← Chapters

သေရေးရှင်ရေး

Vol. 5 Ch. 23

သေရေးရှင်ရေး

Vol. 5 Ch. 23

ကြောင်မေမေက ဆရာကြောင်ကို ဆိုင်အပေါ်ထပ် လူနေအခန်းတွေအထိ ဆွဲခေါ်သွားတယ်။ နောက်တော့ သူတို့နေတဲ့ အခန်းတံခါးကိုဖွင့်လိုက်ပြီး လူတစ်ရပ်နီးပါးရှိတဲ့ကြောင်ကြီးကို ဆွဲထည့်တယ်။

အဲဒီနောက်တော့ ဆရာကြောင်ကို လက်နှစ်ဖက်နဲ့ချီပြီး နှစ်ယောက်အိပ် King Size အိပ်ရာကြီးပေါ်ကို ပစ်တင်လိုက်တယ်။ အခုဆရာကြောင် သတိဝင်လာပြီ။ မိန်းမလုပ်သူက လက်သံပြောင်ပေမဲ့ ဘယ်လိုပဲပြောပြော သူကအဆင့်မြင့်မြူတန့်သားရဲပါ။

"မိန်း... မိန်းမ... မင်းဘာလုပ်မလို့လဲ။"

"အရာအရာ... ကိုကိုနီကိုလိုင်းရေ၊ တို့တွေမှာ သားလေးတစ်ယောက်ရှိရင်မကောင်းဘူးလား။ ဒါမှအူရိခဲဂမိသားစုအတွက် အမွေခံသားသားလေးရှိမှာလေ။"

ဆရာကြောင်တစ်ယောက် အဲဒီအစားကြောက် နောက်တစ်ခါထိတ်လန့်သွားပြီး အမွှေးတွေထောင်ထလာပြန်တယ်။ ကြောင်မေမေရဲ့အမြီးကတော့ နောက်မှာတနှံနှံဖြစ်နေပြီး အပေါ်ထပ်အင်္ကျီကို ဆွဲဆောင်မှုရှိရှိချွတ်လိုက်တယ်။

ဆရာကြောင်က အိပ်ရာပေါ်ကနေ ဆင်းပြေးချင်ပေမဲ့ ကြောင်မေမေက ကိုကိုနီကိုလိုင်းရဲ့ရင်ဘတ်ကို လက်ဖဝါးနဲ့တွန်းပြီး အိပ်ရာပေါ်ပြန်ပစ်တင်တယ်။

"အ... အရင်က မိန်းမပဲ နောက်ထပ်ကလေးမယူတော့ဘူးဆို။"

"ဪ... အဲဒီတုန်းက သမီးလေးက ငယ်သေးတယ်လေ။ အခုသမီးလေးက အရွယ်ရောက်သွားပြီဆိုတော့ အဟိအဟိ...." ကြောင်မေမေက ခြေထောက်တစ်ဖက်ကို အိပ်ရာပေါ်တင်ပြီး စကော့ကင်ခြေအိတ်ကို စဆွဲချွတ်တယ်။

ဆရာကြောင်ကတော့ အိပ်ရာပေါ်မှာဆန့်ဆန့်ကြီးဖြစ်နေပြီး နှလုံးအခုန်မြန်လွန်းလို့ ကိုယ့်ရင်ဘတ်ကိုယ် လက်နဲ့ဆုပ်ကိုင်ထားရလေရဲ့။

"မိန်းမ... မင်းငါ့ကို ခုနက စိတ်ဆိုးနေတာမဟုတ်ဘူးလား။ အခုကျဘယ်လိုဖြစ်ရပြန်တာတုန်း...."

"ကျွန်မက ရှင့်ကိုချစ်လို့ စိတ်ဆိုးတာလေ၊ အခုတော့ကျွန်မမှာ အချစ်စိတ်တွေလွန်ကဲနေပြီ။" ခြေအိတ်တွေဆွဲချွတ်ပြီးတဲ့နောက်တော့ ကြောင်မေမေကိုယ်မှာ စကပ်ကလေးနဲ့ဇာနက်ဘရာလေးပဲတစ်ထည်ပဲကျန်တော့တာ။ ကြွက်သားအပြည့်နဲ့ ဗိုက်သားညိုညိုလေးက လူမြင်ကွင်းထဲပေါ်လာပြီး ခါးသွယ်သွယ်လေးကလည်း ဆွဲပွေ့ဖက်ချင်စရာ။

အခုကြောင်မေမေက ဘရာနဲ့စကပ်ကိုပါဆွဲချွတ်ပြီး နောက်ဆုံးအနေနဲ့ ဇာနက်ပင်တီလေးကိုပါ ချွတ်လိုက်တော့ မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားပြီ။

"ကဲ... ရှင်ငြင်းဖို့ကြိုးစားမနေနဲ့တော့၊ ဒီနေ့ရှင်လုပ်ထားတာတွေအတွက် အပြစ်ဒဏ်ခံယူတဲ့အနေနဲ့ ငြိမ်ငြိမ်လေးနေ။" နောက်တော့ ကြောင်မေမေက အိပ်ရာထဲကို ဒိုင်ပင်ပစ်ခုန်ဝင်လာတယ်။

"ဟေး... ဟေး... Bestet၊ မင်းလွန်မယ်နော်။ ဖြည်းဖြည်းစပါဟ။"

"ရှင်ကြီးကများပြောရသေးတယ်၊ လာခဲ့။"

...

