← Chapters

ဆက်ခံသူ 

Vol. 163 Ch. 2315

ဆက်ခံသူ 

Vol. 163 Ch. 2315

ရှောင်းမုက ဒုတိယမြောက်တိုက်ကွက်ကို ထုတ်လွှတ်လိုက်ပြီး မိစ္ဆာနတ်ဘုရား၏ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ဓားက ကောင်းကင်ကို ခုတ်ပိုင်းလိုက်ပြီး ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအက်ကြောင်းများစွာ ဖြစ်ပေါ်လာစေသည်။

ရီဖူရှင်းက ခေါင်းမော့လိုက်ပြီး အဆုံးမဲ့ ကြီးမားလှသည့် နတ်ဆိုးဓားက မိစ္ဆာနတ်ဘုရား၏ ခုတ်ချက်နှင့် သူ့ကို ခုတ်ပိုင်းလိုက်သည်ကို မြင်လိုက်ရသည်။

ဘုန်း...

ကြယ်ရောင်များဖြင့် ဝန်းရံခံထားရသည့် ကောင်းကင်နှင့် မြေကြီးက အေးခဲသွားသလို ထင်မှတ်ရသည်။ ကြယ်စွမ်းအားများက နေရာအနှံ့တွင် ရှိနေသည့်အတွက်ကြောင့် လေဟာနယ်က ထိတ်လန့်ဖွယ် လေးလံလာသလို ခံစားရစေသည်။ ရီဖူရှင်းက နှင်တံကို မြှောက်ကာ အောက်သို့ ရိုက်ချလိုက်သည်နှင့် ကြယ်စင်တိုက်ခိုက်ရေးလူဝံက အရူးအမူး အော်မြည်လာသည်။ ထိုထိတ်လန့်တုန်လှုပ်ဖွယ် တိုက်ခိုက်မှုက ကောင်းကင်ကို ကွဲအက်သွားစေချင်သော်လည်း သူ့ထံသို့ တိုးဝင်လာသည့် နတ်ဆိုးဓားနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ ထိုထိပ်တိုက်တွေ့ဆုံမှု၏ ရလဒ်သည် လူတိုင်း၏ မျက်လုံးများကိုပင် ဖွင့်ရန် ခက်ခဲသွားစေသော ထိတ်လန့်စရာကောင်းလှသည့် နတ်အလင်းတို့ ပေါက်ကွဲထွက်လာစေသည်။

ကျယ်လောင်လှသည့် တုန်ခါသံများ ဆူညံသံစွာ ထွက်ပေါ်လာပြီး အနီးဝန်းကျင်ရှိ မဟာလမ်းစဥ်က ကြောက်စရာအကောင်းဆုံး အခြေအနေနှင့် ပေါက်ကွဲထွက်လာသည်။

မည်သို့ပင်ဖြစ်စေ ထိုတိုက်ခိုက်မှုသည် တားဆီးခံလိုက်ရပြီး ရီဖူရှင်းကို မဖျက်ဆီးနိုင်ရုံသာမက သူ့အနီးရှိ မည်သည့်နေရာကိုမှ ရောက်ရှိနိုင်ခြင်း မရှိခဲ့ပေ။ ဤတိုက်ခိုက်မှုက လုံလောက်အောင် အားမကောင်းခဲ့ပုံရသည်။ ကြည့်ရသည်မှာ ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်သည်ပင် ရီဖူရှင်း၏ တိုက်ခိုက်မှုကို မဖျက်ဆီးနိုင်ဘဲ သူတို့က အချင်းချင်း လက်ရည်ညီနေပုံရသည်။

အောက်ဘက်ရှိ ကျင့်ကြံသူများ၏ နှလုံးသားများက တုန်လှုပ်လာကြသည်။ အထူးသဖြင့် နတ်ဆိုးလောကမှ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်သည်။ ရှောင်းမုက ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်ကို သူ့ စွမ်းအားအပြည့်နှင့် ဖော်ထုတ်လိုက်ပြီး ၎င်း စွမ်းအားက အထွတ်အထိပ်ရန်ဟောင်အဆင့်ကိုပင် ခြိမ်းခြောက်နိုင်ရန် လုံလောက်ပေသည်။ သို့သော် ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်မှ ဒုတိယတိုက်ကွက်သည်ပင် ရီဖူရှင်းကို အမှန်တကယ် ခြိမ်းခြောက်နိုင်ပုံမပေါ်ပေ။ ထိုတိုက်ကွက်မှာ သူ၏ အောင်မြင်စွာ တားဆီးခြင်းကို ခံလိုက်ရပေသည်။

