အခန်း(၁၁၆) နှလုံးသားရေကန်ဗီလာရယ်၊ သန်းရာချီတန်သော ပြိုင်ကားများ၊ လင်းယွီရှစ်တစ်ယောက် မှင်သက်သွားခဲ့မိပြီ
Vol. 8 Ch. 116
အခန်း(၁၁၆) နှလုံးသားရေကန်ဗီလာရယ်၊ သန်းရာချီတန်သော ပြိုင်ကားများ၊ လင်းယွီရှစ်တစ်ယောက် မှင်သက်သွားခဲ့မိပြီ
"ဝါး... တကယ်ကြီး စူပါစတား လင်းဖန်ပဲ။”
"လင်းယွီရှစ် စောစောက ဘာလို့မပြောတာလဲ။ နင့်အစ်ကိုကြီးက ကြယ်ပွင့်တစ်ယောက်ပါလား။ လင်းဖန်က အပြင်မှာ ပိုချောတယ်။ တီဗီထဲမှာထက်တောင် ပိုချောသေးတယ်။”
"ဘုရားရေ လင်းဖန်က စူပါပြိုင်ကားကြီး မောင်းလာတာပဲ။ Rolls-Royce Cullinan တစ်စီးက သန်းပေါင်းများစွာတန်တယ်...။”
"စူပါစတားကို လူကိုယ်တိုင် မြင်လိုက်ရတယ်။ ဘုရားဘုရား... ဒါအိပ်မက်မဟုတ်ပါဘူးနော်။”
ကောင်မလေးများက စိတ်အားထက်သန်စွာ ပြောဆိုနေကြပါသည်။
သူတို့က လင်းဖန်၏ ပရိတ်သတ်များဖြစ်ပြီး လင်းယွီရှစ်၏ အတန်းဖော်များ ဖြစ်ကြပါသည်။
လင်းယွီရှစ်မှာ တကယ်ကြီး ဒီလောက် အံ့သြဖို့ ကောင်းသည့် အစ်ကိုတစ်ယောက် ရှိနေပါသည်။
ဟွမ်ဟွေ့လင်း ယွမ်ချမ့်ချမ့်နဲ့ ဟွမ်ထျန်တို့အားလုံး အံ့သြကုန်ကြပါသည်။
စူပါစတားတစ်ယောက်က သူတို့ရှေ့တည့်တည့်မှာ ရပ်နေသည်။
သူတို့ လင်းဖန်ကို ဘာပြောရမှန်းတောင် မသိတော့ပါ။
သူတို့ လင်းဖန်၏ ဇိမ်ခံကားကြီးကိုလည်း မြင်ပြီးပါပြီ။ လင်းဖန်က ကြယ်ပွင့်ကြီးတစ်ပွင့် ဖြစ်ရုံတင်မကသေးဘဲ အရမ်းလည်း ချမ်းသာပါသည်။
ကောင်မလေးများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
"အေး နင်တို့တွေကို အံ့သြသွားအောင်လုပ်ဖို့ မပြောပြခဲ့တာ။” လင်းယွီရှစ်က ပြောလိုက်ပါသည်။ လင်းဖန်ဘေးမှာ သူမ၏ မျက်နှာကလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပါသည်။
လင်းဖန်ကြောင့် သူမလည်း အံ့သြသွားရသည်။
သူမ၏ အစ်ကိုဖြစ်သူ ဒီလောက်ထိ အောင်မြင်နေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
လင်းဖန်က ဇိမ်ခံကားကြီးတစ်စီးကို မောင်းပြီး အဆင့်မြင့် အိမ်ရာတစ်ခုတွင် နေထိုင်သည်။ လင်းယွီရှစ် သူ့အတွက် တကယ် ပျော်ပါသည်။
နောက်ဆို သူ့အစ်ကိုကို ပူဆာချင်တာ ပူဆာနိုင်ပါပြီ။
"အထဲဝင်ကြလေ။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
ကံကောင်းစွာဖြင့် ဒီနေ့ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို အိမ်ခေါ်မလာခဲ့ပါ။ မဟုတ်ပါက ဒီပရိတ်သတ်များနဲ့ တိုးနိုင်ပါသည်။
ထိုသို့ဖြစ်လာပါက ရှင်းပြဖို့ ခက်ခဲလိမ့်မည်။
