အနိုင်နှင့်အရှုံး
Vol. 163 Ch. 2316
ရီဖူရှင်း၏ အပြောင်းအလဲများက နတ်ဆိုးလောကမှ ကျင့်ကြံသူများ၏ နှလုံးသားများကိုလည်း တူညီစွာ တုန်ယင်စေခဲ့သည်။ ယခင်က ရီဖူရှင်း နောက်သို့ ဆုတ်ခွာသွားရသည်ကို မြင်သောအခါ သူတို့က တိုက်ပွဲပြီးဆုံးသွားပြီဟု ယုံကြည်ခဲ့ကြသည်။
သို့သော် ၎င်းသည် သူတို့ အလွန် အကောင်းမြင်ခဲ့ခြင်း ဖြစ်ပုံရလေသည်။ ဤတိုက်ပွဲက ယခုမှ စတင်ခြင်း ဖြစ်၏။
ရှောင်းမုက ပို၍ အားကောင်းလာသည်။ ရီဖူရှင်းသည်လည်း ထပ်တူပင် ဖြစ်သည်။ သူက စွမ်းရည်သစ်များကို ဆက်လက်အသုံးပြုနေခဲ့သည်။ သူသည် တိုက်ပွဲစတင်ချိန်၌ အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်း ဟုတ်ပုံမရပေ။ ဤသည်မှာ နတ်ဆိုးလောက၏ ထိပ်သီးပုဂ္ဂိုလ်များကို အစစ်အမှန် မဟုတ်သလို ခံစားမိစေသည်။ အဆင့်ခုနစ်ကျင့်ကြံသူတစ်ဦးက အမှန်တကယ်ပင် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့် အဆင့်ရှစ်ရန်ဟောင်ကို ရင်ဆိုင်ရဲပေသည်။ ရီဖူရှင်းက သူ၏ ကိုယ်ပိုင်စွမ်းရည်ကို မည်မျှ ယုံကြည်ချက်ရှိပါသနည်း။
ချက်ချင်းပင် ရှောင်းမု၏ နတ်ဆိုးမျက်လုံးများထဲ၌ အပြောင်းအလဲတို့ ပေါ်ပေါက်လာသည်။ သို့သော် ရီဖူရှင်းက ပိုအစွမ်းထက်လာလေ ရှောင်းမု၏ တိုက်ခိုက်ရေးဝိညာဥ်က ပိုမို နိုးကြားလာလေ ဖြစ်သည်။ သူ၏ တိုက်ခိုက်လိုစိတ်က လောင်ကျွမ်းနေခဲ့သည်။ မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ရှိ နတ်မိစ္ဆာပုံရိပ်များက လှုပ်ရှားလာကာ သူ့နှင့် တသားတည်း ဖြစ်သွားခဲ့သည်။
သူက လက်နှစ်ဖက်နှင့် ဓားကို မလိုက်ပြီး ရှောင်းမု၏ ခန္ဓာကိုယ်အတွင်းမှ မဟာလမ်းစဥ်စွမ်းအားများ အားလုံးက နတ်ဆိုးဓားအတွင်း တိုးဝင်သွားသည်။ ဓားသွားမှ နတ်ဆိုးအလင်းများက ကောင်းကင်ကို ထွင်းဖောက်သွားသည်။ ကြောက်မက်ဖွယ် တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းထား၏။
လူအုပ်ကြီးရှေ့မှ မြင်ကွင်းက အံ့သြထိတ်လန့်ဖွယ် ကောင်းလှသည်။
အခြားတစ်ဖက်တွင် ရီဖူရှင်း၏ ပုံရိပ်ကို ဗဟိုပြုပြီး ကြယ်ရောင်အလင်းများက အလွန် တောက်ပလင်းလက်လာသည်။ သူ၏ ခန္ဓာကိုယ်က ဧကရာဇ်နတ်ရောင်ဝါတို့ဖြင့် တောက်ပလာသည်။ နတ်အလင်းတို့ဖြင့် လွှမ်းခြုံခံထားရသည့် ရီဖူရှင်းက စစ်မှန်သော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။ သူ့ကို ကြယ်များက ဝန်းရံနေ၏။ သူ၏ ပုံရိပ်များက ကြယ်တစ်ခုချင်းစီ၌ ရှိနေခဲ့ပြီး သူက ၎င်းတို့အားလုံးကို ထိန်းချုပ်နေသလိုပင် ဖြစ်သည်။
ဘုန်း... ရှောင်းမုက လေးကြိမ်မြောက်တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ ထိုတိုက်ကွက်နှင့် ကောင်းကင်ရှိ အမျိုးမျိုးသော နတ်ဆိုးများကလည်း သူတို့ နတ်ဆိုးဓားများကို ကိုင်ကာ တစ်ချိန်တည်း ခုတ်ပိုင်းချလိုက်သည်။ ကောင်းကင်ထက်တွင် တိုက်ခိုက်ရေးအက်ကြောင်းများ ပေါ်ပေါက်လာပြီး တည်ရှိနေသည့် အရာအားလုံးကို စုတ်ဖြဲပစ်တော့မည်ပုံရသည်။ ထိုနတ်ဆိုးဓားများကို ဆန့်ကျင်၍ မည်သူက ရှင်သန်နိုင်ပါမည်နည်း။
ဘုန်း... ဘုန်း... ဘုန်း... နတ်ဆိုးဓားများက ဤတစ်ကြိမ်၌ အလင်း အကာအကွယ်တို့နှင့် တွေ့ဆုံခဲ့သည်။ ယင်းတို့သည် ကောင်းကင်တွင် ပြည့်နှက်နေသည့် ကြယ်များကို ခုတ်ပိုင်းလိုက်၏။ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဝန်းရံနေသော ကြယ်များက ကြယ်အလင်းလွှာသဖွယ် ဖြစ်တည်လာသည်။ နတ်ဆိုးဓားစွမ်းအားများက ထိုကြယ်များ၏ ပိတ်ဆို့တားဆီးခြင်းကို ခံထားရသည်။
ရှောင်းမု ထုတ်လွှတ်လိုက်သော ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်မှ တစ်ခုဖြစ်သည့် အလယ်တွင် ရှိနေသော လွှမ်းမိုးနိုင်စွမ်းရှိသည့် ဓားတစ်ခုကသာ အလင်းလွှာကို ခုတ်ပိုင်းလိုက်သည်။ တစ်ချိန်တည်းတွင် ၎င်းက သူ့ရှေ့မှ ကြယ်များကို ပြိုကွဲသွားစေခဲ့သည်။ ၎င်းသည် ဤဓား၏ စွမ်းအားကို ခုခံကာကွယ်နိုင်စွမ်း မရှိသလို ထင်မှတ်ရသည်။ သို့သော် အောက်ဘက်ရှိ လူများအားလုံးသည် ထိုဓား၏ စွမ်းအားက အားနည်းသွားပြီဖြစ်ကြောင်း ခံစားမိလိုက်ကြသည်။ ၎င်းသည် ရှောင်းမုက ဤတိုက်ခိုက်မှုနှင့် ရီဖူရှင်းကို အဆုံးသတ်ရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သိသာစေသည်။
ထင်ထားသလိုပင် ထိတ်လန့်အံ့သြဖွယ်ကောင်းသည့် ဓားက ကျဆင်းလာသောအခါ မရေတွက်နိုင်သော သင်္ကေတအက္ခရာများက ရီဖူရှင်း၏ ခန္ဓာကိုယ်အနီးတွင် ဝန်းရံလာပြီး အကြွင်းမဲ့ ကြယ်နယ်မြေကို ဖြစ်တည်လာစေသည်။ ဓားစွမ်းအားက လင်းလက်လာသော်လည်း ယင်းသည် ကြယ်များ၏ ခုခံကာကွယ်မှုကို မဖြတ်သန်းသွားနိုင်ခဲ့ပေ။ ကြယ်များပေါ်တွင် အက်ကြောင်းများ ပေါ်ပေါက်လာသည်။ ထို့နောက် ဓား၏ အရှိန်အဟုန်က ရပ်တန့်သွားပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။
ကောင်းကင်အောက်မှ စောင့်ကြည့်နေသော ကျင့်ကြံသူများအနေနှင့်အဆုံးမဲ့ ဓားစွမ်းအားတို့က ကြယ်များပေါ် ကျဆင်းလာပြီး ကြယ်များပေါ် အက်ကြောင်းများ ပေါ်ပေါက်လာစေသည်ကို မြင်တွေ့လိုက်ရသည်။ သို့သော် ကြယ်များက ပြိုကွဲမသွားခဲ့ဘဲ ဤကြောက်မက်ဖွယ် တိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပေသည်။
ဤခုခံကာကွယ်ရေးနည်းစနစ်က စီဝေ့မဟာအင်ပါယာ၏ သင်ကြားပေးမှုမှ ဆင်းသက်လာသည်လား။ အောက်ဘက်ရှိ လူအများက တွေးလိုက်ကြသည်။ စီဝေ့မဟာအင်ပါယာသည် ရှေးခေတ်ကာလ၌ အကျော်ကြားဆုံး မဟာအင်ပါယာများထဲမှ တစ်ပါးဖြစ်သည်။ သူသည် သူ့ခေတ်အခါ၌ အံ့ဖွယ်တစ်ပါး ဖြစ်ခဲ့သည်။ သူက မည်မျှ အစွမ်းထက်လိမ့်မည်နည်း။
ကောလာဟလများအရ စီဝေ့မဟာအင်ပါယာသည် ကြယ်ကောင်းကင်အတွင်းရှိ ကြယ်များအားလုံးကို ထိန်းချုပ်နိုင်သည်ဟု ဆိုသည်။ သူသည် ကြယ်ကမ္ဘာ၏ အုပ်ချုပ်သူတစ်ယောက် ဖြစ်သည်။ ထိုမျှ ထူးချွန်လှသည့် ပုဂ္ဂိုလ်မျိုးက သေချာပေါက် အစွမ်းထက်သော နည်းစနစ်ကို ကျင့်ကြံပေလိမ့်မည်။ သို့သော် ကျင့်ကြံသူများစွာသည် ယခင်က မည်သည့်အခါတွင်မှ မြင်ဖူးခဲ့ခြင်း မရှိပေ။ သူတို့သည် ရန်ဟောင်ချန်း တိုက်ခိုက်စဥ်အခါက ထိုသို့သော နည်းစနစ်မျိုးကို အရိပ်အမြွက်မျှသာ သိရှိခဲ့ခြင်း ဖြစ်သည်။
ယခု ရီဖူရှင်းသည် စီဝေ့မဟာအင်ပါယာထံမှ ဆက်ခံခဲ့ရသည့် စွမ်းအားကို ထုတ်လွှတ်လိုက်ပုံရသည်။ ဤနည်းစနစ်က မည်မျှ အစွမ်းထက်လိမ့်မည်နည်း။
ဤနည်းစနစ်၏ ခုခံကာကွယ်ရေး စွမ်းအားက သက်သေပင် ဖြစ်သည်။
စတုတ္ထမြောက်တိုက်ကွက်က တားဆီးခံခဲ့ရသည်။
ရှောင်းမုသည် အစက နောက်ထပ် တိုက်ကွက်နှစ်ခုနှင့်ဆိုလျှင် တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဟု တွေးထင်ထားခဲ့သည်။ ကံမကောင်းစွာနှင့် သူက မှားယွင်းခဲ့သည်။
ယခု သူက ခွန်အားများစွာ ကုန်ခမ်းနေပြီ ဖြစ်သည်။ ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်၌ တိုက်ကွက်တစ်ခုချင်းစီတိုင်းသည် အသုံးပြုသူကို ကြီးမားသော တန်ပြန်သက်ရောက်မှု ရှိစေသည်။ ရှောင်းမုက တိုက်ကွက်လေးခုကို ဖော်ထုတ်နိုင်စွမ်းရှိသည်ကပင် ထိတ်လန့်အံ့သြဖွယ် ဖြစ်နေပြီး ဖြစ်သည်။
