ဧည့်သည်ကို ဂရုစိုက်
Vol. 5 Ch. 35
မနက်နေရောင်က အခန်းပြတင်းပေါက်ကို ဖြတ်ပြီးဝင်လာပြီ။ နေရောင်ခြည်က မျက်နှာဖွေးဖွေဥဥလေးပေါ်ကို ဖြာကျပြီး အနွေးဓာတ်က အပူဖြစ်ပြောင်းလာတဲ့အတွက် မက်ဒါနာမျက်လုံးဖွင့်လိုက်တယ်။
မျက်လုံးထောင့်ကနေတော့ မျက်ရည်တွေစီးကျနေတုန်းရယ်။ စောင်ကိုလည်း ခေါင်းမြီးခြုံထားရာကနေ ဖယ်ပစ်လိုက်မိတော့တယ်။
"ဘုရားသခင်၊ နင်အကောင်စုတ်။ ငါ့ကို ဒီလောက်ထိရက်စက်စရာလား။ အနားရောက်လာရင် အပိုင်းပိုင်းခုတ်ပြီး ခွေးစာကျွေးပစ်မယ်။"
မိန်းကလေးတစ်ယောက်ရဲ့အသံလွင်လွင်က အခန်းထဲ ပြန့်နှံသွားတယ်။ ပြောရရင် မက်ဒါနာ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးဝမကျေနပ်ဘူး။ 'အိုဘာတဲ့ ငါ့ခြေထောက်တွေက ပြန်မကောင်းနိုင်သေးဘူးတဲ့လား။'
အဲဒီနေ့ညက ဒေါ်လေးပါဗာတီတစ်ယောက် သူ့ရဲသေလုမျောပါး ဒဏ်ရာတွေကို ကုပေးလိုက်ပေမဲ့ သူ့ခြေထောက်တွေတော့ လှုပ်ရှားလို့မရသေးဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်လေးပါဗာတီကိုမေးတော့ သူက ကောင်းကင်ပေါ်ကို လက်ညိုးထိုးပြပြီး ဒီလိုပြောတယ်။
"ဒေါ်လေးအဖွားက ပြောဖူးတယ်၊ ဘုရားသခင် ဖြစ်စေချင်တဲ့အရာကို လူသားတွေက နှောင့်ယှက်လို့မရဘူးတဲ့။"
"....." ပြီးတော့ ဘာမှဆက်ရှင်းမပြဘူး။ မက်ဒါနာတစ်ယောက် ဆွံအပြီး ကျန်နေခဲ့တယ်။ နောက်နေ့မနက်ရောက်တော့ သူ့တစ်ကိုယ်လုံးကို ဓာတ်မှန်ရိုက်ကြည့်သေးတယ်။ ဦးနောက်အာရုံကြောတွေ ရောင်နေဆဲပဲလို့ အဖြေထွက်လာတယ်။
ခြေသလုံးကြွက်သားတွေက အကောင်းအတိုင်းဖြစ်နေပြီဖြစ်ပေမဲ့ အဲဒီခြေထောက်ကိုထိန်းချုပ်တဲ့ ဦးနောက်ထဲက အာရုံကြောမျှင်လေးတွေက အထိမခံဖြစ်နေသေးပြီး သုံးမရတာ။ အကြောင်းအရင်းကိုရှာကြည့်တော့ ပုံမှန်ထက်ပိုပြီးကြီးနေတဲ့ ဦးနောက်ထဲက သလင်းကျောက်တုံးကို ဆရာဝန်တွေက လက်ညိုးညွန်ပြတော့တာပဲ။
ပါဗာတီမဟုတ်တဲ့ သိပ္ပံနည်းကျဒေါက်တာဘွဲ့ရထားပြီး တိုင်းပြည်မှာအားအထားရဆုံး ဆရာဝန်ဖြစ်တဲ့ လမင်းစန္ဒာခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး အဆိုအရတော့ "မင်းသမီးဦးနောက်ထဲ သလင်းကျောက်က ရှိသင့်တာထက် အများကြီးပိုကြီးနေတယ်။ S rank တွေတောင် ဒီလောက်ကြီးတဲ့အရွယ်အစားမရှိဘူး။ အဲဒါကြောင့် တခြားအကြောတွေကိုဖိမိပြီး ရောင်နေတာ။ ဖယ်ထုတ်ရအောင်ကလည်း ဦးနောက်အတွင်းပိုင်းက hypothalamusထဲမှာဖြစ်နေတာ။"
