အခန်း(၁၁၈) နတ်ဘုရားအဆင့် အချက်အပြုတ်စွမ်းရည်ကြောင့် အားလုံး အံ့အားသင့်သွားခြင်း
Vol. 8 Ch. 118
အခန်း(၁၁၈) နတ်ဘုရားအဆင့် အချက်အပြုတ်စွမ်းရည်ကြောင့် အားလုံး အံ့အားသင့်သွားခြင်း
လင်းဖန်ပြန်မဖြေတာကိုမြင်သောအခါ လင်းယွီရှစ် အနည်းငယ်အံ့သြသွားပါသည်။ "အစ်ကိုကြီး တကယ်ပဲလား။”
လင်းဖန်က လင်းယွီရှစ်၏ ခေါင်းကိုခေါက်လိုက်ပါသည်။ "ကလေးတွေက ဟိုစပ်စပ် ဒီစပ်စပ် မလုပ်ရဘူး။”
လင်းယွီရှစ် စိတ်ဆိုးသွားသည်။ "အစ်ကိုကြီး နင်ငါ့ကို အနိုင်ကျင့်နေတာပဲ။ ငါအမေ့ကို တိုင်ပြောမယ်။ ပြီးတော့လည်း ငါက ကလေးမဟုတ်တော့ဘူး။ ငါ့ရင်ဘတ်တွေကိုကြည့်လိုက်၊ မသေးတော့ဘူး။"
လင်းဖန် မျက်မှောင်ကြုတ်သွား၏။ "တော်စမ်း တော်စမ်း။”
လင်းဖန်က ဆက်ပြောသည်။ "နင့်မှာ ယောင်းမ မရှိဘူး။ ရှိရင်တောင် နောက်ပိုင်းမှ ဖြစ်လာလိမ့်မယ်။”
လင်းယွီရှစ် ဒါကိုကြားသောအခါ သက်ပြင်းချလိုက်ပါသည်။ "အစ်ကိုကြီး နင်ကြိုးစားမှဖြစ်မယ်နော်။ အစ်မရှားဝမ်ချွေ့က အရမ်းလှ၊ အရမ်းကြည့်ကောင်း၊ အရမ်းကျက်သရေရှိတာ။ နင်သူ့ကို သေချာပေါက် ရအောင် ပိုးပန်းရမယ်။ ဒါမှ သူ့လက်မှတ်တောင်းပြီး ဓာတ်ပုံ အတူတူ ရိုက်လို့ရမှာ။ ဟီးဟီး နောက်ဆို သူ့ကိုတွေ့လို့ပါရပြီ။”
လင်းဖန်၊ "..."
လင်းဖန်က ပြောလိုက်သည်။ "ဒါဆို နင်က သူနဲ့ လက်မှတ်ထိုးပြီး ဓာတ်ပုံ အတူတူ ရိုက်ချင်ရုံပဲလား။ ငါ့ကိုတောင် ဂရုမစိုက်ဘူး။”
လင်းယွီရှစ်က နှုတ်ခမ်းစူလိုက်ပြီး ပြောလိုက်ပါသည်။ "မဟုတ်ပါဘူး အစ်ကိုကြီးရဲ့။ နင်က အချောဆုံးပဲ။ တကယ့်ကို ငါ့ရင်ထဲကလာတဲ့စကားပါ။ နင် အစ်မရှားဝမ်ချွေ့ရဲ့ နှလုံးသားကို သိမ်းပိုက်ရမယ်နော်။ တခြားသူတွေကို အခွင့်အရေးပေးလို့ မဖြစ်ဘူး။"
လင်းဖန်က လင်းယွီရှစ်၏ ခေါင်းကို နောက်တစ်ခေါက် ထပ်ပုတ်လိုက်ပြန်သည်။
"အဲ့တာ နောက်လာမယ့်ကိစ္စတွေလို့ပြောနေတယ်။ အခု လောလောဆယ် မပြောကြရအောင်။ ပြီးတော့လည်း သူ့ရှေ့ရောက်ရင် ဒီလို ချွဲချွဲနွဲ့နွဲ့တွေ ငါ့ကိုလုပ်မပြနဲ့။ သူ စိတ်ဆိုးသွားမယ်။ သူ့ရှေ့မှာ မဟုတ်ရင်တောင် ဒီလို အမူအယာတွေလုပ်လို့မရဘူး နားလည်လား။"
