← Chapters

တိုးတက်မှုများ

Vol. 5 Ch. 11

တိုးတက်မှုများ

Vol. 5 Ch. 11

"ရှင်က ဘယ်လိုနည်းလမ်းမျိုး စဥ်းစားထားတာလဲ။"

ကားလ်က သာမန်ဗျူဟာမှူးတစ်ယောက်မဟုတ်ပါဘူး။ ကြေးစားစစ်တပ်တစ်ခုလုံးမှာ ဉာဏ်အရှိဆုံးဖြစ်နိုင်တယ်။ ဒီလိုမှမဟုတ်ရင် လော့ခ်မာရှယ်ရဲ့အားအကိုးရဆုံးတပ်မဟာ၃၁၀ရဲ့ဗျူဟာမှူး ဘယ်လိုလုပ်ဖြစ်လာမှာလဲ။

ကားလ်ကတော့ သောက်လို့ကုန်သွားတဲ့ ကော်ဖီခွက်ကို ဘေးချလိုက်ပြီး သူစဥ်းစားထားတဲ့အရာတွေအကုန်လုံးကို စရှင်းပြဖို့ကြိုးစားတယ်။ ပထမဆုံးအနေနဲ့ သူက ဆီဆီလီယာကို မေးခွန်းတစ်ခုမေးလိုက်တယ်။

"ဆီဆီလီယာ... ဆုဗာနာရဲ့ပုရွက်ဆိတ်ဘုရင်မက ထူးဆန်းတယ်လို့ မထင်ဘူးလား။" ဒါပေမဲ့ အဆုံးမရှိ အစမရှိမေးခွန်းမလို့ ဆီဆီလီယာ ပြန်မဖြေခဲ့ဘူး။ ဖြေစရာလည်းလိုမယ်မထင်ဘူး၊ ကားလ်က စကားပလ္လင်ခံရုံပါ။

"ဆုဗာနာမှာ နှစ်နှစ်ဆယ်ကြာခဲ့တဲ့ လေးပွင့်ဆိုင်စစ်ပွဲက နိုင်ငံကိုဖျက်ဆီးလုနီးပါးအထိ ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ ပုရွက်ဆိတ်ဘုရင်မထွက်လာပြီး ဆုဗာနာရဲ့ရန်သူတွေကို တိုက်ရိုက်အနိုင်မယူခဲ့ဘူး။ ငါတို့သိသလောက်တော့ ပုရွက်ဆိတ်ဘုရင်မက S rank နှစ်ချို့မြူတန့်သားရဲမလို့ ရန်သူသုံးနိုင်ငံလုံးက တော်ရုံဟီးရိုးတွေမြူတန့်တွေကို တစ်ခါတည်းသတ်ပစ်နိုင်စွမ်းရှိတယ်။"

ဆီဆီလီယာက ကားလ်နဲ့ဆန့်ကျင်ဖက် မြေပြင်ပေါ်မှာထိုင်လိုက်ပြီး သေချာစဥ်းစားကြည့်ပါတယ်။ တကယ်ပဲ ဒီကိစ္စမှာ တစ်ခုခုလွဲနေတာရှိတယ်။ ပုရွက်ဆိတ်ဘုရင်မသာ တကယ်အားကောင်းတယ်ဆိုရင်၊ စောင့်ရှောက်သူဖြစ်ရိုးမှန်တယ်ဆိုရင် ရန်သူတွေကို တိုက်ရိုက်ချေမှုန်းပစ်ရမှာ။

ကားလ်ကတော့ ငွေဖဲချပ်လေးတစ်ချပ်ကို လက်ချောင်းထဲမှာညှပ်ကစားရင်း ဆက်ပြောပါတယ်။ "ငါဒီကိုလာတုန်းကတော့ အဲဒီကိစ္စကို သံသယရှိရုံပဲ။ ငါတို့ကြေးစားစစ်တပ်က ဆုဗာနာနယ်ထဲကို ဗုံးတွေဒီလောက်ကျဲ၊ စစ်သည်တွေအများကြီးကိုသတ်ပစ်ခဲ့တာတောင် ပုရွက်ဆိတ်ဘုရင်မက ထွက်မလာဘဲ သာမန်ပုရွက်ဆိတ်တွေပဲလွှတ်လိုက်တယ်။"

ဆီဆီလီယာငိုင်ကျသွားချိန်မှာ ကားလ်က သူ့သီအိုရီခိုင်မာအောင် ပိုများတဲ့သက်သေတွေကို ထုတ်ပြောလာပြန်တယ်။ "ငါ့သံသယတွေကြောင့် ဆုဗာနာသမိုင်းကို ငါဆက်လေ့လာခဲ့တယ်။ ဆုဗာနာကိုဗြိတိန်က လာသိမ်းတော့လည်း ပုရွက်ဆိတ်ဘုရင်မက ထွက်မလာဘူး။ နယ်စားစနစ်ကို မဖျက်သိမ်းဘူးဆိုတဲ့သဘောတူညီချက်တစ်ခုပဲ လုပ်ခဲ့ကြတာ။"

"ဒီတော့ ငါ့မှာမေးခွန်းတစ်ခုရှိလာတယ်။ ဘာလို့ ပုရွက်ဆိတ်ဘုရင်မက အသိုက်ထဲကနေ ထွက်မလာတာလဲ။ သူထွက်မလာချင်တာလား၊ ဒါမှမဟုတ် ထွက်လာလို့မရတာလား။" ကားလ်က သူ့စကားကို ဒီမှာတင် ရပ်ထားလိုက်တယ်။

