အခန်း(၁၁၁) တစ်နေ့ကျရင် ကြောင်မလေးကို အနိုင်ယူပြမယ်
Vol. 8 Ch. 111
အခန်း(၁၁၁) တစ်နေ့ကျရင် ကြောင်မလေးကို အနိုင်ယူပြမယ်
လင်းဖန် "ငါ့မိန်းမက ငါ့ထက်ချမ်းသာနေရင် ငါက ဘာလို့ အလုပ်လုပ်ရမှာလဲ။ နောက်ဆို အလုပ်မလုပ်တော့ဘူး။ ရေသာခိုတော့မယ်။”
ရှားဝမ်ချွေ့ "အရူးကောင် အရူးကောင် ဘယ်သူက နင့်မိန်းမလဲ။”
လင်းဖန် "ငါတို့နှစ်ခါတောင် အတူတူအိပ်ခဲ့ကြတာကို"
ရှားဝမ်ချွေ့ "အကျင့်မကောင်းတဲ့ကောင်"
ရှားဝမ်ချွေ့ "ဟွန်း ဒါဆို နင်က ငါ့ကို ပိုက်ဆံအတွက် ချဥ်းကပ်တာပေါ့။”
လင်းဖန် "မဟုတ်ဘူး ပိုက်ဆံကော နင့်ကိုကောပါ ချဥ်းကပ်တာ။”
ရှားဝမ်ချွေ့ "နင်တော်တော်ဆိုးလာတာပဲ။ လူဆိုးကောင် လူဆိုးကောင်။ မြောင် ငါနင့်ကိုစကားမပြောတော့ဘူး။”
လင်းဖန် "နင့်ကိုမစတော့ပါဘူး။ နင်ဒီနေ့စားချင်လား။"
ရှားဝမ်ချွေ့ "အင်း စားချင်တယ်..."
လင်းဖန် "မကျွေးဘူး"
ရှားဝမ်ချွေ့ " အဆက်အသွယ်ဖြတ်ကြမယ်"
လင််းဖန် "ဒီနေ့ည ငါ့အိမ်လာခဲ့ ငါချက်ကျွေးပါ့မယ်။”
ရှားဝမ်ချွေ့ "~~~။”
လင်းဖန် "နင်ညဘက် ပြန်ခွင့်မရှိဘူး။"
ရှားဝမ်ချွေ့ "နင်လည်း မကောင်းတာတွေ လုပ်ခွင့်မရှိဘူး။”
လင်းဖန် "ဘာမကောင်းတာတွေလဲ။”
ရှားဝမ်ချွေ့ "ဟွန်း ငါနင့်အိမ်ကို မလာတော့ဘူး။ နင်က လူဆိုးကောင်။ အမေက လူဆိုးကောင်တွေနဲ့ မပေါင်းနဲ့တဲ့။”
လင်းဖန် "ဒီနေ့ည ရှောင်းယွီနဲ့ ကျင်းကျင်းတို့ကို မခေါ်တော့ဘူးလေ။ ငါတို့နှစ်ယောက်တည်းပဲ။ ရုပ်ရှင်ကြည့်မယ်။ ငါ့အိမ်မှာ ဧရာမ ရုပ်ရှင်ရုံကြီးလည်းရှိတယ်။ အရမ်း နူးညံ့တဲ့ ဆိုဖာရယ် ဧရာမ ရေချိုးဇလုံကြီးရယ်"
ရှားဝမ်ချွေ့ "သိပါတယ်၊ သိပါတယ်။ နင် ဒီနေ့ည ချက်ကျွေးမယ်လို့ သဘောတူထားတယ်နော်။"
ရှားဝမ်ချွေ့ "ငါ ငါးပေါင်းစားချင်တယ်~~"
ညဘက်တွင် လင်းဖန်တစ်ယောက် ရှားဝမ်ချွေ့ကို နှလုံးသားရေကန်ဗီလာသို့ ခေါ်လာခဲ့ပါသည်။
ဗီလာထဲရောက်ပြီး ညစာစားပြီးနောက် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ရုပ်ရှင်ကြည့်ကြပါသည်။
ရုပ်ရှင်ရုံထဲတွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ နှစ်ယောက်စလုံး ဆိုဖာပေါ်တွင် မှီကာ နောက်ဆုံးထွက်ရုပ်ရှင်ကို ကြည့်နေကြပါသည်။ သရဲကားဖြစ်၏။
သရဲကားကိုမြင်လိုက်ရသောအခါ ရှားဝမ်ချွေ့၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားပါသည်။
ဟင်း ယောက်ျားတွေများ။
အကျင့်မကောင်းသည့် လင်းဖန်က သူမကို သရဲကောင်းကြည့်ခိုင်းသည်။ သူမကို အခွင့်ရေးယူပြီး အနိုင်ကျင့်ချင်တာ သိသာပါသည်။
ရှားဝမ်ချွေ့ကလည်း မကြောက်ပါ။ ထို့အစား အလွန်စိတ်ဝင်စားနေပါသည်။
တစ်ဖက်မှာတော့ လင်းဖန်က ရှားဝမ်ချွေ့နားသို့ တိုးလာ၏။
"ကြောက်လို့လား" ရှားဝမ်ချွေ့က လင်းဖန်ကို ပြုံးကာ ကြည့်လိုက်ပါသည်။
"မကြောက်ပါဘူး အဓိပ္ပာယ်မရှိတာ" လင်းဖန်က ဟန်ဆောင်ပြောလိုက်ပါသည်။ အဓိကက ဒီနေရာကြီးမှာ 3D ရုပ်ရှင်ရုံကြီးနဲ့ တူနေပါသည်။ ပုံရိပ်များက သက်ဝင်လွန်းပြီး ဘေးပတ်လည်ကလည်း ထိုင်းမှိုင်းလွန်းလှသည်။
"ဒါဆို ဘာလို့ ငါ့နားကပ်လာတာလဲ။" ရှားဝမ်ချွေ့က မျက်တောင်ခတ်ရင်း ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
"နင်ကြောက်မှာစိုးလို့" လင်းဖန်က ပြောလိုက်၏။
"ငါမကြောက်ပါဘူး။ ဇာတ်လမ်းက ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ။ နောက်ခံဂီတကလည်း သရဲကားတစ်ကားအတွက် အရမ်းကောင်းတယ်။" ရှားဝမ်ချွေ့က ပြောလိုက်သည်။
လင်းဖန် "..."
သူလည်း သရဲကား မကြောက်တတ်ပါ။ ဘာကြောင့် ဇာတ်လမ်းက သူ ထင်ထားတာနဲ့ ခြားနားနေတာလဲ။
ရှားဝမ်ချွေ့က ကြောက်ပြီး သူ့ရင်ခွင်ထဲ ရောက်နေရတော့မှာ မဟုတ်ဘူးလား။
မိန်ကလေးများကို သရဲကားကြည့်ဖို့ခေါ်လာသည့် ယောက်ျားလေးများက ဒီလိုပဲဖြစ်သည်။ သို့သော်လည်း ရှားဝမ်ချွေ့ကတော့ ပုံမှန်မဟုတ်ပါ။ လင်းဖန်က ပြောလိုက်သည်။ "နင် ဘာလို့ အရမ်းကြောက်နေသလို လုပ်မပြတာလဲ။ မဟုတ်ရင်... ဒီသရဲကားက ကြည့်မကောင်းတော့ဘူး။”
ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပါသည်။ သူမ မျက်နှာက အနည်းငယ်နီရဲနေပါသည်။ သူက နူးညံ့စွာဖြင့် အနားတိုးလိုက်ပြီး လင်းဖန်၏ လက်ကို ကိုင်ကာ သူ့ပခုံးပေါ်တွင် မှီလိုက်ပါသည်။ "ဒါဆို အဆင်ပြေပြီလား။"
ရှားဝမ်ချွေ့၏ ရုတ်တရက် လုပ်ရပ်ကြောင့် လင်းဖန် အနည်းငယ် ကြက်သေ သေသွားပါသည်။
ရှားဝမ်ချွေ့က အလွန်လှပပြီး မီးနဲ့ကစားနေခြင်းဖြစ်သည်။
သူသာ သည်းမခံနိုင်တော့ပါက...