"မဟုတ်ရင် တစ်နေ့ကျ ငါနင်နဲ့ ရေပန်းစားလာဦးမယ်။ ရေပန်းစားမယ့် ခေါင်းစီးကိုတောင် တွေးလို့ရတယ်။ အံ့သြစရာပဲ။ လင်းဖန်က ညီမအရင်းနဲ့ တွဲနေတယ် ဆိုပြီးတော့လေ။" လင်းဖန်က ပြုံးလိုက်ပြီး လင်းယွီရှစ်၏ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။
"အစ်ကိုကြီး မလုပ်ပါဘူး။ ငါ့အစ်ကိုကြီးနားပဲ ကပ်နေချင်တာ။ ငါဒီလို ချွဲတတ်တဲ့ညီမဖြစ်နေတာ ဘာအပြစ်လဲ။”
"ပြီးတော့ ဒီတိုင်း နမ်းတာလေးပဲကို။ ငယ်ငယ်တုန်းကလည်း မနမ်းဖူးတာ မဟုတ်ဘဲနဲ့။ အစ်ကိုကြီးက အတွေးလွန်နေတာလား။ ဟွန်း ငါ့အစ်ကိုကြီးက နှာဘူးကြီးထင်တယ်။" လင်းယွီရှစ်က နှုတ်ခမ်းစူကာ ပြောလိုက်ပါသည်။
လင်းဖန်က ပြောလိုက်၏။ "ဟုတ်ပြီ ဟုတ်ပြီ နင်နဲ့ ထပ်ပြီး စကားမများတော့ဘူး။ ငါပြောတာသာ မမေ့နဲ့။ မဟုတ်ရင် နင့်ကို အိမ်ပြန်လိုက်ပို့ပေးလိုက်မယ်။”
လင်းယွီရှစ်က သက်ပြင်းချလိုက်ပါသည်။ "အင်းပါ၊ ကိုယ့်ညီမကိုယ် အနိုင်ကျင့်ဖို့ပဲသိတယ်။”
ဒီလိုညီမမျိုးကြောင့် လင်းဖန် ရွေးချယ်စရာ မရှိတော့ပါ။
သူ့မိန်းမကို နားလည်မှု မလွဲစေချင်ရုံသာ ဖြစ်သည်။
မဟုတ်ပါက သူ့မိန်းမ နားလည်မှုလွဲသွားလျှင် ကြောင်မလေးတစ်ကောင်လို စိတ်ဆိုးသွားလိမ့်မည်။ အလွန်ကြမ်းတမ်းကာ သူ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။
"နင် အဆင်ပြေခဲ့ရဲ့လား။ ဒီနေ့ည ဘာစားချင်လဲသာပြော။ ငါချက်ကျွေးမယ်။" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ငါမေ့တော့မလို့ ငါ့အစ်ကိုက စားဖိုမှူးကြီးပဲ အစ်ကိုကြီး ကြိုက်တာချက်။ နင့်ညီမက အစားအသောက် ချေးမများဘူး။” ထိုသို့ပြောပြီးနောက် လင်းယွီရှစ် ဆိုဖာပေါ်သို့သွားကာ တီဗီကြည့်နေလိုက်ပါသည်။
"တော်တော်ပြောတတ်တယ်။" လင်းဖန်က ပြုံးလိုက်ပြီး ညစာ စတင်ချက်ပြုတ်ပါသည်။
လက်ရှိ သူ့စားဖိုမှူးစွမ်းရည်က ပိုပြီးကျွမ်းကျင်လာပါသည်။
