← Chapters

နတ်ဘုရားအဆုံးသတ်ဓားသိုင်းနှင့် နတ်ဘုရားထောင်ချောက်ဓားသိုင်း

Vol. 58 Ch. 811

နတ်ဘုရားအဆုံးသတ်ဓားသိုင်းနှင့် နတ်ဘုရားထောင်ချောက်ဓားသိုင်း

Vol. 58 Ch. 811

အခန်း (၈၁၁) နတ်ဘုရားအဆုံးသတ်ဓားသိုင်းနှင့် နတ်ဘုရားထောင်ချောက်ဓားသိုင်း

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက စွန်းကျုန်းတာ့၏ ကျင့်ကြံခြင်းများကို အပြည့်အဝ ဖိနှိပ်ထားသည်။

လောလောဆယ်တွင် ‘ရိုးတွင်းခြင်ဆီအေးစိမ့်အပ်’ နည်းလမ်းက သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးကို ‘ယင်’ စွမ်းအားအဖြစ် ပြောင်းလဲစေကာ ခြေလက်နှင့် အရိုးများထိတိုင်ပျံ့နှံ့သွားပြီး မွေးညင်းပေါက်များထိတိုင်းထိုးဖောက်ဝင်ရောက်သွားကာ ခုခံနိုင်ရန် ခက်ခဲလှသည်။

သူ့နဖူးထက်ရှိ နေရောင်ခြည်သေင်္ကတက လင်းလက်လာသော်လည်း ရန်ကျောက်ကဲ၏ ထူးကဲယန်စည်းတံဆိပ်က ဖိနှိပ်ထားသဖြင့် လုံးဝလှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို မရေမတွက်နိုင်သော ထက်ရှသည့်အပ်ငယ်များဖြင့် ထိုးဖောက်နေသည့်အလား စွန်းကျုန်းတာ့ခံစားနေရသည်။ မွေးညင်းပေါက်တိုင်းကို အပ်နှင့်ထိုးဖောက်နေသည့်ခံစားချက်က မည်မျှပြင်းထန်ကြောင်း စကားဖြင့်ပင် ဖော်ပြရန် မဖြစ်နိုင်ပေ။

စွန်းကျုန်းတာ့မှာ အရိုးထဲအထိ ထိုးဖောက်ဝင်ရောက်လာသည့် ပြင်းထန်သောနာကျင်မှုကို မခံစားနိုင်တော့ဘဲ တစ်ကိုယ်လုံးထုံပေပေ ဖြစ်လာသည်။

သူ့ခန္ဓာကိုယ်၏ နုနယ်သောအစိတ်အပိုင်းများတွင် ဤစူးရှသောနာကျင်မှုက အဆပေါင်းများစွာ ပိုမိုခံစားရသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းက နုနယ်လေ ၊ နာကျင်မှု ပိုမိုပြင်းထန်လေ ဖြစ်၏။

အထူးသဖြင့် သူ၏မျက်လုံး ၊ လည်ပင်းနှင့် ဟွေ့ယင်သွေးကြောဆုံချက်ကဲ့သို့သော နေရာမျိုးများ ဖြစ်သည်။

ကံကောင်းသည်မှာ ရန်ကျောက်ကဲက အချိန်ကြာမြင့်စွာ အပ်ဖြင့်ထိုးစိုက်ထားခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲ အပ်ကိုပြန်လည်ရုတ်သိမ်းလိုက်ပြီးနောက် စွန်းကျုန်းတာ့မှာ အတော်လေး တုန်လှုပ်လျှက် ပြန်လည်သတိဝင်လာရန်ပင် အချိန်အတော်ကြာခဲ့သည်။

ရန်ကျောက်ကဲက စိတ်မကောင်းဟန်ဖြင့် သူ့မျက်နှာကိုကြည့်ရင်း...

“ဟေး... ကြည့်ရတာ မင်းက ငါနဲ့ ကံကြမ္မာချင်းမဆက်နွယ်ချင်ဘူးထင်တယ် ၊ ကျုပ်လည်းဘာမှမတတ်နိုင်ဘူးလေ ၊ ဒီလိုကိစ္စမျိုးက အတင်းဖိအားပေးလို့ရနိုင်တာမှ မဟုတ်တာ”

သူသာ ရန်ကျောက်ကဲကို အနိုင်ယူနိုင်မည်ဆိုလျှင် ဤမျက်နှာပြောင်တိုက်သူကို သေချာပေါက် သင်ခန်းစာပေးမည်ဟု စွန်းကျုန်းတာ့စိတ်ထဲမှ ကျိန်ဆိုလိုက်သည်။ သို့သော် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ဖဝါးအောက်တွင် သူ့မှာ လုံးဝလှုပ်ရှားမရအောင် ဖိနှိပ်ခံထားရသည်ပင်။

စွန်းကျုန်းတာ့ မချိပြုံးပြုံးလိုက်ရင်း...

“ငါနဲ့အတူ လျှို့ဝှက်ရတနာပစ္စည်းကိုရှာနေတဲ့ ဂိုဏ်းတူမောင်နှမတွေ ရှိနေတာ အမှန်ပါပဲ ၊ ဒါပေမဲ့ သူတို့က ဗလာနယ်အာကာသထဲမှာ ရှာနေတာ ၊ ငါက အထက်ဘုံကမ္ဘာမှာ ရှာနေတာ ၊ မင်းမေးတဲ့ပစ္စည်းက သူတို့လက်ထဲမှာပဲရှိတယ် ၊ ငါ့ဆီမှာမရှိဘူး ၊ ဒါကြောင့် မင်းကိုထုတ်ပြလို့ မရနိုင်ဘူး”

သူက ရန်ကျောက်ကဲကိုကြည့်ရင်း...

“ငါ့မှာ သူတို့ကိုဆက်သွယ်နိုင်တဲ့နည်းလမ်းရှိတယ် ၊ ဒါပေမဲ့ ဒီအကြောင်းကို မင်းကို မပြောပြနိုင်ဘူး ၊ မင်းရဲ့ ‘ရိုးတွင်းခြင်ဆီအေးစိမ့်အပ်’ နဲ့သာ ငါ့ကိုသတ်ပစ်လိုက်တော့”

စန့်ချင်အဆက်အနွယ်အချင်းချင်း လျှို့ဝှက်ဆက်သွယ်ရေးနည်းလမ်းဖြင့် ဆက်သွယ်ပြီး မှားယွင်းသောအချက်အလက်များဖြင့် ရန်ကျောက်ကဲကိုလှည့်ဖြားကာ အလစ်တိုက်ခိုက်ရန် ထောင်ချောက်ဆင်ရန်ပင် ဖြစ်နိုင်သည်။

သို့သော် ရန်ကျောက်ကဲကသာ သူတို့တည်ရှိနေသည့်သတင်းကို အထက်ဘုံကမ္ဘာမှ ထိပ်တန်းပုဂ္ဂိုလ်များထံ သတင်းပေးပို့ခဲ့လျှင် အကျိုးဆက်အနေဖြင့် စွန်းကျုန်းတာ့ ခန့်မှန်းမရနိုင်သည့် ကိစ္စရပ်များ ဖြစ်လာပေမည်။

ပြီးတော့ လက်ရှိအဖြစ်အပျက်များကိုကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲအား လှည့်စား၍မရနိုင်ကြောင်း စွန်းကျုန်းတာ့ အာရုံခံမိသည်။

ထိုသို့ဆိုလျှင် သူ့အနေဖြင့် အသက်အသေခံရုံသာ ရှိတော့သည်။

သူက သေရမည်ကိုမကြောက်သော်လည်း ‘ရိုးတွင်းခြင်ဆီအေးစိမ့်အပ်’ ဖြင့် နှိပ်စက်ခံရခြင်းကိုတော့ တောင့်ခံထားနိုင်ပါမည်လား ယုံကြည်ချက်မရှိပေ။

သူ ဘယ်လောက်ကြာကြာတောင့်ခံထားနိုင်မည်လဲဆိုသည်က ပြောရခက်သည်။

အချိန်ကြာမြင့်လေ ‘ရိုးတွင်းခြင်ဆီအေးစိမ့်အပ်’ ၏နာကျင်မှုက ပိုမိုပြင်းထန်လေ ဖြစ်သည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“မင်းတို့ဆရာနဲ့ မင်းတို့ဂိုဏ်းအကြောင်းကို ငါ အရေးမစိုက်ပါဘူး ၊ ဒါပေမဲ့ ငါ ဘာကိုအရေးစိုက်တယ်ဆိုတာကိုတော့ မင်း သေသေချာချာ နားလည်သင့်တယ်”

သူက ရုတ်တရက် ရယ်မောရင်း...

