← Chapters

လူတစ်ယောက်ကိုပြောင်းလဲခြင်း

Vol. 58 Ch. 808

လူတစ်ယောက်ကိုပြောင်းလဲခြင်း

Vol. 58 Ch. 808

အခန်း (၈၀၈) လူတစ်ယောက်ကိုပြောင်းလဲခြင်း

သီးသန့်အခန်းထဲမှ ရန်ကျောက်ကဲက သိမ်မွေ့သည့်လေသံဖြင့်...

“ကျွန်တော် စည်းကမ်းပေါ့လျော့တာနဲ့ပဲ စိတ်အနှောက်အယှက်ဖြစ်ကြရပြီ ၊ ကျေးဇူးပြုပြီး အပြစ်မယူဖို့ မျှော်လင့်ပါတယ်”

ရှဲ့လျန်နှင့်အခြားသူများက အလျှင်အမြန်ပင်...

“မလုပ်ရဲပါဘူး မလုပ်ရဲပါဘူး”

ယခု သူတို့အားလုံး အတော်လေးမှင်တက်နေကြပြီး ရန်ကျောက်ကဲကို မည်သို့စကားပြောရမည်ကိုလည်း မသိရှိနိုင် ဖြစ်နေကြသည်။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး မြေပြင်ထက်တွင်သေဆုံးနေသော မောက်လျန်သတ္တဝါထံမှ ကျောက်စိမ်းလက်ဝတ်လေးတစ်ခုကို ဖြုတ်ယူလိုက်သည်။

ထိုကျောက်စိမ်းလက်ဝတ်လေးက လေထဲတွင်ပျံသန်းသွားပြီး ရှဲ့လျန်ရှေ့သို့ ရောက်ရှိသွား၏။

ရန်ကျောက်ကဲက...

“ကျွန်တော်မွေးထားတဲ့ မောက်လျန်သတ္တဝါက သစ္စာမရှိတဲ့ပုန်ကန်သူဖြစ်လို့ လက်ကနေထွက်ပြေးသွားပြီး ကျွန်တော့်သိက္ခာကျဆင်းအောင်လုပ်ခဲ့တယ် ၊ ပြီးတော့... ကျန်တဲ့ အတုအယောင် (၂)ယောက်လည်း ဒီပစ္စည်းအတွက် ရောက်လာကြတယ်ထင်ပါတယ် ၊ အခု ဒီပစ္စည်းကို မူလပိုင်ရှင်ထံ ပြန်ပေးလိုက်ပါ့မယ်”

ရှဲ့လျန်မှာ သူ့အရှေ့သို့ရောက်လာသည့် ကျောက်စိမ်းလက်ဝတ်လေးကို အံ့အားသင့်စွာဖြင့် လှမ်းယူလိုက်သည်။

“ဒါက အိမ်တော်က ရတနာပစ္စည်းတစ်ခုပါပဲ ၊ ဒီပစ္စည်းအတွက် ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး”

ထို့နောက် သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“ကျေးဇူးတင်ပါတယ် ၊ ကျေးဇူးတင်ပါတယ်”

သူက စကားပြောနေရင်း တစ်စုံတစ်ခုကို စဉ်းစားမိပြီး အနည်းငယ်တုံ့ဆိုင်းသွားသည်။

ဤ ကျောက်စိမ်းလက်ဝတ်လေးကိုမြင်တော့ ရန်ကျောက်ကဲအတုများ သူ့ထံအဘယ်ကြောင့် ရောက်ရှိလာရသည်ကို ရှဲ့လျန် သဘောပေါက်သွားသည်။

အိမ်တော်သို့ ပထမဆုံးရောက်လာသည့် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်က သူနှင့်အတူလိုက်ပြီး အိမ်‌တော်အတွင်းမှ ရတနာပစ္စည်းများကို ကြည့်ရှုခဲ့သည်။

ထိုအချိန်တွင် ဤကျောက်စိမ်းလက်ဝတ်လေးကို အခြားပစ္စည်းတစ်ခုဖြင့် အစားထိုးလဲလှယ်လိုက်ရဟန် ရှိသည်။ ယခု ဘဏ္ဍာတိုက်ထဲတွင်ရှိနေသောပစ္စည်းမှာ လဲလှယ်ခံထားရသည့်အတုသာလျှင် ဖြစ်ပေမည်။

