အခန်း(၁၁၇) အစ်ကိုကြီး ငါ ယောက်မ ရတော့မှာလား
Vol. 8 Ch. 117
အခန်း(၁၁၇) အစ်ကိုကြီး ငါ ယောက်မ ရတော့မှာလား
လင်းယွီရှစ်တစ်ယောက် ရုတ်တရက်ကြီး သူဌေးမိသားစုတစ်ခုထဲသို့ ရောက်သွားသလို ခံစားလိုက်ရပါသည်။
အရင်တုန်းက သူမ၏ မိသားစုမှာ တကယ်ပဲ ဆင်းရဲပါသည်။ သို့သော်လည်း သိပ်မကြာခင်မှာပဲ ဘီလျံနာကြီးတစ်ယောက်ဖြစ်သွားလေပြီ။
အားလုံးက လင်းဖန်ကြောင့်သာ။
ဒီလိုအစွမ်းအစရှိသည့် အစ်ကိုမျိုး ရထားတာ ကံကောင်းသည်ဟု လင်းယွီရှစ် ခံစားမိပါသည်။
အနည်းဆုံးတော့ သူမအစ်ကို၏ ဘဝအတွက် စိတ်ပူစရာမလိုတော့ပေ။
သူမမှာလည်း သူမဘဝနဲ့ သူမ ရှိပါသည်။ သူမက တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး စာကိုကြိုးစားသင်ယူသည်။ လင်းဖန်က ချမ်းသာတာကြောင့်နဲ့ သူမှ ဘာမှမလုပ်ဘဲ အသက်ကြီးလာလို့ မဖြစ်ပါ။
သူမ အစ်ကိုက အလွန်တော်လွန်းသည်။ ထို့ကြောင့် သူမလည်း ကြိုးစားပြီး ပိုတော်သည့် ကောင်မလေးဖြစ်အောင် ကြိုးစားရမည်။
"ယွမ် သန်း ၁၀၀ ကျော်ကျော်လေးပဲတဲ့... ဒါ သူဌေးတွေရဲ့ လောကကြီးလား" လင်းချမ့်ချမ့်က ပြောလိုက်ပါသည်။ သူမ မျက်လုံးထဲက လေးစားအားကျမှုများက ပိုနက်ရှိုင်းလာပါသည်။ သန်း ရာကျော်တန်ဖိုးရှိသည့် ပြိုင်ကားနှစ်စီးကို ပိုင်ဆိုင်ထားတာ ဘယ်လိုအဓိပ္ပာယ်သက်ရောက်သလဲ တခြားကောင်မလေးများထက် သူမက ပိုသိပါသည်။
တစ်နည်းအားဖြင့် လင်းဖန်တွင် အနည်းဆုံး ပိုင်ဆိုင်မှု ယွမ် ၁ ဘီလီယံလောက် ရှိရမည်။
လင်းဖန်၏ ပိုင်ဆိုင်မှုက အနည်းဆုံး ယွမ် ၁ ဘီလီယံ သို့မဟုတ် ၂ ဘီလီယံလောက် ရှိလောက်ပါသည်။
သူမကို ယွမ် သန်း ၁၀၀ လာပေးရင်တောင် တစ်သက်လုံး သုံးကုန်မှာ မဟုတ်ပါ။
သို့သော်လည်း လင်းဖန်က ယွမ် သန်း ၂၀၀ ကို ပြိုင်ကားနှစ်စီးဝယ်ဖို့ ဆုံးဖြတ်ပြီး ဒီမှာ ပါကင်ထိုးထားပါသည်။
ဘယ်လိုသူဌေးမျိုးက ဒီလိုပြိုင်ကားမျိုး ဝယ်လိမ့်မလဲဟု စဥ်းစားခဲ့သည်။
ပိုင်ဆိုင်မှု ယွမ် ၁ ဘီလီယံရှိသူများတောင် ပြိုင်ကားနှစ်စီးကို တစ်ပြိုင်တည်း မဝယ်နိုင်ကြလောက်ပါ။
တစ်ယောက်ယောက်သာ ဒီလိုဝယ်လိုက်ပါက အချက်တစ်ချက်ကို သက်သေပြပြီးသား ဖြစ်ပါသည်။
လင်းဖန်က ထိုပြိုင်ကားများကို တတ်နိုင်ပြီး ယွမ် သန်း ၁၀၀ ဆိုတာ သူ့အတွက် ဘာမှမဟုတ်တာ ဖြစ်နိုင်ပါသည်။