ကားလ်စကားက အတော်လေးအဓိပ္ပါယ်ရှိတဲ့အတွက် ဝါရင့်စစ်သည်တော်တစ်ဦးဖြစ်တဲ့ ဆီဆီလီယာတောင် ခေါင်းညိတ်လိုက်မိတယ်။ "အမှန်ပဲ၊ ရှင်ပြောသလိုပဲ လုံးဝမူမမှန်ဘူး။"

ကားလ်ကလည်း စကားကိုဆက်တယ်။ "ဒါ့အပြင် သူလိုမျိုး S rank ရဲ့အမြင့်ဆုံးတည်ရှိမှုတစ်ခု၊ မြောက်များစွာသော မြူတန့်သားရဲတွေကို အမိန့်ပေးနိုင်တဲ့ သားရဲဘုရင်မတစ်ပါးက ဘာလို့လူသားတစ်ယောက်ကို သစ္စာခံအဖြစ် စာချုပ်ချုပ်ထားတာလဲ။"

ဆီဆီလီယာကလည်း ကားလ်ဆိုလိုတဲ့ အဓိပ္ပါယ်ကိုသိတယ်။ သူက အကျိုးသင့်အကြောင်းသင့် ပြန်ပြီးထောက်ပြပါတယ်။

"ကမ္ဘာပေါ်မှာ ပုရွက်ဆိတ်ဘုရင်မလိုပဲ အစွမ်းထက်တဲ့ မြူတန့်သားရဲတွေအများကြီးပဲ။ အမေဇုန်တောအုပ်ထဲက မြွေဘုရင်ကြီးလိုပေါ့။ ဒါပေမဲ့မြူတန့်သားရဲတိုင်းက မာနကြီးကြပြီး အခိုင်းအစေအနေနဲ့တောင် လူသားတွေကို သဘောမကျတာမလို့ စာချုပ်ချုပ်ဖို့ဆိုတာ မဖြစ်မနေမဟုတ်ရင် လုပ်မှာမဟုတ်ဘူး။"

ဆီဆီလီယာသိသလောက် သားရဲကသခင် လူကကျေးကျွန်ဆိုရင်တောင် သားရဲတွေက လူတွေကို သဘောမကျတဲ့အတွက် ကျွန်ဖြစ်ခွင့်ပေးမယ့်အစား သတ်စားဖို့ပဲ အားသန်ကြမှာ။ ဒါက ဗျူဟာမှူးကားလ်တွေးထားတဲ့ ဆုဗာနာရဲ့ပုံမှန်မူတွေထဲက တစ်ခုပါ။

"ဒါကြောင့်မလို့ ပုရွက်ဆိတ်ဘုရင်မက လူသားတွေကို သူ့ရဲ့စောင့်ရှောက်ခံအနေနဲ့ထားတာ သူ့အတွက် အကျိုးအမြတ်တစ်ခုခုရှိလို့ပဲနေမှာ။ သူ့သစ္စာခံလူသားတွေ ဒီမြေမှာအုပ်ချုပ်နေသမျှ တခြားလူသားတွေက သူတို့ကိုထိပါးလို့မရနိုင်တော့ဘူးဆိုတဲ့ အတွေးမျိုးတွေးတာဖြစ်နိုင်တယ်။" ကားလ်က အတော်လေးဉာဏ်ကောင်းတယ်ဆိုရမယ်။ သူတွေးသမျှက အတော်အတန်ယုတ္တိတန်ပါတယ်။ သက်သေအဖြစ် လက်ဆုပ်လက်ကိုင်ပြဖို့ ခက်ခဲတာတစ်ခုပဲရှိတာပါ။

သူတို့စကားပြောနေတုန်း တတိယလူတစ်ယောက် ရောက်လာတယ်။ ဒီလူရဲ့ပခုံးပေါ်ကအပွင့်တွေက ကားလ်ထက်ပိုများပါတယ်။ ကြေးစားစစ်တပ်တပ်မဟာ ၃၁၀ရဲ့ဗိုလ်မှူးကြီးပါ။

သူက မြေပေါ်မှာလဲကျနေတဲ့ ဆုဗာနာစစ်သည်တွေရဲ့အလောင်းကို ကြည့်လိုက်ပြီးတဲ့နောက် သူ့လက်ကိုဆန့်ထုတ်တယ်။ သူ့ခြေထောက်အောက်ကအရိပ်က ချက်ချင်းပုံစံပြောင်းသွားပြီး ငရဲကတက်လာတဲ့လူတွေရဲ့လက်တွေလိုမျိုး ကိုင်းဖြာထွက်လာလေရဲ့။

အဲဒီလက်တွေက အနက်ရောင်လက်မည်းကြီးတွေအဖြစ် အကောင်အထည်ပေါ်လာပြီး လူသေတွေကိုဆုပ်ကိုင်တယ်။ အဲဒီနောက် တပ်မှူးရဲ့အရိပ်မှာဧရာမပါးစပ်ကြီးတစ်ခုထင်ဟပ်လာကာ လက်တွေက လူသေအလောင်းတွေကို ပါးစပ်ကြီးထဲ ပစ်ထည့်လိုက်တယ်။ ဒီမြင်ကွင်းကိုကြည့်နေတဲ့ ဆီဆီလီယာကတော့ မသတီနိုင်တော့ဟန်နဲ့ ခေါင်းကိုတစ်ဖက်လှည့်ထားလိုက်တယ်။

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်တော့ မြေပြင်ပေါ်မှာ အလောင်းတွေမရှိတော့ဘူး။ ဆုဗာနာတပ်သားတွေ ဒီကိုရောက်ဖူးတဲ့သက်သေဆိုလို့ မြေပြင်ပေါ်က သွေးစက်အနည်းငယ်ပဲကျန်တော့တယ်။