"အား... စိတ်ရှုပ်လာပြီ ဒေါသထွက်စရာကောင်းလိုက်တာ။" မက်ဒါနာတစ်ယောက် အိပ်ရာထကနေ မထဘဲ ဆိုဖာကုတင်ကို လက်သီးနဲ့တဒုံးဒုံး ထုမိတော့တာပဲ။
တကယ်လို့ ခွဲထုတ်လို့ရလို့ လမ်းပြန်လျှောက်နိုင်မယ်ဆိုရင်တောင် သူ့မြူတန့်စွမ်းအားကို စွန့်လွှတ်ရတော့မှာလေ။ တကယ်တော့ ဦးနောက်ထဲက သလင်းကျောက်ကြီးလာတာ သူ့စွမ်းအားကြီးလာတဲ့သဘောပဲ။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က သူ့စွမ်းအားကိုမလိုက်နိုင်လို့ အခုလိုမျိုး ဒုက္ခိတမမလေးဖြစ်လာတာ။
"ဒီအတိုင်းဆို ငါX-manထဲက ပရော်ဖက်ဆာ X လိုမျိုး ဝှီးချဲကြီးနဲ့ သေတဲ့အထိနေရမှာလား။" မက်ဒါနာတစ်ယောက် ကိုယ့်ဘာသာကိုယ်ပြောလိုက်ရင်း သက်ပြင်းချလိုက်တယ်။ အဲဒီအတွေးနဲ့ မနေ့က တစ်ညလုံးအိပ်မပျော်ခဲ့ပြန်ဘူး။
ခဏနေတော့ အခန်းတံခါးပွင့်လာပြီး မေမေသီတာဝင်လာတယ်။ ဒီနေ့မေမေသီတာက ပိုးသားမြန်မာရင်ဖုံးအင်္ကျီဝတ်ထားပြီး အချိတ်ထမီကို သေချာဝတ်ထားတယ်။ ပြီးတော့ ဆံပင်ကို ပွဲတက်ဘီးဆံပတ်ဆံထုံးထုံးထားသေးတယ်။ ပိုထင်ရှားတဲ့အချက်က ပိတောက်ပန်းခက်တွေကို ခေါင်းမှာဘီးကုတ်လိုမျိုးဆင်မြန်းထားတာပဲ။
"သမီးလေး၊ နိုးလာပြီလား။ နိုးနေရင်လည်း ထတော့လေ။ နေဖင်ထိုးတဲ့အထိ အိပ်ရာထဲက မထွက်ဘဲမနေနဲ့။" နောက်တော့ မေမေသီတာက ပြောပြောဆိုဆိုနဲ့ သမီးလေးကို ပခုံးကနေကိုင်ပြီး ဆွဲထူတယ်။ နောက်တော့ စစ်ပြီးလို့ပြန်ရောက်နေပြီဖြစ်တဲ့ နန်းတွင်းသူမလေးနှစ်ယောက်က ခပ်ကြီးကြီး ငွေရေဇလုံတစ်လုံးနဲ့ရေနွေးအိုးကိုယူလာတယ်။
ရေနွေးအိုးရဲ့ဘဲနှုတ်သီးကနေ အခုထိရေနွေးငွေ့တွေ ထွက်နေတုန်း။ မေမေသီတာက အခန်းတံခါးကို ပိတ်လိုက်ပြီးနောက်တော့ နန်းတွင်းသူလေးတွေက အခုလိုပြောလာတယ်။
"မမလေး အဝတ်တွေချွတ်မယ်နော်။"
"ဟဲ့... ဟဲ့.... နေကြဦးလေ။" မက်ဒါနာတစ်ယောက် တားလိုက်ချင်ပေမဲ့ ကောင်မလေးနှစ်ယောက်က မက်ဒါနာဝတ်ထားတဲ့ ပွပွချောင်ချောင်အဝတ်တွေကို ဆွဲချွတ်ပြီးနေပြီ။ နောက်ဆုံးတော့ မြေဆွဲအားကိုဆန့်ကျင်ပြီး လုံးကစ်နေတဲ့ ဖွံထွားထွားရင်အုံနဲ့ ဗိုက်သားချပ်ချပ်ခါးသိမ်သိမ်လေးက လူမြင်ကွင်းရှေ့ရောက်လာတယ်။
