← Chapters

မြို့ငယ်လေး

Vol. 2 Ch. 19

မြို့ငယ်လေး

Vol. 2 Ch. 19

အခန်း (၁၉)

မြို့ငယ်လေး

Luck တစ်ယောက် ကမ်းခြေတစ်ခု၏ အပန်းဖြေစခန်းတစ်ခုတွင် ရောက်ရှိနေ၏။ သူ၏အသည်းကွဲဒဏ်ရာများကို ပျောက်ကင်းရန် လှည့်လည်သွားလာနေသည်။

ကမ်းခြေရှိ အကင်အရောင်းဆိုင်ကလေးမှာ လူစည်ကားပြီး အကင်နှင့်ဘီယာများမှာ လွန်စွာကောင်းမွန်လှသည်။ Luck တစ်ယောက် ဘီယာသောက်လိုက်

အကင်စား လိုက်ဖြင့် ခေါင်းထဲ စိတ်ရှုပ်စရာတွေကို မစဉ်းစားတော့ပေ။ Luck ရုတ်တရက် ပြောလိုက်သည်။

“ ဘယ်တတ်နိုင်မလဲ ရှေ့ဆက်ပြီးတော့ ငါ့ကိုယ်ငါ တိုးတက်အောင်ပဲ လုပ်တော့မယ် ”

“ သူပြောတဲ့စကားတွေကို အမျိုးမျိုးတွေးခဲ့တာက ငါ့ အမှားပဲ ”

ကမ်းခြေ၏ နေဝင်ဆည်းဆာအလှကို Luck ကြည့်နေရင်း ရေရွတ်လိုက်သည်။

“ တီ တီ ” Luck ဆီကို ဖုန်းဝင်လာလေသည်။

ထိုင်ဝမ်ဌာနချုပ်မှ သူ့အား အကြီးအကဲအဖြစ် လုပ်ကိုင်ရန် ကမ်းလှမ်းခြင်း ဖြစ်သည်။ Luck ငြင်းပယ်လိုက်သည်။ သူ့မိဘများ ငယ်စဉ်က ကြီးပြင်းခဲ့သော မြို့ကလေးကို သူ သွားမည်။

ထိုမြို့၏ ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ် သူ တစ်နှစ်ခန့် သွားရောက်လုပ်ကိုင်မည်ဖြစ်သည်။

Luck ၏ စွမ်းအားများလည်း တဖြည်းဖြည်းနှင့် တည်ငြိမ်လာပြီးဖြစ်ပြီး အမျိုးမျိုးသော လေ့ကျင့်မှုကြောင့် S1 အဆင့်ကို တစ်နှစ်အတွင်း ရောက်ရှိမည်ဟု သူ ခံစားရလေသည်။

နှစ်ရက်ခန့်ကြာပြီးနောက် သူ့ လျှောက်ထားမှုကို လက်ခံကြောင်း အကြောင်းကြားစာရရှိသဖြင့် ထိုမြို့ကလေးကို Luck တစ်ယောက် ထွက်လာခဲ့လေသည်။

“ ဝှီး ဘရွန်း ဘရွန်း ”

မြို့လေးထဲသို့ Luck တစ်ယောက် ဆိုင်ကယ်မောင်းရင်း ဝင်ရောက်လာခဲ့လေပြီ။ Luck တစ်ယောက် ဦးထုပ်အမည်းရောင် တီရှပ်တစ်ထည်နှင့် ပေါ့ပါးသော ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။

Luck မြို့ထဲကို ရောက်ရောက်ချင်း လမ်းမပေါ်တွင် စုစုရုံးရုံး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

မြို့ခံလူအချို့နှင့် နဖူးတွင် ဂျပန်သိုင်းအဖွဲ့အစည်းတစ်ခု၏ တံဆိပ်များ စည်းထားသောအဖွဲ့ အငြင်းအခုံ ဖြစ်နေကြခြင်း ဖြစ်သည်။ Luck ဝင် စပ်စုလိုက်သည်။