ကောင်တာပေါ်က လေယာဥ်လက်မှတ်ကိုယူပြီးတဲ့နောက် ဖရက်က ဆိုင်ရှင်မိန်းကလေးကို နှုတ်ဆက်ပြီး ကျေးဇူးတင်ဖို့အတွက် လိုက်ရှာပေမဲ့ အောက်ထပ်မှာမတွေ့ဘူး။

ဘာပဲပြောပြော အူရိခဲဂကဖေးဆိုင်က မိန်းကလေးက သူနဲ့ဆရာကြောင်ကို လနဲ့ချီပြီး အလုပ်ပေးနေစရာပးခဲ့သူပါ။ နည်းနည်းသဘောမကောင်းပေမဲ့ သူ့အတွက်ကျေးဇူးရှင်တစ်ယောက် ဖြစ်နေပြီလေ။

သူက လူဆိုးတစ်ယောက်ပေမဲ့ သူ့အပေါ်ကြင်နာတဲ့သူတွေကို ဂရုစိုက်တတ်ပါတယ်။ ဒါကြောင့် ဆိုင်ရှင်မိန်းကလေးဘယ်သွားလဲဆိုပြီး ဝန်ထမ်းတွေထဲက တစ်ယောက်ကိုမေးတော့...

"ဆိုင်ရှင်လား... သူ့အဖေနဲ့အမေ အပေါ်ထပ်တက်သွားတော့ ခိုးချောင်ခိုးဝှက်နဲ့ နောက်ကနေ လိုက်သွားတယ်လေ။ ဒီတော့ အပေါ်ထပ်မှာ ရှိချင်ရှိမှာပေါ့။"

ဖရက်လည်း ပခုံးတွန့်လိုက်တယ်။ ဘာပဲပြောပြော မနက်သွားရတော့မှာမလို့ သူ့အထုပ်တွေသိမ်းရဦးမှာဖြစ်လို့ မကြာခင်သူလည်းအပေါ်ထပ်တက်ရမှာပါ။

"ကိစ္စမရှိပါဘူးလေ၊ ငါသူတို့သုံးယောက်လုံးကို တစ်ခါတည်းနှုတ်ဆက်ရတာပေါ့။" ဒီလိုနဲ့ ဖရက်လည်း ဆိုင်အပေါ်ထပ်ကိုတက်ခဲ့တယ်။ ဒါပေမဲ့ အပေါ်ထပ်ရောက်တော့ သူထူးဆန်းတဲဲ့မြင်ကွင်းကို မြင်လိုက်ရတယ်။

ဆိုင်ရှင်ကြောင်မမက ဆူညံ့သံအစုံထွက်နေတဲ့ အခန်းတံခါးရှေ့မှာ ရပ်နေပြီးတော့ တံခါးကိုနားနားကပ် နားထောင်နေတယ်။ ပြီးတော့ သူ့မျက်နှာက နီရဲနေပြီးတော့ ပါးစပ်ကနေတောင် သွားရည်တွေကျနေသေးတယ်။

ဖရက် "......"

ခနနေတော့ ဆိုင်ရှင်ကြောင်မိန်းကလေးလည်း သတိဝင်လာပြီး ဖရက်ကိုရီဝေဝေမျက်နှာနဲ့ကြည့်ပြီး လှမ်းပြောတယ်။ ပြီးတော့ ဒီကြောင်မလေးက ကဖေးရဲ့အိမ်စေဝတ်စုံဝတ်ထားတာဖြစ်ပြီး သူ့ပေါင်လုံးညိုညိုလေးနှစ်ချောင်းကို ပူးကပ်ထားတယ်။ နောက်ပြီး ဘာကြောင့်မှန်းမသိဘဲ ဖရက်ကိုမြင်တော့ အရသာကောင်းမယ့် ငါးကြော်အကြီးကြီးကိုမြင်သလိုမျိုး လျှာသပ်နေသေးတယ်။

"အရာအရာ... ဖရက်-ကွန်း။ ဘာကိစ္စရှိလို့လဲ။ ဒီနားလာပြောလေ။"

