← Chapters

အပိုင်း (၄၄၃)

Vol. 30 Ch. 443

အပိုင်း (၄၄၃)

Vol. 30 Ch. 443

ရှစ်ဖုန့်က သားအမိနှစ်ဦးအား ဂရုစိုက်ကြရန်သတိပေးလိုက်သည်။ တုန့်ဆိုင်းခြင်းရှိမနေဘဲ  သုံးယောက်သား မြင့်မားပြီး ကျယ်ဝန်းသော ဂူအတွင်းသို့ လျှောက်လှမ်းဝင်လိုက်ကြသည်။

တောင်ကြား ချိုင့်ဝှမ်းအတွင်းမှာတစ်ဟုန်ထိုးစီး

ဆင်းထွက်ပေါ်လာသော  နက်မှောင်သည့် ခရမ်းရောင်တောင်ကြရေစီးကြောင်းမှလွှဲ၍  ဖုတ်ကောင်များမှာ ရှစ်ဖုန့်အားလုံးဝခြိမ်းခြောက်နိုင်စွမ်းရှိမနေပေ။

သို့သော် တကယ့်အစစ်အမှန် အန္တရာယ်မှာ ဂူအတွင်းပိုင်း၌ရှိကြောင်းအား သူ၏ ပင်ကိုယ်အသိစိတ်က ရှစ်ဖုန့်ကိုပြောနေသည်။

ထို့နောက်သူတို့သုံးယောက်သား သတိရှိစွာဖြင့်  ဂူအတွင်းသို့ဝင်လိုက်ကြပြီး  သူတို့၏  အပေါ်၊အောက်၊ဘေး ဘယ်၊ညာ တို့အားကြည့်လိုက်ကြသည်။

တောင်ကြားလမ်းရှိ ထို ကျောက်တုံးလက်များအား ကြုံကြိုက်ပြီးနောက်တွင် သူတို့သုံးဦးသားအနေဖြင့်  သတိလက်လွတ်ပြုမူနေရဲခြင်းမရှိတော့ပေ။ အကယ်၍ သူတို့သာ သတိလက်လွတ်နေခဲ့လျှင်  သူ့တို့အား  မြေပြင်မှနေ၍ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

ဂူက အရမ်း မှောင်မိုက်လွန်းသည်ဖြစ်၏။ သူတို့အရင်ဆုံးဝင်ရောက်သည့်အချိန်က  ၎င်းမှာ  သာမန်ဂူတစ်လုံးနှင့်ကွဲပြားခြားနားခြင်းမရှိပေ။ သိပ်သည်းထူထပ်သော မီးခိုးဖြူရောင်မြူများပင်လျှင် ဤဂူအတွင်း၌ ပျောက်ကွယ်နေသည်။

သို့သော် ထူးဆန်းသော အရာမှ ရှစ်ဖုန့်လက်ဖဝါး၌ တောက်လောင်နေသော အဖြူရောင်မီးတောက်တစ်ခုဖြစ်သည်။

အဖြူရောင်မီးတောက်မှာ   အကျဉ်းချခံရသကဲ့သို့ဖြစ်နေပြီး  တောက်ပစွာလင်းနိုင်ခြင်းမရှိပေ။  ဂူမှာ အတွင်းပိုင်း၌ မှောင်မိုက်နေဆဲဖြစ်သည်။

ဖြည်းဖြည်းချင်း   ဂူ၏နက်ရှိုင်းသော အတွင်းပိုင်းသို့ ရောက်လာသကဲ့သို့  ရှစ်ဖုန့်နှင့်အ ခြားနှစ်ယောက်တို့မှာ ရုတ်တရက် ရပ်တန့်လိုက်ကြသည်။  အဘယ့်ကြောင့်ဆိုသော် သူတို့၏ ရှေ့တွင် အရိုးပုံတစ်ခုအား မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။  ၎င်းတို့မှာ တစ်ဒါဇင်ခန့်ရှိပြီး အားလုံးမှာ လူသား ကလန်များနှင့် ပက်သက်ဆက်နွယ်နေသည်။ ဤလူများမှာ  ဂူအတွင်းသို့ ဝင်ရောက်ခဲ့ပြီး သေဆုံးသွားကြသူများဖြစ်ကြသည်။