"ဗိုလ်မှူးကြီး 'အရိပ်လက်' ရော့ဝဲလ်။ ရှင့်ဆီလာသမျှကင်းထောက်တွေရဲ့အလောင်းကို ဒီအတိုင်းပဲစားပစ်နေတာလား။"

အသက်ငါးဆယ်အရွယ်လောက်ရှိမယ့် ဗိုလ်မှူးကြီးရော့ဝဲလ်က ကြောက်စရာကောင်းတဲ့အပြုံးမျိုးနဲ့ ဆီဆီလီယာကို ပြုံးပြလိုက်ပါတယ်။

"ဒီနေရာက ခေါင်တော့ ငါ့ကောင်ကြီးအတွက် ကျွေးစရာသားကောင်မရှိဘူးဖြစ်နေတာလေ။ အိန္ဒိယမှာဆိုရင် သူ့အတွက်စားစရာအတော်များများရှိခဲ့တာကိုး။"

ရော့ဝဲလ်ရဲ့အရိပ်က ကိုယ်ပိုင်သိစိတ်ရှိတဲ့သက်ရှိတစ်ကောင်ပါ။ မြူတန့်စွမ်းအား အသက်ဝင်လာတုန်းကတော့ သိပ်မသိသာပေမဲ့ အသေကောင်တွေကိုစားသုံးရင်း သူ့အရိပ်က တဖြည်းဖြည်းကြီးထွားလာတာ A rank အဆင့်ကိုရောက်လာတဲ့အထိပါပဲ။ ရော့ဝဲလ်က ကြေးစားစစ်တပ်အတွင်းမှာ S rank အထိဖွံဖြိုးလာနိုင်တဲ့ မျှော်လင့်ချက်ရှိသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အရိပ်ကို S rank အထိရောက်စေဖို့ဆိုရင် မရေမတွက်နိုင်တဲ့ လူသေကောင်တွေကို ကျွေးမွေးဖို့လိုပါလိမ့်မယ်။

"ငါက မင်းတို့ဆွေးနွေးနေတာကို စိတ်ဝင်စားလို့ လာနားထောင်ရုံပဲ။ ငါကိုယ်တိုင်လည်း သိချင်နေတာတွေရှိသေးတယ်လေ။"

ဗျူဟာမှူးက ဗိုလ်မှူးကို ခေါင်းညိတ်ပြလိုက်ပြီး သူတို့ဆွေးနွေးနေတဲ့အကြောင်းအရာကို ဆက်ပါတယ်။ ခုထိ ရန်သူကိုအနိုင်ယူမယ့်နည်းလမ်းကို သူမပြောရသေးပါဘူး။

"ဒီတော့ ပုရွက်ဆိတ်ဘုရင်မက ဆုဗာနာနယ်စားကို သူ့အတွက်အကျိုးအမြတ်ရှိလို့ စာချုပ်ချုပ်ထားမှန်း ပြောခဲ့ပြီးပြီ။ အခုကတော့ ဘာကြောင့်စာချုပ်ချုပ်ရတာလဲဆိုတာ စဥ်းစားကြည့်ဖို့ပဲ။"

ဗိုလ်မှူးကလည်း တောင်စောင်းပေါ်က ကျောက်တုံးတစ်တုံးပေါ်မှာ ဝင်ထိုင်လိုက်တယ်။ ကားလ်ကတော့ သူစဥ်းစားထားတဲ့အတွေးတွေကို အသေးစိတ်ကျကျပြောနိုင်ဖို့ စိတ်ကူးထဲမှာ စကားလုံးစီကြည့်တယ်။

"မင်းတို့စဥ်းစားကြည့်ကြ၊ ပုရွက်ဆိတ်ဘုရင်မက အချိန်ဘယ်လောက်ထိတောင် အသက်ရှင်ခဲ့ပြီးပြီလဲ။ ဆုဗာနာနယ်စားနယ်မြေက နှစ်ငါးရာပြည့်တော့မယ်။ ဒါပေမဲ့ နယ်စားနယ်မြေမတိုင်ခင်ကတည်းက သူရှိနေခဲ့တာ။"

ကားလ်က တခြားမြူတန့်သားရဲတွေလည်း အသက်ရှည်ပေမဲ့ ဒီလောက်ကြီးမဟုတ်ဘူးလို့ ဆက်ရှင်းပြတယ်။ ကျန်နှစ်ယောက်ကလည်း ဝါရင့်မြူတန့်တွေဖြစ်လို့ မြူတန့်သတ္တဝါတွေနဲ့ ရင်ဆိုင်ဖူးကြပါတယ်။ ဒါပေမဲ့ ပုရွက်ဆိတ်ဘုရင်မရဲ့သက်တမ်းက သူတို့အဖို့တော့ သိပ်ကိုထူးဆန်းလွန်းနေတယ်။

"သာမန်ပုရွက်ဆိတ်တွေရဲ့သက်တမ်းက ၄နှစ်ပဲရှိတယ်၊ ဒါပေမဲ့ သိပ္ပံပညာရှင်တွေရဲ့အဆိုအရဆိုရင် ဆုဗာနာပုရွက်ဆိတ်တွေရဲ့သက်တမ်းက နှစ်ရှစ်ဆယ်နီးပါးရှိပြီး လူသားတွေနဲ့အတူတူပဲ။ ဒီတော့ မြူတန့်ပြောင်းလဲခြင်းဖြစ်စဥ်က သူတို့ကို သာမန်သက်တမ်းထက် အဆနှစ်ဆယ်ပိုတဲ့သက်တမ်းကို ပေးခဲ့တာမဟုတ်လား။"

