← Chapters

အခန်း(၁၁၉) လင်းဖန်က သူ့အိုင်ဒေါ

Vol. 8 Ch. 119

အခန်း(၁၁၉) လင်းဖန်က သူ့အိုင်ဒေါ

Vol. 8 Ch. 119

အခန်း(၁၁၉) လင်းဖန်က သူ့အိုင်ဒေါ

လင်းဖန် အလုပ်လုပ်ဖို့ သူ့အခန်းသူပြန်သွားပြီး ဘဝရဲ့ပျော်ရွှင်မှု ဒုတိယတွဲအတွက်ဇာတ်ညွှန်းကို စတင်ရေးသားလိုက်သည်။

ပထမတွဲကြောင့် ဒုတိယတွဲကို  ဆက်ရေးသားဖို့က ပိုခက်ခဲပါသည်။

လင်းဖန်က ဇာတ်သိမ်းကို သိပ်ပြီး ဘဝင်မကျလှပါ။ တစ်ဖက်မှာတော့ လင်းဖန်တွင် "ဓားနဲ့နတ်သမီးရာဇဝင်" ဇာတ်ညွှန်းအတွက် ဇာတ်သိမ်းကို လင်းဖန်ရေးသားပြီးပါပြီ။ ဇာတ်ညွှန်းနှစ်ခုတွင် ဇာတ်သိမ်းများသာ လိုအပ်နေသည်။ ထို့ကြောင့် ဘဝရဲ့ပျော်ရွှင်မှု ဝင်ငွေများက သူ့ကိုပေးသည့်အခါ ဇာတ်ညွှန်းနှစ်ခုမှ ရသည့် မူပိုင်ခွင့်ကြေးများနဲ့ ပေါင်းလိုက်ပါက လင်းဖန် ငွေတော်တော်လေး ရနိုင်ပါသည်။

မဟုတ်ပါက လင်းဖန် ဘယ်လောက်ပဲ ချမ်းသာပါစေ ရှားဝမ်ချွေ့လောက် ချမ်းသာလာမှာ မဟုတ်ပါ။ သူ့မိန်းမ ဖိနှိပ်တာ မခံနိုင်ပါ။

ထိုဇာတ်ညွှန်းနှစ်ခုကို ရေးသားပြီးနောက် လင်းဖန် ယွဲ့ဟွာနဲ့ အလုပ်လုပ်တာ ရပ်လိုက်နိုင်သည်။ ယွဲ့ဟွာ၏ ရွှေတံဆိပ် ဇာတ်ညွှန်းရေးဆရာမဟုတ်သော်လည်း လက်ရွေးစင် ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါသည်။

လင်းဖန်မှာ သူရေးသားထားသည့် ဇာတ်ညွှန်းများကို အပြည့်အဝ ထိန်းချုပ်ပိုင်ခွင့်ရှိသဖြင့် ပိုက်ဆံသာ လုံလုံလောက်လောက် ပေးပါက ကြိုက်ရာကုမ္ပဏီနဲ့ တွဲလုပ်နိုင်ပါသည်။

အနုပညာလောကထဲ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများက အလွန်ကျယ်ပြောသည်။ ယွဲ့ဟွာက ဇာတ်ညွှန်းကို ဝယ်နိုင်ခဲ့ရင်တောင် ဒရမ်မာထဲမှာ သရုပ်ဆောင်သည့် သရုပ်ဆောင်များက ယွဲ့ဟွာက နာမည်ကျော်များဖြစ်ချင်မှ ဖြစ်မည်။

ကုမ္ပဏီကြီးများစွာက နာမည်ကျော်များလည်း ဒီရုပ်သံဒရမ်မာထဲမှာ သရုပ်ဆောင်နိုင်ပါသည်။

ဒါရိုက်တာ၏ တောင်းဆိုချက်များကို ပြည့်မှီနိုင်ပါက သူတို့ စတင်သရုပ်ဆောင်နိုင်ပါပြီ။

အလွန်နောက်ကျလာသောအခါ လင်းဖန် လက်ပ်တော့ကိုပိတ်ပြီး နားဖို့ပြင်လိုက်ပါသည်။

ထိုအချိန်တွင် တံခါးခေါက်သံထွက်ပေါ်လာ၏။

လင်းဖန်က မျက်မှောင်ကြုတ်လိုက်ပြီး တံခါး ဖွင့်လိုက်ပါသည်။ တံခါးရှေ့တွင် ရှက်ရွံ့နေသော မျက်နှာဖြင့် အတွင်းခံသာ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရပါသည်။

