အခန်း(၁၀၆) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တွဲနေကြပြီ
Vol. 8 Ch. 106
အခန်း(၁၀၆) လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တွဲနေကြပြီ
"ဝိုး... ခုနက လူက တကယ့်ကို လင်းဖန်ပဲ။ လင်းဖန်က ကြယ်ပွင့်ကြီးမဟုတ်လား။ တီဗီထဲကထက် ပိုချောနေလိမ့်မယ်ထင်မထားဘူး။”
"လင်းဖန်က Bugatti ပြိုင်ကားကြီးမောင်းလာတာဟဲ့။ အဲ့ပြိုင်ကားက သန်း ရာကျော်တန်ဖိုးရှိမယ့်ပုံပဲ။"
"နှမြောလိုက်တာ။ အစ်ကိုလင်းဖန်ကို ဓာတ်ပုံရိုက်ဖို့ မတောင်းဆိုလိုက်ရဘူး။ သူ့လက်မှတ်ရထားရင်လည်း ကောင်းမှာပဲ။”
ခရစ်စတယ်စားသောက်ဆိုင်က ကောင်မလေးနှစ်ယောက် ထိတ်လန့်သွားကြပါသည်။
သူတို့လည်း ဝန်ထမ်းများဖြစ်ပြီး ဒရမ်မာကြည့်တတ်ကြပါသည်။
လင်းဖန်လို အရပ်ရှည်ရှည်၊ ချမ်းချမ်းသာသာနဲ့ ရုပ်ချောချော ကောင်လေးတစ်ယောက်က ကောင်မလေးများစွာ၏ စိတ်ကူးယဥ်မင်းသားလေး ဖြစ်သည်။
သူတို့ လင်းဖန်နဲ့ နေနိုင်ပါက တစ်သက်လုံး စားဝတ်နေရေး စိတ်ပူဖို့လိုမည်မဟုတ်တော့ပေ။
အရေးအကြီးဆုံးက လင်းဖန်၏ ရုပ်ရည်ကြောင့် ကောင်မလေးများစွာ သဘောကျမိကြသည်။
တကယ်ချောမောသည့် လူတစ်ယောက်သာ ကောင်မလေးဘယ်လောက်များများ ကိုယ့်ကားထဲ ဝင်ချင်ကြသလဲ သူတို့အိမ်ကိုဖိတ်ချင််ကြသလဲဆိုတာ သိပါသည်။
ထိုနေ့က ထူးဆန်းသည့် သူဌေးတစ်ယောက် ခရစ်စတယ်စားသောက်ဆိုင်ကို ဘိုကင်လာတင်သွားသည်ဟူသော သတင်းက ရှန်းဟိုင်းမြို့တွင် ပျံ့နှံ့သွားခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် ခရစ်စတယ်စားသောက်ဆိုင်က အလွန်အဆင့်မြင့်သော စားသောက်ဆိုင်ဖြစ်ပြီး လူအနည်းငယ်သာ တစ်ရက်တာ ဘိုကင်တင်တတ်ကြသည်။ ခရစ်စတယ်စားသောက်ဆိုင်ကြီးတစ်ခုလုံးကို ငှားရမ်းလိုက်တာနဲ့ ညီမျှပါသည်။ ခရစ်စတယ်စားသောက်ဆိုင်တစ်ခုလုံးကို ဘိုကင်တင်ဖို့က အလွန်စျေးကြီးသည်။ ထို့အပြင် ခရစ်စတယ်စားသောက်ဆိုင်က ကောင်လေးများနဲ့ ကောင်မလေးများ ချိန်းတွေ့တတ်ကြသော သို့မဟုတ် ဒုတိယမျိုးဆက်သူဌေးများ အလည်လာတတ်သော နေရာ ဖြစ်သည်။
ပရော်ဖက်ရှင်ဆန်သော ဝန်ဆောင်မှုနဲ့ သေသပ်သော အစီအစဥ်များလည်း ရှိသည်။ လက်ထပ်ခွင့်တောင်းသော ဇာတ်ညွှန်းများကိုပင် ပြင်ဆင်ပေးရတတ်သည်။
ကတ်စတမ်မာများ တောင်းဆိုလိုက်တာနဲ့ ခရစ်စတယ်စားသောက်ဆိုင်က ဖြည့်ဆည်းပေးပါလိမ့်မည်။
