အလှတရားရဲ့ည (၂)
Vol. 6 Ch. 11
ဖလေရာက ပတ်ဝန်းကျင်က စားပွဲဝိုင်းတွေကို ကြည့်လိုက်တယ်။ အပေါ်ထပ်မှာ လူသိပ်မများဘူးဆိုပေမဲ့ အခုလိုအရေးကြီးကိစ္စမျိုးကို လူကြားထဲ ဆွေးနွေးတာက သိပ်တော့မကောင်းဘူး။
မက်ဒါနာလည်း ဖရာလီတာစိုးရိမ်နေတာ တွေ့တဲ့အတွက်ကြောင့် အေမီကို အမိန့်ပေးလိုက်တယ်။ "အေမီ၊ ဘေးပတ်ဝန်းကျင်ကို စောင့်ကြည့်ထား။ မသင်္ကါစရာတွေ့ရင် ငါ့ကိုပြော။"
အဲဒီနောက် မက်ဒါနာက ဖလေရာကိုကြည့်လိုက်ပြီး ပြောလိုက်တယ်။ "အဲဒီနေ့က နင်ဝါရှင်တန်မှာ ရှိနေခဲ့တာမဟုတ်လား။"
ဖလေရာ သူ့ကိုဖုန်းဆက်ကတည်းက မက်ဒါနာစဥ်းစားနေတာကြာပြီ။ ဖလေရာက သူ့ကိုဝါရှင်တန်မှာ တွေ့လိုက်တယ်ဆိုပြီးပြောတာ၊ သတင်းထဲပါလာလို့ သိတာဆိုပြီး ပြောတာမဟုတ်ဘူး။ တစ်နည်းအားဖြင့် ဝါရှင်တန်မှာ မစ်ရှင်လုပ်နေတဲ့ အေမီကို ဖလေရာကိုယ်တိုင်တွေ့လာတာ။
"တိုက်ဆိုင်တယ်လို့ ပြောရအောင်လည်း နင့်မှာ ဝါရှင်တန်ကို သွားစရာအကြောင်းမရှိဘူး။ ဒါကြောင့် တိုက်ခိုက်မှုနောက်ကွယ်မှာ နင်ရှိနေတာပဲဖြစ်ရမယ်။"
ဖလေရာရဲ့မျက်နှာပေါ်က အပြုံးရပ်တန့်သွားတယ်။ဖလေရာက သူ့လက်ထဲမှာရှိနေတဲ့ ဝိုင်ခွက်ကို လှုပ်ခါရင်း ယိမ်းထိုးနေတဲ့ ဝိုင်နီမျက်နှာပြင်ကို စိုက်ကြည့်နေတယ်။ အတော်ကြာမှ...
"အမေရိကရဲ့အခြေအနေက ဘယ်လောက်ထိဆိုးဝါးနေပြီလဲ နင်သိလား။ အရင်တစ်ပတ်က အသက်ငါးနှစ်အရွယ် ကလေးလေးတစ်ယောက် မတော်တဆ စွမ်းအားထုတ်သုံးမိလို့ ထောင်သုံးနှစ်ကျသွားတယ်။"
မက်ဒါနာ ပြန်စဥ်းစားကြည့်လိုက်တယ်။ ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို တကယ်ပဲထောင်ချလို့ရရဲ့လား။ ဆယ်ကျော်သက်တွေတောင် အများဆုံးမှ လူငယ်ထိန်းသိမ်းရေးစခန်းပဲ ရောက်ကြတာပါ။
ဖလေရာက ခေါင်းကိုခါယမ်းလိုက်တယ်။ စီအီးအိုမိန်းကလေးရဲ့ဆံပင်တွေက ညမီးရောင်အောက်မှာ ယိမ်းထိုးနေတယ်။
"ဥပဒေအသစ်အရ မြူတန့်တွေကို လူသားလို့မသတ်မှတ်ဘူး။ ဒါကြောင့် လူ့အခွင့်အရေးဥပဒေရဲ့အကာအကွယ်တွေ ရှိမှာမဟုတ်ဘူး။"
ဖလေရာက စကားကိုအဆုံးသတ်လိုက်ပြီး ဝိုင်ကိုမော့သောက်လိုက်တယ်။ အဲဒီနောက် မက်ဒါနာကို ကြည့်လိုက်ပြီး...