ထိုကောင်မလေးက လင်းယွီရှစ်နဲ့အတူပါလာသည့် လင်းချမ့်ချမ့်ဖြစ်သည်။

ပိုက်ဆံမချမ်းသာပါက ကောင်မလေးများ ရေလာမြောင်းပေးလုပ်ခြင်းကို ဘယ်တော့မှ မခံစားနိုင်ကြောင်း ပညာရှင်တစ်ဦးက ပြောဖူးသည်။

လင်းဖန်က လှမ်းကြည့်လိုက်ရာ လင်းချမ့်ချမ့်၏ လှပသော ကိုယ်ခန္ဓာကို မြင်လိုက်ရပါသည်။

ဘယ်လိုယောက်ျားမျိုးကမှ ဒီလိုလှပသော ကောင်မလေးတစ်ယောက်၏ ကိုယ်ခန္ဓာကို မတုန့်ပြန်ဘဲမနေပါ။

ဒါက စိတ်ပိုင်းဆိုင်ရာတုန့်ပြန်မှုသာဖြစ်ပြီး ကျန်တာ ဘာမှ မသက်ဆိုင်ပေ။

အခုခေတ် ဘုန်းကြီးများဘေးမှာတောင် မိန်းမများ ရှိနေတတ်သည်။

လင်းဖန်က သူမကို တမင်သက်သက် ကြည့်လိုက်တာ မဟုတ်ပါ။ လင်းချမ့်ချမ့်က ဘာလို့ သူ့အခန်းကို ဒီလို ဝတ်စားပြီး လာခဲ့တာလဲ။

စဥ်းစားကြည့်စရာတောင်မလိုဘဲ လင်းချမ့်ချမ့်က သူ့ကို ညစ်ပတ်ဖို့ ရောက်လာမှန်း လင်းဖန် သိနေပါသည်။

လွန်ခဲ့သည့် နှစ်များစွာအတွင်း အလွန်ရေလာမြောင်းပေး လုပ်တတ်သည့် ကောင်မလေးများစွာနဲ့ လင်းဖန် ကြုံဖူးပါသည်။ လင်းချမ့်ချမ့်လောက်ရဲတင်းသည့် မိန်းကလေးမျိုးကို မြင်ဖူးတာတော့ ဒါပထမဆုံးအကြိမ်ဖြစ်ပါသည်။

သူမ၏ ပါးလွှာသော အတွင်းခံကလွဲပြီး ကျန်တာ ဘာမှ ဝတ်မထားပါ။

အပေါ်တစ်ထည် အောက်တစ်ထည်သာရှိသည်။

"အစ်ကိုလင်းဖန်... ဘဝရဲ့ပျော်ရွှင်မှုမှာ အစ်ကို သရုပ်ဆောင်တာကိုမြင်တော့ ကျွန်မ ချစ်မိသွားတယ်။”

"အစ်ကိုက တကယ်ချောမောတယ်။ ပြီးတော့ အစ်ကိုချက်တဲ့ ညစာတွေကလည်း အရမ်းအရသာရှိတာပဲ။ အစ်ကို... ကျွန်မရဲ့ တောင်းဆိုချက်လေးတစ်ခုကို ဖြည့်ဆည်းပေးနိုင်မလား။”

"အစ်ကို ဘာမှ တာဝန်ယူဖို့မလိုပါဘူး။ ကျွန်မရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးရင် ဘယ်သူ့ကိုမှ မပြောပါဘူး။ ကျွန်မဘက်က အရင် လိုက်လျောတာပါ။”

"ပြီးတော့... ဒါကျွန်မရဲ့ ပထမဆုံးအကြိမ်ပါ။”

လင်းချမ့်ချမ့်က လင်းဖန်ကို သနားစရာကောင်းစွာ ကြည့်ရင်း ပြောလိုက်ပါသည်။ သူမ၏ ပါးပြင်များက အနည်းငယ် နီရဲနေပါသည်။

တခြားတစ်ယောက်ယောက်သာဆို ဒီလိုမက်လုံးမျိုးကို တောင့်မခံနိုင်လောက်ပေ။

လင်းချမ့်ချမ့်က သာမန်လူ မဟုတ်ပါ။

သူမ အပြင်ပိုင်းမှာသာ ဒီလိုပြောသော်လည်း လင်းဖန်သာ သူမကို ထိတွေ့လိုက်ပါက နောက်ပိုင်း ဆက်တိုက်နှောင့်ယှက်တော့မည်ဖြစ်သည်။