"အို... မင်းသမီးလေးခန္ဓာကိုယ်က ကြွေရုပ်လေးအတိုင်းပဲ။" နန်းတွင်းသူလေးတစ်ယောက်က သွေးတွေလျှံကျခါနီး နှာခေါင်းကို လက်နှစ်ညှစ်ထားရင်း ပြောလိုက်တယ်။
အခုမက်ဒါနာရဲ့မက်မွန်သီးလေးတွေက မေမေသီတာကို မီလိုက်လာပြီး D Cupဖြစ်နေပြီ။ အခုဆိုရင် မက်မွန်သီးထက်တောင် နည်းနည်းပိုကြီးနေပြီမလို့ အခွံနွှာထားတဲ့ အုန်းသီးလေးတွေအရွယ်မှာပါ။ ခါတိုင်းလိုမျိုး ယောက်ျားလျာလေးလိုနေချင်ရင်တောင် ရင်ဘတ်က ထင်းထွက်နေလို့ ဘယ်လိုမှအကူညီမဖြစ်ဘူး။
"ခုရက်ပိုင်း ဇက်ကျောတွေတက်ပြီး ရင်ဘတ်ကြီးလေးနေသလို ခံစားရတာ ဒင်းတို့လက်ချက်ကိုး။" ကောင်မလေးတွေရှေ့ အဝတ်ဗလာနဲ့ဖြစ်နေတဲ့ မက်ဒါနာရဲ့မျက်နှာက နီမြန်းနေပေမဲ့ ပေါက်ကရတွေ တွေးနေနိုင်သေးတယ်။
"အရာ... အရာ... ငါ့သမီးလေးက ထွားလာလိုက်တာ။" မေမေသီတာပြောလိုက်မှ မက်ဒါနာ ပိုပြီးရှက်သွားတယ်။
"အမေကလည်း၊ ကောင်မလေးတွေရှေ့မှာ ဘာတွေလျှောက်ပြောနေတာလဲ။"
"အမလေး၊ ငါ့သမီးလည်း မိန်းကလေးပါနော်။ မိန်းကလေးချင်း ဘာဖြစ်မှာမလို့လဲ။"
"....." တကယ်တော့ မက်ဒါနာနိုးလာကတည်းက ဆုဗာနာမှာ စစ်ဖြစ်နေတာမလို့ မက်ဒါနာရဲ့ဝေရာဝစ္စတွေအားလုံးကို မေမေသီတာကိုယ်တိုင်ပဲ လုပ်ပေးခဲ့တာ။ ရေချိုးပေးတော့လည်း မေမေပဲ၊ အဝတ်လဲပေးတော့လည်း မေမေပဲ။ ဒီတော့ ရှက်ရကောင်းမှန်းကိုမသိတာ။
ခြေထောက်တွေကောင်းတုန်းကလည်း အေမီကပဲ သူ့အတွက်ဝေရာဝစ္စလုပ်ပေးခဲ့တာဖြစ်ပြီး စက်ရုပ်မလေးမလို့ အများကြီးမခံစားရဘူးလေ။ ဒါပေမဲ့ အခုတော့ လူသားစင်စစ် မြန်မာရိုးရာဝတ်စုံလေးတွေနဲ့ နန်းတွင်းသူချောချောလေးနှစ်ယောက်က သူ့ရင်ဘက်က အုန်းသီးအသေးစားလေးတွေကို ကိုက်စားတော့မယ့်အလား သွားရည်တမြားမြားနဲ့ဖြစ်နေတာလေ။
နန်းတွင်းသူလေးတွေက မက်ဒါနာကို အခန်းနဲ့တွဲလျက်သား ကိုယ်ပိုင်ရေချိုးခန်းလေးထဲကို တွဲခေါ်သွားပြီး ခုံပုလေးတစ်လုံးပေါ်မှာ အခြေကျအောင် နေရာချပေးလိုက်တယ်။
"မမလေး၊ ကျွန်မတို့စတော့မယ်နော်။" ကောင်မလေးတွေထဲကတစ်ယောက်က ရေဘားကိုဖွင့်လိုက်ပြီး ငွေဇလုံထဲ ရေဖြည့်တယ်။ ဆုဗာနာနန်းတော်ရဲ့ရေစနစ်က နည်းနည်းခေတ်နောက်ကျနေတာမလို့ ရေပူရေအေးအော်တိုမရတာကြောင့် ရေပူကိုရေနွေးအိုးနဲ့သယ်လာကြတာ။
ကျွီ... ကျွီ... ကျွီ...
