← Chapters

အခန်း(၁၁၄) ငါ့သား ရှားဝမ်ချွေ့ကို မြန်မြန် ပိုးပမ်းပါ

Vol. 8 Ch. 114

အခန်း(၁၁၄) ငါ့သား ရှားဝမ်ချွေ့ကို မြန်မြန် ပိုးပမ်းပါ

Vol. 8 Ch. 114

အခန်း(၁၁၄) ငါ့သား ရှားဝမ်ချွေ့ကို မြန်မြန် ပိုးပမ်းပါ

ယွဲ့ဟွာ ဖျော်ဖြေရေးတွင်။

လင်းဖန် ရုံးခန်းထဲတွင် အလုပ်လုပ်နေစဥ် ကောင်မလေးတစ်ယောက်က ရှက်သွေးဖြာကာ တံခါးကို ခေါက်လိုက်ပါသည်။

"ဝင်ခဲ့ပါ" လင်းဖန်က ပြောလိုက်သည်။

တံခါးဖွင့်လိုက်သည့်လူက အသက် ၂၀ ဝန်းကျင်အရွယ် ကြည့်ကောင်းသည့် ကောင်မလေးတစ်ယောက် ဖြစ်ပါသည်။ ကောင်မလေးက တံခါးဝနားတွင် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်နေသည်။ "မင်္ဂလာပါ ကျွန်မနာမည်က လင်းချမ့်ဝေပါ။ ကျွန်မက ရှင့်ရဲ့ မန်နေဂျာ ဖြစ်သွားပါပြီ။ အခုကစပြီး ရှင့်ရဲ့ အလုပ်နဲ့ နေ့စဥ်ဘဝအတွက် ကျွန်မ တာဝန်ယူရမှာပါ။" လင်းချမ့်ဝေက ဦးညွှတ်လိုက်ပါသည်။

ရင့်ကျက်သည့် အနုပညာရှင်တစ်ယောက်၏ ဘေးနားတွင် မန်နေဂျာတစ်ယောက်တော့ ရှိသင့်သည်။ ပြဿနာများသည့် ကိစ္စများကိုလည်း မန်နေဂျာက စောင့်ကြည့်ပြီး ဖြေရှင်းပေးသွားမည်ဖြစ်ပါသည်။

လင်းဖန်ကို ဆက်သွယ်ချင်သော ကုမ္ပဏီများစွာ ရှိနေသဖြင့် ယွဲ့ဟွာက သူ့မန်နေဂျာလုပ်ဖို့ မိန်းမလှလေးတစ်ယောက်ကို စီစဥ်ပေးခဲ့ပါသည်။

"ကောင်းပါပြီ" လင်းဖန်က လင်းချမ့်ဝေကို ပြန်ပင်မကြည့်ဘဲ ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်ပါသည်။

ကုမ္ပဏီက သူ့မန်နေဂျာလုပ်ဖို့ မိန်းမလှလေးတစ်ယောက် စီစဥ်ပေးထားသော်လည်း လင်းဖန် ဘာမှမခံစားရပါ။ အရင်ကတည်းက မိန်းမလှလေးများစွာကို မြင်ဖူးပါသည်။

မန်နေဂျာ၏ အလုပ်က လင်းဖန်၏ တခြား ကိစ္စများကို ဖြေရှင်းပေးဖို့ ဖြစ်သည်။

မန်နေဂျာ ဘယ်လောက်လှသလဲဆိုတာကတော့ မျက်စိကျစရာဖြစ်ပါသည်။ လင်းဖန်က စိတ်မဝင်စားဘဲ မန်နေဂျာကိုလည်း အခွင့်အရေးယူမည်မဟုတ်ပေ။

"ကျေးဇူးတင်ပါတယ်။ ကျွန်မ မန်နေဂျာကောင်းတစ်ယောက်ဖြစ်လာအောင် အကောင်းဆုံး ကြိုးစားပါ့မယ်။” လင်းချမ့်ဝေက တည်တံ့စွာ ပြန်ပြောလိုက်ပါသည်။ သူမ၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သူမ၏ ဘော့စ်က တကယ်ပဲ ချောမောပါသည်။ သူမ လင်းဖန်၏ မန်နေဂျာဖြစ်လာပြီဆိုတော့ လင်းဖန်က သူမ၏ ဘော့စ်ဟူသည့် သဘောပင်။ လင်းဖန်က သူမ၏ နေရာကို အချိန်မရွေး လူလဲလိုက်နိုင်ပါသည်။