လင်းဖန်ကို သူမအား တာဝန်ယူခိုင်းချင်သည်။ သူမသာ ကိုယ်ဝန်ရသွားပါက လင်းဖန် သူမကို ထားခဲ့လို့ မရနိုင်တော့ပါ။

သူမကို ပထုတ်ပစ်ချင်ပါက ပိုက်ဆံအများကြီး ပေးရလိမ့်မည်။ ဥပမာအားဖြင့်... သန်းရာနဲ့ချီပြီး ပေးရမည်။

လင်းဖန်က သူ့နာမည်ကို ထိန်းသိမ်းဖို့အတွက် ဒီလောက် ငွေအများကြီး ထုတ်ပေးမှာကို သူမ သိပါသည်။

လင်းဖန်နဲ့ တွေ့ချိန်မှာတော့ ဒီလို ပြောမှာ မဟုတ်ပါ။ လင်းဖန်ကို တကယ်သဘောကျသည့် ပုံစံမျိုးဖြင့် အလွန်အပြစ်ကင်းစင်ချင်ယောင်ဆောင်နေပါသည်။

ဒီလိုမိန်းကလေးမျိုးနဲ့ ကြုံလာရသဖြင့် လင်းဖန် ရယ်လိုက်ပါသည်။

လွန်ခဲ့သည့် ၁၀ နှစ်လောက်တုန်းကသာဆို ငယ်ငယ်ရွယ်ရွယ်နဲ့သူက သူမ အရူးလုပ်တာကို ခံရနိုင်သည်။

လောလောဆယ်တော့ ဒီကောင်မလေးကို လင်းဖန် လုံးဝ စိတ်မဝင်စားပါ။

ဒီကောင်မလေး လုပ်ချင်တာကိုလည်း သဘောတူမှာ မဟုတ်ပါ။

လင်းဖန်က သူ့အပေါ်က ကင်မရာကို ညွှန်ပြလိုက်သည်။ ဒါက ဗီလာကြီးတစ်လုံး ဖြစ်သော်လည်း ဗီလာထဲတွင် ကင်မရာများ ရှိနေပါသည်။ အထူးသဖြင့် လင်းဖန်၏ အခန်းထဲတွင် ဖြစ်သည်။

ကင်မရာထဲက အရာများက အလွန်လုံခြုံသည်။ လင်းဖန်တစ်ယောက်တည်းသာ စစ်ဆေးခွင့် ရှိပါသည်။

"မိန်းကလေး မင်းအချစ်အတွက် အရမ်းဝမ်းသာပါတယ်။”

"ဒါပေမယ့် ငါက အဲ့လိုလူမျိုး မဟုတ်ဘူး။ ကျေးဇူးပြုပြီး ငါ့ကို အဲ့လိုလူမျိုးလို့ မထင်ပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့ အကြံပေးချင်ပါတယ်။”

"မင်းမျက်နှာမပျက်ရအောင် အခု ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ပေးမယ်။ နောက်ပိုင်း မင်းက ငါ့ညီမရဲ့ အတန်းဖော် ဖြစ်နေဦးမှာဆိုတော့ ငါဘာမှမပြောတော့ဘူး။”

"အခု ကျေးဇူးပြုပြီး ကိုယ့်အခန်းမှာ ကိုယ် ပြန်အိပ်ပါတော့။ မနက်ဖြန် ဒီအိမ်ကနေ သွားတော့။ မဟုတ်ရင် ငါ့ဖုန်းပေါ်က ခလုတ်ကို နှိပ်လိုက်တာနဲ့ ဒီက အိမ်ရာစီမံရေးတွေ ချက်ချင်း ရောက်လာပြီး ရဲကိုပါ ဖုန်းဆက်လိမ့်မယ်။ မင်းလုပ်သမျှကို ကင်မရာက မှတ်တမ်းတင်ထားလိမ့်မယ်။” လင်းဖန်က ပြောလိုက်ပါသည်။

"အစ်ကိုလင်းဖန် အစ်ကိုတာဝန်ယူပေးဖို့ မလိုပါဘူး။ ကျွန်မ အစ်ကို့ကို သဘောကျလို့ပါ။” လင်းချမ့်ချမ့်က အရှုံးမပေးချင်သေးပေ။

"တော်စမ်း" လင်းဖန်က ပြောလိုက်သည်။ သူ လင်းချမ့်ချမ့်ကိုတောင် မကြည့်တော့ပါ။ "မိန််းကလေးဆိုတာ ကိုယ့်ကိုယ်ကို တန်ဖိုးထားသင့်တယ်။”