ထိုလူများအားလုံးသည် S အဆင့်များဖြစ်ပြီး အသက် ၂၂ အရွယ် ခပ်တောင့်တောင့် မျက်နှာဝိုင်းဝိုင်း လူငယ်လေးတစ်ယောက်က ခေါင်းဆောင်ဖြစ်ဟန်တူသည်။ သူတို့၏နောက်တွင် မိန်းကလေး လေးယောက် ကျိုးနွံစွာ ရပ်နေကြလေသည်။

“ အားလုံးပဲ ကျုပ်ဘယ်သူဆိုတာ သိကြသလား ”

“ ဟား ဟား ဟား

ကျုပ်က ဂျပန်ဒေသကြီးရဲ့ တော်ဝင်မျိုးနွယ်က မင်းသားတစ်ပါးပဲ ”

“ ကျုပ်အတွက် ကိုယ်လုပ်တော် ရှာနေတာပဲ ”

“ ကောင်းကောင်းစားရမယ် လခကောင်းကောင်းရမယ် ”

“ အဟမ်း ဒါက ကျုပ်တို့ ခေါ်ဆောင်လာတဲ့ မိန်းကလေးတွေ ”

“ စည်းကမ်းချက်ကတော့ ကျုပ်ရဲ့ လူသုံးယောက်ကို နိုင်ရင် UM 5000 နဲ့ ဒီမိန်းကလေးတွေကို ရမယ် ”

“ ရှုံးရင်တော့ မင်းတို့ဘက်က မိန်းကလေးတစ်ယောက်ကို ကျွန်အဖြစ် ပေးရမယ့်အပြင် UM 1000 လည်း ပေးရမယ် ”

“ ဘယ်လိုလဲ မင်းတို့လောင်းရဲလား ”

Luck တစ်ယောက် သူ့အိတ်ထဲရှိ အဝါရောင်ကြေးပြားလေးတစ်ပြား ထုတ်ယူလိုက်ပြီး လက်ထဲက

ကြေးပြား၏ အင်းကွက်တစ်ကွက်ကို ဖိနှိပ်ကာ မျက်နှာဝိုင်းနှင့် ခေါင်းဆောင်တည့်တည့်ကို ချိန်ရွယ်လိုက်သည်။ ထိုလူငါးယောက်မှာ ရုတ်တရက် လည်ပင်းများအား တဗြင်းဗြင်း ထကုတ်လေသည်။ ဆယ်စက္ကန့် ကြာတော့ သူတို့ တွေ ကုတ်တာ ရပ်သွားသည်။ Luck က သူတို့တွေကို ကြည့်ပြီး ပြုံးလိုက်သည်။

“ ဟုတ်ပြီဟေ့ ငါတို့ဘက်က ဒီမိန်းကလေး သုံးယောက် လောင်းမယ် ဟား ဟား ဟား မင်းတို့ ကတိတည် ဖို့ လိုတယ် ” မြို့ခံလူများက ရိသဲ့သဲ့စကားဖြင့် ပြောလိုက်လေသည်။

ထိုမိန်းကလေးသုံးယောက်မှာလည်း မြို့ထဲတွင် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရသော ၁၈ နှစ် အရွယ် ဆင်းရဲသား ကလေးများဖြစ်ပြီး အကယ်၍ ရှုံးသွားရင်တောင် မြို့ခံလူမိုက်များအဖို့ မထိခိုက်ပေ။

ဆံပင်ကို နောက်တွင် စု၍ချည်းထားသော ဂျပန်စတိုင်နှင့် လူတစ်ဦး ထိုအဖွဲ့မှ ထွက်လာသည်။ ထိုသူက ဂျပန်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားလေသည်။ ထို့နောက် မြို့ခံများကို အထင်သေးစွာကြည့်ပြီး အော်ဟစ်လိုက် သည်။

“ လာစမ်း ငါ့ကို နိုင်အောင် တိုက်ကြစမ်း ”