"ရပါတယ်၊ နှောင့်ယှက်မိလို့တောင်းပန်ပါတယ်။ ပြီးမှပြောတော့မယ် နော်..." အဲဒီနောက်တော့ ဖရက်က ပြောပြောဆိုဆိုနဲ့ ဆိုင်အပေါ်ထပ်ကနေ အလန့်တကြားပြေးဆင်းလာတော့တာပဲ။

'ဟိုးလီးရှစ်... အခုက ကြောင်မိတ်လိုက်တဲ့အချိန်ဆိုတာ ငါမေ့နေတာပဲ။' ကြောင်တွေက မတ်လကနေ စက်တင်ဘာအထိ အပူဝင်တတ်ကြတယ်လေ။ ဒီတော့ ဆရာကြောင်အခုလိုကံကြမ္မာနဲ့ကြုံရတာ ပုံမှန်ပဲ။

မတော်လို့ သူပါအစစ်ပါသွားရင် မင်းသမီးလေးကို ဘယ်လိုရှင်းပြမလဲ။

.....

၁၀ ရက်နေ့လယ်ပိုင်း။

မက်ဒါနာတစ်ညလုံးမအိပ်ရသေးဘူး။

ဆုဗာနာမှတ်တမ်းများရုံးကနေ ဦးလေးဗထူး ဘာတွေသိထားလည်း လေ့လာဖို့ဖိုင်တွေအများကြီးတောင်းခဲ့ရတယ်။ သူပါဝင်ထမ်းဆောင်ခဲ့တဲ့ မစ်ရှင်တွေ၊ တက်ခဲ့တဲ့ကျောင်းတွေ၊ ငယ်ဘဝတွေ စတာတွေအားလုံးကို မက်ဒါနာအသေးစိတ်လေ့လာခဲ့ရပါတယ်။

စုံထောက်တစ်ယောက်က စိတ်ထင်ရာကောက်ချက်မချသင့်ဘူး။ မှန်ကန်တဲ့ဖြစ်နိုင်ခြေရဖို့အတွက် ရနိုင်တဲ့အချက်အလက်တွေကို တတ်နိုင်သမျှလေ့လာပြီးမှ ကောက်ချက်ချသင့်တယ်။ မဟုတ်ရင် ရေလိုက်လွဲသွားလိမ့်မယ်။

"ဒီတော့သူက ဆုဗာနာကိုယ်ရံတော်တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ဖူးပြီး ကင်းထောက်တပ်ဖွဲ့ရဲ့အိုးစားပေါ့။ မစ်ရှင်တစ်ခုမှ အပြင်းအထန်ဒဏ်ရာရပြီး နားလိုက်ရလို့သာမဟုတ်ရင် အရာရှိတစ်ယောက်ဖြစ်လာနိုင်တဲ့သူပေါ့။"

မက်ဒါနာက ဆုဗာနာရဲ့စစ်တပ်တွေအကြောင်းရေးထားတဲ့စာအုပ်ကို စာကြည့်တိုက်ထဲမှာ လိုက်ရှာကြည့်တယ်။ ဆုဗာနာစစ်တပ်ဖွဲ့စည်းပုံက နည်းနည်းထူးဆန်းပြီး ရိုးရာရာထူးအဆင့်အတန်းတွေနဲ့ လုပ်ထုံးတွေများစွာ ပါဝင်နေဆဲပါ။ ခေတ်သစ်နဲ့ယှဥ်တွဲနေတဲ့ပုံစံဖြစ်လို့ တချို့ကိစ္စတွေကို Wikipediaလို စွယ်စုံကျမ်းဝက်ဆိုက်တွေမှာ အတိအကျမပါဝင်တတ်ပါဘူး။ မှန်ကန်တဲ့ခန့်မှန်းချက်တွေရဖို့ မှန်ကန်တိကျတဲ့ အချက်အလက်တွေကို လေ့လာဖို့လိုအပ်ပါတယ်။

မက်ဒါနာက စာအုပ်ကို စာကြည့်စားပွဲဆီယူလာပြီး စဖတ်ကြည့်တယ်။

"ဒီတော့ ဆုဗာနာရဲ့စစ်တပ်ဖွဲ့စည်းပုံက ကုန်းဘောင်နဲ့နည်းနည်းကွဲပြားတယ်ပေါ့။" ကုန်းဘောင်ခေတ်ရဲ့စစ်ရေးဗျူဟာကျမ်းက သေနင်္ဂဗျူဟာကျမ်းဖြစ်ပြီးတော့ လက်ဝဲသုန္ဒရအမတ်ကြီးရေးသားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဆုဗာနာကတော့ တောင်ငူခေတ်ကနေစတင်ခဲ့တဲ့နေရာဖြစ်ပြီး နှစ်ငါးရာကာလအတွင်းမှာ သူတို့ဘာသာသူတို့လည်း စစ်ရေးဗျူဟာကျမ်းတွေကို သီးခြားရေးသားခဲ့ကြပါတယ်။