ကြေးဘုံဘိုင်ခေါင်းကိုဖွင့် ငွေဇလုံထဲကို ရိုးရိုးရေတစ်ဝက်လောက် ဖြည့်ပြီးတဲ့နောက် ကောင်မလေးတစ်ယောက်က လက်နဲ့ရေကိုထိကြည့်ပြီး ရေနွေးကို သူ့အချိန်အဆနဲ့သူထည့်ပါတယ်။ နောက်ထပ်စမ်းကြည့်ပြီးနောက်တော့ ခေါင်းညိတ်ပြီး ရေနည်းနည်းထပ်ဖြည့်တယ်။ အနေတော်ဖြစ်ပြီဆိုမှ ရေဘုံဘိုင်ကိုပိတ် နူးညံ့တဲ့ရေချိုးခန်းသုံးပုဝါကို ကျက်သီးနွေးရေထဲနှစ်လိုက်ပြီး မမလေးချိုင်းကို ပွတ်ပေးတယ်။
"ဟား...." ကျက်သီးနွေးရေရဲ့အရသာကြောင့် မက်ဒါနာ ညည်းသံလေး ထွက်လိုက်မိတယ်။ ရေနွေးနဲ့ကိုယ်ရေလက်ရေသက်ရတာ သိပ်ဇိမ်ကျတယ်လေ။
"မမလေး ဇက်ကျောတွေတက်နေတယ်မဟုတ်လား။" အားနေတဲ့ ကောင်မလေးတစ်ယောက်က ပြောလိုက်ပြီး မက်ဒါနာရဲ့ပခုံးလေးတွေကို လက်ဖျားနုနုလေးတွေနဲ့ သာသာလေးနှိပ်ပေးပါတယ်။ တခြားတစ်ယောက်ကတော့ မမလေးရဲ့ကြွေသားလေးလိုခန္ဓာကိုယ်ကို ရေစိုပုဝါနဲ့သာသာလေး ပွတ်ပေးနေပါတယ်။
နောက်တော့ကျန်တဲ့နေရာတွေကို ရှင်းလင်းပြီး မက်ဒါနာရဲ့တောင်ပို့မောက်မောက်လေးတွေဆီ နန်းတွင်းသူအလှလေးရဲ့အကြည့် ရောက်သွားတယ်။ရေပတ်ဝတ်တိုက်ပေးနေတဲ့ ကောင်မလေးက မက်ဒါနာနောက်မှာနေရာယူပြီး နှိပ်ပေးနေတဲ့ ကောင်မလေးကို လှမ်းကြည့်ပြီး မျက်စိပစ်ပြတယ်။ ဟိုကလည်း ပြန်ပြီး အချက်ပြတယ်။ နောက်တော့ နှိပ်ပေးနေတဲ့ နန်းတွင်းသူလေးက မက်ဒါနာကို နားနားကပ်ပြီးအသိပေးလိုက်ပါတယ်။
"မမလေး၊ ကျွန်မတို့နှိပ်တာက နည်းနည်းကြမ်းမယ်နော်။"
"ရတယ်၊ ကိစ္စမရှိဘူး။ အဆင်ပြေသလိုသာလုပ်။" မက်ဒါနာက ဇိမ်ခံလို့ကောင်းနေတာမလို့ မျက်လုံးတောင်မဖွင့်ဘဲ ပြောလိုက်တယ်။ အဲဲဒီနောက်တော့ ကောင်မလေးနှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် ကောက်ကျစ်စွာကြည့်လိုက်ပြီး ပြိုင်တူပြုံးလိုက်တယ်။ သူတို့နှစ်ယောက်လုံးရဲ့လက်တွေက မမလေးရဲ့တောင်ပို့မောက်မောက်လေးတွေဆီရောက်သွားတယ်။
"မမလေးက ဒီလောက်အကြီးကြီးတွေ သယ်ထားရတာမလို့ ညောင်းနေမှာပဲနော်။"
"စိတ်မပူပါနဲ့ ကျွန်မတို့တွေ တာဝန်ယူပေးပါရစေ။" အားပါပါနဲ့ ဆုပ်နယ်ခံလိုက်ရတဲ့အတွက် မက်ဒါနာ မျက်လုံးပြူးသွားပြီး ထအော်တယ်။
"ဟဲ့...ဟဲ့... နင်တို့ဘာလုပ်တာလဲ။ အမေရေ၊ ဒီမှာသမီးကို အနိုင်ကျင့်ပြီး အမြတ်ထုတ်နေပါတယ်ဗျို့။"