ထို့ကြောင့်နဲ့ လင်းဖန် ရေပန်းစားသည့် အကြောင်းအရာများ ထပ်ဖြစ်လာပါက မကောင်းမွန်နိုင်ပါ။
လင်းယွီရှစ်က ရှေ့ထိုင်ခုံတွင်ထိုင်ပြီး ကောင်မလေးများကတော့ ခရီးသည်ခုံတွင် ထိုင်ကြပါသည်။
သူတို့က လင်းဖန်ကို မယုံကြည်နိုင်စွာ ငေးနေကြသည်။ သူတို့ လှိုင်းပြာ ပင်လယ်အော်အိမ်ရာ၏ လူနေရပ်ကွက်နှင့် အဆင့်မြင့် အိမ်ရာများကို ဖြတ်သန်းပြီး နှလုံးသားရေကန်ဗီလာသို့ ရောက်လာခဲ့ပါသည်။
ကောင်မလေးများ အံ့သြကုန်ကြသည်။
ဘာကြောင့်မှန်းမသိဘဲ သူမတို့ ဒီမှာပဲ တစ်သက်လုံး နေပစ်လိုက်ချင်ပါတော့သည်။
လင်းဖန်က ဗီလာတစ်လုံးတွင် နေထိုင်သည်။
လှိုင်းပြာပင်လယ်အော်က ဗီလာတစ်လုံး ဖြစ်၏။
Rolls-Royce Cullinan ကားကြီးက ဗီလာများကို ဖြတ်မောင်းကာ အလယ်ဗဟိုတည့်တည့်သို့ ဦးတည်နေသည်။
ဗီလာအိမ်ရာ၏ အလယ်ဗဟိုတွင် လှိုင်းပြာပင်လယ်အော်အိမ်ရာ၌ တန်ဖိုးအကြီးဆုံး နှလုံံးသားရေကန်ဗီလာကြီး တည်ရှိပါသည်။
ဒီကရှုခင်းများက လှပလွန်းသည်။ နေဝင်သောအခါ ပျောက်ကွယ်သွားသော နေမင်းနဲ့အတူ ငှက်ကလေးများကလည်း ပျံသန်းသွားပါသည်။ ဆောင်းဦးရာသီ ရေပြင်ကလည်း အရောင်အသွေး တူညီနေသည်။
လူများစွာက ပင်လယ်ဘေးတွင် နေပူစာလှုံနေကြပါသည်။
ဒီက သစ်ပင်ပန်းမန်များ၊ လုံခြုံရေး၊ ရှုခင်း ဘာမဆို ကောင်းမွန်လွန်းလှပါသည်။ တကယ့် သူဌေးကြီးများသာ ဒီဗီလာကြီးထဲတွင် နေနိုင်သည်။
ဒီက ဗီလာများထဲတွင် နေထိုင်ခြင်းက သူဌေးတစ်ဦး၏ လက္ခဏာ ပဲဖြစ်သည်။ ကောင်မလေးများ ဒီလိုရှုခင်းမျိုး မြင်ဖူးတာ ပထမဆုံးအကြိမ် ဖြစ်ပါသည်။
တကယ့်ဗီလာအိမ်ရာကြီးက ကြီးမားလွန်းပါသည်။
ဘောလုံးကွင်းကစလို့ ရေကူးကန်နဲ့ အကင်စက်များအထိ အားလုံးရှိပါသည်။
လင်းဖန်၏ ဗီလာက သုံးထပ်မြင့်သည်။ ၁,၀၀၀ စတုရန်းမီတာထက်ပင် ကျော်နေပါပြီ။
ထို့အပြင် ရှန်ဟိုင်းမြို့က စျေးအကြီးဆုံး ဗီလာများထဲက တစ်ခု ဖြစ်ပါသည်။
ယှဥ်ကြည့်လိုက်လျှင် လင်းချမ့်ချမ့်၏ အစ်ကို ရှန်ဟိုင်းမြို့ပြင်တွင် ၅၀၀ စတုရန်းမီတာ ဗီလာတစ်လုံး ပိုင်ဆိုင်ထားခြင်းမှာ ဘာမှ မဟုတ်ပါ။ ချက်ချင်းပဲ အနိုင်ယူခံလိုက်ရပါပြီ။
ရှန်ဟိုင်း၏ မြို့ပြင်နဲ့ မြို့တွင်း အိမ်စျေးများက လုံးဝခြားနားသည်။ ရှန်ဟိုင်းမှာတင်မကဘဲ တခြားမြို့ပေါင်းစုံမှာလညး ထိုနည်းလည်းကောင်း ဖြစ်ပါသည်။
