← Chapters

ကသောင်းကနင်း

Vol. 6 Ch. 5

ကသောင်းကနင်း

Vol. 6 Ch. 5

ဖလိမ်းဂါးဒီးယမ်းက နောက်ထပ်မီးတောက်တွေနဲ့ ဆက်ပစ်ခတ်လိုက်ပေမဲ့ ကပ္ပတိန်စတိတ်မန်းက လက်ခုပ်တစ်ချက်တီးလိုက်တယ်။ ကပ္ပတိန်စတိတ်မန်းနားက လေထုက ချက်ချင်းပုံပျက်ယွင်းသွားပြီး လေလှိုင်းဓားသွားတွေအဖြစ်ကို ပြောင်းသွားကာ စတိတ်မန်းရဲ့မီးတောင်တွေကို ဖယောင်းတိုင်မီးမှုတ်သလို ငြှိမ်းပစ်လိုက်တယ်။

"တကယ်ကြီးလား..." ဖလိမ်းဂါးဒီးယမ်းက အံ့ဩသွားပြီး သူ့ခေါင်းကိုစောင်းငဲ့ကြည့်တယ်။ နောက်တော့ သူ့သွားဝါဝါတွေပေါ်တဲ့အထိ သဘောတကျရယ်မောလိုက်ပြီး စတိတ်မန်းကို ချီးကျူးလိုက်လေရဲ့။

"ဒါမှ မဟာလူသား ၄၇ယောက်ထဲက ထိပ်ဆုံးတစ်ယောက် ပီသမှာပေါ့။" ဖလိမ်းဂါးဒီးယမ်းက ပြောပြောဆိုဆိုနဲ့ သူ့ခန္ဓာကိုယ်ကြွက်သားတွေကို ဖျစ်ညှစ်လိုက်တယ်။ ငွေရောင်မီးတောက်တွေက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေပြီ။

မယ်လီလည်း S rank နှစ်ယောက်ရဲ့တိုက်ပွဲနားမှာ ဆက်မနေရဲတော့ဘဲ တိုက်ခန်းထဲကနေ ထွက်ခွာသွားတယ်။ ဖလိမ်းဂါးဒီးယမ်းက စတိတ်မန်းကိုကြည့်ပြီး ခြိမ်းခြောက်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

"အခုအမေရိကန်မှာ S rank ဆိုလို့ ခင်ဗျားနဲ့ကျုပ်နှစ်ယောက်ပဲ ရှိတော့တာမဟုတ်ဘူး။ ခင်ဗျားရဲ့နယူးယောက်အစည်းအရုံးက ကျုပ်ရဲ့မြူတန့်ဌာနကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိရဲ့လား။"

"မင်းစမ်းကြည့်နိုင်တယ်..." စတိတ်မန်းက သူရပ်နေတဲ့နေရာကနေ ပျောက်သွားတယ်။ အသက်အကြီးဆုံး S rank ဟီးရိုးအနေနဲ့ စတိတ်မန်းက သက်လုံပိုင်းမှာ ဖလိမ်းဂါးဒီးယမ်းကို မယှဥ်နိုင်ပါဘူး။ ဒါကြောင့် သူက ပွဲကိုမြန်မြန်အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတယ်။

ဖလိမ်းဂါးဒီးယမ်းကလည်း အသင့်အနေအထားပြင်ထားပြီး သူ့လက်ကိုမြှောက်ကာ ရုတ်တရက်အပေါ်ကနေ တိုးဝင်လာတဲ့ စတိတ်မန်းရဲ့လက်သီးကို တားဆီးလိုက်တယ်။ ဒါပေမဲ့ စတိတ်မန်းက ပြုံးလိုက်ပြီး သူ့လက်သီးက မဆိုသလောက်လေးနှေးကျသွားတယ်။ အဲဒီနောက်တော့ စတိတ်မန်းကိုဦးတည်ပြီး လက်ဖျောက်တီးချလိုက်တယ်။

ဘုန်း....။

နောက်ထပ် လေဖိအားနဲ့ဖန်တီးထားတဲ့ အသံလှိုင်းဗုံးက ဖလိမ်းဂါးဒီးယမ်းတစ်ကိုယ်လုံးကို ထိုးနှက်လိုက်ပြီး လေပေါ်ကနေ ပြုတ်ကျလာစေတယ်။ ဒါပေမဲ့စတိတ်မန်းက ဖလိမ်းဂါးဒီးယမ်းကို ဒီအတိုင်းပြုတ်ကျမသွားစေဘဲ လေပေါ်မှာ ဆက်တိုက်တိုက်ခိုက်နေတာကြောင့် ဖလိမ်းဂါးဒီးယမ်းဟာ ဝါရှင်တန်မြို့ကောင်းကင်မှာ ပင်ပေါင်ဘောလုံးတစ်လုံးလိုမျိုး တောင်ရောက်လိုက်မြောက်ရောက်လိုက် လေလွင့်နေတယ်။