ထို့နောက်မှာတော့ တတိယ ‘ရန်ကျောက်ကဲ’ က ပိန်ပိန်ပါးပါးလူငယ်ကို သတ်ဖြတ်လိုက်စဉ် ထို ကျောက်စိမ်းလက်ဝတ်လေးကို ရယူပြီး လက်တွင်ဝတ်ဆင်ထားလိုက်သည်။

ထိုအချက်ကို ရန်ကျောက်ကဲ၏ ထက်ရှသောအမြင်အာရုံဖြင့် တွေ့မြင်လိုက်လေသည်။

ရှဲ့လျန်သည် သူကိုင်ဆောင်ထားသော ရတနာပစ္စည်းမှာ အစစ်အမှန်ဖြစ်ကြောင်းသေချာစေရန် ထပ်ခါတလဲလဲ စစ်ဆေးခဲ့သည်။

ရှဲ့လျန်က ဤပစ္စည်းတန်ဖိုးကြီးမှန်း သိရှိသော်လည်း အထဲတွင်ပါရှိသည့် လျှို့ဝှက်ချက်ကို သိရှိခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ရတနာပစ္စည်တစ်ခုအဖြစ်သာ သိမ်းဆည်းထားခဲ့ပြီး ယခုတော့ လူပေါင်းများစွာက လိုချင်တပ်မက်စိတ်ဖြင့် သူ့ကို လာရောက်လှည့်စားကြသည်။

သူက ရန်ကျောက်ကဲကို သတိထားပြီးကြည့်လိုက်သည်။

ယခု သူ့မျက်စိရှေ့မှလူငယ်သည်လည်း ရန်ကျောက်ကဲအစစ်မဟုတ်ဘဲ သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့် ချဉ်းကပ်ခြင်း မဟုတ် မဟုတ် မည်သူသိနိုင်မည်နည်း။

သို့သော် ရန်ကျောက်ကဲက အိမ်တော်အတွင်းမှ လူများအားလုံးကို ခေါင်းညိတ်နှုတ်ဆက်ရင်း...

“ကိစ္စပြီးပြီဆိုတော့ ဒီ’ရန်’ ကို ခွင့်ပြုပါဦး... ကျန်တဲ့ကိစ္စကို လူကြီးမင်းတို့စိတ်ကြိုက် လုပ်လို့ရပါတယ်”

ထို့နောက် လေထုထဲမှ အလင်းပုံရိပ်က ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ရှဲ့လျန်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

ရန်ကျောက်ကဲက ‘ရှဲ့’ အိမ်တော်သို့လာရောက်ရန် ရည်ရွယ်ချက်မရှိခဲ့သလို လူတိုင်းနှင့်စကားပြောရန်ပင် အစီအစဉ် မရှိခဲ့ပေ။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို လှည့်ကြည့်လိုက်တော့ မောက်လျန်သတ္တဝါကို သိမ်းဆည်းပြီး အနက်ရောင်ဝတ်လူငယ်ထံသို့ လျှောက်သွားသည်ကိုတွေ့ရသည်။

အနက်ရောင်ဝတ်လူငယ်က မောက်မာသူတစ်ယောက်ဖြစ်သော်လည်း ပေါ့ပေါ့ဆဆ မပြုမူဝံ့ခဲ့ပေ။ ယခုတစ်ကြိမ် ထွက်ပေါ်လာသည့် ‘ရန်ကျောက်ကဲ’ က အစစ်အမှန်ဖြစ်နိုင်သည်ဟု သူ့စိတ်ထဲ ခံစားနေရသည်။

သူက ‘ရန်ကျောက်ကဲ’ အတုဖြစ်ကြောင်း ပေါ်သွားပြီး အဖမ်းခံရခြင်းက ပြဿနာမရှိသော်လည်း သူ့ရှေ့သို့ရောက်လာသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင် ဖြစ်သည်။

ကြောက်မက်ဖွယ်ရာစွမ်းအားရောင်ဝါက အနက်ရောင်ဝတ်လူငယ်အား အသက်ရှူကျပ်လာစေသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပေါ့ပါးသည့်လေသံဖြင့်...