နာမည်အကြီးဆုံးကကဋဂ္ဂဟဗျူဟာကျမ်းခေါ် အောင်ပွဲရယူခြင်းကျမ်းဖြစ်ပြီး အိန္ဒိယနယ်စားဘုရင်တချို့နဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အချိန်တွေတုန်းက ရေးသားခဲ့တာပါ။ ပညာရှင်တွေရဲ့အဆိုအရတော့ ဒီကျမ်းက သေနင်္ဂဗျူဟာကျမ်းထက်စာရင် တချို့နေရာတွေမှာ ကွာခြားချက်ရှိနေပါတယ်။

ဒါကြောင့်တပ်ဖွဲ့စည်းပုံက ဘုရင့်နောင်ခေတ်စတိုင်နဲ့ပိုဆင်တယ်။

"ဆုဗာနာ ရှေးစတိုင်တပ်ဖွဲ့တွေရဲ့အဓိကအခြေခံယူနစ်က တပ်ရင်းကြီး၊ ဖွဲ့စည်းပုံအပြည့်ဆိုရင် စစ်သည်တစ်ထောင်ပါဝင်ပြီး စစ်သည်ဆယ်ယောက်တိုင်းအတွက် တပ်ကြပ်တစ်ယောက်ရှိတယ်။ တပ်ကြပ်ဆယ်ယောက်ကိုအုပ်ချုပ်တဲ့သူက အဆော်၊ တပ်ရင်းကြီးတစ်ခုလုံးကို အုပ်ချုပ်သူကိုကျ စစ်ကဲလို့ခေါ်တယ်။ ဒါပေမဲ့ ြဗိတိသျှခေတ်မှာ အိန္ဒိယစတိုင် ဖွဲ့စည်းပုံပြောင်းလိုက်ပြီး လူငါးရာပါတဲ့တပ်ရင်းသေး Battalions တွေက အဓိကယူနစ်ဖြစ်သွားတယ်။ အလားတူပဲ Commander ဆိုတာကိုဖလှယ်ပြီး အရှေ့က အကဲတို့အဆော်တို့မခေါ်တော့ဘဲ သူတို့ကွပ်ကဲရတဲ့လူအင်အားနဲ့တွဲပြီး တပ်မှူးတွေအနေနဲ့ပဲ ပြောကြတော့တယ်။

ငါးရာဗိုလ်တပ်မှူးတွေက အဲဒီအရွယ်တပ်ရင်းတွေရဲ့ခေါင်းဆောင်ဖြစ်လာတယ်။ ဒါပေမဲ့နယ်စားကိုယ်ရံတော်တပ်ဖွဲ့ကတော့ အင်အားတစ်ထောင်ရှိပြီး မူရင်းတပ်ရင်းကြီးစတိုင်အုပ်ချုပ်ရေးစနစ်ရှိတယ်။ ဒီတော့ကိုယ်ရံတော်တပ်ရင်းခေါင်းဆောင်က တကယ်ဆိုအကဲရာထူးနဲ့ဖြစ်သင့်တာ။ ဒါပေမဲ့သူ့ကို အခုတော့တစ်ထောင်ဗိုလ်တပ်မှူးလို့ခေါ်ကြတယ်။

သူတို့ထက်မှာတော့ တပ်ပေါင်းဗိုလ်တပ်မှူးချုပ်တွေရှိတယ်။ အဲဒီအထက်မှာတော့ သေနာပတိတွေရှိတယ်။ လက်ရှိသေနာပတိက ငါအပါအဝင်ဆိုသုံးယောက်ရှိတယ်။ ခံစစ်ကြောင်းသေနာပတိရယ်၊ နယ်စားကြီးရယ်၊ ငါရယ်ပေါ့။ ပုံမှန်တော့ မြန်မာစစ်တပ်ဖွဲ့စည်းပုံမှာ စစ်ဘုရင်ဆိုပြီး နောက်တစ်ဆင့်ရှိသေးပေမဲ့ ဆုဗာနာက နယ်စားနယ်မြေမလို့ နယ်စားကြီးက စစ်ဘုရင်ရာထူးခံယူလို့မရဘူး။"

အဲဒီနောက်မှ မက်ဒါနာက ဦးလေးဗထူးရဲ့ဖိုင်ကို ပြန်စဖတ်ကြည့်တယ်။ သူ့ရာထူးက အိုးစားဖြစ်ပြီး စစ်သည်ငါးယောက် သူ့လက်အောက်မှာရှိပါတယ်။နိုင်ငံတကာစံနှုန်းနဲ့ဆိုရင်တော့ Lance Corporal ပါ။