မြို့ခံများဘက်မှ ဗလတောင့်တောင့်နှင့် ရင်ဘက်တွင် မြွေဟောက်ပုံတက်တူးထိုးထားသော လူတစ်ဦး ထွက်လာ သည်။ မြွေဟောက်က ရဲဒင်းတစ်လက် ကိုင်ဆောင်ထားလေသည်။

“ 1 2 3 စမယ် ”

မြွေဟောက်က စတင်ပြီး ဆံရှည်ကို ရဲဒင်းဖြင့် နှစ်ချက် ဆင့်ခုတ်လိုက်သည်။ ကြည့်နေစဉ်မှာပင် မြွေဟောက်ခုတ် ချက်က လေထဲမှာ လွှင့်ထွက်သွားပြီး မြွေဟောက်ဘေးသို့ ဆံရှည်ရောက်လာကာကင်ဒိုဓားကို စလွယ်ခုတ်ချ လိုက်သည်။

“ ရွှီး အား ဝှစ် ဝုန်း ”

နေရာအနှံ့ သွေးများ လွင့်စင်လာပြီး မြွေဟောက်ခန္ဓာကိုယ်မှာ နှစ်ပိုင်းဖြစ်သွားလေသည်။ လူအများကလည်း အသည်းအသန် အော်ဟစ်ကာ ပြောလိုက်သည်။

" ဟေ့ မင်းတို့ ဘာလို့ လူသတ်တာလဲကွ ”

ဆံရှည်က “ အရှုံးသမားတွေကသေဖို့ပဲ ကောင်းတယ် ”

Luck က ရေရွတ်လိုက်သည်။ “ ဒီကောင်တွေ ငါ မဝင်ရင်တော့ သေတော့မှာပဲ ”

Luck က ရုတ်တရက် ဆံရှည်တို့အုပ်စု ဂျပန်အဖွဲ့ဆီ ရှေ့တိုးဝင်သွားပြီး လက်ထဲမှ လက်သီးဆုပ်ခန့် အလုံးကို မိုးပေါ် မြှောက်တင်လိုက်လေသည်။

“ ဟေ့ကောင် မင်း ဘာလုပ်တာလဲ ”

ဆံရှည်တို့အုပ်စုမှာ ရုတ်တရက် ထိတ်လန့်သွားပြီး နောက်ဆုတ်လိုက်သော်လည်း မမှီတော့ပေ။

“ တွင် တွင် ဝှစ် ဂျလိန်း ”

ထိုအလုံး မိုးပေါ်ရောက်သွားသည်နှင့် ဆံရှည်တို့အုပ်စုကို အလုံးအတွင်းမှ လျှပ်စစ်လှိုင်းများ ထွက်လာပြီး ဖုံးအုပ် သွားလေသည်။ ဆံရှည်နှင့် မျက်နှာဝိုင်းလူငယ်မှာ မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်ကြသည်။

“ လျှပ်စီးအစီအရင် ”

“ ပြေးကြဟေ့ မြန်မြန် ပြေးဟ ”

သို့သော်လည်း လျှပ်စီးကွင်းများက ထိုလူငါးယောက်ကို ချုပ်နှောင်ထားသဖြင့် တောင့်တောင့်ကြီး ဓာတ်လိုက် သလို ရပ်နေကြသည်။ လှုပ်လို့ မရကြပေ။

Luck က “ ဟဲ ဟဲ မင်းတို့တွေ မြို့ထဲတောင် ဝင်လာရဲတယ်ဆိုတော့ သေလိုက်တော့ ”

Luck က ဆံရှည်ကို အရင်ဆုံး ရေခဲလက်သီးဖြင့် ဦးခေါင်းကို ချိန်ကာ ထိုးလိုက်သည်။

“ ဝှီး ဝုန်း ဗြစ် အား ”

လက်သီးချက်ကြောင့် ဆံရှည်ခေါင်းမှာ ဖရဲသီးကဲ့သို့ ပေါက်ထွက်သွားသည်။ ထို့နောက် နောက်သုံးယောက်ကို ဆက်ကာ ထိုးလေသည်။

“ ဝုန်း ဗြစ် ဗြစ် အား အား အား ”

မြို့ခံလူများကတော့ Luck တစ်ယောက် ဂျပန်ဓားအဖွဲ့၏ ခေါင်းများအား ဖရဲသီးခွဲနေသည်ကို အံ့သြစွာ ကြောင် ကြည့်နေကြလေသည်။

ဘေးနားမှ မိန်ကလေးတစ်ချို့မှာလည်း မျက်လုံးပြူးကာ ကြောက်ရွံ့တုန်လှုပ်နေကြလေသည်။

Luck ကြည့်လိုက်တော့ နောက်ဆုံးတစ်ယောက်မှာ မျက်နှာဝိုင်းနှင့် လူငယ်ပင်ဖြစ်သည်။ ထိုလူငယ်မှာ ကြောက် လန့်စွာဖြင့် အော်ဟစ်လိုက်သည်။

“ မင်း မင်း ငါ့ကို သတ်လို့မရဘူး ငါက တော်ဝင်မင်းသားကွ ”

“ မင်းသားတစ်ယောက်ကို သတ်တဲ့ပြစ်မှု ဘယ်လောက်ကြီးလဲ မင်းသိလား ”

“ အေး အေး ဟုတ်လား နောက်ဘဝမှပဲ တော်ဝင်မင်းသား သွားလုပ်တော့ ” Luck က ပြောလိုက်သည်။

Luck က ပြောရင်းနှင့်ပင် ရေခဲလက်သီးနှစ်ချက်ကို ထိုလူထံ ပစ်သွင်းပေးလိုက်သည်။

မျက်နှာဝိုင်းက သူ့ကို မုန်းတီးစွာ ကြည့်လိုက်ပြီး မျက်စိအတွင်းမှ ခရမ်းရောင်းအလင်းဖြင့် Luckထံကို ပစ် လွှတ်လိုက်သည်။ Luck ၏ S3 အဆောင်က အသက်ဝင်လာသည်။ “ တွင် ” Luck နံဘေးတွင် ဝါကြန့်ကြန့် စက်ကွင်းတစ်ခု ဖြစ်လာကာ ထို ဆိုးယုတ်သော ခရမ်းရောင်အလင်းတန်းများ အငွေ့ပျံသွားလေသည်။

“ ဝှစ် ဝှစ် ဝုန်း အား ”

ထိုဂျပန်အဖွဲ့ ငါးယောက်လုံး သေဆုံးသွားလေပြီ။

မကြာမီ ထိုလူများ၏ ခန္ဓာကိုယ်မှာ ပိန်လျော့ပြားချပ်သွားပြီး မျက်နှာချွန်ချွန် အစွယ်များနှင့် မြွေခေါင်းကဲ့သို့ မျက်နှာများအဖြစ် ပြောင်းလဲသွားကြလေသည်။

လူအများလည်း ဝိုင်းအုံကြည့်နေရာမှ

“ ဟာ ဒါ နတ်ဆိုးကိုးကွယ်တဲ့ မှင်စာတွေမလား ”

“ ဟာ ဟုတ်တယ်ဟေ့ မှင်စာတွေ ငါတို့ကို လှည့်စားတာပဲ ”

“ မအိမ်လုံးတွေ မြို့ထဲ ခိုးဝင်လာတယ် ”

“ တော်သေးတယ် ဒီက ဆရာလေး အသိမြန်လို့ ” Luck ကို ဝိုင်းဝန်း ပြောဆိုကြလေသည်။

“ ဒါနဲ့ ဆရာက ဘယ်သူလဲ ဘယ်ကလဲဗျ ”

မြို့ခံမုတ်ဆိတ်မွှေးဖြူနေသော အဖိုးကြီးတစ်ဦးမှ Luck ကို မေးလိုက်သည်။

“ ကျနော်က ဒု-အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ကျတဲ့ Mr.Luck ပါပဲ ”

All Chapters