ တဲ့...။ စူပါစတားတစ်ယောက်တောင် ဒီလောက် ဝင်ငွေရဖို့ ခက်ခဲလွန်းပါသည်။

"မြောင်မြောင်"

ရှားဝမ်ချွေ့က ရုံးခန်းတံခါးဝတွင် ရပ်နေသည်။ ခေါင်းပြူကာ လင်းဖန်နှင့် ရှုယန်တို့အား ကြည့်လိုက်ပါသည်။

ရှားဝမ်ချွေ့က ဒီနေ့ အတိုင်းထက်အလွန် လှပလျက် ရှိသည်။

ရှားဝမ်ချွေ့က ဘောင်းဘီတို ဝတ်ထားသဖြင့် သူမ၏ သွယ်လျပြီး နှင်းလိုဖြူဖွေးသော ခြေတံများက ပေါ်လွင်နေသည်။

ကြောင်နားရွက်ဦးထုတ်လေးကို ဆောင်းထားဆဲဖြစ်၏။ ရှားဝမ်ချွေ့က ချစ်ဖို့ကောင်းရုံတင်မကဘဲ ဆွဲဆောင်မှုလည်း ရှိပါသည်။

သူမ၏ ခြေတံများက... သွယ်လျလွန်းနေသည်။

"မင်းတို့တွေ စကားပြောကြလေ။ အဟမ်း ငါသွားတော့မယ်။" ရှုယန်က ပြောလိုက်ပြီး အမြန်လစ်ထွက်သွားပါသည်။ သူ မသွားပါက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သူ့ကို မျက်နှာပူအောင် လုပ်ကြဦးမည်။

"နင်ဇာတ်ညွှန်းရေးနေတာလား။" ရှားဝမ်ချွေ့က ဝင်လာပြီး လင်းဖန်ကို နောက်ထပ် လက်ဖက်ရည်တစ်ခွက် ပေးလိုက်ပါသည်။

"အင်း နင့်အတွက် ဇာတ်ညွှန်းအသစ်တစ်ခု ရေးပေးမလို့လေ။" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ထံမှ လက်ဖက်ရည်ကို ယူလိုက်ပါသည်။

ဒီလိုဘဝမျိုးက သာယာလွန်းလှပါသည်။

လင်းဖန်က ရှားဝမ်ချွေ့၏ ခြေတံသွယ်သွယ်များကို ကြည့်လိုက်ပြီး အကြည့်မခွာနိုင်တော့ပေ။

"နင်ဘာကြည့်နေတာလဲ။" ရှားဝမ်ချွေ့မျက်နှာ နီရဲသွားပြီး လင်းဖန်ကို စိုက်ကြည့်လိုက်ပါသည်။ ကောင်မလေးများ ဘောင်းဘီတို ဝတ်တာ မထူးဆန်းဘဲ အလွန်လှပကြပါသည်။ "ဒါမျိုး နောက်ကို ဝတ်လို့ မရဘူး။" လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ပြီး ပြောလိုက်ပါသည်။

"ဟွန်း... လင်းဖန် ငါက နင့်ရည်းစားမှ မဟုတ်တာ။" ရှားဝမ်ချွေ့ပါးပြင်များ ပိုနီရဲသွားပြီး ခေါင်းကို ဘေးဘက်သို့ စောင်းလိုက်ပါသည်။ ဟိုနေ့က လင်းဖန် သူမကို စကားပြောလို့မဆုံးခင်မှာ ယန်ချင်းက သူမကို လာခေါ်သွားခဲ့သည်။

လင်းဖန် ဒါကိုကြားသောာအခါ ပြုံးကာ မတ်တပ်ရပ်လိုက်ပါသည်။ ထို့နောက် ရုံးခန်းတံခါးကို ပိတ်လိုက်၏။

ရှားဝမ်ချွေ့က ခြေနှစ်လှမ်းလောက် နောက်ဆုတ်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ "လင်းဖန် ဘာလို့ တံခါးကို ပိတ်လိုက်တာလဲ။ ငါ့ကိုအနိုင်မကျင့်နဲ့နော်...။”