ကားလ်ရဲ့ရှင်းပြချက်တွေက တကယ့်ကိုရှည်လျားတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေပါ ပြည့်နှက်နေတယ်။ ကားလ်က သစ်ကိုင်းတစ်ခုကိုကောက်လိုက်ပြီး မြေပြင်မှာအရုပ်တွေရေးခြစ်တယ်။

အားလုံးက သူရှင်းပြနေတဲ့ အကြောင်းအရာတွေကို နားလည်ရလွယ်စေမယ့် သရုပ်ဖော်ပုံတွေပါ။

"မြူတန့်သိပ္ပံက ဆုဗာနာဂူတွေထဲက မဟာသလင်းကျောက်ကြီးကို ခိုးဖို့ကြိုးစားဖူးတယ်။ သူတို့ခန့်မှန်းမှုအရဆိုရင် အဲဒီသလင်းကျောက်က ဒီမှာရှိနေတာ နှစ်တစ်ထောင်ကြာပြီ။ ဆုဗာနာမြူတန့်ပုရွက်ဆိတ်တွေရဲ့ဒဏ္ဍာရီကိုလည်း ပတ်ဝန်းကျင်ဒေသတွေမှာ အဲဒီအချိန်ဝန်းကျင်လောက်ကတည်းက တွေ့မြင်နေရတာ။ တိဗက်ခရီးသွားတစ်ယောက် တောင်အဟထဲကိုဝင်မိသွားပြီး ပုရွက်ဆိတ်တွေတည်ဆောက်ထားတဲ့ နိဗ္ဗာန်ဘုံကြီးကိုတွေ့ခဲ့တဲ့ ပုံပြင်မျိုးပေါ့။ အဲဒီပုံပြင်တွေမှာလည်း ပုရွက်ဆိတ်ဘုရင်မကြီးတစ်ကောင်အကြောင်းပါတတ်တယ်။ ဒါကြောင့် သူက အသက်ရှင်ခဲ့တာ နှစ်တစ်ထောင်နီးပါးရှိပြီလို့ ကောက်ချက်ဆွဲလို့ရနိုင်တယ်။"

ကားလ်က စကားကိုရပ်လိုက်ပြီး မြေပြင်မှာသူဆွဲထားတဲ့ ပုရွက်ဆိတ်ဘုရင်မပုံကို ကြည့်လိုက်တယ်။ "ဆိုလိုတာက ပုရွက်ဆိတ်ဘုရင်မက သူ့နဂိုသက်တမ်းရဲ့အဆနှစ်ရာကျော်နီးပါး နေပြီးသွားပြီ။"

နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သတ္တဝါတစ်ကောင်ဆိုတာ ဒဏ္ဍာရီတွေထဲမှာပါရင်တောင် ယုံရခက်တဲ့ အရာတစ်ခုပါ။ ခုတော့ ဆုဗာနာရဲ့ပုရွက်ဆိတ်ကြီးက တကယ်ပဲဒီလိုဖြစ်နေပါတယ်။ ဆုဗာနာကိုလာခဲ့တဲ့ မြူတန့်သိပ္ပံအဖွဲ့ထဲမှာလည်း ကြေးစားစစ်တပ်ကငှားပေးလိုက်တဲ့ ကြေးစားတချို့ပါတဲ့အတွက်ကြောင့် ကားလ်က ဒီလောက်အများကြီးသိနေတာပါ။

"ဟဲဟဲ... ဒါပေမဲ့ ငါတို့သိကြတဲ့အတိုင်းပဲ ကမ္ဘာပေါ်က သက်ရှိတိုင်းက သေဖို့မွေးဖွားလာကြတာပဲ ဒီပုရွက်ဆိတ်ဘုရင်မလည်း ခြွင်းချက်မဟုတ်နိုင်ဘူး။"

ကားလ်က ဒီစကားကိုပြောနေတဲ့အချိန်မှာ မျက်လုံးအရောင်တောက်သွားတယ်။ ဒါပေမဲ့ ရော့ဝဲလ်ရော ဆီဆီလီယာပါ ကားလ်ကို မယုံနိုင်ကြသေးဘဲ သံသယရှိနေဆဲပါ။ ဒါကြောင့် ကားလ်က သူ့စကားကို နားယောင်လာအောင် ထပ်ဖြည့်ပြောရပြန်တယ်။

"လူတွေထဲမှာလည်း သာမန်လူတွေထက် အသက်ပိုရှည်တဲ့သူတွေ ရှိကြပါတယ်၊ နှစ်တစ်ရာကျော်နေနိုင်တဲ့ သက်တော်ရှည်ကြီးတွေပေါ့။ ဒါပေမဲ့ လူတိုင်းက သေရတာပဲ။ ပုရွက်ဆိတ်ဘုရင်မက မဟာသလင်းကြောင့် အသက်ပိုရှည်လာပေမဲ့ သူကလည်း သေမျိုးဖြစ်နေတုန်းပဲ။ ဒါကြောင့် သူ့ရဲ့အသက်ရှည်ရခြင်း အကြောင်းအရင်းဖြစ်တဲ့ သလင်းကျောက်နားမှာပဲ တွယ်ကပ်နေတာ ဖြစ်နိုင်မလား။ လူမမာတစ်ယောက်အောက်စီဂျင်ရှူဖို့လိုသလို ပုရွက်ဆိတ်အိုကြီးတွေကရော သလင်းကျောက်နားမှာ နေဖို့လိုသလား။"

ဆီဆီလီယာလည်း စိတ်လှုပ်ရှားလာပြီး သူ့ပေါင်သူပုတ်ကာ ပြောလိုက်တယ်။ "ရှင်ဆိုလိုတာက ပုရွက်ဆိတ်ဘုရင်မအိုကြီးက သေခါနီးနေပြီး ဆုဗာနာကိုကူညီဖို့ ထွက်မလာနိုင်ဘူးပေါ့။"

ကားလ်က ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်၊ တကယ်လို့ သူထွက်မလာနိုင်ရင် နယ်စားမိသားစုကငါတို့လက်ထဲရောက်လာလိမ့်မယ်။ ဆုဗာနာနန်းတော်ကျသွားတဲ့အထိ သူထွက်မလာဘူးဆိုရင် ငါ့ခန့်မှန်းချက်က သေချာတယ်။ သူထွက်လာရင်တော့ ငါတို့အရိုးမျက်နှာတွေကိုစတေးပြီး ပြန်ဆုတ်ပြေးလို့ရတာမလို့ ထိုက်သင့်တဲ့ လောင်းကြေးပဲမဟုတ်လား။"

ဒီအလောင်းအစားမှာ နောက်ထပ်ပြဿနာတစ်ခုရှိနေသေးတယ်။ ကားလ်ရှည်ရှည်ဝေးဝေးရှင်းပြနေတာကလည်း အဲဒီပြဿနာကို ရှင်းပြဖို့အတွက် သက်သက်ပါပဲ။

"ကောင်းပြီ၊ ငါတို့ကိစ္စရဲ့အဖြေကို ရောက်ပြီ။ ဆုဗာနာမှာ သတ္တုတူးမယ်ဆိုရင် ပုရွက်ဆိတ်ဘုရင်မကို ငါတို့အနိုင်ယူရမယ်။ သူ့သက်တမ်းပြဿနာသာ အမှန်ဆိုရင် ဘုရင်မက နယ်စားရဲ့အကူအညီနဲ့ပုရွက်ဆိတ်တွေကို လူသားတွေရန်က ကာကွယ်ပေးနိုင်ဖို့ကြိုးစားနေမှန်း သိသာသွားပြီ။ ဘုရင်မနဲ့ပုရွက်ဆိတ်တွေက နယ်စားနယ်မြေကျသွားပြီးနောက် ဂူထဲကထွက်မလာဘဲ ငါတို့ကိုဆန့်ကျင်နေမယ်ဆိုရင်တောင် သူနဲ့စာချုပ်ချုပ်ထားတဲ့နယ်စားကို ငါတို့အကျပ်ကိုင်ပြီး သတ္တုတူးခွင့်ပေးဖို့ ခြိမ်းခြောက်နိုင်တယ်။ မနာခံရင် နယ်စားမျိုးနွယ်တစ်ခုလုံးကိုသတ်ပစ်ပြီး ပုရွက်ဆိတ်တွေကို တွင်းထဲပိတ်မိနေအောင်လုပ်ရုံပဲ။ ဒါဆိုသူတို့အငတ်ငတ်အပြတ်ပြတ်နဲ့ သေကုန်မှာပဲ။"

မြူတန့်သိပ္ပံက မှတ်တမ်းတွေကနေတစ်ဆင့် ဒီပုရွက်ဆိတ်တွေက သလင်းကျောက်စားနိုင်ကြောင်း သူတို့သိပါတယ်။ ဒါပေမဲ့ သလင်းကျောက်တွေက စားလေလေ သူတို့အသိစိတ်ကို ဝန်ပိစေလေလေဖြစ်ပြီး ကြာရင်သေဆုံးကုန်မှာပါ။ ဒါကြောင့် ကြေးစားစစ်တပ်ကသာ အရိုးမျက်နှာတွေနဲ့ ပုရွက်ဆိတ်တွေကို တွင်းထဲမှာပဲ နှစ်နဲ့ချီပိတ်ထားနိုင်မယ်ဆိုရင် ဆုဗာနာမြူတန့်ပုရွက်ဆိတ်တွေအကုန်လုံး ငတ်သေကုန်မှာပါ။

...

အမေရိကန်နိုင်ငံ လမ်းမကြီးတစ်နေရာ။

အမေရိကန်ပြည်ထောင်စု၏သမ္မတကားက မိုးမျှော်တိုက်ကြီးတစ်လုံးရှေ့တွင် ရပ်လိုက်ပြီး အထူးလေ့ကျင့်ပေးထားသော ကိုယ်ရံတော်များနှင့် အမေဇုန်ကလုန်းစစ်သည်များက ချက်ချင်းနေရာယူလိုက်ကြ၏။

သမ္မတကြီးဂျိုးဝဲလ်ဆင်နှင့်သမ္မတ၏အတွင်းရေးမှူးတို့က ကားပေါ်မှာဆင်းလိုက်ကြသည်။ မိုးမျှော်တိုက်အတွင်းမှနေ၍ ဝတ်ကောင်းစားလှများဝတ်ဆင်ထားသော လူတစ်စုလည်းထွက်လာပြီး သမ္မတကြီးကို ပျာပျာသလဲကြိုဆိုကြ၏။

အကယ်၍မိုးမျှော်တိုက်အဝင်ဝတွင်ချိတ်ထားသော လုပ်ငန်းစုလိုဂိုတံဆိပ်ကို ကြည့်လိုက်မည်ဆိုပါက ထိုမိုးမျှော်တိုက်သည် လက်ရှိအမေရိကန်နိုင်ငံ၏အကြီးမားဆုံးသော ပုဂ္ဂိုလိကပိုင်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် လော့ဟက်မာတင်ဖြစ်သည်ကို သတိပြုမိပေလိမ့်မည်။