သူတို့အနေဖြင့် ဤနေရာ၌ တစ်စုံတစ်ခုအားမမျှော်လင့်ပဲကြုံတွေ့ခဲ့ကြ

မည်ဖြစ်ပြီး  ထို့ကြောင့် ဤနေရာ၌ သေသွားကြခြင်းဖြစ်မည်ဖြစ်သည်။ ထို့ကြောင့် အရိုးများအား  မြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်နှင့်  အခြားသူနှစ်ယောက်တို့မှာ ရပ်တန့်လိုက်ကြသည်။

ရှစ်ဖုန့်က သူ၏ ခေါင်းအားလှည့်လိုက်ပြီး လှပသော အမျိုးသမီးအားကြည့်၍ မေးလိုက်သည်။

“ခင်ဗျားယောက်ျားက ဒီသခင်လေးတို့ရှေ့မှာ ရှိနေသေးလားဆိုတာကို ခင်ဗျား အာရုံခံနိုင်လား.. ပြီးတော့..  ဒီသခင်လေးတို့နဲ့သူ ဘယ်လောက်ဝေးသေးလဲ”

လှပသောအမျိုးသမီးက ပြောလိုက်သည်။

“သူက တို့နဲ့ ဘယ်လောက်ဝေးသေးလဲဆိုတာကိုတော့ တို့အာရုံမခံနိုင်ပေမဲ့.. သူက တို့ရှေ့မှာရှိနေတာကိုတော့ ရှင်းရှင်းလင်းလင်းအာရုံခံနိုင်တယ်…သူကတို့နဲ့ အကွာအဝေးတစ်ခု ကွာခြားနေတုံးပဲ”

ဤသို့ဆိုလျှင် သူမ၏ယောက်ျားဖြစ်သူမှာ သူတို့ရှေ့ရှိ အရိုးပုံများရှိနေသော အန္တယ်ရာယ်ရှိသည့်နေရာအား  ဖြတ်ကျော်သွားခြင်းဖြစ်မည်ဖြစ်သည်။

“ခင်ဗျားယောက်ျားရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်လဲ”

ရှစ်ဖုန့်က ထပ်မံမေးလိုက်သည်။

“သေခြင်းတားမြစ်နယ်မြေထဲကို ဝင်တဲ့အချိန်တုံးက သူက  ကြယ်ငါးပွင့် သူတော်စင်နယ်ပယ်အဆင့်မှာရှိတယ်”

သူမ၏ ယောက်ျားဖြစ်သူက ကြယ်ငါးပွင့် သူတော်စင်နယ်ပယ်အဆင့်ဖြစ်ကြောင်းကိုပြောသည့်အခါတွင် ဝင့်ကြွားဂုဏ်ယူသော အမူအယာတစ်ခုက လှပသော အမျိုးသမီး၏ မျက်နှာထက်တွင်ပေါ်လာသည်။

အမျိုးသမီးများမှာ ဤကဲ့သို့ပင်ဖြစ်သည်။  သူတို့ယောက်ျား၏ စွမ်းအားက သူမတို့၏ ဝင့်ကြွားစရာပင်ဖြစ်၏။

“ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်”

ရှစ်ဖုန့်က ဤစကားများအားတီးတိုးရေရွတ်နေသကဲ့သို့သူ၏ညာလက်အားဖျက်ခနဲလှုပ်လိုက်ပြီး  လခြမ်းကွေးဓားက သူ၏လက်ထဲတွင်ပေါ်လာသည်။

ထို့နောက်ရှစ်ဖုန့်က ထပ်မံပြောလိုက်သည်။ သူက သားအမိနှစ်ဦးအားပြောလိုက်၏။

“ဒီမှာနေပြီးတော့ ဒီသခင်လေးကိုစောင့်နေ.. ဒီသခင်လေး သွားစစ်လိုက်အုံးမယ်”

“အင်း”

သားအမိနှစ်ဦးတို့မှာခေါင်းညိမ့်လိုက်ကြသည်။

“ဂရုစိုက်ပါ..”