မြေပြင်မှာရှိနေတဲ့ ဂျိုးလ်ဝဲလ်ဆင်က ဒီမြင်ကွင်းကိုကြည့်ရင်း ခေါင်းကိုခါယမ်းလိုက်တယ်။ "ကမ္ဘာပေါ်မှာ အသုံးမကျဆုံး S rankဆိုရင် ဒီလူနံပါတ်တစ်ဆွဲလောက်တယ်။"

ဖလိမ်းဂါးဒီးယမ်းတစ်ယောက် ဂျပန်မှာဥစာကီကို အရှက်တကွဲရှုံးလာကတည်းက ဂျိုးဝဲလ်ဆင်က ဒီလူကို အထင်ကောင်းမရှိပါဘူး။ ဒါပေမဲ့ ဝဲလ်ဆင်မှာလည်း ဖလိမ်းဂါးဒီးယမ်း ရှုံးနိမ့်နေရတဲ့အကြောင်းကို နားလည်ပေးနိုင်စွမ်းရှိနေတုန်းပဲ။

"သူ့ကို ဖလိမ်းဂါးဒီးယမ်းမနိုင်တာ အထူးအဆန်းတော့မဟုတ်ဘူး။ အဲဒီလူက အိုနေပေမဲ့ ဝါရင့်သလို စစ်သည်တော်စိတ်ဓာတ် အပြည့်ရှိတဲ့သူပဲ။ ဒီလူကို ငါသဘောကျတယ်။" ဝဲလ်ဆင်က နှမျောစိတ်နဲ့ ထပ်ပြီးခေါင်းခါလိုက်တယ်။ သူ့အနေနဲ့ စတိတ်မန်းကို ဘယ်လိုလေးစားလေးစား အခုသူတို့က ရန်သူတွေပါ။

ကောင်းကင်ပေါ်မှာ တိုက်ပွဲဖြစ်နေသလိုပဲ မြေပြင်ကအခြေအနေကလည်း ထူးမခြားနားပါပဲ။ သမ္မတဆီက အကြမ်းဖက်နှိမ်နင်းဆိုတဲ့အမိန့်ရတာနဲ့ ဇီးရိုးချပ်ဝတ်တွေက ဆန့်ကျင်သူအုပ်စုဆီကို တဖြည်းဖြည်းချဥ်းကပ်လာတယ်။

ဒါကြောင့် ဟယ်ရီကလည်း သူ့အဖွဲ့သားတွေကို အမိန့်ပေးလိုက်တယ်။ "ဒီလူက ဖမ်းရုံပဲလို့ပြောပေမဲ့ ပြည်သူတွေကို ဘာဆက်လုပ်မလဲ ငါတို့မသိနိုင်ဘူး။ မင်းတို့အနားက ပြည်သူတွေကိုကာကွယ်ရင်း ဖောက်ထွက်ဖို့လုပ်ကြ။ ဝတ်စုံပြည့်သုံးဖို့ ခွင့်ပြုတယ်။"

တစ်ချိန်တည်းမှာပဲ ဟယ်ရီနဲ့ဖားလေးတို့က သူတို့ရဲ့အရပ်သားဝတ်စုံတွေကို ချွတ်ပစ်လိုက်တယ်။ ဟယ်ရီက အရင်တစ်ခါဝယ်ထားတဲ့ ဖိုက်ဘာချပ်ဝတ်ပျော့ကို အတွင်းမှာခံဝတ်ထားတာဖြစ်ပြီး ဖားလေးရဲ့ဟီးရိုးဝတ်စုံက ဆွဲသားဖြစ်တာကြောင့် အပေါ်ဝတ်ချွတ်လိုက်ပြီးနောက် သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ အပျိုပေါက် ခန္ဓာကိုယ်အချိုးအစားက လူမြင်ကွင်းမှာ ထင်းထွက်နေတယ်။

"စီ... စီနီယာ... ကျွန်တော့်လက်ကို အခုလွှတ်လို့ရပြီလား။" ဖားလေးက ရှက်ရှက်နဲ့ အခုထိ သူ့လက်ကိုဆွဲကိုင်ထားတဲ့ ဟယ်ရီကိုသတိပေးလိုက်တယ်။

"အာ... ဆောရီး..." ဟယ်ရီကတော့ ဘာမှမဖြစ်သလိုပုံစံမျိုးနဲ့ ဖားလေးလက်ကို လွှတ်ပေးလိုက်တယ်။ သူ့ကြည့်ရတာ မိန်းကလေးတစ်ယောက်လက်ကို တစ်ချိန်လုံးကိုင်ထားပြီး လုံးဝဂရုမစိုက်တဲ့အတိုင်းပဲ။