သူဌေးများ ပြိုင်ကားဝယ်ခြင်းက စျေးကြောင့် မဟုတ်ဘဲ ပြိုင်ကားများ၏ လုပ်ဆောင်ချက်နှင့် ၎င်းတို့၏ ပုံပန်းသဏ္ဍာန်ကြောင့် ဖြစ်ပါသည်။
စျေးကတော့ လင်းဖန် ဒီလိုပြိုင်ကားမျိုးကို တတ်နိုင်သဖြင့် စျေးနှုန်းကို လုံးဝ ဂရုမစိုက်တာ ဖြစ်နိုင်ပါသည်။ ဗီလာထဲဝင်ပြီးနောက် ကောင်မလေးများ ထပ်ပြီး ကြက်သေ သေသွားရပြန်သည်။
ဒါလင်းဖန်ရဲ့အိမ်လား။
သူတို့ ဗီလာထဲ ဝင်ဝင်ချင်းမှာပင် တန်ဖိုးကြီးသော အပြင်အဆင်များကြောင့် မှင်သက်ကုန်ကြပါသည်။
အပြင်အဆင်များက ခမ်းနားသည်။ တန်ဖိုးကြီးသည်။ နာမည်ကျော် ပန်းချီပေါင်းစုံရှိ၏။ အဆင့်မြင့် ပရိဘောဂများစွာလည်း ရှိပါသည်။
ထို့အပြင် ဗီလာကြီးအား သုံးထပ် ခွဲထား၏။ ကောင်မလေး ၃ ယောက် ၎င်းတို့၏ အခန်းထဲ ဝင်လိုက်သောအခါ ကမ္ဘာသစ်ကို ရောက်ရှိသွားသလို ခံစားလိုက်ရပါသည်။
အခန်းတစ်ခန်း၏ အရွယ်အစားကပင် ၁,၀၀၀ စတုရန်းမီတာလောက် ကျယ်ဝန်းသည်။ အခန်းထဲတွင် အခန်း မဟုတ်သည့် တခြား နေရာများလည်း ရှိသေးသည်။ ဘက်တံကွင်း၊ ဘောလုံးကွင်း၊ ဂေါက်ကွင်း၊ ရေကူးကန်နှင့် အကင်စက်များလည်းရှိသည်။
ဒါ လုံးဝ နတ်ပြည်ကြီးတစ်ခုလိုပင်။ လမ်းခင်းကျောက်လျှောက်လမ်းနဲ့ စကျင်ကျောက်ရုပ်တုများက ကြွယ်ဝမှုကို ပုံဆောင်နေသည်။
ကောင်မလေးများက ဆန်းကြယ်ဥယျာဥ်ထဲသို့ ဝင်သွားမိသော အဘွားလျို့လိုပဲ အံ့အားသင့်နေကြပါသည်။
လင်းယွီရှစ်၊ ဟွမ်ဟွေ့လင်း၊ ဟွမ်းထျန်နဲ့ လင်းချမ့်ချမ့်တို့အားလုံး သူတို့ရှေ့က မြင်ကွင်းကြောင့် ကြက်သေ သေကုန်ကြပါသည်။
လင်းဖန်၏ မိသားစုက ချမ်းသာလွန်းပါသည်။
လေဆိပ်မှာ လင်းယွီရှစ်၏ မိသားစုနောက်ခံကို လင်းချမ့်ချမ့် အထင်သေးခဲ့မိသည်။
အခု မျက်စိနှင့် တပ်အပ်မြင်မှ လင်းချမ့်ချမ့် လေးစားအားကျမှုသာ ရှိပါတော့သည်။
ဒါက သူဌေးတွေရဲ့ ကမ္ဘာကြီးလိုပါပဲ။
သူဌေးကမ္ဘာကြီးရဲ့ ကြွယ်ဝမှုက ၎င်းတို့ ဘယ်တော့မှ မှန်းဆနိုင်တော့မှာ မဟုတ်သည့်အရာပင်။
"သက်တောင့်သက်သာ ထိုင်ကြပါ။ အခန်းကို အရင်ရွေးလို့ရတယ်။ အဲ... အဲ့ဒီသုံးခန်းကိုတော့ ရွေးလို့မရဘူး။ အဲ့သုံးခန်းကလွဲပြီး ဘယ်အခန်းကိုမဆို ရွေးနေလို့ရပါတယ်။”
"ဒါနဲ့ ရေခဲသေတ္တာ၊ မုန့်ပဲသရေစာ၊ ဂိမ်းခန်းမ၊ ရုပ်ရှင်ရုံ၊ အားကစားရုံနဲ့ နင်တို့ သီချင်းဆိုလို့ရတဲ့ ကေတီဗီအသေးစားလေးလည်းရှိတယ်။ အိပ်ခန်းတွေ အကုန်လုံးကို အကုန်ပြင်ဆင်ထားပြီး ပုံစံတွေလည်း ခြားနားကြတယ်။ ဘာမှ မထိခိုက်ရင် ကြိုက်သလောက် လျှောက်ကြည့်ပြီး ကစားလို့ ရပါတယ်။”