ရှင်းအာဟုခေါ်သော ကောင်မလေးက ရှစ်ဖုန့်အားပြောလိုက်သည်။

“ဒီသခင်လေးကအဆင်ပြေပါတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။  ထို့နောက် သူ့လက်အတွင်းရှိ လခြမ်းကွေးဓားနှင့်အတူ ရှေ့သို့ တစ်ဟုန်ထိုးပြေးသွားလိုက်သည်။

သို့သော် မြေပြင်ထက်ရှိ အရိုးပုံနားသို့ရှစ်ဖုန့်ရောက်ရှိကာနီးတွင်  ထူထပ်သော အနက်ရောင်မွှေးများနှင့်လက်ကြီးတစ်ဖက်က  ရှစ်ဖုန့်၏ အထက်၌ ရုတ်တရက်ပေါ်လာသည်။  ၎င်းမှာ ပါးလွှာသောလေထုထဲမှထွက်လာပုံရပြီး ရှစ်ဖုန့်အား ယင်ကောင်တစ်ကောင်ကိုရိုက်သကဲ့သို့ ရိုက်နှက်ချလိုက်သည်။

ရှစ်ဖုန့်မှာ သတိဝီရိယရှိသည်ဖြစ်သည်။သူ့အပေါ်ရှိ လက်ကြီးအားမြင်တွေ့လိုက်ရသောအခါတွင်  လျှင်မြန်စွာနောက်ပြန်ဆုတ်လိုက်ပြီး  လက်ကြီး၏တိုက်ခိုက်နိုင်သော နယ်ပယ်အတွင်းမှ ထွက်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင်  ရှစ်ဖုန့်လွတ်မြောက်သွားပြီးသည့်နောက်  ရိုက်နှက်ကျဆင်းလာသော အမွှေးရှည်များဖြင့် အနက်ရောင်လက်ကြီးမှာ ရုတ်ခြည်းပျောက်ကွယ်သွား၏။  ယင်းမှာ ၎င်းအနေဖြင့် ဤနေရာ၌ လုံးဝမရှိခဲ့ဖူးသကဲ့သို့ပင်ဖြစ်သည်။

ဘန်းဆိုသောအသံနှင့်အတူ ရှစ်ဖုန့် ခြေထောက်က မြေပြင်ပေါ်သို့ သက်ဆင်းလိုက်ပြီး   သားအမိနှစ်ဦးဘေးတွင်းဆင်းသက်လိုက်သည်။

“ဘယ်လိုလဲ..တို့တွေသွားလို့ရလား”

ရှစ်ဖုန့်က နောက်သို့ပျံသန်းလာသည်ကိုတွေ့လိုက်ရသောအခါတွင် လှပသောအမျိုးသမီးက အလျှင်အမြန်မေးလိုက်သည်။

အနက်ရောင်အမွှေးများဖြင့်လက်ကြီးက   ရှစ်ဖုန့်၏အထက်၌ ပေါ်လာပြီး  သူ့အားရိုက်ချလိုက်သည်ကို တွေ့လိုက်ရသောအခါတွင်  ရှစ်ဖုန့်အတွက်သူမတို့ စိုးရိမ်သွားခဲ့ကြသည်။

“အင်း”

ရှစ်ဖုန့်က လှပသောအမျိုးသမီးအားခေါင်းညိိမ့်ပြလိုက်သည်။

ထို့နောက် အတွေးတစ်ချက်ဖြင့်   သူ့လက်အတွင်းမှ လပြည့်ဓားအား မြှောက်လိုက်ပြီး  သူ ခေါင်းထက်ပျံသန်းစေလိုက်သည်။  သိပ်သည်းသော မီးခိုးဖြူရောင်မြူခိုးများထွက်လာပြီး  ဂူအထက်ပိုင်းသို့ တစ်ဟုန်ထိုးတက်သွားသည်။

ထို့နောက် ရှစ်ဖုန့်က သူ၏ လက်မောင်းတို့အား  နူးညံ့ပြီး ပျော့ပြောင်းသော သားအမိနှစ်ဦး၏ခါး တို့၌ ထားလိုက်သည်။

“အား..”