မာစတာအဆင့် အချက်အပြုတ်စွမ်းရည်နဲ့ဆို လင်းဖန် ပိုကောင်းသည့် ညစာကိုပင် ချက်ပြုတ်နိုင်သည်။
အချိန်အကြာကြီး ချက်ပြုတ်ပြီးနောက် လင်းဖန်၏ အချက်အပြတ်စွမ်းရည်က အများကြီဂ တိုးတက်လာပါသည်။
မကြာခဏလည်း လေ့ကျင့်ပေးရသည်။ မလေ့ကျင့်ပါက စကေးရှိနေတာတောင် အသုံးမဝင်ပါ။
သိပ်မကြာခင် ဒီနေ့အတွက် ညစာကို လင်းဖန် ပြင်ဆင်ချက်ပြုတ်ပြီးသွားပါပြီ။
အိမ်မှာ စုစုပေါင်း ကောင်မလေး လေးယောက်ရှိသည်။ သူနဲ့ အတူတူသာဆို လင်းဖန် စုစုပေါင်း ဟင်းလျာ ၆ ပွဲနှင့် စွပ်ပြုတ်တစ်ပန်းကန်ကို ချက်ပြုတ်ခဲ့ပါသည်။
အာလူးခြောက်ပြားများ၊ ငါးအရသာ ဝက်သားမွှကြော်၊ ငါးပေါင်း၊ ငါးစွပ်ပြုတ်၊ တို့ဟူး၊ ဆေးဘဲဥ၊ သခွားသီးထောင်းတို့ပါဝင်သည်။
ထမင်းတချို့နဲ့တွဲကာ ညစာအတွက် ပြင်ဆင်ခဲ့ပါသည်။
လင်းဖန်ဟင်းလျာ အားလုံးကို စားပွဲပေါ်မှာ တည်ခင်းလိုက်တော့ ညစာများ၏ မွှေးရနံ့များက သင်းပျံ့သွားပြီး ကောင်မလေး ၄ ယောက်စလုံး လုံးဝ မှင်သက်သွားပါသည်။
အထူးသဖြင့် ဟွမ်းဟွေ့လင်း၊ လင်းချမ့်ချမ့်နဲ့ ဟွမ်းထျန်တို့က အလွန်အံ့အားသင့်နေကြပါသည်။
သူမတို့သုံးယောက်စလုံး လင်းဖန် ချက်ပြုတ်ပေးထားသည့် ညစာကို တကယ်စားရတော့မည်။
"ဝိုး ငါးအရသာ ဝက်သားမွှကြော်၊ အာလူးခြောက်ပြားနဲ့ ငါးပေါင်းတွေ။ ဘာလို့ ဟင်းလျာတွေက အရမ်းအရသာရှိတဲ့ပုံစံပေါက်ပြီး အရမ်းမွှေးနေတာလဲ။”
"အေး ဟင်းလျာတွေက အံ့သြဖို့ကောင်းလိုက်တာ။ စားကြည့်ချင်လာပြီ။ ကြည့်လိုက်ရုံနဲ့ အရသာရှိတယ်လို့ ခံစားရစေတယ်။ အရင်တုန်းက လင်းဖန်ရဲ့ ဟင်းလျာတွေ အရမ်းစားကောင်းတယ်ဆိုပြီး ရေပန်းစားရှာဖွေမှုထဲမှာ ပါဖူးတယ်တဲ့။”
"သရုပ်ဆောင်စွမ်းရည်အပြင် ငါ့မင်းသားလေးက အချက်အပြုတ်လည်း ကောင်းသေးတာပဲ။ ပြီးတော့ အချက်အပြုတ်စတိုင်တွေ အများကြီး ရှိတယ်။ အိမ်ထမင်းအိမ်ဟင်းတွေဖြစ်ပေမယ့် တခြား စားသောက်ဆိုင်တွေက ဟင်းလျာတွေထက် အများကြီးပိုကောင်းတယ်လို့ ထင်ရတယ်။”
ကောင်မလေး ၃ ယောက်သား လင်းဖန်၏ စားပွဲတော်ကြီးကြောင့် မှင်သက်နေပါပြီ။ လင်းယွီရှစ်လည်း ထိုနည်းလည်းကောင်းဖြစ်၏။