“မင်းရဲ့ဂိုဏ်းတူမောင်နှမတွေက ဗလာနယ်အာကာသထဲမှာ လျှို့ဝှက်ရတနာပစ္စည်းကို ရှာဖွေနေတာတဲ့လား ၊ ဒါမျိုးက လူတိုင်းလုပ်နိုင်တဲ့အရာတော့မဟုတ်ဘူး ၊ ကြည့်ရတာ သူတို့က ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ ကို ကျင့်ကြံထားမယ်ထင်တယ်”

“နတ်ဘုရားသုတ်သင်ဓားသိုင်းက ထက်မြက်တယ် ၊ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက သေစေနိုင်တယ် ၊ နတ်ဘုရားထောင်ချောက်ဓားသိုင်းရဲ့ အနီရောင်အလင်းတန်းက မြင့်တကလာချိန် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ က အဆုံးမရှိသိမ်မွေ့တယ်”

အထက်ပါစာပိုဒ်က နတ်ဘုရားသုတ်သင် ဓားသိုင်း (၄)မျိုး၏ လက္ခဏာရပ်များကို အကျဉ်းချုံး ဖော်ပြထားခြင်း ဖြစ်သည်။

ဗလာနယ်ထဲမှ အပြောင်းအလဲများကို ချိုးဖျက်နိုင်သည့် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ နှင့် နှိုင်းယှဉ်လျှင် နတ်ဘုရားထောင်ချောက်ဓားသိုင်းက အချိန်နှင့်နေရာကို ချိုးဖျက်နိုင်စွမ်းရှိသည့် အဆုံးစွန်သောဓားသိုင်းတစ်ခု ဖြစ်သည်။

နတ်ဘုရားအဆုံးသတ်ဓဦးသိုင်းက အရာခပ်သိမ်းကိုဖျက်ဆီးနိုင်သည်ဆိုပါက နတ်ဘုရားထောင်ချောက်ဓားသိုင်းက အချိန်နှင့် ဗလာနယ်ကို ဖြတ်တောက်ပစ်နိုင်သည်။

ထိုဓားသိုင်းကိုသာ ထိပ်ဆုံးအဆင့်ရောက်အောင် ကျင့်ကြံနိုင်မည်ဆိုပါက ဓားဝိညာဉ်သည် အချိန်နှင့်ဗလာနယ်ကို ဖျက်ဆီးပစ်နိုင်ပြီး မရေမတွက်နိုင်သော ဗလာနယ်များစွာအက်ကွဲသွားစေပြီး အချိန်ရေစီးကြောင်းစီးဆင်းမှုကိုပင် အနှောက်အယှက်ပြုနိုင်သည်။

ထို့ကြောင့် ရေအောက်နန်းတော်ထဲတွင် ခန်းမောက်ရှန်းနှင့် ခန်းကျင်းယွမ်တို့ကို ရင်ဆိုင်ရသည့်အခါ နတ်ဘုရားထောင်ချောက်ဓားသိုင်း မကျင့်ကြံမိခြင်းအတွက် အနည်းငယ် စိတ်ခံစားမှုရှိခဲ့ရသည်။ မဟုတ်ပါက ထိုနေရာတွင် သူ့အတွက် ကိစ္စရပ်များ ပိုမိုလွယ်ကူသွားမည် ဖြစ်၏။

ပြောရမည်ဆိုလျှင် ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ ၏ အယူအဆက ဗလာနယ်ကောင်းကင်ကျမ်းစာနှင့် ထာဝရအလင်းကောင်းကင်ကျမ်းစာကို တိတိပပဆန့်ကျင်ခဲ့ပြီး ထိုပညာ (၂)ရပ်လုံးသည် အပြန်အလှန်တူညီချက်အချို့ကိုလည်း မျှဝေခဲ့ကြသည်။

‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ ကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံထားနိုင်ပါက ဗလာနယ်ကောင်းကင်ကျမ်းစာကဲ့သို့ပင် အဆုံးမရှိသောနေရာများသို့ သက်သောင့်သက်သာဖြင့် သွားလာလှုပ်ရှားနိုင်မည် ဖြစ်၏။

‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ နှင့် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ (၂)မျိုးလုံးကို ပိုင်ဆိုင်ထားသည့် စွန်းကျုန်းတာ့တို့ သိုင်းဂိုဏ်းကတော့ အမှန်တကယ်ပင် စစ်မှန်သည့် စန့်ချင်အဆက်အနွယ် ဖြစ်ပေသည်။

လက်ရှိတွင် စွန်းကျုန်းတာ့၏ မျက်နှာအမူအရာက အတော်လေး ဆိုးရွားလျှက် ရှိသည်။

ရန်ကျောက်ကဲကို အချိန်အတန်ကြာအောင် စိုက်ကြည့်နေရင်း မျက်နှာထက်တွင် ငိုသည်ထက်အရုပ်ဆိုးသော အပြုံးတစ်ခု ပေါ်လာသည်။

စန့်ချင်အဆက်အနွယ်များသည် အထက်ဘုံကမ္ဘာနှင့် အောက်ဘုံကမ္ဘာများတွင် မရှိသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ လူအများစုအမြင်တွင် သူတို့သည် သမိုင်းထဲတွင် ကျန်ရစ်ခဲ့သည့် ဒဏ္ဍာရီပမာ ဖြစ်နေပေပြီ။

ယခု အထက်ဘုံကမ္ဘာတွင် ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များမှ လွဲပြီး စန့်ချင်အဆက်အနွယ်၏ သိုင်းပညာအမွေအနှစ်ကို လူဘယ်နှစ်ယောက် နားလည်နိုင်ပါမည်နည်း။

ရန်ကျောက်ကဲက နေဝန်းထက်ယံအရှင်သခင်နှင့် ပတ်သက်နိုင်သော်လည်း နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုး၏ ဝိသေသလက္ခဏာများကို ရှင်းရှင်းလင်းလင်း သိမြင်ထားလေရာ စန့်ချင်အဆက်အနွယ်နှင့် ဘာမှမဆိုင်ဘူးဟု ဆိုနိုင်ပါမည်လား။

ဤသည်နှင့်ပတ်သက်ပြီး စွန်းကျုန်းတာ့ ဆိုးဆိုးရွားရွား ခံစားနေရသည်။

ရန်ကျောက်ကဲက သူ့ရှေ့တွင် မည်သည့်အရာမှ ဖုံးကွယ်မထားဘဲ ပြောဆိုနေခြင်းက သူ့ကိုသတ်ရန် ဆုံးဖြတ်ထားသောကြောင့်လား။

စွန်းကျုန်းတာ့အမူအရာကိုမြင်တော့ ရန်ကျောက်ကဲက အတွေးများကို ရိပ်မိသွားသည်။

သူက...

“စိတ်အေးအေးထားပါ မင်း ငါ့အယောင်ဆောင်ထားလို့ သိပ်တော့မကျေနပ်ပေမယ့် မင်းက ဟိုအတု (၂)ယောက်ထက်အများကြီးသာလို့ မင်းကို တန်ဖိုးထားနေတုန်းပဲ ၊ မင်းသာ ငါနဲ့ ရိုးရိုးသားသား ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် မင်းကို မသတ်ပါဘူး”

ရန်ကျောက်ကဲက ပြုံးရင်း...

“မင်းရှာနေတဲ့ လျှို့ဝှက်ရတနာပစ္စည်းနဲ့ ကျောက်စိမ်းနေဝန်းတောင်တန်းက ကုရှင်းတောင်ထွတ်ဆက်စပ်မှုကို ပြောပြပါ ၊ မင်းကိုငါ ခွင့်မလွှတ်နိုင်ပေမယ့် မင်း ငါ့ကိုမလှည့်စားဘူးဆိုရင် မသတ်ပါဘူး ၊ ကိစ္စပြီးသွားရင် မင်းကို ပြန်လွှတ်ပေးနိုင်ပါတယ်”

“မင်း မလိမ္မာဘူးဆိုရင်တော့ ငါ့မှာ မင်းကိုနှိပ်စက်ဖို့နည်းလမ်းတွေ မျိုးစုံရှီတယ် ၊ ‘ရိုးတွင်းခြင်ဆီအေးစိမ့်အပ်’ က ပထမအဆင့်ပဲ ရှိသေးတယ်”

ရန်ကျောက်ကဲက စွန်းကျုန်းတာ့ကိုကြည့်လျှက် ပြံးလိုက်သည်။

“မင်း ငါ့ကိုကူညီဖို့ဆန္ဒရှိတယ်ဆိုရင်တော့... ကြိုးစားကြည့်ကြတာပေါ့”

စွန်းကျုန်းတာ့က...