“မင်းရဲ့အရိပ်ကျုံ့အိတ်ထဲမှာ သက်ရှိလူသားတွေဖမ်းဆီးထားတယ်လို့ ငါ အာရုံခံမိတယ်”

ထိုစကားကြားတော့ အနက်ရောင်ဝတ်လူငယ် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ကိုဖဝါးဖြင့် ဖိနှိပ်ထားသည့်အတွက် လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

အရိပ်ကျုံ့အိတ်ကိုဖွင့်လိုက်သည်နှင့် လူရိပ်များစွာထွက်ပေါ်လာပြီး မြေပြင်ထက်သို့ ကျဆင်းသွားကြသည်။ သူတို့အားလုံးက ချောမောလှပသည့် မိန်းမပျိုလေးများ ဖြစ်ကြလေသည်။

ဒါကိုမြင်တော့ ရှဲ့လျန့်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ဖဝါးတစ်ဖက်ဖြန့်လိုက်ရာ ပုံရိပ်တစ်ခုထွက်ပေါ်လာပြီး မြေပြင်ထက်သို့ ကျဆင်းသွားသည်။

အိမ်တော်မှလူများက စိတ်ဝင်တစားကြည့်လိုက်ရာ သိုင်းပညာရှင်အဆင့်မျှသာဖြစ်သော လူငယ်တစ်ယောက်ဖြစ်ကြောင်း တွေ့ရသည်။ ဘယ်လိုပဲကြည့်ကြည့် သာမန်ထက်ထူးခြားခြင်း မရှိပေ။

သို့ပေသိ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ခေါ်ဆောင်လာသူဖြစ်သဖြင့် မည်သူမှသူ့ကိုမထီမဲ့မြင် မပြုဝံ့ပေ။

လူငယ်မှာ အိပ်မက်ကမ္ဘာထဲရောက်နေသည့်အလား အနည်းငယ်မှင်တက်လျှက် ရှိသည်။ သို့သော် သူ့အရှေ့မှ မိန်းမပျိုတစ်ယောက်ကို တွေ့ရသည့်အခါ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားသည်။

မိန်းမပျိုမှာလည်း မှင်တက်နေရာမှ လူငယ်၏မျက်ဝန်းများနှင့် ကြည့်ချင်းဆုံသွားသည့်အခါ အံ့အားသင့်စွာဖြင့် လူငယ်ထံသို့ ပြေးလာသည်။ နှစ်ယောက်သား တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ကြသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းမရှိသော မျက်နှာအမူအရာဖြင့် အနက်ရောင်ဝတ်လူငယ်ကို ငုံ့ကြည့်လိုက်ပြီး လက်ဝါးဖြင့်ရိုက်ချလိုက်သည်။

အနက်ရောင်ဝတ်လူငယ်မှာ သနားစရာကောင်းလောက်အောင် အော်ဟစ်သံကိုပြုလုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးများအားလုံးကျိုးသွားပြီး သွေးကြောဆုံချက်များပျက်ဆီးသွားကာ ကိုယ်တွင်းအင်္ဂါများအက်ကွဲသွားသည့်အလား ခံစားလိုက်ရသည်။

လူငယ်၏ခန္ဓာကိုယ်အတွင်းမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရ အသက်ဝင်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ရှိ သွေးကြောဆုံချက်များမှ စီးဆင်းထွက်ပေါ်လာကာ လွင့်စင်ပျက်ပြယ်သွားသည်။

သိုင်းသူ‌တော်စင်တစ်ယောက်ဖြစ်သဖြင့် ချက်ချင်းသေဆုံးသွားခြင်း မရှိသေးသော်လည်း သူ၏ကျင့်ကြံခြင်းများအားလုံး ဖျက်ဆီးခံလိုက်ရပြီး တန်ခိုးစွမ်းအားများလည်း ပျောက်ဆုံးသွားပြီ ဖြစ်သည်။

အနက်ရောင်ဝတ်လူငယ်မှာ သေသည်ထက်ဆိုးရွားသော ခံစားချက်ကို ခံစားလိုက်ရပြီး လက်ဖဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်လျှင်ပင် သူပိုပြီးပျော်ရွှင်မိမည် ဖြစ်၏။

သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် သူ့ကိုမသတ်ဖြတ်သည်မှာ ကရုဏာထားသောကြောင့်မဟုတ်ကြောင်းသိလိုက်ရပြီး သူ့စိတ်ထဲ ပိုမိုအေးစက်သွားသည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက...