"3333 သြဂုတ်လ တစ်ရက်နေ့တဲ့။ ဘယ်သူက ခရစ်စတယ်စားသောက်ဆိုင်ကို ဘိုကင်တင်သွားတာလဲ။”
"ဘောစိပဲ။ တစ်ရက်ကို ၇၀၀,၀၀၀ တောင်လေ။ ဘယ်သူက ခရစ်စတယ်စားသောက်ဆိုင် တစ်ဆိုင်လုံးကို ဘိုကင်တင်ရလောက်အောင် ချမ်းသာတာလဲ။”
"ဘယ်ကောင်မလေး ဖွင့်ပြောခံရတော့မှာလဲမသိဘူး။ မနာလိုလိုက်တာနော်။"
"အဲ့ကောင်မလေးကို ဒီနေ့ည သူဌေးတစ်ယောက်က အိမ်လိုက်ပို့ပေးနေလောက်တယ်။ မနာလိုဖြစ်စရာကောင်းလိုက်တာ။"
တစ်ချို့စောင့်ကြည့်ရေးသမားများ၏ အထင်အမြင်များ ပျံ့နှံ့နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်က Keep Running ဒါရိုက်တာ လင်းဟုန်ကို ဆက်သွယ်လိုက်ပါသည်။
ရိုက်ကကူးရေးနောက်ဆုံးနေ့ နောက်ဆုံးအချိန်တွင် ရှားဝမ်ချွေ့၏ မွေးနေ့ပွဲကို ကျင်းပပေးပြီး သူမကို အံ့အားသင့်သွားအောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ထားပါသည်။
သူမမွေးနေ့ပွဲကျင်းပမည့်နေရာက ခရစ်စတယ်လ်စားသောက်ဆိုင် ဖြစ်သည်။
ထိုအချိန်ရောက်သောအခါ ရိုက်ကူးရေးအဖွဲ့ကို ရှားဝမ်ချွေ့အား ခေါ်လာခိုင်းရမည်။
မကြာသေးခင်က လင်းဖန် Keep Running နောက်ဆုံးပိုင်းမှာပါနိုင်အောင် စုရှောင်းယွီက စီစဥ်ပေးခဲ့သည်။
ဒီအချိန်တောအတွင်း လင်းဖန် ဘဝရဲ့ပျော်ရွှင်မှုထဲ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ညွှန်းရေးခဲ့သည်။ ထို့ကြောင့် သူ့ရေပန်းစားမှုက အတော်လေး မြင့်မားလာခဲ့ပါသည်။
ထို့ကြောင့် လင်းဖန်သာ Keep Running ထဲပါဝင်ပါက ထူးဆန်းသည်ဟု ဘယ်ပရိသတ်မှ ထင်မှာ မဟုတ်တော့ပေ။
ဘာပဲဖြစ်ဖြစ် Keep Running က ရေပန်းစားလာခဲ့သည့် ကြယ်ပွင့်ကြီးဖြစ်သူ လင်းဖန်ကို ဖိတ်ကြားထားတာ မဟုတ်ပါလာား။
စုရှောင်းယွီက တစ်ခစ်ခစ် ရယ်မောလိုက်ပြီး ရှားဝမ်ချွေ့ရှေ့သို့ သခွားသီးတစ်ဝက်နဲ့ လျှောက်လာခဲ့ပါသည်။ သူမ တမင်သက်သက် စောင်းပြောလိုက်၏။ "ဟီးဟီး ခရစ်စတယ်လ်စားသောက်ဆိုင်ကို ဘယ်သူ ငှားသွားတာလဲမသိဘူးနော်။ ပြီးတော့ သြဂုတ်လ တစ်ရက်နေ့တဲ့။ ခရစ်စတယ်လ်စားသောက်ဆိုင်က မွေးနေ့ပွဲ ကျင်းပပေးတဲ့နေရာမှာ တော်တယ်လို့ ကြားမိတယ်။ ဖြစ်ချင်တော့ သြဂုတ်လ ၁ ရက်နေ့ အစ်မဝမ်ချွေ့ရဲ့ မွေးနေ့ ဖြစ်နေတာပဲ။ ဆရာက နင့်ကို ဘာပေးမလဲ မသိဘူးနော်။"
ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးလေးများဖြင့် စုရှောင်းယွီကို မော့ကြည့်လိုက်ပါသည်။ သူ သိမ်မွေ့စွာ သက်ပြင်းချလိုက်ပါသည်။ "ငါ သြဂုတ်လ ၁ ရက်နေ့မှာ ရသစုံရှိုးရိုက်ဖို့ ရှိသေးတယ်လေ။ သူနဲ့ တွေ့လို့ မရရင် သူ ငါ့ကို ဘယ်လိုလုပ်ပြီး လက်ဆောင်ပေးလို့ရမှာလဲ။”
"ငါက အမြဲလိုလို အလုပ်များနေတာ။ မွေးနေ့ပွဲ မလုပ်တာတောင် ကြာခဲ့ပြီ။ ခရစ်စတယ်လ်စားသောက်ဆိုင်လိုဟာမျိုးတွေကိုတော့ မနာလိုဖြစ်ခွင့်ပဲ ရှိပါတယ်။ အဲ့ဒီငတုံးကောင် လင်းဖန် ငါ့ကို အသီးအရွက်သုတ်ပဲ ပေးရင်တောင် ငါပျော်မှာပါ။ မွေးနေ့လက်ဆောင် မလိုပါဘူး။" ရှားဝမ်ချွေ့က လှပစွာ ပြုံးလိုက်ပါသည်။
လင်းဖန်နဲ့ အချိန်ဖြုန်းရခြင်းက သူမအတွက် အပျော်ရဆုံး ဖြစ်ပါသည်။
သူမလည်း ရိုးမန့်စ် လုပ်ခံချင်ပါသည်။ ပျော်ပျော်ရွှင်ရွှင်၊ လွတ်လွတ်လပ်လပ်ရှိသော ကောင်မလေး ဖြစ်ချင်သည်။ သို့သော်လည်း ရိုးမန့်စ်လို အရာမျိုးတွေက တခြားကောင်မလေးများနှင့်သာ သက်ဆိုင်ပါသည်။
သူမက ရသစုံရှိုးရိုက်စရာရှိသေးသဖြင့် ဘယ်လို ရိုးမန့်စ်လုပ်နိုင်တော့မည်နည်း။
"ဆရာလည်း ရိုမန့်တစ်ဆန်ပြရင် ဘယ်လိုလုပ်မလဲ" စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပါသည်။
"သူ ရိုမန့်တစ် ဆန်ပြရင် ကိုက်လိုက်မှာပေါ့~" ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး ရင်ထဲတွင် သက်ပြင်းချလိုက်ပါသည်။
လင်းဖန်သာ တကယ် ရိုမန့်တစ်ဆန်ပါက အထက်တန်းကျောင်းမှာကတည်းက သူနဲ့ ရည်းစားဖြစ်ခဲ့လောက်ပါသည်။
အခုချိန်ထိ သူမနဲ့ လင်းဖန်တို့ ဆက်ဆံရေးကို အတည်မပြုနိုင်သေးပါ။ သို့သော်လည်း ရှားဝမ်ချွေ့က ဒါတွေ ဂရုမစိုက်ပေ။ လင်းဖန် အနုပညာလောကထဲ ဒီ့ထက် မြင့်သည့်နေရာတွင် ရပ်တည်နိုင်မည့် အချိန်ကို စောင့်နေပါမည်။
ထိုအချိန်ရောက်လာပြီး လင်းဖန်နဲ့ သူမတို့ ဆက်ဆံရေးကို အတည်ပြုပေးလိုက်မှ မုန်းတီးရေးသမားများ အတင်းပြောနိုင်မှာ မဟုတ်ပါ။
ရှားဝမ်ချွေ့က လင်းဖန်အကြောင်း စဥ်းစားလိုက်ပြီး ရင်ထဲတွင် အနည်းငယ် ချိုမြိန်သွားပါသည်။
သူအနားမှာရှိနေပါက သူမ ဘာမဆိုလုပ်ဖို့ စိတ်ဓာတ်ခွန်အား ရှိနေသလိုပင်။
သူတို့အတူတူရှိနေပါက နေ့တိုင်း အချစ်ကိုထုတ်ပြရင်လျှင် လူတိုင်းကို ဖုံးကွယ်ထားရလောက်သည်။
ဘာမှန်းမသိလိုက်ဘဲ တစ်လတာ ကုန်ဆုံးသွားခဲ့၏။