"နင်ပြန်ရောက်လာတာကို ငါဝမ်းသာတယ်သိလား။ ငါက သူတို့ကိုကူညီချင်ပေမဲ့ ထိထိရောက်ရောက် ကူညီလို့မရဘူး။ ငါ့အဖိုးရဲ့ဝတ်စုံကို ငါပိုင်မှန်း သူတို့တွေသိကြတယ်။ တစ်ခုခုမှားတာနဲ့ ငါမှန်းသူတို့တွေ တန်းသိလိမ့်မယ်။"
မက်တယ်ပလာဒင်ဝတ်စုံက အတော်လေးစွမ်းအားကြီးတယ်ဆိုပေမဲ့ မက်တယ်ပလာဒင်က ဖလေရာဆိုတာ အစိုးရက သိနေတယ်။ Silver Knightက ဆုဗာနာမင်းသမီးပိုင်မှန်း မြူတန့်ဌာနစိတ်က သိနိုင်တယ်ဆိုပေမဲ့ လောလောဆယ် မက်ဒါနာက ပေါ်လီယာနာဖြစ်နေတာလေ။
"နင်အပြစ်ရှိသလို ခံစားနေရတာလား။" မက်ဒါနာ မေးလိုက်တယ်။ ဖလေရာရဲ့မျက်ဝန်းတွေထဲမှာ နာကျင်မှုကို အလွယ်တကူမြင်နိုင်တယ်။
ကပ္ပတိန်စတိတ်မန်း သေသွားပြီ၊ ပြီးတော့ ဒီစီမှာ ဖလေရာရှိနေခဲ့တယ်။ ပြောရရင် ဖလေရာရှေ့မှာ စတိတ်မန်းသေသွားတာ။ မက်ဒါနာကလည်း သိချင်စိတ်နဲ့ မေးလိုက်တယ်။
"ပြောခါမှ၊ နတ်ဘုရားအသံတွေက အစည်းအရုံးကို ကူညီနေတာမဟုတ်ဘူးလား။ အဲဒီနေ့က ဘာလို့ယာမီထွက်မလာတာလဲ။"
ယာမီက လောလောဆယ် ဆိုဖီယာအဖွဲ့ကို ဦးဆောင်တဲ့သူပါ။ ဟီးရိုးအစည်းအရုံးကို ကယ်ဆယ်ဖူးသေးတယ်။ ဒါပေမဲ့ ဝါရှင်တန်ကိစ္စမှာ သူပေါ်မလာဘူး။
ဖလေရာက မက်ဒါနာရဲ့မေးခွန်းကိုကြားတော့ ပြန်ဖြေတယ်။ "အခုတလော ယာမီပျောက်နေတယ် မက်ဒါနာ။ သူ့သံသယတွေကို အတည်ပြုဖို့ဆိုပြီး ထွက်သွားတာပဲ၊ ဒါပေမဲ့ ဟိုသုံးကောင်တောင် သူဘယ်မှာလဲမသိဘူး။"
သဘောက ယာမီက အဖွဲ့နဲ့ကွဲထွက်နေပြီး တစ်ယောက်တည်းလှုပ်ရှားနေရာကနေ ပြန်မလာတော့ဘူး ဖြစ်နေတာပေါ့။ ဖလေရာက မက်ဒါနာရဲ့မျက်နှာပေါ်က စိတ်ရှုပ်နေတဲ့ အမူအရာကိုတွေ့တော့ ပြောလိုက်တယ်။
"ဒါကြောင့် ငါ့မှာအားကိုးစရာဆိုလို့ နင်ပဲရှိတော့တယ်။" ဖလေရာပြောလိုက်တော့ မက်ဒါနာက ခေါင်းညိတ်ပြတယ်။ အဲဒီနောက်...
"ကောင်းပြီလေ၊ ငါလည်း ကျောင်းပညာရေးပြပွဲအတွက် အလုပ်ရှုပ်နေတာဆိုပေမဲ့ အဲဒီကိစ္စပြီးရင် နင်နဲ့လိုက်ခဲ့မယ်လေ။"
"ကောင်းတယ်။" ဖလေရာလည်း စိတ်ချသွားဟန်နဲ့ သက်ပြင်းချလိုက်တယ်။ မက်ဒါနာ တစ်ခုခုထပ်ပြောချင်သေးတဲ့အတွက် ပါးစပ်ကို ဟလိုက်ပေမဲ့ အေမီက ပခုံးပေါ်ကို လက်တင်လိုက်တဲ့အတွက် ပါးစပ်ကိုပြန်ပိတ်လိုက်ပြီး တစ်နေရာကို ကြည့်လိုက်တယ်။
ဟင်းပွဲတွေသယ်လာတဲ့ စားပွဲထိုးနှစ်ယောက်က သူတို့စားပွဲခုံဆီကို ဦးတည်ပြီးလာနေပြီ။ ဒါကြောင့် သူတို့ရဲ့အတွင်းရေးကိစ္စတွေကို ဆက်ပြောဖို့ မသင့်တော့ဘူး။