တစ်ဖက်မှာတော့ အေမီနဲ့အတူရှိနေတဲ့ ဟီးရိုးဦးလေးကြီးက ငွေရောင်သေတ္တာမောင်းခလုတ်ကိုနှိပ်ပြီး ပလာဒင်ဝတ်စုံကို အသင့်ဝတ်လိုက်တယ်။ နောက်တော့ အေမီဘက်လှည့်ပြီး သတိပေးလိုက်တယ်။

"ကောင်မလေး၊ ဝတ်စုံဝတ်တော့။ အဲဒီကောင်ဝဲလ်ဆင်ရဲ့တပ်တွေက မြူတန့်တွေကို ညှာတာမဟုတ်ဘူး။"

ဒါပေမဲ့ အေမီက ဦးလေးကြီးစကားကို နားမထောင်ဘဲ သူတို့ဆီချီတက်လာနေတဲ့ ဇီးရိုးချပ်ဝတ်အုပ်စုကိုသာ စောင့်ကြည့်နေပါတယ်။ ဇီးရိုးချပ်ဝတ်အုပ်စုက အခုဆိုရင် အနည်းဆုံးလူနှစ်ရာလောက်ရှိနေပြီဖြစ်ပြီး ပလာဒင်ချပ်ဝတ်တွေနဲ့ဟီးရိုးအုပ်စုကတော့ တစ်ဒါဇင်မကျော်ပါဘူး။ ငတုံးတစ်ယောက်တောင် ဘယ်သူနိုင်မလဲ အသာလေးသိတယ်။

ဇီးရိုးတပ်ဖွဲ့တွေက အေမီနဲ့ခြေလှမ်းအနည်းငယ်အကွာထိ ရောက်လာတာတောင် အေမီကဒီအတိုင်းကြည့်နေတုန်းပဲ။ ဦးလေးကြီးက စပြီးလှုပ်ရှားလိုက်တယ်။ သူက အသ်က်ကို ဝဝရှုလိုက်ပြီး သူ့ပါးစပ်ထဲကနေ မီးခိုးပြာတွေ ရှုထုတ်ပစ်လိုက်တယ်။ မီးခိုးမြူတွေက ဇီးရိုးချပ်ဝတ်တွေရဲ့အမြင်အာရုံကို တားဆီးနိုင်မယ်လို့ မျှော်လင့်ရင်းနဲ့ပေါ့။

အဲဒီနောက် အနားမှာရှိနေသေးတဲ့ ဆန့်ကျင်သူတွေကို အုပ်စုဖွဲ့ခိုင်းပြီး "ငါနဲ့လိုက်ခဲ့ကြ..." လို့အော်လိုက်တယ်။

နောက်တော့ သူက အခုထိရပ်ကြည့်နေသေးတဲ့ အေမီကို လှမ်းအော်ပြောတယ်။ "ကောင်မလေး ကြောင်ကြည့်မနေနဲ့တော့။ ဒုဌာနမှူးက တပ်ဆုတ်ခိုင်းထားပြီလေ။"

ဒါပေမဲ့ အေမီက သူ့ကိုစေတနာကောင်းနဲ့ဂရုစိုက်နေတဲ့ ဦးလေးကြီးကို ဂရုမစိုက်ဘဲ မြူတောထဲကို ဆက်ကြည့်နေတယ်။ စက္ကန့်ဝက်အကြာမှာပဲ ဇီးရိုးတပ်ဖွဲ့က မြူတွေကိုမရှိသလိုသဘောထားပြီး ဖြတ်ပြေးဝင်လာပြီ။

ဟိုဦးလေးကြီးကိုလည်း သူတို့ဝိုင်းထားလိုက်ပြီ။ သူတို့ထဲက စစ်ဆင်ရေးဗိုလ်တစ်ယောက်က ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး "mistcaster မင်းရဲ့C rank မြူခိုးလေးနဲ့ ငါတို့ကိုတားနိုင်မယ်ထင်နေတာလား။ သေလိုက်တော့။"

ဘုတ်...

"အား..." စစ်ဆင်ရေးဗိုလ်က ဟီးရိုးရဲ့ရင်ဘတ်ကို သေနတ်ဒင်နဲ့ပိတ်ထုလိုက်တယ်။ C rank ချပ်ဝတ်ရဲ့စွမ်းအားကြောင့် ဒီရိုက်ချက်က သာမန်လူတစ်ယောက်ကို အသာလေးအသေသတ်လို့ရပါတယ်။ ဒါပေမဲ့ ပလာဒင်ချပ်ဝတ်ကြောင့် ဦးလေးကြီးလဲကျသွားရုံပဲရှိတယ်။

"သူ့ကိုမရိုက်ကြပါတယ်၊ ခင်ဗျားတို့ရဲတွေက လူတွေကို ကာကွယ်ပေးရမှာမဟုတ်ဘူးလား။"

