← Chapters

အခန်း(၁၂၀) တစ်ချက်နမ်းလိုက်ရင် မနာတော့ဘူး

Vol. 8 Ch. 120

အခန်း(၁၂၀) တစ်ချက်နမ်းလိုက်ရင် မနာတော့ဘူး

Vol. 8 Ch. 120

အခန်း(၁၂၀) တစ်ချက်နမ်းလိုက်ရင် မနာတော့ဘူး

နောက်တစ်နေ့ လင်းဖန်နိုးလာပြီး ပုံမှန်အတိုင်း Sign-in ဝင်လိုက်ပါသည်။

"ဒီတစ်ခေါက်လည်း Sign in ဝင်လိုက်ရင် ပစ္စည်းကောင်းကောင်းရမယ် မထင်ဘူး" လင်းဖန် ထထိုင်လိုက်သည်။ ဒီတစ်ခေါက် အနည်းငယ် တည်တံ့နေ၏။

စနစ်၏ လုပ်ဆောင်ချက်များက အဓိပ္ပာယ်မဲ့လွန်းပါသည်။ ၂.၀ အထိ အဆင့်မြှင့်တင်ခဲ့သည်။ စနစ်၏ မစ်ရှင်များကို မအောင်မြင်ပါက ပစ္စည်းကောင်းကောင်း ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါ။

မစ်ရှင်စနစ်ကလည်း အလွန်အဓိပ္ပာယ်မဲ့ပါသည်။ ရှားဝမ်ချွေ့ကို ပိုးပန်းဖို့က ဘယ်လိုလုပ် လွယ်မည်နည်း။

မိန်းကလေးများကို ပိုးပန်းခြင်းက တစ်ဆင့်ချင်း သွားရ၏။ လောလို့ မဖြစ်ပါ။

အချိန်မှန်မရောက်သေးခင် သူ့ကို ပိုးပန်းနိုင်ခဲ့ရင်တောင်  အတူတူ ဆက်တွဲဖို့ သူတို့အတွက် ခက်ခဲနိုင်ပါသည်။

"ဒင်... အောာင်မြင်စွာ Sign in ဝင်လိုက်ပါပြီ"

"ထန်ချမ်းယိဖျင်ဗီလာမော်ဒယ်လေးအား ရရှိသည့်အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်" စနစ်၏ အသံထွက်လာသည်။

ထို့နောက် လင်းဖန်၏ ကုတင်ပေါ်တွင် အလွန်သေးငယ်သည့် ထန်ချမ်းယိဖျင် ဗီလာမော်ဒယ်လေးတစ်ခု ပေါ်လာပါသည်။

လင်းဖန် ကုတင်ပေါ်က ဗီလာမော်ဒယ်အသေးလေးကို ကြည့်ရင်း စိတ်နာသွားသည်။

ထန်ချမ်းယိဖျင်ဗီလာက ဘာဖြစ်သွားတာလဲ။ စားခါနီးဘဲတစ်ကောင်က ထပျံသွားသလိုပင်။

အကျင့်မကောင်းတဲ့စနစ် လင်းဖန် စနစ်ကို ဘယ်တော့မှ ထပ်မယုံကြည်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ချမ်းသာဖို့ စနစ်ကို အားကိုးချင်ပါက စိတ်ရှည်စွာ စောင့်ဆိုင်းရမည်။

လင်းဖန်က အိုက်စ်တီးနဲ့ coke များကို ရောင်းလို့တော့ ရပါသည်။ ဒီ ဗီလာမော်ဒယ်လေးလည်း ပါ၏။

နောက်တစ်ခေါက် Ferrari ပြိုင်ကား မော်ဒယ်လေး ရဦးမှာလား။

ပိုက်ဆံရှာဖို့ သူ့ကိုယ်သူ အားကိုးရမည်ထင်ပါသည်။

ဒီအကျင့်မကောင်းတဲ့ စနစ်နဲ့သာဆို တစ်ဘဝလုံး ပိုပိုပြီး ဆင်းရဲလာဖို့သာရှိသည်ဟု လင်းဖန် ခံစားမိပါသည်။