ဘဏ္ဍာစိုးလိုဝတ်ထားတဲ့ စားပွဲထိုးက သူတို့စားပွဲကို ရောက်လာပြီးတဲ့နောက် ပထမဟင်းပွဲကို ချပေးပြီး ဟင်းပွဲနဲ့မိတ်ဆက်ပေးတယ်။ ဟင်းပွဲက ပီဇာနဲ့အတော်ဆင်တူပြီး အပေါ်မှာတော့ ဆော်လမွန်ငါးသားကင်ကို တင်ပေးထားတယ်။ ခရမ်းချဥ်သီးလေးတွေကို နုပ်နုပ်စဥ်းပြီး နေရာတကျအလှဆင်ပေးထားတဲ့အတွက် ဟင်းပွဲဟာ ပန်းချီကားတစ်ချပ်နဲ့တောင် ဆင်တူနေတယ်။
"မင်္ဂလာညချမ်းပါခင်ဗျ။ ဒါကတော့ ကျွန်တော်တို့စားသောက်ဆိုင်ရဲ့ဒီနေ့ည အထူဟင်းလျာ Smoked Salmon Flatbreadပါ။"
မက်ဒါနာအနံခံကြည့်တော့ ဆော်လမွန်ငါးရဲ့အနံက သိသိသာသာမရှိဘဲ မီးခိုးကျပ်တိုက်နံသင်းသင်းကိုပဲ ရတယ်။ တခြားအသားတွေနဲ့မတူတာက ဆော်လမွန်ငါးအသားဟာ ရနံရှိရုံလေးပဲရှိတာ။ မက်ဒါနာတစ်ယောက် ဟင်းပွဲကို ကြောင်မလေးလိုမျိုး အနံခံနေတာတွေ့တော့ ဖလေရာက ရယ်မောလိုက်ပြီး
"ကောင်မစုတ်လေး၊ နင်စားကြည့်ပြီးမှ ကောင်းမကောင်း ဆုံးဖြတ်သင့်တယ်မဟုတ်ဘူးလား။"
သူခိုးလူမိဖြစ်သွားပြီး ရှက်သွားတဲ့မက်ဒါနာက ဖလေရာကို လက်မထောင်ပြလိုက်တယ်။ စားပွဲထိုးကတော့ အရံဟင်းပွဲကိုချပြီး ထပ်မိတ်ဆက်ပေးပြန်တယ်။ ဒီတစ်ခါတော့ ပန်းကန်သေးသေးလေးထဲမှာ အသီးအရွက်အစုံကို သေးသေးလေးတွေပိုင်းဖြတ်ပြီး ထည့်သုပ်ထားတဲ့ အသုပ်ပါ။
"ဒါကတော့ အရံဟင်းလျာဖြစ်တဲ့ တစ်ကိုက်စာအရွက်သုပ်ပါ။ ဂေါ်ဘီစိမ်းအသေးစားမျိုးကို သံလွင်ဆီနဲ့သုပ်ထားတာဖြစ်ပါတယ်။"
မက်ဒါနာကတော့ ညစာဟင်းပွဲတွေအကြောင်း ဘာမှနားမလည်ပေမဲ့ ခေါင်းတညိတ်ညိတ်နဲ့ နားလည်ချင်ယောင် ဆောင်နေပြန်တယ်။ ဖလေရာကတော့ မက်ဒါနာရဲ့သိသလိုလိုမသိသလိုလိုမျက်နှာကိုကြည့်ရင်း ပြုံးစိစိနဲ့ဖြစ်လို့နေပါတယ်။
စားပွဲထိုးကတော့ ကောင်မလေးနှစ်ယောက်ကို လုံးဝလစ်လျူရှုထားဖို့ကြိုးစားရင်း နောက်ဆုံးအချိုပွဲနဲ့ မိတ်ဆက်ပေးလိုက်တယ်။ ဒီတစ်ခါတော့ ကိတ်မုန့်ဆိုတာကို မြင်တာနဲ့လူတိုင်းသိတယ်။ ဒါပေမဲ့ ကိတ်မုန့်က အညိုရောင်ဖြစ်ပြီး ပန်းသီးစိတ်ကလေးတချို့ မုန့်မျက်နှာပြင်မှာ ကပ်နေတာကို တွေ့နိုင်တယ်။ ချင်းနံသင်းသင်းလေးကိုလည်း ရနေသေးတယ်။
"ဒါကတော့ ချင်းရနံ ပန်းသီးအချိုမုန့်ပါ။ စိမ့်စိမ့်လေးနဲ့ ချိုမြိန်တဲ့အရသာရှိမှာဖြစ်ပါတယ်။" အဲဒီနောက်တော့ စားပွဲထိုးက သူတို့ကို ဦးညွှတ်ပြီးပြန်သွားတယ်။