လူအုပ်ထဲက ဆယ်ကျော်သက်အစောပိုင်းကောင်လေးတစ်ယောက် ပြေးထွက်လာပြီး ဦးလေးကြီးကိုကယ်ဖို့လုပ်တယ်။ ဒါပေမဲ့ ဇီးရိုးတပ်ဖွဲ့ဝင်တစ်ယောက်က ကောင်လေးကို ဖမ်းဆွဲထားလိုက်တယ်။ ကောင်လေးရဲ့မျက်လုံးတွေက အနီရောင်ဖြစ်ပြီး သာမန်မဟုတ်ဘူး။

ကောင်လေးလက်က လက်ပတ်ဝါကို ဇီးရိုးတပ်သားကမြင်တော့ ချက်ချင်းသတင်းပို့တယ်။ "ဗိုလ်လေး၊ ဒီကလေးက မြူတန့်ဗျ။"

ဗိုလ်က ကောင်လေးနားကို ကပ်သွားပြီး သေချာကြည့်တယ်။ "မင်းက မြီးကောင်ပေါက် မြူတန့်လေးပေါ့။ အခုထဲက ဆန့်ကျင်ရေးလုပ်ဖို့ ကြိုးစားနေပြီပဲ။ ခွေးကောင်လေး။"

"မင်းက မြူတန့်ဆိုတော့ ကလေးဟန်ဆောင်နေတဲ့ ဗီလိန်တို့ဘာတို့ဖြစ်နေနိုင်တယ်မဟုတ်လား။ မင်းကို အင်အားသုံးပြီး ဖမ်းခေါ်ရမယ်။" ကောင်လေးထိတ်လန့်သွားပြီးနောက် သူ့မျက်လုံးတွေက ပိုနီရဲလာတယ်။ ဒါကို ဇီးရိုးတပ်သားတွေက သူတို့ကိုဆန့်ကျင်ဖို့ ကြိုးစားတယ်လို့ယူဆပြီး ကောင်လေးဗိုက်ကိုဝတ်စုံဝတ်လျက်သား လက်သီးနဲ့ထိုးချလိုက်တယ်။

"ဝေါ့...." ကောင်လေး စားထားသမျှအန်ထုတ်လိုက်ရတဲ့အပြင် သွေးစက်တချို့ပါ အန်ဖက်ထဲမှာပါလာတယ်။ အဲဒီနောက် တပ်သားတွေက ကောင်လေးကိုရော ဟီးရိုးဦးလေးကြီးကိုပါ လက်ထိပ်ခတ်ပြီး ခေါ်ဆောင်သွားဖို့ကြိုးစားတယ်။

အေမီကတော့ အဲဒီမြင်ကွင်းကို ကြည့်နေရင်း တဖြည်းဖြည်း ရှေ့တိုးလာတယ်။ ဒါကြောင့် တပ်သားတွေလည်း သူ့ကိုသတိထားမိသွားကြပြီ။

"ကောင်မလေး၊ မင်းကိုယ်မင်း မြူတန့်လား လူသားလား သက်သေပြပါ။" တပ်သားတွေက အေမီကို သေနတ်နဲ့ချိန်ထားလိုက်တယ်။ ဒါပေမဲ့ အေမီက မဖြေဘဲ အခုတပ်သားတစ်ယောက်ရဲ့ပခုံးပေါ်မှာရှိနေတဲ့ ကောင်လေးကို စိုက်ကြည့်နေတယ်။ ကောင်လေးက အဆက်မပြတ်ချောင်းဆိုးနေပြီး တစ်ခါတလေ သွေးစသွေးနတွေတောင် ပါလာသေးတယ်။

အေမီက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း ထူးမခြားနားမြင်ကွင်းတွေက ကြီးစိုးထားတယ်။ အေမီရဲ့မျက်လုံးမှန်ဘီးလူးတွေက စတင်ပြီးမှတ်တမ်းယူနေပြီဖြစ်ပြီး အဲဒီသက်သေအနေနဲ့ အပြာရောင်အလင်းလဲ့လဲ့ကိုမြင်နိုင်တယ်။

တစ်ချိန်တည်းမှာပဲ အေမီရဲ့သတိလက်လွတ်နိုင်မှုကြောင့် ငွေရောင်သေတ္တာကိုဖုံးထားတဲ့ ကုတ်အင်္ကျီပြုတ်ကျသွားတယ်။ တပ်သားတွေအကုန်လုံး ငွေရောင်သေတ္တာကိုမြင်ကုန်ကြပြီ။

"သူက နယူးယောက်အစည်းအရုံးကပဲ၊ ပစ်ကြ။"

ဒိုင်း... ဒိုင်း... ဒိုင်း...