“အား”

ရှစ်ဖုန့်၏ ရုတ်ခြည်းဆန်သော လှုပ်ရှားမှုကြောင့်   ချက်ချင်းဆိုသလို ထိတ်ထိတ်ပျာပျာဖြစ်ကာ အ လန့်တကြားအော်ဟစ်သော အသံလှိုင်းနှစ်ခုထွက်ပေါ်လာသည်။

“နင်..နင်ဘာလုပ်နေတာလဲ”

ရှစ်ဖုန့်၏ ဆိုးယုတ်သောလက်များအား သူမ၏ကိုယ်အားထိလိုက်သောအခါတွင်  လှပသောအမျိုးသမီးမှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ရှင်..ရှင်ဒါဘာလုပ်တာလဲ..

ကျွန်မတို့ကိုလွှတ်ပေးစမ်း”

ရှင်းအာဟုခေါ်သော ကောင်မလေးကလည်း အော်ဟစ်လိုက်သည်။

“မင်းတို့ဘာတွေတွေးနေတာလဲ…ဒီသခင်လေးကမင်းတို့ကို အဲ့ဘက်ကိုခေါ်သွားပေးမလို့”

အမျိုးသမီးနှစ်ဦး၏ အသံအားကြားလိုက်ရသောအခါတွင်   ရှစ်ဖုန့်၏ အေးစက်သောမျက်နှာထက်၌ မကျေမနပ်မှုတို့ဖြစ်ပေါ်လာသည်။ ချက်ချင်းပဲသူ၏ လက်တို့အား သားအမိနှစ်ဦး၏ နူးညံ့ပျော့ပျောင်းသော ခါးများမှ ရုတ်သိမ်းလိုက်သည်။

“မင်းတို့က ဒီသခင်လေးကို ဘာထင်နေတာလဲ”

ရှစ်ဖုန့်က သားအမိနှစ်ဦးအား အေးစက်စွာကြည့်၍ ပြောလိုက်သည်။

“ဒါက”

ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင်  သားအမိနှစ်ဦးမှာ ရှက်ကိုးရှက်ကန်းဖြစ်စွာကြည့်လိုက်ကြသည်။ သူကသူမတို့အားထိုနေရာသို့ခေါ်

သွားပေးလိုခြင်းသာဖြစ်သည်။

ဤအချိန်ကာလအတောအတွင်း  သားအမိနှစ်ဦးမှာ  များစွာသော ဆိုးရွားသည့် ရည်ရွယ်ချက်များရှိသည့် ယောက်ျားသားများနှင့်ကြုံတွေ့ခဲ့ရသည်။ ယခုဤနေရာသို့ရောက်လာသည်အထိ အတက်အကျများစွာကိုသူမတို့ကြုံတွေ့ဖြတ်သန်းခဲ့ကြရသည်ဖြစ်သည်။ သူမတို့က ထိတ်လန့်ကြောက်ရွံ့မှုဖြင့်  အ သားကျနေကြသည်ဖြစ်၏။

ထို့နောက်သူမတို့ဂရုတစ်စိုက်တွေးလိုက်ကြသည်။  အကယ်၍ ဤလူငယ်သာ သူမတို့အပေါ်၌  မကောင်းသောရည်ရွယ်ချက်များတကယ်ရှိနေခဲ့လျှင် ယခုအချိန်ထိအောင်သူစောင့်ဆိုင်းနေလိမ့်မည်မဟုတ်ပေ။

“ဒါက..တို့တောင်းပန်ပါတယ်”

လှပသော အမျိုးသမီးက လက်သီးနှစ်ဖက်အားဆုပ်ကိုင်၍ ရှစ်ဖုန့်ကို ပြောလိုက်သည်။  ရှစ်ဖုန့်အား ထိုကဲ့သို့သောလူစားမျိုးအဖြစ်သူမမှတ်ယူခဲ့သည်ကိုတွေးမိသောအခါတွင် သူမ၏မျက်နှာကနီရဲသွား၏။

အမျိုးသမီးတင်မကဘဲ ကောင်မလေး၏ မျက်နှာကပါ ရဲရဲနီနေသည်။ သူမကရှစ်ဖုန့်အား ရှက်ကိုးရှက်ကန်းဖြင့်ပြောလိုက်သည်။

