← Chapters

နတ်ဆိုးလောက၏ လျှို့ဝှက်ချက်

Vol. 163 Ch. 2317

နတ်ဆိုးလောက၏ လျှို့ဝှက်ချက်

Vol. 163 Ch. 2317

တိုက်ပွဲ၏ ရလဒ်က ဆုံးဖြတ်ပြီး ဖြစ်သည်။

အောက်ဘက်ရှိ နတ်ဆိုးလောကမှ ကျင့်ကြံသူများသည် သူတို့မြင်တွေ့နေရသော ထိုမြင်ကွင်းကြောင့် အတော်လေး ရတက်မအေး ဖြစ်နေကြသည်။ ရှောင်းမုက အမှန်တကယ် ရှုံးနိမ့်ခဲ့ရပေသည်။

ကောင်းကင်နတ်ဆိုး ခုတ်ချက်ကိုးသွယ်၏ ခြောက်ကြိမ်မြောက် တိုက်ကွက်သည်ပင် ရီဖူရှင်းကို မလှုပ်ခတ်စေနိုင်ပေ။ ၎င်းက တားဆီးခံလိုက်ရသည်။ ရီဖူရှင်းက မဟာအင်ပါယာရှန်ကျားနှင့် စီဝေ့မဟာအင်ပါယာတို့ ထံမှ ဆက်ခံထားသည့် စွမ်းအားကို ထုတ်ဖော်ပြီးနောက် အဆင့်ရှစ်ရန်ဟောင်ဖြစ်သော ရှောင်းမုသည်ပင် သူ့ကို ထိပါးနိုင်ခြင်း မရှိခဲ့ပေ။

ဤတိုက်ခိုက်မှုပြီးသည့်နောက် ရှောင်းမုသည် အားအင်ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်နတ်ဆိုးခုတ်ချက်ကိုးသွယ်မှ ခြောက်ကြိမ်မြောက် တိုက်ကွက်ကို ဖော်ထုတ်ပြီးနောက် သူ၏ ခွန်အားများက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် မတိုင်ခင်က အထွတ်အထိပ် အခြေအနေ၌ ရှိနေခဲ့ပြီး ဖြစ်သည်။ သို့သော် တိုက်ခိုက်ပြီးနောက် သူက အားနည်းကာ ပင်ပန်းနွမ်းနယ်သွားခဲ့သည်။ ထို့ပြင် သူ၏ နတ်ဆိုးဓားက ရီဖူရှင်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။

သို့သော် ရီဖူရှင်းကို များစွာ သက်ရောက်ခြင်း မရှိခဲ့ပေ။ ယခု သူက ကောင်းမွန်သော အခြေအနေ၌ ရှိနေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နတ်အလင်းတို့နှင့် တောက်ပနေသည်။ တောက်ပသည့် နတ်အလင်းရောင်ဝါတို့က သူ့ခန္ဓာကိုယ်မှ တောက်ပလာသည်။ ၎င်းက ပြိုင်ဘက်ကင်းပင် ဖြစ်သည်။ သူသည် တိုက်ခိုက်မှုကို အချိန်မရွေး ထပ်မံထုတ်ဖော်နိုင်သကဲ့သို့ ရှိပေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးက ဤတိုက်ပွဲ၏ ရလဒ်ကို သိရှိပြီး ဖြစ်သည်။ ဆက်လက်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။ ရှောင်းမုက ရှုံးနိမ့်သွားပြီ ဖြစ်သည်။

ကောင်းကင်အာဏာစက်ဘုံမှ ထိုလူငယ်အုပ်ချုပ်သူက အမှန်တကယ် ထိုမျှ အားကောင်းလှသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက စိတ်သက်သာရာရစွာ သက်မချလိုက်သည်။ သူတို့သည်လည်း စိတ်လှုပ်ရှားနေကြသည်။ ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်ဖြစ်ပြီး သူ့ထက် ကျင့်ကြံဆင့်မြင့်သော ရှောင်းမုကိုပင် ရှုံးနိမ့်စေနိုင်ခဲ့သည်။ ဘုံအသီးသီးအတွင်း ရီဖူရှင်းနှင့် အဆင့်တူသော လူများထဲတွင် သူ့ကို ယှဥ်ပြိုင်နိုင်သူအား ရှာဖွေရန် ခက်ခဲပေလိမ့်မည်။ ထိုသို့သော သူမျိုးရှိလျှင်ပင် များများစားစား ရှိလိမ့်မည်မဟုတ်ပေ။ ထိုသို့သော သူတို့က အမှန်တကယ်ပင် ရှားပါးလှသော မျိုးစိတ်များဖြစ်ကြပြီး အထွတ်အထိပ်တွင် ရပ်တည်နိုင်မည့် ပါရမီရှင်များ ဖြစ်ကြသည်။