လင်းဖန်က ရှားဝမ်ချွေ့ဘေးသို့ လျှောက်လာပြီး သူမလက်ကို ကိုင်လိုက်ပါသည်။ သူ့ရှေ့က ကောင်မလေးကိုကြည့်ရင်း လင်းဖန် တောက်ပစွာ ပြုံးလိုက်သည်။

"ဟုတ်တယ်။ နင်က ငါ့ကောင်မလေး မဟုတ်သေးဘူး။ ဒါပေမယ့် အခု ဘယ်သူ့လက်ကို ငါကိုင်ထားတာလဲ။" လင်းဖန်က ရှားဝမ်ချွေ့လက်နှစ်ဖက်ကို ပူးလိုက်ပြီး ကိုင်ထားလိုက်ပါသည်။

ဒါက ယွဲ့ဟွာမှာဖြစ်ပြီး လင်းဖန်၏ ရုံးခန်းထဲမှာဖြစ်သည်။ အပြင်ဘက်မှာ ဖြတ်သွားဖြတ်လာလူများ ရှိသော်လည်း လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကို ကိုင်ထားဆဲ ဖြစ်သည်။

အရင်တစ်ခေါက်က သူမလက်ကို ကိုင်လို့ မဝသေးသဖြင့် ဒီတစ်ခေါက် လွှတ်ပေးနိုင်ပါ့မလား။

"နင့်ကိုစကားမပြောတော့ဘူး နှာဘူး" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ သူမ၏မျက်နှာ နီရဲနေပြီး လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"နင်ငါ့ကို ပိုးပန်းချင်ရင်တောင် နင့်ကို လက်မခံဘူး။ ကောင်မလေးတစ်ယောက်ကို ဒီလိုပိုးပန်းလို့ရမလား" ရှားဝမ်ချွေ့က စိတ်ဆိုးစာဖြင့် ခြေထောက်ကို ဆောင့်လိုက်သည်။ သူမ မြန်မြန်လက်ခံလိုက်ပါက အရမ်းလွယ်တယ်လို့ လင်းဖန် ထင်မသွားနိုင်ဘူးလား။

"ဒါဆို ဘယ်လို ပိုးပန်းရမလဲ။" လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ကာ နူးညံ့စွာပြုံးလိုက်ပါသည်။

"ဟမ်း.... ဒါပေါ့၊ ရိုမန့်တစ်ဆန်ရမှာပေါ့။" ရှားဝမ်ချွေ့က နူးညံ့စွာ လင်းဖန်၏ ပခုံးကို ခေါက်လိုက်ပါသည်။

လင်းဖန်က ရှားဝမ်ချွေ့လက်ကို ထပ်ကိုင်လိုက်ပြီး အတည်ပေါက် ပြောလိုက်ပါသည်။ "ဘာပဲဖြစ်ဖြစ်ပါ။ နောက်ကို ဒီလိုဘောင်းဘီတို ဝတ်ခွင့်မရှိဘူး။ ဘောင်းဘီတို ဝတ်ချင်တယ်ဆိုရင် အပေါ်ကနေ စကတ်ထပ်ဝတ်ရမယ်။”

ရှားဝမ်ချွေ့က တည်ကြည်နေသော လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ "နင် မကြိုက်လို့လား" လင်းဖန်က အရှေ့တိုးလိုက်ပြီး ရှားဝမ်ချွေ့၏ နှဖူးလေးကို ညှင်သာစွာ နမ်းလိုက်ပါသည်။

"မဟုတ်ဘူး။ ကြိုက်ပါတယ်။"