ကောင်းမလေးနှစ်ယောက်က တောင်ပို့လေးတွေကို နှပ်နယ်ရုံနဲ့တင် အားမရကြသေးဘူး။ အဲဒီအပြင်ကို မက်ဒါနာရဲ့ချယ်ရီသီးလိုမျိုးနီရဲပြီး ဖုဖောင်းထွက်နေတဲ့ ထိပ်ဖူးလေးတွေကိုပါ ဖျစ်ညှစ်ပြီး ကစားနေကြသေးတယ်။
"အ... အ.... အား...." နောက်ဆုံးတော့ မက်ဒါနာတစ်ယောက် မခုခံနိုင်တော့ဘဲ တစ်ကိုယ်လုံးပေါ့ပါးသွားပြီး နတ်ပြည်ရောက်သွားသလို ခံစားလိုက်ရတော့တယ်။
"ကောင်မလေးတွေ၊ ကစားတာလည်း ကစားကျပေါ့နော်။ ငါ့သမီးလေးကို အလွန်အကျွံမဖြစ်စေနဲ့ဦး။"
"ဟုတ်ကဲ့ပါ၊ နယ်စားမင်းသမီးကြီး။"
အဲဒီအချိန်မှာပဲ မေမေက ရေချိုးခန်းနားရောက်လာပြီး နန်းတွင်းသူလေးတွေကို သတိပေးလိုက်တယ်။ မက်ဒါနာကတော့ မျော့မျော့ပဲကျန်တော့တာမလို့ မေမေသီတာပြောတဲ့စကားကိုတောင် ကြားတစ်ချက်မကြားတစ်ချက်ရယ်။
"ဟမ်... ငါခုနက ဘာဖြစ်သွားတာလဲဟင်။"
ဒါပေမဲ့ သူသတိမထားမိခင်မှာပဲ ကောင်မလေးနှစ်ယောက်က သူ့တစ်ကိုယ်လုံးကို ရေစိုပုဝါနဲ့တိုက်ပေးပြီးပြီဖြစ်ပြီး ကျောကုန်းကို လက်နုနုလေးတွေနဲ့ ချေးတွန်းပေးကြပါတယ်။ ပြီးသွားတဲ့နောက်တော့ ရေအေးတွေကို ခြေသလုံးကနေစပြီး လောင်းချပေးတယ်။ ဟော၊ နောက်ဆုံးတော့ မမလေးမက်ဒါနာကို မိခင်ကြီးရှေ့မှာပဲ ရေချိုးသန့်စင်ပေးပြီးသွားပြီ။
နန်းတွင်းသူလေးတစ်ယောက်က မက်ဒါနာကို အိပ်ခန်းထဲ ပြန်ခေါ်လာကြပြီး အဝတ်တွေဝတ်ပေးကြတယ်။ ဒီအချိန်မှာတော့ မက်ဒါနာ ပြန်သတိဝင်လာပြီမလို့ သူ့အဝတ်တွေကို ငုံကြည့်ရင်း မေးလိုက်တယ်။
"အမေရေ၊ သမီးစပန့်သား အင်္ကျီလေးတွေ ဘယ်ရောက်သွားတာလဲ။" ခါတိုင်းဆိုရင် မေမေသီတာက သမီးလေးကို ပွပွချောင်ချောင်အင်္ကျီလေးတွေ ဝတ်ပေးနေကျလေ။
ဒါပေမဲ့ ဒီနေ့တော့ မေမေသီတာက မက်ဒါနာကို ပိုးထည်အစစ်နဲ့လုပ်ထားတဲ့ ပန်းနုရောင်ရင်ဖုံးဝတ်စုံ ဆင်ပေးထားတယ်။ နန်းတွင်းသူလေးနှစ်ယောက်က အင်္ကျီဝတ်ပေးပြီးတဲ့နောက် ဇာနက်ပင်တီလေးကို ခြေခုံနှစ်ဖက်ကနေလျှို လက်နုနုကလေးတွေနဲ့ ခြေသလုံးနဲ့ပေါင်သားတစ်လျှောက်ကို ပွတ်ဟပ်လာပြီး အပြီးသတ်ဝတ်ပေးတယ်။ နောက်တော့ အပေါ်ကနေ ပိုးထည်ချိတ်ထမီပန်းရောင်ကို သေသေချာချာဝတ်ပေးလိုက်တယ်။
"ပြီးတော့... တကယ့်ထမီကြီးနဲ့။" အရင်ကလည်း မေမေမက်ဒါနာက သမီးလေးကို မြန်မာဝတ်စုံဝတ်ဖူးပေမဲ့ ချိတ်ထမီနဲ့လေ။ အခုလိုမျိုး တကယ့်ထမီတွေဝတ်ပေးဖူးတာမဟုတ်ဘူး။
မေမေသီတာက မြန်မာဝတ်စုံနဲ့လှနေတဲ့ သမီးလေးကိုကြည့်ပြီး ကြည်နူးပီတိဖြာဝေစွာနဲ့ ပြုံးလိုက်လေရဲ့။