သူတို့က ရီဖူရှင်း၏ ကြီးထွားလာမှုကို ပို၍ပင် စောင့်မျှော်နေကြသည်။ သူက ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်သောအခါ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို တွေ့ကြုံခံစားရမည်ဖြစ်ပြီး ထိုနေ့ရက်က မည်မျှ ခမ်းနားထည်ဝါလိမ့်မည်နည်း။

မူလဘုံ၏ အုပ်ချုပ်သူက အမှန်တကယ်ပင် အမျိုးမျိူးသော ဘုံများမှ ကျင့်ကြံသူတို့ကို ထိတ်လန့်တုန်လှုပ်စေနိုင်သည်။ မူလဘုံအတွင်း ကျူးကျော်ရဲသူ မည်သူမှ ရှိလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းက မူလဘုံ၏ အကြွင်းမဲ့ အုပ်ချုပ်သူ ဖြစ်လာပေလိမ့်မည် ဖြစ်သည်။

အဝေးရှိ စားသောက်ဆိုင်တွင် မေ့ထန်က အရက်ခွက်ကို မြှောက်ကာ သောက်လိုက်သည်။ တိုက်ပွဲမစတင်ခင် မည်သူက အနိုင်ရသူအဖြစ် ပေါ်ထွက်လာလိမ့်မည်ကို သူမသိခဲ့ပေ။ သူသည်လည်း ထိုတိုက်ပွဲကို အလွန် စိတ်ဝင်စားနေခဲ့သည်။ ယခု တိုက်ပွဲပြီးဆုံးသွားပြီးနောက် သူသည် ရီဖူရှင်း၏ တိုက်ပွဲစွမ်းရည်ကို နားလည်လာပုံရသည်။ မေ့ထန်အတွက် ရှောင်းမုသည် ရီဖူရှင်း၏ စွမ်းရည်ကို စမ်းသပ်နိုင်ရန်အတွက် ကောင်းမွန်သော ပြိုင်ဘက် ဖြစ်ပေသည်။

ထိုပုဂ္ဂိုလ်က ရီဖူရှင်းကို ထိုအဆင့်ထိ လေ့ကျင့်ပေးခဲ့သည်လား။

၎င်းက ဖြစ်နိုင်ချေမရှိပေ။ ထိုပုဂ္ဂိုလ်၌ ထိုသို့လုပ်ရန် အချိန်မရှိချေ။ ယူချင်းထံမှ မေ့ထန်သိရသလောက် ရီဖူရှင်း ဖော်ထုတ်ပြသခဲ့သော စွမ်းရည်များမှာ ထိုပုဂ္ဂိုလ်နှင့် ဆက်နွယ်မှု မရှိပေ။ ယူချင်းအတွက်ပင် ထိုပုဂ္ဂိုလ်သည် နတ်ဆိုးပညာရပ်တစ်စုံကို လက်ဆင့်ကမ်းပေးခဲ့ရုံမျှသာ ဖြစ်သည်။

ထို့ကြောင့် ရီဖူရှင်း၏ အောင်မြင်မှုများက သူတွေ့ကြုံခဲ့ရသည့် ကံကြမ္မာအခွင့်အလမ်းများနှင့် သက်ဆိုင်နေပေလိမ့်မည်။ ကံကောင်းခြင်းအပြင် များပြားလှသော အခွင့်အလမ်းများ ရရှိခဲ့ပြီး သူ၏ ကျင့်ကြံခြင်းက ဤမျှ တိုးတက်လာခြင်းမှ အစကတည်းက သူ့တွင် ထူးချွန်ပြောင်မြောက်သော အရည်အချင်းများ ရှိနေခဲ့သည်ဟု ဆိုလိုသည်။ သူက အလွန် အရည်အချင်း ရှိလှသည်။ သူ၏ သရုပ်မှန်က ယခုထက် ပို၍ပင် လျှို့ဝှက်နက်နဲပေလိမ့်မည်။

