← Chapters

လေနှင့်လျှပ်စီးကို ကျွမ်းကျင်သွားခြင်း နှင့်  ယောင်ယောင်ဒဏ်ရာရခြင်း

Vol. 12 Ch. 160

လေနှင့်လျှပ်စီးကို ကျွမ်းကျင်သွားခြင်း နှင့်  ယောင်ယောင်ဒဏ်ရာရခြင်း

Vol. 12 Ch. 160

“ဝရုန်း ….”

အနက်ရောင် မိုးကြိုးတိမ်တိုက်မှ ငွေရောင် အလင်းတန်းများသည် အနက်ရောင် လျှပ်စီးကျောက်တုံးကို သွားရောက်ထိမှန်သည်။ တစ်ဖက်တွင် ထိုကျောက်တုံးမှ လေနှင့်မိုးကြိုး စွမ်းအားများ ထုတ်လွှတ်ကာ အောက်တွင် ထိုင်နေသည့် ဇူယွမ်ထံသို့ သွားရောက် သွန်ကျသည်။

လေနှင့် မိုးကြိုးစွမ်းအားများ ကျဆင်းလာတိုင်းတွင် ဇူယွမ်၏ ခန္ဓာကိုယ်မှာ ချုပ်တည်းနိုင်စွမ်း မရှိပဲ တုန်ခါလာသည်။

သူက နာကျင်မှုကြောင့် ထုံကျဉ်နေပြီ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ မသိစိတ်၏ ထိန်းချုပ်မှုအောက်တွင် တုန်ခါနေသည်။

ဇူယွမ်၏ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး သူ့ခန္ဓာကိုမှ နာကျင်မှုများကို တတ်နိုင်သမျှ လျစ်လျူရူရန် ကြိုးစားနေသည်။ ရက်အချို့ခန့် လေ့ကျင့်ပြီး နောက်တွင် သူ့အနေဖြင့် မိုးကြိုးဖြင့် တိုက်ခိုက်ခြင်းကို အသုံးပြုလာနိုင်မည် ဖြစ်သည်။

ထိုစဉ်အတွင်း သူ၏ အာရုံစူးစိုက်မူ များကို သူ့ခန္ဓာကိုယ် အတွင်းပိုင်းသို့ ပြောင်းလဲလိုက်သည်။ သွေးနီရောင် ချီသိုလှောင်ခန်းတွင် စွမ်းအားပြည့်ဝသော မူလချီများ ထဲတွင် မှိန်ဖျော့ဖျော့ အလင်းရောင် တောက်ပနေသည့် မိုးကြိုးသွား တစ်ခုကို မြင်လိုက်ရသည်။ ထိုမိုးကြိုး တစ်လျှောက်တွင် လေတိုက်ခတ်သံ များကိုပင် ကြားနိုင်ပေသည်။

မိုးကြိုးအလင်းနှင့် တိုက်ခတ်နေသည့် လေအားနှစ်ခုသည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသွားပြီး အချိန်ကြာလာသည် နှင့်အမျှ တဖြည်းဖြည်း ရောနှောပေါင်းစပ် သွားပြီး ဆန်းကြယ်သော အမှတ်အသား တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို အမှတ်အသားက မိုးကြိုး၏ နံဘေးတွင် လေများ တိုက်ခတ်နေဟန် ပုံသဏ္ဌာန် ရိုးရှင်းသော အမှတ်အသား တစ်ခုဖြစ်ပြီး သဘာဝအလျောက် ဖြစ်ပေါ်နေပုံနှင့်ပင် ဆင်တူပေသည်။ ထို အမှတ်အသားတွင် အလွန်အမင်း နက်နဲ ဆန်းကြယ်မှုတို့ ပါဝင်ပေသည်။

ထို အမှတ်အသားက အမှန်တကယ်ကို ကျင့်စဉ် အမှတ်အသား တစ်ခုဖြစ်ပေသည်။

ထို အမှတ်အသားတွင် အထူးကျင့်ကြံခြင်း နည်းစနစ်များ ပါဝင်နေသည်။ တစ်ကြိမ်မျှ အမှတ်အသားပုံပေါ်ပြီးသည်နှင့် ချီသိုလှောင်ခန်း အတွင်း ကျင့်ကြံခြင်း မျိုးစေ့တစ်ခု ကဲ့သို့ စွဲထင်နေခဲ့သည်။ အနာဂတ်တွင် မူလချီ စွမ်းအင်များအား ထိုအမှတ်အသားသို့ ဖြည့်သွင်းလိုက်သည်နှင့် ထိုကျင့်စဉ်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