သေနတ်နဲ့ချိန်ထားတဲ့ တပ်သားတွေအကုန်လုံး အေမီကို သေနတ်နဲ့ဝိုင်းပစ်ကြပြီ။ သူတို့သေနတ်တွေက ဖိအားပြင်းသေနတ်တွေဖြစ်ပြီး မြူတန့်တွေကိုသတ်ဖို့ အထူးဒီဇိုင်းဆွဲထားတာ။ ဒါပေမဲ့ အေမီရဲ့ကိုယ်ကိုကျည်တွေထိတော့ ဒီအတိုင်းချော်ထွက်ကုန်ပြီး မက်ဒါနာအထူးပြုလုပ်ပေးထားတဲ့ အပေါ်ယံကျည်ကာဝတ်စုံကိုတောင် မဖောက်နိုင်ကြဘူး။

အေမီက ငွေရောင်သေတ္တာရဲ့မောင်းကိုဆွဲလိုက်ပြီး အတက်အကျမရှိတဲ့လေသံနဲ့ ပြောလိုက်တယ်။

"အရပ်သားတွေကို ရန်လိုတဲ့အပြုအမှုရှာတွေ့ပါတယ်။ အမိန့်ကို စတင်အကောင်အထည်ဖော်ပါမယ်။ ဇီးရိုးတပ်ဖွဲ့ဝင်အားလုံးကို ချေမှုန်းပစ်။"

ဝတ်စုံက ချက်ချင်းပုံစံပြောင်းသွားပြီး အေမီရဲ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားတယ်။ အေမီက ခေါင်းစွပ်သူ့မျက်နှာကို ဖုံးအုပ်မသွားခင် သူကိုယ်တိုင်တောင်မသိဘဲ ပြောချင်လာတဲ့စကားကို အလိုလျောက်ပြောမိသွားတယ်။

"Suit Up!"

တိတ်ဆိတ်မှုက ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ တိုက်ပွဲမြေပြင်မှာ ကြီးစိုးပြန့်နှံသွားတယ်။

ဝါရှင်တန်ဒီစီရင်ပြင်က ဆန့်ကျင်သူတွေကို ဖမ်းဆီးဖို့ ကြိုးစားနေတဲ့ ဇီးရိုးချပ်ဝတ်တပ်ဖွဲ့ဖြစ်ဖြစ်၊ ပြည်သူတွေကို ကာကွယ်ဖို့လုပ်နေတဲ့ ဟီးရိုးတွေပဲဖြစ်ဖြစ်၊ ထွက်ပြေးဖို့လုပ်နေတဲ့ ပြည်သူတွေပဲဖြစ်ဖြစ် အကုန်လုံးငွေရောင်ချပ်ဝတ်နဲ့ စစ်သည်ကို ကြည့်လိုက်မိကြတယ်။

"ငွေ... ငွေရောင်စစ်သည်ပဲ သူပြန်လာပြီ။" အဖမ်းခံထားရတဲ့ ဟီးရိုး Mistcasterက ခေါင်းထောင်ကြည့်ပြီး ပြောလိုက်တယ်။ နောက်တော့ သူ့ကိုဖမ်းထားတဲ့ ဇီးရိုးတပ်သားတွေကို ပယ်ပယ်နယ်နယ်ဆဲတော့တာပဲ။

"ခွေးမသားတွေ၊ မင်းတို့ကောင်တွေတော့ ဒီနေ့ဘုရားသခင်အပြစ်ပေးတာ ခံရတော့မယ်။"

ငွေရောင်စစ်သည်ဟာ ကမ္ဘာ့ဟီးရိုးစာမျက်နှာက ပျောက်ကွယ်နေတာ လနဲ့ချီပါပြီ။ သူပြန်ပေါ်လာတဲ့အပေါ် အခုနေရာမှာရှိနေတဲ့ လူတွေရဲ့တုံ့ပြန်မှုက မတူကြဘူး။ ဟီးရိုးနဲ့ပြည်သူတွေက ပျော်နေကြပြီး ဇီးရိုးချပ်ဝတ်တပ်သားတွေကတော့ ထိတ်လန့်နေတယ်။

"သူက ငါတို့ကိုင်တွယ်နိုင်တဲ့ရန်သူမဟုတ်ဘူး။ ပြန်ဆုတ်ကြ... ပြန်ဆုတ်ကြ..."

ဇီးရိုးတပ်သားတွေက သူတို့ဖမ်းထားတဲ့သူတွေကို လစ်လျူရှုပြီး ထွက်ပြေးဖို့လုပ်တယ်။ ငွေရောင်စစ်သည်ကတော့ သူ့ကျောနောက်က အတောင်ပံတွေကို ဖြန့်လိုက်ပြီး ပစ်မှတ်တွေဆီကို စပြေးတယ်။

ဝှစ်...