ရှောင်းမုက ငါးကြိမ်မြောက် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ ငါးကြိမ်မြောက်တိုက်ခိုက်မှုက လေးကြိမ်မြောက်ထက် ပိုမို အစွမ်းထက်လှသည်။ အရှိန်အဟုန်က ပို၍ပင် အံ့သြထိတ်လန့်စရာ ကောင်းလှသည်။
ငါးကြိမ်မြောက် တိုက်ခိုက်မှုသည် ရီဖူရှင်း အနီးရှိ ကြယ်များစွာကို အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်။ ရီဖူရှင်း ရှေ့ရှိ ခုခံကာကွယ်ရေးအလင်းများက ထက်ခြမ်းခုတ်ပိုင်းခံလိုက်ရပြီးနောက် အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။ ရီဖူရှင်းက ငါးကြိမ်မြောက် တိုက်ခိုက်မှုကို တားဆီးရန် လုပ်ဆောင်လိုက်ဆသာ်လည်း ကြယ်များက ပြိုကျပျက်စီးလာသည်။ ၎င်းသည် အချိန်မရွေး ဖျက်ဆီးခံရတော့မလို ထင်မှတ်ရပေသည်။
ရှောင်းမုက ရီဖူရှင်းကို လျှော့တွက်ရဲခြင်း မရှိပေ။ သူ၏ အမြင်အရ ရီဖူရှင်းက စီဝေ့မဟာအင်ပါယာထံမှ ဆက်ခံရရှိခဲ့သော စွမ်းအားကို မထုတ်လွှတ်ခဲ့လျှင် ငါးကြိမ်မြောက် တိုက်ခိုက်ရာတွင် တိုက်ပွဲကို ကျိန်းသေ အဆုံးသတ်နိုင်ပေလိမ့်မည်။
ဤငါးကြိမ်မြောက် တိုက်ခိုက်မှုက အကြွင်းမဲ့လွှမ်းမိုးနိုင်စွမ်းရှိသော်လည်း ရီဖူရှင်းကို ရှုံးနိမ့်စေနိုင်ရန် မလုံလောက်သေးပေ။
ယခု ရှောင်းမုသည် တိုက်ခိုက်ရန် အလွန် အားအင်ကုန်ခမ်းနေပြီဟု ခံစားနေရသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်၏။ သူက နတ်ဆိုးကဲ့သို့ မျက်လုံးများနှင့် ရီဖူရှင်းကို ကြည့်နေခဲ့သည်။ ရှောင်းမုက ကြေညာလိုက်သည်။ "နောက်တိုက်ခိုက်မှုက တိုက်ပွဲအဆုံးသတ် ဖြစ်သင့်တယ်။"
သူက တိုက်ပွဲကို ဆက်လက်ရှည်ကြာနေရန် မလုပ်ဆောင်နိုင်တော့ပေ။ ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်က တိုက်ကွက်တစ်ခါ ထုတ်ဖော်တိုင်း သူ့ကို ကြီးစွာ ထိခိုက်စေသည်။ တိုက်ကွက်တစ်ခုစီတိုင်းက အလွန် အားကောင်းလှပြီး ယင်းတို့သည် အသုံးပြုသူ၏ များပြားလှသော ခွန်အားတို့ကို သုံးစွဲပေသည်။ ရှောင်းမုသည် ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ် အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်ရန် သူ၏ ခန္ဓာကိုယ်နှင့် စိတ်အခြေအနေကို ထိန်းသိမ်းထားရန် လိုအပ်သည်။
မဟုတ်လျှင် သူ့ တိုက်ခိုက်မှုက ကောင်းကင်နတ်ဆိုးခုတ်ချက်ကိုးသွယ်၏ အနှစ်သာရကို ဖော်ထုတ်နိုင်မည် မဟုတ်ပေ။ ၎င်း၏ စွမ်းအားကိုလည်း ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
ဘုန်း... ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါတို့က ရှောင်းမုကို လွမ်းခြုံလာသည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူများက ထိတ်လန့်တုန်လှုပ်စွာဖြင့် သူတို့၏ မျက်လုံးများကို ကျဥ်းမြောင်းလိုက်ကြသည်။ ရှောင်းမုက မည်သည်ကို လုပ်ရန် ရည်ရွယ်နေပါသနည်း။
သူက တိုက်ကွက်ကို သွေးရူးသွေးတန်း ထုတ်ဖော်ချင်နေသည်လား။
ရီဖူရှင်းက နေရာ၌ ရပ်နေဆဲ ဖြစ်သည်။ သူက ရှောင်းမုကို ဂရုမစိုက်စွာ ကြည့်လိုက်ပြီး အစွမ်းထက်လှသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ရှိနေခဲ့သည်။ သူ့ မျက်လုံးများထဲတွင် အကြွင်းမဲ့ ယုံကြည်ချက်တို့ဖြင့် တောက်ပနေခဲ့သည်။ သူက ရှောင်းမု၏ စွမ်းရည်အဆင့်ကို အနည်းနှင့်အများ သေချာနေပြီ ဖြစ်သည်။
ခန့်မှန်းရလျှင် ဆဋ္ဌမမြောက် တိုက်ကွက်က ရှောင်းမု၏ အကန့်အသတ် ဖြစ်နိုင်သည်။
ရှောင်းမုက ခုနစ်ကြိမ်မြောက် တိုက်ကွက်ကို ထုတ်ဖော်နိုင်လျှင် ရီဖူရှင်းကို ရှုံးနိမ့်စေရန် ဖြစ်နိုင်ပေသည်။ ရှောင်းမုက ရှစ်ကွက်မြောက်တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်လျှင် ရီဖူရှင်းက ကျိန်းသေ ရှုံးနိမ့်ရပေလိမ့်မည်။
ကံမကောင်းစွာနှင့် အကယ်၍ဆိုသည်က မရှိဘဲ ခြောက်ကြိမ်မြောက် တိုက်ကွက်က ရှောင်းမု၏ နောက်ဆုံးတိုက်ကွက် ဖြစ်လေသည်။
ရီဖူရှင်းသည် သူက ထိုခြောက်ကြိမ်မြောက်တိုက်ကွက်ကို တားဆီးနိုင်မည်ဟု ယုံကြည်ချက်ရှိပေသည်။
ထို့ပြင် ရီဖူရှင်းသည် ၎င်းကို တားဆီးရန် ရည်ရွယ်ရုံမျှမက ပြန်လည်တိုက်ခိုက်ဦးမည် ဖြစ်သည်။
ဘုန်း... ရှောင်းမု၏ ခန္ဓာကိုယ်က တဖြေးဖြေး ကြီးမားလာသည်။ သူသည် ကောင်းကင်ရှိ နတ်ဆိုးများနှင့် ပေါင်းစပ်ကာ သူ့ကိုယ်သူ နတ်ဆိုးအဖြစ် အသွင်ပြောင်းခဲ့သည်။ သူက လက်နှစ်ဖက်ထဲတွင် ဓားသွားကို ကျစ်ကျစ်ဆုပ်ကိုင်လိုက်သည်။ သူ၏ ဓားစွမ်းအားများက ပေါက်ကွဲထွက်လာသည့်အခါ ကြောက်မက်ဖွယ် အက်ကြောင်းတို့က လေဟာနယ်အတွင်း ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ရီဖူရှင်းက ခြိမ်းခြောက်မှုကို ခံစားပေသည်။
သူက နောက်ဆုံး၌ လှုပ်ရှားလိုက်၏။ ပုံရိပ်ယောင်တစ်ခုက ရီဖူရှင်း၏ ခန္ဓာကိုယ်ထက် ပေါ်ပေါက်လာသည်။ ပုံရိပ်ယောင်က ရီဖူရှင်းကိုယ်တိုင် ဖြစ်နေပုံရသည်။ ယင်းသည် နတ်အလင်းများနှင့် ဝန်းရံနေပြီး ပုံမှန်မဟုတ်သည့် သဘာဝဖြစ်စဥ်ကို ဖြစ်ပေါ်လာစေသည်။ ရီဖူရှင်းက ကြယ်စင်များမှ ဖြစ်တည်လာသော နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားပေသည်။ အဆုံးမဲ့ ကြယ်စင်နတ်အလင်းက သူ့ပေါ် တောက်ပလာသည်။ ကြယ်စင်များက သူ့ခန္ဓာကိုယ်ကို ဗဟိုပြုပြီး ခြိမ်းခြောက်နိုင်စွမ်းသည့် စွမ်းအားများကို ထုတ်လွှတ်နေသည်။
တောက်ပသည့် နတ်အလင်းရောင်စဥ်များက တောက်ပလာခဲ့၏။ ဓားတစ်လက်က ရီဖူရှင်း ရှေ့တွင် ပေါ်ပေါက်လာသည်။ ရီဖူရှင်း အနီးဝန်းကျင်ရှိ နတ်စွမ်းအားများက ဓားဆီသို့ တိုးဝင်သွားခဲ့ပြီး ဆက်လက်၍ ကျယ်ပြန့်လာနေသည်။ ယင်းက တဖြေးဖြေး ကြီးမားလာကာ စစ်မှန်သော ကြယ်စင်နတ်ဓားအဖြစ် ပြောင်းလဲသွားလေသည်။
ရှောင်းမုက ခုတ်ပိုင်းလိုက်သည်။ ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်မှ ခြောက်ခုမြောက်တိုက်ကွက်က ကောင်းကင်ကို မှောင်မိုက်လာစေပြီး ရီဖူရှင်းထံသို့ တစ်ရှိန်ထိုး တိုးဝင်လာသည်။ ၎င်းက သတ်ဖြတ်ခြင်းနတ်ဘုရားများပင် ဖြစ်နိုင်သည်။ တစ်ချိန်တည်းတွင် ရီဖူရှင်းဘေးမှ ကြယ်များက တစ်ခုတည်း ဖြစ်လာပြီး အဆုံးမဲ့ ကြယ်အလင်းများအဖြစ် တစ်ခုတည်း ပေါင်းစည်းကာ ဓားအတွင်း တိုးဝင်လာသည်။ ရီဖူရှင်းက သူ့လက်ကို မြှောက်ကာ ဓားကို ရှေ့သို့ ထိုးဖောက်လိုက်သည်။ နတ်ဓားနှင့် နတ်ဆိုးဓားတို့က ထိပ်တိုက်တွေ့ဆုံသွားခဲ့၏။
ဘုန်း... ယင်းက လောကတစ်ခုလုံးကို ပြိုကျပျက်စီးသွားစေတော့မလို ထင်မှတ်ရသည်။ နတ်ဓားမှလွဲ၍ များပြားလှသော ကြယ်များက အက်ကွဲကာ အပိုင်းအစများအဖြစ် ဖျက်ဆီးခံလိုက်ရသည်။ နတ်ဆိုးဓား၏ စွမ်းအားကို ခံနိုင်ရန် ကြယ်စင်နတ်ဓားကို ကြယ်များက ဝန်းရံထားသည်။
အခြားတစ်ဖက်တွင် နတ်ဆိုးဓားက ပြင်းထန်စွာ တုန်ယင်နေခဲ့၏။ ၎င်းသည် ပြိုင်ဘက်ကင်းစွမ်းအားကိုတောင့်ခံနေပုံရလေသည်။
