← Chapters

အခန်း(၁၀၈) ကျွန်တော်ငွေရေးကြေးရေး စိတ်မဝင်စားဘူး

Vol. 8 Ch. 108

အခန်း(၁၀၈) ကျွန်တော်ငွေရေးကြေးရေး စိတ်မဝင်စားဘူး

Vol. 8 Ch. 108

အခန်း(၁၀၈) ကျွန်တော်ငွေရေးကြေးရေး စိတ်မဝင်စားဘူး

ဘဝရဲ့ပျော်ရွှင်မှုကို တစ်လကြာ ထုတ်လွှင့်ပြသပြီးနောက် ယွဲ့ဟွာဖျော်ဖြေရေးက ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။

ယခင်တုန်းက သတင်းစာရှင်းလင်းပွဲများ မကျင်းပခဲ့ရသော အကြောင်းအရင်းမှာ လင်းဖန်က လူသစ်တစ်ယောက်ဖြစ်နေပြီး အင်တာနက်တစ်ခွင်လုံးကလည်း လင်းဖန်ကို နာမည်ဖျက်နေကြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာရှင်းလင်းပွဲလုပ်နေစဥ် လင်းဖန် အန္တရာယ်ကြုံရမှာကို စိတ်ပူပြီး မကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။

တစ်လကြာ ထုတ်လွှင့်ပြသပြီးနောက်မှာတော့ ဂုဏ်သတင်းက အများကြီး ပိုကောင်းမွန်လာခဲ့ပါသည်။

ယွဲ့ဟွာ၏ သတင်းစာရှင်းလင်းပွဲ တရားဝင် စတင်ခဲ့ပါပြီ။

ဒီနေ့သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများစွာသာမကဘဲ ပရိတ်သတ်များစွာလည်း ရှိလိမ့်မည်။

သတင်းပြန့်သွားသောအခါ မီဒီယာများစွာနဲ့ ပရိတ်သတ်များစွာက လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ကို တွေ့ချင်သွားကြသည်။

အမှန်ပင်။ ရေပန်းစားသည့် တခြား နာမည်ကျော်တချို့လည်း ရှိပါသေးသည်။

သို့သော် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က မကြာသေးခင်ကမှ သတင်းထွက်ထားသဖြင့် အထူးမျက်စိကျစရာကောင်းနေကြပါသည်။သူတို့ထဲက ဘယ်သူမှ ကောလဟာလများကို မဖြေရှင်းခဲ့ကြပေ။

အကြောင်းအရင်း နှစ်ခု ရှိနိုင်ပါသည်။

ပထမက ပရိတ်သတ်များ ပြောတာ မှန်နေသောကြောင့်ဖြစ်နိုင်သည်။

ဒုတိယကတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ကောလဟာလများကို ချေပဖို့မလိုဘူးဟု ခံစားမိသောကြောင့် ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ကောလဟာလများသက်သက်သာ။ ကြယ်ပွင့်ကြီးများက အရာရာကို ဖြေရှင်းနေဖို့ မလိုပါ။ အနုပညာလောကထဲတွင် သတင်းဆိုးထွက်သည့် နာမည်ကျော်များစွာလည်း ရှိပါသည်။

သတင်းစားရှင်းလင်းပွဲနေ့တွင်် ယွဲ့ဟွာ၏ နာမည်ကျော်များစွာ စုစည်းခဲ့ကြသည်။

ဒီနေ့ ပွဲတော်က ခြွင်းချက်မရှိအောင် တည်တံ့နေပါသည်။ ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာ၏ ရေပန်းစားမှုကြောင့် နိုင်ငံတော်တစ်ခုလုံးတွင် အာရုံစိုက်မှုနဲ့ ဆွေးနွေးမှုများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