"ချေမှုန်းပစ်...." မကြာခင်မှာပဲ ငွေရောင်စစ်သည်က သူ့ရဲ့ပထမဆုံးပစ်မှတ်ဖြစ်လာမယ့် ဇီးရိုးတပ်သားတစ်အုပ်စုကို လိုက်မီသွားပြီး သူတို့ထဲကတစ်ယောက်ရဲ့ခေါင်းကို ဖမ်းဆုပ်လိုက်တယ်။

ဇီးရိုးတပ်သားက ကြောက်ကြောက်နဲ့ သူ့မျက်လုံးတွေကိုလှန်ကြည့်ပြီး သူ့ကိုဖမ်းထားတဲ့သူကို ကြည့်လိုက်တယ်။ ငွေရောင်စစ်သည်က လေထုထဲမှာရှိနေပြီး သူ့ခေါင်းကိုဖမ်းဆုပ်ထားတယ်။ စစ်သည်တော်ရဲ့ခေါင်းစွပ်မျက်လုံးကနေတော့ အပြာရောင်အလင်းတွေတောက်ပနေပြီး အန္တရာယ်ကိုအချက်ပြနေသလိုပဲ။

"ချေမှုန်းပစ်...." နောက်တော့ ငွေရောင်စစ်သည်တော်ရဲ့လက်သီးက အဲဒီတပ်သားရဲ့ခေါင်းပေါ်ကို ကျဆင်းလာတယ်။

ခွပ်....

"အား.... အား.... အား....."

ဇီးရိုးသတ္တုခေါင်းစွပ်က လုံးဝကွဲထွက်သွားပြီး တပ်သားရဲ့ခေါင်းကနေ သွေးတွေစီးကျလာတယ်။ ဒါပေမဲ့ မသေသေးဘူး။ သူ့ခေါင်းလုံးဝကွဲထွက်သွားပြီး အထဲက ဦးနောက်တွေကိုတောင် အက်ကွဲကြောင်းကြားကနေကြည့်ရင် သေချာမြင်နေရပေမဲ့ မသေသေးဘူး။ အခုတပ်သားက သူ့ခေါင်းသူဆုပ်ကိုင်ပြီး အရူးအမူးအော်ဟစ်နေတယ်။ ငွေရောင်စစ်သည်ကတော့ အဲဒီလူကို လစ်လျူရှုပြီး နောက်လူတွေဆီကို ဆက်လိုက်နေတယ်။

စက္ကန့်ပိုင်းအတွင်းမှာပဲ ငွေရောင်စစ်သည်က နောက်ထပ်တစ်ယောက်ကို လိုက်မီသွားပြီး ခြေထောက်နဲ့သိမ်းကျုံးကန်လိုက်တယ်။ အဲဒီတပ်သားကတော့ ခါးရိုးကျိုးသွားပြီး သူ့ခန္ဓာကိုယ်က တိုက်ခန်းမြေညီထပ်က ဆိုင်ခန်းတစ်ခုရဲ့မှန်ပြတင်းပေါက်ကို ဖြတ်ပြီး ဆိုင်ထဲရောက်သွားပြီ။ မှန်ကွဲစတွေမှာလည်း သွေးတွေစွန်းကျန်ရစ်တယ်။

"ကျုပ်ကို ချမ်သာပေးပါ...." နောက်တစ်ယောက်ကလည်း နောက်ကိုလှည့်ကြည့်ရင်း သူ့ကိုလိုက်မီလာတဲ့ ငွေရောင်စစ်သည်ကို တောင်းပန်ဖို့လုပ်တယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်ထဲမှာရှိနေတဲ့ အေမီက သနားညှာတာခြင်းအပါအဝင် ဘာခံစားချက်မှမရှိတဲ့ အရုပ်မလေးတစ်ရုပ်သာသာပါ။

ဂျွတ်...

"အား....." ငွေရောင်စစ်သည်တော်က နောက်ကိုလှည့်ကြည့်လို့ နှေးကျသွားတဲ့ တပ်သားကို နောက်ကသိုင်းချုပ်တယ်။ နောက်တော့ လက်နှစ်ဖက်လုံးကိုရစရာမရှိအောင်လိမ်ချိုးပြီး ထွက်သွားတယ်။ တပ်သားရဲ့အော်သံကတော့ တစ်လမ်းလုံးကြားရတဲ့အထိ ဟိန်းထွက်နေတာပေါ့။

....