“အခုချိန်မှာ မင်းကို ယုံကြည်ဖို့ကလွဲရင် ငါ့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး ၊ ငါ့ဆရာနဲ့ ငါတို့ဂိုဏ်းအကြောင်းကိုတော့ မမေးပါနဲ့ ၊ တခြားကိစ္စတွေ မင်းကိုအကုန်ပြောပြလို့ ရပါတယ်”

သူက ဆက်ပြောသည်။

“ငါလည်း ကျောက်စိမ်းနေဝန်းတောင်တန်းကို မသွားရသေးဘူး ၊ ဒါပေမဲ့ ငါရထားတဲ့သဲလွန်စတွေအရ အဲဒီမှာ လျှို့ဝှက်ကျောက်ဂူတစ်ခုရှိတယ်လို့ ဆိုတယ် ၊ အဲဒါက ပြင်ပသီးခြားနယ်မြေတစ်ခုကို ဦးတည်နေတယ် ၊ ထိပ်တန်းဆေးလုံးတွေသိမ်းဆည်းထားတဲ့ အဂ္ဂိရတ်ခန်းမနဲ့ ‘ရွှမ်ရှောက်ကျိယင်း’ မီးပြင်းဖိုကို အဲဒီမှာတွေ့နိုင်တယ် ဒါမှမဟုတ် ဆက်စပ်နေတာတစ်ခုခု အဲဒီမှာ ရှိနေနိုင်တယ်”

“ပြီးတော့ နတ်ဆေးတွေနဲ့ ပြဒါးဆေးတွေလည်း ရှိကောင်းရှိနိုင်တယ်”

“အရင်တုန်းက ကျောက်စိမ်းလက်ဝတ်ကိုပိုင်ဆိုင်ထားတဲ့သူက ကျောက်စိမ်းနေဝန်းတောင်တန်းမှာဖုံးကွယ်ထားတဲ့ မဟာကပ်ဘေးမတိုင်ခင်က ‘ရွှမ်ရှောက်ကျိယင်း’ မီးပြင်းဖို့ကို သန့်စင်ထားတာလည်း ဖြစ်နိုင်တယ် ၊ ဒါကြောင့် ထူးဆန်းတဲ့ဆေးတွေရရှိခဲ့တာပေါ့”

“ဒါပေမဲ့ မဟာကပ်ဘေးကြီးမတိုင်ခင်က ပြဒါးဆေးတွေကို အခုချိန်ထိ ထိန်းသိမ်းထားပြီး ဆေးအာနိသင်တွေပါ မပျောက်ပျက်ဘူးဆိုတာကတော့ သာမန်ကိစ္စ မဖြစ်နိုင်ဘူး”

ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲက ဖြည်းညင်းစွာခေါင်းညိတ်လိုက်သည်။

ခဏမျှ စဉ်းစားပြီးမှ ပြုံးလိုက်ရင်း...

‘ဒီလိုဆိုမှတော့ ဒီ’ရန်’ နဲ့အတူ ခရီးထွက်ဖို့ မင်းကိုပဲဒုက္ခပေးရတော့မယ်”

သူ့စကားဆုံးသွားသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏လက်ဖဝါးထဲတွင် စွန်းကျုန်းတာ့၏ရုပ်သွင်က ပျောက်ကွယ်သွားလေသည်။

မောက်လျန်သတ္တဝါကိုလည်း အသင်္ချေနဂါးနန်းတော်ထဲတွင် ပြန်လည်အကျဉ်းချထားလိုက်သည်။

ထိုအချိန် ရှောင်အိုက်က...

“သခင်လေး... ကျောက်စိမ်းလက်ဝတ်ကို ‘ရှဲ့’ အိမ်တော်ကို ပြန်ပေးလိုက်ပြီ မဟုတ်လား ၊ အဲဒါက လျှို့ဝှက်ရတနာပစ္စည်းနဲ့ ပတ်သက်မှုရှိတယ်ဆိုတော့ ဘယ်လိုလုပ်ကြမလဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ပြန်ပေးလိုက်ပေမယ့် ငါတို့လိုချင်တာကို ရထားပြီးပြီလေ”

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ မျက်နှာထက်တွင် အပြံးရိပ်တစ်ခုပေါ်လာသည်။

ထို့နောက် လေထုထဲတွင် များပြားလှစွာသော နေရာဒေသများကို ပြသထားသည့် မြေပုံတစ်ခု၏ပုံရိပ် ထွက်ပေါ်လာလေတော့၏။

All Chapters