လင်းဖန် ဒေါသထွက်နေ၏။ သူသာ Sign in ဝင်ပြီး ဒီလို ဗီလာမော်ဒယ်တစ်ခုကို မရပါက အကျင့်မကောင်းသည့် စနစ်ဟု ပြောမှာ မဟုတ်ပါ။

ထန်ချမ်းယိဖျင်ဗီလာအစစ်များက သန််းဆယ်ချီ သို့မဟုတ် သန်းရာချီပင် တန်ဖိုးရှိသည်။

ဒါက တစ်ယောက်ယောက်က ကိုယ့်ကို Zimbabwean ဒေါ်လာဖြင့် သန်း ၁၀၀ ပေးလိုက်သလိုပင်။

( ၁ယွမ် = ၈.၆ Zimbabwean ဒေါ်လာ)

လင်းဖန် အနည်းငယ် စိတ်ပျက်သွားပါသည်။ စနစ်က ဗားရှင်း ၁.၀ တုန်းက အားကိုးရသေးသည်။ အခု ဗားရှင်း ၂.၀ သို့ တင်လိုက်သောအခါ အားမကိုးရတော့ပေ။

သို့သော်လည်း ဒါက လင်းဖန်ရဲ့ လက်ရှိဘဝအပေါ် သက်ရောက်မှု မရှိပါ။

သူက စားဖိုမှူး၊ ဇာတ်ညွှန်းရေးဆရာ၊ ထိပ်တန်းဂီတပါရမီလည်းရှိကာ ဒါရိုက်တာလည်း ဖြစ်သည်။ သရုပ်လည်းဆောင်တတ်သည်။

လက်ရှိ လင်းဖန်က စနစ် မရှိရင်တောင် ငွေအများကြီး ရှာနိုင်နေပါပြီ။

သို့သော်လည်း ရှားဝမ်ချွေ့ကို ပိုးပန်းရသည့် မစ်ရှင်အား အောင်မြင်အောင် လုပ်နိုင်ခဲ့ပါက ဘယ်လို ပစ္စည်းကောင်းတွေရမလဲ လင်းဖန် မသိပါ။ ဧကန္တ မစ်ရှင်တစ်ခုကို အောင်မြင်လိုက်ပါက သူရနိုင်သည့် ပစ္စည်းများမှာ ဒီသာမန်ပြိုင်ကား၊ ဗီလာကြီးများထက် အများကြီး ပိုကောင်းလောက်သည်။

လင်းဖန် ပထမဆုံး မစ်ရှင်ကိုအောင်မြင်သွားတော့ နည်းပညာအဆောက်အအုံ၏ ၃ ဘီလီယံတန်သော အထပ် ၇ ထပ်ကို ရခဲ့ပါသည်။ ဒါက လင်းဖန်၏ ဆင်းရဲသော ဘဝမှ လွတ်လမ်း ဖြစ်ခဲ့၏။ စနစ်ကို အဆင့်မမြှင့်တင်ခဲ့တုန်းက လင်းဖန်၏ ဘဏ်အကောင့်ထဲတွင် ဒေါ်လာ ၂ သန်းသာရှိသေးသည်။ တကယ်ပဲ အလွန်ဆင်းရဲပါသည်။

အခု ယွမ် သန်း၈၀ ကျော်တောင် ရှိနေကာ စနစ်၏ ဒုတိယမစ်ရှင်က အောင်မြင်ဖို့ အနည်းငယ် ခက်ခဲပါသည်။

တနင်္ဂနွေနေ့ဖြစ်ကာ ကုမ္ပဏီလည်း အနားယူထားသည်။

လင်းဖန်က အိမ်မှာရှိနေပြီး နေ့တိုင်း အလုပ်လုပ်ကာ တစ်ခါတစ်လေ အိပ်ပြီး ဂိမ်းကစားသည်။

လက်ရှိ လင်းဖန်၏ ဘဝက အလွန်အေးချမ်းပါသည်။

ဇာတ်ညွှန်းများကို ရေးပြီးနောက် လင်းဖန် ကွန်ပျူတာ ဖွင့်လိုက်ပြီး League of Legends ကို ကစားလိုက်သည်။ ချက်ချင်းပဲ Yasuo ကို ယူလိုက်ပြီး ဂိမ်းကို 0 - 8 ဖြင့် အဆုံးသတ်ခဲ့ပါသည်။