ကောင်းကင်ပေါ်မှာရှိနေတဲ့ စတိတ်မန်းနဲ့ ဖလိမ်းဂါးဒီးယန်းတို့လည်း သူတို့နဲ့အဆင့်တူလူတစ်ယောက် ရောက်လာတာကို ခံစားမိကြတယ်။ စတိတ်မန်းက တိုက်ပွဲကိုခဏရပ်ပြီး မြေပြင်အခြေအနေကို ကြည့်ပြီးနောက် ရယ်မောလိုက်တယ်။

"ကြည့်ရတာ အမှန်တရားဘက်တော်သားတစ်ယောက် ငါတို့ဘက်က လာကူညီတဲ့ပုံပဲ။ မင်းတို့ရဲ့ S rank အသစ်ဆိုတာကြီး ထုတ်သုံးသင့်ပြီထင်တယ်။"

"စကားမများစမ်းပါနဲ့ အဖိုးကြီး၊ ခင်ဗျားဘာသာခင်ဗျား မသေအောင်နေစမ်းပါ။"

စိတ်မရှည်တော့တဲ့ ဖလိမ်းဂါးဒီးယမ်းက ဒေါမာန်ပါပါပြောလိုက်ပြီး အစွမ်းကုန်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

[Ultimate Skill: Vulcan]

ရုတ်တရက် ဝါရှင်တန်ဒီစီမြို့ရဲ့အပူချိန်က တစ်ဟုန်ထိုးတက်သွားတယ်။ ပြင်းထန်လွန်းတဲ့ အရှိန်အဟုန်ကြောင့် မြေပြင်မှာရှိနေတဲ့ ပြည်သူတွေအကုန်လုံး ဒူးထောက်ကျလုမတတ် ခံစားနေရပြီ။

ပြည်သူတွေကိုကာကွယ်ရင်း ဇီးရိုးတပ်ဖွဲ့ဝိုင်းတာခံထားရတဲ့ ဟယ်ရီနဲ့ဖားလေးတို့လည်း ကောင်းကင်ကိုမော့ကြည့်လိုက်ကြတယ်။ ကောင်းကင်မှာ ဖလိမ်းဂါးဒီးယမ်းရဲ့မီးနတ်ဘုရားပုံရိပ်က ကြီးစိုးထားပြီး သိပ်ကိုကြောက်စရာကောင်းနေတယ်။

"သူတို့မြို့ကို ဖျက်ဆီးမိမှာတောင် ဂရုမစိုက်တော့ဘူးလား။" ဖားလေးက အံ့ကိုကြိတ်ပြီး ပြောလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ငွေရောင်စစ်သည်တော်ရောက်လာပြီး ဖားလေးတို့ကိုဝိုင်းထားတဲ့ ဇီးရိုးချပ်ဝတ်တပ်သားတွေကို ဆက်တိုက်တိုက်ခိုက်တာကြောင့် တပ်ပျက်သွားတယ်။ ဟယ်ရီလည်း သတိပြန်ဝင်လာပြီး ဖားလေးကို သတိပေးလိုက်တယ်။

"ငါတို့အခွင့်အရေးရတုန်း ပြည်သူတွေကို ရွှေ့ပြောင်းကြစို့။"

...

စတိတ်မန်းလည်း ဖလိမ်းဂါးဒီးယမ်းက သူ့ရဲ့အစွမ်းအထက်ဆုံးတိုက်ကွက်ကို မြို့ထဲမှာ တုံ့ဆိုင်းမနေဘဲ ဖော်ထုတ်လိုက်တာကြောင့် မအံ့ဩဘဲမနေနိုင်တော့ဘူး။ ဒါပေမဲ့ ဖလိမ်းဂါးဒီးယမ်းက နတ်ဘုရားပုံစံပြောင်းပြီးပြီးချင်းမှာပဲ စတိတ်မန်းဆီပြေးဝင်လာတဲ့အတွက် စတိတ်မန်းဟာ တစ်ဆုတ်တည်းဆုတ်နေရတယ်။ ဒါပေမဲ့ ပြေးနေရင်းနဲ့ကို သူက ဖလိမ်းဂါးဒီးယမ်းကို သတိပေးလိုက်တယ်။

"ဖလိမ်းဂါးဒီးယန်း၊ မင်းရူးနေပြီလား။ မြို့ထဲမှာ ပြည်သူတစ်သန်းခွဲလောက်ရှိနေတာကွ။"

"ဟား...ဟား... ခင်ဗျားကြီး သူတော်ကောင်းလိုလုပ်မနေစမ်းပါနဲ့။ ကျုပ်သာ ခင်ဗျားကိုသတ်နိုင်ရင် ပြည်သူဘယ်လောက်သေသေ သမ္မတကြီးက ကျုပ်ကို ခွင့်လွှတ်ပေးမှာပဲ။ ခင်ဗျားမကျေနပ်ရင် ခင်ဗျားလည်းအစွမ်းဆုံးအကွက်တွေ ထုတ်သုံးလေ။"