"သွားကြစို့။" ရှောင်းမုက ပြောလိုက်သည်။ ထို့နောက် သူက ကောင်းကင်သို့ ပျံတက်ကာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထွက်ခွာသွားပေသည်။ သူက အနည်းငယ် အားနည်းနေခဲ့သည်။ ထို့ပြင် သူက ရှုံးနိမ့်သွားပြီ ဖြစ်သည့်အတွက် ဆက်နေနေခြင်းက အဓိပ္ပာယ်မဲ့နေပေလိမ့်မည်။

နတ်ဆိုးလောကမှ ထိပ်သီးပုဂ္ဂိုလ်များက ရီဖူရှင်းကို လေးနက်စွာ ကြည့်လိုက်ကြသည်။ ထို့နောက် တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်သို့ ပျံတက်သွားကြ၏။ တိမ်များကို ဖြတ်သန်းသွားပြီး သူတို့က ရှောင်းမုနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားကြပေသည်။ မကြာခင်၌ ထိုလူစုက မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။ နတ်ဆိုးအရှိန်အဝါ တစ်စွန်းတစ်စသာ ကောင်းကင်၌ ကျန်ရစ်ခဲ့သည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ထိုနတ်ဆိုးကျင့်ကြံသူများ ထွက်သွားပြီးနောက်မှသာ စိတ်သက်ရာရစွာ သက်ပြင်းချလိုက်သည်။ ထိုလူများ၏ ပြင်းထန်သော ဖိအားက သူတို့ပေါ် သက်ရောက်ခဲ့ကြသည်။ နတ်ဆိုးကျင့်ကြံသူများ ရှိနေစဥ် ရန်ဟောင်ချန်းသည်ပင် တစ်ချိန်လုံး သတိထားနေခဲ့ရသည်။ နတ်ဆိုးလောကမှ လူများက သူတို့ကို အစပျိုး တိုက်ခိုက်လာလျှင် သူတို့အတွက် အန္တရာယ်များလာပေလိမ့်မည်။ မည်သူကမှ ဂရုမစိုက်ဘဲ မလှုပ်ရှားရဲကြပေ။ အဆုံးမှာတော့ ရောက်လာကြသူများက နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများ ဖြစ်လေသည်။

ကံကောင်းစွာနှင့် ထိုဖိအားအရင်းအမြစ်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။ နတ်ဆိုးကျင့်ကြံသူများ ထွက်ခွာသွားခြင်းက ထိုအရေးအခင်း ပြီးဆုံးသွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။

ရီဖူရှင်းက နတ်ဆိုးကျင့်ကြံသူများ ပျောက်ကွယ်သွားရာဘက်သို့ ကြည့်နေခဲ့သည်။ သူက တည်ငြိမ်နေပြီး တိုက်ပွဲအနိုင်ရခဲ့သည့်အတွက် မည်သည့် ပျော်ရွှင်မှုမှ ရှိမနေပေ။ တိုက်ပွဲအတွင်း သူက နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်ထံမှ ထုတ်လွှတ်သော ပြင်းထန်သည့် ဖိအားကို ခံစားမိပေသည်။ ၎င်းသည် ရီဖူရှင်းအတွက် ပထမဆုံးအကြိမ် သူနှင့် ခန္ဓာခွန်အားချည်း ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်က သူ့ကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။ ခုနစ်ကြိမ်မြောက် တိုက်ကွက်နှင့် ရှစ်ကြိမ်မြောက် တိုက်ကွက်တို့ကို ထုတ်ဖော်နိုင်သည့် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်တစ်ယောက် ရှိနေခဲ့လျှင် မည်သည်တို့ ဖြစ်လိမ့်မည်နည်း။

ရီဖူရှင်းသည် သူ့ကိုယ်သူ ကာကွယ်ရန် ထိုသို့သော လူမျိုးကို မည်သို့ ဆန့်ကျင်နိုင်ပါမည်နည်း။

နတ်ဆိုးအင်ပါယာကိုယ်တိုင်က မည်သို့ ဖြစ်လိမ့်မည်နည်း။ ထိုသူက မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လိမ့်မည်နည်း။