ဘဝရဲ့ပျော်ရွှင်မှုက ဒီလောက်ရိုးရှင်းသည်။

လင်းဖန်က ဂိမ်းတချို့ ကစားပြီး ပျင်းဖို့ကောင်းလာသဖြင့် အိပ်လိုက်ပါသည်။

ညနေခင်းတွင် လင်းဖန်နှင့် လင်းယွီရှစ်တို့ တီဗီ အတူတူကြည့်ကြသည်။

သူတို့ ထိုနေ့က ထုတ်လွှင့်သည့် ဘဝရဲ့ပျော်ရွှင်မှုကို ကြည့်နေကြခြင်း ဖြစ်သည်။

လင်းယွီရှစ်က လင်းဖန်၏ ပခုံးပေါ်မှာ မှီရင်း ကြည့်နေပါသည်။

လင်းဖန်က ဖယ်ချင်သော်လည်း လက်လျှော့လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သူ့ညီမ မဟုတ်ပါလား။

သူ့ညီမ သူ့ပခုံးပေါ်မှီတာ ကိစ္စမရှိပါ။

ထိုအချိန်တွင် တံခါးခေါက်သံထွက်လာပြီး ကောင်မလေးနှစ်ယောက် ဝင်လာ၏။

ရှားဝမ်ချွေ့က ဒီကို မကြာခဏ လာတတ်သဖြင့် လုံခြုံရေးစနစ်က သူမကို ဝင်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ပြောစရာမလိုအောင် လှိုင်းပြာပင်လယ်အော်ဝင်ပေါက်က လုံခြုံရေးဝန်ထမ်းများက မနာလို အားကျမိကြပါသည်။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့က လင်းဖန်ကို လာတွေ့ကြမှန်း သူတို့ သိပါသည်။

သူတို့မျက်လုံးထဲမှာ လင်းဖန်က သူတို့ အိုင်ဒေါ ဖြစ်၏။ ဒီလိုအရာများနဲ့ သူတို့ အသားကျပြီးသား ဖြစ်ပါသည်။

အမှန်ပင်။ နာမည်ကျော်များ လင်းဖန်ကို လာတွေ့တာက သူ့ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်သည်။ လုံခြုံရေးအစောင့်များက ဒီသတင်းကို ဖြန့်မှာ မဟုတ်ပါ။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ လင်းဖန်၏ အိမ်ထဲဝင်လာကြသည်။

ရှားဝမ်ချွေ့က လင်းဖန်ကို အံ့သြအောင် လုပ်မလို့ ဖြစ်၏။ လက်ထဲမှာ ကြောင်လေးတစ်ကောင်ကို ချီထားသည်။ ထိုကြောင်လေးက လင်းဖန်၏ ဗီလာထဲတွင် မွေးထားသည့် ကြောင်လေး ဖြစ်၏။ နာမည်က ချွေ့ချွေ့ ဖြစ်သည်။ ချွေ့ချွေ့က ရှားဝမ်ချွေ့က ရင်ဘတ်ကို ထပ်ပြီး ပွတ်သပ်နေကာ ရှားဝမ်ချွေ့ကလည်း ကြောင်လေး၏ ခေါင်းကို ပွတ်ပေးနေပါသည်။

ရှားဝမ်ချွေ့ တံခါးကို ဖွင့်လိုက်တော့ လင်းဖန်နဲ့ လင်းယွီရှစ်တို့ကို အတူတူတွေ့လိုက်ရပါသည်။

လင်းယွီရှစ်က လင်းဖန်၏ ပခုံးပေါ်တွင်မှီကာ ဒရမ်မာတစ်ခုထဲတွင် နစ်မျောနေသည့်ပုံပင်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရှားဝမ်ချွေ့၏ မျက်နှာထားပြောင်းလဲသွားပါသည်။

သူမ မျက်လုံးများက အနည်းငယ်နီရဲသွား၏။ လင်းယွီရှစ်ကို သူမ မသိပါ။ လင်းဖန်က သူမ မရှိတာကို အခွင့်ကောင်းယူပြီး တခြား ကောင်မလေးများနဲ့ ရှုပ်ပွေနေသည်ဟု ထင်သွားမိသည်။