"တစ်ခု ကျန်သေးတယ်။ အိမ်ထဲမှာ ဓာတ်ပုံရိုက်ခွင့်တော့ မပြုဘူးနော်။ ဒါက သီးသန့်နေရာ တစ်ခုပဲ။ ဓာတ်ပုံရိုက်မယ်ဆို ဆယ်ဖီပဲရိုက်လို့ရတယ်။ ဒီအိမ်ကြီးရဲ့ ပုံကို ရိုက်လို့တော့ မရဘူး။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ဟုတ်ကဲ့ပါ အစ်ကိုကြီး။ နင့်အိမ်က တကယ် အကြီးကြီးပဲ။ နေရာတိုင်းက ကောင်းပြီး အိပ်ခန်းတွေကလည်း အကြီးကြီးတွေပဲ။ ဒါဆို ငါလည်း တစ်ခန်းရွေးရမှာပေါ့။ ဒီနှစ်နွေရာသီ ဒီမှာပဲ နေတော့မယ်။" လင်းယွီရှစ်က ပြောလိုက်ပါသည်။
"ဒါဆိုအားလုံး တစ်ခန်းစီ ရွေးကြရအောင်။" ဟွမ်ဟွေ့လင်းက ပြောလိုက်သည်။ သူမ၏ လှပသော မျက်လုံးများထဲတွင် မနာလိုမှုကို မြင်နိုင်ပါသည်။ သို့သော်လည်း သူမ ဘာမှ မလုပ်နိုင်ပေ။
သူမတို့ လင်းယွီရှစ်နှင့် ဆက်ဆံရေး မကောင်းမွန်ပါက ဒီကိုတောင် လာနိုင်မှာ မဟုတ်ပေ။ လင်းဖန်ကို တွေ့ရဖို့ဆို ပိုဝေးပါသည်။
လင်းယွီရှစ်က ဒီမှာ တစ်သက်လုံးနေချင်နေလို့ရသည်။ သို့သော်လည်း သူမတို့ကတော့ မရပါ။ ဘာပဲဖြစ်ဖြစ် သူမတို့က လင်းဖန်နဲ့ ဘာမှ မဆိုင်ပါ။
လင်းဖန်နဲ့ မိနစ်အနည်းငယ်လောက် အချိန်ဖြုန်းပြီးနောက် ကောင်မလေးများ အလွန်ပျော်ရွှင်သွားကြပါသည်။ လင်းဖန်က ရင်းနှီးကျွမ်းဝင်ဖို့ အလွန်လွယ်ကူပါသည်။
ကောင်မလေး ၃ ယောက်အား အပေါ်ထပ်က အခန်း ၃ ခန်းကို ရွေးခွင့်မပေးရသည့် အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။
ထိုအခန်းသုံးခန်းကို ရှားဝမ်ချွေ့၊ စုရှောင်းယွီနှင့် လင်းကျင်းကျင်းတို့ အသုံးပြုခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။ တစ်ခါတစ်လေ ထိုကောင်မလေးများက လင်းဖန်၏ အိမ်တွင် လာအနားယူတတ်သည်။
သူတို့ ဒီမှာ မနေကြသော်လည်း သူတို့နေခဲ့သည့် နေရာများကို လင်းဖန် ဖျက်ဆီးမှာ မဟုတ်ပါ။ လင်းဖန်က ကောင်မလေးများ နေခဲ့သည့် အခန်းများကို တစ်ခါတစ်လေ သန့်ရှင်းရေး လုပ်ပေးရုံသာ ရှိပါသည်။ တခြား ကောင်မလေးများကို ထိုအခန်းများတွင် နေခိုင်းဖို့ မလိုဘူးဟု လင်းဖန် ခံစားမိပါသည်။
သူ့ဗီလာကြီးက အလွန်ကြီးမား၏။ တစ်ယောက်ယောက်သာ ဒီနေရာမှာ မကြာခဏ နေနိုင်ပါက အသက်ဝင်လာနိုင်သည်။ တစ်ယောက်တည်း နေရတာထက်တော့ ပိုကောင်းပါသည်။
ကောင်မလေးများက အခန်းများကို သွားရွေးကြသည်။ မျက်လုံးများတွင် အံ့သြမှုတို့ဖြင့် ပြည့်နှက်နေ၏။
ဟွမ်ဟွေ့လင်း၊ ဟွမ်ထျန်နဲ့ လင်းချမ့်ချမ်တို့အားလုံး လင်းဖန်၏ ဗီလာထဲက အခန်း ၃ ခန်းကို ရွေးလိုက်ကြပါသည်။ သူတို့ ဒီနေ့ည ဒီမှာ နေကြမည်။ အမှန်ပင်။ ဒီနေ့ညပြီးရင်တောင် သူတို့ ပြန်ကြပါမည်။ ဘာပဲဖြစ်ဖြစ် ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ပါ။
သို့သော်လည်း လင်းယွီရှစ်ကတော့ ခြားနားသည်။ သူမ ဒီနေရာမှာ နေ့တိုင်း နေနိုင်သည်။ လင်းဖန်ရဲ့ ညီမအရင်းဖြစ်နေတာ သူမကံသာ...။
"ဝါး ဒီအခန်းကောင်းတယ်။ ဒီနေ့ည ဒီမှာနေမယ်။"
"ဒီအခန်းက မဆိုးဘူး။ ငါလည်း ဒီမှာနေချင်တယ်။”
"လင်းဖန်ရဲ့ ညီမလေးဖြစ်ရတာ ကံကောင်းလိုက်တာ။ ငါလည်း သူ့ညီမလေးဖြစ်ရင် သိပ်ကောင်းမှာပဲ။"
"လင်းဖန်ရဲ့ ညီမလေး မဖြစ်နိုင်ပေမယ့် သူကောင်မလေးတော့ဖြစ်လာနိုင်တယ်လေ။”
ကောင်မလေးများက သူမတို့သဘောကျသော အခန်းများကို တွေ့သွားကာ ပြောလိုက်ကြပါသည်။
ထိုကောင်မလေးများက လင်းယွီရှစ်၏ သူငယ်ချင်းများဖြစ်သဖြင့် လင်းဖန်က သူမတို့ကို မျက်နှာသာ ပေးပါသည်။
ဒီလိုဆို လင်းယွီရှစ်လည်း နောက်ပိုင်း အတန်းဖော်များနဲ့ ပိုအဆင်ပြေနိုင်ပါသည်။
ကောင်မလေးများ၏ ခြေတံသွယ်သွယ်များကို ချောင်းကြည့်ဖို့ လင်းဖန် စိတ်မဝင်စားပေ။
ရှားဝမ်ချွေ့၏ ခြေတံသွယ်သွယ်ကသာ လင်းဖန်ကို ရင်ခုန်အောင် လုပ်နိုင်သည်။ တစ်ခါတစ်လေ စုရှောင်းယွီ၏ ခြေတံသွယ်သွယ်များကလည်း အလွန်လှပပါသည်။
တခြား ကောင်မလေးများကိုတော့ လင်းဖန် ကြည့်တောင် ကြည့်မနေပါ။
လင်းကျင်းကျင်းက သိပ်မဆိုးသော်လည်း ကောင်မလေးနှစ်ယောက်၏ ခြေတံသွယ်သွယ်များကို လင်းဖန် မြင်ဖူးပြီးပါပြီ။ ကြောင်မလေး သေချာပေါက် စိတ်ဆိုးသွားလိမ့်မည်။
"အစ်ကိုကြီး ဒီနေရာက တော်တော်ကောင်းတာပဲ။”
"ဒီလိုအစ်ကိုမျိုး ရထားလို့ အရမ်းပျော်တာပဲ။ ငါ နတ်ပြည်ရောက်နေသလို ခံစားရတယ်။” လင်းယွီရှစ်က သက်ပြင်းချလိုက်ပြီး လင်းဖန်ဘေးသို့ ပြေးသွားလိုက်ပါသည်။
"ဒါဆို ဒီမှာ ရက်နည်းနည်းလောက် ထပ်နေဦးလေ။ ကျောင်းပြန်ဖွင့်တဲ့အထိ နေပါလား။ နင့်ကို နေ့တိုင်း ချက်ကျွေးမယ်။" လင်းဖန်က ပြုံးလိုက်သည်။