"နင် မဝတ်ရင်တောင် နောက်ကို ငါပဲမြင်နိုင်တော့မှာလေ။" လင်းဖန်က ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့မျက်နှာ ပိုနီရဲသွားပြီး လင်းဖန်၏ ရင်ဘတ်ကို ထုလိုက်ပါသည်။ "လူယုတ်မာ။ လူဆိုးကောင်။ နင် ဒီလိုမကောင်းတဲ့အတွေးတွေ ဝင်နေတာ ကြာပြီကိုး။ နောက်ကို နင့်အိမ်မလာတော့ဘူး" ရှားဝမ်ချွေ့က စိတ်ဆိုးစွာ ပြောလိုက်ပါသည်။ "ငါသွားတော့မယ်။ နင့်ရုံးခန်းထဲ မလာတော့ဘူး။ ငါ့ကို အနိုင်ကျင့်ဖို့ပဲသိတယ်။" ရှားဝမ်ချွေ့က နှုတ်ခမ်းစူကာ နူးညံ့စွာ ပြောလိုက်ပါသည်။ ရှားဝမ်ချွေ့၏ နောက်ကျောကိုကြည့်ရင်း လင်းဖန် မတားမြစ်တော့ဘဲ ပြုံးသာ ပြုံးနေလိုက်ပါသည်။

ယခု သူနဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးကို... အတည်ပြုလို့ရပြီမဟုတ်လား။

သူတို့ဆက်ဆံရေးကို အတည်မပြုရသေးရင်တောင် ရှားဝမ်ချွေ့က သူ့ကြောင်မလေး ဖြစ်သည်။ သူ့လက်ထဲက ထွက်ပြေးလို့မရပါ။ ရှားဝမ်ချွေ့ကို ထွက်ပြေးခွင့် ပေးမှာလည်း မဟုတ်ပေ။

ဒါ ရှားဝမ်ချွေ့ကို နမ်းရတာ ၃ ကြိမ်မြောက် ဖြစ်ပါသည်။

အလွန်ခံစားလို့ကောင်းသည်။

တခြားလူများသာ ဒီမြင်ကွင်းကို မြင်သွားပါက လင်းဖန်တစ်ယောက် ရှားဝမ်ချွေ့၏ ပရိသတ်များစွာ လိုက်ရိုက်တာကို ခံရလိမ့်မည်။

လင်းဖန်က သူတို့နတ်သမီးလေး ရှားဝမ်ချွေ့ကို နမ်းခဲ့သည်။

ရှားဝမ်ချွေ့၏ မွေးနေ့က နောက်လထဲမှာ ဖြစ်ပါသည်။

ဒီနေ့လင်းဖန် အလုပ်မလုပ်တော့ပေ။ Bugatti ဖြင့် ရှန်ဟိုင်းရှိ ခရစ်စတယ်စားသောက်ဆိုင်သို့ မောင်းသွားလိုက်သည်။

ခရစ်စတယ်စားသောက်ဆိုင်မှာ အဆင့်မြင့်လူများအတွက် အထူးတလည် စီမံထားခြင်း ဖြစ်သည်။ တကယ့် သူဌေးကြီးများသာ ဒီမှာ စားသောက်နိုင်ကြပါသည်။

ခရစ်စတယ်စားသောက်ဆိုင်၏ ဝန်ဆောင်မှုများက အဆင့်မြင့်ပြီး ခမ်းနားသည်။ အထဲက ဟင်းလျာ တချို့ကလည်း အလွန်ကောင်းမွန်ပါသည်။ သူတို့ ကတ်စတမ်မာများအတွက် ခြားနားသော ရှုခင်းနဲ့ ဂီတများကိုပင် စီစဥ်ပေးနိုင်ပါသည်။

ကတ်စတမ်မာတစ်ယောက် တောင်းဆိုလိုက်တာနဲ့ ခရစ်စတယ်စားသောက်ဆိုင် ဝန်ထမ်းများက သူတို့စိတ်ကျေနပ်မှုရှိစေရန် အကောင်းဆုံး ကြိုးစားကြမည်ဖြစ်သည်။

လင်းဖန်ရောက်လာတော့ ခရစ်စတယ်စားသောက်ဆိုင်က ဝန်ထမ်းများ၏ မျက်လုံးများ ဝိုင်းစက်သွားကြပါသည်။