ရှားဝမ်ချွေ့ တစ်ခုခု ပြောဖို့ ပြင်လိုက်စဥ် စုရှောင်းယွီက အရင်ပြောလိုက်ပါသည်။

"ဆရာရေ ငါတို့ရောက်နေပြီနော်။ ဘာလို့ တီဗီဆက်ကြည့်နေတာလဲ။” စုရှောင်းယွီက လျှာထုတ်ပြလိုက်သည်။ သူမ၏ အတွေးကတော့ ရှားဝမ်ချွေ့နဲ့ ခြားနားပါသည်။

ရှားဝမ်ချွေ့၏ ပထမဆုံး တုန့်ပြန်ချက်က သဝန်တိုမှု ဖြစ်၏။ စုရှောင်းယွီ၏ ပထမဆုံး တုန့်ပြန်ချက်ကတော့ လင်းဖန်ကို အော်ခေါ်ခြင်း ဖြစ်ပါသည်။

စုရှောင်းယွီက အလွန်ဉာဏ်ကောင်းသည်။ ရှားဝမ်ချွေ့သာ  ဘာမှမပြောဘဲ ပြန်သွားပါက သူတို့၏ ဆက်ဆံရေး ပြိုကွဲသွားနိုင်သည်။

လင်းဖန်ကို အရင်ခေါ်လိုက်ပါက ဒီကိစ္စမှာ နားလည်မှုလွဲတာရှိလျှင် လင်းဖန်က တုန့်ပြန်ပြီး အမြန်ရှင်းပြလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးက တစ်လင်တစ်မယားစနစ်ကိုသာ အလေးထားကြသည်။ ဖောက်ပြန်ခြင်းက စုံတွဲများအတွက် ကောင်းသော အရာ မဟုတ်ပါ။

လင်းဖန် စုရှောင်းယွီ၏ အသံကိုကြားသောအခါ ချက်ချင်း လှည့်ကြည့်လိုက်ပါသည်။ သူ ကျောချမ်းသွားရ၏။

အခုလေးတင် လင်းယွီရှစ်က သူ့ပခုံးပေါ်မှာ မှီနေခဲ့ပါသည်။

သူ အမြန်ရှင်းမပြပါက ကြောင်မလေး တကယ် ဒေါသထွက်သွားမှာကို လင်းဖန် ခံစားမိပါသည်။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ ရှားဝမ်ချွေ့ တကယ်ဒေါသထွက်နေတာကို လင်းဖန် သိနိုင်ပါသည်။ ချော့လို့ မရသည့် အတည်ပေါက် စိတ်ဆိုးခြင်းမျိုး ဖြစ်သည်။

လင်းဖန်၏ နေချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ ပြေးသွားလိုက်ပြီး ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်ပါသည်။ "ဝမ်ချွေ့ သူက ငါ့ညီမအရင်းလေ။ တက္ကသိုလ် ဒုတိယနှစ် တက်နေတာ။ နွေရာသီ အားလပ်ရက်မှာ ငါ့ဆီလာနေတာလေ။ သူ့နာမည်က လင်းယွီရှစ်တဲ့။ နင့်ပရိတ်သတ်ပဲ။”

ရှားဝမ်ချွေ့က သူမ၏ လှပသော မျက်လုံးများဖြင့် မော့ကြည့်လိုက်ပါသည်။ သူမ မတုန့်ပြန်နိုင်ခင်မှာ လင်းဖန်က သူမလက်ကို ကိုင်လိုက်သည်။ လင်းဖန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ရှားဝမ်ချွေ့ စိတ်ဆိုးနိုင်ပါဦးမလား။

"အရူးကောင် ငါစိတ်မဆိုးပါဘူး။ ဘာလို့ လာရှင်းပြနေတာလဲ။” ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ လင်းဖန်က သူမလက်ကို ကိုင်ထားကာ သူမ မလွတ်နိုင်တော့ပါ။