"အာ... သမီးလေးကို ပြောဖို့မေ့သွားတယ်။ ဒီနေ့က သင်္ကြန်အကြိုနေ့ တော်ဝင်မျိုးတွေအကုန်လုံး ရိုးရာဝတ်စုံဝတ်ရတယ်လေ။"
"ဒါပေမဲ့ သမီးမှမဝတ်တတ်တာ။ တကယ်လို ထမီပြေကျရင် အရှက်မရှိတဲ့မင်းသမီးလေးဖြစ်သွားမှာပေါ့လို့။" မက်ဒါနာက မေမေသီတာကို စောဒကတက်ပေမဲ့ မေမေသီတာက ဒီကိစ္စအတွက် ကြိုစီစဥ်ပြီးသားထင်တယ်။
"ဒီကိစ္စအတွက်တော့ မပူပါနဲ့၊ မေမေက နန်းတွင်းသူတွေထဲက အသွက်လက်အချက်ချာဆုံးနှစ်ယောက်ဖြစ်တဲ့ နုဝါနဲ့နီလာကို ဒီနေ့တစ်နေ့လုံး သမီးလေးကို စောင့်ကြည့်ဖို့ ခေါ်လာပေးတယ်။ သူတို့က သမီးလေးကို ကူညီပေးလိမ့်မယ်။"
မက်ဒါနာက နန်းတွင်းသူလေးနှစ်ယောက်ကို ကြည့်လိုက်တယ်။ နှစ်ယောက်လုံးက အသက်နှစ်ဆယ်စွန်းစွန်းလေးတွေဖြစ်ပြီး တကယ်ပဲလှကြတယ်။ ဒါပေမဲ့ သူတို့တွေက မက်ဒါနာကို စားတော့ဝါးတော့မယ့် မျက်လုံးကြီးတွေနဲ့ ကြည့်နေတာမလို့ မက်ဒါနာတစ်ယောက် တံထွေးမျိုချလိုက်တယ်။
"ဖြစ်ပါ့မလား အမေရယ်။"
"အိုဖြစ်တာပေါ့၊ မေမေသေချာစဥ်းစားပြီးပြီ။ ဒီနှစ်ယောက်က နန်းတွင်းမှာ အလုပ်ကိုအလုပ်နဲ့တူအောင်အလုပ်ဆုံးပဲ။"
'အဲဒီအလုပ်ထဲမှာ မင်းသမီးရဲ့ရင်ဘတ်ကိုလိုက်ကိုင်တာရော ပါလားမေမေ။'လို့ မေးချင်ပေမဲ့ မေမေသီတာက သူ့ကိုမျက်စောင်းထိုးကြည့်နေတာမလို့ မက်ဒါနာ ဘာဆိုဘာမှမပြောရဲတော့ဘူး။ တော်ကြာနေ စိတ်ဆိုးသွားလို့ မနက်စာနဲ့နေ့လယ်စာ ပေါင်းစားနေရဦးမယ်။
"ငုဝါနဲ့နီလာ၊ သမီးလေးကို သနပ်ခါးကူလိမ်းပေးပြီး ဆံပင်ပြင်ပေးလိုက်ဦး။ မင်းသမီးဆိုတာက ပြည်သူတွေ စိတ်အေးချမ်းအောင်လို့ ထိပ်ဆုံးက ရေကစား ပေးရမယ့် တာဝန်ရှိတယ်ဆိုတော့ မျက်နှာပြောင်ကြီးဖြစ်နေလို့ ဘယ်ဖြစ်မလဲ။"
"ဟုတ်ကဲ့ပါ မင်းသမီးကြီ။" နုဝါနဲ့နီလာက ချိုသာစွာပြန်ဖြေလိုက်ပြီး အခန်းပြင်ထွက်သွားကြတယ်။ သိပ်မကြာခင်မှာပဲ ပြန်လာပြီး သနပ်ခါးတုံး၊ ကျောက်ပြင်၊ ခေါင်းဖီးတဲ့ဘီး၊ ဆီတစ်မျိုးထည့်ထားတဲ့ ဖန်ပုလင်းအပုလေးတစ်လုံးတို့နဲ့အတူ ပြန်လာကြတယ်။ပြီးတော့ မေမေသီတာခေါင်းမှာပန်ထားတဲ့ ပိတောက်ပန်းတွေလည်း ပါလာသေးတယ်။
"မမလေး၊ ငြိမ်ငြိမ်နေနော်။" နုဝါက ဖန်ပုလင်းအဖုံးကို ဖွင့်လိုက်ပြီး လက်ပေါ်ကို ဆီရွဲရွဲလောင်းချလိုက်တယ်။
