အခန်း(၁၁၅) စူပါစတားလင်းဖန်
Vol. 8 Ch. 115
အခန်း(၁၁၅) စူပါစတားလင်းဖန်
ရှန်ဟိုင်းလေဆိပ်တွင်။
ကောင်မလေးတချို့ အတူတူ လမ်းလျှောက်လာကြသည်။ အားလုံးက ငယ်ရွယ် အလှပဂေးလေးများပင်။ အများစုက အသက် ၁၉ - ၂၀ ကောင်မလေးများဖြစ်ကြ၏။
ထိုကောင်မလေးများအားလုံးက ကြည့်ကောင်းပြီး လင်းယွီရှစ်က အလှဆုံးတစ်ယောက် ဖြစ်ပါသည်။
သို့သော်လည်း ထိုကောင်မလေးများက လင်းယွီရှစ်၏ အစ်ကို ဘယ်သူမှန်း မသိကြသေးပါ။
"ငါ့အစ်ကိုရဲ့အိမ်မှာ ဒီနေ့ည အိပ်ကြရအောင်။ ဟိုတယ်မှာ အိပ်မယ့် ပိုက်ဆံကို ခြွေတာလို့ ရတာပေါ့။ ဘယ်လိုသဘောရလဲ။”
"လင်းယွီရှစ် နင်က အရမ်းလှတော့ နင့်အစ်ကိုကကော အရမ်းချောမှာပဲနော်။ သူ့နာမည် ဘယ်လိုခေါ်လဲ။” ဟွမ်းဟွေ့လင်း အမည်ရသော ကောင်မလေးတစ်ယောက်က မေးလိုက်ပါသည်။
"လင်းယွီရှစ် ငါတို့က လေးယောက်တောင်။ နင့်အစ်ကိုရဲ့အိမ်မှာ အကုန်သွားနေရင် အခန်းလောက်ပါ့မလား။ ရှန်ဟိုင်းက အိမ်စျေးတွေက မြင့်လွန်းတယ်။ သာမန်လူတွေဆို ဒီက အိမ်တွေကို မတတ်နိုင်ကြဘူး။။” လင်းချမ့်ချမ့် ဟူသော ကောင်မလေးကလည်း ပြောလိုက်ပါသည်။
လင်းချမ့်ချမ့်မှာ ကောင်မလေး ၄ယောက်ထဲတွင် မိတ်ကပ်လိမ်းပြီး လှပစွာ ဝတ်ဆင်ထားသော တစ်ယောက်တည်းသောလူ ဖြစ်ပါသည်။ သူမက ဘောင်းဘီတိုများ ဝတ်ဆင်ထားပြီး သူမ အလွန်ချမ်းသာတာကို မကြာခဏ ကြွားဝါတတ်သူ ဖြစ်ပါသည်။ သူမတွင် ဒုတိယမျိုးဆက်သူဌေးသား ရည်းစားတစ်ယောက်ရှိသည်ဟု ဆိုသည်။
"ဟူး ငါ့အစ်ကို ဒီမှာမရှိတာ ရင်နာတယ်။ သူသာ အိမ်မှာရှိရင် ငါတို့ ငါ့အစ်ကိုအိမ်မှာနေလို့ရလောက်တယ်။" လင်းချမ့်ချမ့်က ပြောလိုက်ပါသည်။
"နင့်အစ်ကိုအိမ်က ဘယ်လောက်ကြီးလို့လဲ။" လင်းယွီရှစ်က မျက်တောင်ခတ်ရင်း မေးလိုက်ပါသည်။
"၄၀၀ စတုရန်းမီတာကျော်တယ်။ ရှန်ဟိုင်းမြို့ပြင်မှာ။ အများကြီးမဟုတ်ပေမယ့် အိမ်က ယွမ် ၇ သန်း ၈ သန်းလောက်တော့ တန်ပါတယ်။ မဆိုးပါဘူး။" လင်းချမ့်ချမ့်က ပြောလိုက်ပါသည်။
"ဝိုး ရှန်ဟိုင်းမြို့မှာ ၄၀၀ စတုရန်းမီတာ ကျယ်တဲ့ အိမ်တစ်လုံး ပိုင်တယ်ပေါ့။ ပြီးတော့ ယွမ် ၇ သန်း ၈သန်းတောင်လား။”ဟွမ်းဟွေ့လင်းက အံ့သြသွားသည်။
"ဟုတ်တယ်။ လင်းယွီရှစ်အစ်ကိုရဲ့ အိမ်က ဒီလောက်ကြီးရင် ကောင်းတာပေါ့။ ကံမကောင်းစွာနဲ့ မဖြစ်နိုင်ပါဘူး။ ယွီရှစ်ရဲ့မိသားစုက နည်းနည်းမပြည့်စုံဘူးလေ။ သူ့မိသားစုက ရွာမှာ တိုက်ခန်းနဲ့နေတာ။ သူ့အစ်ကိုဘယ်လောက်ပဲ တော်ပါစေ ခက်မယ်ထင်တယ်။ ငှားထားတဲ့အိမ်တောင် ဖြစ်နိုင်တယ်။” လင်းချမ့်ချမ့်က တမင်သက်သက် သက်ပြင်းချလိုက်ပါသည်။ မိန်းကလေးများအကြား ရန်ပွဲများ ရှိသော်လည်း အပြင်ပိုင်းမှာ ထုတ်မပြကြပါ။
သူမ၏ စကားလုံးများက မရည်ရွယ်သလို ဖြစ်သော်လည်း တကယ်တမ်း လင်းယွီရှစ်ကို အထင်သေးနေခြင်းဖြစ်မှန်း သိသာပါသည်။
"ဘာ လင်းယွီရှစ် နင့်အစ်ကိုက ရှန်ဟိုင်းမှာ အိမ်တစ်လုံး ငှားထားတာလား။ ပင်ပန်းမှာပဲ။ သူ ဘာအလုပ်လုပ်လဲ။” ဟွမ်းထျန်ဟူသော ကောင်မလေးတစ်ယောက်က မေးလိုက်ပါသည်။
"၂၀ စတုရန်းမီတာလောက်ရှိတဲ့ စားသောက်ဆိုင်ငယ်လေးတစ်ဆိုင်ဖွင့်ပြီး ကိုယ်ပိုင်လုပ်ငန်း ဖွင့်ထားတာ သိပ်မကြာသေးဘူး။ ငါ့အစ်ကိုက အရသာရှိတာတွေ ချက်ပြုတ်နိုင်တယ်လေ။" လင်းယွီရှစ်က ပြောလိုက်ပါသည်။ လင်းဖန်၏ စူပါစတားဟူသော သရုပ်မှန်ကို မဖော်သေးပါ။
"၂၀ စတုရန်းမီတာ ဟုတ်လား။ စားသောက်ဆိုင်က သေးလိုက်တာ။ ရှန်ဟိုင်းမှာ အဲ့လိုစားသောက်ဆိုင်မျိုး မရှိလောက်ဘူးလို့ ထင်နေတာ။" လင်းချမ့်ချမ့်က ဆက်ပြောလိုက်ပါသည်။
ထိုစကားကိုကြားသောအခါ လင်းယွီရှစ် အနည်းငယ် ခံရခက်သွားသော်လည်း လင်းချမ့်ချမ့် ပြောတာ မှန်ပါသည်။
တက္ကသိုလ်မှ ဘွဲ့ရပြီး ၃ နှစ်အကြာတွင် လင်းဖန် ရှန်ဟိုင်းမြို့၌ အလုပ်ကြိုးစားခဲ့ပါသည်။ ဝတ္ထုရေးတာကလွဲပြီး သူ နာမည် မရခဲ့ပါ။
စတုရန်းမီတာ ၂၀ ကျော်လောက်သာ ရှိသည့် စားသောက်ဆိုင်ငယ်တစ်ဆိုင်ကို သူ့ဆွေမျိုးများက စျေးလျှော့ကာ ငှားရမ်းပေးခဲ့သည်။
"ရပါတယ်။ ငှားထားတဲ့ အိမ်ဆိုရင်တောင် အားလုံး တစ်ညလောက်တော့ နေလို့ရမှာပါ။ ငါ့အစ်ကိုက အိမ်ကြီးက အကြီးကြီးလို့ ပြောသွားတယ်။" လင်းယွီရှစ်က ပြောလိုက်ပါသည်။
"ဟုတ်ပါပြီ။ ဒါဆိုလည်း တစ်ညပဲ နေကြတာပေါ့။ ဒါပေမယ့် တစ်ညပဲနော်။ မနက်ဖြန် လျှောက်လည်ကြမယ်။ နင့်အစ်ကိုနဲ့ အချိန်များများ ဖြုန်းလိုက်ဦး။" လင်းချမ့်ချမ့်က ပြောလိုက်ပါသည်။
သူတို့ လင်းဖန်အိမ်မှာ မနေချင်ကြပါ။ သူတို့အတွက် လင်းဖန်အိမ်က မကြီးလှပေ။ ငှားထားတဲ့ အိမ်တစ်လုံးက လူငါးယောက်စာ ဆန့်နိုင်ပါ့လား။
ထိုကောင်မလေးများကလည်း တစ်ညလောက်သာနေပြီး လင်းယွီရှစ်၏ အစ်ကိုကို မနှောင့်ယှက်ဖို့ ဆုံးဖြတ်ထားပါသည်။
"ဟီးဟီး အေးပါ။" လင်းယွီရှစ်က ခေါင်းငြိမ့်လိုက်သည်။
"နင့်အစ်ကို ငါတို့ကို လာမကြိုဘူးလား။ ရပါတယ်။ ငါတို့ ကားငှားသွားရအောင်။ ကားတစ်စီးဝယ်ဖို့ဆိုတာ လွယ်မှမလွယ်တာ။" လင်းချမ့်ချမ့်က ပြောလိုက်ပါသည်။
တက္ကစီထဲတွင် ကောင်မလေးများ ထိုင်လိုက်ကြပါသည်။
ဟွမ်းဟွေ့လင်းက ပြောလိုက်သည်။ "နင်တို့တွေ နောက်ဆုံးထွက် ရုပ်သံဒရမ်မာကို ကြည့်ပြီးသွားကြပြီလား။ ဘဝရဲ့ပျော်ရွှင်မှုအတွက် ခေါင်းဆောင်မင်းသားက လင်းဖန်တဲ့။ သူက အရမ်းချောပြီး လူသစ်တစ်ယောက်တဲ့။ သရုပ်ဆောင်လည်း ကောင်းချက်။”
လင်းချမ့်ချမ့်ကလည်း ခေါင်းငြိမ့်ကာ အားကျစွာဖြင့် ပြောလိုက်ပါသည်။ "ငါလည်း လင်းဖန်ရဲ့ ပရိသတ်ပဲ။ လင်းဖန်က ကြယ်ပွင့်ကြီးနော်။ သူနဲ့ ရှားဝမ်ချွေ့တို့ရဲ့ အကြင်နာပေးခန်းက ချိုမြိန်လွန်းတယ်။ ငါ မနာလိုလိုက်တာ။ ဒီလောက်ချောတဲ့လူမျိုးရှိနေရတယ်လို့။ ငါတို့လင်းဖန်ကို အပြင်မှာ မတွေ့ရတာ နှမြောစရာပဲ။”
ဟွမ်းထျန်ကလည်း ဝင်ပြောသည်။ "ကြယ်ပွင့်တစ်ယောက်ကို တွေ့ဖို့က လွယ်မလားဟဲ့။ ငါတို့တစ်သက်လုံး ဒီလိုနာမည်ကျော်မျိုး တွေ့တောင် တွေ့နိုင်မှာ မဟုတ်ဘူး။ လင်းဖန်က အချက်အပြုတ်လည်း ကောင်းတယ်လို့ကြားမိတယ်။”
လင်းယွီရှစ်က ပြုံးသာ ပြုံးနေပြီး ဘာမှဝင်မပြောခဲ့ပါ။
သူမအစ်ကိုက ဒီလောက်တောင် တော်ပါသည်။
တက္ကစီဒရိုင်ဘာက လှိုင်းပြာပင်လယ်အော်အိမ်ရာဝင်ပေါက်တွင် ကားကိုရပ်လိုက်ပါသည်။
ကောင်မလေးများ ကားပေါ်က ဆင်းလာသောအခါ သူတို့ ဇဝေဇဝါဖြစ်ကုန်ကြပါသည်။