"မိန်းကလေးတစ်ယောက်ရဲ့ပထမဆုံးအကြိမ်က သူအချစ်ဆုံးနဲ့ ခင်ပွန်းလောင်းအတွက်ပဲ ဖြစ်သင့်တယ်။ ဒီတိုင်း ကြိုက်နှစ်သက်တဲ့လူတစ်ယောက်အတွက် မဖြစ်သင့်ဘူး။" လင်းဖန်က ပြောလိုက်ပါသည်။

"မင်းပိုက်ဆံ လိုချင်တာဆိုရင် ကိုယ့်ဖာသာကိုယ် ရှာလို့ရတယ်။ နာမည်နဲ့ ဂုဏ်သိက္ခာ လိုချင်တာဆိုရင် ကိုယ့်ဖာသာကိုယ် ကြိုးစားလို့ရတယ်။ ကိုယ့်ကိုယ်ကိုပဲ အားကိုးပါ။ မင်းကို လမ်းမှား မလျှောက်စေချင်ဘူး။ မင်းဘဝလမ်းချော်သွားတာနဲ့ တစ်ဘဝလုံး ပျက်စီးသွားလိမ့်မယ်။”

"လမ်းမှန်ကို လျှောက်မှ လမ်းက တောက်ပပြီး ချောမွေ့နေမှာ။ နားလည်လား" လင်းဖန်၏ အကြည့်က တည်တံ့နေကာ မေးလိုက်ပါသည်။

"နားလည်ပါပြီ အစ်ကိုလင်းဖန် ကျေးဇူးတင်ပါတယ်။ ကျွန်မ မှားသွားပါတယ်။ ကျေးဇူးပြုပြီး ယူရှိနဲ့ အတန်းဖော်တွေကို ဒီအကြောင်း မပြောပါနဲ့။”

"နောက်ကို... ဒီလိုမလုပ်တော့ပါဘူး" လင်းချမ့်ချမ့်က ရှက်သွေးဖြာပြီးခေါင်းငုံ့လိုက်ပါသည်။

သူမမှာ ဒီလို လမ်းမှားသည့်အတွေးများရှိခဲ့သည်။

မိန်းကလေးတစ်ယောက်အနေဖြင့် ဖြတ်လမ်းလိုက်ခြင်း ဖြစ်၏။

သို့သော်လည်း လင်းဖန်၏ စကားလုံးများက လင်းချမ့်ချမ့်၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိတွေ့သွားသည်။ ဒါက သူမ အိုင်ဒေါ လင်းဖန် မဟုတ်ပါလား။

အခုချိန်ကစပြီး လင်းချမ့်ချမ့်၏ ရင်ထဲက လင်းဖန်၏ အဆင့်အတန်းမှာ ပိုပြီး မြင့်တက်သွားပါသည်။

အခုချိန်ကစပြီး သူမ အိုင်ဒေါက လင်းဖန်သာဖြစ်မည်။ ပြောင်းလဲသွားမှာ မဟုတ်တော့ပါ။

လင်းဖန်က လင်းချမ့်ချမ့်ကို ငြင်းလိုက်ရင်တောင် သူ့ကို လင်းချမ့်ချမ့် ပိုပြီး အထင်ကြီးသွားမိပါသည်။

ထို့နောက် လင်းချမ့်ချမ့် ပြန်အိပ်လိုက်ပါသည်။

ဘာမှမဖြစ်ခဲ့သလို သူမ ဟန်ဆောင်လိုက်မည်။

လင်းချမ့်ချမ့် ပြန်သွားပြီးနောက် လင်းဖန်က တံခါးကိုပိတ်လိုက်ပြီး ရှားဝမ်ချွေ့၏ ဓာတ်ပုံအာား တိတ်တဆိတ် ဖွင့်ကြည့်လိုက်ပါသည်။ လင်းဖန် ခေါင်းခါလိုက်သည်။ ဒီခေတ်မိန်းကလေးတွေရဲ့ အတွေးများကို သူနားမလည်နိုင်တော့ပါ။

ကံကောင်းစွာဖြင့် ဒီလိုလာလုပ်သည့်လူက ရှားဝမ်ချွေ့ မဟုတ်ပါ။

ရှားဝမ်ချွေ့သာ လင်းဖန် ရှေ့ကို ဒီလိုဝတ်စားပြီး ရောက်လာပါက လင်းဖန်က တစ်ခါမှ စိတ်မဖောက်ပြန်ဖူးသည့် သူတောင်စင် ဖြစ်နေရင်ေတာင် သူ သဘောအကျဆုံး ကောင်မလေးရှေ့မှာတော့ ခံနိုင်ရည်ရှိမှာ မဟုတ်ပေ။

All Chapters