သူမ၏ လစာကိုတောင် လင်းဖန်က ပေးမည်ဖြစ်သည်။

"ကျွန်တော့်မန်နေဂျာလုပ်လို့ရပါတယ်။ တချို့ကိစ္စတွေကို အားကိုးမယ်နော်။"

"ပထမဆုံး ကျွန်တော့်ကို သရုပ်ဆောင်လုပ်ဖို့အတွက် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုက ကမ်းလှမ်းလာရင် သရုပ်ဆောင်ကြေး ဘယ်လောက်နဲ့ပဲ ကမ်းလှမ်းပါစေ ငြင်းလိုက်ပါ။ ကျွန်တော့်ဇာတ်ညွှန်းတွေကို ရိုက်တဲ့ ဒရမ်မာတွေထဲမှာပဲ ပါဝင်မယ်။”

"ဒုတိယအနေနဲ့ လောလောဆယ်အတွက် ထောက်ခံချက်တွေနဲ့ ကြော်ငြာတွေကို လက်မခံသေးဘူး။ တဖက်လူက ဘယ်လောက်ပဲ ပေးပါစေ အားလုံးကို ငြင်းလိုက်ပါ။”

"တတိယက လက်ရှိ ကျွန်တော့်လက်ထဲမှာ ဇာတ်ညွှန်းနှစ်ခုရှိတယ်။ တစ်ခုက ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲ ဖြစ်ပြီး နောက်တစ်ခုက ဓားနှင့်နတ်သမီး၏ဒဏ္ဍာရီလို့ ခေါ်တယ်။ အခု နှစ်ခုစလုံး ပြီးခါနီးနေပြီ။ ပြီးသွားတာနဲ့ ဘယ်ဖျော်ဖြေရေးကုမ္ပဏီနဲ့ ပူးပေါင်းပူးပေါင်း အဆင်ပြေတယ်။ ဒါပေမယ့် တောင်းဆိုစရာ တစ်ခုတော့ ရှိတယ်။ ဇာတ်ညွှန်းထဲမှာ ပါဝင်မယ့် သရုပ်ဆောင်တွေကို ကျွန်တော်ပဲ ဆုံးဖြတ်နိုင်ရမယ်။”

"စတုတ္ထအနေနဲ့ တချို့ရှုပ်ထွေးတဲ့ အလုပ်တွေကို ခင်ဗျားကို တာဝန်ပေးထားမယ်။ လိုအပ်ချက်တွေကတော့ မခက်ပါဘူး။ ပုံမှန်အတိုင်းလေးပဲ လုပ်သွားဖို့ လိုတယ်။”

"ပဉ္စမအချက်က ကျွန်တော် တက်ရောက်ဖို့ လိုအပ်တဲ့ ပွဲတော်တွေ ဘာတွေရှိရင် ကြိုတင်အသိပေးပါ။ ကျွန်တော်တက်ရောက်ဖို့ အချိန်ယူရမှာမို့လို့ပါ။"

လင်းဖန်က လင်းချမ့်ဝေကို ကြည့်ကာ ပြုံးလိုက်ပါသည်။

သူ့မန်နေဂျာအဖြစ် လုပ်ငန်းအများကြီးမရှိသော်လည်း ကိစ္စများစွာကို ရင်ဆိုင်ရကာ လွယ်မှာတော့ မဟုတ်ပါ။

"အစ်ကိုလင်းဖန် ကျွန်မနားလည်ပါပြီ။" လင်းချမ့်ဝေက အတည်ပေါက် ခေါင်းငြိမ့်လိုက်ပါသည်။

"မင်းဘွဲ့ရထားတာ သိပ်မကြာသေးဘူးလား။" လင်းဖန်က မေးလိုက်သည်။ လင်းချမ့်ဝေက နှုတ်ခမ်းစူကာ ခေါင်းငြိမ့်လိုက်သည်။

"အစ်ကိုလင်းဖန် ကျွန်မကြိုးစားလေ့လာပြီး အရည်အချင်းပြည့်မှီတဲ့ မန်နေဂျာတစ်ယောက် ဖြစ်အောင် ကြိုးစားပါ့မယ်။”

လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။ "လစာ ယွမ် ၃၀,၀၀၀ ပေးပါ့မယ်။ နှစ်ကုန်ဘောနပ်စ်လည်း ရမယ်။ မင်းကြိုးစားရင် လစာတောင် တိုးနိုင်တယ်။ ခက်တော့ ခက်ခဲမှာပေါ့။”

လင်းချမ့်ဝေ၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ "ယွမ် ၃၀,၀၀၀ ဟုတ်လား။ တခြား နာမည်ကျော်တွေရဲ့ မန်နေဂျာတွေကတောင် တစ်လ ယွမ် ၆,၀၀၀ - ၇,၀၀၀ ပဲ ရကြတာလို့ ကြားတယ်။ ဘာလို့ ကျွန်မ အဲ့လောက် လစာ အများကြီး ယူနိုင်မှာလဲ။”

လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ "ငါနဲ့ဆို မင်းလစာမြင့်မြင့်ရနိုင်တယ်။ ပြီးတော့ တစ်လကို ယွမ် ၃၀,၀၀၀ က အများကြီး မဟုတ်ဘူး။ ဒီလို လစာမြင့်မြင့်မျိုးကို ရနိုင်ဖို့ ကြိုးစားရမှာပေါ့။ ကြိုးစားပါ။”

လင်းချမ့်ဝေက ခေါင်းငြိမ့်လိုက်ပါသည်။ "နားလည်ပါပြီ။”

လင်းချမ့်ဝေ တက္ကသိုလ်က ဘွဲ့ရထားတာ မကြာသေးသော်လည်း သူမ၏ အလုပ်အကိုင် အရည်အချင်းက မဆိုးလှပါ။

လင်းဖန်၏ မန်နေဂျာအဖြစ် တာဝန် စတင်ထမ်းဆောင်ပြီးနောက် ကိစ္စများစွာကို ဖြေရှင်းဖို့ သူ့ကို ကူညီပေးခဲ့ပါသည်။

လင်းဖန်က အများကြီး ပိုမို သက်သာလာသည်။

လင်းဖန် အိမ်မှာ အနားယူနေတုန်း သူ့အမေဆီက ဖုန်းဝင်လာပါသည်။

"သား နင့်ရုပ်သံစီးရီးကို မြင်ပြီးသွားပြီ။ ငါ့သား သရုပ်ဆောင်ကောင်းလှချည်လား။ နင့်အဖေ ဘယ်လောက်ပျော်နေလဲ သိလား။ ငါ့သားက အခုဆို ကြယ်ပွင့်ကြီးဖြစ်နေပြီပဲ။" လင်းဖန်၏ အမေက ပြောလိုက်ပါသည်။

"အမေ ကျွန်တော် ဒီတိုင်း ရုပ်သံဒရမ်မာထဲ ပါတာပါ။ ကျွန်တော့်အကြောင်း ကြွားစရာ မလိုပါဘူး။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"သား အလုပ်ကို အလွန်အကျွံလုပ်ပြီး မပင်ပန်းစေနဲ့နော်။ နှစ်ရက်အတွင်း နင်စားဖို့ တစ်ခုခု အမေ ပို့ပေးလိုက်မယ်။ အားလုံး အိမ်မှာ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေချည်းပဲ။ စားရတာ ဘေးကင်းတယ်။" လင်းဖန်၏ အမေက ပြုံးကာ ပြောလိုက်ပါသည်။ သူမ လင်းဖန်အတွက် ဂုဏ်ယူနေတာ သိသာပါသည်။

"ဟုတ်ပါပြီ။" လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။

လင်းဖန်၏ အမေက ဆက်ပြောလိုက်၏။ "သား နင့်အတွက် ဘလိုင်းဒိတ်တွေ ဆက်စီစဥ်ပေးဖို့ မလိုတော့ဘူး မဟုတ်လား။ အမေ့အမြင်မှာတော့ ရှားဝမ်ချွေ့က အရမ်းတော်တယ်။ ရှားဝမ်ချွေ့က ကြယ်ပွင့်လည်းဖြစ်ပြီး လှလည်းလှတယ်။ သူ့ကိုပိုးပန်းလိုက်ပြီး အိမ်ပြန်ခေါ်လာခဲ့။ ပြီးရင် အမြန်ဆုံး လက်ထပ်လိုက်တော့။”

လင်းဖန်က ခါးသက်စွာ ပြုံးလိုက်ပါသည်။ "အမေ ဘာမှတောင် မဖြစ်သေးဘူး။ ကျွန်တော် သူ့ကို ပိုးပန်းဖို့ လွယ်ပါ့မလား။”

လင်းဖန်၏ အမေက ပြန်ပြေလိုက်ပါသည်။ "နင် သူ့ကို နမ်းတောင် နမ်းပြီးသွားပြီ မဟုတ်ဘူးလား။ ဝမ်ချွေ့နဲ့ ဆက်ဆံရေးကို ပျိုးထောင်ရမယ်နော်။ သူက အရမ်းတော်တဲ့ မိန်းကလေးပဲ။ ဒီလိုမိန်းကလေးကို တခြားသူတွေ လက်ထဲအရောက်မခံနဲ့။”

လင်းဖန် အနည်းငယ် စိတ်ညစ်သွားပါသည်။ သူဖုန်းဆက်လိုက်တိုင်း သူ့အမေက သူ့ကို ကောင်မလေးရှာခိုင်းနေသည်။

ကောင်မလေးတစ်ယောက်ရှာဖို့ ဒီလောက်လွယ်ကူပါ့မလား။ လင်းဖန် အခု တင်တောင်းနိုင်ပြီဖြစ်သော်လည်း ရှားဝမ်ချွေ့နဲ့ ဒီလိုသာ အတူတူ တွဲလိုက်ပါက အနာဂတ်မှာ တကျော့ပြန်လာနိုင်မှာ မဟုတ်တော့ပေ။

အနည်းဆုံးတော့ ရှားဝမ်ချွေ့ကို မပိုးပန်းခင် သူမထက် ချမ်းသာအောင် အရင် လုပ်ရမည်။ ဒီလိုမှ နောက်ပိုင်း သူမကို အနိုင်ယူနိုင်မည်ဖြစ်ပါသည်။

လင်းဖန်၏ အမေက ဆက်ပြောသည်။ "နင့်ကို အတင်းမခိုင်းတော့ပါဘူး။ ဒီနေ့ အရေးတကြီး ပြောစရာရှိလို့ ငါနင့်ကို ဖုန်းဆက်လိုက်တာ။ ရှင့်ညီမက နွေရာသီအားလပ်ရက်မှာ နင့်ဆီ လာလည်ချင်လို့တဲ့။ နင်သူ့ကို သွားကြိုရမယ်။”

လင်းဖန် ဒါကိုကြားတော့ ခေါင်းငြိမ့်လိုက်ပါသည်။  "ရပါတယ်။ ကျွန်တော့်ညီမလေးပဲ။ တက္ကသိုလ်မှာ သူ ဘယ်လိုနေလဲ။”

လင်းဖန်၏ အမေက ထိုစကားကိုကြားသောအခါ ပျော်ရွှင်စွာ ပြုံးလိုက်ပါသည်။ "နင့်ညီမက အဆင့်မှာတော့ နံပါတ်တစ်ပဲ။ နိုင်ငံတော် ပညာသင်ဆု ရသွားတယ်။ အရမ်းတော်တာပဲ။”

လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ "ကျွန်တော့်ညီမလေး ဒီလောက်တောင် တော်နေပြီလား။ အမေ ကျွန်တော် သူ့ကို ဆက်သွယ်ပြီး လေဆိပ်မှာ သွားကြိုလိုက်မယ်။”

ဖုန်းချပြီးနောက် လင်းဖန်ထံသို့ ဝီချက် မက်ဆေ့ချ်ဝင်လာခဲ့ပါသည်။

သူ့ညီမအရင်း လင်းယွီရှစ်ထံမှဖြစ်သည်။ သူမက တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူဖြစ်ကာ စာလည်းတော်သည်။ စရိုက်ကောင်းသည်။ ပညာတတ်ကာ အကျိုးသင့်အကြောင်းသင့် စဥ်းစားတတ်သည်။ ရုပ်ဆင်းသွင်ပြင်အရလည်း ၁၀ မှတ်တွင် ၉ မှတ်လောက်အထိ လှပသူ ဖြစ်ပါသည်။

လင်းယွီရှစ် "အစ်ကို ငါဒီနေ့ ရှန်ဟိုင်းလာမှာ။ ငါ ရောက်တောင်ရောက်နေပြီ။ နင့်လိပ်စာပို့ပေး။ ဒီနေ့နင်နဲ့လာနေမှာ။ အစ်ကို နင်အခု နာမည်ကြီးဖြစ်နေပြီဆို။ ငါနင့်ကို ဖားမှာနော်~။”

လင်းဖန်"ဟုတ်ပါပြီ၊ ကိစ္စမရှိဘူး။ နင်လာရင် အိမ်အကြီးကြီးမှာ နေခွင့်ပေးမယ်။”

လင်းယွီရှစ် "အင်းပါ အင်းပါ။ ငါနေဖို့ အိမ်အကြီးကြီးရှိတယ်ပေါ့။ သြော် ဟုတ်သားပဲ၊ ငါနဲ့အတူ သူငယ်ချင်း နည်းနည်းပါလာလို့ တစ်ရက်လောက် ရှန်ဟိုင်းမှာ နေကြလိမ့်မယ်။ နင့်အိမ်မှာ အားလုံးနေလို့ရပါ့မလား။”

လင်းဖန် "ရတာပေါ့။ ဒါပေမယ့် ငါအလုပ်မှာပဲ ရှိသေးလို့ နင်တို့ကို လာကြိုဖို့ အချိန်မရှိဘူး။ ငါ လိပ်စာပေးလိုက်မယ်။ လှိုင်းပြာပင်လယ်အော်တဲ့။ အဲ့နယ်မြေဝင်ပေါက်မှာ စောင့်နေချေ။”

လင်းယွီရှစ် "ဟုတ်ပြီ~ ငါ့အစ်ကိုကြီးက အချောဆုံး။ပဲ"

လင်းယွီရှစ်က လေဆိပ်တွင် အတန်းဖော်တချို့နဲ့ ရောက်နေပါပြီ။

လင်းဖန်၏ အိမ်က ထင်သလောက်ကြီးပါ့မလား လင်းယွီရှစ် စိတ်ပူနေဆဲဖြစ်သည်။ မကြီးပါက သူမ၏ အတန်းဖော်များကို ဟိုတယ်တွင်သာ နေခိုင်းရမည်။

ဒီအချိန်တောအတွင်း လင်းဖန်က အလွန်အလုပ်များနေပြီး သူ့မိသားစုကို ဆက်သွယ်ဖို့ အချိန်မရှိခဲ့ပါ။

သူ့ညီမ လင်းယွီရှစ်တောင် လင်းဖန် ဘယ်မှာနေသလဲ ဘာကားမောင်းသလဲ မသိရပေ။

"ငါ့အစ်ကိုက ကြယ်ပွင့်ကြီး ဖြစ်ပေမယ့် ရုပ်သံဒရမ်မာမှာ သရုပ်ဆောင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲလေ။ ဘယ်လိုလုပ်ပြီး ရှန်ဟိုင်းက အိမ်ကို အလွယ်လေး ဝယ်နိုင်သွားတာလဲ။”

"ဒါပေမယ့် ရပါတယ်လေ။ ငါ့အစ်ကိုကြီးကို မတွေ့တာ နှစ်ဝက်လောက် ရှိနေပြီပဲ။ အစ်ကိုကြီးရေ ငါလာပြီဟေ့~" လင်းယွီရှစ်က အနည်းငယ် ရွှင်မြူးနေပါသည်။

လင်းဖန် ဘယ်လိုအိမ်မှာပဲ နေနေ အရေးမကြီးပါ။ အရေးကြီးတာက သူမ၏ အတန်းဖော်များကို သူမ အစ်ကိကြီးအား ပြနိုင်ဖို့ဖြစ်ပါသည်။

လင်းယွီရှစ်က အလွန်ဂုဏ်ယူနေသည်။

သူမမှာ လင်းဖန်လို ရုပ်ချောချော အစ်ကိုကြီး ရှိနေသောကြောင့်ဖြစ်ပါသည်။

All Chapters