ကြယ်စွမ်းအားများကို ပိုင်ဆိုင်ထားသည့် ကြယ်စင်တိုက်ခိုက်ရေးလူဝံနှင့် သူ၏ မဟာလမ်းစဥ်ခန္ဓာ နှစ်ခုလုံးက အလွန် အံ့သြထိတ်လန့်ဖွယ် ကောင်းလှသည်။ ယခု စွမ်းအားများစွာက တစ်ခုတည်းအဖြစ် ရောမွှေခံထားရပြီး ရီဖူရှင်းကို ဗဟိုပြုကာ ပြီးပြည့်စုံစွာ ပေါက်ကွဲထွက်လာပေသည်။ ရှောင်းမု၏ ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်မှ ထွက်ပေါ်လာသော စွမ်းအားကလည်း အားမနည်းလှပေ။

ကြည့်ရသည်မှာ ခုတ်ချက်ကိုးသွယ်မှ ဒုတိယတိုက်ကွက်သည်ပင် ရီဖူရှင်းကို အနိုင်ယူနိုင်ရန် ဝေးကွာနေသေးပုံရသည်။

ဒုတိယတိုက်ကွက်၏ အင်အားက လုံးဝ လျော့မသွားခဲ့ဘဲ ရှောင်းမုက ရှေ့သို့ နောက်တစ်လှမ်း တိုးလိုက်သည်။ အနီးဝန်းကျင်တွင် ကြောက်မက်ဖွယ် အက်ကြောင်းများ ရှိနေပြီး မဟာလမ်းစဥ်က ဖျက်ဆီးဖြိုခွဲခံလိုက်ရသလို ထင်မှတ်ရသည်။ နောက်ထပ် ဓားပြားကြီး၏ စွမ်းအားလှိုင်းတို့က တစ်ဖန် စုစည်းလာကာ ယခင်ကထက် ပိုမို အားကောင်းသော ဓားအရှိန်အဟုန်ကို ဖြစ်ပေါ်လာစေသည်။ ၎င်းက ပို၍ အားကောင်းလာပေသည်။ ကြောက်မက်ဖွယ် ချုပ်ကိုင်လွှမ်းမိုးမှုက ကောင်းကင်မှ အော်မြည်ကာ ကျဆင်းလာသည်။ မဟာလမ်းစဥ်က အော်မြည်နေပြီး နတ်မိစ္ဆာတို့ ပေါ်ပေါက်လာသည်။ အချို့မှာ ကောင်းကင်နတ်ဆိုးများနှင့် တူပေသည်။

နောက်ထပ်တိုက်ခိုက်မှု ပေါ်ပေါက်လာပြီး ကမ္ဘာကို ဖျက်ဆီးနိုင်သော နတ်ဆိုးအလင်းများက ပေါက်ကွဲထွက်လာကာ ဓားစွမ်းအားများ တစ်ဖန် ထွက်ပေါ်လာပြန်၏။ ယင်းတို့သည် မြေပြင်ပေါ်သို့ ကျဆင်းလာပြီး အချို့သော အက်ကြောင်းများ ဖြစ်လာစေကာ တူညီသည့် လမ်းကြောင်းအတွင်း ခုတ်ပိုင်းလာပေသည်။ သို့သော် ယင်းက လေးလံကာ အားကောင်းပြီး ပိုမို ခိုင်မာလာသည်။

ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ် တတိယတိုက်ကွက်သည် ပထမဆုံး တိုက်ကွက်သုံးကွက်၌ အားအကောင်းဆုံး ဖြစ်သည်။