"ဒီတော့ သူက ကိုယ်ရံတော်တပ်ရင်းကြီးရဲ့ကင်းထောက်တပ်ဖွဲ့ငယ်မှာ တပ်ကြပ်ငယ်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ နယ်စားကြီးအယုံကြည်ဆုံးလူဖြစ်ပေမဲ့ ပညာအရည်အချင်းက မြင့်မားမှုမရှိတော့ အောက်ခြေအဆင့်ကနေပဲတက်ရတယ်။ လေးပွင့်ဆိုင်စစ်ပွဲမှာ ဒဏ်ရာရပြီး လက်ချောင်းတွေပြတ်ထွက်ကုန်ပြီးတဲ့နောက် စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်လာတယ်။"

"ကင်းထောက်... ကင်းထောက်တွေက ဘာလုပ်ရတာလဲ။" မက်ဒါနာက ဆုဗာနာစစ်ဗျူဟာကျမ်းရဲ့ရာထူးနဲ့တာဝန်တွေအကြောင်း ရှင်းပြထားတဲ့အခန်းတွေ လှန်ကြည့်လိုက်တယ်။

"ဆုဗာနာစစ်တပ်စီမံခန့်ခွဲပုံအရ ကင်းထောက်တပ်က ပင်မတပ်ကနေခွဲထွက်ပြီး ရန်သူ့အခြေအနေကို ထွက်စုံစမ်းရတာမျိုးလုပ်ရတတ်တယ်။ အိုးစားအစုတစ်ခုလောက်နှစ်ခုလောက် လွှတ်ရာကနေစပြီး တပ်ဖွဲ့တစ်ခုလုံးကို ကင်းမတပ်ကြီးအနေနဲ့ ရှေ့ပြေးလွှတ်တာမျိုးလည်း လုပ်တတ်ကြတာပဲ။ ဒီအလုပ်မျိုးမှာ တိကျတဲ့မြေပုံရှိလေ ပိုပြီးလုပ်ကိုင်ရတာအဆင်ချောလေမလို့ မြေပုံဆွဲပညာရှင်တွေကိုလည်း တပ်ဖွဲ့ထဲထည့်လေ့ရှိတယ်။ အိုးစားဗထူးက နယ်စား ကိုယ်ရံတော်ကင်းထောက်တပ်ရဲ့ မြေပုံဆရာပေါ့။"

မက်ဒါနာက စာအုပ်တွေအားလုံးကိုပိတ်ပြီး သေချာစဥ်းစားကြည့်တယ်။ အခုသူလိုတဲ့ အချက်အလက်တွေရသွားပြီ။

"မီးခံသေတ္တာထဲမှာရှိနေတဲ့အရာက စက္ကူလိပ်တစ်လိပ်ပဲ၊ ဒီတော့ မြေပုံစာလိပ်ဖြစ်နိုင်တာပဲ။ သေတ္တာထဲမှာ ထည့်သိမ်းထားတာဆိုတော့ အပြင်လူအသိခံလို့မရတဲ့ ဆုဗာနာရဲ့လျှို့ဝှက်ချက်တွေပါတဲ့ မြေပုံစာလိပ်ဖြစ်မယ်။ တစ်နည်းအားဖြင့်...."

မက်ဒါနာ မျက်လုံးဖွင့်လိုက်တယ်။ ထင်ထားတဲ့အတိုင်းပဲ ဒီကိစ္စက သေရေးရှင်ရေးထက်တောင် ပိုအရေးကြီးနေသေးတယ်။

"မကောင်းတော့ဘူး၊ ဒါဆိုရင် ရန်သူက ဆုဗာနာရဲ့အထိအခိုက်မခံတဲ့ လျှို့ဝှက်ချက်တွေပါနေတဲ့ မြေပုံတစ်ခုကို ရသွားတာပဲ။"

မက်ဒါနာက စားပွဲပေါ်မှာတင်ထားတဲ့ လက်ကိုင်ဖုန်းကိုထုတ်ပြီး နယ်စားကြီးဆီ တိုက်ရိုက်ဖုန်းခေါ်လိုက်တယ်။ နယ်စားကြီးက ခါတိုင်းလိုပဲ ရှေ့တန်းမှာရှိနေတယ်။ ပုံမှန်ဆိုရင် စစ်ရေးစစ်ရာတွေကို ဂြိုဟ်တုဖုန်းနဲ့ပြောရမှာဖြစ်ပေမဲ့ မက်ဒါနာက ဆုဗာနာစစ်တပ်ရဲ့အစိတ်အပိုင်းတစ်ခုမဟုတ်ဘူး။ ဒီတော့ သာမန်ဖုန်းနဲ့ပဲ နယ်စားကြီးကို အစီအရင်ခံနိုင်တယ်။