မက်ဒါနာကတော့ ဖလေရာကို မော့ကြည့်လိုက်တယ်။ ဘာလို့ဒီနေ့ဖလေရာမှာတာတွေက တအားမိန်းကလေးဆန်နေပြီး အရင်တစ်ခါလို အမဲသားစတူးတို့ဘာတို့ မဟုတ်တော့တာလဲ။
ဖလေရာကတော့ ပခုံးတွန့်ပြလိုက်ပြီး။ "နင်မိန်းကလေးဖြစ်နေတာ နှစ်ပေါက်ပြီဆိုတော့ အကြိုက်တွေပြောင်းသွားလောက်ပြီ ထင်လို့ပါ။"
နောက်တော့ ဖလေရာက ခက်ရင်းနဲ့ဆော်လမွန်ငါးပေါင်မုန့်ကို ထိုးပြီး ပါးစပ်ထဲပစ်ထည့်တယ်။ ဒါပေမဲ့ ပြုံးစိစိမျက်နှာကတော့ မက်ဒါနာဆီကနေ အကြည့်မခွာဘူး။ သူစားနေတာ ဆော်လမွန်ငါးပေါင်မုန့်မဟုတ်ဘဲ မက်ဒါနာလို့များထင်နေလားမသိဘူး။
မက်ဒါနာလည်း ကျက်သီးထသွားပြီး ဖလေရာကို တတ်နိုင်သမျှ အာရုံမစိုက်မိစေဖို့အတွက် စားစရာတွေကိုပဲ ပိုအာရုံစိုက်လိုက်တယ်။ ငါးပေါင်မုန့်ကို ပါးစပ်ထဲ ထည့်ကြည့်ပြီးတဲ့နောက် မက်ဒါနာလေး အသံထွက်တဲ့အထိ ညည်းညူလိုက်မိတယ်။
"အွန်း၊ ကောင်းလိုက်တာ။ နူးနူးညံ့ညံ့လေး။"
နောက်တော့ မက်ဒါနာတစ်ယောက် ဖလေရာကိုပါ သတိမရတော့ဘဲ စားစရာတွေဆီကိုပဲ အာရုံရောက်နေတော့တယ်။ ဖလေရာကတော့ မက်ဒါနာကိုကြည့်ရင်း ပါးစပ်ကိုလက်ဝါးလေးနဲ့ အသာအုပ်ကာပြောလိုက်လေရဲ့။
"မက်ဒါနာရေ၊ နင်စားနေတဲ့ပုံစံက တကယ်ချစ်စရာလေး။"
"......" ဒါပေမဲ့ ဖလေရာတစ်ယောက် စကားမေးပြန်မရခဲ့ပါဘူး။ မက်ဒါနာက ဆော်လမွန်ငါးပေါင်မုန့်ကို ဖြစ်နိုင်သမျှ မြန်မြန်ကုန်အောက်စားဖို့ ကြိုးစားနေခဲ့လို့ပါ။
....
နှစ်ယောက်လုံး အဓိကဟင်းပွဲကုန်တဲ့အထိ စားပြီးတဲ့နောက်တော့ ဖလေရာက မက်ဒါနာမထိရသေးတဲ့ ဝိုင်ခွက်ကို လက်ညိုးထိုးပြီး ပြောလိုက်တယ်။
"မက်ဒါနာရေ၊ ညစာစားပြီးပြီဆိုပေမဲ့ အချိုမုန့်ကို ဝိုင်လေးနဲ့မျောချရင် အတော်အဝင်ကောင်းတယ်နော်။"
မက်ဒါနာက ခေါင်းကိုစောင်းငဲ့ပြီး ဖလေရာကိုကြည့်လိုက်တယ်။ အဲဲဒီနောက် ဖလေရာကို ပြန်ဖြေတယ်။
"ကျွန်မက အယ်ကိုဟောမသောက်တတ်ဘူးလေ။ တော်ကြာ ခနလေးနဲ့မူးသွားမှ ဘယ်လိုလုပ်မလဲ။"
မက်ဒါနာရဲ့အပြစ်ကင်းစင်တဲ့ လေသံကိုကြားတော့ ဖလေရာက နားရွက်တက်ချိတ်လုမတတ် ပြုံးလိုက်ပြီး ပုံမှန်ထက် ချိုမြိန်နေတဲ့လေသံနဲ့ နားချတယ်။
"မက်ဒါနာရေ၊ ငါမှာထားတဲ့ ဝိုင်နီက အယ်ကိုဟော ၅%ပဲ ပါတာပါဟယ်။ တစ်ခွက်လောက် သောက်ရုံနဲ့တော့ နင်ထူးပြီးမမူးပါဘူး။ အချိုရည်လေးလိုပဲ။"
