အပိုင်း(၄၄၄)
Vol. 30 Ch. 444
သူမတို့အား ထိတွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်မှာ အံ့ဖွယ်ကောင်းသော ခံစားချက်တစ်ခုကိုခံစားလိုက်ရသည်။ သူ၏လက်မောင်းနှစ်ဖက်အတွင်းမှ လှပသောသား အမိနှစ်ဦးနှင့်အတူ ရှေ့သို့အပြင်းနှင်လိုက်၏။
ရှစ်ဖုန့်နှင့်အခြားနှစ်ယောက်တို့ ယခင်ရှစ်ဖုန့်နောက်ပြန်ဆုတ်ခွာခဲ့သော နေရာသို့အရောက်တွင် အနက်ရောင်အမွှေးရှည်ကြီးများဖြင့် ဖုံးလွှမ်းနေသော ဧရာမလက်ကြီးက နောက်တစ်ကြိမ်ထပ်မံပေါ်လာပြီး သူတို့၏ ဦးတည်ချက်ဆီသို့ပြင်းထန်စွာရိုက်လိုက်သည်။
ရှစ်ဖုန့်မှာ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ သူ၏ခေါင်းထက်တွင် ပျံသန်းနေသော လပြည့်ဓားက ရုတ်တရက် အဖြူရောင်မီးတောက်များထွန်း
လင်းလာသည်။ ထို့နာက် ၎င်းကအထက်မှရိုက်နှက်ကျဆင်း
လာသည့် ကြီးမား အနက်ရောင်မွှေးများဖြင့်လက်ကြီးထံသို့ တည့်တည့်အပြင်းဝင်ရောက်သည်။
“အုန်း”
ပြင်းထန်သော စွမ်းအင်လှိုင်းနှစ်ခုတို့က အပြင်းအထန်ပစ်ဆောင့်မိကြပြီး နားကွဲလုမတက်အလွန်ကျယ်လောင်သော
အသံတစ်ခုက ဂူအတွင်း မြည်ဟိန်းထွက်ပေါ်လာသည်။ ဂူတစ်ခုလုံးမှာ ဤအချိန်တွင် ပြင်းထန်စွာဖြင့်လှုပ်ခါနေ၏။
အနက်ရောင်အမွှေးတို့ဖြင့်ကြီးမားသော လက်ကြီးမှာ လပြည့်ဓား၏ ခုခံမှုအောက်တွင် ခဏမျှရပ်တန့်သွားသည်။ ဤအခိုက်အတန့်တွင် ရှစ်ဖုန့်က သူ၏လက်မောင်းတို့အတွင်းရှိ လှပသော သားအမိနှစ်ဦးနှင့်အတူ တစ်ဟုန်ထိုးဖြတ်သန်းလိုက်၏။
“ဝုန်း”
လပြည့်ဓား၏ခုခံမှုကိုခံနေရသော ကြီးမားသည့်အမွှေးနက်လက်ကြီးမှာ နောက်ဆုံး၌ မြေပြင်အားရိုက်နှက်ချလိုက်သည်။ နောက်ထပ် “ဝုန်း” ဆိုသော အသံနှင့်အတူ ဆက်တိုက်မြေငလျှင်နှစ်ခုလှုပ်ခတ်သကဲ့သို့ မြေပြင်မှာ ထပ်မံတုန်ခါသွားသည်။
သို့သော်မကြာခင်တွင် ကြီးမားသော အမွှေးနက်လက်ကြီးမှာပျောက်ကွယ်သွား၏။ ကြီးမားသော အမွှေးနက်လက်၏တိုက်ခိုက်မှုကပြီးဆုံးသွားခြင်း သို့မဟုတ် ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့က ဤနေရာအား ဖြတ်သန်းပျံသန်းသွားခဲ့ခြင်းကြောင့် ဖြစ်နိုင်လောက်သည်။ မြေပြင်ပေါ်တွင် လပြည့်ဓားတစ်ခုတည်းသာကျန်ရစ်နေပြီး မီးခိုးဖြူရောင်မြူတစ်ခုကိုထုတ်လွှတ်နေသည်။
ထိုနေရာအားရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့ဖြတ်သန်းသွားခဲ့ပြီးသည့်နောက် မြေပြင်ပေါ်သို့ဆင်းသက်လိုက်ကြသည်။ ရှစ်ဖုန့်ကလည်းသူ၏လက်တို့အား သားအမိနှစ်ဦး၏ ခါးတို့မှ လွှတ်ပေးလိုက်သည်။ သူ၏လက်အားဆန့်ထုတ်၍ ဝေ့ယမ်းလိုက်၏။ မြေပြင်ထက်၌ လဲလျောင်းနေသောလပြည့်ဓားမှာ ရုတ်တရက် အသက်ဝင်လာပုံရပြီး ရှစ်ဖုန့်ထံသို့ ပျံသန်းလာသည်။ ၎င်းကရှစ်ဖုန့်၏ရှေ့သို့လျှင်မြန်စွာ
ရောက်ရှိလာပြီး သူ၏လက်ဖြင့်ထပ်မံဖမ်းဆီးလိုက်သည်။
ထို့နောက် သူကလပြည့်ဓားအား သိုလှောင်လက်စွပ်အတွင်းပြန်လည်ထည့်ထားလိုက်သည်။ ရှစ်ဖုန့်က ခေါင်းလှည့်၍ သူ့ဘေးတွင်ရှိနေသော သားအမိနှစ်ဦးအားပြောလိုက်သည်။
“သွားစို့”
“ကောင်းပြီ”
သားအမိနှစ်ဦးမှာ တစ်ချိန်တည်းတွင် ရှစ်ဖုန့်အားခေါင်းညိမ့်ပြလိုက်ပြီး ညင်သာစွာပြန်ဖြေလိုက်ကြသည်။ထို့နောက် သုံးယောက်သား ဂူ၏ပိုမိုနက်ရှိုင်း
သောအပိုင်းသို့ ဆက်လက်၍ သတိဝီရိယဖြင့် သွားလိုက်ကြသည်။
သုံးယောက်သားမှာ ဂူ၏ နက်ရှိုင်းသော အပိုင်းသို့ရောက်ရှိလာသည်။
“ဝုန်း”
“ဝုန်း”
“ဝုန်း”
“ဝုန်း”
ရုတ်တရက် တောင်ဂူအတွင်း မြည်ဟိန်းသံလှိုင်းများက ထပ်မံမြည်ဟိန်းလာပြန်သည်။ ဂူတစ်ခုလုံးမှာ နောက်တစ်ကြိမ်ထပ်မံ၍ တုန်ခါလာ၏။ သုံးယောက်သားနားစွင့်နေကြသည်။ ဤမြည်ဟိန်းသံလှိုင်းများမှာသူတို့၏ ရှေ့ဘက်မှာလာခြင်းဖြစ်လိမ့်မည်ဖြစ်သည်။
ကျယ်လောင်သော မြည်ဟိန်းသံတို့အားကြားပြီးသည့်နောက် သူတို့သုံးယောက်သား လေးနက်လာကြသည်။ အမျိုးသမီးနှစ်ဦးမှာအတင်းအဓမ္မမဟုတ်ပါဘဲ ရှစ်ဖုန့်၏နောက်၌ ပုန်းလိုက်ကြသည်။
“ဂါး.ဂါး..ဂါး..ဂါး.ဂါး”
မြည်ဟိန်းသံပြီးသည့်နောက်တွင် အော်ဟစ်သံများကလည်းဆက်တိုက်ဆိုသလိုထွက်ပေါ်လာသည်။
“ဒါက.ချူးယွဲ့အသံပဲ.. ဟုတ်တယ်..ဟုတ်တယ်.. ဒါက ချူးယွဲ့ရဲ့အသံပဲ..”