ဒီတစ်လအတွင်း လင်းဖန်က ဇာတ်ညွှန်းများရေးနေပြီး ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က အလုပ်လုပ်နေကြပါသည်။
ရှားဝမ်ချွေ့၏ မွေးနေ့ရောက်ဖို့ လဝက်သာလိုပါတော့သည်။
အင်တာနက်ပေါ်မှာလည်း ဘဝရဲ့ပျော်ရွှင်မှု ရေပန်းစားမှုက ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။
ဘဝရဲ့ပျော်ရွှင်မှုကို ၃၂ ပိုင်း ထုတ်လွှင့်ပြသပြီးပြီဖြစ်ကာ ရေပန်းစားမှုက သန်း ၈၀၀ အထိ ရှိသွားပါပြီ။
ဘဝရဲ့ပျော်ရွှင်မှုအား အင်တာနက်တစ်ခုလုံးတွင် ကြည့်ရှုသူ စုစုပေါင်း ဘီလီယံ ဆယ်နဲ့ချီပြီး ရှိနေပါသည်။
ထိုအချိန်တွင် လင်းဖန်၏ ဝေ့ပေါ်ပရိသတ်များကလည်း ဆက်ပြီး တက်နေဆဲပင်။
ယခင် သန်းအနည်းငယ်မှ ၉.၉၈ သန်းအထိ တက်လာခဲ့သည်။
တစ်လအတွင်း လင်းဖန်၏ ပရိသတ်များ ၁၀ သန်း ပြည့်တော့မည်။
လက်ရှိ လင်းဖန်မှာ ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်နေပါပြီ။
သူ့လက်အောက်တွင် ပရိသတ်များစွာရှိနေ၏။
တစ်ချိန်တည်းမှာပဲ ရှားဝမ်ချွေ့၏ ရေပန်းစားမှုကလည်း မြင့်တက်နေပါသည်။ သူမ၏ ပရိသတ်က သန်း ၉၀ အထိ ရှိသွားပါပြီ။
သန်း ၁၀၀ ရောက်ဖို့ နီးလာလေပြီ။
ဒီနေ့ ဝေ့ပေါ်တစ်ခုလုံး ပွက်လောရိုက်သွားခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အကြင်နာပေးခန်းပါသည့် အပိုင်းကို တရားဝင် ထုတ်လွှင့်ပြသလိုက်ပြီဖြစ်သောကြောင့်ပင်။
ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ အကြင်နာပေးသည့် အခန်းကို မြင်ပြီးသောအခါ ကောမန့်အကန့်တစ်ခုလုံး ရူးသွပ်ကုန်ကြသည်။
"ဟာဟာဟာ ငါ့နတ်သမီးလေး ပထမဆုံးအနမ်းကို လင်းဖန်ကို ပေးလိုက်ပြီ။"
"လင်းဖန်ကလည်း သူ့ရဲ့ ပထမဆုံးအနမ်းကို ဖန်သားပြင်ပေါ်မှာ ရှားဝမ်ချွေ့ကို ပေးလိုက်တာပဲ။ သူတို့က အထက်တန်းအတန်းဖော်တွေ၊ ငယ်ချစ်ဦးတွေပုံစံနဲ့တူတယ်။ အဲ့လို ဆက်ဆံရေးမျိုးက သာမန် မဟုတ်ဘူး။"
"အဓိကက သူတို့သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းလွန်းနေတာ။ ဝမ်းနည်းလွန်းလို့ ငိုတောင် ငိုမိတော့မယ်။ ဒီလောက် သရုပ်ဆောင်ကောင်းတဲ့ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတွေကို တစ်ခါမှ မမြင်ဖူးဘူး။ သူတို့က စုံတွဲအစစ်တွေလိုပဲ။”