"ရန်ဟောင်ရီက တကယ့်ကို ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ပါပဲ။ အဆင့်ရှစ်ကျင့်ကြံခြင်းနဲ့ နတ်ဆိုးအင်ပါယာရဲ့ တပည့်တောင် ခင်ဗျားကို ရှုံးသွားရတယ်။" စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူတစ်ယောက်က ရီဖူရှင်းကို ပြောလိုက်သည်။ ထိုကျင့်ကြံသူက သူ့ကို အလွန် အထင်ကြီး လေးစားနေပေသည်။ ကျင့်ကြံသူများ၏ ဆန္ဒမှာ ရီဖူရှင်းနှင့် ခင်မင်ရင်းနှီးမှု ပိုမိုအားကောင်းလာစေရန် ဖြစ်သည်။ ဤတိုက်ပွဲသည် ရီဖူရှင်း၏ ပါရမီကို ထပ်မံ အတည်ပြုစေခဲ့သည်။ သူသည် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့်ကိုပင် အနိုင်ယူနိုင်စွမ်း ရှိခဲ့သည့် ထူးခြားသော အရည်အချင်းရှိသူ ဖြစ်သည်။ ကောင်းကင်ဒေသအတွင်း လူအနည်းငယ်သာလျှင် ရီဖူရှင်းကို ယှဥ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

"ကံကောင်းတယ်။ သူသာ သတ္တမမြောက် တိုက်ကွက်ကို ကျွမ်းကျင်ခဲ့ရင် သူ့ရဲ့ တိုက်ခိုက်မှုကို တောင့်ခံနိုင်လိမ့်မှာ မဟုတ်ဘူး။" ရီဖူရှင်းက နှိမ့်ချစွာ ပြောလိုက်သည်။ "စီနီယာတို့ နတ်ဆိုးအင်ပါယာအကြောင်း တစ်ခုခုများ သိထားကြသေးလား။ သူက ဘယ်လိုလူမျိုးလဲ။"

"လက်ရှိနတ်ဆိုးအင်ပါယာက နတ်ဆိုးလောကရဲ့ သက်ရှိဒဏ္ဍာရီတစ်ပါးပဲ။ သူက အရှင်ဒွန်ဟောင်မတိုင်ခင်ကတည်းက ကျော်ကြားခဲ့တာ။ အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကို မစုစည်းခင်ကတည်းက နတ်ဆိုးအင်ပါယာက နတ်ဆိုးလောကထဲမှာ နတ်ဆိုးတွေ ပရမ်းပတာတိုက်ခိုက်နေကြတဲ့ခေတ်ကို အဆုံးသတ်ခဲ့ပြီး ဖြစ်တယ်။ သူက နတ်ဆိုးလောကတစ်ခုလုံးကို စုစည်းခဲ့တယ်။ လူတွေ ပြောကြတာတော့ သူ့ကို ယှဥ်နိုင်တဲ့ သူမျိုး ဘယ်သူမှ ရှိမှာမဟုတ်ဘူးတဲ့။ သူက ရှေးခေတ်နတ်ဆိုးအင်ပါယာတွေရဲ့ ဂုဏ်သရေကို ဆက်ခံနိုင်ခဲ့ရုံသာမရဘဲ ပိုပြီး မြင့်မားတဲ့ အဆင့်ကိုတောင် ပို့ဆောင်နိုင်ခဲ့တယ်တဲ့။"

"ပိုပြီးမြင့်မားတဲ့အဆင့်လား။" ရီဖူရှင်း၏ နှလုံးသားက တုန်ယင်သွားပြီး မေးလိုက်သည်။

"အင်း။" စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကျုပ်ကြားတာတော့ သူ အရင်က အဲဒီလိုလုပ်ဖို့ကြိုးစားခဲ့တာတဲ့။

ရီဖူရှင်း၏ နှလုံးသားက ခုန်ပေါက်နေခဲ့သည်။ နတ်ဆိုးလောကကို စုစည်းပြီးနောက် နတ်ဆိုးအင်ပါယာက ပိုပြီးမြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရန် မြှင့်တင်ချင်ခဲ့သည်။ ရီဖူရှင်းက ၎င်း၏ ဆိုလိုရင်းကို နားလည်သဘောပေါက်ပေသည်။ နတ်ဆိုးအင်ပါယာသည် အခြားဘုံများကို အုပ်စိုးရန် ကြိုးစားချင်ပြီး ၎င်းတို့အားလုံးကို သူ့လက်အောက်သို့ သိမ်းသွင်းချင်ခဲ့သည်။