ဤတိုက်ခိုက်ရေးနည်းစနစ်မှာ နတ်ဆိုးအင်ပါယာ နတ်ဆိုးလောကကို စုစည်းစဥ်က မရေတွက်နိုင်သော နတ်ဆိုးအင်ပါယာ(ရန်ဟောင်)များ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံခဲ့ရစဥ် ထိုအစုလိုက်အပြုံလိုက် တိုက်ခိုက်သည့် နည်းစနစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်သည် မရေတွက်နိုင်သည့် နတ်ဆိုးရန်ဟောင်များကို သုတ်သင်နိုင်ကာ နတ်ဆိုးလောကတစ်ခုလုံး သူ့လက်အောက်၌ ပြားပြားဝပ်သွားစေရန် စွမ်းဆောင်နိုင်ခဲ့သည်။ သူသည် အောင်မြင်စွာ အုပ်ချုပ်သူ ဖြစ်မလာခင် နတ်ဆိုးလောက၏ သမိုင်း၌ ကြောက်စရာအကောင်းဆုံး တစ်စုံတစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။ သူသည် ကောင်းကင်လမ်းစဥ် ပြိုကျစဥ်ကတည်းက ပထမဆုံးပေါ်ထွက်လာသည့် ပါရမီရှင်ဖြစ်ကာ အတိတ်နှင့်လက်ရှိ ကာလများတွင် ကျော်ကြားလှသူ ဖြစ်သည်။

သူ့ အင်ပါယာတစ်ပါး ဖြစ်လာပြီးနောက် လူအများသည် နတ်ဆိုးအင်ပါယာ(ဧကရာဇ်)က ရှေးခေတ်အချိန်အခါမှ ကျော်ကြားသော နတ်ဆိုးအင်ပါယာများထက် နိမ့်ကျခြင်းမရှိဟု တွေးထားကြပေသည်။ သူသည် နတ်ဆိုးလောကနှင့် အပြင်လောကကို စုစည်းရန် လုပ်ဆောင်ခဲ့သည့် နတ်ဆိုးလောကသမိုင်း၌ ပထမဆုံးသူ ဖြစ်လာနိုင်သည်။

နတ်ဆိုးအင်ပါယာ ဖန်တီးခဲ့သော ဓားနည်းစနစ်က အလွန် ခြိမ်းခြောက်နိုင်စွမ်းရှိပေသည်။ နတ်ဆိုးအင်ပါယာက ထိုတိုက်ကွက်ရှစ်ခုကို ထုတ်ဖော်သည့်အခါ ၎င်းက ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ပြီး သူ၏ ဓားချက်ကို တားဆီးနိုင်သူ မည်သူမှ မရပ်တန့်နိုင်ခဲ့ပေ။

နှင်တံနည်းစနစ်ကလည်း တစ်ဖန် စွမ်းအားတို့ စုစည်းလာပြီး တတိယမြောက်တိုက်ကွက်ထံသို့ ဦးတည် ရိုက်ခတ်လိုက်သည်။ သို့သော် ဤတစ်ကြိမ်သည် ယခင်ကနှင့်မတူဘဲ နှင်တံ၏ အရိပ်များက ကွဲထွက်သွားသည်။ ၎င်းက ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကို တားဆီးနိုင်စွမ်းရှိခဲ့လျှင်ပင် ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ရီဖူရှင်း၏ နှင်တံနည်းစနစ်က ဖိနှိပ်ခံရပေသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရသည်။

ထိုသည်မှာ သူ၏ ကိုယ်ပိုင်ခွန်အားက ရှောင်းမုထက် အားနည်း၍ မဟုတ်ဘဲ သူ ထုတ်ဖော်အသုံးပြုသည့် နည်းစနစ်က ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ် နည်းစနစ်ထက် အနည်းငယ် နိမ့်ပါးနေသောကြောင့် ဖြစ်ပေသည်။ အဆုံးမှာတော့ ဤသည်မှာ နတ်ဆိုးအင်ပါယာ ဖန်တီးခဲ့သည့် သတ်ဖြတ်ရေး နည်းစနစ်ပင် ဖြစ်လေသည်။

နတ်ဆိုးလောကမှ ကျင့်ကြံသူများက ထိုမြင်ကွင်းကို မြင်သည့်အခါ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ရီဖူရှင်းက အလွန် အစွမ်းထက်သော်လည်း သူ ရင်ဆိုင်နေရသော ပြိုင်ဘက်က ရှောင်းမု ဖြစ်လေသည်။ သူက မည်မျှ အားကောင်းသည်ဖြစ်စေ သူ့ထက် ကျင့်ကြံဆင့် မြင့်မားပြီး နတ်ဆိုးအင်ပါယာ(ဧကရာဇ်)၏ တိုက်ရိုက် သင်ကြားပြသပေးခြင်းကို ခံခဲ့ရသည့် တပည့်နှင့် မည်သို့ ယှဥ်နိုင်စွမ်း ရှိပါမည်နည်း။

ရီဖူရှင်း ပိုင်ဆိုင်ထားသော အမွေအနှစ်သည် လွန်လေပြီးသော ခေတ်မှ မဟာအင်ပါယာများ၏ အမွေအနှစ်ဖြစ်ပြီး နတ်ဆိုးအင်ပါယာသည် လက်ရှိ လောက၏ မဟာအင်ပါယာတစ်ပါး ဖြစ်သည်။

သို့သော် ရီဖူရှင်းနှင့် ရှောင်းမုတို့က အဆင့်တူ၌ ရှိနေလျှင် နောက်ဆုံးတွင် ရှောင်းမုက ရှုံးနိမ့်ရလိမ့်မည် ဖြစ်သည်။ ယခု သူက ကျင့်ကြံဆင့် ပိုမြင့်မားနေသော်လည်း ယခုလို ခက်ခဲသည့် အခြေအနေမျိုးနှင့် တိုက်ခိုက်နေရသည်ဖြစ်ရာ ၎င်းသည် ရီဖူရှင်း၏ အရည်အချင်းနှင့် သူ့ တိုက်ပွဲစွမ်းရည်ခွန်အားကို ပေါ်လွင်စေပြီး ဖြစ်သည်။

မူလဘုံ၏ ထိပ်သီးအဆင့် အရည်အချင်းရှိ ပါရမီရှင်အနေနှင့် မူလဘုံမှ ဤလူငယ်ဘုရင်က အမှန်တကယ် စိတ်မပျက်စေခဲ့ပေ။

သူ၏ ဂုဏ်သတင်းက အမည်ခံသက်သက် မဟုတ်ပေ။ မဟုတ်လျှင် ထိုမျှ များပြားလှသော ထိပ်သီးပုဂ္ဂိုလ်များနှင့် သူက မူလဘုံ၏ ဘုရင် မည်သို့ ဖြစ်လာလိမ့်မည်နည်း။

ရှောင်းမုသည် ရီဖူရှင်းက သူ၏ တတိယတိုက်ကွက်ကြောင့် နောက်သို့ ဆုတ်ခွာသွားရသည်ကို မြင်သောအခါ စိတ်သက်သာရာ ရသွားခဲ့သည်။ သူ၏ နက်မှောင်သော မျက်လုံးများက ရီဖူရှင်းကို ကြည့်​နေခဲ့သည်။ သူသည် နောက်ဆုံး၌ ရီဖူရှင်းကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ပြီဟု တွေးခဲ့ပေသည်။ ရီဖူရှင်းသည် တတိယမြောက်တိုက်ကွက်ကြောင့် ရှုံးနိမ့်တော့မည့် လက္ခဏာပြလာသော်လည်း ၎င်းက မလုံလောက်သေးပေ။ သူသည် ရီဖူရှင်းကို ဖျက်ဆီးပစ်ချင်ခဲ့ပြီး ၎င်းက တတိယမြောက်တိုက်ကွက်သာ ရှိသေးသည်။

ဓားသွားက ကျဆင်းလာပြီးနောက် ၎င်း၏ အရှိန်အဟုန်က ပျောက်ကွယ်သွားခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းက ပို၍ အားကောင်းလာသည်။

ကောင်းကင်နတ်ဆိုးက ထိုနေရာနှင့် တသာတည်း ဖြစ်နေသလို ထင်မှတ်ရသည်။ နတ်မိစ္ဆာများက ရှောင်းမုကဲ့သို့ တူညီသော အပြုအမူများကို လိုက်ပါလုပ်ဆောင်လိုက်ကြပြီး သူတို့လက်ထဲမှ ဓားများကို မြှောက်လိုက်သည်။

ကျယ်ပြောသည့် အဆုံးမဲ့ လေဟာနယ်အတွင်း နတ်မိစ္ဆာတို့က ဓားများကို တစ်ချိန်တည်း မြှောက်လိုက်ကြပြီး ထိုစွမ်းအားများက တစ်ခုပြီးတစ်ခု စုစည်းလာသည်။ ဓားက ထွက်ပေါ်မလာခင်မှာပင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းစွမ်းအားတို့က ရီဖူရှင်းထံ ရောက်ရှိလာပြီး ၎င်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းရည် ရှိသည်။

ရီဖူရှင်းသည် တတိယတိုက်ကွက်ကြောင့် ပြန်ဆုတ်ခွာသွားရသည့်အတွက် နောက်ထပ်တိုက်ကွက်နှစ်ခုက တိုက်ပွဲအဆုံးသတ် ဖြစ်ပေလိမ့်မည်။

ရှောင်းမုသည် စတုတ္ထတိုက်ကွက်ကို ထုတ်ဖော်ရန် စွမ်းအားများ စုစည်းလိုက်ပြီး ဖြစ်ပေါ်လာသည့် မုန်တိုင်းက ပိုမိုကြောက်မက်ဖွယ် ကောင်းကာ လေဟာနယ်အတွင်း အော်မြည်နေသည်။ ပျက်စီးခြင်း စွမ်းအားများ ပါဝင်နေသည့် မုန်တိုင်းက သာမန် ရန်ဟောင်များကို သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။

ရီဖူရှင်းသည် ထိုစွမ်းအားကို ခံစားမိပြီး သူ့မျက်လုံးများထဲတွင် နတ်အလင်းတို့ လင်းလက်လာကာ ပို၍ လေးလံလာပုံရသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ အော်မြည်သံတို့က ပိုမို ရက်စက်ကြမ်းကြုတ်လာသည်။ လမ်းစဥ်နှင့် ဖွဲ့စည်းထားသော သူ၏ ခန္ဓာကိုယ်မှ အက္ခရာသင်္ကေတများ ပျံသန်းထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူ၏ မျက်ခုံးနှစ်ခုကြားမှ နတ်အလင်းတို့ တောက်ပလာကာ ဧကရာဇ်ရောင်ဝါတို့ ပါဝင်နေသည်။ သူက ကောင်းကင်နတ်ဘုရားကဲ့သို့ ပို၍ပင် တောက်ပလာပုံရသည်။

ကောင်းကင်ရှိ ကြယ်များက ရီဖူရှင်းအနီးတွင် လှည့်ပတ်နေပြီး အတွေးတစ်ချက်နှင့်ပင် သူ့ကို ကြယ်ရောင်ဝါတို့က ဝန်းရံနေသည်။ ရီဖူရှင်း၏ ပုံရိပ်က ကြယ်တစ်ခုစီတွင် ပေါ်ပေါက်လာကာ ထိုအခိုက်အတန့်တွင် ရီဖူရှင်းက နေရာအနှံ့၌ ရှိနေသလို ထင်မှတ်ရပြီး ဤကြယ်ကောင်းကင်နှင့် တသားတည်း ဖြစ်လာသလို ထင်မှတ်ရသည်။

သတ်ဖြတ်ရန်အတွက် ကြောက်မက်ဖွယ် နတ်ဆိုးဓား ဝင်ရောက်လာသောအခါ ၎င်းသည် ကြယ်စင်နယ်မြေနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အလင်းလွှာဖြင့် ပိတ်ဆို့ခံထားရကာ ရီဖူရှင်းအနီးသို့ ရောက်ရှိရန် ကျရှုံးခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ကြယ်များက အကြွင်းမဲ့ နယ်မြေစွမ်းအား ဖြစ်ပေါ်လာစေပြီး ထိုမဟာလမ်းစဥ်နယ်မြေက အခြားစွမ်းအင်များ ကျူးကျော်လာခြင်းမှ တားဆီးထားသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ကြယ်ကောင်းကင်ကမ္ဘာ၏ အလယ်ဗဟိုတွင် မျောလွင့်နေပြီး မရေတွက်နိုင်သော ကြယ်စင်နတ်အလင်းများနှင့် ဝန်းရံခံထားရကာ သူ့ပေါ်သို့ သွန်းလောင်းနေသည်။ အောက်ဘက်ရှိ ကျင့်ကြံသူများက ရီဖူရှင်းကို စောင့်ကြည့်​နေပြီး သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်နေခဲ့သည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူများဖြစ်စေ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများဖြစ်စေ သူတို့၏ နှလုံးသားများက တုန်ယင်နေခဲ့ကြ၏။ အထူးသဖြင့် စီဝေ့ဘုံမှ ကျင့်ကြံသူများသည် ခါတိုင်းထက် ပို၍ တုန်လှုပ်နေကြပေသည်။

ရီဖူရှင်းက စီဝေ့မဟာအင်ပါယာ၏ စစ်မှန်သော ဆက်ခံသူပင် ဖြစ်၏။

All Chapters