သူတို့ အရင်တုန်းက အဆင့်မြင့်လူများစွာကို ဝန်ဆောင်မှုပေးဖူးပြီး ဇိမ်ခံကားကြီးများစွာကိုလည်း မြင်ဖူးသော်ငှားလည်း လင်းဖန်လောက် ချမ်းသာသည့်လူမျိုးကို မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။ လင်းဖန်က သန်းရာချီတန်ဖိုးရှိသည့် ပြိုင်ကားကြီးတစ်စီးကိုမောင်းလာသည်။ Limited Edition Bugatti ကြီး ဖြစ်ပါသည်။

Bugatti ကြီးက လှပစွာ ခရစ်စတယ်စားသောက်ဆိုင်ထဲ ချိုးဝင်လာရင်း ရပ်တန့်သွားသည်။။

ခရစ်စတယ်စားသောက်ဆိုင်တွင် မတ်တပ်ရပ်နေသည့် ကောင်မလေးနှစ်ယောက်က  ချက်ချင်းပဲ အသင့်ပြင်လိုက်ကြပါသည်။

သူမတို့နှစ်ယောက် မှင်သက်နေကြ၏။

အခုလာမည့်လူက သေချာပေါက် သူဌေးအကြီးစား ဖြစ်နိုင်သည်။

သူဌေးအကြီးစားနဲ့ တချို့ ဒုတိယမျိုးဆက် သူဌေးသားများသာ ဒီလိုဇိမ်ခံကားမျိုးကို မောင်းနိုင်သသည်။

သူမတို့ကလည်း အစကတည်းက အဆင့်အတန်းမြင့်ကြပြီး ပြိုင်ကားဖြစ်ဖြစ် လင်းဖန်ကိုဖြစ်ဖြစ် မြင်တိုင်း အော်ဟစ်တတ်ကြသော လမ်းပေါ်က လူတွေလို မဟုတ်ကြပါ။

လင်းဖန်ကားပေါ်က ဆင်းလာသောအခါ ကောင်မလေးနှစ်ယောာက်၏ မျက်လုံးများ ဝိုင်းစက်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် လင်းဖန်က... ချောလွန်းသောကြောင့် ဖြစ်ပါသည်။

လင်းဖန် ဒီတစ်ခေါက် ထွက်လာတော့ နေကာမျက်မှန်ကို တပ်ထားသည်။ ကောင်မလေးနှစ်ယောက် သူ့ကို မမှတ်မိပေ။

"ဟယ်လို ဆရာ" ကောင်မလေးနှစ်ယောက်က ပြုံးလိုက်ပြီး ယဥ်ကျေးစွာ ဦးညွှတ်လိုက်ပါသည်။

"ဟယ်လိုပါ။ ကျွန်တော် သြဂုတ်လ ၁ ရက်နေ့အတွက် ခရစ်စတယ်စားသောက်ဆိုင်ကို ဘိုကင်လာတင်တာပါ။ တစ်ရက်လုံးငှားမှာပါ။ အဲ့ကျရင် ကျွန်တော့်ကို ကူညီပြီးစီစဥ်ပေးပါဦး။ ပြီးတော့လည်း ကျွန်တော့်ကို စန္ဒရားတစ်လုံး စီစဥ်ပေးပါ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

ခရစ်စတယ်စားသောက်ဆိုင်ကို ပတ်ကြည့်ပြီးနောက် အတော်လေးအဆင်ပြေကြောင်း လင်းဖန် တွေ့သွားပါသည်။ သူက Keep Running နောက်ဆုံးပိုင်းတွင် ပါဝင်ဖို့ ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ ထိုနေ့ရောက်သောအခါ လင်းဖန် ခရစ်စတယ်စားသောက်ဆိုင်တွင်ပေါ်လာပြီး ရှားဝမ်ချွေ့ကို အံ့အားသင့်စေကာ သူမ မွေးနေ့အတွက် ပျော်ပွဲရွှင်ပွဲကျင်းပပေးမည်ဖြစ်သည်။