“တကယ်တော့ ရှင်ကျွန်မနဲ့ကျွန်မအမေကို အပြစ်တင်လို့မရဘူး. ကျွန်မတို့က လူဆိုးတွေအများကြီးနဲ့တွေ့ခဲ့ရတာ.. ကျွန်မတောင်းပန်ပါတယ်. ..ရှင်ကလူကောင်းဆိုတာကို ကျွန်မတို့သိပါတယ်”

“ကောင်းပြီ..ထားလိုက်တော့.. အခု မင်းတို့ဖာသာမင်းတို့ရွေးချယ်ပါ..အကယ်၍ မင်းတို့သွားချင်ကြတယ်ဆိုရင် ဒီသခင်လေးက မင်းတို့ကို အဲ့ကိုခေါ်သွားပေးမယ်.အကယ်၍မင်းတို့က မသွားချင်ဘူးဆိုရင် ..ဒီသခင်လေးဖာသာ ဒီသခင်လေး  အဲ့ကိုသွားမယ်..”

ရှစ်ဖု့န်က အမေနှင့် သမီးဖြစ်သူအား ပြောလိုက်သည်။

“ရှင်.. ကျွန်မတို့ကိုအဲ့ကိုခေါ်သွားပေးပါ”

မိန်းမငယ်လေးမှာ ရှစ်ဖုန့်အားကြည့်လိုက်ပြီး  ရုတ်တရက် သူကသူမအား ပွေ့ဖက်လိုက်သည့် ခံစားချက်ကိုပြန်အမှတ်ရသွားသည်။ ရှစ်ဖုန့်အား တီးတိုးပြောရင်းသူမ၏မျက်နှာကနီသထက်နီမြန်းလာသည်။ ထို့နောက် သူမ၏အကြည့်အားမိခင်ထံသို့ပြောင်း

လိုက်သည်။

“ကျေးဇူးပြုပြီးတို့သားအမိကို အဲ့ကိုခေါ်သွားပေးပါ”

လှပသောအမျိုးသမီးကပြောလိုက်သည်။ ရှစ်ဖုန့်အားမျက်နှာချင်းဆိုင်ရင်း သူမ၏ မျက်နှာထက်၌ နိုးကြားသော အမူအယတစ်ခုက ရှိနေဆဲဖြစ်သည်။

“ဒါဆို နောက်ပိုင်းကိစ္စတွေကြီးအောင်မလုပ်နဲ့..တစ်စုံတစ်ယောက်ကသာ ဒီနေရာကိုရောက်လာပြီး မြင်သွားတာ ဒါမှမဟုတ်ကြားသွားတာဆိုရင်  ဒီသခင်လေးက ဆိုးရွားတဲ့သူလို့သူတို့ထင်သွားမယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ကောင်းပြီ”

“ကောင်းပြီး တို့တွေမလုပ်ပါဘူး”

သားအမိနှစ်ဦးမှာပြိုင်တူဖြေ၍ရှစ်ဖုန့်

အားကတိပေးလိုက်ကြ၏။

“ကောင်းတယ်..”

ရှစ်ဖုန့်က ဤစကားအားပြောလိုက်ပြီးနောက်  သူ၏လက်တို့အား သားအမိနှစ်ဦးထံထပ်မံဆန့်ထုတ်လိုက်သည်။ မကြာခင်တွင် သူ၏လက်တို့က သားအမိနှစ်ဦး၏ခါးတို့၌ ထပ်မံထွေးပတ်သွားသည်။ ထပ်မံ၍ နူးညံ့မှုနှင့် ပျော့ပျောင်းမှုကိုခံစားလိုက်ရသည်။ ဤသည်မှာ အံ့ဩဖို့ကောင်းသော ခံစားချက်တစ်ခုပင်ဖြစ်သည်။

“ကောင်းပြီ”

ရှစ်ဖုန့်က ထပ်မံပြောက သားအမိနှစ်ဦးအား လက်နှစ်ဖက်ဖြင့်တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး ရှေ့သို့ တစ်ဟုန်ထိုးဦးတည်သွားလိုက်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters