ရိုးရာ
Vol. 2 Ch. 20
အခန်း (၂၀)
ရိုးရာ
“ အံ့သြစရာပဲ သူတို့ မှင်စာတွေဆိုတာ ဆရာက ဘယ်လိုသိတာလဲ ” လူအိုကြီးတစ်ယောက်က Luck ကို မေးလိုက်သည်။
“ ဘာမှ မထူးဆန်းပါဘူး ”
“ ဂျပန်က တော်ဝင်မင်းသားက ကိုယ်လုပ်တော်ကို ဒီနေရာမှာ လာရွေးမလား စဉ်းစားပါအုံး ”
“ ဒါက မှင်စာတွေ သွေးမျိုးဆက်မျိုးပွားဖို့ ကြံစည်နေကြတာပဲ ”
“ အဓိက ကတော့ ကျနော်တို့လို သူရဲကောင်းတွေဆီမှာ သူတို့ကို သိနိုင်တဲ့ အစီအရင်တွေ ဆေးတွေ ရှိကြပါတယ် ”
“ အဲ့တော့ ကိစ္စက လွယ်သွားပြီပေါ့ဗျာ ”
မကြာမီ ကင်းလှည့်တပ်ဖွဲ့တစ်ချို့ ရောက်လာပြီး ပြုံးရွှင်စွာ ပြောလေ၏။
“ မင်္ဂလာပါ ဆရာ ”
“ ကျနော်တို့နဲ့ အုပ်ချုပ်ရေးဝင်းထဲမှာလိုက်ပြီး အနားယူပါ၊ နေသာမြို့ကလေးက ကြိုဆိုပါတယ် ”
“ အိုကေ လမ်းပြပါ ”
ဆယ်မိနစ်ခန့် သွားပြီးနောက် Luck အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်လာခဲ့သည်။ ရုံးမှာလည်း ဆေးရောင်မှိန် နေသော လေးထပ် ခပ်အိုအို
အဆောက်အဦးတစ်လုံး ဖြစ်လေသည်။
မကြာမီ အဆောက်အဦးထဲမှ ဆံပင်များ တစ်ဝက်ခန့် ဖြူဖွေးနေသော အသက်ခြောက်ဆယ်အရွယ် လူတစ်ဦးထွက်လာလေသည်။ စပို့ရှပ် အစင်းကြားနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားလေသည်။
“ မင်္ဂလာပါ ကျနော်က Luck ပါ ”
“ အမလေး နာမည်ကြီး ရေခဲမင်းသား ကျနော်တို့ဆီ ရောက်လာတာ မယုံနိုင်အောင်ပဲ ”
“ တွေ့ရတာ ဝမ်းသာပါတယ် ကျနော်က အဲလက်စ်ပါ ဒီမြို့ရဲ့ အုပ်ချုပ်သူပါပဲ ”
“ ကျနော်တို့မြို့က အေးချမ်းပါတယ် ”
“ သူခိုးသူဝှက်တောင် မရှိပါဘူး ဟဲ ဟဲ ဟဲ ”
Luck ကလည်း “ ဟုတ်ကဲ့ နေချင်စရာ မြို့လေးပါ ” ဟု ပြန်ပြောလိုက်လေသည်။
အဲလက်စ်က ပြောလိုက်သည်။ “ ကဲ ကဲ ရေမိုးချိုး အနားယူပြီး ညကျရင် မစ္စတာ Luck ကို ဂုဏ်ပြုကြိုဆို ပွဲ ရှိတယ် ”
Luck မှာ လူကောင်ထွားပြီး တောင့်တင်းသောခန္ဓာကိုယ်ရှိသောကြောင့် မည်သူမျှ ၁၅ နှစ်ဟု မထင်ကြပေ။ ၁၈ နှစ်ဟု ပြောဆိုထားသည်ကိုလည်း မည်သူမျှ သံသယမဝင်ကြပေ။
ဒီလိုနှင့် ညနေပိုင်းကို ရောက်ခဲ့ပြီဖြစ်သည်။
“ အား ဇက်ကြောတွေ တက်လိုက်တာ ” Luck တစ်ယောက် ရုံးအတွင်းရှိ စီမံအုပ်ချုပ်မှု ဖိုင်နှင့် အမှုတွဲ များကို လေ့လာပြီးနောက် အော်ဟစ်လိုက်လေသည်။
ထိုအချိန်တွင် မျက်နှာဖောင်းဖောင်း ပုပု၀၀ လူတစ်ယောက် သူ့ရုံးခန်းထဲ ဝင်လာပြီး ပြောလိုက်သည်။
“ ဆရာ ဂုဏ်ပြုပွဲ စတော့မယ် ကျေးဇူးပြုပြီး ကျနော်နဲ့ လိုက်ခဲ့ပေးပါ ”
“ အေး အေး ရှေ့က သွားပါ ”
ဂုဏ်ပြုပွဲမှာ အုပ်ချုပ်ရေးအတွင်းတွင် ဖြစ်ပြီး Luck ငါးမိနစ်ခန့် လမ်းလျှောက်ပြီးနောက် မီးပုံကြီး တစ်ပုံကို တွေ့ရ လေသည်။
ထိုမီးပုံကြီးဘေးတွင် ဆင်စွယ်ဖြင့် ပြုလုပ်ထားသော ထိုင်ခုံများ ချထားပြီး မီးပုံပေါ်တွင် အကင်ကိရိယာ
စတီးပစ္စည်းများကို တပ်ဆင်ထားလေသည်။
မီးပုံပေါ်တွင် ဆိတ်ကောင်လုံး၊ ကြက်ကောင်လုံးများကို ထောပတ်နှင့် အစာများထည့်၍ ကင်ထားလေ သည်။ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော မိန်းကလေးအချို့မှာ မီးကင်ရင်း အကင်တံများကို လှည့်ပေးနေကြ လေသည်။
Luck မိန်းကလေးများကို ကြည့်လိုက်တော့ ရင်သား သုံးပုံနှစ်ပုံခန့်ကို လှစ်ဟထားပြီး ဖြူဖြူဖွေးဖွေး ခါးသွယ်သွယ် တောင့်တင်းသောပေါင်တံဖြင့် ရမ္မက်သွေးကြွဖွယ်ရာ အပျိုလေးများ ဖြစ်နေလေသည်။
မျက်နှာဖောင်းဖောင်းနှင့်လူဝကြီးက Luck ကို ပြောလိုက်သည်။
“ ဆရာ ဒီမိန်းကလေးတွေအကုန် အပျိုတွေဖြစ်ပြီး
ဆရာ့ကို ဧည့်ခံဖို့ ဖြစ်ပါတယ် ”
“ ဒါက ဒီဒေသရဲ့ ရိုးရာပါ ”
“ မိန်းကလေးတွေနဲ့ ထိုင်ရင်း ရိုးရာအရက်နဲ့ အကင်ကို သုံးဆောင်ပါ ပြီးရင် စကားပြောကြ နောက်ဆုံး ဆရာကြိုက်တဲ့ မိန်းကလေးလက်ကိုဆွဲပြီး နောက်မှာ ဆောက်ထားတဲ့ တဲထဲမှာဝင်ပြီး ပျော်နိုင်ပါတယ် သဘောကျတဲ့ မိန်းကလေးနဲ့တွေ့ရင် တဲပေါ်က တန်းလေးပေါ်ကို ပုဝါတင်ပြီး ခေါက်တုပ်ချည်ထားလိုက် ပါဆရာ ”
“ သူနဲ့ ကိုယ်ဝန်ရခဲ့ရင်တော့ ဆရာလက်ထပ်ယူရမှာ ဖြစ်တယ်ဆရာ ”
Luck တစ်ယောက် ထိုစကားကို ကြားတော့ မျက်လုံးပြူးသွားလေပြီ။
Luck သေချာကြည့်လိုက်တော့ ရင်သား တစ်ဝက်ဖော်ထားသော စကတ်တိုဝတ် မိန်းမပျိုလေးသုံးယောက်က ရိုးရာတူရိယာတီးခတ်နေပြီး ကျန်သုံး ယောက်က လှည့်၍ ကပြနေလေသည်။
“ အိုး အားလုံက ဖြူဖြူဖွေးဖွေး တုတ်တုတ်ခဲခဲကြီးတွေပါလား ” Luck စိတ်ထဲက ရေရွတ်လိုက်သည်။ နေရာဒေသများအလိုက် ရိုးရာဓလေ့များ ပွဲတော်များစွာရှိပြီး အယူအဆ ယဉ်ကျေးမှုလည်း ကွာခြားကြပါသည်။