သူသည် ယခင်ကပင် ထိုသို့ပြုလုပ်ရန် ကြိုးစားခဲ့သည်။

ယခင်က မည်သည်တို့ ဖြစ်ခဲ့သနည်း။

"နတ်ဆိုးအင်ပါယာရဲ့ ဘေးမှာ သူနဲ့ အရမ်းရင်းနှီးပြီး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ ရှိလား။" ရီဖူရှင်းက မေးလိုက်သည်။

စုန့်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက နက်နဲသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ သူက ပြောလိုက်၏။ "ကျုပ် လျှို့ဝှက်ချက်တစ်ခု ကြားထားပေမယ့် အဲဒါက တကယ် အမှန် ဟုတ်မဟုတ်တော့ မသိဘူး။ ဒီကိစ္စက လူအများကြီး မသိကြဘူးလေ။ ထိပ်သီးအင်အားစုတွေ ကြားမှာတောင် ဒါက ကောလာဟလတစ်ခုပဲ။ အဲဒါကို အတိအကျ အတည်ပြုဖို့ မဖြစ်နိုင်ဘူး။"

"ဘာလျှို့ဝှက်ချက်လဲ။" ရီဖူရှင်းက မေးလိုက်သည်။

စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူက ဆက်ပြောလိုက်သည်။ "အရင်တုန်းက နတ်ဆိုးလောကမှာ အထူးချွန်ဆုံး ပုဂ္ဂိုလ်နှစ်​ယောက် ရှိခဲ့တာတဲ့။ နတ်ဆိုးအင်ပါယာ တစ်ယောက်တည်း မဟုတ်ဘူး။ သူ့မှာ ညီအစ်ကိုတစ်ယောက် ရှိတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီညီအစ်ကိုက အစအနမကျန်အောင် ပျောက်ကွယ်သွားတယ်။ ပြောကြတာတော့ သူက နတ်ဆိုးအင်ပါယာကို သစ္စာဖောက်သွားတာတဲ့။ တချို့က ပြောတာတော့ သူက နတ်ဆိုးအင်ပါယာရဲ့ လက်ထဲမှာ သေသွားတာဆိုပဲ။ နတ်ဆိုးလောကမှာ အုပ်ချုပ်သူက တစ်ယောက်ပဲ ရှိနိုင်တယ်လေ။"

ဤစကားများက ရီဖူရှင်း၏ နှလုံးသားကို ပို၍ မြန်ဆန်လာစေသည်။

သူသည် မကြာခင် အမှန်တရားနှင့် နီးကပ်လာတော့မလို ထင်မှတ်ရသည်။

စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူများပင် ထိုအကြောင်းကို အနည်းငယ်သာ သိကြသည်။ သူတို့သည်လည်း ကောလာဟလများအဖြစ်သာ သိကြပြီး သတင်းအချက်အလက်ကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

နတ်ဆိုးအင်ပါယာ၏ ညီအစ်ကိုလား။

သို့ဆိုလျှင် ယူချင်း၏ အဆင့်အတန်းက မည်သို့ ဖြစ်နိုင်သနည်း။

တစ်ဖက်လူပြောခဲ့သည့် စကားက အမှန်သာ ဖြစ်လျှင် နတ်ဆိုးအင်ပါယာ၏ ညီအစ်ကိုက မသေသေးဘဲ အမြဲ ယူချင်းဘေး၌ ရှိနေခဲ့ခြင်း ဖြစ်သည်။ သူက တဖြေးဖြေး အထီးကျန်ကာ အားနည်းသည့် အဘိုးအို တစ်ယောက် ဖြစ်လာခဲ့ပြီး သူ၏ အဆင့်အတန်းနှင့် သူက မည်သူဖြစ်ကြောင်း မည်သူမှ မသိတော့ပေ။

သို့သော် ထိုမျှ ကြောက်မက်ဖွယ် ပုဂ္ဂိုလ်က မည်သည့်အတွက်ကြောင့် အစေခံ ဖြစ်လိမ့်မည်နည်း။

ရီဖူရှင်းသည် ထိုဇာတ်လမ်း၏ နောက်ကွယ်၌ မည်သည်တို့ ရှိနေကြောင်း မသိခဲ့ပေ။ ထိုလူက နတ်ဆိုးအင်ပါယာ၏ ညီအစ်ကို ဟုတ်မဟုတ်ဆိုသည့် သတင်းအချက်အလက်က မှန်ကန်သလား ဆိုသည်ကိုလည်း သေချာမသိပါချေ။

All Chapters