"ရုပ်ရှင်သာကြည့်စမ်းပါ။ အရူးကောင်လင်းဖန်... နင်ငါ့ကို အရသာရှိတာတွေ ချက်ကျွေးပြီး ရုပ်ရှင်ပြလို့ နည်းနည်း အခွင့်အရေးပေးတာ။" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည််။
"ဒီလိုဖြစ်နေတာ ငါရုပ်ရှင်ဆက်ကြည့်နိုင်ပါဦးမလား။" လင်းဖန်က တိုးတိုးလေး ပြောလိုက်သည်။ သူ့ဘေးက ကောင်မလေး၏ နွေးထွေးမှုကို ခံစားရသည်။ ရှားဝမ်ချွေ့ကို ချက်ချင်း ကြင်နာလိုက်ချင်သော်လည်း စိတ်ထိန်းလိုက်ပါသည်။
ဒီလိုအရာမျိုးကို လက်ထပ်ပြီးမှ လုပ်နိုင်သည်။
လင်းဖန်က ရှားဝမ်ချွေ့နဲ့ တွဲရဖို့ကို မျှော်လင့်နေမိပါသည်။ ထိုအချိန်သို့ ရောက်လာပါက သူတို့ တစ်ယောက်ကိုတစ်ယောက် နေရာတိုင်းမှာ ချစ်ပြနေမည်။ တွေးကြည့်ရုံနှင့်ပင် အလွန်ကောင်းပါသည်။
အနာဂတ်တွင် သူမလက်ကို လွတ်လပ်စွာ ကိုင်ထားပြီး လမ်းပေါ်တွင် လျှောက်လှမ်းနိုင်၏။ ဖြတ်သွားဖြတ်လာများ ဓာတ်ပုံရိုက်သွားရင်တောင် သူတို့ ဂရုစိုက်စရာမလိုတော့ပါ။
ထိုနေ့အတွက် လင်းဖန် သေချာပေါက် ကြိုးစားပါမည်။
လက်ရှိ သူက ထိုပန်းတိုင်ကို မရောက်သေးပါ။ ဘာမှန်းမသိလိုက်ဘဲ ရုပ်ရှင်ပြီးဆုံးသွားပြီး ရှားဝမ်ချွေ့က လင်းဖန်ပခုံးပေါ်မှာ အိပ်ပျော်သွားပါသည်။
သူမ ဒီရက်ပိုင်းထဲ အလုပ်ကြိုးစားနေရသည်။ သူမ ရုပ်ရှင်များနဲ့ ရသစုံအစီအစဥ်များကို ဆက်တိုက်ရိုက်ကူးနေရ၏။ သတင်းစာရှင်းလင်းပွဲများကိုလည်း တက်ရောက်ရသေးသည်။ ညဘက် လင်းဖန်၏ အိမ်ကိုတောင် လာပြီး အဖော်လာလုပ်ပေးရသေးသည်။
ရှားဝမ်ချွေ့တစ်ယောက် လင်းဖန်အိမ်ကို စားဖို့သောက်ဖို့ ရောက်လာခဲ့တာလား။
တကယ်တော့ မဟုတ်ပါ။ သူမက စူပါစတားတစ်ယောက်ဖြစ်ပြီး အစားအသောက်နှင့် ပတ်သတ်လာလျှင် စည်းကမ်းတင်းကြပ်ရပါသည်။ ငါးပေါင်းကို စားချင်တိုင်းစားလို့မရပါ။
လင်းဖန်အိမ်မှာ ဘယ်သူမှ မရှိသောကြောင့် သူ့ကို အဖော်လာလုပ်ပေးချင်သောကြောင့် ဖြစ်ပါသည်။ အနည်းဆုံးတော့ သူ အထီးကျန်မှာ မဟုတ်တော့ပေ။
အဖော်ပြုပေးခြင်းက အကြာရှည်ဆုံး အချစ်ဝန်ခံမှု ဖြစ်သည်။ သူမ စားသောက်ဖို့လာခြင်းဆိုတာ ဆင်ခြေသာ ဖြစ်၏။ တကယ်တော့ လင်းဖန်နဲ့ အတူတူသာ ရှိချင်ရုံ ဖြစ်ပါသည်။ သူတို့ ဘာလုပ်လုပ် အရေးမကြီးပါ။
ရှားဝမ်ချွေ့က အလွန်ချစ်ဖို့ကောင်းသည့် ကောင်မလေး ဖြစ်သော်လည်း အလွန်သန်မာသူဖြစ်မှန်း လင်းဖန် ရင်ထဲက သိနေပါသည်။
ရုပ်ရှင်ပြီးနောက် သူမ လင်းဖန်၏ ပခုံးပေါ်တွင် အိပ်စက်သွားခဲ့သည်။
လင်းဖန်အိမ်ကို တစ်ယောက်တည်းလာပြီး သူ့ဘေးမှာ အိပ်ပျော်သွားရလောက်အောင် သူ့ကို သူမ ဘယ်လောက်တောင် ယုံကြည်မှုရှိနေလိုက်သလဲ။
ယောက်ျားတစ်ယောက်ယောက်ကသာ ဒီအခိုက်အတန့်မှာ တစ်ခုခုလုပ်ဖို့ ကြိုးစားပါက သူမ တားနိုင်မှာ မဟုတ်ပါ။
သို့သော်လည်း လင်းဖန်ကို သူမ ယုံကြည်ပြီး သူမကို တကယ်အနိုင်ကျင့်မှာ မဟုတ်မှန်း သိထားပါသည်။ လင်းဖန်က ရှားဝမ်ချွေ့ကို ပွေ့ချီလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က မလေးပဲ ၄၅ ကီလိုဂရမ်လောက်သာ ရှိပါသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်က အလွန်လှသည်။ ပုံမှန်ဆို ၄၀ ကီလိုဂရမ်ခန့်သာရှိပြီး ကျန်အလေးချိန်မှာ သူမ၏ ရင်ဘတ်ကြောင့်ဖြစ်ပါသည်။
ရှားဝမ်ချွေ့ကို အခန်းထဲ ပွေ့ချီသွားပြီး သူမ၏ ဖိနပ်၊ ခြေအိတ်၊ အနွေးထည်တို့ကို ချွတ်ပေးလိုက်ပါသည်။ လင်းဖန်က သူမကို စောင်ခြုံပေးခဲ့လိုက်၏။
ထို့နောက် လင်းဖန် လှည့်ထွက်လာခဲ့သည်။
သူ တကယ်ပဲ ရှားဝမ်ချွေ့ကို သဘောကျပြီး သူမ၏ တချို့လုပ်ရပ်များကို သည်းမခံနိုင်ပါ။
ဥပမာအားဖြင့် ရှားဝမ်ချွေ့ ဘောင်းဘီတိုများ ဝတ်ဆင်ထားပြီး လင်းဖန်ရှေ့မှာ ချွဲနွဲ့ပြနေသောအခါ ယောက်ျားတိုင်း သည်းခံနိုင်မှာ မဟုတ်ပေ။
သို့သော်လည်း လင်းဖန်က သူမကို တကယ် အခွင့်အရေး မယူချင်ပါ။ သူမ အိပ်ပျော်နေစဥ် အနိုင်ကျင့်မှာ မဟုတ်ပါ။ သူ့ဆန္ဒကို ချုပ်ထိန်းရင်း အလုပ်ဆက်လုပ်နေလိုက်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှု ဒုတိယအတွဲဖြစ်ဖြစ်၊ ဓားနှင့်နတ်သမီး၏ဒဏ္ဍာရီဖြစ်ဖြစ် လင်းဖန် တတ်နိုင်သမျှ အမြန်ဆုံး ဇာတ်ညွှန်းအသစ် ရေးရတော့မည် ဖြစ်ပြီး ရုပ်သံစီးရီးအသစ်တစ်ခုအတွက် ရိုက်ကူးရေးအစီအစဥ်ကို ချရတော့မည် ဖြစ်သည်။
ဘဝရဲ့ပျော်ရွှင်မှုတစ်ခုတည်းနဲ့ ရှားဝမ်ချွေ့နဲ့ အဆင့်တစ်ခုတည်း ရပ်တည်နိုင်ဖို့ ခက်ခဲပါသည်။
သူမအတွက် သူ အလုပ်ကြိုးစားရမည်။
ဘာမှန်းမသိဘဲ သန်းခေါင်ယံအချိန်သို့ ရောက်လာခဲ့ပါသည်။
"ဒင်... အောင်မြင်စွာ Sign in ဝင်နိုင်ခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ လက်သန့်ဆေးရည် တစ်ဗူးကို ရရှိပါတယ်။”
လင်းဖန် "..."
ထင်ထားသည့်အတိုင်း စနစ်က ပြောင်းလဲမှုမရှိပါ။ စနစ်ကတော့ အရင်စနစ်အတိုင်းပင်။ ကံစမ်းမဲမှ ရရှိသည့် ပစ္စည်းများကလည်း သာမန်ပစ္စည်းများသာဖြစ်ဆဲ။
ပိုကောင်းသည့်ပစ္စည်းများကို ရရှိလိုပါက လင်းဖန် စနစ်က ပေးထားသည့် ဒုတိယမစ်ရှင်ကို အောင်မြင်အောင်လုပ်ပြီး ရှားဝမ်ချွေ့ကို သူ့ကောင်မလေးဖြစ်အောင်လုပ်ရမည်။ မစ်ရှင်က မဆိုးသော်လည်း အနည်းငယ် ခက်ခဲပါသည်။
လင်းဖန် သက်ပြင်းချလိုက်၏။
အကျင့်မကောင်းတဲ့စနစ်။ နောက်ပိုင်း တန်ဖိုးပိုရှိသည့် ပစ္စည်းများ Sign in လုပ်ရင်း ရနိုင်ဖို့နှင့် သူ့ကောင်းကျိုးအတွက် တစ်နေ့ကျရင် သေချာပေါက် ကြောင်မလေးကို သူ့ကောင်မလေးဖြစ်အောင် လုပ်ရမည်။