ဒီနှစ်ပေါင်းများစွာအတွင်း ရှားဝမ်ချွေ့အတွက် လင်းဖန်တစ်ခါမှ မွေးနေ့ပါတီ မလုပ်ပေးဖူးပါ။ ဒိတစ်ခေါက်တော့ သူမကို ပျော်ရွှင်စရာကောင်းသော မွေးနေ့ပွဲလေးရအောင် ဖန်တီးပေးပါမည်။

သူမက ရိုးမန့်စ်ကြိုက်တတ်တယ်မဟုတ်လား။

ထို့ကြောင့် သူမအတွက် အံ့အားသင့်သွားရအောင် စီစဥ်ပေးမည်။

လင်းဖန်၏ တောင်းဆိုမှုကို ကြားသောအခါ ကောင်မလေးနှစ်ယောက်၏ မျက်လုံးများ ဝိုင်းစက်သွားပါသည်။

လင်းဖန်က တကယ်ပဲ သူဌေးတစ်ယောက်ပင်။

ခရစ်စတယ်စားသောက်ဆိုင်ကို တစ်ရက်လုံး ဘိုကင်တင်ဖို့အတွက် ယွမ် ၇၀၀,၀၀၀ ကျပါသည်။

ထို့အပြင် စိတ်ကြိုက်ပြုလုပ်သည့် ပစ္စည်းများလည်း ပါသေးသည်။ အတိုချုန်းပြောရလျှင် တစ်ယောက်ယော်က ဒီကိုရောက်လာတာနဲ့ နတ်ပြည်ရောက်သလို ခံစားချက်မျိုး ခံစားရပါလိမ့်မည်။

လင်းဖန် ငွေချေပြီးနောက် မျက်မှန်ချွတ်လိုက်ပြီး ခရစ်စတယ်စားသောက်ဆိုင် အခြေအနေကို ကြည့်လိုက်ပါသည်။ ကောင်မလေးနှစ်ယောက်ကို လိုအပ်ချက်များ ပြောပြီးနောက် ပြန်သွား၏။

ကောင်မလေးနှစ်ယောက်က ရင်ထဲ သေချာမှတ်ထားပါသည်။ သူတို့ လင်းဖန်၏ နောက်ကျောကို ကြည့်ရင်း အံ့သြနေကြဆဲ ဖြစ်သည်။

လင်းဖန်မျက်မှန်ချွတ်လိုက်သောအခါ သူတို့ မှတ်မိသွားကြပါသည်။

အဲ့တာ... နာမည်ကျော်စီးရီး "ဘဝရဲ့ပျော်ရွှင်မှု" ထဲက ခေါင်းဆောင်းမင်းသား မဟုတ်လာား။"

ဘုရားရေ...

သူ့ကို လူကိုယ်တိုင်မြင်ရလိမ့်မည်ဟု မထင်ခဲ့မိပါ။

လင်းဖန်က သူမတို့ရှေ့မှာ ပေါ်လာခဲ့သည်။

သူမတို့ လင်းဖန် မျက်နှာကို မြင်လိုက်ရတော့ ကောင်မလေးနှစ်ယောက် ချစ်မိသွားသလို ခံစားခဲ့ရပါသည်။

ဒါ... တကယ့်စူပါစတားအစစ် လင်းဖန်လား။

လင်းဖန်၏ အရှိန်အဝါ၊ သူ့စကားပြောပုံ၊ သူ့ရုပ်ရည်၊ သူစီးနေသောကားတို့ကြောင့် ကောင်မလေးနှစ်ယောက် အမြင်ကျယ်သွားကြပါသည်။ အစက သူမတို့နှစ်ယောက်မှာ ခရစ်စတယ်စားသောက်ဆိုင်၏ သာမန်ဝိတ်တာမလေးများသာဖြစ်သော်လည်း ဒီနေ့တော့ ကံတကယ်ကောင်းပြီး စူပါစတား လင်းဖန်နဲ့ ဆုံခဲ့ကြရပါသည်။

All Chapters