ကုမ္ပဏီCEOက သမ္မတနှင့်အဖွဲ့ကို ကုမ္ပဏီအတွင်း လျှို့ဝှက်တည်ဆောက်ထားသည့် မြေအောက်ခန်းထဲသို့ ခေါ်သွား၏။ လော့ဟက်မာတင်မြေအောက်ခန်းက မြူတန့်သိပ္ပံ၏လျှို့ဝှက်စခန်းနီးပါးကြီးပြီး ဝန်ထမ်းအနည်းဆုံး နှစ်ထောင်ကျော်ခန့်က ယခုနေရာတွင် တာဝန်ယူထားကြသည်။

လော့ဟက်မာတင်၏လက်ရှိအမှုဆောင်ချုပ် ဒေဝါးက သမ္မတကြီးကို သူတို့တီထွင်ထားသည့် လက်နက်အသစ်နှင့်ပတ်သက်၍ ဖိုင်တစ်ခုလွဲပေးလိုက်ကာ မိတ်ဆက်ပေး၏။

"အားလုံးသိကြတဲ့အတိုင်းပဲ အရင်ဆယ်စုနှစ်က ကျွန်တော်တို့အမေရိကန်စစ်တပ်မှာ စတင်အသုံးပြုခဲ့တဲ့ ဂျက်ဖာဆင်အိုဖိုးတွေက ဒိတ်အောက်နေပြီဆိုတာသိကြမှာပါ။"

အမေရိကန်စစ်တပ်သုံး ဂျက်ဖာဆင်အိုဖိုးစက်ရုပ်များက မက်တယ်ပလာဒင်ချပ်ဝတ်များ မပြန့်နှံခင်က ကမ္ဘာ့အကောင်းဆုံး မြူတန့်မဟုတ်သည့် တိုက်ပွဲသုံးစက်ယန္တရားများဖြစ်ပြီး စက်ရုပ်တစ်ရုပ်က တင့်ကားများစွာကို ဖျက်ဆီးနိုင်စွမ်းရှိကြ၏။

စွမ်းအားမြင့်စက်ရုပ်များဖြစ်သည့်တိုင် ဂျက်ဖာဆင်အိုးဖိုးများတွင် သိသာသောအားနည်းချက်တစ်ခုရှိနေပြီး ပြောင်းလွယ်ပြင်လွယ်နည်းကာ မီးယမ်းပစ်ခတ်အားမှာ လုံလောက်မှုမရှိသောကြောင့် B rank နှင့်အထက် မြူတန့်များကိုရင်ဆိုင်ရန် အရေအတွက်များစွာသုံးရန်လိုနေပြီး A rank များနှင့်ရင်ဆိုင်မည်ဆိုပါက လုံးဝမျှော်လင့်ချက်မရှိပေ။

စစ်သုံးလက်နက်တစ်ခုအနေနှင့်မဆိုးလှသော်လည်း မြူတန့်ဆန့်ကျင်ရေးလက်နက်အနေနှင့်တော့ အသုံးမကျလှ။ ထို့ကြောင့် အမေရိကန်အစိုးရအနေနှင့် လက်နက်သစ်ထုတ်လုပ်ရေးအပေါ် များစွာအာရုံစိုက်ထုတ်ခဲ့ပြီး ယနေ့ရလဒ်ကို မြင်တွေ့ရတော့မည်ဖြစ်၏။

ဒေဝါးက မြေအောက်ခန်းတစ်နေရာတွင်ရပ်လိုက်သည်။ ကျည်ကာမှန်များတပ်ဆင်ထားသော နံရံတစ်ခု သူတို့ရှေ့တွင်ရှိနေပြီး ခြေလေးချောင်းထောက် သံမဏိကဏန်းတစ်ကောင်နှင့်တူလှသော တင့်ကားအရွယ်စက်ရုပ်တစ်ရုပ်က နံရံတစ်ဖက်တွင်ရှိနေ၏။

"ဒါကတော့ ကျွန်တော်တို့ကုမ္ပဏီက ပြင်ဆင်ထားတဲ့ ခရက်ဇီလာ အမာခံစစ်သုံးစက်ရုပ်ပါ။ A rank အဆင့်တိုက်ခိုက်နိုင်စွမ်းရှိပြီး အဖျက်စွမ်းအားအလွန်ကြီးပါတယ်။ တင့်ကားတစ်စီးရဲ့သံချပ်ကာကို အလွယ်တကူဆွဲဖြုတ်နိုင်တဲ့ ကဏန်းလက်မသဏ္ဍာန်စက်ရုံလက်တံနှစ်ခုပါဝင်ပြီး အပူချိန် ၅၀၀၀ ဒီဂရီ ဆဲဆီးယပ်အထိမြင့်တဲ့ ဟိုက်ပါဖလိမ်းမီးမှုတ်နိုင်တဲ့ ပြွန်တစ်ခုလည်းပါပြီး မီတာတစ်ရာအကွာကပစ်မှတ်ကို အရည်ဖျော်ပစ်နိုင်ပါတယ်။ ဇက်သတ္တုတွေကိုပါ အရည်ဖျော်နိုင်တဲ့အပူချိန်မလို့ နာမည်ကြီးဟီးရိုးတစ်ယောက်ဖြစ်တဲ့ Silverknightရဲ့ချပ်ဝတ်ကိုတောင် တိုက်ရိုက်ဖျက်ဆီးနိုင်မယ်လို့ မျှော်လင့်လို့ရပါတယ်။

အဓိကလက်နက်နှစ်ခုအပြင် အရံအနေနဲ့ ၈ စင်တီမီတာ မီလီတိုက်ချင်းပစ်ဒုံးကျည်တွေပစ်လွှတ်နိုင်တဲ့ လောင်ချာအကန့်နှစ်ခုပါပြီး ဒုံးကျည်အလုံးရေငါးရာကို သိုလှောင်ထားနိုင်ပါတယ်။ အဓိကနေရာတွေကို သုံးလက်မထူတဲ့ ဇက်သတ္တုချပ်ကာနဲ့ဖုံးအုပ်ထားပြီး အဆင့်တူမြူတန့်တွေအနေနဲ့ အလွယ်တကူမဖျက်ဆီးနိုင်ပါဘူး။