ဖလိမ်းဂါးဒီးယန်းက ထွက်ပြေးနေတဲ့ စတိတ်မန်းနောက်ကို တစ်ဟုန်ထိုးလိုက်တယ်။ ဒါပေမဲ့ စတိတ်မန်းက သူ့ထက်ပိုမြန်နေတာကြောင့် အလကားပါပဲ။ နောက်ဆုံးတော့ သူသည်းမခံနိုင်တော့ဘဲ မီးနတ်ဘုရားပုံစံရဲ့နောက်တစ်ဆင့်ကို ပြောင်းလိုက်တယ်။

"Vulcan Rampage!" သူ့မီးချပ်ဝတ်ကြီးက မီးဘီးလူးကြီးတစ်ကောင်ပမာ ကြီးထွားလာပြီး ဘေးပတ်ဝန်းကျင်က မိုးမျှော်တိုက်တွေမှာတပ်ထားတဲ့ ဖန်ချပ်တွေတောင် အရည်စပျော်လာနေပြီ။ အခုဆိုရင် ဆန့်ကျင်သူတွေသာမက တိုက်တွေပေါ်မှာရှိနေတဲ့ ပြည်သူတွေပါ ပြေးဆင်းပြီး မြို့ကိုစွန့်ခွာဖို့ကြိုးစားနေရပြီ။

...

မြေပြင်က တိုက်ပွဲကတော့ လုံးဝတစ်ဖက်သတ်ပါ။

ဇီးရိုးတပ်သားတစ်ဝက်လောက် အကျိုးအပဲ့တွေဖြစ်ကုန်ပြီး ဆန့်ကျင်သူတွေကို ဝိုင်းထားနိုင်စွမ်းလည်းမရှိတော့ဘူး။ အဲဲဒီအစား ငွေရောင်စစ်သည်တော်ကို ဆန့်ကျင်ဖို့အတွက် ပြန်စုဖွဲ့ပြီး ပစ်ခတ်တိုက်ခိုက်ဖို့ကြိုးစားနေတယ်။ ဟယ်ရီတို့ဟီးရိုးတွေကတော့ ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး ရင်ပြင်နဲ့ဝေးရာဆီကို ထွက်ပြေးနေကြပြီ။

"ပစ်... ပစ်ကြ ကျည်မကုန်မချင်းပစ်..." ပြန်စုဖွဲ့ပြီးတဲ့ ဇီးရိုးတပ်ဖွဲ့က စစ်တပ်ဖွဲ့စည်းပုံအတိုင်းရပ်ပြီး သူတို့ရဲ့ဖိအားမြင့်သေနတ်တွေနဲ့ ငွေရောင်စစ်သည်ကို စချိန်ပြီးပစ်ကြတယ်။

ဒိုင်းဒိုင်းဒိုင်း.... ထိန်းထိန်းထိန်း....

တစ်စက္ကန့်ကို ကျည်ဆန်သုံးရာလောက် ငွေရောင်စစ်သည်ကို လာမှန်နေပေမဲ့ တစ်ခုမှ ချပ်ဝတ်ကိုထွင်းဖောက်နိုင်တဲ့အထိ မသန်မာပါဘူး။ အဲဒီအစား အေမီကသာ သူတို့ဆီကို ဖြည်းဖြည်းချင်းချဥ်းကပ်လာနေပါတယ်။ တပ်ဖွဲ့ကွပ်ကဲရေးမှူးတွေလည်း ဇောချွေးပျံနေကြပြီ။

ဝဲလ်ဆင်ကတော့ တစ်ချိန်လုံးပွဲကြည့်နေဆဲပါ။ သူ့လိုပဲ S rank ကိုင်ဇာချပ်ဝတ်ဝတ်ထားတဲ့သူကလည်းအဲဒီတစ်ဖက်သတ်တိုက်ပွဲကို လက်ပိုက်ပြီးကြည့်နေတယ်။ နောက်ဆုံးတော့ ဝဲလ်ဆင်က စုတ်တစ်ချက်သပ်လိုက်တယ်။

"ဒီတော့ ဒါကနာမည်ကြီး SilverKnightပေါ့။ မင်းပြောခဲ့တဲ့အတိုင်း လုပ်နိုင်မလုပ်နိုင် ငါ့ကိုသက်သေပြဖို့ အချိန်တန်ပြီထင်တာပဲ... ရေဂင်။"

ရေဂင်က သမ္မတဝဲလ်ဆင်ကို လှည့်ကြည့်လိုက်တယ်။ အဲဒီနောက် မတတ်နိုင်ဘူးလေဆိုတဲ့ပုံစံနဲ့ သူ့လက်နှစ်ဖက်ကို ဆန့်တန်းပြပြီး ခါးမှာချိတ်ထားတဲ့ ကိုင်ဇာချပ်ဝတ်ရဲ့လက်နက် ပုဆိန်ကိုဖြုတ်ယူတယ်။ သူ့ရဲ့ပစ်မှတ်ကတော့ မြေဆွဲအားဓားမပါတဲ့ ငွေရောင်စစ်သည်ပါ။

All Chapters