သင်းပျံပြီး ခေါင်းထဲစွဲကျန်ရစ်တဲ့ အုန်းဆီရနံက မက်ဒါနာရဲ့နှာခေါင်းထဲ တိုးဝင်လာတယ်။ နန်းတွင်းသူလေးနုဝါက မက်ဒါနာရဲ့ငွေဖြူရောင်ဆံပင်တွေကို စပြီးအုန်းဆီလိမ်းကာ ခေါင်းဖီးပေးတယ်။ နီလာကတော့ ကျောက်ပြင်ပေါ်ရေထည့်ပြီး သနပ်ခါးသွေးနေပြီ။
ခေါင်းဖီးပေးပြီးတဲ့နောက်တော့ နုဝါက ကျွမ်းကျင်စွာနဲ့ မက်ဒါနာနဲ့ဆံပင်တွေကို တစ်ပတ်လျှိုဆံထုံး ထုံးပေးလိုက်တယ်။ အဲဒီနောက် ပိတောက်ပန်းခတ်လေးတွေကို ဆံထုံးမှာအသင့်ထိုးပေးလိုက်တယ်။ မက်ဒါနာက ဆံပင်ရှည်သင့်သလောက်ရှည်နေပြီဖြစ်သလို ပိုးသားလိုနူးအိနေတဲ့ ငွေရောင်ဆံပင်လေးတွေကြောင့် မိုးထက်က ကျလာတဲ့ နတ်သမီးလေးအလား သိပ်ကိုလှလို့နေပါတယ်။
ဆံထုံးထုံးပြီးတဲ့နောက်တော့ နီလာလည်း သနပ်ခါးတုံးကို ဘေးချထားလိုက်တယ်။ သနားခါးပျစ်ပျစ်က ကျောက်ပျဥ်ပေါ်မှာရှိနေပြီ။ နီလာက သူ့လက်ကလေးတွေနဲ့ သနပ်ခါးကိုကော်ယူလိုက်ပြီး ပထမဆုံးမက်ဒါနာရဲ့မျက်နှာတစ်ပြင်လုံးနှံသွားအောင်လို့ သနပ်ခါးရေကျဲလိမ်းပေးတယ်။ ပြီးတဲ့နောက်တော့ ပါးကွက်ကွက်ပေးပြီး ခြစ်တံလေးတဲ့ လိုက်ခြစ်ပေးတယ်။
အားလုံးပြီးတဲ့နောက်တော့ နဖူးမှာယုန်ရုပ်ကလေး ရေးပေးပြီး ကြည့်မှန်လေးကိုထောင်ကာ မက်ဒါနာကို ကိုယ့်ရုပ်ကိုယ်ပြလိုက်တယ်။
"မမလေး၊ မမလေးက မြန်မာရိုးရာဝတ်စုံနဲ့ သိပ်လှတာပဲ။" မက်ဒါနာလည်း ကိုယ့်ရုပ်ကိုယ် မှန်ထဲပြန်ကြည့်ပြီး အံ့ဩလွန်းလို့သေတော့မယ်။ တကယ်လား အိပ်မက်လားသိအောင် ကိုယ့်မေးကိုယ်ပြန်ကိုင်ကြည့်မိသေးတယ်။
"ဘုရားရေ၊ ငါက ဒီလိုအလှလေးတဲ့လား။ ထင်မထားမိဘူး။" မက်ဒါနာ ကိုယ့်ကိုယ်ကိုယ်မှန်ထဲကြည့်ရင်း ရင်တောင်ခုန်လာတယ်။ မင်းလွင်အနေနဲ့သာဆိုရင် အခုလိုကောင်မလေးတစ်ယောက်ကိုတွေ့ရင် တင်မီလိုပဲ အရူးတစ်ယောက်လိုတစ်ကောက်ကောက်လိုက် ချစ်ခွင့်ပန်မိမှာ။
မက်ဒါနာတစ်ယောက် သူငယ်ချင်းဟောင်းကြီးအတွက် တစ်ခဏလောက် ငြိမ်သက်ပေးလိုက်မိတယ်။ "ငါတော့ ကိုယ်ချင်းစာတတ်သွားပြီ။"ဘယ်တတ်နိုင်မလဲ၊ သူက တအားလှနေတာကိုး။
အလှပြင်ပြီးသွားတဲ့နောက်တော့ မေမေသီတာက သူ့ရဲ့ရလဒ်လေးကို ကြည့်ပြီးစိပြုံးစိပြုံးနဲ့ ပြောလိုက်ပါတယ်။ "ကဲ၊ သမီးလေးပြင်လို့ဆင်လို့ပြီးပြီဆိုတော့ မိသားစုထမင်းစားခန်းကိုသွားရအောင်။ ဒီနေ့က ပွဲတော်နေ့ဆိုတော့ မိသားစုစုံစုံလင်လင် လက်စုံစားတာကောင်းတယ်မလား။ မေမေအုန်းထမင်းချက်ထားသေးတယ်။"