အရင်တုန်းက ဒီလောက်ထိ အရသာရှိသည့် အစားအစာမျိုး တစ်ခါမှ မစားဖူးပါ။
ဖြစ်ချင်တော့ တက္ကသိုလ်မှ ဘွဲ့ရပြီး ၃ နှစ်တာကာလအတွင်း လင်းဖန်၏ အချက်အပြုတ်စွမ်းရည်များက အလွန်အမင်း အရသာရှိလာခဲ့ပါသည်။
"အစ်ကိုကြီး ငါတကယ်မပြန်ချင်တော့ဘူး ဒီမှာနေပြီး နင်ချက်ပေးတဲ့ ညစာပဲစားချင်တော့တယ်" လင်းယွီရှစ်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။ ငါးအရသာ ဝက်သားကို မြည်းကြည့်ပြီးနောက် သူမဆုံးဖြတ်ချက်ချလိုက်သည်။
ငါးအရသာ ဝက်သားမပြောနဲ့၊ လင်းဖန်၏ ထမင်းအဖြူထည်ကတောင် အရသာရှိလွန်းလှပါသည်။
အားလုံး ထမင်းချက်တတ်သည်။ သို့သော် မတူညီသောလူများ ချက်သည့် ထမင်း၏ အရသာလည်း မတူပေ။
လင်းဖန်၏ ထမင်းဖြူက မွှေးလွန်းပါသည်။
ဒါက ထိပ်တန်းစားဖိုမှူးတစ်ယောက်ရဲ့ ဆွဲဆောင်မှုလား။ သူဘယ်လို ဟင်းလျာမျိုးပဲ ချက်ပြုတ်ပါစေ အရသာရှိနေလိမ့်မည်။
"အစ်ကိုလင်းဖန်ရဲ့ အစားအသောက်တွေက တကယ်အရသာရှိတာပဲ။”
"ဒါအစ်ကိုလင်းဖန်ရဲ့ အချက်အပြုတ်ကို စားဖူးတာ ပထမဆုံးပဲ....။ အစ်ကိုလင်းဖန် ညစာ စားပြီးရင် ဓာတ်ပုံအတူတူ ရိုက်လို့ရမလား။"
"လက်မှတ်လည်း လိုချင်တယ်။ မဟုတ်ရင် အပြင်မှာ တွေ့ရမှာ မဟုတ်ဘူး။”
ကောင်မလေး ၃ ယောက်က သနားစရာပုံစံလေးများဖြင့် မျှော်လင့်နေကြပါသည်။
လင်းဖန်က မငြင်းဘဲ သူတို့ကို လက်မှတ်ထိုးပေးလိုက်ပါသည်။
သူတို့ နဲ့ဓာတ်ပုံအတူရိုက်ဖို့ကိုတော့ လင်းဖန် ငြင်းလိုက်ပါသည်။
အခုခေတ်တွင် ဘယ်ဓာတ်ပုံကိုမဆို မီဒီယာက လှည့်စားပစ်လိုက်နိုင်၏။ ဓာတ်ပုံများသာ ပျံ့နှံ့သွားပါက သူ ထပ်ရေပန်းစားလာနိုင်ပြီး သတင်းမီဒီယာများလည်း ရေးစရာ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် ရသွားပါလိမ့်မည်။
ကောင်မလေး ၃ ယောက်က အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း လင်းဖန်၏ လက်မှတ်ရတာနဲ့တင် တော်တော် ကောင်းနေပါပြီ။
ပထမဆုံး နာမည်ကျော်နောက် လိုက်ခြင်း အောင်မြင်သွားပါပြီ။