မက်ဒါနာလည်း ဖလေရာရဲ့မျက်နှာပေါ်က အပြုံးကြီးကြီးကို ကြည့်လိုက်ပေမဲ့ ဘာမှမူမမှန်တာကို မခံစားရဘူး။ ခါတိုင်းလည်း ဖလေရာက ဒီလိုပြုံးပြီးရင် သူ့ဆီက တစ်ခုခုတောင်းဆိုတတ်တယ်ဆိုပေမဲ့ ဆိုးဝါးတဲ့ကိစ္စမျိုးမှမဟုတ်တာ။ ပလာဒင်ချပ်ဝတ် နည်းပညာကို တောင်းတုန်းကလည်း အဲဒီအပြုံးနဲ့ဆိုပေမဲ့ပေါ့။
မက်ဒါနာက ပန်းသီးကိတ်ကို ကြည့်လိုက်တယ်။ ပန်းသီးကိတ်လေးက ချစ်စရာကောင်းလွန်းလို့ 'ကျွန်တော့်ကိုစားပါ၊ ကျွန်တော့်ကိုစားပါ။'လို့ အော်နေတဲ့အတိုင်းပဲ။
နောက်ဆုံးတော့ ဖလေရာစကားကို နားယောင်ပြီး ကိတ်မုန့်လေးကို တစ်ကိုက်ကိုက် ဝိုင်နီလေးနဲ့မျောချလိုက်တော့တာပဲ။ ဝိုင်နီက မက်ဒါနာရဲ့လည်ချောင်းတစ်လျှောက် ဖြတ်စီးဆင်းသွားပြီး ပူရှိန်းရှိန်းခံစားချက်ကိုရလိုက်တယ်။
အဲဒီနောက်တော့ မက်ဒါနာတစ်ယောက် စပြီးအာသွက်လျှာသွက် ဖြစ်လာတော့တာပဲ။
မက်ဒါနာနဲ့ဖလေရာတို့ အဲဒီကနေစပြီး အရေးကြီးတဲ့ကိစ္စတွေ မပြောဖြစ်တော့ဘဲ အရင်က အမှတ်တရတွေအကြောင်းပဲ ပြောဖြစ်တော့တာ။ မင်းလွင်ဘဝက အလုပ်မှာတလွဲလုပ်တဲ့ အကြောင်းတွေတို့၊ နှစ်ယောက်အရင်က ဖြတ်သန်းခဲ့တဲ့အချိန်တွေတို့ပေါ့။
မက်ဒါနာခွက်ထဲက ဝိုင်တွေကုန်သွားတော့ ဖလေရာက ပုလင်းကိုကိုင်ပြီး ထပ်ဖြည့်ပေးတယ်။ အဲဒီလိုနဲ့ အူရိုင်းမလေးတစ်ယောက် ဝိုင်လေးငါးခြောက်ခွက်လောက် ဆင့်သောက်မိသွားပြီး မူးမှောက်သွားရော။
"မက်ဒါနာရေ..." ဖလေရာက မက်ဒါနာတကယ်မူးပြီးအိပ်ပျော်သွားလား သေချာစေဖို့အတွက် စားပွဲပေါ်မူးပြီးအိပ်နေတဲ့ ကောင်မလေးကို တွန်းပြီးနှိုးတယ်။ ဒါပေမဲ့ ဝူးတဝါးဝါးစကားသံထွက်လာရုံကလွဲလို့ ဘာမှမတုံ့ပြန်ဘူးရယ်။
နောက်တော့ ဖလေရာရဲ့မျက်နှာမှာ ကောက်ကျစ်မယ့်အပြုံးလေး ပေါ်လာတယ်။ "ထင်ထားတာထက် ပိုစောပြီးမှောက်သွားတာပဲ။" အဲဒီစကားနဲ့အတူ ဖလေရာက ဝိုင်ပုလင်းမှာရေးထားတဲ့စာတွေကို တစ်ချက်ဖတ်ကြည့်လိုက်တယ်။
အယ်ကိုဟောပမာဏက ၁၅%တဲ့။ မက်ဒါနာကို ဖလေရာ ပြောထားတာထက် သုံးဆလောက်ကိုများနေတာ။ နောက်တော့ ဖလေရာက အေမီကိုကြည့်ပြီးပြောလိုက်တယ်။
"နင့်သခင်မလေး အိပ်ပျော်သွားပြီ။ ငါသူ့ကို အိမ်လို့ရမယ့်နေရာလိုက်ပို့မလို့၊ အဆင်ပြေလား။"
