အခန်း(၁၁၂) အနုပညာလောကရဲ့ ကံတရား၊ ဇာတ်ညွှန်းရေးပညာရှင်တစ်ယောက်ရဲ့ မွေးဖွားမှု
Vol. 8 Ch. 112
အခန်း(၁၁၂) အနုပညာလောကရဲ့ ကံတရား၊ ဇာတ်ညွှန်းရေးပညာရှင်တစ်ယောက်ရဲ့ မွေးဖွားမှု
ဘဝရဲ့ပျော်ရွှင်မှုကို ဆက်လက်ထုတ်လွှင့်ပြသလျက် ၎င်း၏ ရေပန်းစားမှုကလည်း ဆက်လက်မြင့်တက်ဆဲဖြစ်ပါသည်။
ဗီဒီယိုဝက်ဘ်ဆိုက်နှစ်ခုဖြစ်သော Tencent Arts နှင့် iQiyi တို့တွင် ကလစ်အရေအတွက်နဲ့ ကြည့်ရှုသူအရေအတွက်တို့က ၂၀ ဘီလီယံတောင် ကျော်သွားခဲ့ပါပြီ။
ယခင်တုန်းက ရုပ်သံဒရမ်မာများအတွက် ၅ ဘီလီယံလောက်ကပင် ကြောက်စရာ ပမာဏ ဖြစ်နေပါပြီ။
လင်းဖန်၏ ဇာတ်ညွှန်းဖြင့် ထုတ်လုပ်ထားသော ရုပ်သံစီးရီးက အာနိသင်ကောင်းလွန်းလှသည်။
ဘဝရဲ့ပျော်ရွှင်မှုက အလွန်ရေပန်းစားပါသည်။
ထို့ကြောင့်လည်း ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံစီးရီးက ဆက်တိုက် နာမည်တက်နေခြင်း ဖြစ်သည်။
ယခင်တုန်းက လင်းဖန်ကို သံသယဖြစ်ခဲ့သည့် လျို့တာတာက ဘာမှ မပြောတော့ပါ။ ထို့အစား ကောမန့်များကိုသာ ပိတ်လိုက်ပါသည်။
လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များက ဒီလောက်ထိ ကောင်းလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
လူသစ်တစ်ယောက်၏ ရုပ်သံဒရမ်မာက နိုင်ငံတော်တစ်ခုလုံး၏ ရုပ်ရှင်လောကကို တွန်းအားပေးခဲ့ပါသည်။
ဒီရုပ်သံဒရမ်မာ၏ ထုတ်လုပ်ရေးက ယခင် ရုပ်သံဒရမ်မာများ၏ သမိုင်းမှတ်တမ်းကို ချိုးဖောက်နိုင်ခဲ့သည်။
ဝေ့ပေါ် ပေါ်တွင် ရှီးရှောင်ခဲဟုခေါ်သည့် အလွန်နာမည်ကြီးသော ရုပ်ရှင်ဝေဖန်ရေး ဆရာမတစ်ယောက် ရှိပါသည်။
ရှီးရှောင်ခဲက ဝေ့ပေါ် ပေါ်တွင် အက်ဆေး အရှည်ကြီး ရေးသားခဲ့သည်။
သူမ ဘဝရဲ့ပျော်ရွှင်မှု အပိုင်းအားလုံးကို ကြည့်ရှုပြီး ဝေ့ပေါ် ပေါ်တွင် ပြီးပြည့်စုံသည့် ရုပ်ရှင် ရီဗျူးကို ပို့စ်တင်ခဲ့ပါသည်။
ဒီရုပ်ရှင်ရဲ့ နာမည်ကိုက အစကတည်းက အားလုံးကို အာရုံစိုက်စေခဲ့တယ်။
ရာဇဝင်ထဲမှာ ပထမဆုံးပေါ်လာခဲ့တဲ့ ဇာတ်ညွှန်းရေးပညာရှင်လင်းဖန်က ပြီးပြည့်စုံတဲ့ ရုပ်သံဒရမ်မာ "ဘဝရဲ့ပျော်ရွှင်မှု" ကိုဖန်တီးနိုင်ခဲ့တယ်။ မတူညီတဲ့ ရှုထောင့်တွေကနေ ကျွန်မတို့ ဘာကြောင့် "ဘဝရဲ့ပျော်ရွှင်မှု"ကအွန်လိုင်းပေါ်မှာ အရမ်းရေပန်းစားလာပြီး အောင်မြင်တဲ့ ရုပ်သံဒရမ်မာဖြစ်လာတာလဲဆိုတာကို ဝေဖန်လို့ရပါတယ်။
ထို ရီဗျူးအောက်တွင် ရှီးရှောင်ခဲက ဘဝရဲ့ပျော်ရွှင်မှုအား ဆန်းစစ်ပြခဲ့ပါသည်။
"ဒီရုပ်သံဒရမ်မာ 'ဘဝရဲ့ပျော်ရွှင်မှု' ရဲ့အောင်မြင်မှုက အဓိကအားဖြင့် သူ့ရဲ့ဇာတ်ညွှန်းရေးပညာရှင် လင်းဖန်ကြောင့်ပါပဲ။ အနုပညာလောကထဲမှာ စစ်မှန်တဲ့ ဇာတ်ညွှန်းရေးပညာရှင်တစ်ယောက် ပေါ်လာခဲ့ပြီ။ လင်းဖန်ရဲ့ ပေါ်ပေါက်လာမှုကြောင့်ပဲ ဒီရုပ်သံစီးရီးကို လူတိုင်းမြင်နိုင်ခဲ့ကြတာပါ။”
"ယွဲ့ဟွာဖျော်ဖြေရေးက ဒီရုပ်သံစီးရီးအတွက် ဇာတ်ညွှန်းကို လင်းဖန်ဆီက တစ်ပိုင်း ယွမ် ၄၀၀,၀၀၀ နှုန်းနဲ့ ဝယ်ခဲ့တယ်လို့ ပြောကြတယ်။ လက်ရှိ ရလဒ်တွေကိုကြည့်ခြင်းအားဖြင့် လုံးဝ တန်ပါတယ်။ လင်းဖန်ရဲ့ ထူးချွန်တဲ့ ဇာတ်ညွှန်းရေးသားတဲ့ စွမ်းရည်တွေကြောင့်ပဲ ဒီလို လှပတဲ့ ဇာတ်လမ်းကို ရေးနိုင်တာလေ။ အဲ့တာကြောင့် ဒီရုပ်သံစီးရီးက အောင်မြင်မှုလမ်းကြောင်းပေါ် တဖြည်းဖြည်း ရောက်လာခဲ့တာပေါ့။”
"ဟုတ်တာပေါ့။ ဒီလိုဆိုရင်တောင် ရုပ်သံဒရမ်မာတစ်ခု အင်တာနက်ပေါ်မှာ ရေပန်းစားလာဖို့ဆိုတာ ခက်ခဲနေတုန်းပဲ။”
"ယွဲ့ဟွာက သူတို့ရဲ့ သရုပ်ဆောင်ရွေးချယ်မှုမှာလည်း ရဲတင်းခဲ့ပြီး ရုပ်ရည်ကော အစွမ်းအစကော ရှိတဲ့ လင်းဖန်ကို ဒီရုပ်သံစီးရီးရဲ့ ခေါင်းဆောင်မင်းသားလုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်တမ်းလည်း လင်းဖန်က ပရိသတ်ကို စိတ်မပျက်စေခဲ့ဘူး။ အံ့သြတောင် အံ့သြသွားစေခဲ့တယ်။”
"လင်းဖန်ရဲ့သရုပ်ဆောင်စွမ်းရည်တွေက... အရမ်းကောင်းလွန်းနေတာကိုး။ သူ ဘယ်သူနဲ့ပဲ ရင်ဆိုင်ပါစေ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က တခြားလူတွေကို ရှုံးနိမ့်မှာ မဟုတ်ဘူး။"
"လင်းဖ န်ရက် ၂၀ အတွင်း ပရိသတ် သန်းဆယ်ချီရခဲ့တဲ့ အဓိကအကြောင်းအရင်းကလည်း ဒါပဲလေ။”