စက္ကန့်အနည်းငယ်ကြာတော့ နယ်စားကြီးက ဖုန်းကိုင်လိုက်တယ်။ "ပြော၊ မြေးမလေး။ ဘာလိုချင်လို့လဲ။" နယ်စားကြီးလေသံက အတော်လေးပေါ့ပါးပြီး ပျော်ရွှင်နေပုံပဲ။ အခုဆိုရင် နောက်ထပ် လူငါးရာပါ တပ်ရင်းတစ်ခုကို အဆင့်မြှင့်ထားတဲ့ ဆုဗာနာချပ်ဝတ်တွေ တပ်ဆင်ပေးလိုက်နိုင်ပြီလေ။ ဆုဗာနာခံစစ်က ပိုတောင့်တင်းလာနေတာမလို့ နယ်စားကြီးစိတ်ပျော်နေတာ ပုံမှန်ပဲ။

"အဖိုးရေ၊ အခုက ပျော်နေရမယ့်အချိန်မဟုတ်ဘူး။ အဖိုးရဲ့လူယုံတော်ဟောင်း ဦးလေးဗထူးအသတ်ခံရတုန်းက ဆုဗာနာရဲ့အရေးကြီးနေရာတွေမှတ်ထားတဲ့ မြေပုံတစ်ခုပါ အခိုးခံလိုက်ရတဲ့ပုံပဲ။ အခုရန်သူတွေလက်ထဲ မြေပုံရောက်နေလောက်ပြီ။"

"ဘာ..." အရင်က နယ်စားကြီးအပါအဝင် ဘယ်သူကမှ ဗထူးရဲ့လက်ထဲမှာ ဒီလိုမြေပုံမျိုးရှိနေမယ်လို့ ဘယ်သူမှမထင်ခဲ့ကြပါဘူး။

ဒီမြေပုံက တရားမဝင်ရေးဆွဲထားတဲ့ မြေပုံတစ်ခုဖြစ်ပြီး ဦးလေးဗထူးမှာ ဘယ်လိုရည်ရွယ်ချက်မျိုးရှိခဲ့ရှိခဲ့ အခုတော့ရန်သူ့လက်ထဲပါသွားပါပြီ။ ဆိုလိုတာက ဆုဗာနာနိုင်ငံရဲ့ဘယ်လျှို့ဝှက်ချက်မှ မလုံခြုံတော့ပါဘူး။

...

အခြားတစ်ဖက်မှာတော့ သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ယောက်က ထမင်းချိုင့်လေးကိုင်ပြီး အဆင့်မြင့်ချပ်ဝတ်စက်ရုံဂိတ်ဝကို ရောက်လာပါတယ်။ စက်ရုံဂိတ်မှာ အဆင့်မြင့်ချပ်ဝတ်ဝတ်ထားတဲ့ စစ်သည်နှစ်ယောက်က အသင့်အနေအထားနဲ့ရှိနေပါတယ်။ ချပ်ဝတ်စက်ရုံက ဆုဗာနာအတွက် သိပ်အရေးပါတာကြောင့် တပ်ရင်းတွေကိုတောင် အပြည့်အဝချပ်ဝတ်သစ်မဆင်ပေးနိုင်သေးချိန်မှာ ချပ်ဝတ်အပြည့်နဲ့တပ်စိတ်တစ်ခုကို ဒီမှာကင်းချပေးထားတာဖြစ်ပါတယ်။

ညာဖက်က တပ်သားက အမျိုးသမီးကိုတားလိုက်ပြီး မေးတယ်။ "ဘယ်သူလဲ၊ ဒီကိုဘာလာလုပ်တာလဲ။"

အမျိုးသမီးကလည်း လက်နက်ကိုင်ထားတဲ့ တပ်သားတွေကြောင့် နည်းနည်းလန့်သွားတဲ့ပုံစံနဲ့ ကြောင်ရပ်နေပြီးမှ လေသံတိုးတိုးနဲ့ပြောလိုက်ပါတယ်။

"ကျွန်မက ဒီမှာအလုပ်လုပ်နေတဲ့ ကျွန်မယောက်ျားအတွက် ထမင်းလာပို့တာပါ။ ချိုင့်ကို လာစစ်ကြည့်ပါ။"

တပ်သားနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်တယ်။ "ဇေယျာ၊ စက်ရုံအလုပ်သမားတွေကို စက်ရုံကထမင်းကျွေးတယ်မဟုတ်ဘူးလား။"

ဘယ်ဘက်က စစ်သားလည်း ပခုံးတွန့်ပြလိုက်ပါတယ်။ အမျိုးသမီးက စစ်သားနှစ်ယောက်မယုံတာတွေ့တော့ ထပ်ပြောလိုက်တယ်။

"ကျွန်မယောက်ျားက ဦးဝတုတ်ပါ၊ အိမ်မှာပုစွန်ဟင်းချက်ထားလို့ ဟင်းကောင်းစားရအောင် လာပို့တာ။ ဒီမှာကြည့်ပါဦး။"