ဒါက အဆင့်မြင့်အိမ်ရာကြီးနဲ့ တူနေပါသည်။ ရှန်ဟိုင်း၏ အဆင့်မြင့်ရပ်ကွက်များတွင် မယုံနိုင်စရာကောင်းသော အိမ်စျေးနှုန်းများ ရှိကြပါသည်။ လင်းချမ့်ချမ့်တစ်ယောက် အိမ်ရာ၏ အမည်ကို မြင်လိုက်တော့ အံ့အားသင့်သွားရပါသည်။ "ဘုရားရေ ဒါ ရှန်ဟိုင်းရဲ့ လှိုင်းပြာပင်လယ်အော်အိမ်ရာပဲ။ တကယ့် အဆင့်မြင့်အိမ်ရာပဲ။ ဒီက ပျမ်းမျှအိမ်စျေးက အနည်းဆုံး ယွမ် ၁၀၀,၀၀၀ လောက် ရှိတယ်။ ငါတို့ နေရာမှားပြီးရောက်လာတာတော့ မဟုတ်ပါဘူးနော်။ လင်းယွီရှစ် နင့်အစ်ကိုက ဒီမှာ တကယ်နေတာလား။မဖြစ်နိုင်ဘူးနော်။”
ဟွမ်းဟွေ့လင်းကလည်း ဆက်ပြောသည်။ "ဒီက အိမ်စျေးတွေက ၁ စတုရန်းမီတာကို ယွမ် ၁၀၀,၀၀၀ ရှိတယ်။ ငါစိတ်ကူးထဲတောင် မထည့်ရဲဘူး။ ငါတို့ဒီဘဝတော့ ဒီက အိမ်တစ်လုံးကို ဝယ်နိုင်မှာ မဟုတ်ဘူး။ လှိုင်းပြာပင်လယ်အော်က ဗီလာတွေ အများကြီးရှိတဲ့ အဆင့်မြင့်အိမ်ရာကြီးတစ်ခုပဲလေ။”
လင်းယွီရှစ်လည်း ခဏလောက် ဆွံ့အသွားပါသည်။ သူမလည်း အနည်းငယ် ဇဝေဇဝါဖြစ်နေသည်။ သို့သော် လင်းဖန်ကို သူမ ယုံကြည်ပါသည်။
လင်းဖန်၏ လုပ်ငန်းမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သိပ်ပြီး အဆင်မပြေတာကို သူမသိသည်။ တကယ်တော့ လင်းဖန်ကို သူမ ကျေးဇူးးတင်ပါသည်။ သူမ တက္ကသိုလ်တက်နေစဥ် လင်းဖန်က လတိုင်း သူမကို နေစရိတ်စားစရိတ်များ ပို့ပေးလေ့ရှိသည်။
လင်းဖန် အခု ကြယ်ပွင့်ကြီး ဖြစ်နေရင်တောင် သူ့ပထမဆုံး ရုပ်သံဒရမ်မာကို ရိုက်ကူးပြီးရုံသာ ရှိပါသေးသည်။ အများဆုံး လစာ ယွမ်သန်းအနည်းငယ်သာ ရလောက်သည်။ လင်းဖန်က တကယ့် နာမည်ကျော်ကြီး ဖြစ်မလာသေးသရွေ့ သူ့လစာက အများဆုံး သန်းဆယ်ချီလောက်သာ ရနိုင်မည်။
ရှန်ဟိုင်း၏ လှိုင်းပြာပင်လယ်အော်အိမ်ရာတွင် ယွမ်သန်းအနည်းငယ်လောက်နဲ့ အဆင့်မြင့်အိမ်တစ်လုံး ဝယ်ယူဖို့ မဖြစ်နိုင်ပါ။
ထို့အပြင် လှိုင်းပြာပင်လယ်အော်အိမ်ရာ၏ အိမ်ပိုင်ရှင်များက ၎င်းတို့၏ အိမ်များကို တခြားလူများအား မငှားတတ်ပါ။ အိမ်ငှားခက မတရား မြင့်မားသောကြောင့် ဖြစ်ပါသည်။
ထိုအချိန်တွင် အဝေးမှ Rolls-Royce Cullinan ကားတစ်စီး မောင်းနှင်လာသည်။
Rolls-Royce Cullinan ကားကြီးက ယွမ် ၆.၈ သန်းတန် ဇိမ်ခံကားတစ်စီး ဖြစ်ပါသည်။
"ဝိုး Rolls-Royce Cullinan SUV တစ်စီးပါလား။ ဒီလိုဇိမ်ခံကားကြီးမျိုးနဲ့ တကယ်ပဲ လှိုင်းပြာပင်လယ်အော်အိမ်ရာက လူတွေအားလုံးက ချမ်းသာကြတာပဲ။”