“ဒီလူကို ဘယ်လိုအပြစ်ပေးမလဲ မင်းကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်”

ထိုစကားကိုကြားသည့်အခါ ဇနီးဖြစ်သူနှင့် ယခုပင်ပြန်လည်ဆုံတွေ့ခွင့်ရသောလူငယ်၏မျက်နှာက ဒေါသကြောင့် နီရဲသွားသည်။

သူက ဇနီးဖြစ်သူကို နှစ်သိမ့်စကားအနည်းငယ်ပြောပြီးနောက် အနက်ရောင်ဝတ်လူငယ်ရှေ့သို့ လမ်းလျှောက်လာသည်။

အနက်ရောင်ဝတ်လူငယ်က ကျင့်ကြံခြင်းများအားလုံးဖျက်ဆီးခံလိုက်ရသည့်တိုင် သိုင်းသူတော်စင်တစ်ယောက် ဖြစ်သဖြင့် သူ၏စွမ်းအားနှင့်စိတ်ဓာတ်တို့က လုံးလုံးလျားလျား အားနည်းသွားခြင်း မရှိသေးပေ။

အနက်ရောင်ဝတ်လူငယ်၏ စူးစိုက်ကြည့်ခြင်းခံလိုက်ရသည့်အခါ ကျင့်ကြံခြင်းအဆင့်အားနည်းသည့် လူငယ်မှာ အနည်းငယ် တုန်လှုပ်သွားရသည်။

သို့သော် သူ့စိတ်ထဲမှ ဒေါသနှင့်အမုန်းတရားက အကြောက်တရားကို ကျော်ဖြတ်သွားကာ ကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး အနက်ရောင်ဝတ်လူငယ်ကို လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

ဒါကိုမြင်တော့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အနည်းငယ်ခေါင်းညိတ်ရင်း...

“တကယ့်ကို သွေးပူပြီး သတ္တိရှိတာပဲ”

အနက်ရောင်ဝတ်လူငယ်ကို အပြစ်ပေးပြီးသည့်နောက် လူငယ်က ခဏမျှမှင်တက်နေမိသည်။

ပြီးမှ ချက်ချင်းပင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ဦးညွှန်လိုက်ရင်း...

“ကျေးဇူးတင်ပါတယ် သခင်လေး ၊ ကျွန်တော့်အတွက် တရားမျှတမှုကို ရှာဖွေပေးခဲ့တဲ့ နေဝန်းထက်ယံသခင်လေးကိုလည်း ကျေးဇူးတင်ပါတယ်”

လူငယ်၏ဇနီးဖြစ်သူနှင့် အခြားသောမိန်းမပျိုများကလည်း တညီတညွတ်တည်းဒူးထောက်ချလျှက် ကျေးဇူးတင်စကားဆိုလိုက်ကြသည်။

သို့သော် သူတို့အားလုံး ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ရှဲ့လျန်နှင့်အခြားသူများမှာ သဲလွန်စမကျန်ပျောက်ကွယ်သွားသည့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုကြည့်ရင်း စိတ်ထဲတုန်လှုပ်သွားကြသည်။

ဒီအတိုင်း ထွက်သွားခဲ့သည်လား။

တခြားဘာမှ လုပ်စရာမရှိတော့ဘူးလား။

ရန်ကျောက်ကဲအစစ်က ဝေလငါးမျှားမြို့တော်နှင့် ‘ရှဲ့’ အိမ်တော်ရှိ မည်သည့်အရာကိုမှ ရယူရန်ဆန္ဒမရှိခဲ့ပေ။  ဟန်ဆောင်ထားသည့်အတုအယောင်များကိစ္စ ဖြေရှင်းပြီးသည်နှင့် ဤအတိုင်းပင် ထွက်ခွာသွားခဲ့သည်။

ရှဲ့လျန်နှင့် ဝေလဂိုဏ်းမှအကြီးအကဲတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ဝေလဂိုဏ်းမှအကြီးအကဲက သက်ပြင်းချရင်း...

“ဒီနောက်ဆုံးတစ်ယောက်က နေဝန်ထက်ယံသခင်လေး အစစ်ပဲ”

ရှဲ့လျန်က မချိပြုံးပြုံးရင်း...

“အခုပဲ ဒီအဘိုးကြီးက သူ့ကိုမလေးမစားလုပ်လိုက်မိပြီ ၊ နေဝန်းထက်ယံအရှင်သခင်လေးကို စော်ကားသလိုဖြစ်မသွားဖို့ မျှော်လင့်ရတာပဲ ၊ အင်း... နေဝန်းထက်ယံသခင်လေးလို ထက်မြက်တဲ့လူတစ်ယောက်က ရှဲ့အိမ်တော်နဲ့ ဝေလငါးမျှားမြို့တော်ကို ဘယ်လိုမှ သဘောထားမှာမဟုတ်ပါဘူးလေ ... ...”