အဆင့်နိမ့် ကောင်းကင်ဘုံကျင့်စဉ် ဖြစ်သည့်အတွက်ကြောင့် အမှတ်အသား ဖြစ်ပေါ်ရန်မှာ အနည်းငယ် ရိုးရှင်းပေသည်။ စစ်မှန်သော ကောင်းကင်အဆင့် ကျင့်စဉ်အတွက် ဆိုပါက အခက်အခဲ အများအပြား ရှိပြီး မြင့်မားသော ကိုယ်ပိုင် အစွမ်းအစနှင့် သဘောပေါက် နားလည်စွမ်းတို့ ရှိရန် လိုအပ်ပေသည်။

ကောလာဟလများက စွမ်းအားကြီးမားတဲ့ သူတွေက ကျင့်စဉ် အများအပြားကို ကွမ်းကျင်ပြီး သူတို့၏ ကျင့်စဉ် အမှတ်အသား များက ချီသိုလှောင်ခန်း အတွင်းမှာ ကြယ်များဖြင့် ပြည့်နှက်နေသော ကောင်းကင်တစ်ခုလို ဖြစ်နေသည်။ ထိုစွမ်းအား ကြီးမားသူတွေ သေဆုံးချိန်၌ သူတို့၏ ကျင့်စဉ် အမှတ်အသား များက သူတို့၏ စိတ်စွမ်းအင် အမှတ်အသားများ အဖြစ် ချန်ရစ်ခဲ့ကြသည်။

ထိုအရာက သူတော်စင် အကြွင်းအကျန် ဒေသမှ သားရဲများ၏ ခန္ဓာကိုယ်အတွင်း တည်ရှိသော မူလကျင့်စဉ် များနှင့် အလားသဏ္ဌာန် တူပေသည် …

ဇူယွမ်၏ ကြီးမြတ်သော လေနှင့် မိုးကြိုးကျင့်စဉ် အမှတ်အသားက အခြေခံအဆင့် မျှသာ ရှိပေသေးသည်။ ထိုအရာကို ပြည့်စုံစေရန် ခန္ဓာကိုယ်ကို လေနှင့် မိုးကြိုးတို့နှင့် တစ်သားတည်း ဖြစ်ရန်လိုအပ်ပြီး ထိုစွမ်းအားပေါ်တွင် နားလည် သဘောပေါက်မှုများ တိုးလာရန် လိုအပ်ပေသည်။

“ဘုန်း …”

ဇူယွမ်က သူ၏တင်းကျပ်စွာ ပိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သည်နှင့် မိုးကြိုးလျှပ်စစ် များက မျက်လုံးအတွင်းမှာ တောက်ပလျက် ရှိသည်။

သူ၏ လက်များက အနည်းငယ် လှုပ်ရှားသွားပြီး သူ၏ လက်ဝါးများကို သူရှိနေသော နေရာ၏ အောက်ခြေသို့ ထားလိုက်သည်။ သူ၏ လက်နှစ်ဖက်ကို အပေါ်အောက် တစ်ဖက်ဆီ ထားလိုက်ပြီး နေမင်း သို့မဟုတ် လမင်းပုံစံ ပြုလုပ်လိုက်သည်။ ထိုစဉ် သူ၏ ချီသိုလှောင်ခန်းမှ ကျင့်စဉ် အမှတ်အသားမှာ တုန်ခါလာခဲ့သည်။

“ဖလပ်”

ဇူယွမ်၏ လက်ဖဝါး နှစ်ခုကြားတွင် တောက်ပသော မိုးကြိုးသွားများ ပေါ်ထွက်လာခဲ့ပြီး သေးငယ်သော အစက်လေး တစ်ခုမှ မူလချီများ စုစည်းကာ တဖြည်းဖြည်း ဖောင်းကားလာပြီး စိမ်းနက်ရောင် လေမိုးကြိုး ဘောလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

ကြမ်းတမ်းသော လှိုင်းဂယက်များက မိုးကြိုးဘောလုံး၏ မျက်နှာပြင်ပေါ်တွင် ရုန့်ရင်းစွာ လှုပ်ခတ်လျက်ရှိသည်။

ဇူယွမ်၏ လက်များက ရှေ့သို့ ဆန့်တန်းသွားပြီး မိုးကြိုးလုံးကို ပစ်လွှတ်လိုက်သည်။ အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် မျက်စိတစ်မှိတ် အတွင်းမှာ ပေတစ်ရာလောက် အထိရောက်ရှိ သွားပြီး တောင်ထွတ် တစ်ခုကို အရှိန်ပြင်းစွာ သွားရောက်ထိမှန်သည်။

“ဘုန်း”

တောင်ထွတ်မှာ ချက်ချင်းပင် ပြိုကျလာပြီး ကျောက်တုံးကြီးများက အောက်သို့ လိမ့်ဆင်းသွားသည်။ ထိုအဖျက်အဆီး စွမ်းအားက ရူးလောက်အောင်ပင် ကြီးမားလှသည်။

“အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဉ်ဆိုတာ ဒီလိုမျိုးလား” ဇူယွမ်ပင်လျှင် ထိုကျင့်စဉ်၏ အဖျက်အဆီး စွမ်းအားကြောင့် တုန်လှုပ်ရပေသည်။ သူ ပထမဦးဆုံး စွမ်းအား စမ်းသပ်ခြင်းမျှသာ ဖြစ်၍ သူ၏ စွမ်းအားများကို အပြည့်အ၀ အသုံးမပြုခဲ့ပေ။ သို့သော်လည်းပဲ အဖျက်အဆီး စွမ်းအား၏ ရလဒ်က သူ့နဂါးလက်ဝါးအား စွမ်းအားအပြည့်အ၀ သုံးခြင်းထက်ပင် ကြီးမားပေသည်။

ဇူယွမ်၏ မျက်နှာပေါ်တွင် ကျေနပ် နှစ်သက်မှုများဖြင့် ပြည့်နေသည်။ ကြီးမြတ်သော လေနှင့် မိုးကြိုး ကျင့်စဉ်က သူ့အား စိတ်မပျက် စေခဲ့သလို မိုးကြိုး အပစ်ခံခဲ့ရခြင်း ကလည်း သူ့အတွက် အလဟဿ မဖြစ်စေခဲ့ပေ။

“ငါအခု ကြီးမြတ်သော လေနှင့်မိုးကြိုး ကျင့်စဉ်ကို သင်ယူပြီးပြီ ဆိုတော့ ငါ့ရဲ့ တိုက်ပွဲစွမ်းရည် ကလည်း နောက်တစ်ကြိမ် တိုးတက်လာခဲ့ပြီ” ဇူယွမ်က မိမိဘာသာ ရေရွတ်လိုက်သည်။ သူ့အနေဖြင့် ယခုအချိန်တွင် အထွတ်အထိပ် အဆင့်မှ ပါရမီရှင် များနှင့် ပက်ပင်း ကြုံလျှင်ပင် ရင်ဆိုင် တိုက်ခိုက်နိုင်ပြီဖြ စ်သည်။

ဇူယွမ် မိမိဘာသာ ဆန်းစစ်ရင်း ရေရွတ်နေချိန်တွင် ရုတ်တရက် ကောင်းကင်မှ သူတော်စင် ကျောက်ပြားမှာ အသက်ဝင်လာသည်။ သူရုတ်တရက် လှည့်ကြည့်လိုက်ချိန်၌ သူတော်စင် ကျောက်ပြားတွင် အလင်းတန်းများ ဖုံးအုပ်နေသည်။

ထိုအရာကို မြင်ချိန်မှာ ဇူယွမ်၏ သူငယ်အိမ် များမှာ ကျုံ့သွားသည်။ သူတော်စင်ကျောက်ပြား ပေါ်လာသည့်ကြောင်းမှာ ထိုကျောက်ပြားပေါ်တွင် အပြောင်းလဲ ဖြစ်တော့မည်ကို ဆိုလိုပေသည်။

“ဒီတစ်ခါ ကျောက်ပြားပေါ်မှာ ဘယ်သူ့ရဲ့ နာမည် ထွက်ပေါ်လာမလဲ မသိဘူး”

ဇူယွမ် ဂရုစိုက်နေတုန်း အလင်းတန်းများက ကျောက်ပြားပေါ်တွင် ဖြတ်သန်းသွားပြီး စာလုံးများ ဖြစ်ပေါ်လာသည်။

“ဝူဟောင်”

“တုံးရွမ် တိုက်ကြီးမှ ယဲ့မင်”

ပထမ အတန်းနှစ်ခုမှ စာတန်းများကို မြင်လျှင် ဇူယွမ် မှင်တက်သွားသည်။ သူ့ အနေဖြင့် ဝူဟောင်ကို သိသော်လည်း ယဲ့မင်က မည်သူနည်း။ တုံးရွမ် တိုက်ကြီးမှလား။ ထိုသူက ကန်မင်တိုက်ကြီးက လူမဟုတ်ဖူးလား။

သူက ဘယ်လို သူတော်စင် အကြွင်းအကျန် နယ်မြေကို ဝင်လာခဲ့သနည်း။

ဇူယွမ်က မျက်မှောင်ကြုတ်သွားသည်။ သိုသော်လည်း စက္ကန့်အနည်းငယ် အကြာတွင် ထိုနာမည်နှစ်ခု၏ နောက်တွင် ပေါ်လာသော စကားလုံးများကြောင့် သူ၏ မျက်လုံးထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ သူ၏ မျက်လုံးထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

“ဝူဟောင် နှင့် ယဲ့မင် ပူးပေါင်း တိုက်ခိုက်မူကြောင့် ဇူရှောင်ယို ...”

“ဇူရှောင်ယို ဒဏ်ရာရ”

“ဘုန်း”

ရုန့်ရင်းသော မူလချီများက ဇူယွမ်၏ ခန္ဓာကိုယ်မှ တိုးထွက်လာပြီး သူ၏ အမူအရာမှာ ရက်စက်ကြမ်းကြုတ် တော့မည့် အသွင်ရှိသည်။

“ဝူဟောင်၊ ငါမင်းကို သတ်မယ်”

သတ်ဖြတ်လိုစိတ် အပြည့်နှင့် အော်ဟစ်သံက တောင်တစ်လျှောက် မိုးချုန်းသံ ကဲ့သို့ ဟိန်းထွက် သွားလေတော့သည်။

ရုန့်ရင်းသော မူလချီများက  ဇူယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ၀ူဟောင်၏ နာမည်အား သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကြည့်နေသည်။ ၀ူဟောင်အနေဖြင့် ယောင်ယောင်အား မယှဉ်နိုင်သောကြောင့် တုံးရွမ်တိုက်ကြီးမှ အင်းအားကြီးသော ယဲ့မင်နှင့် ပူးပေါင်းဟန်ရသည်။ သူ့အနေဖြင့် ၀ူဟောင်က သေချာသိသော်လည်း  ယဲ့မင်အား မသိပေ။ သို့သော် ထို အကောင်ကလည်း အလွန်သန်မာ မည်မှာ အသေအချာပင် ဖြစ်သည်။

အထွတ်အထိပ် အဆင့် ပါရမီရှင် နှစ်ဦးနှင့် ရင်ဆိုင်ရာတွင် ယောင်ယောင်၏ စိတ်ဝိညာဉ်မှာ အားကောင်းသည် မှန်သော်လည်း သူမက အားလည်း နည်းလွန်းပေသည်။ သူ့တွင် မူလချီ အနည်းငယ်မျှ မရှိရုံမက သူမ၏ ခန္ဓာကိုယ်မှာ သိသိသာသာပင် အားနည်းလှပေသည်။ သူမအား အနီးကပ် တိုက်ခိုက်မည် ဆိုပါက သူမ ဒဏ်ရာရမည်မှာ အသေအချာပင် ဖြစ်သည်။

“ယောင်ယောင် ဒဏ်ရာရ သွားခဲ့ပြီ။ မကောင်းတော့ဘူး၊ ငါအခုချက်ချင်း သူ့ကို သွားရှာဖို့လိုတယ်။

ဇူယွမ်က ဆရာ ချင်းယွင်ကို ယောင်ယောင်အား ကာကွယ်ရန် ကတိ ပေးထားခဲ့ပြီး ယခု သူမ ဒဏ်ရာရနေပြီ။ သူမသာ တစ်စုံတစ်ခု ဖြစ်ပျက်သွားလျှင် ဇူယွမ်အနေဖြင့် သူ့ဘဝ တစ်လျှောက်လုံး မိမိကိုယ်ကို အပြစ်တင်ရင်း နေသွားရပေမည်။

သတ်ဖြတ်လိုစိတ် များက ဇူယွမ်၏ မျက်လုံးထဲတွင် ထွက်ပေါ်လာပြီ။

“ဝူဟောင်၊ ဒီသူတော်စင် အကြွင်းအကျန် ဒေသက မင်းရဲ့ သင်္ချိုင်းပဲ”

ဇူယွမ် သူတော်စင် ကျောက်ပြားကို မြင်ပြီးချိန်တွင် သူတော်စင် အကြွင်းအကျန် နယ်မြေထဲ ရောက်ရှိနေကြသော မရေမတွက် နိုင်သော ပါရမီရှင်များကလည်း ထို နာမည်နှစ်ခုကို မြင်ပြီး၍ သူတို့၏ ဆွေးနွေးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ဝူဟောင်ရဲ့ နာမည် သူတော်စင် ကျောက်ပြားပေါ်မှာ ပေါ်လာပြန်ပြီလား”

“ဒါပေမဲ့ ယဲ့မင်ဆိုတဲ့ တစ်ယောက်က ဘယ်သူလဲ။ တုံးရွမ် တိုက်ကြီးက လာတဲ့လူလား”

“သူတော်စင် အကြွင်းအကျန် နယ်မြေက ငါ့တို့ ကန်မင်တိုက်ကြီးရဲ့ မိုးကောင်းကင်ရဲ့ ကောင်းချီးပေးမှုလေ။ ဒီတုံးရွမ်တိုက်ကြီးက လူတွေက ခိုးကြောင်ခိုးဝှက်နဲ့ ဝင်လာတာလား။ သူတို့မှာ ငါတို့ရဲ့ ကောင်းချီးတွေကို ခိုးယူဖို့ အစီအစဉ်တွေ ရှိနေတာလား”

“ဝူဟောင်က တကယ်ကို အရှက်မရှိတာပဲ။ တုံးရွမ်တိုက်ကြီးက လာတဲ့သူတွေနဲ့ ပူးပေါင်းပြီး ဇူရှောင်ယိုကို တိုက်ခိုက်ဖို့ ဘယ်လိုများ စဉ်းစားနိုင်ရတာလဲ”

“ဟမ့် ခွေးကောင်က အချင်းချင်း မနိုင်တာနဲ့ အပြင်က လူတွေနဲ့ သွားပူးပေါင်းတယ်”

“ဒီကောင် တကယ်ကို အရှက်မရှိဘူးပဲ။ ငါသူနဲ့တွေ့တဲ့ အချိန်ကျရင် သူ့မျက်နှာကို တံတွေးနဲ့ ထွေးဦးမယ်”

“...”

မကျေနပ်သံ များက သူတော်စင် အကြွင်းအကျန် နယ်မြေရှိ နေရာတိုင်းမှ ထွက်ပေါ်လာသည်။ သူတော်စင် ကျောက်ပြားပေါ်မှ သတင်း အချက်အလက် များက သူတို့အားလုံးကို တုန်လှုပ်စေသည်။ လူတိုင်းက တုံးရွမ်တိုက်ကြီးမှ ယဲ့မင်ဆိုသူနှင့် ပတ်သက်ပြီး မခံမရပ်နိုင် ဖြစ်နေကြသည်။

ထိုကိစ္စက တုံးယွမ်တိုက်ကြီးမှ ပါရမီရှင်များက သူတော်စင် အကြွင်းအကျန် နယ်မြေသို့ ထိုးဖောက် ဝင်ရောက် လာနေကြပြီလို့ ဆိုလိုတာလား။

သူတို့၏ ပစ်မှတ်က ကန်မင်တိုက်ကြီးရဲ့ ကောင်းချီး ပေးခံရမှု များကို ခိုးယူဖို့ အတွက်လား။

ကြည့်ရတာ သူတော်စင် အကြွင်းအကျန် ဒေသ၏ ရေပြင်ကျယ်က လွန်စွာနက်ရှိုင်းပုံ ရသည်။

All Chapters