တစ်ခုပြီး တစ်ခုသော ကြယ်များက အက်ကွဲကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သည်။ သို့သော် ကြယ်စင်နတ်ဓားပေါ်မှ နတ်အလင်းတို့က ပို၍ တောက်ပလာသည်။ ယင်းသည် အရာအားလုံးကို ဖိနှိပ်နိုင်သည်။ ၎င်းသည် လမ်းတလျှောက် အရာအားလုံးကို ဖိနှိပ်နိုင်ခဲ့ပြီး နတ်ဆိုးဓားသွား၌ အက်ကြောင်းများ စတင် ဖြစ်ပေါ်လာသည်။
ဘန်း... အက်ကြောင်းများက နတ်ဆိုးဓားသွားပေါ်တွင် စတင် ပေါ်ပေါက်လာသည်နှင့် ရှောင်းမုက ညည်းညူလိုက်သည်။ သူ့မျက်နှာက ဖြူဖျော့နေခဲ့သည်။ သူက ကောင်းကင်နတ်ဆိုး ခုတ်ချက်ကိုးသွယ်မှ ခြောက်ကြိမ်မြောက် တိုက်ကွက်ကို ထုတ်ဖော်ခဲ့သော်လည်း ရီဖူရှင်းအား အနိုင်ယူနိုင်ခြင်း မရှိခဲ့ပေ။
ဓားနှစ်လက်လုံးက အချင်းချင်း ဖျက်ဆီးပစ်လိုက်ကြသည်။ တစ်လက်ပြီးတစ်လက် အပိုင်းပိုင်း ကွဲကြေသွားခဲ့ကြ၏။
ရီဖူရှင်းက ရှောင်းမုကို ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျား ဒီနေ့ ခုနစ်ကြိမ်မြောက် တိုက်ကွက်ကို ထုတ်ဖော်နိုင်ရင် ရှုံးနိမ့်တဲ့လူက ကျုပ် ဖြစ်လိမ့်မယ်။" သူက ရပ်နေဆဲ ဖြစ်ပြီး သူ့အသံက တည်ငြိမ်နေသည်။ တိုက်ပွဲ၏ အနိုင်ရသူကို ဆုံးဖြတ်ပြီးသကဲ့သို့ပင် ဖြစ်သည်။
သူတို့နှစ်ယောက်ကြားမှ တိုက်ခိုက်မှုတွင် အမှန်တကယ် အနိုင်ရသူကို ဆုံးဖြတ်ပြီးသား ဖြစ်သည်။ အနည်းဆုံး ရီဖူရှင်းက မှန်းဆပြီး ဖြစ်သည်။ ဤတိုက်ပွဲ ဆက်သွားမသွားဟူသည်မှာ ရှောင်းမုပေါ်တွင် မူတည်နေသည်။ သူတို့က ဆက်လက်တိုက်ခိုက်လျှင် ရှောင်းမုက ခုနစ်ကြိမ်မြောက် တိုက်ကွက်ကို မထုတ်ဖော်နိုင်သရွေ့ ရလဒ်က ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
ရှောင်းမုက လေထဲတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူ၏ နတ်ဆိုးစွမ်းအားများက ယခင်ကကဲ့သို့ အားကောင်းမနေတော့ပေ။ သူက ရီဖူရှင်းကို ကြည့်လိုက်ပြီး ထိုစကားအား မငြင်းဆန်ခဲ့ချေ။ သူက ရီဖူရှင်း၏ စကားကို တိတ်တဆိတ် သဘောတူနေသလိုပင် ဖြစ်၏။ ခြောက်ကြိမ်မြောက် တိုက်ကွက်၌ပင် ရီဖူရှင်း မရှုံးနိမ့်ရခြင်းမှာ ရှောင်းမုက ရှုံးနိမ့်သွားပြီဟု ဆိုလိုပေသည်။
ရှောင်းမုသည် ခုနစ်ကြိမ်မြောက် တိုက်ကွက်ကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။ သူက ထိုတိုက်ကွက်ကို ထုတ်ဖော်နိုင်လျှင် ရှုံးနိမ့်သူက ရီဖူရှင်း ဖြစ်မည်မှာ သေချာပေသည်။ ရီဖူရှင်းသည်ပင် ၎င်းကို ဝန်ခံခဲ့လေသည်။