လူများစွာက  ဒီဒရမ်မာအကြောင်းကို သိနှင့်ပြီးသား ဖြစ်သည်။

လင်းဖန်၏ အထက်တန်း အတန်းဖော်များကပင် လင်းဖန်ကို ဂရုထဲ၌ နေ့တိုင်း tag တွဲလေ့ရှိပြီး သူ့ကိုတွေ့ချင်နေပါသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်က ချောရုံတင်မကဘဲ ကြယ်ပွင့်ကြီးတစ်ယောက်လည်း ဖြစ်နေလေပြီ။

ထိုအထက်တန်းနဲ့ တက္ကသိုလ် အတန်းဖော်များက လင်းဖန်ကို ဆက်သွယ်ဖို့ ကြိုးစားနေကြပါသည်။

လင်းဖန်ကို  ပိုးပန်းချင်သည့်ကောင်မလေးများစွာရှိသော်လည်း လင်းဖန်က လျစ်လျူရှုထားပါသည်။

သတင်းစာရှင်းလင်းပွဲနေ့တွင် ဘဝရဲ့ပျော်ရွှင်မှု အဓိက သရုပ်ဆောင်များအားလုံး ပါဝင်ကြသည်။

ဒီနေ့ လင်းဖန်က အလွန်သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားပါသည်။

ဒီလို အရေးကြီးပွဲတော်မျိုးတွင် လင်းဖန် သာမန်အဝတ်အစားများ ဝတ်လာလို့မဖြစ်ပါ။ သူ့ အိုင်ကျူနဲ့ အီးကျူ နိမ့်ကျနေသလို ထင်ရပါလိမ့်မည်။

လင်းဖန်က ဝတ်စုံတစ်စုံကို ဝတ်ထားပြီး ကားထဲတွင်ထိုင်ကာ သတင်းစာရှင်းလင်းပွဲနေရာသို့ လင်းဖန် ရောက်လာပြီး ကားထဲက ထွက်ဖို့ ပြင်လိုက်စဥ်တွင် အားပေးသံများဖြင့် ကြိုဆိုခံလိုက်ရပါသည်။

"ဝိုးဝိုးဝိုး လင်းဖန်ရဲ့ အဝတ်အစားတွေက လှလိုက်တာ။ လင်းဖန်က တီဗီထဲကထက်တောင် ပိုချောနေသေးတယ်။”

"လင်းဖန် ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ။ ဓာတ်ပုံ အတူတူ ရိုက်ရအောင်။"

"လင်းဖန် လင်းဖန် လင်းဖန်"

အားပေးသံများ တစ်သံပြီးတစ်သံ ထွက်လာကြသည်။

လင်းဖန်က လှမ်းကြည့်လိုက်ပြီး  ၎င်းတို့အား အပြုံးဖြင့် နှုက်ဆက်လိုက်ပါသည်။

ထင်ထားသည့်အတိုင်း သူ မနေချင်သည့် ပုံစံအတိုင်း နေရပါဦးမည်။

ယခင်တုန်းက လင်းဖန် ချောရင်တောင် ဇာတ်နိမ့်နေခဲ့သည်။ သူအပြင်ထွက်လျှင် သုံးဘီးသာ စီးသွား၏။ ဒီလိုဆို လူများများစားစား သူ့ကို ဂရုစိုက်ကြမှာ မဟုတ်ပါ။

သို့သော်လည်း ဒီလိုဆိိုရင်တောင် လင်းဖန်နောက်ကို လိုက်ကြသည့် အန်တီကြီးများစွာ ရှိခဲ့ပါသည်။

သူက အခု ကြယ်ပွင့်ကြီးတစ်ပွင့်ဖြစ်နေပြီး ပရိတ်သတ်များစွာ၏ အထောက်အပံ့ကိုလည်း ရထားသည်။ ထိုပရိတ်သတ်များက အစွန်းရောက်လွန်းပါသည်။

"ရှားဝမ်ချွေ့ ရှားဝမ်ချွေ့ ရှားဝမ်ချွေ့"

"ရှားဝမ်ချွေ့က အလှဆုံးပဲ။"

"စုရှောင်းယွီလည်း လှပါတယ်။"

"ရှုယန်လည်း ချောလိုက်တာ အံ့သြလိုက်တာ။ ဒါပေမယ့် ရှုယန်က လင်းဖန်လောက်မချောသလိုပဲ။ လင်းဖန်က ယွဲ့ဟွာရဲ့ အချောဆုံး စူပါစတားပဲ။"

"လင်းကျင်းကျင်းလည်း ရှိနေတယ်။ လင်းကျင်းကျင်း နတ်သမီးလေး။"

ဒီနေ့ ရှားဝမ်ချွေ့က ဂါဝန်ရှည်ရှည်ကို ဝတ်ထားကာ သူမ၏ အရှိန်အဝါကလည်း သာမန်ထက် ထူးကဲနေပါသည်။

ရှားဝမ်ချွေ့ အပေါ်ထပ်သို့ တက်သွားတော့ လင်းဖန် သူမနောက်က တိတ်တဆိတ်လိုက်ကာ ဂါဝန်အစကို ကူညီမတင်ပေးပါသည်။

သူတို့နှစ်ယောက် သတင်းထွက်နေသောကြောင့် အတင်းအဖျင်းများကို ရှောင်လွှဲလို့မရခဲ့ပါ။

လင်းဖန်က သူ့ကြောင်မလေး ပြုတ်ကျမည်စိုးသဖြင့် ဂါဝန်ကိုတောင် မတင်ပေးသည်။

ရှားဝမ်ချွေ့က ဒီနေ့ ဒေါက်မြင့်ဖိနပ်စီးလာပြီး အရှိန်အဝါလည်း အလွန်ကောင်းနေပါသည်။ စူပါစတားတစ်ယောက်နဲ့ လုံးဝ တူပြီး သူမ၏ တရားလွန်အလှတရားကလည်း လူများစွာ၏ သဘောကျမှုကို ဆွဲဆောင်နိုင်သည်။

"ဝိုး လင်းဖန်က အရမ်း လူကြီးလူကောင်း ပီသတာပဲ။"

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က တကယ်စုံတွဲတွေလား။ အရမ်းချိုမြိန်ကြတာပဲ။”

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးက တကယ်ကောင်းတယ်နော်။ သူတို့က အတွဲတွေ မဟုတ်ဘဲ သူငယ်ချင်းကောင်းတွေဖြစ်ရင်ဖြစ်မှာပေါ့။”

ပရိတ်သတ်များစွာက ပြောဆိုနေကြပြီး ကင်မရာများကလည်း ဓာတ်ပုံရိုက်ယူနေကြပါသည်။

သတင်းစာရှင်းလင်းပွဲခန်းမကို အာရုံစိုက်ထားကြသည့် တိုက်ရိုက်ထုတ်လွှင့်မှုတောင် ရှိပါသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် လူ တစ်သန်းနီးပါးလောက် ရှိသည်။ သတင်းစာရှင်းလင်းပွဲ၏ တိုက်ရိုက်ထုတ်လွှင့်ပြသမှုကို ကြည့်ရှုသူများနဲ့ ပရိတ်သတ်များစွာက စောင့်ကြည့်နေကြပါသည်။ ခန်းမတွင် မီဒီယာများစွာလည်း ရှိနေပါသည်။ ဘဝရဲ့ပျော်ရွှင်မှု အဓိကဇာတ်လိုက်များ စင်ပေါ်သို့ တက်လာသောအခါ ၎င်းတို့၏ နာမည်ကို လက်မှတ်ထိုးကြသည်။ ထို့နောက် ချက်ချင်းပဲ လူအုပ်ကြီးက အားပေးလိုက်ကြပါသည်။

ထို့နောက် တင်ဆက်သူ၏ အလွန်ကြာသော စကားပြောဆိုခြင်း ရောက်လာပါသည်။

မေးခွန်းမေးဖို့ အချိန်ရောက်လာသောအခါ မီဒီယာတစ်ခုက မေးလိုက်သည်။ "ရှုယန် ဒီတစ်ခေါက် ခေါင်းဆောင်မင်းသား ဖြစ်မလာဘဲ လူသစ်တစ်ယောက်ကို နေရာပေးလိုက်တယ်နော်။ ဘာလို့လဲ။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ရှုယန်ထက် ကောင်းနေလို့လား။”