ရှစ်ဖုန့်၏ နောက်ကျောဘက်မှ လှပသောအမျိုးသမီး၏ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သောအသံထွက်ပေါ်လာသည်။
“ဘာ..အဖေ.. တကယ်ပဲ အဲ့တာက အဖေလား”
မိခင်ဖြစ်သူ၏ အသံအားကြားလိုက်ရပြီးသည့်နောက် ကောင်မလေး၏အသံမှာလည်း စိတ်လှုပ်ရှားမှုတို့ရောပြွန်းလာသည်။
ထို့နောက် လှပသော အမျိုးသမီးက အော်ပြောလိုက်သည်။
“ချူးယွဲ့..ချူးယွဲ့..ကျွန်မအသံကိုရှင်ကြားလား. ကျွန်မပါ..ချူးယွဲ့”
လှပသောအမျိုးသမီးစတင်အော်
ဟစ်ပြီးသည်နောက် ရှေ့ဘက်ဆီမှ ဘာပြန်လည်တုန့်ပြန်မှုကိုမှသူမမရရှိခဲ့ပေ။ အော်ဟစ်သံသာလျှင်အဆက်မပြတ်
ထွက်ပေါ်နေသည်။
“ချူးယွဲ့”
လှပသောအမျိုးသမီးမှာ အော်ဟစ်နေသောအသံအားကြားရသော်လည်း သူမမျှော်လင့်နေသောအသံကိုကား ကြားရခြင်းမရှိပေ။ သူမ၏ခံစားချက်များအား ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ ရှစ်ဖုန့်နောက်မှ တစ်ဟုန်ထိုးပြေးထွက်လိုက်သည်။
လှပသောအမျိုးသမီး၏လှုပ်ရှားမှုအားတွေ့လိုက်ရသောအခါတွင် ရှစ်ုဖန့်က သူ၏လက်ကိုဆန့်ထုတ်လိုက်ပြီး သူမအားတားဆီးကာပြောလိုက်သည်။
“စိတ်လိုက်မာန်ပါမလုပ်နဲ့. အန္တရာယ်ရှိလောက်တယ်..စောင့်အုံး”
လှပသောအမျိုးသမီးမှာ ရှစ်ဖုန့်၏စကားတို့အားကြားပြီးသည့်
နောက်တွင် သူမမျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုတို့မှာ ဖြည်းဖြည်းချင်း ငြိမ်ကျသွားသည်။ သူမက ရှစ်ဖုန့်အား ခေါင်းအနည်းငယ်ဆတ်ပြလိုက်သည်။
လှပသောအမျိုးသမီးက ခေါင်းညိမ့်ပြသည်ကိုတွေ့ရသောအခါမှ ရှစ်ဖုန့်ကလက်ကိုလွှတ်ပေးလိုက်သည်။ ထို့နောက် ရှေ့ဘက်မှလာနေသော အော်ဟစ်သံကိုကြားလိုက်ရသည်. သူကမျက်မှောင်အနည်းငယ်ကြုတ်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ဘာဖြစ်တာလဲ. ဘာလို့ဒီအော်ဟစ်သံက ရှေ့ကနေလာနေရတာလဲ”
ခဏကြာပြီးနောက် ရှစ်ဖုန့်က သားအမိနှစ်ဦးအားပြောလိုက်သည်။
“သွားစို့ ..သွားပြီး တစ်ချက်ကြည့်ရအောင် ဒါပေမဲ့ မှတ်ထားပါ.. သတိထားရမယ်”
ထို့နောက် ရှစ်ဖုန့်က ဦးဆောင်ပြီး ရှေ့မှလျှောက်လှမ်းလိုက်သည်။ ရှစ်ဖုန့်ကရှေ့မှ လျှော်လှမ်းသွားသည်ကိုတွေ့လိုက်ရသော
အခါတွင် အမျိုးသမီးနှစ်ဦးလည်း နောက်မှအလျှင်အမြန်လိုက်ပါလိုက်သည်။
“အမေ..အဲ့တာက တကယ်ပဲအဖေလား …ဒါပေမဲ့.. အသံက သူနာကျင်နေသလိုမျိုးပဲ.. အဖေတစ်ခုခုဖြစ်နေတာပဲဖြစ်ရမယ်”
ရှေ့ဘက်မှ အဆက်မပြတ်အော်ဟစ်နေသော အသံအားကြားလိုက်ရသောအခါတွင် ကောင်မလေး၏ စိတ်လှုပ်ရှားနေသော မျက်နှာထက်တွင် စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
“ဟူး”
ရှေ့မှလာနေသော အော်ဟစ်သံကိုကြားရပြီး သမီးဖြစ်သူ၏ စကားကိုလည်းကြားလိုက်ရသောအခါတွင် လှပသောအမျိုးသမီးမှာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။သေခြင်း
တားမြစ်နယ်မြေမှ သူပြန်မလာခဲ့သည်မှာ ဆယ်နှစ်ကြာမြင့်နေခဲ့ပြီဖြစ်သည်။ဤနေရာ၌ တစ်ခုခုဖြစ်ခဲ့ရမည်သာဖြစ်၏။
သို့သော် သူမအနေဖြင့် ချူးယွဲ့၏ အသံအား ကြားနိုင်သေးသောကြောင့် လှပသောအမျိုးသမီးမှာ ဝမ်းသာမိသည်။ယင်းမှာ ချူးယွဲ့တစ်ယောက်အသက်ရှင်
လျက်ရှိသေးသည်ဟုဆိုလိုခြင်းဖြစ်သည်။သူသာ အသက်ရှင်နေသေးလျှင် အရာအားလုံးအဆင်ပြေသည်ဖြစ်၏။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”
“ဂါး..ဂါး..ဂါး..ဂါး..”
မြည်ဟိန်းသံနောက်တွင် အော်ဟစ်သံကလည်း ယှဉ်တွဲ၍လိုက်ပါလာသည်။သို့သော် ဤအခိုက်အတန့်တွင် အားကောင်းပြီး ပြင်းထန်သောလေစီးကြောင်းက ရုတ်တရက် ရှေ့ဘက်မှတစ်ဟုန်ထိုးထွက်ပေါ်လာပြီး ရှစ်ဖုန့်နှင့် အခြားသူနှစ်ယောက်ထံ ပြင်းထန်သော ရေစီးကြောင်းကဲ့သို့ သိမ်းကျုံးဦးတည်လာသည်။
“ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ရဲ့ စွမ်းအား”
သူ့ရှေ့မှ တစ်ဟုန်ထိုးဖြစ်ပေါ်နေသေ လေးစီးကြောင်းအားကြည့်ရင်း ရှစ်ဖုန့် သူဖာသာသူတွေးလိုက်သည်။ ထို့နောက် လပြည့်ဓားက သူ၏လက်အတွင်း ထပ်မံပေါ်လာသည်။ မီးခိုးဖြူရောင်မီးတောက် အမျှင်များက ထပ်မံထွက်ပေါ်လာ၏။ ရှစ်ဖုန့်က လပြည့်ဓား၏ စွမ်းအားအား အသက်သွင်းလိုက်ပြီး ၎င်းအားရှေ့သို့ တစ်ဝှီဝှီပို့လွှတ်လိုက်သည်။
မီးခိုးဖြူရောင်မီးတောက်များတောက်လောင်နေသော လပြည့်ဓားက လေနှင့်မီးဘီးတစ်ခုကဲ့သို့ တစ်ဝှီဝှီလည်ပတ်ပြီး ပြင်းထန်သော လေစီးကြောင်းထံသို့ ပျံသန်းသွားသည်။
“ဝူးရှ် ..ဝူးရှ်..ဝူးရှ်”
လပြည့်ဓားဖြတ်သန်းသွားရာလမ်း
တစ်လျှောက်ရှိ သိမ်းကျုံးဖြစ်ပေါ်နေသောပြင်းထန်သည့်လေစီးကြောင်းမှာ လပြည့်ဓားအောက်တွင် ချက်ချင်းပျောက်ကွယ်သွားသည်။ ထို့နောက်ချက်ချင်းလပြည့်ဓားက ရှေ့သို့ ဆက်လက်ပျံသန်းသွား၏။
“သွားစို့”
ရှစ်ဖုန့်က နောက်သို့ ခြေတစ်လှမ်းနင်းကာ အမေနှင့်သမီးကြားသို့ဆုတ်လိုက်သည်။သူ၏လက်တို့က သားအမိနှစ်ဦး၏ ခါးတို့အားထပ်မံထွေးပတ်သွားသည်။ ကြုံဖူးသွားသည်ဖြစ်သောကြောင့် သားအမိနှစ်ဦးမှာ ဤတစ်ကြိမ်၌ အရမ်း ပူးပေါင်းဆောင်ရွက်မှုရှိသည်။ ရှစ်ဖုန့် ကသူတို့အား ပွေ့ဖက်ပြီး ရှေ့သို့တစ်ဟုန်ထိုးလျှင်မြန်စွာ နှင်၍ လပြည့်ဓားနောက်သို့ နီးကပ်စွာလိုက်ကာ လပြည့်ဓားနှင့်အတူ ရှေ့သို့အတူတကွရွေ့လျားသွားလိုက်သည်။
“ဂါး”
ရုတ်တရက် ပြင်းထန်သော အော်ဟစ်သံတစ်ခုက သူတို့၏ရှေ့မှထွက်ပေါ်လာသည်။ ၎င်းမှာ လူသားကဲ့သို့ မွန်းစတားတစ်ကောင်ဖြစ်ပြီး ထူထပ်သော အနက်ရောင်အမွှေးများဖြင့် ဖုံးအုပ်နေကာ ရုတ်တရက် သူတို့ရှေ့မှာ တစ်ဟုန်ထိုးထွက်ပေါ်လာသည်။
ထို့နောက် လူပုံပေါက်သော မွန်းစတားက ၎င်း၏ အနက်ရောင်အမွှေးများဖုံးနေသော လက်သီးကို ဆုပ်၍ လပြည့်ဓားအား လက်သီးတစ်လုံးထိုးသွင်းလိုက်သည်။ လက်သီးဖြတ်သန်းသွားသော နေရာတိုင်းတွင် ပြင်းထန်သော လေစီးကြောင်းများက ထပ်မံသိမ်းကျုံးဖြစ်ပေါ်လာသည်။ လက်သီးနှင့်အတူ ၎င်းက မီးခိုးဖြူရောင်မီးတောက်များဝန်းရံနေသည့် လပြည့်ဓားထံသိမ်းကျုံးဦးတည်သွား၏။
“ဘန်း.”
“ဂါး”
လပြည့်ဓားနှင့် အမွှေးနက်လက်သီးတို့ကရုတ်တရက် ပစ်ဆောင့်မိကြသည်။ သို့သော်ထို့နောက်တွင် လူသားပုံစံ မွန်းစတား၏ နာကျင်စွာအော်ဟစ်သံထွက်ပေါ်လာ၏။ လပြည့်ဓား၏ စွမ်းအားအောက်တွင် အနက်ရောင်အမွှေးများဖြင့် လူသားပုံစံမွန်းစတားမှာ ကျိုးပျက်သွားသောစွန်တစ်ကောင်ကဲ့သို့ နောက်သို့ လျှင်မြန်စွာ လွင့်ပျံထွက်သွားသည်။
“ဒီ..ဒီအသံက”
လူသားပုံစံမွန်းစတား၏အသံကိုကြားရပြီး နောက်သို့လွင့်ပျံသွားသော အနက်ရောင်အမွှေးများဖြင့် လူသားပုံစံမွန်းစတားအားကြည့်၍ ခါးအားရှစ်ဖုန့်၏ ဘယ်လက်ဖြင့် ပွေ့ဖက်ခြင်းခံထားရဆဲဖြစ်သော လှပသောအမျိုးသမီးမှာ ရုတ်ခြည်းသူမ၏ မျက်နှာအမူအယာတို့ပြောင်းလဲသွားသည်။ သူမအနေဖြင့် ၎င်းအား ယုံကြည်နိုင်ခြင်းမရှိဘဲ. စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ချူးယွဲ့.. ဒါက ချူးယွဲ့အသံပဲ”
“ဘာ”
ဆက်ရန်……
ဘာသာပြန်သူ-ARISE