"ငါ့ကို အမှန်တိုင်းပြော။ နင်တက္ကသိုလ်မှာ ကောင်လေး ရနေပြီလား။" လင်းဖန်က မေးလိုက်သည်။ သူ့ညီမ၏ အချစ်ရေးကို သူ အလွန်စိတ်ပူပါသည်။
"မရှိပါဘူး။ နောက်လည်း ရှိမှာ မဟုတ်ဘူး။ ငါကဘာလို့ ကောင်လေးလိုချင်ရမှာလဲ။ ငါ့အစ်ကိုကိုပဲ အားကိုးမှာပေါ့။ ဟီးဟီး..." လင်းယွီရှစ်က အမှန်တိုင်း ပြောလိုက်ပါသည်။
"ငါက နင့်ညီမနော်။ နင်ငါ့ကို အလိုလိုက်ရမယ် ဟွန်း..." လင်းယွီရှစ်က လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ လင်းဖန့် သူမတို့ဆက်ဆံရေးက အလွန်ကောင်းမွန်သည်။ အတူတူကြီးပြင်းလာခဲ့ကြကာ တစ်ယောက်ကိုတစ်ယောက် ကူညီပေးခဲ့ကြပါသည်။
"ဟုတ်ပြီ အလိုလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် ငါက ဘောစိကိုး။ နင့်ကို တစ်သက်လုံး ထောက်ပံ့ရလည်း ကိစ္စမရှိဘူး။” လင်းဖန်က ပြုံးလိုက်သည်။
"ကောင်းတာပေါ့ မွ~~~ အစ်ကိုကြီးက အရမ်းတော်တာပဲ။" လင်းယွီရှစ်က လင်းဖန်ကို ဘာမှမစဥ်းစားဘဲ နမ်းလိုက်ပါသည်။
"နောက်ဆို နင်ငါ့ကို နမ်းလို့မရတော့ဘူး။ နင့်အသက် ဘယ်လောက်ရှိနေပြီလဲ။" လင်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။
သူငယ်ငယ်လေးကတည်းက လင်းယွီရှစ်က သူ့အနားမှာပဲ နေရတာ ကြိုက်နှစ်သက်တာကို မှတ်မိပါသည်။ အခုချိန်ထိ ကောင်လေးလည်း မရသေးပေ။ လင်းဖန် အနည်းငယ် စိတ်ပူမိသည်။ သူမ အိမ်ထောင်မပြုနိုင်ပါက ဘယ်လိုလုပ်မလဲ။
"ဘာလို့ နမ်းလို့မရတာလဲ။"
"အစ်ကိုကြီး နင်ပြောချင်တာက... ငါ့မှာ ယောက်မ ရှိနေပြီလား။ အစ်မ ဝမ်ချွေ့လား။ သူက အရမ်းလှတယ်နော်။ အရမ်း အရမ်းလှတာ" လင်းယွီရှစ်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
လင်းဖန်က လင်းယွီရှစ်ကို ကြည့်လိုက်ပါသည်။
ဒီကောင်မလေးကတော့ ရှားဝမ်ချွေ့၏ အမာခံပရိတ်သတ် ဖြစ်သည်။ လင်းယွီရှစ်မှာ ယောက်မ ရှိနေပြီလားဆိုတာကတော့....
လင်းဖန် သက်ပြင်းသာချလိုက်ပါသည်။
သူ့ညီမအရင်းက ဉာဏ်ကောင်းလွန်းသည်။
ဘာဖြစ်လို့ အကုန်လုံးကို ခန့်မှန်းနိုင်ရတာလဲ။
သူနဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးကို အတည်မပြုရသေးရင်တောင် အနှေးနဲ့အမြန် အတည်ပြုရမည်ဖြစ်သည်။
တစ်နည်းအားဖြင့်....
လင်းယွီရှစ်၏ ယောက်မက ရှားဝမ်ချွေ့ဖြစ်ပြီး သေချာပေါက် လွတ်လမ်း မရှိပါ။