"လင်းယွီရှစ် နင့်အစ်ကိုက ဒီမှာ တကယ်နေတာ ဟုတ်ပါ့မလား။ ငါတို့ နေရာမှားလာတာလား။ နင့်အစ်ကို ဘာလို့လာမကြိုသေးတာလဲ။။” ကောင်မလေးများက ပြောလိုက်ပါသည်။ သူတို့ ထပ်ပြောဖို့ ပြင်လိုက်စဥ်မှာပင် လင်းဖန်က ကားထဲက ထွက်လာပါသည်။
ဒီနေ့ လင်းဖန်က ဝတ်စုံတစ်ခုကို ဝတ်ထားပြီး အလွန်အမင်း ချောမောနေပါသည်။ သူ့ အနားက အရာအားလုံး အရောင်မှေးမှိန်သွားသလိုပင်။
လင်းဖန်၏ မျက်နှာတစ်ခုတည်းနဲ့ ကောင်မလေးများစွာကို ဆွဲဆောင်နိုင်သည်။
ယခု လင်းဖန်က စူပါစတားဖြစ်လာပြီဆိုမှတော့...။
လင်းယွီရှစ်က လင်းဖန်ကို မြင်လိုက်သောအခါ သူမ၏ မျက်လုံးများက အံ့သြမှုများဖြင့် ပြည့်နှက်သွားပါသည်။
သူမအစ်ကို ဘယ်တုန်းက ဒီလောက်ထိ တောက်ပလာတာလဲ။
သူမအစ်ကိုက တကယ်ကြီး Rolls-Royce ဇိမ်ခံကားကြီးကို မောင်းကာ ရှန်ဟိုင်းမြို့က လှိုင်းပြာပင်လယ်အော်အိမ်ရာမှာ နေထိုင်နေတာလား...။
ဒါဆို သူမအစ်ကို တကယ်ချမ်းသာနေတာပေါ့...။
"အစ်ကိုကြီး" လင်းယွီရှစ်က ခုန်ပေါက်ကာ လင်းဖန်ကို ပြေးဖက်လိုက်ပါသည်။
"ရောက်လာပြီလား။ ဒါနင့်သူငယ်ချင်းတွေလား။" လင်းဖန်က ပြုံးကာ သူတို့ကို နှုတ်ဆက်လိုက်ပါသည်။
"ဟုတ်တယ်။ ဟုတ်တယ်။" လင်းယွီရှစ်က ခေါင်းငြိမ့်လိုက်ပါသည်။
"ဒါဆို အိမ်ထဲ အတူတူဝင်ကြရအောင်လေ။" လင်းဖန်က ပြုံးလိုက်သည်။
ထိုအချိန်တွင် ဘေးနားက ကောင်မလေးအားလုံး ကြက်သေသေကုန်ကြပါသည်။ သူတို့လင်းဖန်ကို ထိတ်လန့်ပြီး အံ့အားသင့်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
အရင်တုန်းက လင်းဖန်ကို အင်တာနက်ပေါ်မှာသာ မြင်ဖူးသည်။ သို့သော်လည်း ဒီနေ့တော့... လင်းဖန်ကို အပြင်မှာ မြင်ဖူးခဲ့ပါပြီ။
လင်းဖန်က သူ့ Rolls- Royce ဇိမ်ခံကားကြီးဖြင့် အားလုံး၏ ရှေ့တွင် မတ်တပ်ရပ်နေသည်။ လင်းဖန်က လှိုင်းပြာပင်လယ်အော်အိမ်ရာ၏ အဆင့်မြင့်အိမ်တွင် နေထိုင်သည်။
ကောင်မလေးများက လုံးဝ ကြက်သေ သေနေပါပြီ။
သူတို့ တကယ်ကြီး ဒီမှာ စူပါစတားတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရသည်။
ထိုစူပါစတားက လင်းယွီရှစ်၏ အစ်ကို လင်းဖန်ပဲ ဖြစ်နေပါသည်။