ဒီမီဒီယာ၏ မေးခွန်းများက အလွန်လှည့်ကွက်များပါသည်။ လင်းဖန်က ရှုယန်ရဲ့ ခေါင်းဆောင်မင်းသားနေရာကို ခိုးသွားတယ်လို့ ဆိုလိုတာလား။ အားလုံး သိထားသည့်အတိုင်း ရှုယန်က ယွဲ့ဟွာ၏ ထိပ်တန်း အမျိုးသားသရုပ်ဆောင် ဖြစ်သည်။ ရင်းမြစ်များစွာရှိပြီး ဇာတ်ပို့နေရာက သရုပ်မဆောင်ဖူးသလောက် ရှားပါသည်။

ထိုမေးခွန်းကို ကြားသောအခါ ရှုယန်က ပြုံးလိုက်သည်။ "လင်းဖန်က ကျွန်တော့်ညီအစ်ကိုပါ။ ခေါင်းဆောင်မင်းသားဘယ်သူဖြစ်လဲဆိုတာ အရေးမကြီဘူး။ ပြီးတော့လည်း သူ့သရုပ်ဆောင်စွမ်းရည် ဘယ်လောက်ကောင်းသလဲ အားလုံးသိကြမယ်ဆိုတာ ကျွန်တော်ယုံတယ်။”

ရှုယန်၏ အဖြေအား လေးစားသွားကြပါသည်။

ရှုယန်က လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ကို တိုက်ရိုက်ပြိုင်ဆိုင်ခြင်း မရှိပါ။ လင်းဖန်နဲ့ ဆက်ဆံရေး မကောင်းဘူးဟုလည်း အပြင်လောကကို မပြောပါ။

လင်းဖန်က သူ့ညီအစ်ကို ဖြစ်သည်။ ဒီတစ်ကြောင်းတည်းနဲ့လုံလောက်ပါပြီ။

ထို့နောက် မီဒီယာနောက်တစ်ခုက မေးလိုက်ပါသည်။ ဒီတစ်ခေါက် ရှားဝမ်ချွေ့ကို တိုက်ရိုက်မေးမြန်းခြင်း ဖြစ်သည်။

"ရှားဝမ်ချွေ့ လင်းဖန်နဲ့  ရှင်နဲ့ကြားက ကောလဟာလတွေကို ဘယ်လိုသဘောရပါသလဲ။ အကြင်နာပေးခန်းတွေကို နှစ်ပေါင်းများစွာ မရိုက်ခဲ့တာ လင်းဖန်ကြောင့်လား။”

ထိုမေးခွန်းအား မေးလိုက်သောအခါ ကြည့်ရှုသူများ ကြက်သေ သေသွားကြသည်။

မီဒီယာက တဲ့တိုးဆန်လွန်းနေပါသည်.။

ရှားဝမ်ချွေ့က အွန်လိုင်းပေါ်က သတင်းများကို အကြောင်းမပြန်ခဲ့ပါ။ ထို့အစား ဒီအချိန် မီဒီယာက ရှားဝမ်ချွေ့ကို တဲ့တိုးမေးလိုက်ပါသည်။

ရှားဝမ်ချွေ့အဖြေပေးရတော့မည်။

ဒီလိုမေးခွန်းမျိုးနဲ့ ရင်ဆိုင်လာရသဖြင့် လင်းဖန်က အရင်ဆုံး ပြောလိုက်ပါသည်။ "ဝမ်ချွေ့နဲ့ ကျွန်တော်တို့က အရမ်းခင်တဲ့ သူငယ်ချင်းတွေပါ။ အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေဖြစ်ပြီး တစ်ယောက်အကြောင်း တစ်ယောက် သိကြတယ်။ ငယ်ကျွမ်းဆွေတွေပေါ့။ ဝမ်ချွေ့နဲ့ ကျွန်တော်တို့ တွဲနေကြတာလားဆိုတဲ့ အားလုံးရဲ့ မေးခွန်းတွေကိုတော့ ရှင်းပြဖို့လိုမယ်မထင်ဘူး။”

"ကျွန်တော်တို့ မတွဲသေးပါဘူး။ ဝမ်ချွေ့က သူ့လုပ်ငန်းကို ဦးစားပေးတယ်။ ကျွန်တော်ကလည်း ဇာတ်ညွှန်းတွေကို သက်သက်သာသာ ရေးတယ်။ တစ်ခါတစ်လေ သရုပ်ဆောင်ရင်းပေါ့။" လင်းဖန်က ပြုံးလိုက်ပါသည်။

ဒီလို အခြေအနေအောက်တွင် သူရှေ့ထွက်ပြီး ငြင်းရပါတော့မည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က အမှန်တိုင်း ပြောနေခြင်းသာ ဖြစ်သည်။ သူနဲ့ ရှားဝမ်ချွေ့တို့ တကယ်မတွဲရသေးပါ။

သူတို့တွဲနေကြပါက ဒီသတင်းစာရှင်းလင်းပွဲတွင် သူက ရှားဝမ်ချွေ့လက်ကို ကိုင်ထားမည်ဖြစ်သည်။ တစ်ကိုယ်ရေ ဘယ်လောက်တောင် မျက်နှာပူကြမလဲ မသိပါ။

ထို့အပြင် ဒီတစ်ခေါက် သတင်းစားရှင်းလင်းပွဲက ဘဝရဲ့ပျော်ရွှင်မှုကို ပရိုမိုးရှင်းဆင်းဖို့သာ ဖြစ်သည်။ ထိုစကားကိုကြားသောအခါ လင်းဖန်ကိုသူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြည့်လိုက်ပြီး ခေါင်းကို နူးညံ့စွာ ငြိမ့်လိုက်ပါသည်။

လင်းဖန် ဘေးမှာရှိနေရင် သတင်းသမားများစွာနဲ့ ရင်ဆိုင်ရမှာ ကြောက်ဖို့ မလိုအပ်တော့ပါ။

လင်းဖန်က သူမကို လုံခြုံသလို ခံစားရစေသည်။ ထိုခံစားချက်က ထူးခြားသည်။ ထို့နောက် မီဒီယာတစ်ခုက ဆက်မေးသည်။

"လင်းဖန်က သရုပ်ဆောင်ပြီး ဇာတ်ညွှန်းတွေ ရေးနေတာက ပိုက်ဆံကြောင့်လား။ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာ စိတ်ဝင်စားမှုနဲ့ ဝါသနာကြောင့်လား။ ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ညွှန်းက စိတ်ဝင်စားဖို့ကောင်းလွန်းလို့ပါ။”

လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ "တကယ်တော့ ကျွန်တော် ငွေရေးကြေးရေး စိတ်မဝင်စားပါဘူး။ ကျွန်တော် ပိုက်ဆံရတာ မရတာ အရေးမကြီးဘူး။ အရေးကြီးတာက ကျွန်တော် ဇာတ်ညွှန်းကောင်းကောင်း ရေးနိုင်ပြီး နိုင်ငံတော်ရဲ့ ရုပ်ရှင်လောကကို အထောက်အကူပြုနိုင်ရင် တော်ပါပြီ။”

လင်းဖန် ထိုသို့ပြောလိုက်သောအခါ ပရိတ်သတ်က လက်ခုပ်သြဘာများ ပေးကြပါသည်။

လင်းဖန်က... တကယ်ပဲ သာမန်လူ မဟုတ်ပေ။

စင်အောက်က ပရိတ်သတ်များစွာက ပို၍ပင် သဘောကျသွားကြပါသည်။

ဒီလို ဖြောင့်မတ်သည့် အနုပညာဖြစ်ရတာ သဘောကျသည့် လင်းဖန်လို စူပါစတားမျိုးကို တစ်ခါမှ မမျှော်လင့်ကြဖူးပေ။

All Chapters