အမျိုးသမီးလုပ်တဲ့သူက ချိုင့်ကိုဖွင့်မလိုလုပ်ပြတယ်။ ညာဖက်က စစ်သားက သဘောကောင်းတဲ့ပုံစံနဲ့ပြုံးလိုက်ပြီး ပြောလိုက်ပါတယ်။

"မပူပါနဲ့အစ်မကြီး၊ စက်ရုံထဲမှာ ဦးဝတုတ်ရှိမရှိမေးလိုက်ဦးမယ်။ ရှိတယ်ဆိုရင် သူ့ကိုဒီလာယူခိုင်းမယ်လေ။ ဇေယျာ၊ မင်းသွားစစ်ကြည့်လိုက်။"

ဘယ်ဖက်မှာရှိနေတဲ့ တပ်သားဇေယျာက ခေါင်းညိတ်ပြီး အမျိုးသမီးချိုင့်ကို ဆွဲယူလိုက်တယ်။ ညာဖက်ကတပ်သားကတော့ ဦးဝတုတ်တကယ်ရှိမရှိမေးဖို့ ဂြိုဟ်တုဖုန်းကိုကိုင်လိုက်တယ်။

ဒါပေမဲ့ ရုတ်တရက်ဆိုသလိုပဲ အမျိုးသမီးရဲ့အပြုံးက ရုပ်ဆိုးသွားပြီး စစ်သားနှစ်ယောက်ရဲ့လည်မျိုကို စူးရှတဲ့သံချွန်တစ်ချောင်းစီက တစ်ပြိုင်နက်ဆိုသလိုပဲ ထိုးဖောက်သွားတယ်။

"သေလိုက်တော့... ငတုံးတွေ။" အမျိုးသမီးရဲ့ပါးစပ်ကနေ အေးစက်စက်အမျိုးသားတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာတယ်။ တကယ်လည်း ကုန်းတွင်းပိတ်ဆုဗာနာနိုင်ငံမှာ ပုစွန်ဆိုတာက သူကောင်းမျိုးတွေပဲစားနိုင်တဲ့အရာတစ်ခု။ ဒါပေမဲ့ ဒီတပ်သားတွေက သတိမထားမိခဲ့ကြဘူး။

သွေးစက်တွေက လေထဲမှာလွင့်ပျံနေပြီး တချို့က အမျိုးသမီးရဲ့မျက်နှာကိုလာစင်တယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးကတော့ ဂရုမစိုက်ဟန်နဲ့ အော်ချိန်တောင်မရဘဲ လဲကျသွားတဲ့ စစ်သည်နှစ်ယောက်ထဲက တစ်ယောက်ရဲ့ချပ်ဝတ်တွေကို စဖြုတ်ပြီး သူ့ခန္ဓာကိုယ်မှာတပ်လိုက်တယ်။

နောက်တော့ သူ့ခန္ဓာကိုယ်က အရည်အဖြစ်ခတ္တပြောင်းသွားပြီး သေသွားတဲ့တပ်သားဇေယျာရဲ့ကိုယ်လုံးကိုယ်ပေါက် မျက်နှာအတိုင်းဖြစ်သွားတယ်။

....

အဲဒီနောက် ဇေယျာဟန်ဆောင်ထားတဲ့ ရေနွေးငွေ့ခေါင်းက ဂိတ်တံခါးကိုဖွင့်ပြီး ခပ်တည်တည်နဲ့ စက်ရုံဝင်းထဲဝင်သွားတယ်။

ဝင်းထဲမှာလည်း အစောင့်လေးယောက်က စားပွဲတစ်ခုနားဝိုင်းထိုင်နေကြပြီး နေ့လယ်စာစားဖို့ ပြင်ဆင်နေကြတယ်။ အိုးစားကြီးရာထူးနဲ့တစ်ယောက်က ဇေယျာကို မော့ကြည့်လိုက်ပြီး

"ဇေယျာ... မင်းဒီကိုဘာလာလုပ်တာလဲ။ ငါတို့ထမင်းစားပြီးမှ မင်းတို့ကိုကင်းလဲ...." ဒါပေမဲ့စကားမဆုံးသေးခင်မှာပဲ ဇေယျာက သူ့လက်ကို လျင်မြန်စွာလှုပ်ရှားလိုက်တယ်။ သူ့လက်ထဲက ဓားမြှောင်က လျင်လျင်မြန်မြန်လှုပ်ရှားသွားပြီး အိုးစားကြီးရဲ့လည်ပင်းကို လှီးချပြီးသားဖြစ်သွားတယ်။

"မင်းဘာလုပ်တာလဲ..."

ကျန်တဲ့စစ်သားလေးယောက်က စားပွဲကနေထပြီး လက်နက်ယူဖို့ပြင်ကြပေမဲ့ သူတို့ခန္ဓာကိုယ်သေကွင်းသေကွက်တွေအားလုံးကို သံဆူးချွန်တွေက ထိုးဖောက်နှင့်ပြီးပြီ။ သွေးတွေက ရေလိုပန်းထွက်လာပြီး စက္ကန့်အနည်းငယ်အကြာက ထမင်းအတူစားရင်း ရယ်မောနေခဲ့ကြတဲ့ စက်ရုံအစောင့်တပ်ဖွဲ့ဝင်တွေ တုံးခနဲလဲကျသေဆုံးကုန်တယ်။

ဆုဗာနာတပ်စိတ်တစ်စိတ်မှာ လူဆယ်ယောက်ပါပြီး အိုးစားနှစ်ယောက်နဲ့ အကြပ်တစ်ယောက် အုပ်ချုပ်ရတယ်။ ဒါကြောင့် စုစုပေါင်းဆယ့်သုံးယောက်ပါဝင်ပါတယ်။ အခုတော့ အိုးစားတစ်ယောက်ဦးဆောင်တဲ့ ဂိတ်ရှေ့ဖက်က အုပ်စုတစ်ခုလုံးကျသွားပြီ။

စက်ရုံရဲ့တခြားတစ်ဖက်မှာ အုပ်စုတစ်ခုတော့ ကျန်နိုင်သေးပေမဲ့ ရေနွေးငွေ့ခေါင်းအတွက် ပြိုင်ဖက်မဟုတ်တော့ပါဘူး။

သူက စက်ရုံနောက်ဖက်ကို တကူးတကသွားမနေတော့ဘဲ စက်ရုံထဲကို တန်းဝင်လိုက်တယ်။ စက်ရုံထဲက အလုပ်သမားတွေက ထမင်းစားနားနေကြတာဖြစ်ပြီး တစ်နေရာမှာစုစားကြရင်း ရယ်ကာမောကာနဲ့စကားပြောနေကြတယ်။

ရုတ်တရက် စက်ရုံတံခါးပွင့်သွားလို့ သူတို့လှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ ထူးဆန်းတဲ့လူတစ်ယောက်က အဝင်ဝမှာရပ်နေပြီး သူတို့ကို ကြောက်စရာအပြုံးမျိုးပြုံးပြလိုက်တယ်။

မိနစ်အနည်းငယ်ကြာတော့ စက်ရုံထဲက လူတွေအကုန်လုံး အသက်ကင်းမဲ့ကုန်တယ်။ ရုံနောက်က လုံခြုံရေးတပ်ဖွဲ့တွေလည်း ရန်သူကိုသတိထားမိပေမဲ့ သူတို့လာကူချိန်မှာ နောက်ကျသွားပါပြီ။ အခုအကုန်လုံး မြေပေါ်မှာလဲကျသေဆုံးနေပြီ။

သွေးတွေက ကြမ်းပြင်ပေါ်မှာ အိုင်ထွန်းနေတယ်။ တပ်ကြပ်ကတော့ တိုင်တစ်တိုင်မှာမှီရင်း လက်ထဲက ဂြိုဟ်တုဖုန်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ရုပ်အမျိုးမျိုးပြောင်းနေတဲ့ ရန်သူကိုပြောလိုက်တယ်။

"ငါတို့တပ်ကူတွေက မင်းကို အမှုန့်ချေပစ်မှာ။ ဟုတ်တယ်၊ မင်းကို သတ်ပစ်ကြလိမ့်မယ်။"

ဒါပေမဲ့ ရေနွေးငွေ့ခေါင်းကတော့ ဂရုမစိုက်ဘဲ တပ်ကြပ်ရဲ့လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး ချိုးပစ်လိုက်တယ်။ အခုတပ်ကြပ်လည်း သေသွားပြီ။ သူတို့ထိထိရောက်ရောက် မခုခံနိုင်ခဲ့ဘူး။

စက်ရုံထဲက လူတိုင်းသေဆုံးသွားချိန်မှာ ရေနွေးငွေ့ခေါင်းက ပြုံးလိုက်ပြီး သူနဲ့အတူယူလာတဲ့ ထမင်းချိုင့်ကို စဖွင့်လိုက်တယ်။ အတွင်းမှာတော့ အနီရောင် အလင်းတွေဖြာထွက်နေတဲ့ စက်လုံးလေးတစ်လုံးနဲ့ရိမုတစ်ခုရှိတယ်။

ရေနွေးငွေ့ခေါင်းက စက်လုံးကိုထားခဲ့ပြီး စက်ရုံအပြင်ကို ခပ်သုတ်သုတ်ထွက်သွားပြီး ရီမုခလုတ်ကို နှိပ်ချလိုက်တယ်။

အဲဒီနောက်တော့ ကြီးမားတဲ့ပေါက်ကွဲမှုကြီးတစ်ခုနဲ့အတူ ဆုဗာနာချပ်ဝတ်စက်ရုံဟာ တစ်စစီဖြစ်သွားလေတော့တယ်။

All Chapters