အခန်း(၁၁၀) မာစတာရဲ့ အဆိုက အရမ်းကောင်းလွန်းတယ်
Vol. 8 Ch. 110
အခန်း(၁၁၀) မာစတာရဲ့ အဆိုက အရမ်းကောင်းလွန်းတယ်
ကားထဲတွင် စုရှောင်းယွီနဲ့ လင်းဖန်တို့ အတူတူထိုင်လိုက်ကြသည်။ စုရှောင်းယွီက လင်းဖန်ကို ကြည့်ရင်း အံ့သြတကြီးပြောလိုက်ပါသည်။ "မာစတာ ငါနင့်ကိုအရမ်း လေးစားသွားပြီ။ ငါနင့်ကို မေးပါရစေဦး။ ဘာလို့ အဲ့လောက် အဆိုကောင်းရတာလဲ။”
လင်းဖန်က ပြုံးလိုက်သည်။ "ငါ ရိုးရိုးသီချင်းတစ်ပုဒ်ပဲ ဆိုလိုက်တာမဟုတ်ဘူးလား။ ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ဝင်တေးက အဲ့လောက်လည်း မကောင်းပါဘူး။ ဒရမ်မာတစ်ခုနဲ့ ကိုက်ညီအောင် ရေးထားတာလေ။”
စုရှောင်းယွီက လျှာထုတ်လိုက်သည်။ "မာစတာ သီချင်းဆိုနိုင်တဲ့လူတွေ ဘယ်လောက်ကံကောင်းလဲ နင်မသိဘူးလား။ ငါအသံမကောင်းဘဲ မွေးလာတာ ဆိုးရွားတာပဲ။”
လင်းဖန်က ပြုံးလိုက်သည်။ "ဟုတ်တယ် နင်က ဟောင်ပဲ ဟောင်တတ်တာ။”
စုရှောင်းယွီက လင်းဖန်ကိုခွေးတစ်ကောင်လို ကြည့်ကာ ပြောလိုက်ပါသည်။ "အာဝူး မာစတာ ငါက ခွေးပဲလေ။ နင့်ကို ကိုက်မယ်~”
"မာစတာ မာစတာ ငါ့ကို နောက်သီချင်းတစ်ပုဒ်လောက် ဆိုပြပါ။" စုရှောင်းယွီက လင်းဖန်ကို နှောင့်ယှက်နေသည်။
"နင်ဘာနားထောင်ချင်လို့လဲ။" လင်းဖန်က ပြုံးလိုက်သည်။
"ဘာဖြစ်ဖြစ် ဆိုပြပါ။ ဘာပဲဖြစ်ဖြစ် မာစတာ့ရဲ့ သီချင်းတွေက အားလုံး ကောင်းပြီးသားကို။ အကြိမ်ကြိမ်တောင်နားထောင်နိုင်တယ်။” စုရှောင်းယွီက ပြောလိုက်ပါသည်။
"ဒါဆို တစ်ပုဒ် ဆိုပြမယ်။ အချစ်ရဲ့ဝန်ခံချက်လို့ခေါ်တယ်။” လင်းဖန်က ပြုံးကာ ပြောလိုက်ပြီး ကားထဲတွင် စတင်သီချင်းဆိုလိုက်ပါသည်။
လင်းဖန် ပြောလိုက်ပြီးနောက် စုရှောင်းယွီက သူ့ကို အံ့သြတကြီး ကြည့်နေပါသည်။
ဆရာ့ရဲ့ ခွန်အားအစစ်က ဒါလား။ ဆရာ အချစ်သီချင်းဆိုတဲ့အခါ အမြဲ ဒီလိုပဲလား။
ဒီသီချင်းက... ချိုမြိန်လွန်းသဖြင့် စုရှောင်းယွီ မျက်ရည်ပင် ဝဲမိပါသည်။
စုရှောင်းယွီက သူ့ကို အလွန်သဘောကျသွားသည်။ ဘာလို့ ဒီလောက် အဆိုကောင်းရတာလဲ။
ကျိုးကျယ်လွင်တောင် လင်းဖန်လောက် အဆိုမကောင်းနိုင်ဘူး မဟုတ်လား။
မကြာသေးခင်က ဇာတ်ဝင်တေးဖြစ်သော ထာဝရဆန္ဒကို သီဆိုနေတုန်းက အလွန်ကောင်းသည်ဟု စုရှောင်းယွီ ခံစားမိခဲ့ပါသည်။ သို့သော်လည်း ဒီအဆင့်ထိတော့ မရောက်သေးပေ။