နောက်ဆုံးအနေနဲ့တော့ စက်ကိုမောင်းနှင်နေတာက လက်ရှိအကောင်းဆုံးနဲ့အစွမ်းအထက်ဆုံး စစ်သုံးဉာဏ်ရည်တုဖြစ်ပြီး ဟက်ကင်းလုပ်လို့မရနိုင်အောင် အကောင်းဆုံးစစ်ဘက်နည်းပညာတွေနဲ့ ကာကွယ်ပေးထားပါတယ်။ ဒီစက်ရုပ်က ထိန်းချုပ်စရာမလိုဘဲ ပစ်မှတ်ကို ကိုယ်ပိုင်စဥ်းစားဉာဏ်နဲ့ဖျက်ဆီးနိုင်ပါတယ်။"

နောက်တော့ ဒေဝါးက သမ္မတဂျိုးဝဲလ်ဆင်စိတ်ကျေနပ်အောင် ထိုစက်ရုပ်ကြီး၏လက်တံသန်မာမှုကို စမ်းပြသည်။ အမေရိကန်၏ပင်မတင့်ကားတစ်စီးကို ခရက်ဇီလာက တစ်ချက်တည်းနှင့် နှစ်ခြမ်းခြမ်းပစ်လိူက်နိုင်သည်။ အားအကောင်းဆုံး တင့်ဖျက်အမြောက်နှင့် ခရက်ဇီလာကို အနားကပ်ပြီးပစ်သည့်တိုင် သံချပ်ကာက ပျက်စီးမသွားပေ။

နောက်ဆုံးအနေနှင့် ခြောက်လက်မထုထည်ရှိသည့် ဇက်သတ္တုပြားကြီးကို စမ်းသပ်ခန်းထဲရွေ့လာစေကာ ဟိုက်ပါဖလိမ်းမီးတန်းဖြင့် ပစ်စေသည်။ သတ္တုပြားကြီးက စက္ကန့်သုံးဆယ်အတွင်း ဟုန်းခနဲအရည်ပျော်ကျသွား၏။

ဂျိုးဝဲလ်ဆင်က ထိုစက်ရုပ်ကြီးကို အရောင်လဲ့နေသော မျက်လုံးများဖြင့် ကြည့်ပြီးချီးကျူးစကားဆိုသည်။

"သိပ်ကောင်းတယ်၊ တကယ့်ကို လက်ရာကောင်းတစ်ခုပဲ။ ဒီစက်ရုပ်တစ်ရုပ်ကို ဘယ်လောက်ကျမလဲ။"

သမ္မတစကားကိုကြားသည်နှင့် ဒေဝါးက ပျော်ရွှင်သွားဟန်ဖြင့် ဦးညွှတ်လိုက်ပြီး "အပြီးအစီး သန်းတစ်ရာပါ သမ္မတကြီး။"

"ကောင်းတယ်၊ ငါဒီနှစ်အတွင်း အခုတစ်ရာလိုချင်တယ်။" ဆယ်ဘီလီယံဆိုသော အသုံးစရိတ်က အမေရိကန်အစိုးရအတွက်ပင် မနည်းလှပေ။ သို့သော်ဂျိုးဝဲလ်ဆင်ကတော့ လွှတ်တော်တစ်ခုလုံးကို ခါးပိုက်ထောင်ထဲ ထည့်ထားနိုင်သူမလို့ ကာကွယ်ရေးအသုံးစရိတ်က သူ့ပါးစပ်ထဲတွင်သာရှိ၏။

ဒါပေမဲ့ ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ CEOက လက်ခုပ်တီးလိုက်တော့ အနက်ရောင်နည်းပညာချပ်ဝတ်ဝတ်ထားတဲ့ တပ်ဖွဲ့ငယ်တစ်ဖွဲ့က အခန်းထဲဝင်လာတယ်။ သူတို့လက်ထဲမှာတော့ အမြောက်ငယ်တစ်လက်နီးပါးကြီးတဲ့ မောင်းပြန်ရိုင်ဖယ်တွေရှိနေပြီး ဝတ်စုံကြောင့်သာမဟုတ်ရင် သာမန်လူတစ်ယောက်က ဒီသေနတ်ကို မနိုင်မှာမဟုတ်ပါဘူး။

"ဒါတွေကတော့ ကျုပ်တို့ကုမ္ပဏီက အသစ်တီထွင်ထားတဲ့ ဇီးရိုးဝတ်စုံတွေပါ။ အပေါ့ပါးချပ်ဝတ်ဖြစ်ပေမဲ့ ပလာဒင်M01တွေနဲ့ အဆင့်အတူတူပါပဲ။ ပြီးတော့ သူတို့နဲ့တွဲပေးထားတဲ့ Z08 ကျည်ကာဖောက်သေနတ်တွေက ဇက်သတ္တုအစစ်မဟုတ်တဲ့ ပလာဒင်ချပ်ဝတ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။"

ဒီစကားက သမ္မတဂျိုးဝဲလ်ဆင်ကို မျက်လုံးပြူးသွားစေပါတယ်။ လက်ရှိအမေရိကန်တပ်ဖွဲ့တွေက မြူတန့်မဟာမိတ်ရဲ့ပလာဒင်ချပ်ဝတ်တွေကြောင့် မြေပြင်မှာ အသာစီးမရဘဲဖြစ်နေတာလေ။ စွမ်းဆောင်ရေတူဝတ်စုံအပြင် ပလာဒင်ချပ်ဝတ်တွေကို ဖျက်ဆီးနိုင်တဲ့ လက်နက်လည်းရှိပြီဆိုတော့။