မြို့တိုင်း၏ အလယ်ဗဟိုများတွင် ဆင်ခြေဖုံးများထက် အိမ်စျေးများက အများကြီး ပိုမြင့်ပါသည်။ ဆင်ခြေဖုံးများကို ဗီလာအိမ်ရာများအဖြစ် ပြောင်းလဲခြင်းကသာ မြို့တော် ဗဟိုက အိမ်စျေးများကို ကျော်လွန်နိုင်သော တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါသည်။ သို့သော်လည်း ဆင်ခြေဖုံးများကို ဗီလာအိမ်ရာများအဖြစ် ပြောင်းလဲလိုက်ရင်တောင် ဗီလာများဖြစ်နေဆဲပင်။ သာမန်လူများက နေဖို့မတတ်နိုင်ကြပါ။ လင်းဖန် ဂိုထောင်ထဲသို့ ကားကို မောင်းထည့်လိုက်တော့ ကောင်မလေးများ ထအော်လိုက်ပြန်သည်။
အခု Rolls-Royce Cullinan က အစသာ ရှိပါသေးသည်။ ဂိုထောင်ထဲ၌ ကောင်မလေးများကို ထိတ်လန့်သွားစေသော တန်ဖိုးကြီးကားများ ရှိနေပါသေးသည်။
ထိုတန်ဖိုးကြီးကားများကို အတိအကျမသိသော်လည် တန်ဖိုးကြီးကားမှန်းတော့ မြင်ရုံနဲ့ သိပါသည်။ သူဌေးများသာ မောင်းနိုင်သည့် ပြိုင်ကားများ ဖြစ်သည်။ သာမန်လူတွေက ငှားတောင် မငှားနိုင်ကြပါ။
Bugatti La Voiture Noire နဲ့ Koenigsegg One ဟုခေါ်သည့် ပြိုင်ကားများဖြစ်ကြသည်။
"အဲ့တာတွေက Bugatti နဲ့ Koenigsegg တွေ မဟုတ်ဘူးလား။ သန်းဆယ်ချီပြီးတန်တဲ့ကားတွေ ဖြစ်မယ်ထင်တယ်။” ဟွမ်ဟွေ့လင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။
"သန်းဆယ်ချီလောက်တယ်။ ဒီလို ပြိုင်ကားမျိုးတွေက အရမ်းလှတာပဲ။ လင်းဖန်က ဒီလောက်တောင် လှပတဲ့ ပြိုင်ကားကြီး မောင်းနိုင်တယ်။ ဒီလိုအစ်ကိုမျိုးရထားတာ မနာလိုဖြစ်လိုက်တာ" ဟွမ်ထျန်ကပြောလိုက်ပါသည်။
ထိုအချိန်တွင် လင်းချမ့်ချမ့်က ပါးစပ်ပွင့်လာပြီး ပြောလိုက်ပါသည်။ "မဟုတ်ဘူး ငါပြောပြမယ်။ ဒိပြိုင်ကားနှစ်စီးက Limited Edition ပြိုင်ကားကြီးတွေပဲ။ ခုလေးတင် အွန်လိုင်းပေါ်မှာ ရှာလိုက်တာ။ အဲ့ဒီပြိုင်ကားနှစ်စီးက သန်းရာချီပြီးတန်တယ်။”
"လင်းဖန်က သန်းရာချီတဲ့ ပြိုင်ကားတွေမောင်းပြီး သန်းရာချီတန်တဲ့ ဗီလာကြီးတစ်လုံးမှာ နေတာပေါ့။ ချောလည်း အရမ်းချောတယ်...." လင်းချမ့်ချမ့်က လင်းဖန်ကို သူမ၏ လှပသော မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။ ဘယ်လိုမိန်းကလေးက ဒီလိုလူမျိုးကို သဘောမကျဘဲနေမည်နည်း။
သူမသာ လင်းဖန်၏ ကောင်မလေး ဖြစ်လာနိုင်ပါက ပြိုင်ကားကော စံအိမ်ကြီးတစ်လုံးကိုပါ ပိုင်ဆိုင်နိုင်မည်ဟူသည့်သဘောပင်။ ဒီမှာ တရားဝင်လည်း နေထိုင်နိုင်လိမ့်မည်။
အရေးအကြီးဆုံးက သူမသာ လင်းဖန်၏ ကောင်မလေးဖြစ်လာပါက မိန်းကလေးဘယ်လောက်များများ မနာလိုဖြစ်ကြမလဲ။ ဝေ့ပေါ် ပေါ်က ပရိတ်သတ် ၁၀ သန်းတွင် ၈ သန်းလောက်က မိန်းကလေးများ ဖြစ်ကြသည်။ ထို ၈ သန်းစလုံး မနာလိုဖြစ်ပြီး သေသွားနိုင်ပါသည်။ ကောင်မလေးသုံးယောက်သား လင်းယွီရှစ်ကို မနာလိုဖြစ်မိကြပါသည်။ လင်းဖန်၏ ကောင်မလေး ဘယ်သူပဲဖြစ်လာပါစေ လင်းယွီရှစ်က သူ့ညီမအရင်း ဖြစ်သည်။