"ဘဝရဲ့ပျော်ရွှင်မှု အရမ်း ရေပန်းစားလာရတဲ့ တခြား အကြောင်းအရင်းတွေက မတူညီတဲ့ ဇာတ်ကောင်တွေအပေါ် ကုမ္ပဏီရဲ့ ရွေးချယ်မှုကြောင့်ပဲ။ ရှားဝမ်ချွေ့က ခေါင်းဆောင်မင်းသမီး၊ စုရှောင်းယွီနဲ့ လင်းကျင်းကျင်းတို့အားလုံးက အရေးပါတဲ့ ဇာတ်ပို့နေရာကနေ ပါဝင်ကြတယ်။ ယွဲ့ဟွာရဲ့ ထိပ်တန်းမင်းသား ရှုယန်ကလည်း သူ့ဇာတ်ကောင်နေရာကို ပြောင်မြောက်စွာ သရုပ်ဆောင်သွားခဲ့တယ်။”
"သရုပ်ဆောင်များစွာရဲ့ ကြိုးစားအားထုတ်မှု အထူးသဖြင့် ခေါင်းဆောင်မင်းသား လင်းဖန်ရဲ့ ကြိုးစားမှုကြောင့်ပဲ ဒီရုပ်သံစီးရီးက အရမ်းအောင်မြင်လာခဲ့တာပါ။"
"ပြီးတော့ ဒီရုပ်သံစီးရီးအရမ်းရေပန်းစားလာရတဲ့ အဓိက အကြောင်းအရင်းက အဲ့ဒီအချက်တွေအပြင် တခြား အသေးစိတ်ကျတာတွေလည်း ရှိသေးလို့ပဲ။"
"ဥပမာအားဖြင့် ဒီရုပ်သံဒရမ်မာရဲ့ ရိုက်ကူးရေးနည်းလမ်းနဲ့ ရိုက်ကူးရေးကျွမ်းကျင်မှုတွေက နိုင်ငံတော်ထဲက ပုံမှန် ရိုက်ကူးရေးနည်းလမ်းတွေကို ကျော်လွန်နေတယ်။ လုံးဝ လမ်းသစ်နောက်ကို လိုက်တာပဲ။ ဒီရုပ်ကူးရေးအဖွဲ့သားတွေထဲက ဒါရိုက်တာဖြစ်တဲ့ လုပမ်ခိုင်းကလည်း ဒီရုပ်သံဒရမ်မာ အောင်မြင်ရတဲ့ အကြောင်းအရင်းရဲ့ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေတယ်လို့လည်း ပြောလို့ရပါတယ်။”
"ဒီလို ကောင်းမွန်တဲ့ ရိုက်ကူးရေးနည်းလမ်းတွေ မရှိရင် အကောင်းဆုံးဇာတ်ဝင်ခန်းတွေကို ဖော်ပြနိုင်မှာ မဟုတ်ဘူးလေ။ ဒါရိုက်တာ လုပမ်ခိုင်းက ဒါတွေအားလုံးကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်။”
"ဒါပေါ့ ဒါက အကြောင်းအရင်းတွေထဲက တစ်ခုပဲ ရှိသေးတယ်။ ရုပ်သံဒရမ်မာရဲ့ နောက်ဆက်တွဲ ထုတ်လုပ်ရေးအပိုင်းမှာလည်း ပြီးပြည့်စုံလွန်းပါတယ်။ နောက်ဆက်တွဲ ထုတ်လုပ်ရေးအပိုင်းကို ရွှယ်ခဲ့ရှင်းက ကိုင်တွယ်ခဲ့တယ်။ ရွှယ်ခဲ့ရှင်းကလည်း ဒီရုပ်သံဒရမ်မာရဲ့ နောက်ဆက်တွဲ ထုတ်လုပ်ရေးကို ကိုင်တွယ်တဲ့နေရာမှာ ပညာအထွတ်အထိပ်ကို ရောက်ခဲ့တယ်လို့ ပြောလို့ရတယ်။”
"တတိယက ဘဝရဲ့ပျော်ရွှင်မှုရဲ့ နောက်ခံတီးလုံးနဲ့ ဂီတတွေက ကောင်းမွန်လွန်းတယ်။ ယွဲ့ဟွာက နောက်ခံဂီတွေ ထည့်သွင်းဖို့အတွက် ဆရာမ မိန့်လန်ကို ငှားရမ်းခဲ့တယ်လို့လည်း ပြောကြတယ်။ တစ်ချိန်တည်းမှာာပဲ ယွဲ့ဟွာဖျော်ဖြေရေးက လင်းကျင်းကျင်းနဲ့ တခြား နာမည်ကျော် အသံသရုပ်ဆောင်တွေကို ငှားရမ်းပြီး ဒီဒရမ်မာရဲ့ နောက်ခံအသံသွင်းခြင်းလုပ်ငန်းကို ဆောင်ရွက်စေခဲ့တယ်။”
"အနှစ်ချုပ်အားဖြင့် ဇာတ်ညွှန်းဖြစ်ဖြစ်၊ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်ဖြစ်ဖြစ်၊ နောက်ဆက်တွဲ ထုတ်လုပ်ရေးရဲ့ အသေးစိတ်ပေါင်းစုံပဲဖြစ်ဖြစ်၊ အားလုံးက ဒီရုပ်သံစီးရီးကြီး အောင်မြင်လာဖို့ အထောက်အကူပြုခဲ့ကြတာပါပဲ။"
ရှီးရှောင်ခဲတစ်ယောက် သူမ၏ ရီဗျူးများကို တင်ပြီးနောက် ကောမန့်များစွာလည်း ရောက်ရှိလာပါသည်။ ထို့အပြင် ရှီးရှောင်ခဲ၏ ရုပ်ရှင် ရီဗျူးက အလျင်အမြန်ပဲ ရေပန်းစားလာခဲ့ပါသည်။
"ဟုတ်တယ်၊ ငါလည်း ထောက်ခံတယ်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ အချစ်ရေးဇာတ်ဝင်ခန်းတွေက အရမ်းချိုမြိန်လွန်းတယ်။ ဒီရုပ်သံစီးရီးအတွက် တစ်ခုတည်းသော နှမြောစရာက အချစ်ရေး ဇာတ်ဝင်ခန်း အရမ်းနည်းနေတာပဲ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့သာ တကယ့်အချစ်ရေးဇာတ်ဝင်ခန်းထဲမှာ သရုပ်ဆောင်ရမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ အဲ့တာဆို သူတို့ နေ့တိုင်း အကြင်နာပေးတာကို မြင်ရမယ်..."
"ယွဲ့ဟွာက တကယ်တော်တာပဲ။ သူတို့ တကယ့်ရတနာကို ရှာတွေ့ခဲ့တယ်။ လင်းဖန်လည်း သေချာပေါက် အနာဂတ်မှာ ကြယ်ပွင့် ဖြစ်လာမှာပဲ။ ငါလည်း လင်းဖန်ရဲ့ အမာခံပရိသတ်ပါ။”
ဝေ့ပေါ် ပေါ်တွင် အားလုံးက လင်းဖန်ကို ချီးကျူးနေကြပါသည်။
လင်းဖန်၏ ဝေ့ပေါ် ပရိသတ်များကလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။
ထိုရုပ်ရှင်ရီဗျူးကြောင့် ဒီရုပ်သံဒရမ်မာ ဘာကြောင့် ရေပန်းစားလာသလဲဆိုတာ မသိနိုင်သူများ အကြောင်းရင်းကို နားလည်လာခဲ့ကြပါသည်။
ပြောင်မြောက်သည့် သရုပ်ဆောင်စကေးများ။ အထူးသဖြင့် လင်းဖန်၏ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်မှုတို့က ပြီးပြည့်စုံလွန်းလှပါသည်။
တချို့သရုပ်ဆောင်များကပင် ခေါင်းဆောင် မင်းသားအဖြစ် သရုပ်ဆောင်သည့်အခါ သက်တောင့်သက်သာရှိမည်မဟုတ်ပေ။
ဥပမာအားဖြင့် အနောက်ဘက်သို့ ခရီးနှင်ခြင်း ၁၉၈၆ တည်းဖြတ်ထုတ်ဝေခြင်းတွင် တခြားလူတစ်ယောက်သာဆို စွန်းဝူခုန်းလောက် သရုပ်ဆောင်နိုင်မည် မဟုတ်ပါ။
၁၉၈၆ တည်းဖြတ်ထုတ်ဝေခြင်းတွင်၊ ခက်ခဲကြမ်းတမ်းစွာ အားထုတ်ကြိုးပမ်းပြီးနောက် အနုပညာရှင် မျိုးဆက်ဟောင်းများကသာ ဒီလို အောင်မြင်သည့် ဂန္တဝင်လက်ရာမျိုးကို ဖန်တီးနိုင်ခဲ့သည်။
ထို့အပြင် ခန်းဆောင်နီအိမ်မက်ထဲတွင် လင်းသိုက်ယွီ၏ ဇာတ်ကောင်ပုံစံသွင်းခြင်းက တခြား သာမန်လူများ နှိုင်းယှဥ်လို့ မရနိုင်စရာ ဖြစ်ပါသည်။
လင်းဖန်ကလည်း ဒီလိုသရုပ်ဆောင်မျိုးပင် ဖြစ်ပါသည်။
ရုပ်ရှင်ရီဗျူးအား တင်လိုက်ပြီးနောက် လူပေါင်းစုံ၏ တုန့်ပြန်မှုကို ချက်ချင်းရလိုက်ပါသည်။
အထူးသဖြင့် ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေး အဖွဲ့သားများက ထိုဝေ့ပေါ် ပို့စ်ကို ပြန်လည်မျှဝေကြပါသည်။
တစ်နေ့တည်းမှာပင် ဒါရိုက်တာလုပမ်ခိုင်း၊ ပရိုဂျူဆာလျို့မူ၊ နောက်ဆက်တွဲ ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင် ရွှယ်ခဲ့ရှင်း၊ ဂီတဆရာမ မိန့်လန်နှင့် စူပါစတား လင်းကျင်းကျင်းတို့တောင် တစ်ပြိုင်တည်း ပြောဆိုခဲ့ကြပါသည်။
သူတို့ ဒီလိုကောမန့်များကို မြင်သောအခါ လင်းဖန်အတွက် ဂုဏ်ယူမိပါသည်။
တစ်ချိန်တည်းမှာပင် ဘဝရဲ့ပျော်ရွှင်မှု အလွန်ရေပန်းစားလာမှုအတွက် သူတို့နာမည်ယူလို့ မဖြစ်ကြောင်း နားလည်ကြပါသည်။
ဒါရိုက်တာလုပ်ငန်းကော၊ နောက်ဆက်တွဲထုတ်လုပ်ရေး၏ ဗီဒီယိုများကို ဘယ်လိုတည်းဖြတ်ရမလဲ အပါအဝင် တခြား အသေးစိတ်အားလုံး၊ ဇာတ်ဝင်ခန်းများကို ဘယ်လိုထည့်သွင်းရမမလဲဆိုတာနဲ့ အသံသွင်းခြင်းနှင့် သီချင်းများကိုပါ အားလုံး အံ့သြမှင်သက်မိကြပါသည်။
လင်းဖန်က ထိုကဏ္ဍများအတွက် သူတို့နဲ့ တိုက်ခိုက်ပြီး နာမည်မယူခဲ့ပါ။ သို့သော်လည်း ဘဝရဲ့ပျော်ရွှင်မှု လက်ရှိအဆင့်ထိ ရောက်ရှိလာဖို့အတွက် ထိုအသေးစိတ်အားလုံးကို လင်းဖန်မပါဘဲ မလုပ်နိုင်ကြောင်း အားလုံး နားလည်ကြပါသည်။