တကယ့် စူပါစတား လင်းဖန်က သူတို့ရှေ့မှာတင် ရှိနေသည်။
ညစာစားပြီးနောက် လင်းဖန်က လက်ရမ်းပြလိုက်ပြီး သူတို့ကို ပြောလိုက်ပါသည်။ "နင်တို့တွေ နားနှင့်ကြချေ။ ငါမအိပ်ခင် အလုပ်နည်းနည်းလောက် လုပ်လိုက်ဦးမယ်။”
"အစ်ကိုကြီး နင် အခု အရမ်းချမ်းသာနေတာတောင် အလုပ်ကြိုးစားနေတုန်းပဲ။” လင်းယွီရှစ်က လင်းဖန်ကိုကြည့်လိုက်ပြီး စိတ်မကောင်းဖြစ်သွားပါသည်။ လင်းဖန်က တစ်နေကုန် ကုမ္ပဏီမှာ အလုပ်များပြီး အိမ်ပြန်လာရင်လည်း အချိန်ပို အလုပ်လုပ်ရသေးတာ လင်းယွီရှစ် သိပါသည်။။
လင်းဖန်က ဘဝကို အေးအေးဆေးဆေးနေပြီး ကောင်မလေးများနဲ့ ပျော်ပါးနိုင်သော်လည်း သူ မနေခဲ့ပါ။ ထို့အစား ပြည့်စုံပြီး ငြီးငွေ့ဖွယ်ဘဝကိုသာ ရွေးချယ်ခဲ့ပါသည်။
လင်းဖန်က ပြုံးပြီး လင်းယွီရှစ်ကို ကြည့်လိုက်ပါသည်။ "ပိုက်ဆံရှိတယ်ဆိုရင်တောင် ပိုကြိုးစားရမှာပေါ့။ အမြဲတမ်း ဒီလိုပဲလေ။ နင်မကြိုးစားရင် နေ့တိုင်း ဘာမှမလုပ်ဘဲ ချိသွားလိမ့်မယ်။”
လင်းယွီရှစ်က ခေါင်းငြိမ့်လိုက်သည်။ သူမလည်း အများကြီး နားလည်သည့်ပုံပေါ်ကာ လင်းဖန်အတွက် ဂုဏ်ယူမိပါသည်။
အပြင်ပိုင်းမှာတော့ အလွန်ချိုမြိန်ကာ လင်းဖန်ကို ချွဲနွဲ့ကာ ဂျီကျတတ်သည်။ အဘယ့်ကြောင့်ဆိုသော် လင်းဖန်က သူ့အစ်ကိုဖြစ်နေသောကြောင့်ပင်။
ရင်ထဲမှာတော့ သန်မာသည့် မိန်းကလေး တစ်ယောက်ဖြစ်ပါသည်။ သူ့အစ်ကိုက ဘယ်လောက်ပဲ ချမ်းသာနေပါစေ သူမလက်နဲ့ သူမ ကြိုးစားမည်။
တခြားသူတွေပေးတာက ကိုယ်တိုင်ရသည့် ပိုက်ဆံနဲ့ လုံးဝ ခြားနားပါသည်။
လင်းယွီရှစ်က လင်းဖန် ချမ်းသာသော်လည်း ကြိုးစားနေဆဲဖြစ်တာကို မြင်ရသဖြင့် အလွန် ဝမ်းသာမိပါသည်။
သူမ အစ်ကိုလင်းဖန်က ဒီလောက်တော်မှန်း သူမသိထားပါသည်။
သူသာ မတော်ပါက ဒီလိုနေရာမျိုးအထိ လင်းဖန် ရောက်လာနိုင်မှာ မဟုတ်ပေ။ ဒီလိုပြောင်မြောက်သည့် ဇာတ်ညွှန်းမျိုးကို ရေးသားနိုင်မှာလည်း မဟုတ်ဘဲ အွန်လိုင်းပေါ်မှာ နာမည်ကျော်သွားသည့် ဒရမ်မာထဲ ပါဝင်ရိုက်ကူးနိုင်ဖို့ဆို ပိုဝေးသွားပါပြီ။