ယခု လင်းဖန်က အချစ်သီချင်းတစ်ပုဒ်ကို သီဆိုနေပါသည်။ စုရှောင်းယွီ နောက်ဆုံးတော့ လင်းဖန်၏ အဆိုစွမ်းရည်ကို တွေ့လိုက်ရပါပြီ။ "မာစတာက အရမ်းချောလည်းချောတယ်~~ သီချင်းတွေကလည်း ကောင်းတယ် ကြိုက်တယ်။" စုရှောင်းယွီက ပြောလိုက်သည်။ ဇာတ်ဝင်တေး ထာဝရဆန္ဒက ခံစားချက်အပြည့်အဝ ပါဝင်သော သီချင်း မဟုတ်ပါ။ အချစ်ရဲ့ဝန်ခံချက် သီချင်းက စုရှောင်းယွီကို လုံးဝ ဖမ်းစားနိုင်ခဲ့ပါသည်။
"ဒီလိုပါပဲ။ မကြာသေးခင်ကမှ အဲ့သီချင်းကို ရေးထားတာလေ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"မာစတာ နင်က အရမ်းတော်တာပဲ။ နင့်လိုကောင်လေးမျိုး ငါဘယ်မှာသွားရှာရမလဲ။" စုရှောင်းယွီက သူမ ပါးကို ကိုင်ရင်း ကားပြတင်းပေါက် အပြင်က ရှုခင်းများကို ကြည့်နေပါသည်။
"တခြားယောက်ျားလေးတွေက နင့်လောက် ချောလည်းမချော တော်လည်းမတော်ဘူး။ နင့်လို ဟင်းလည်းမချက်တတ်၊ သီချင်းလည်း မဆိုတတ်ဘူး။” စုရှောင်းယွီက အတည်ပေါက် ပြောလိုက်ပါသည်။
လင်းဖန်နဲ့ အချိန်အကြာကြီး အတူရှိနေခဲ့ရပြီးနောက် သူဘယ်လောက်တောင် တော်သလဲ သူမ သိလာပါသည်။
ဒီလောက်ချောသည့် ယောက်ျားလေးတစ်ယောာက်နဲ့ အကြာကြီး အတူရှိနေပြီးနောက် စုရှောင်းယွီ တခြားယောက်ျားလေးများကို မစဥ်းစားနိုင်တော့ပေ။
လင်းဖန်ထက် ပိုတော်တဲ့ ယောက်ျားလေး ရှိပါ့မလား။
လင်းဖန်၏ အရသာရှိသော အချက်အပြုတ် စွမ်းရည်တစ်ခုတည်းနဲ့ ကောင်မလေးများစွာကို ဆွဲဆောင်နိုင်နေပါပြီ။
"ရည်းစားထားတာ ဘာကောင်းလို့လဲ။ ပထမဆုံး ပိုက်ဆံရှာစမ်းပါ။ ငွေရေးကြေးရေးအရ ဘယ်သူ့ကိုမှ မှီခိုစရာမလိုတဲ့အခါ နင်လုပ်ချင်တာ လုပ်လို့ရတယ်။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
လင်းဖန်က အခုချမ်းသာနေသော်လည်း ပိုက်ဆံက မလုံလောက်သေးပါ။ ဘာပဲဖြစ်ဖြစ် သူ့ဘဏ်အကောင့်ထဲမှာ ယွမ် သန်း ၈၀ လောက်သာ ရှိသေးသည်။ နည်းလွန်းပါသည်။
လင်းဖန်၏ ပိုင်ဆိုင်မှုက ဘီလီယံဆယ်နဲ့ချီပြီးရှိလိမ့်မည်ဟု အားလုံးက ထင်ထားကြသော်လည်း သူ့မှာ ဒီလောက်သာ ရှိပါသည်။ အလွန်ဆင်းရဲပါသည်။
ထိုပိုင်ဆိုင်မှုများက လင်းဖန်အပိုင်ဖြစ်သော်လည်း ရောင်းလို့ မရပါ။ လွန်ခဲ့သည့်လအတွင်း လင်းဖန် စနစ်တွင် အကြိမ်ပေါင်းများစွာ sign in ဝင်ခဲ့ပါသည်။
အမြဲတမ်း ကံစမ်းမဲလက်မှတ်သာဖြစ်နေပြီး သူ ဘာပေါက်သလဲဆိုတာကတော့...။
လင်းဖန်၏ အိမ်က ရေခဲသေတ္တာခြောက်လုံးမှာ ကိုကာကိုလာများ၊ အိုက်စ်တီးများနဲ့ ပြည့်နေပါပြီ။ လင်းဖန် ပိုက်ဆံအိတ်ထဲမှာလည်း တစ်ဒေါ်လာတန်များနဲ့ ပြည့်နေလေပြီ။ လင်းဖန် ဘာတွေကြုံတွေ့ခဲ့ရသလဲ မမေးနိုင်တော့ပါ။ စနစ်ကိုသာ အားကိုးပါက သူ ငတ်သေသွားနိုင်ပါသည်။
စနစ်ကို ဗားရှင်း ၂.၀ သို့တင်လိုက်ပြီးနောက် မစ်ရှင်တစ်ခုကို အောင်မြင်ပါက ပိုကောင်းသည့် ပစ္စည်းများ ရနိုင်သည်ဟု ဆိုခဲ့သည်။
ဒီမစ်ရှင်ကိုပြီးအောင် မလုပ်နိုင်ပါက refresh လုပ်ပြီး နောက်မစ်ရှင်ကို ရနိုင်မှာ မဟုတ်ပေ။ ထို့ကြောင့် သူ sign in ဝင်လိုက်တော့ တချို့ အိုက်စ်တီးနဲ့ ကိုကာကိုလာတချို့ကိုသာ ရနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
လင်းဖန်၏ ဒုတိယမစ်ရှင်က အလွန်ရိုးရှင်းလွန်းပါသည်။ ရှားဝမ်ချွေ့ကို ပိုးပန်းဖို့ဖြစ်သည်။
လခွမ်း ကြောင်မလေးကို ပိုးပန်းဖို့က ဒီလောက် လွယ်မလား။ သူမကို ပိုးပန်းချင်ရင်တောင် အချိန်မကျသေးပါ။
ထို့ကြောင့်လည်း လင်းဖန် ဘာပစ္စည်းကောင်းမှ မရနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ရှားဝမ်ချွေ့ကို ပိုးပန်းပြီးခါမှ လင်းဖန်တစ်ယောက် Sign in လုပ်ပြီး ပစ္စည်းကောင်းများစွာကို ပြန်ရနိုင်မည်ထင်သည်။
ဒီလိုစနစ်နဲ့ လင်းဖန် တဖြည်းဖြည်းချင်း စနစ်ကိုပဲ အားကိုးပြီး အများကြီး ကြွယ်ဝလာဖို့က လက်တွေ့မကျမှန်း နားလည်လာပါသည်။
စနစ်က ရောင်းလို့မရနိုင်သော ပုံသေပိုင်ဆိုင်မှုများနဲ့ တချို့ စကေးများကိုသာ အများဆုံး ပေးနိုင်ပါလိမ့်မည်။ သူ ပိုက်ဆံရှာချင်ပါက သူ့အားသူကိုးရပါမည်။
စုရှောင်းယွီထိုစကားကို ကြားသောအခါ လင်းဖန်ဘေးကို သွားလိုက်ပြီး မေးလိုက်ပါသည်။ "မာစတာ နင့်ဘဏ်အကောင့်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ။” လင်းဖန် ကြက်သေ သေသွားပါသည်။ "ယွမ် သန်း ၈၀ ဝန်းကျင်လောက်ပဲ။ အများကြီး မဟုတ်ပါဘူး။”
ထိုစကားကိုကြားသောအခါ စုရှောင်းယွီ ပြောလိုက်ပါသည်။ "သြော် တကယ် အများကြီး မဟုတ်ဘူးပဲ။ ငါ့တစ်လမုန့်ဖိုးက သန်း ဆယ်ချီပြီး ရတယ်။ အရင်တစ်ခေါက်တုန်းက သန်း ၁၀၀ လောက် လွှဲပေးမယ်လို့တောင် ငါ့အဖေကပြောတယ်။ ပိုက်ဆံရတာ ဘာလုပ်ဖို့လဲဆိုတာတောင် မသိတော့ဘူး။ ဟီးဟီး ဘာပဲဖြစ်ဖြစ်ပါ။ ငါ့မှာ ဖြုန်းစရာ ပိုက်ဆံအများကြီး ရှိတာပေါ့။”
လင်းဖန် "...”
လင်းဖန် အနည်းငယ် စိတ်ပျက်သွားပါသည်။ သူအချိန်အကြာကြီး ကြိုးစားခဲ့တာတောင် စုငွေ သန်း ၈၀ သာရှိသေးသည်။ စုရှောင်းယွီ၏ တစ်လတာ မုန့်ဖိုးကတော့ သန်းဆယ်ချီ သို့မဟုတ် သန်းရာချီပြီးတောင် ရှိနေပါသည်။
ဘာလဲဟ...။ သူ့ဘေးမှာ ရုတ်တရက်ကြီး ဘယ်တုန်းက သူဌေးမလေးတစ်ယောက် ရောက်နေတာလဲ။
မဟုတ်ပါ။ စုရှောင်းယွီက နဂိုကတည်းက အလွန်ချမ်းသာသော မိန်းကလေးဖြစ်သည်။ သူမက ခြေတံသွယ်သွယ်လှပသော မိန်းကလေးမျိုးဖြစ်ပြီး၊ ချစ်ဖို့လည်းကောင်းသည်။ နူးညံ့ပြီး အနိုင်ယူရလွယ်သည်။ ပိုအရေးကြိးတာက စုရှောင်းယွီ ချမ်းသာမှန်း ပုံမှန်ဆို မသိနိုင်ပါ။
သူမလေးက ဖြုန်းစရာပိုက်ဆံများလွန်းသည့်အထိတောင် ချမ်းသာသူ ဖြစ်သည်။
လင်းဖန် ဘဝရဲ့ပျော်ရွှင်မှုတွင် ရင်းနှီးမြှုပ်နှံပြီးနောက် သူ့ပိုက်ဆံအားလုံး ကုန်လုနီးပါး ဖြစ်သွားပါသည်။
ယခုအခါ ပိုက်ဆံတချို့ ရရှိထားပါသော်လည်း လင်းဖန် အလွန်ဆင်းရဲနေဆဲဖြစ်သည်ဟု ခံစားနေမိပါသည်။
သူ့မှာ မိသားစု အဆင့်အတန်းလည်း မရှိပါ။ ကြောင်မလေး သို့မဟုတ် ခွေးမလေးက သူ့ထက် ပိုချမ်းသာပါသည်။
သူက ဘယ်လိုဆက်ပြီး ကစားနိုင်တော့မည်နည်း။
ထိုအထိစဥ်းစားပြီး လင်းဖန် တိုးတိတ်စွာဖြင့် ရှားဝမ်ချွေ့ထံသို့ ဝီချက် မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပါသည်။
ရှားဝမ်ချွေ့က ကုမ္ပဏီ၏ တခြားကားတစ်စီးထဲတွင် ထိုင်နေပါသည်။ သူမက လင်းဖန်နဲ့ အတူတူ မသွားပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ကို ဓာတ်ပုံရိုက်နေသည့် လူများစွာ ရှိနေသောကြောင့်ပင်။
လင်းဖန် "ဝက်မလေး နင်စုထားတဲ့ ပိုက်ဆံဘယ်လောက်ရှိနေပြီလဲ။”
ရှားဝမ်ချွေ့ "အရူးကောင် ငါက ကြောင်ဟဲ့။”
လင်းဖန် "ကြမ်းတမ်းချင်ယောင်ဆောင်မနေဘဲ မြန်မြန်ပြောစမ်းပါ။"
ရှားဝမ်ချွေ့ "စုငွေကိုကြည့်ပြီး မိသားစု အဆင့်အတန်းကို ဆုံးဖြတ်မှာလား။ အဲ့တာဆို နင်ရှုံးမှာနော်။”
လင်းဖန် "ငါ့မှာလည်း ပိုက်ဆံအများကြီးမရှိပါဘူး။ ငါ့မှာ ယွမ် သန်း ၈၀လောက်ပဲ အပိုငွေရှိတယ် *သူ့စုငွေscreenshot များကိုပို့လိုက်သည်* "
ရှားဝမ်ချွေ့ "မြောင်မြောင် အဲ့တာဆို နောက်ဆို ငါက အထက်မှာရှိပြီး နင်က အောက်ကလူဖြစ်တော့မှာပဲ။"
လင်းဖန် "???"
ရှားဝမ်ချွေ့ပို့ထားသည့် မက်ဆေ့ချ်ကို လင်းဖန် တိတ်ဆိတ်စွာ ကြည့်နေပါသည်။
သူမ၏ စုငွေများ ဖြစ်သည်။
လင်းဖန် ဒါကို မြင်သောအခါ တရားရသွားမိပါသည်။
သူက သူဌေးတစ်ယောက်ပင်။ သို့သော် သူ့ဇနီးလောင်း၏ စုငွေများကိုမြင်သောအခါ အလုပ်မကြိုးစားပါက တစ်သက်လုံး ကြောင်မလေး အနိုင်ယူတာကို ခံရလိမ့်မည်ဟု ခံစားမိပါသည်။
ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာအတွက် စိုးရိမ်စရာဖြစ်လာပြီး သူက အထက်စီးကလူ ဖြစ်ရပါမည်။
သို့သော်လည်း ရှားဝမ်ချွေ့၏ စုငွေများကို ဘယ်လိုကျော်နိုင်မည်နည်း။ သူမ၏ စုငွေများက... ယွမ် သန်း ၃၀၀ တောင် ရှိနေပါသည်။