"အရင်တုန်းက ထွက်လာတဲ့ ဓာတ်ပုံလည်းရှိတယ်မလား။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ အထက်တန်းကျောင်းတုန်းက ပုံတွေလေ။ အရမ်းချိုမြိန်တာပဲ။ အောင်မယ်လေး လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ တကယ်တွဲနေကြတာများလား။”
"ဒီရေပန်းစားအကြောင်းအရာကိုကြည့်လိုက်ဦး။ ရှားဝမ်ချွေ့ Keep Running ရိုက်ကူးရေးလုပ်နေတုန်း လင်းဖန်က သွားလည်ပြီး ပန်းတောာင် ပေးလိုက်တယ်တဲ့။”
"ကြိုက်တယ် ကြိုက်တယ်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေးက တကယ်ကောင်းတာပဲ။ မဟုတ်မှလွဲရော သူတို့က တကယ့်စုံတွဲတွေလား။ စုံတွဲတွေဆိုရင် ဆုတောင်းပေးမယ်။”
"အဲ့တာကြောင့်လည်း ရိုက်ကူးရေးသမားတွေက လင်းဖန်ကို ခေါင်းဆောင်မင်းသား လုပ်ခိုင်းပြီး ရှားဝမ်ချွေ့ကို ခေါင်းဆောင်မင်းသမီး လုပ်ခိုင်းတာပေါ့။ သူတို့နှစ်ယောက်က အရမ်းလိုက်တယ်လေ။”
ဝေ့ပေါ်ပေါ်က ရေပန်းစားအကြောင်းအရာမှာ လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ကြောင့် ထပ်ပြီး ရေပန်းစားလာပြန်ပါပြီ။ ဒီတစ်ခေါက် Keep Running ရိုက်ကူးရေးတွင် ရှားဝမ်ချွေ့ဆီသို့ လင်းဖန်သွားလည်သည့် အကြောင်းကို တစ်ယောက်ယောက်က သိသွားခြင်း ဖြစ်သည်။
ရှားဝမ်ချွေ့ကို လင်းဖန်ပန်းပေးခြင်းကစလို့ ဒီလို သိသာသည့် မျက်နှာထားများကြောင့် ပရိသတ်များက တိကျသော သက်သေပြနိုင်နေပါပြီ။ သူတို့သာ တွဲနေတာ မဟုတ်ပါက ဘာကြောင့် ဒီလိုချစ်ရေးချစ်ရာ အပြုအမူတွေကို လုပ်ကြမှာလဲ။
ရုပ်သံစီးရီးအပါအဝင် တချို့ ဗီဒီယိုများနဲ့ လင်းဖန် သွားလည်သည့် ဓာတ်ပုံများကို ကြည့်ခြင်းအားဖြင့် သိသာနေပါပြီ။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တကယ်တွဲနေကြသည်။
ထိုသတင်းအချက်အလက်ကြောင့်လည်း ဝေ့ပေါ်ပေါ်တွင် ရေပန်းစားသည့် အကြောင်းအရာအဖြစ် ထပ်တက်လာခဲ့သည်။
ဝေ့ပေါ်၏ ဆာဗာက သိပ်မကြီးဘဲ အသုံးပြုနိုင်သော ပမာဏကလည်း အရမ်းကြီး မများသောကြောင့် လူများစွာ ဖန်သားပြင်ကို တစ်ပြိုင်တည်း ပြုံသုံးလိုက်ပါက ထစ်သွားနိုင်ပါသည်။ အခုတော့ ဝေ့ပေါ်ပေါ်က ရေပန်းစားသည့် အကြောင်းအရာတစ်ခုက အလွန်လျှင်မြန်စွာ မြင့်တက်လာခဲ့သည်။
(လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ တွဲနေတာ အမှန်ပဲ)