အေမီကတော့ ဖလေရာရဲ့စကားကို နားမလည်တဲ့အတွက် ကြောင်တောင်လေးရပ်ကြည့်နေတယ်။ ဒီတော့ ဖလေရာလည်း ပခုံးတွန့်ပြလိုက်ပြီး ခုံကနေ ထလိုက်တယ်။ နောက်တော့ စားပွဲထိုးကိုလှမ်းခေါ် ပိုက်ဆံရှင်းပြီး မက်ဒါနာရဲ့ဝှီးချဲလေးကိုတွန်းကာ ဆိုင်ထဲကနေ ထွက်လာတယ်။ အမိန့်ပေးမယ့်သူမရှိတဲ့ အေမီကတော့ ဖလေရာနောက်ကနေ တိတ်တိတ်ကလေး လိုက်လို့ပေါ့။
"မက်ဒါနာရေ၊ ဒီနေ့ ငါနင့်အတွက်ဝယ်ပေးထားတဲ့ ဗီလာမှာ လိုက်အိပ်ရမယ်နော်။ နင်သဘောတူလား။"
ဖလေရာက အိပ်ပျော်နေပြီဖြစ်တဲ့ မက်ဒါနာကို မေးလိုက်တယ်။ မက်ဒါနာက ဝူးဝါးဝါးနဲ့စကားတွေပြန်ပြောပေမဲ့ ဘာမှအဓိပ္ပါယ်ပြန်လို့မရတဲ့ဥစ္စာတွေ။ ဖလေရာကတော့ "ဘာမှပြန်မပြောဘူးဆိုတော့ လက်ခံတယ်လို့ ယူဆလိုက်မယ်နော်။"လို့ပြောရင်း မက်ဒါနာရဲ့ဝှီးချဲကို ဆိုင်အပြင်ရောက်တဲ့အထိ တွန်းသွားလိုက်တယ်။
နောက်တော့ အေမီရဲ့အကူအညီနဲ့ မက်ဒါနာကို သူ့အမိုးဖွင့်ကားပေါ်တင်ပြီး ဘယ်မှန်းမသိတဲ့တစ်နေရာကိုမောင်းထွက်သွားလေတော့တယ်။
...
"မင်းသမီးလေးရေ၊ ကျွန်တော် ညစာဝယ်လာတယ်။"
ဖရက်ကတော့ လက်ထဲမှာ ပလက်စတစ်အိတ်နဲ့ထုတ်ထားတဲ့ ဖော့ဘူးလေးနှစ်ဘူးကိုကိုင်ရင်း မက်ဒါနာရဲ့ကွန်တိန်နာအခန်းတံခါးကို ခေါက်လိုက်တယ်။ ဟီးရိုးကျောင်းမှာ လူတစ်ယောက်မှမရှိတော့တာကို သတိပြုမိပြီးတဲ့နောက် မက်ဒါနာအဆောင်အရင်ပြန်သွားတယ်ထင်ပြီး ကွန်တိန်နာအိပ်ဆောင်ကို သူလိုက်လာတာ။
ဒါပေမဲ့ ကွန်တိန်နာအိတ်ဆောင်ကလည်း ခါတိုင်းနဲ့မတူဘဲ ခြောက်ကပ်နေတယ်။
အခုကညဖက်ဖြစ်ပြီး အန်တီလေးအိုလီဗာအလုပ်သွားပြီ။ အိပ်ဆောင်မှာရှိတာဆိုလို့ အိမ်ရှင်အဖိုးကြီးနဲ့ အမွှာတွေရဲ့အဖေပဲရှိတာ။ တစ်နေကုန်ဆော့ပြီးတဲ့နောက်မှာ အမွှာတွေပင်ပန်းလို့အိပ်ကုန်ပြီဖြစ်ပြီး တိမွေးကုဆရာဝန်ကလည်း ကလေးထိန်းရတာပင်ပန်းလို့ ကလေးတွေလိုပဲအိပ်ပျော်သွားပြီ။
"ငါက Sitting Bullပဲ၊ ပြောတဲ့စကားကိုတည်တယ်။ လမပြည့်ခင် မင်းတို့ရဲ့လူဖြူအကြီးအကဲကိုယ်တိုင် ငါ့ဆီလာဆွေးနွေးရမယ်။ မဟုတ်ရင်တော့ အင်းဒီးယန်းတွေနဲ့လူဖြူတွေ စစ်ဖြစ်ပြီသာမှတ်။" ခြံပိုင်ရှင်အဖိုးကြီးဖွင့်ထားတဲ့ ကောင်းဘွိုင်ကားက ခပ်ကျယ်ကျယ် ဒိုင်ယာလော့စကားသံတွေကလွဲလို့ အိပ်ဆောင်လေးက မှောင်မဲခြောက်ကပ်နေတယ်။
"မင်းသမီးလေးရေ၊ တံခါးဖွင့်ပေးပါဦးနော်။ တရုတ်တန်းက မိုးပျံခေါက်ဆွဲကြော်ဝယ်လာတယ်လေ။" ဖရက်က နောက်တစ်ခါ တံခါးကိုခေါက်ရင်း အထဲကို အသံလှမ်းပေးပေမဲ့ တုံ့ပြန်သံမကြားရတဲ့အတွက် စိတ်မရှည်တော့ဘူး။
ဘုန်း...။
သူက အခန်းတံခါးသော့ကို လက်သီးနဲ့ထိုးချလိုက်တယ်။ မက်ဒါနာတပ်ထားတဲ့ အာမခံသတ္တုသော့က အတော်လေးအဆင့်မြင့်ပေမဲ့ S rank တစ်ယောက်ရဲ့လက်သီးကို တောင့်မခံနိုင်တာကြောင့် တစ်ခါတည်း တစ်စစီဖြစ်သွားတယ်။
"မင်းသမီးလေးရေ၊ ကျွန်တော်ဝင်လာပြီနော်။"
ဖရက်က မျက်နှာကို တတ်နိုင်သမျှပြုံးထားရင်း အခန်းတံခါးကို ပုံမှန်အတိုင်းဖွင့်ပြီး မက်ဒါနာရဲ့အိပ်ဆောင်ထဲ ဝင်လာတယ်။ ဒါပေမဲ့ သတ္တုတံခါးကြီးက သူ့လက်သီးချက်ဒဏ်နဲ့ တွန့်လိမ်နေတဲ့အတွက် ပုံမှန်လို့ပြောစရာ ဘယ်နေရာမှာမှ မရှိဘူးရယ်။
ခနလောက်ကြာတဲ့အထိ မက်ဒါနာရဲ့အခန်းထဲ ဝင်ရှာပြီးတဲ့နောက် မက်ဒါနာရောအေမီပါ အိပ်ဆောင်ကို ပြန်မရောက်သေးမှန်း ဖရက်သတိထားမိလိုက်တော့တယ်။
"ကျောင်းမှာလဲ မင်းသမီးလေး မရှိတော့ဘူး။ အိမ်ကိုလည်း ပြန်မရောက်လာဘူးဆိုတော့ မင်းသမီးလေး ဘယ်ရောက်သွားတာလဲ။"
ဖရက်က အခန်းအလယ်ခေါင်မှာ တောင့်တောင့်ကြီးရပ်နေရင်း လက်ရှိအခြေအနေကို စဥ်းစားကြည့်မိတယ်။ "ဒါပေမဲ့ မင်းသမီးလေးမှာ ကျောင်းနဲ့အိမ်အပြင် တခြားသွားစရာလည်း မရှိဘူးလေ။"
ဖရက်က ပြောလိုက်ရင်း ထပ်ပြီးလေးလေးနက်နက်စဥ်းစားကြည့်တယ်။ နောက်တော့ တကယ့်ကိုဆိုးဝါးတဲ့ ဖြစ်နိုင်ခြေတစ်ခုကို သူတွေးမိသွားပြီး လက်ထဲက ခေါက်ဆွဲကြော်ထုတ်ကိုပါ ပစ်ချမိလိုက်တယ်။
ဖက်...
ခေါက်ဆွဲကြော်ဘူးက မြေပေါ်ကိုပြုတ်ကျသွားပြီး ဖော့ဘူးအဖုံးပျက်စီးသွားကာ ဘူးဖုံးပွင့်လာတယ်။ မွှေးပျံတဲ့ ကြက်သားခေါက်ဆွဲကြော်နံက အခန်းအနှံသင်းပျံလာပေမဲ့ ဖရက်အစားအသောက်အကြောင်းကို မစဥ်းစားဖြစ်ဘူး။
"မဟုတ်မှလွဲရော လူဆိုးတစ်သိုက် ကျောင်းထဲကို ကျူးကျော်လာပြီး မင်းသမီးလေးကို ပြန်ပေးဆွဲသွားတာများလား။"
အဲဒီအကြောင်းကိုတွေးမိတော့ ဖရက်နားထင်ကနေ ချွေးစေးတွေစီးကျလာတယ်။ ပြီးတော့ အဲဒီလိုကိစ္စမျိုးက မဖြစ်ဖူးတာလည်း မဟုတ်ဘူးလေ။ တစ်ခါကလည်း သူ့မင်းသမီးလေးကို ရန်သူတွေဖမ်းသွားလို့ လိုက်ကယ်ထုတ်ရသေးတယ်။
"မကောင်းတော့ဘူး၊ မင်းသမီးလေးကို လိုက်ရှာမှဖြစ်တော့မယ်။"
ဒီအတွေးနဲ့အတူ ဖရက်တစ်ယောက် မက်ဒါနာရဲ့အခန်းထဲကနေ ပြေးထွက်လာတယ်။ အဲဒီနောက် သူ့အတောင်တွေကိုဖြန့်ပြီး ညကောင်းကင်ယံပေါ် ပျံတက်လိုက်တယ်။
...