'အုန်းထမင်းက ဘာကြီးလဲ။' မက်ဒါနာ တစ်ခါမှမကြားဖူးသေးဘူး။ ပွဲတော် အစားအသောက်တစ်မျိုးလား။ ဒါပေမဲ့ မေမေ့လက်ရာဆိုတော့ ယုံကြည်ထားပြီးသား။
နန်းတော်ထဲက မိသားစုထမင်းဝိုင်းကိုရောက်တော့ နယ်စားကြီးက ထိပ်ဆုံးခုံမှာ နေရာယူနှင့်ပြီးပြီ။ ဒီပကတော့ ညာဖက်အစွန်ဆုံးခုံမှာထိုင်နေတယ်။ မေမေသီတာကတော့ နန်းတွင်းသူလေးနှစ်ယောက်နဲ့အတူ စားဖိုချောင်ဆီသွားတယ်။ မက်ဒါနာကလည်း ဒီပဘေးဝင်နေရာယူလိုက်တာပေါ့။ နယ်စားမိသားစုရဲ့ထမင်းဝိုင်းမှာ ခုံတွေအများကြီးရှိပေမဲ့ အခုအချိန်မှာတော့ ဒါကလူအကုန်ပါပဲ။
အရင်က ကီလိုမန်းနဲ့အငယ်ဆုံးမင်းသားတွေထိုင်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ ဒုတိယမျိုးဆက်မှာမေမေသီတာတစ်ယောက်ပဲကျန်တော့တာ။ တတိယမျိုးဆက်မှာတော့ မက်ဒါနာနဲ့ဒီပပဲရှိတာလေ။
ဒီပက မက်ဒါနာကို ခိုးကြည့်လိုက်ပြီး မျက်နှာကြီးတစ်ခုလုံး နီရဲသွားတယ်။ နောက်တော့ မပီတပီ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်ပါတယ်။
"အ... အစ်မကြီးက တ... တအားလှနေတာပဲ။"
"ကောင်စုတ်လေး၊ နင်ငါ့ကို ချီးကျူးနေလို့ မုန့်စားရမယ်မထင်နဲ့။" မက်ဒါနာက ခပ်ပြတ်ပြတ်ပြောလိုက်တယ်။ ဟုတ်တယ်လေ၊ သူ့မှာ အေမီကိုတောင်ပြန်ပြင်ဖို့ ပိုက်ဆံမရှိသေးတဲ့ဥစ္စာ။
"တ... တကယ်ပြောတာဆို..." ဒီပက ပိုရှက်သွားပြီး ခေါင်းလေးကိုငုံ ကိုယ်လေးကိုကျုံပြီး ပြန်ဖြေတယ်။
နယ်စားကြီးတော့ ချစ်ကြည်ရေးရနေတဲ့ မောင်နှမနှစ်ယောက်ကို ကြည့်ပြီးချောင်းဟန့်လိုက်ပါတယ်။ "မြေးမလေး၊ မောင်နှမချင်း ချစ်ချစ်ခင်ခင်နေတာကောင်းပေမဲ့ ထမင်းဝိုင်းမှာ ဧည့်သည်ကို ဂရုစိုက်ဧည့်ခံပေးတာ ပိုမကောင်းဘူးလား။"
"ဟင်... ဧည့်သည်..." မက်ဒါနာ ခေါင်းလေးစောင်းပြီး အခန်းထဲမှာ ဧည့်သည်ဆိုတဲ့လူကို လိုက်ရှာကြည့်တယ်။ ဒီနေရာက နယ်စားမိသားစုအတွက် သီးသန့်သုံးတဲ့ ထမင်းဝိုင်းမဟုတ်ဘူးလား။ ခြွင်းချက်အနေနဲ့ မက်ဒါနာရဲ့သူငယ်ချင်းတွေပဲ ဒီမှာထိုင်စားဖူးတာ။
ဒါပေမဲ့ ခဏနေတော့ နယ်စားကြီးပြောတဲ့ဧည့်သည်ဆိုတာကို မက်ဒါနာရှာတွေ့သွားတယ်။ ဖရက်က သူ့ရှေ့မှာထိုင်နေပြီး သူ့ကိုလက်ယမ်းပြနေတယ်။ မက်ဒါနာက သူ့ကိုသတိထားမိမှန်းသိသွားတော့ ဖရက်က ပြောလိုက်တယ်။
"မင်္ဂလာနံနက်ခင်းပါ၊ ကျွန်တော့်ရဲ့မင်းသမီးလေး။"
"....." မက်ဒါနာ။