"နင်စိတ်မဆိုးတာ ငါသိပါတယ်။ ဒါပေမယ့် ငါအပြစ်ကင်းကြောင်း ပြဖို့ ရှင်းပြရမှာပေါ့" လင်းဖန်က ပြုံးကာ အတည်ပေါက် ပြောလိုက်ပါသည်။ အမှန်ပင်။ ရှားဝမ်ချွေ့ကို စိတ်သက်သာရာရအောင် သူ လုပ်ပေးရမည်။

"သိပါတယ် သိပါတယ် နင်က အပြစ်ကင်းပါတယ်" ရှားဝမ်ချွေ့က လင်းဖန် အသည်းအသန် ကြိုးစားနေတာကို မြင်ပြီး ရယ်မောလိုက်ပါသည်။

"ဒါဆို ငါ့လက်ကို အခုလွှတ်လို့ရပြီလား။ ငါ့ကို တွေ့တိုင်း အမြဲအနိုင်ကျင့်တယ်။ အရူးကောင်လင်းဖန် ငါနင့်ကိုတကယ် စကားမပြောချင်တော့ဘူး။” ရှားဝမ်ချွေ့က နှုတ်ခမ်းဆူလိုက်ပါသည်။ သူမ လက်ကောက်ဝတ်များ အနည်းငယ် နီရဲနေပါသည်။

လင်းဖန်က ရှားဝမ်ချွေ့ တကယ် နားလည်မှု လွဲသွားမှာကို ကြောက်သဖြင့် အလွန် စိတ်ဖိစီးခဲ့ပါသည်။ လူတွေ စိတ်ဖိစီးသောအခါ စိတ်အေးအေးထားနိုင်မှာ မဟုတ်ပါ။

"တောင်းပန်ပါတယ်။ နာသွားလား။" လင်းဖန်က ရှားဝမ်ချွေ့၏ လက်ကောက်ဝတ်ကိုကြည့်ကာ စိတ်မကောင်း ဖြစ်သွားပါသည်။

"နာတယ်~~" ရှားဝမ်ချွေ့က ပို၍ပင် ဝမ်းနည်းပြလိုက်ပါသည်။

"ငါ့ကိုပြန်ရိုက်" လင်းဖန်က ပြောလိုက်သည်။

"မြောင်မြောင် ငါက လူကြမ်း မဟုတ်ဘူး။”

"ဒါပေမယ့် ငါ့လက်ကောက်ဝတ်က နာနေတုန်းပဲ။ နင် နမ်းလိုက်ရင် မနာလောက်တော့ဘူး။” ရှားဝမ်ချွေ့က လင်းဖန်၏ မျက်နှာကို ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ လင်းဖန် သူမကို အခွင့်ကောင်းယူတာကို တားလို့ မရနိုင်တော့ပါ။ မဟုတ်ပါက ဒီအရူးကောင်လင်းဖန် တခြားတစ်ယောက်ဆီပါသွားရင် ဘယ်လိုလုပ်မလဲ။

ရှားဝမ်ချွေ့၏ စကားလုံးများကို နားထောင်ပြီးနောက် လင်းဖန်၏ စိတ်ဗလာကျင်းသွားပါသည်။

နမ်းလိုက်ရင် မနာတော့ဘူးလား။

ဒါကို သူ ခံနိုင်ရည်ရှိပါဦးမလား။

လင်းဖန်ချက်ချင်းပဲ ရှားဝမ်ချွေ့ကို ဖက်ကာ သူမ၏ သေးသွယ်သော လက်ကောက်ဝတ်ကို ကိုင်ကာ သူမ၏ နီနီရဲရဲနှုတ်ခမ်းလေးကို နမ်းလိုက်ပါသည်။

"အမ်..." ရှားဝမ်ချွေ့၏ မျက်နှာာ နီရဲသွားသည်။ လင်းဖန်၏ရုတ်တရက်အနမ်းက သူမခန္ဓာကိုယ်ကို သိမ်းပိုက်သွားပါသည်။ သူမ ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရကာ စိတ်တစ်ခုလုံးလည်း ဗလာကျင်းသွားခဲ့သည်။

သူမ အနည်းငယ် စိတ်ဆိုးသွားသည်။

အရူးကောင်လင်းဖန်က တလွဲနေရာကို နမ်းလိုက်သောကြောင့်ပင်။

All Chapters