တစ်ဖက်မှာတော့ ဖလေရာက မက်ဒါနာကို အိမ်ထဲပွေ့ချီလာပြီး နူးညံ့အိစက်လှတဲ့ ဖဲမွေ့ရာကြီးပေါ် ပစ်တင်လိုက်တယ်။ အဲဒီနောက် သူဝတ်ထားတဲ့ ဂါဝန်ဇစ်ကို ဖြုတ်လိုက်တဲ့အတွက် ဖလေရာအတွင်းပိုင်းမှာဝတ်ထားတဲ့ ပန်းနုရောင်ဘရာလေးနဲ့အချိုးအစားကျနတဲ့ ခန္ဓာကိုယ်လေးပေါ်ထွက်လာတယ်။
အဲဒီနောက် ဖလေရာက မက်ဒါနာဆီကို ပြန်ရောက်လာပြီး သူကိုယ်တိုင်အိပ်ရာပေါ်တက်ကာ လှဲလျောင်းလိုက်တယ်။ အခုမက်ဒါနာက ဖလေရာနဲ့တစ်အိပ်ရာထဲမှာ အိပ်နေရပြီ။ နောက်တော့ ဖလေရာက အိပ်ပျော်နေတဲ့ မက်ဒါနာရဲ့မျက်နှာကို လက်ညိုးကလေးနဲ့ ထိတွေ့လိုက်တယ်။
"ချစ်စရာလေး၊ ကြွေရုပ်လေးကျနေရော။"
အေမီကတော့ ခါတိုင်းလိုပဲ အခန်းထောင့်မှာ ကြောင်တောင်လေးရပ်နေတယ်။ ဖလေရာက အေမီအခန်းထဲမှာ ရှိနေသေးတာကို သတိထားမိသွားပြီး လှမ်းမေးတယ်။
"အေမီရေ၊ နင့်သခင်မလေးကို ငါဒီညငှားသုံးလို့ရလား။"
အေမီက ဖလေရာရဲ့စကားကို နားမလည်တဲ့အတွက်ခေါင်းလေးကို စောင်းငဲ့လိုက်တယ်။ သူ့ပရိုဂရမ်ထဲမှာ အဲဒီလိုစကားမျိုးကို ဘယ်လိုတုံ့ပြန်ရမလဲ မပါဘူးလေ။
ဖလေရာကတော့ အေမီကိုဂရုမစိုက်တော့ဘဲ မက်ဒါနာကို ပြန်ကြည့်လိုက်တယ်။ မက်ဒါနာက အိပ်ရင်းယောင်နေပြီး ညာလက်ကိုဆန့်တန်းကာ ပြောလိုက်ပါတယ်။
"မေမေ... ပန်းသီးစားချင်တယ်"
အဲဒီနောက်တော့ ဖလေရာက မက်ဒါနာရဲ့လက်ကိုဖမ်းဆွဲလိုက်ပြီး သူ့ရင်အုံတစ်ဖက်ပေါ် တင်ပေးလိုက်တယ်။
"ရော့၊ ဟောဒီမှာပန်းသီး။" မက်ဒါနာကတော့ သူကိုင်ထားတာ ဖလေရာရဲ့ရင်ဘတ်မှန်းမသိဘဲ ဆုပ်ကိုင်ကြည့်တယ်။
အိကျိအိကျိ...
ပြီးမှပုံမှန်မဟုတ်တာကို သတိထားမိလိုက်ပြီး ယောင်နေရင်း မျက်လုံးကိုဖွင့်ကြည့်ပြီး မေးလိုက်တယ်။ "မေမေ၊ ဘာဖြစ်လို့ ပန်းသီးက ပျော့တင်းတင်းလေးနဲ့ ကိုင်လို့ကောင်းနေတာလဲ။"
အဲဒီအချိန်မှာတော့ ဖလေရာက မက်ဒါနာအပေါ်ကို တက်ခွနေပြီဖြစ်ပြီး ကပ်ကြေးမြင်းစီးနည်းကို အကောင်အထည်ဖော်ဖို့ အသင့်ဖြစ်နေပြီ။
ပထမတော့ မက်ဒါနာက မျက်လုံးကိုပြန်မှိတ်ပြီး ဆက်အိပ်ဖို့လုပ်တယ်။ ဒါပေမဲ့ သူ့ဦးနောက်ထဲက နိုးကြားနေသေးတဲ့ အပိုင်းသေးသေးလေးက အခြေအနေကို ပုံမှန်မဟုတ်ကြောင်း သတင်းပို့လိုက်တာကြောင့် လန့်နိုးသွားပြီး မျက်လုံးကိုပြူးကြည့်လိုက်တယ်။ နောက်တော့ မက်ဒါနာဆီကနေ အလန့်တကြားပြောလိုက်တဲ့ စကားတစ်ခွန်း ထွက်ပေါ်လာတော့တယ်။
"ဖလေရာ၊ နင်ငါ့အပေါ်တက်ပြီး ဘာလုပ်ဖို့ကြံနေတာလဲ။"
"အဟိဟိ၊ ဒီည နင့်ကိုငါ့ရဲ့ဖက်ခေါင်းအုံးလေးအဖြစ် အသုံးချမလို့လေ။"
"...."