မည်သို့ပင်ဖြစ်စေ သူတို့အိမ်တော်အနေဖြင့် ရန်ကျောက်ကဲနှင့် မိတ်ဆွေဖွဲ့ရန် အခွင့်အရေးကို ဆုံးရှုံးသွားပြီ ဖြစ်သည်။

‘ရှဲ့’ အိမ်တော်က အတုများကိုတော့ ကောင်းမွန်စွာဆက်ဆံခဲ့ပြီး တကယ့်အစစ်ရှေ့တွင်တော့ ငတုံးတစ်ယောက်လို ပြုမူနေမိသည်။ ထိုအချက်ကိုနားလည်သွားပြီးနောက် ရှဲ့လျန် နောင်တရသွားပြီး သူ့ကိုယ်သူ ပါးရိုက်ချင်စိတ်များပင် ဖြစ်လာသည်။

ထိုအချိန် ဘေးနားမှ ရှဲ့အိမ်တော်မိသားစုဝင်တစ်ယောက်က တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် အမြန်ဝင်ပြောလိုက်သည်။

“အိမ်တော်သခင်... စောစောက နေဝန်းထက်ယံသခင်လေးရှိနေတဲ့ အခန်းအပြင်အဆင်ကိုကြည့်ရတာ ဝေလငါးဖမ်းမြို့တော်က သေရည်ခန်းမတစ်ခုရဲ့ အတွင်းပိုင်းအပြင်အဆင်နဲ့ သွားတူနေတယ်”

ရှဲ့လျန်၏ မျက်လုံးများသည် ချက်ချင်းတောက်ပသွားပြီး...

“အဲဒီနေရာကို အမြန်လိုက်သွားကြစမ်း”

အိမ်တော်အတွင်းမှလူများသည်လည်း လျှင်မြန်စွာပင် ထွက်ခွာသွားကြလေသည်။

***

ထိုအချိန် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သေရည်ခန်းမ ၊ သီးသန့်အခန်းသို့ ပြန်ရောက်လာပြီ ဖြစ်သည်။

သူ့လက်ဖဝါးထက်မှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး အရိပ်နှစ်ခု ကြမ်းပြင်ထက်သို့ ပြုတ်ကျလာသည်။ တစ်ခုက သေဆုံးနေပြီဖြစ်သော မောက်လျန်သတ္တဝါဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ရန်ကျောက်ကဲနှင့် ခွဲမရအောင်ဆင်တူသည့် လူငယ် ဖြစ်သည်။

ထိုလူငယ်မှာ နဖူးထက်တွင် နေရောင်ခြည်သင်္ကေတပါရှိနေသော မောက်လျန်ကိုကြည့်ရင်း မှင်တက်နေပြီး မချိပြုံးပြုံးလျှက် သူ့နဖူးကိုယ်သူ ထိကိုင်ကြည့်လိုက်သည်။

သူ့မှာ လူသားတစ်ယောက်ဖြစ်ပါလျှက် ယန်ကျောက်ကဲ၏သွန်သင်ဆုံးမမှုအောက်မှ ထွက်ပြေးလာသည့် မိစ္ဆာလုံးလုံးဖြစ်ရသည့်အပြင် အခြေအနေများကလည်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရသည်။

ရန်ကျောက်ကဲက ထိုလူငယ်ကိုကြည့်ရင်း သိမ်မွေ့စွာဖြင့်...

“မင်း ရုပ်ဖျက်တာအရမ်းတော်တာပဲ ၊ တကယ်ရင်းနှီးတဲ့မိတ်ဆွေတွေသာမဟုတ်ဘူးဆိုရင် အတုနဲ့အစစ် ခွဲခြားဖို့ အတော်ခက်လိမ့်မယ် ၊ ပြီးတော့... မင်းက ဟိုနှစ်ယောက်နဲ့မတူဘူး ၊ သူတို့ဟန်ဆောင်တာက လွယ်လွယ်နဲ့ပေါ်သွားနိုင်တယ် ၊ မင်းကတော့ တော်တော်နဲ့ပေါ်မှာမဟုတ်ဘူး ၊ ကြည့်ရတာ မင်းက အတော်လေးအကြံကြီးပုံရတယ်”

All Chapters