ဒါပေမဲ့ ဂျိုးလ်ဝဲလ်ဆင်ရဲ့မျက်နှာက ချက်ချင်းတည်တံ့သွားပြီး CEOကို မေးလိုက်တယ်။

"ဒီပစ္စည်းတွေကို ဘယ်သူတီထွင်တာလဲ။ သာမန်လူတော့ မဟုတ်နိုင်ဘူးမဟုတ်လား။"

လက်ရှိကမ္ဘာရဲ့နည်းပညာတွေအရ C rank ချပ်ဝတ်ဖော်မြူလာအသစ်ကို ထုတ်ဖော်နိုင်သူတွေက နည်းပညာမြူတန့်တွေပါပဲ။ ပြီးတော့ ဒီမြူတန့်တွေက ကုမ္ပဏီတွေကို သူတို့ရဲ့နည်းပညာဖော်မြူလာတွေ အလွယ်တကူရောင်းမစားတတ်ကြဘူး။ ဒါပေမဲ့အခုတော့ ဒီနေရာမှာ နှစ်ခုတောင်ရှိနေပြီလေ။ ပြီးတော့ ကမ္ဘာကြီးပေါ်မှာ ဘယ်တုန်းကမှ မပေါ်ပေါက်ဖူးသေးတဲ့ နည်းပညာတွေပါ။

"သမ္မတကြီး စိတ်မရှိဘူးဆိုရင် ဒီပစ္စည်းနှစ်ခုလုံးကို တီထွင်ခဲ့တဲ့ ဉာဏ်ကြီးရှင်နဲ့မိတ်ဆက်ပေးပါ့မယ်။ ဒါပေမဲ့ သူက သမ္မတကြီးအတွက် လူစိမ်းတစ်ယောက်မဟုတ်ပါဘူး။ ဟိုတလောက ပလာဒင်အုပ်စုမှာ ပြဿနာဖြစ်သွားသေးတယ်မဟုတ်လား။ အခုအဲဒီကကောင်လေးရေဂင်ကို ကျုပ်ခေါ်ထားတယ်။ သူက ပါရမီကောင်းတော့ ထောင်ထဲမှာပဲ အချိန်ကုန်မနေသင့်ဘူးမဟုတ်လား။"

ဒေါက်... ဒေါက်... ဒေါက်....

သူတို့စကားပြောနေတုန်းမှာပဲ စင်္ကြန်လမ်းပေါ်ကနေ ခပ်တောင့်တောင့် ခြေသံထွက်ပေါ်လာတယ်။ သမ္မတက လှည့်ကြည့်လိုက်တော့ အနက်ရောင်သံချပ်ဝတ်ကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်က သူတို့ဆီလျှောက်လာနေတယ်။ ဒီလူငယ်က နည်းပညာချပ်ဝတ်ကို အပြည့်ဝတ်မထားဘဲ ခေါင်းစောင်းကို လက်ကနေကိုင်ထားတာပါ။ ဒါကြောင့် သူ့မျက်နှာကိုမြင်နေရပြီး ရေဂင်ဂျူနီယာမှန်းသိနေရတယ်။

ပလာဒင်ကုမ္ပဏီရဲ့CEOအသစ်ဖြစ်လာတဲ့ ဖလေရာကြောင့် အဖေရောသားပါ တရားစွဲခံရပြီးတဲ့နောက် ရေဂင်ဂျူနီယာက တရားဥပဒေအဆုံးအမကိုခံယူဖို့ ထောင်ထဲမှာရှိနေသင့်တာပါ။ ဒါပေမဲ့ အခုတော့သူက လော့ဒ်ဟက်မာတင်မှာရောက်နေတယ်။

ပြီးတော့ သူ့ပုံစံနဲ့အခြေအနေက တော်တော်လေးထူးခြားနေပြီး သူ့နဖူးအလယ်တည့်တည့်မှာ ကြောက်စရာကောင်းတဲ့ ဒေါင်လိုက်မျက်လုံးတစ်စုံပေါက်နေပါတယ်။ အဲဒီမျက်လုံးရဲ့မျက်သူငယ်အိမ်က အနီရောင်ပါ။

"ရေဂင်ဂျူနီယာက အရင်က မြူတန့်မဟုတ်ပေမဲ့ အခုတော့ ထူးကဲတဲ့မြူတန့်စွမ်းအားတစ်ခုနှိုးထလာပြီး ဒီလိုလက်ရာကောင်းတွေကို ဖန်တီးပေးနိုင်ခဲ့တာပဲ။ အခုသူဝတ်ထားတဲ့ဝတ်စုံက မက်တယ်ပလာဒင်ဝတ်စုံကို အဆင့်မြှင့်ထားတဲ့ ကိုင်ဇာတူးပါ။ အပြီးမသတ်ရသေးပေမဲ့ အပြီးသတ်ပြီးရင် S rank ရောက်ဖို့ မျှော်လင့်ရတာပဲ။"

ဒီစကားကြောင့် သမ္မတဂျိူးဝဲလ်ဆင်က နှုတ်ခမ်းတစ်ဖက်တည်းနဲ့ပြုံးလိုက်တယ်။ အခုလိုမျိုးတစ်ဖက်တည်းပြုံးနိုင်တဲ့စွမ်းရည်က သူ့ရဲ့အထူးစွမ်းရည်ပါ။

"ကောင်းတယ်၊ မင်းတို့သုတေသနတွေမှာ ငါအပြည့်အဝပါဝင်ဖို့ ဆုံးဖြတ်လိုက်ပြီ။"

All Chapters