ဒီလောက်ကောင်းသည့် အစ်ကိုမျိုး ရရှိထားသဖြင့် ဘယ်သူက မနာလိုမဖြစ်ဘဲနေပါ့မလဲ။
ဘဝခြားတယ်ဆိုတာ ဒါမျိုးလား။
လင်းဖန်၏ ညီမအစ်ရင်းဖြစ်သဖြင့် လင်းယွီရှစ်က နောက်ဆို ကြယ်ပွင့်ကြီးများနဲ့ ဆုံနိုင်လိမ့်မည်ဟု သဘောသက်ရောက်သည်။ သူမ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့၏ ဝီချက်နံပါတ်များကိုပင် ရနိုင်ပါသည်...။
ဒီလောက် သာယာသည့် ဘဝမျိုး ရှိနိုင်တာ သူမ မသိခဲ့ပါ။
"အစ်ကိုကြီး နင်ဘယ်တုန်းက ပြိုင်ကားသုံးစီး ပိုင်သွားတာလဲ။ နှစ်စီးက ပြိုင်ကားကြီးတွေ။ တကယ် သန်းရာချီတန်ဖိုးရှိတာလား။" လင်းယွီရှစ်က လင်းဖန်၏ လက်မောင်းကို ဆွဲကာ မေးလိုက်ပါသည်။
အကြောင်းမသိပါက လင်းဖန်နဲ့ လင်းယွီရှစ်တို့ကို စုံတွဲများဟု ထင်သွားနိုင်သည်။ လင်းယွီရှစ်က အသက် ၁၉ နှစ်ရှိပါပြီ။ လက်ရှိ တက္ကသိုလ် ဒုတိယနှစ်ရောက်နေပြီဖြစ်ကာ အရွယ်ရောက်နေပါပြီ။ အလွန်လည်း လှပသည်။ ဒီလိုနဲ့ လင်းဖန်၏ လက်မောင်းကို တွဲလာခဲ့သည်။
သူတို့လမ်းမများတွင် လမ်းလျှောက်ကြသောအခါ အားလုံးက လင်းဖန်ကို မနာလိုဖြစ်ကြသည်။ နွားအို မြက်နုစားနေသလိုပင်။ "အင်း၊ ယွမ် သန်း ၁၀၀ ကျော်ကျော်လောက်ပါပဲ။ သိပ်မများပါဘူး။ အခန်းထဲ ဝင်နားတော့လေ။" လင်းဖန်က ပြောလိုက်ပါသည်။ တံခါးဆီသို့ သူလျှောက်သွားလိုက်ပြီး ဖွင့်ဖို့ ပြင်လိုက်သည်။ "ယွမ် သန်း ၁၀၀ ကျော်ကျော်လေးတဲ့လား..." ထိုစကားကိုကြားသောအခါ လင်းယွီရှစ် အနည်းငယ် စိတ်ပျက်သွားမိသည်။
သူမ တက္ကသိုလ်တွင် စာကြိုးစားနေခြင်းမှာ အနာဂတ်တွင် လူ့အသိုင်းအဝိုင်းထဲ ဝင်ရောက်ကာ အလုပ်ကောင်းကောင်း ရလိုသောကြောင့် ဖြစ်ပါသည်။ သူမ ပိုက်ဆံရှာချင်ပြီး ငွေရေးကြေးရေးအရ မမှီခိုရသူ ဖြစ်ချင်သည်။ ထို့နောက် ဒီနှစ်တွေအတွင်း သူမကို တစ်ကိုယ်ကောင်းမဆန်စွာ ထောက်ပံ့ပေးခဲ့သည့် လင်းဖန်ကို ကျေးဇူးပြန်ဆပ်ကာ မိသားစုကိုလည်း ထောက်ပံ့ပေးနိုင်ပါလိမ့်မည်။
သို့သော်လည်း အခုတော့ သူမ ပညာရေး ဘယ်လောက်ပဲ တော်နေပါစေ လင်းဖန်ကို မယှဥ်နိုင်တော့ပါ။
ပြိုင်ကားတစ်စီးကို ယွမ် သန်း ၁၀၀ ဆို နှစ်စီးဆိုလျှင် ယွမ် သန်း ၂၀၀ ကျော်နေပါပြီ။
လင်းဖန်၏ မျက်လုံးထဲမှာ ဒါတွေက ဘာမှ မဟုတ်ပါ။
ဆင်းဟွာနှင့် ပေကျင်းတက္ကသိုလ်က ထိပ်တန်းကျောင်းသားတွေတောင် ယွမ် သန်း ၂၀၀ ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပေ။